← Chapters

အခန်း (၃၁)

Vol. 3 Ch. 31

အခန်း (၃၁)

Vol. 3 Ch. 31

ကျိုးရှို့လင်း ဖြည်းညှင်းစွာ ထလိုက်ပြီး သူ့လက်တွေက သူမခါးကနေ ပခုံးဆီ ရွေ့လျားသွားခဲ့သည်။ "ကိုယ် မနက်ဖြန် အလုပ်ကိစ္စနဲ့ ခရီးထွက်ရမယ် သုံးရက်အတွင်း ပြန်လာမယ်။ ကုမ္ပဏီကိစ္စအတွက် ကျန်းချင်နဲ့ အိမ်ကိစ္စတွေအတွက် အမေ့ကို ဒါမှမဟုတ် အန်တီ လျို ကို တိုင်ပင်လို့ရတယ်"

ကျန်းရှောင် တိုးတိုးလေးပြောလိုက်သည်။ "ကျွန်မ သိပါတယ်၊ ရှင် စိတ်ချထားလို့ရတယ်"

ကျိုးရှို့လင်း သက်ပြင်းတစ်ချက်ချလိုက်သည်။ "မင်းမှာ ကိုယ့်ကို​ တစ်ခုခုပြောချင်​တာရှိလား"

ကျန်းရှောင် သူမ နှုတ်ခမ်းကို ဖိလိုက်သည်။ "မစ္စတာ ကျိုး၊ ရှင်အကောင်းဆုံး လုပ်နိုင်ပါစေလို့ ကျွန်မဆုတောင်း..."

ကျိုးရှို့လင်းက သူမကို စကားဆက်မပြောခိုင်းဘဲ နှုတ်ခမ်းကို တိုက်ရိုက်နမ်းလိုက်ပြီး နောက်ထပ် သူ မထိန်းချုပ်ထားနိုင်တော့ပေ။ ဒါက တစ်ညလုံး သူလုပ်ချင်ခဲ့တာ။

သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးမှာ လူတစ်ယောက်က အမြဲတမ်း အစပြုလုပ်ဆောင်ရမှာဖြစ်သလို အဲ့ဒီလူက ကျန်းရှောင် ဖြစ်မလာဘူးဆိုတာ သေချာသည်။ ဒါ သူပဲဖြစ်နိုင်သည်။

ထိတ်လန့်တကြားနဲ့ ကျန်းရှောင် သူ့အင်္ကျီကို ဆွဲကိုင်လိုက်သည်။ "အွန့်-"

ကျိုးရှို့လင်း ပေါ့ပေါ့ပါးပါး ရယ်ရင်း သူ့ လှုပ်ရှားမှုကို အနည်းငယ် ခေတ္တရပ်တန့်လိုက်ပြီး သူ့နှာခေါင်းနဲ့ သူမနှာခေါင်းကို ထိလိုက်သည်။ "ဘာလို့ မင်း ခုထိ မသင်​​ယူရသေးတာလဲ"

ကျန်းရှောင်ရဲ့ မျက်လုံးတွေ စိုစွတ်လာသည်။ ဟုတ်တယ်၊ သူမမှာ ဒီလိုမျိုးနဲ့ပတ်သတ်ပြီး အတွေ့အကြုံမရှိဖူးပေ။

ကျိုးရှို့လင်းရဲ့ အနမ်းက တစ်ဖန်ပြန်လည်ကျဆင်းလာပြီး သူတို့၏အသက်ရှူသံတွေက တဖြည်းဖြည်းနှင့် ပြောင်းလဲလာခဲ့သည်။

သူ့လက်တွေက သူမရဲ့အဝတ်အစားတွေအောက်မှ စူးစမ်းလေ့လာရန် မကူညီနိုင်ခဲ့ဘဲ သူ၏ ပူနွေးတဲ့လက်ချောင်းထိပ်တွေက သူမရဲ့အရေပြားပေါ်တွင် တက်သွားကာ ကျန်းရှောင်ကို တောင့်တင်းသွားစေသည်။

"ကျိုး..... ကျိုးရှို့လင်း.... -"သူမ ခေါ်လိုက်သည်။

"မရဘူး "

ကျိုးရှို့လင်း အသံပြုလိုက်ပြီး သူ့အသံက ခါတိုင်းနဲ့ သိသိသာသာ ကွဲပြားသည်။

ကျန်းရှောင် သတိရှိဖို့ ရုန်းကန်ရင်း သူမရဲ့မျက်လုံးတွေကို အတင်းဖွင့်ခဲ့သည်။

"မရဘူး " ကျန်းရှောင် သူ့လက်ကို ဆုပ်ကိုင်လိုက်ပြီး စကားပြတ်တောင်းပြတ်တောင်းပြောခဲ့သည်။ "ပဲပင်ပေါက်လေ၊း ပဲပင်ပေါက်လေး"

ကျိုးရှို့လင်းရဲ့ အနမ်းတွေက ကြာပန်းရနံ့ကို သယ်ဆောင်လာကာ သူမ၏လည်ပင်းဆီသို့ ရွေ့သွားခဲ့သည်။ သူမ သုံးတဲ့ ကိုယ်တိုက်ဆပ်ပြာက အနံ့အရမ်းကောင်းလို့ သူ အရသာခံဖို့ မထိန်းနိုင်တော့ပေ။

ကျန်းရှောင်မှာ သူ့လုပ်ရပ်ကြောင့် တဆတ်ဆတ်တုန်ကာ တုန်လှုပ်သွားသည်။

"ကျိုးရှို့လင်း၊ ကျွန်မတို့ ဒီလိုလုပ်လို့မရဘူးလို့ ဆရာဝန်ပြောထားတယ်လေ " ဒီလိုအဖြစ်တွေ ဆက်ဖြစ်နေရင် အဲဒီညက မြင်ကွင်းက သူ့အလိုလို ပြန်ဖြစ်လာမှာကို သူမ ကြောက်ရွံ့ပြီး ရုတ်တရက် အော်လိုက်သည်။

ကျိုးရှို့လင်းရဲ့ အနမ်းတွေက သူမ၏လည်ပင်းဆီသို့ ကျဆင်းသွားသည်။ "ကျန်းရှောင် "နူးညံ့သိမ်မွေ့တဲ့အသံနက်ကြီးဖြင့် သူမရဲ့နာမည်ကို ခေါ်လိုက်သည်။

ကျန်းရှောင်က ရှက်သွေးတွေဖြာပြီး ပြောလိုက်သည်။ "ဆရာဝန်က အဲ့လိုပြောထားတယ်"

ကျိုးရှို့လင်း သူမကို ပွေ့ဖက်လိုက်သည်။ "အွန်း ကိုယ် သိတယ်"

ကျန်းရှောင် ရှက်ရွံ့သွားသည်။ "အချိန်နည်းနည်းလောက်တော့ သည်းခံလိုက်ဦး "

ကျိုးရှို့လင်း သူမကို စိုက်ကြည့်ရင်း မထင်မှတ်ပဲ လိင်ပိုင်းဆိုင်ရာ ထိတွေ့မှု ထွက်ပေါ်လာခဲ့သည်။ သူ သူမရဲ့ ခေါင်းကိုကြင်နာစွာပွတ်သပ်လိုက်ပြီး မျက်ခုံးပင့်ကာ စသလိုလို ပြောနေသည်။

"ကိုယ်ရဲ့ယောကျ်ားတစ်ယောက်ရဲ့ အခွင့်အရေးကို ဘယ်အချိန်မှာ အသုံးချခွင့်ပေးမယ်လို့ စိတ်ကူးထားလဲ။ အိန်ဂျလာ"

ကျန်းရှောင်ရဲ့ ပါးပြင်တွေက သူမ၏ အံ့အားသင့်မှုကို ဖုံးကွယ်ထား၍ မရနိုင်တဲ့ အနီရောင်တောက်တောက်ဆီသို့ပြောင်သွားခဲ့သည်။

"နောက်မှ။ အိန်ဂျလာဆိုတာက ကျွန်မအတွက် သင့်တော်တဲ့ နာမည်မဟုတ်ဘူးလို့ ထင်တယ်။ ပြီးတော့ နောက်လည်းကျနေပြီ၊ ပဲပင်ပေါက်လေး ပင်ပန်းနေပြီ။ ကျွန်မ သွားအိပ်တော့မယ်၊ ရှင်လည်း စောစောအိပ်သင့်တယ်" လို့ ပြောပြီး သူမ တံခါးဆီသို့ ဦးတည်သွားခဲ့သော်လည်း သူမရဲ့မျက်နှာမှာ ပဋိပက္ခတွေနဲ့ ပြည့်ပြီး ရပ်သွားခဲ့သည်။

"ကျိုးရှို့လင်း ရှင် အိပ်မပျော်ရင် Heart Sutra ကို ရွတ်နေ " သူမ၏ အသံက သူ့နားထဲသို့ တိုးညှင်းစွာ လွင့်ပျံလာသည်။

ကျိုးရှို့လင်း က သူမအခန်းထဲဝင်သွားတာကို ကြည့်ပြီး မကူညီနိုင်ဘဲ ခေါင်းခါလိုက်မိသည်။

သူ ထပြီး မီးဖိုချောင်သွားကာ ရေတစ်ခွက်လောင်းထည့်ပြီး ချက်ချင်းတစ်ကျိုက်တည်း သောက်ပစ်လိုက်သည်။

ကျန်းရှောင်မှာ တံခါးကိုပိတ်ပြီး သူမရဲ့ နှလုံးက ခုန်နေခဲ့သည်။ သူမရဲ့နားရွက်ကို တံခါးနား ဖိကပ်လိုက်ပြီး တံခါးအပြင်ဘက်က အသံတွေကို ဘယ်၊ ညာ နားထောင်နေသည်မှာ မသေချာပေ။

"ပဲပင်ပေါက်လေး မင်းအဖေက မင်းကြောင့် သနားစရာလေးဖြစ်နေပြီ "

ညဉ့်နက်ချိန် အနီးနားက အိပ်ခန်းထဲ၌။

ကျိုးရှို့လင်းရဲ့ ဖုန်းက လင်းလာပြီး သူ့ချစ်ရတဲ့သူသာသိတဲ့ သီးသန့်နံပါတ်ကို ပြသခဲ့သည်။ သူက အဲဒါကို သော့ဖွင့်လိုက်ပြီး Heart Sutra ပါရှိတဲ့ ကျန်းရှောင် ပေးပို့လာတဲ့ စာပိုဒ်ရှည် မက်ဆေ့ချ်ကို ရှာတွေ့ခဲ့သည်။

ကျိုးရှို့လင်းသည် နွေရာသီညတွင် အသက်ပြင်းပြင်းရှူရင်း ခါးသီးတဲ့ ခံစားချက်ဖြင့် နဖူးကို ပွတ်လိုက်သည်။

နောက်ဆုံးတော့ သူက ဘုန်းကြီးတစ်ပါးမဟုတ်ဘူး။

နောက်တစ်နေ့တွင် ကျိုးရှို့လင်းသည် ဘီ မြို့တော်ဆီ စောစောထွက်ခဲ့သည်။ ကျန်းရှောင် နိုးလာတော့ သူမရဲ့ ပါးစပ်ထောင့်က အနည်းငယ် ရောင်နေတာကို သူမ သိလိုက်ရသည်။

ကုမ္ပဏီ၌ တီနာက မေးခဲ့သည်။ "ကျန်းရှောင်၊ နင် ရောဂါကူးလာတာလား၊ နင့်နှုတ်ခမ်း နည်းနည်း ရောင်နေတယ်"

ကျန်းရှောင် စိတ်လှုပ်ရှားစွာဖြင့် ဟုတ်တယ် လို့ပြန်ဖြေပြီး ဂန္ဓမာလက်ဖက်ရည် တစ်ခွက်ကို သူမကိုယ်တိုင်အတွက် ပြုလုပ်ခဲ့သည်။

နေ့ခင်းဘက်တွင် ကျောက်ရှင်းရန်က ကျန်းရှောင်ကို ရှာရန် ဟွားရှ အဆောက်အဦးသို့ ရောက်ရှိလာသည်။

နှစ်ယောက်သား ကုမ္ပဏီ၏ ဧည့်ခန်းတွင် ထိုင်ကြပြီး ကျောက်ရှင်းရန်ကိုကြည့်ရတာ ပိုကြည့်ကောင်းလာခဲ့သည်။ "နောက်တစ်ပတ်မှာ 'The Year of Eighteen' ဒရာမာအဖွဲ့သားတွေကို ငါ သတင်းပို့မယ် "

"ဂုဏ်ယူပါတယ်။ မိုးရွာပြီးရင် ကောင်းကင်က ကြည်လင်လာမှာပဲ "

ကျောက်ရှင်းရန် သက်ပြင်းတစ်ချက်ချလိုက်သည်။ "ကျေးဇူးတင်ပါတယ် ကျန်းရှောင် "

"ငါ အများကြီး မလုပ်ခဲ့ပါဘူး"

"ဒါပေမယ့် နင်က ငါ့ကို အများကြီး နားလည်စေခဲ့တယ်" ကျောက်ရှင်းရန် ရေတစ်ငုံသောက်လိုက်သည်။

"နင် ဒီအလုပ်ကို ဆက်လုပ်နေရင် နှစ်နှစ် သုံးနှစ်အတွင်း နင်က ထိပ်တန်းမန်နေဂျာ တစ်ယောက် ဖြစ်လာမှာ သေချာတယ်။ ဒါပေမယ့် စီအီးအို ကျိုးနဲ့ တွဲလုပ်ရတာလည်း အရမ်းကောင်းပါတယ်"

ကျန်းရှောင် ပြုံးပြီး ခေါင်းငုံ့ကာ ကိတ်မုန့်ကို ကိုက်လိုက်သည်။ မလိုင် အရသာက သန့်ရှင်းပြီး ဆီလုံးဝမရှိဘူး။

ကျောက်ရှင်းရန် မနာလိုစွာ ကြည့်လိုက်သည်။ ကိတ်မုန့်လို ကယ်လိုရီများတဲ့ အစားအစာတွေကို သူမ ဘယ်တော့မှ မကိုင်ဖူးပေ။ သူမသည် ကိုယ်အလေးချိန် ၈၆ ကတ်တီ (၄၇ ကီလိုဂရမ်ခန့်) သာရှိပြီး သူ့ကိုယ်သူ ဝနေတယ်လို့ ခံယူနေဆဲပင်။

"ကျန်းရှောင်၊ အခု ကျိုး ရဲ့ လက်ထောက်တစ်ယောက်အနေနဲ့ အနည်းဆုံး နင်ကိုယ့်ကိုကိုယ် ထိန်းချုပ်ကြည့်ပါလား။ နင့်မျက်နှာက ဝိုင်းစက်လာပြီ"

ကျန်းရှောင်း တုံ့ပြန်လိုက်သည်။ "..... စိတ်ချမ်းသာတဲ့ အချိန်တွေမှာ ကိုယ့်ကိုကိုယ် ပျော်အောင်နေသင့်တယ်"

နှစ်ယောက်သား စကားစမြည်ပြောနေကြစဉ် တံခါးပေါက်မှ လူတစ်ယောက်ဝင်လာခဲ့သည်။

ကျောက်ရှင်းရန် ဝင်ပေါက်ဘက် မျက်နှာမူလိုက်ကာ အရာအားလုံးကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။ "သြော် မင်းသမီး ကျိုး လာတာပဲ။ ဟမ်......"

သူမစကားမဆုံးခင် ကျိုးယန်ယန်က သူတို့စားပွဲဆီသို့ ခြေလှမ်းကြီးများဖြင့် ချဉ်းကပ်နေပြီဖြစ်သည်။

"ကျန်းရှောင် နင် ဘာကိုဆိုလိုတာလဲ" ကျိုးယန်ယန်၏ မျက်နှာမှာ ဒေါသနှင့် ပြည့်နေပြီး သူမ၏ မျက်လုံးတွေက မုန်းတီးနေတဲ့ အာဃာတများဖြင့် တောက်ပနေသည်။

ကျန်းရှောင် တွေဝေသွားခဲ့သည်။ "ဘာဖြစ်တာလဲ"

ကျိုးယန်ယန် အံကြိတ်လိုက်သည်။ "ငါကောင်းကောင်းလုပ်နေတာကိုမြင်ဖို့ နင်ဘာလို့ သည်းမခံနိုင်ရတာလဲ။ The Year of Eighteen မှာ ခေါင်းဆောင်မင်းသမီးဖြစ်ဖို့ ငါက ဘာလို့ မသင့်တော်တာလဲ"

ကျန်းရှောင် မတ်တပ်ရပ်လိုက်သည်။ "ငါက ကိုယ့်ထင်မြင်ချက်ကို ထုတ်ပြောလိုက်တာပါ "

ကျိုးယန်ယန် သူမကို စိုက်ကြည့်နေသည်။ "ဒါပေမယ့် ငါ့အစ်ကို နင့်ရဲ့ သဘောထားကို နားထောင်ခဲ့လား"

ကျန်းရှောင် ပြန်ပြောလိုက်သည်။ "အဲ့ဒါ ငါ့ကိစ္စမဟုတ်ဘူး။ ငါ့မှာ ဆုံးဖြတ်ချက်ချနိုင်တဲ့ အခွင့်အာဏာမရှိဘူး"

"ဒါ နင့်ကိစ္စ မဟုတ်ဘူးတဲ့လား " ကျိုးယန်ယန် ရယ်ပစ်လိုက်သည်။

"တခြားလူတိုင်း ငါ့ကို ထောက်ခံတယ်၊ နင်တစ်ယောက်တည်းကပဲ ဆန့်ကျင်နေတာ။ နင့်ကိစ္စမဟုတ်ဘူးလို့ နင်ပြောနေတာလား"

အနီးနားတွင်ရှိတဲ့ ကျောက်ရှင်းရန်က ကျိုးယန်ယန်ရဲ့ စိတ်ခံစားမှုအခြေအနေကို မြင်ပြီး လျင်မြန်စွာ ကြားဝင်ခဲ့သည်။

"ယန်ယန်၊ ငါတို့က ကုမ္ပဏီမှာနော်။ လူတော်တော်များများက စောင့်ကြည့်နေကြတာ။ အေးအေးဆေးဆေး စကားပြောကြရအောင်"

ကျိုးယန်ယန် နောက်ပြန်လှည့်ကာ အေးစက်စက် အကြည့်တစ်ချက် ပေးလိုက်သည်။ "ကျေးဇူးပြုပြီး ထွက်သွားပါ။ ဒါက သူမနဲ့ ငါ့ရဲ့ကြားက ကိစ္စ"

ကျန်းရှောင် မတ်တပ်ရပ်လိုက်သည်။ "ကျိုးယန်ယန် နင်ရူးသွားရင်တောင် ငါဘနင်နဲ့အဖော်လုပ်ပေးဖို့ အချိန်မရှိဘူး။ ရှင်းရန် သွားရအောင်"

ကျောက်ရှင်းရန်က ကျိုးယန်ယန် ဒေါသထွက်တာက အလွန်ကြောက်စရာကောင်းမည်ဟု မမျှော်လင့်ထားပေ။ နာမည်ပြောင် "မင်းသမီး ကျိုး " က တကယ်ကို ထိုက်တန်ပါတယ်။

ကျိုးယန်ယန်က သူမကို လွယ်လွယ်နဲ့ လွှတ်မထားပေ။ " မသွားနဲ့။ နင်ကိုယ်တိုင် ရှင်းရှင်းလင်းလင်း ရှင်းပြ။ နင် ဘာလိုချင်သေးတာလဲ။ ငါ့ကိုလက်စားချေဖို့ နင်ဒီမှာလာလုပ်တာလား။ ဘာဖြသ်လို့လဲဆိုတော့ အရင်တုန်းက နင့်ဘောပင်ကို ငါ လဲလိုက်တာကြောင့် စာမေးပွဲမှာ နင် ညံ့ဖျင်းသွားလို့ ငါ့ကို လက်တုံ့ပြန်ဖို့တွက် ဒီမှာရှိနေတာမလား"

"မဟုတ်ဘူး!" ကျန်းရှောင်က သူမနဲ့ လုံးထွေးမနေချင်ဘဲ ထွက်သွားရန် ခြေထောက်ကို မလိုက်သည်။

ကျိုးယန်ယန်က အားကြီးနဲ့ သူမရဲ့လက်ကို အပြည့်အ၀ ဆုပ်ကိုင်လိုက်ပြီး ပြင်းထန်စွာ တွန်းပစ်ခဲ့သည်။ ကျန်းရှောင် ခလုတ်တိုက်လဲကျသွားပြီး သူမ ခန္ဓာကိုယ်က စားပွဲထောင့်နဲ့ တည့်တည့်ဝင်စောင့်မိသွားသည်။

ကျောက်ရှင်းရန်လည်း ထိတ်လန့်သွားပြီး သူမကို အမြန်ထူပေးခဲ့သည်။ "ဘယ်နားစောင့်မိသွားလဲ"

ကျန်းရှောင်ရဲ့မျက်နှာက ချက်ချင်းပင် ဖြူဖျော့လာပြီး ချွေးများထူထပ်စွာ ဖုံးလွှမ်းသွားသည်။ သူမ၏ ခါးအောက်ပိုင်းမှ စူးရှတဲ့ နာကျင်မှုတစ်ခု ထွက်ပေါ်လာသည်။ သူမ အံကြိတ်ကာ ပြောလိုက်သည်။

"လက်ထောက်ကျန်း ကို ဖုန်းခေါ်ပေး။ ဗိုက်ထဲက နည်းနည်း အဆင်မပြေဘူး "

ကျန်းချင် ဖုန်းလက်ခံရရှိသောအခါတွင် သူ့အမူအရာက လေးနက်သွားခဲ့သည်။ "ကျွန်တော် ခုချက်ချင်းဆင်းလာမယ်"

ကားသော့ကို ကိုင်ကာ အောက်ထပ်သို့ ပြေးသွားခဲ့သည်။ ဟွားရှ ရုပ်ရှင်နှင့် ရုပ်မြင်သံကြား၏ ပထမအဆင့် လက်ထောက်အနေနဲ့ ဤကဲ့သို့ ပျက်စီးနေတဲ့ အခြေအနေက တွေ့ရခဲသည်။

ငါးမိနစ်လောက်ကြာတော့ ကျန်းချင် အောက်ထပ်ကို ဆင်းရောက်လာပြီး အမောတကောဖြစ်နေသည်။ ထိုနေရာတွင် ကြက်သေသေပြီး ရပ်နေတဲ့ ကျိုးယန်ယန်ကို တွေ့လိုက်ရသဖြင့် သူ ထိတ်လန့်သွားသည်။

စောစောက ဖုန်းထဲကနေ အသေးစိတ်မေးမြန်းရန် အချိန်မရှိခဲ့သော်လည်း ယခုအခါ မေးမြန်းဖို့ မလိုအပ်တော့ပေ။ ဘာဖြစ်ခဲ့တာလဲဆိုတာကို သူ ခန့်မှန်းခဲ့တဲ့ဟာပဲ ဖြစ်ကောင်းဖြစ်နိုင်သည်။

ကျန်းချင်ကိုတွေ့တော့ ကျိုးယန်ယန် မျက်နှာပေါ်တွင် ထိတ်လန့်တကြားဖြစ်သွားသည်။ "ကျန်းရှောင် နင် ဟန်ဆောင်မနေနဲ့!"

ကျန်းချင် သူ့နှလုံးသားထဲ သက်ပြင်းချလိုက်မိသည်။ မင်းသမီး ကျိုးက ဘာလို့ ဒီလောက် ဒုက္ခပေးနေတာလဲ။ "ကျန်းရှောင် ဘာဖြစ်လို့လဲ"

ကျန်းရှောင်က သူမရဲ့ ဗိုက်ကို လက်တစ်ဖက်ဖြင့် ဆုပ်ကိုင်ထားသည်။ "ဗိုက်က နည်းနည်းနာနေတယ်"

"ငါ မင်းကို အခု ဆေးရုံလိုက်ပို့ပေးမယ်"

ကျန်းချင်က သူမကို ဂရုတစိုက် မလိုက်သည်။ "အဆင်ပြေသွားမှာပါ။ သွားရအောင် "

All Chapters