← Chapters

အခန်း (၃၃)

Vol. 3 Ch. 33

အခန်း (၃၃)

Vol. 3 Ch. 33

ကျန်းရှောင်က မောပန်းနွမ်းနယ်နေပြီး သဘောတူညီတဲ့ အသံတစ်ခု ထုတ်ကာ ရေရွတ်လိုက်သည်။ "ကျိုးရှို့လင်း​၊ ကျွန်မ အဲဒီညကသာ မထလာခဲ့ရင် ကျွန်မတို့ တွေ့ဆုံကြမှာ မဟုတ်ဘူး။ ကျွန်မ အဲဒီတုန်းက ရှင့်ကိုလျစ်လျူရှုခဲ့မယ်ဆိုရင် ကျွန်မတို့လမ်းမှာ ဘယ်တော့မှ ဆုံမိကြမှာ မဟုတ်ဘူး"

ကျိုးရှို့လင်း သူမရဲ့ ပုခုံးကို ပုတ်ပြီး ပြောလိုက်သည်။ "ဒါကို ဘယ်သူပြောလဲ။ မင်း ဟွားရှ မှာရှိနေတာပဲလေ တစ်နေ့နေ့ တစ်ချိန်ချိန်မှာတော့ ဆုံတွေ့လာမှာပဲ "

ကျန်းရှောင် သူ့ကိုယ်သူ တွေးလိုက်သည်။ ဒါပေမယ့် ရှင်က ကျွန်မနဲ့ သေချာပေါက် ရှိနေမှာမဟုတ်ဘူး။

သူမ အိပ်ပျော်သွားသည်ကို မြင်လိုက်ရသဖြင့် သူ သက်ပြင်းတစ်ချက်ချလိုက်မိသည်။

နောက်နေ့မနက်မှာတော့ ကျိုးရှို့လင်းက မနက်စာတစ်ချို့ကို deliver မှာထားပြီး ကျန်းရှောင် အတွက် ဆန်ပြုတ်ပန်းကန်တစ်လုံး ဖြည့်ပေးခဲ့သည်။ သူမ အဲ့တာကို ယူဖို့ကြိုးစားတော့ သူက ယူခွင့်မပြုခဲ့ပေ။

ကျန်းရှောင် ရေရွတ်လိုက်သည်။ "ကျွန်မရဲ့ လက် ဒဏ်ရာရထားတာ မဟုတ်ဘူး။ ဟေး ကျွန်မကို ဘာလို့ခွံ့ကျွေးနေတာလဲ။ ကျွန်မ ကလေးမဟုတ်ဘူးနော်"

ကျိုးရှို့လင်းက ဆန်ပြုတ်ပူပူကို မှုတ်ပြီး တည်တည်ငြိမ်ငြိမ်ပြောလိုက်သည်။ "ကိုယ်က ဘာလို့ မင်းကိုခွံ့ကျွေးရမှာလဲ။ သေချာပေါက် ကိုယ့် ရဲ့ အဖိုးတန်လေးအတွက် ခွံ့ကျွေးတာပါ "

ကျန်းရှောင် လျင်မြန်စွာ တိတ်ဆိတ်သွားခဲ့သည်။ သူမ တစ်ခုခုပြောလိုက်ရင် ကျိုးရှို့လင်းက သူမရဲ့ အဓိကအချက်ကို ဖြတ်ကျော်ပြီး သူ တစ်ခုခုပြောမိလာမှာကို သူမ ကြောက်သည်။

ဒီလူ အလေးအနက်ထားသင့်တာ မဟုတ်ဘူးလား။ သူမ ကြက်သားဆန်ပြုတ်ကို သောက်လိုက်သည်။ ဆန်ပြုတ်က မွှေးပြီးပျစ်နှစ်နေကာ စားချင်စိတ်ကို နှိုးဆွပေးခဲ့သည်။

ကျိုးရှို့လင်းက သူမအတွက် နောက်ထပ် ပန်းကန်လုံးတစ်ဝက် ထည့်ပေးခဲ့သည်။

ကျန်းရှောင် ပြောပြီးသားစကားကို ထပ်ပြောလိုက်သည်။ "ကျွန်မ ဗိုက်ပြည့်နေပြီ၊ ထပ်မစားချင်တော့ဘူး"

"လိမ္မာတဲ့ကောင်မလေး၊ ကိုယ့်စကားကို နားထောင်။ မင်း မနေ့ညက ဘာမှမစားထားဘူးလေ အဲ့တော့ နည်းနည်းလောက် ထပ်စားလိုက်ဦးနော် "

သူ၏ နူးညံ့သိမ်မွေ့တဲ့လေသံက စကားလုံးတိုင်းနှင့် ကျန်းရှောင်၏ နှလုံးသားကို ထိခဲ့သည်။ ကျန်းရှောင် မကန့်ကွက်ဘဲ နောက်ထပ်ပန်းကန်လုံးတစ်ဝက်ကို စားလိုက်သည်။ "ဟေး၊ ရှင်က ကျွန်မကို ဝလာအောင် လုပ်နေတာပဲ"

"နေ့လည်စာအတွက် ဘာစားချင်လဲ"

"ရှင် မပြန်ဘူးလား"

ကျိုးရှို့လင်း အနည်းငယ် ပြုံးလိုက်သည်။ "ကိုယ့်မိန်းမနဲ့ ကလေးက ဆေးရုံမှာ ရှိနေတာကို ကိုယ်က ဘယ်ကိုပြန်ရမှာလဲ"

ကျန်းရှောင် ခဏရပ်တန့်သွားပြီး "ကျွန်မ ဆေးရုံကဆင်းပြီး အိမ်ပြန်ချင်တယ်" လို့ပြောလိုက်သည်။

"ဆရာဝန် သဘောတူရင် ကန့်ကွက်စရာ မရှိပါဘူး"

ကျန်းရှောင် တောက်ပစွာ ပြုံးလိုက်မိသည်။ "မစ္စတာကျိုး ၊ရှင်က တကယ်ကို အံ့သြစရာပဲ"

ဆရာဝန်က ကျန်းရှောင်ရဲ့ ဆေးရုံဆင်းတာကို သဘောတူခဲ့ပြီး ဒီတစ်ကြိမ်မှာတော့ သူမ သန္ဓေသားကို မထိခိုက်စေခဲ့တော့ တစ်ပတ်လောက်အနားယူပြီး အိမ်ပြန်တာက ပြဿနာမဟုတ်ဘူးလို့ ပြောခဲ့သည်။ ကျိုးရှို့လင်းသည် ဤစကားကိုကြားပြီးနောက် များစွာစိတ်သက်သာရာရသွားသည်။

မွန်းလွဲပိုင်း၌ ကျိုးရှို့လင်းက သူမနဲ့အတူအိမ်ပြန်လာခဲ့သည်။

ဆေးရုံမှ ပြန်ရောက်ပြီးနောက် ကျန်းရှောင်က လွမ်းဆွတ်ခြင်း ခံစားချက်ကို ခံစားခဲ့ရသည်။

ညနေခင်း၌ ညစာစားပြီးနောက် ကျိုးရှို့လင်းက သူမအခန်းဆီ သွားခဲ့သည်။

သူ စကားပြောလိုက်သည်။ "ကိုယ် ခဏလောက် အပြင်သွားစရာရှိလို့။ မင်း အိမ်မှာ တစ်ယောက်တည်းနေရလိမ့်မယ်။ တစ်ခုခုလိုအပ်တာရှိရင် အန်တီ့ဆီ ဖုန်းဆက်လိုက်နော်"

ကျန်းရှောင်က " အော "ဟု တုံ့ပြန်လိုက်ပြီး "ရပါတယ်" လို့ပြောလိုက်သည်။

ကျိုးရှို့လင်း က သူမရဲ့လက်ကို အလိုလို ဆုပ်ကိုင်လိုက်ပြီး ပြောလိုက်သည်။ "ကိုယ် သွားတော့မယ်နော်"

အစမှအဆုံး ကျန်းရှောင်မှာ ကျိုးယန်ယန်ရဲ့ အမည်ကို တစ်ခါမျှမဖော်ပြခဲ့ပေ။ သူ့အတွက် ခက်ခဲတဲ့ အရာများကို ပြုလုပ်ရမည်ကို ကျန်းရှောင် ကြောက်ရွံ့နေ ကြောင်း ကျိုးရှို့လင်း နားလည်ခဲ့သည်။

ကျိုးရှို့လင်း အိမ်ပြန်ရောက်တော့ သူ့မိဘတွေက ဧည့်ခန်းထဲမှာ ရှိနေသည်။

မေမေ ကျိုး အံ့သြသွားသည်။ "မင်း ဘာလို့ ရုတ်တရက်ကြီး ပြန်လာတာလဲ။ ဘီ မြို့တော်ကို သွားနေတာ မဟုတ်ဘူးလား"

ကျိုးရှို့လင်း မေးလိုက်သည်။ "ယန်ယန်ကော "

မေမေကျိုးက သူ့သားရဲ့ မည်းမှောင်နေတဲ့ မျက်နှာကို မြင်ပြီးပြောလိုက်သည်။ "သူမ လေ့ကျင့်ရေး အစီအစဉ်တက်ဖို့ ဟောင်ကောင်ကို သွားလိုက်တယ်။ ဘာဖြစ်လို့လဲ"

ကျိုးရှို့လင်း လှောင်ရယ်လိုက်သည်။ "သူမ အဝေးကို အမြန်ပြေးသွားတာပဲ"

"အတိအကျ ဘာဖြစ်ခဲ့လို့လဲ"

"အမေ၊ မနေ့က နေ့လည်ခင်းက ယန်ယန် ကျန်းရှောင်ကို စားပွဲဆီ တွန်းခဲ့တယ်"

မေမေ ကျိုး အံ့အားသင့်သွားသည်။ "မနေ့ညက သူအလျင်စလိုနဲ့ ပြန်လာတာ အံ့သြစရာ မဟုတ်တော့ဘူး။ ဒီက​လေးဘာ​ကြောင့်​ ဘာမှမ​ပြောရတာလဲ"

ဖေဖေကျိုးက မေးခဲ့သည်။ " ကျန်းရှောင် အဆင်ပြေရဲ့လား"

ကျိုးရှို့လင်း ရဲ့နားထင်တွေ လှုပ်သွားပြီး "ကလေးရော လူကြီးရော အဆင်ပြေနေပါတယ်"လို့ပြောလိုက်သည်။

မေမေ ကျိုးက စိတ်သက်သာရာရကာ သက်ပြင်းချခဲ့သည်။ "တော်သေးတာပေါ့။ သူမ အခုဘယ်ဆေးရုံမှာလဲ။ မနက်ဖြန် သူမဆီ သွားလည်လိုက်ဦးမယ်"

"မလိုပါဘူး၊ သူမ ဒီနေ့ဆေးရုံက ပြန်ဆင်းလာပြီ" ကျိုးရှို့လင်း လေးနက်စွာပြောလိုက်သည်။

"အဖေ၊ အမေ၊ကျွန်တော် အဖေတို့နဲ့ စကားကောင်းကောင်းပြောဖို့ ပြန်လာခဲ့တာ။ ယန်ယန်ကို ဒီအတိုင်း ဆက်ပြီး အလိုလိုက်နေဦးမယ်ဆိုရင် သူမ ဒုက္ခနဲ့အဆုံးသတ်သွားလိမ့်မယ်"

မေမေကျိုး နှုတ်ဆိတ်နေခဲ့သည်။

"သူမ အထက်တန်းကျောင်းပြီးကတည်းက ကျန်းရှောင် ကို အငြိုးထားနေတာ။ စာမေးပွဲမှာ ကျန်းရှောင်ရဲ့ ခဲတံတွေကို အစားထိုးလဲပစ်ပြီးတော့ အထက်တန်းကျောင်းတက်နေချိန်မှာ လှည့်ကွက်တွေ ကစားခဲ့ပြီးတော့ ကျန်းရှောင်ကို ရွေးချယ်စရာ မေးခွန်းအားလုံးမှာ အမှတ်သုညရသွားအောင် သူလုပ်ခဲ့တယ်။ ဒါက စနောက်မှုသက်သက်တင်မဟုတ်ဘူး ဒါက အကျင့်စရိုက်ပြဿနာပဲ”

ဖေဖေ ကျိုး မျက်မှောင်ကြုတ်ခဲ့သည်။ "ဒီထက်မကရှိသေးလား"

မေမေကျိုး မေးလိုက်သည်။ "ဆရာတွေက ဘာလို့ ဒီကိစ္စကို ဘာမှ မပြောခဲ့တာလဲ"

"ဆရာတွေက ဘယ်လိုလုပ်ပြောမှာလဲ။ ကျန်းရှောင် လို သာမန်မိသားစု သူအတွက် အမေတို့တို့ကို အရှက်ရစေအောင်လား"

"အဲဒါကြောင့် ဆရာတွေက ကျန်းရှောင် အတွက် ဖျောင်းဖျပေးတာမျိုး လုပ်ခဲ့ပြီး ကျန်းရှောင်က ဆရာတွေကို စိတ်အနှောင့်အယှက် မဖြစ်စေချင်တာကြောင့် ကိစ္စကပြီးသွားတာ"

ဖေဖေ ကျိုးက ထိန်းချုပ်ထားတဲ့မျက်နှာနဲ့ ပြောလိုက်သည်။ "သူမကို ဖုန်းဆက်ပြီး ပြန်လာခိုင်းလိုက်"

မေမေကျိုး ချီတုံချတုံ ဖြစ်နေသည်..

ဖေဖေကျိုး ပြောလိုက်သည်။ "ယန်ယန်ကို နည်းနည်းလေးအလိုလိုက်ထားမိတယ်လို့ အမြဲ ထင်နေခဲ့တာ။ ဒါပေမယ့် အခုကျတော့ ပြဿနာက ပိုရှုပ်ထွေးသွားပုံပဲ။ ဒါက ငါတို့ ပညာရေးမှာ ကျရှုံးခဲ့တာ။ သူမဆီ ဖုန်းဆက်ပြီး ပြန်လာခိုင်းလိုက်။ နောက်ပြီး ကျန်းရှောင်ကို တောင်းပန်ဖို့လည်း သူမကိုလုပ်ခိုင်း"

ကျိုးရှို့လင်း အေးအေးဆေးဆေးပြောလိုက်သည်။ "အမေ၊ အဖေ၊ ယန်ယန် တောင်းပန်ပြီးရင် ပြောင်းလဲသွားမယ်လို့ ထင်နေလား။ သူမ ပိုပြီး ပြောင်ပြောင်တင်းတင်း လုပ်လာလိမ့်မယ်"

မေမေ ကျိုး မျက်ခုံးကျုံ့လိုက်သည်။ "ရှို့လင်း၊ ငါတို့ကို ဘာလုပ်ဖို့ အကြံပေးချင်လဲ"

ကျိုးရှို့လင်း ပြန်ပြောလိုက်သည် "ဒါကို တစ်ခါတည်း နဲ့အားလုံးအတွက် ဖြေရှင်းလိုက်ရအောင်။ သူမရဲ့မိသားစုကြောင့်နဲ့ပဲ သူမ အလိုလိုက်ခံထားရတာ။ ကျိုး မိသားစုမရှိရင် သူမက ဘာမှမဟုတ်ဘူးဆိုတာ နားလည်သွားအောင်လုပ်ပေးရမယ်"

မေမေကျိုး ချီတုံချတုံနဲ့ပြောလိုက်သည်။ "ရှို့လင်း၊ ယန်ယန်က မင်းညီမအရင်းနော် "

ကျိုးရှို့လင်း ရယ်လိုက်သည်။ သူစကားတစ်လုံးပြီးတစ်လုံးပြောခဲ့ကာ သူ့အသံက ပေါ့လည်းမပေါ့ပါးသလို လေးလည်းမလေးလံပေ။ "ကျန်းရှောင်က ကျွန်တော့်မိန်းမ၊ သူမ ဗိုက်ထဲက ကလေးက ကျွန်တော့်ကလေး "

မစ္စတာ နှင့် မစ္စစ် ကျိုးတို့ အံ့သြတုန်လှုပ်သွားပြီး စိတ်မကောင်းဖြစ်မိကြသည်။ ကျိုးယန်ယန် ဒီလိုမျိုးလုပ်မယ်လို့ သူတို့ မမျှော်လင့်ထားခဲ့ပေ။

ကျိုးရှို့လင်း သူ့လက်ကို မြှောက်ပြီး နားထင်တွေကို ပွတ်ရင်း သူ့စိတ်တွေ ကမောက်ကမ ဖြစ်နေသည်။ မနေ့ညက သူဆေးရုံထဲဝင်သွားပြီး ကျန်းရှောင် ဆေးရုံကုတင်ပေါ်မှာ တစ်ယောက်တည်း အိပ်နေတာကို မြင်လိုက်ရချိန် ကြောက်စိတ်ရဲ့ အဓိပ္ပါယ်ကို သူနားလည်သွားခဲ့သည်။

သူ့ညီမ ဒီလိုဖြစ်လာမယ်ဆိုတာ သူ မသိထားခဲ့ဘူး။ ထိုအခိုက်အတန့်တွင် သူ့နှလုံးသားထဲတွင် ရှုံးနိမ့်မှုတစ်ခု ထွက်ပေါ်လာသည်။

သူတို့ကလေးဘဝတုန်းက ကျိုးယန်ယန်က နာခံမှုရှိပြီး နူးညံ့တဲ့သူဖြစ်သည်။ သူတို့ မောင်နှမတွေအဖြစ် အမြဲတစေ အတူရှိခဲ့ကြပြီး သူအထက်တန်းကျောင်းဆင်းပြီး ဆယ်နှစ်ကျော်ကာလအတွင်း ယန်ယန်၏ စရိုက်လက္ခဏာနှင့် ပြဿနာရှိလာမည်ကို သူဘယ်တုန်းကမှ မထင်ထားခဲ့ပေ။

သူတို့အထက်တန်း ကျောင်းသုံးနှစ်မှာ သူမကို အခုလက်ရှိ အခြေအနေအဖြစ် ပြောင်းလဲသွားစေဖို့ ဘာတွေဖြစ်ခဲ့တာလဲ။

ကျန်းရှောင် အပေါ် သူမ၏ မကျေမနပ်ဖြစ်နေတာက ချင်ဟန်အတွက် သူမရဲ့တစ်ဖက်သက် အချစ်ကနေဖြစ်လာတာလား။

ကျိုးရှို့လင်း သက်ပြင်းရှည်ကြီး ချလိုက်မိသည်။ "အမေ၊ အဖေ၊ ကျွန်တော်တို့ အခု ယန်ယန်ရဲ့ ပြဿနာကို ကောင်းကောင်း မပြင်ဆင်လိုက်ဘူးဆိုရင် အနာဂတ်မှာ တစ်ခုခုဖြစ်လာရင် သူမ ဒုက္ခရောက်လိမ့်မယ်"

မိဘတွေက သားသမီးတွေကို မှန်မှန်ကန်ကန် ပညာမပေးဘူးဆိုရင် တခြားသူတွေက ပညာပေးနိုင်ပေမယ့် ဒီလောက် နူးညံ့ညှာတာမှာတော့ မဟုတ်ဘူး။

သားဖြစ်သူကလည်း သမီးကို ကူညီချင်ကြောင်း ဖေဖေ ကျိုး နားလည်သည်။ "မနက်​ဖြန်​ သူမကို ပြန်​​ခေါ်​ပေးမယ်​"

မေမေကျိုး ခေါင်းညိတ်လိုက်သည်။ "ဟုတ်တယ်၊ စိတ်မဆိုးနဲ့တော့။ အိမ်ပြန်ပြီး ကျန်းရှောင်နဲ့အတူနေပေးလိုက်။ ကိုယ်ဝန်က ခုထိသုံးလတောင် မပြည့်သေးတဲ့အတွက် သူ့ကိုယ်သူ ဂရုစိုက်ဖို့ လိုတယ်။ သူမကို အဲဒီကုမ္ပဏီမသွားခိုင်းဘဲ အိမ်မှာပဲ အနားယူခိုင်း "

ကျိုးရှို့လင်းက အမြဲတမ်း စိတ်တည်ငြိမ်အေးဆေးမှုကို ထိန်းသိမ်းထားပြီး ဒေါသအရိပ်အယောင်ကိုပြတာရှားသည်။ ဒါပေမယ့် ကျန်းရှောင်ရဲ့ မတော်တဆမှုက သူ့ကို ထိန်းချုပ်မှု ဆုံးရှုံးသွားစေခဲ့သည်။

မေမေကျိုးက သူ့ကို ထပ်ပြီး ဖျောင်းဖျဖို့ ကြိုးစားခဲ့သည်။ "ဒီအဖြစ်အပျက်က မတော်တဆဖြစ်နိုင်တယ်။ ယန်ယန်က ကျန်းရှောင် ကိုယ်ဝန်ရှိနေမှန်း မသိထားဘူး။အမေတို့ သူမကို မပြောပြထားဘူး။ အဲဒါ သူမတမင် ရည်ရွယ်ပြီး လုပ်လိုက်တာ မဟုတ်ပါဘူး"

ကျိုးရှို့လင်း အမူအရာက အေးစက်သွားကာ စကားလုံးအနည်းငယ်ကို ဖြည်းဖြည်းချင်း ပြောလိုက်သည်။ "ယန်ယန်ကပဲ ဒီကိစ္စရဲ့ အမှန်တရားကို သိတဲ့သူ"

မေမေကျိုးမှာ နောက်ထပ် ပြောစရာမရှိတော့ပေ။

ကျိုးရှို့လင်းက ဒီကိစ္စကို ဆက်ပြီးတဝဲလည်လည်မပြောချင်တော့ပေ။ သူ မတ်တပ်ရပ်ပြီးပြောလိုက်သည်။ "အမေ၊ အဖေ နောက်ကျနေပြီ ကျွန်တော် အရင်ပြန်လိုက်တော့မယ်"

ကျိုးရှို့လင်း ထွက်သွားတော့ မေမေကျိုးဆီမှာ လွမ်းဆွေးတဲ့အကြည့်တွေ ပေါ်လာခဲ့သည်။ " ယန်ယန်က ကျန်းရှောင်ကို အကြောင်းပြချက်မရှိဘဲ ဘာလို့ တွန်းထုတ်မှာလဲ။ နားလည်မှုလွဲနေတာပဲ ဖြစ်ရမယ်"

ဖေဖေ ကျိုးရဲ့ မျက်နှာက အနည်းငယ် မည်းမှောင်သွားသည်။ “ကိုယ်တို့သားရှေ့မှာ ဒီလိုစကားမျိုး နောက်ထပ် မပြောမိစေနဲ့။ ရှို့လင်းက စိတ်ကောင်းရှိတယ် ဒီတစ်ခါတော့ သူ ဒေါသမထွက်ဘူး။ ဒါပေမယ့် နောက်တော့ ယန်ယန်နဲ့ လုပ်ဖို့ သူ အစီအစဉ်ချထားတယ်၊ ဝင်မစွက်ဖက်နဲ့ "

"ရှင်တို့ယောက်ျားတွေက ဘာလို့ ဒီလောက် သနားကြင်နာမှု မရှိရတာလဲ "

"ယန်ယန် ဒီအတိုင်းဆက်သွားနေမယ်ဆိုရင် ရှို့လင်းတောင် သူ့ညီမကို အသိအမှတ်ပြုဖို့ မတတ်နိုင်တဲ့နေ့တစ်နေ့ ရောက်လာလိမ့်မယ် "

မေမေ ကျိုး လေးလေးနက်နက်တွေးပြီး ရှို့လင်းက သူ့မျက်လုံးထဲ ဝင်နေတဲ့သဲတွေကို ဘယ်တုန်းကမှ သည်းမခံခဲ့ဘူးဆိုတာကို သဘောပေါက်သွားခဲ့သည်။ "ယန်ယန် နဲ့ စကားပြောကြည့်လိုက်မယ်"

All Chapters