အခန်း (၃၆)
Vol. 3 Ch. 36
"ကျွန်တော့် အစ်မ မွေးနေ့က ဒီတစ်ပတ်ပိတ်ရက်မှာဆိုတော့ ကျွန်တော် အန်တီလျန့်ဆီက ကြားလာတာ။ အဲ့တာက ကျန်းရှောင် မဟုတ်လား "
ကျင်းကျုံးပိုင်၏ လေသံက မေးခွန်းထုတ်နေတဲ့ အရိပ်အမြွက် ပြနေသော်လည်း သူ့အမူအရာက ကျန်းရှောင် ဖြစ်သည်ကို သူသိနေပြီဖြစ်ကြောင်း ညွှန်ပြနေသည်။
"ဟုတ်တယ်၊ ကျန်းရှောင်မှာ အရည်အချင်းရှိတယ်။ ကျန်းချင်က သူမကို ငါ့အနားမှာ အလုပ်ပြောင်းလုပ်ခိုင်းဖို့ အကြံပေးခဲ့တာ " ကျိုးရှို့လင်း သူ့အမူအရာကို ထိန်းလိုက်သည်။
"တကယ်တော့ သူမက တကယ်ကို တော်တယ်။ ကျွန်တော် ကျင်းချန် ကို အရင်ပြန်နှင့်လိုက်ပါဦးမယ် နောက်ရက်မှ တွေ့ကြတာပေါ့"
"နှုတ်ဆက်ပါတယ်"လို့ ကျင်းကျုံးပိုင် ပြောလိုက်သည်။ သူက လီနင် ရှပ်အင်္ကျီနှင့် အနက်ရောင် စတိုင်ပင်ဘောင်းဘီကို ၀တ်ဆင်ထားပြီး သဘာဝအတိုင်း သက်တောင့်သက်သာရှိသော လေကို ထုတ်ပေးနေသည်။
အပြန်လမ်းတွင် ကျန်းချင် သက်ပြင်းချလိုက်သည်။ "ကျင်း တရှန်း(ဆရာကျင်း)နဲ့ အစ်မ ရင် တို့ရဲ့ ဆက်ဆံရေးက တကယ်ကောင်းတယ် "
ကျိုးရှို့လင်း မျက်ခုံးပင့်လိုက်သည်။ "ကျင်းကျုံးပိုင် က အနုပညာနယ်ပယ်မှာ ကြင်နာတတ်တဲ့လူတစ်ယောက်အဖြစ် နာမည်ကျော်ကြားတယ်"
ကျန်းချင် သဘောတူခဲ့သည်။ "ဟုတ်တယ်။ သူနဲ့အတူ ရိုက်ကွင်းမှာ လဝက်လောက် အချိန်ကုန်ဆုံးခဲ့တဲ့နောက် သူက ကျော်ကြားမှုကို အခြေခံတဲ့ တခြားနာမည်ကျော်တွေ သူ့ကိုယ်သူ ဘယ်တော့မှမတိုင်းတာသလို ဘယ်တော့မှလည်း မာနမထောင်လွှားနေဘူး။ အမျိုးသမီးတွေက ဒီလိုကြောင့် သူ့ကို ကြိုက်ကြတာဖြစ်နိုင်တယ်"
"အို" ကျိုးရှို့လင်း မျက်ခုံးပင့်လိုက်သည်။
"အဲ့လိုလား" မနေ့ညက ကျန်းရှောင် ကတော့ မိန်းကလေးတွေက သူ့လိုလူကို ကြိုက်ကြတယ်လို့ ပြောခဲ့သည်။
ကျန်းချင် ပေါ့ပေါ့ပါးပါးပြောလိုက်သည်။ "လူကြီးမင်း ကျိုး၊ အရင်တုန်းက ကျင်းကျုံးပိုင်ရဲ့ စတူဒီယိုမှာ မဒမ် လက်ထောက်တစ်ယောက်အနေနဲ့ လျှောက်ထားခဲ့ဖူးတယ်လို့ ပြောပြဖူးလား"
ကျိုးရှို့လင်းရဲ့ မျက်လုံးတွေ တဖြည်းဖြည်းနက်လာသည်။ "အဲ့လိုလား"
ကျန်းချင်က သူ စကားအလွန်အကျွံ ပြောမိသွားသည်ကို သဘောပေါက်လိုက်သည်။ "ဒါကို ပြောတဲ့သူက ကျွန်တော်ဆိုတာကို ကျေးဇူးပြုပြီး မဒမ်ကို မပြောလိုက်ပါနဲ့နော်"
"ဆက်ပြော " ကျိုးရှို့လင်း တိုက်တွန်းခဲ့သည်။
“အဲဒီချိန်တုန်းက သူတို့က မဒမ်ရဲ့ ငယ်ရွယ်တဲ့အသက်အရွယ်ကို အထင်သေးပြီး သူမကို မလိုချင်ခဲ့ကြဘူး အဲ့တော့ မဒမ်က သနားစရာကောင်းလောက်အောင် ငိုသွားခဲ့တယ်"
"ဟက် " ကျိုးရှို့လင်းတိုးတိုးလေး ရယ်လိုက်သည်။ "ဒါ ကျင်းကျုံးပိုင် အမြင်မရှိခဲ့လို့ပဲ"
"မှန်ပါတယ်။ လူကြီးမင်းမှာကတော့ အမြင်ရှိတယ်"
ကျန်းချင်ရဲ့ မြှောက်ပင့်ပြောဆိုမှုစွမ်းရည်ကို တစ်စုံတစ်ယောက်က မကူညီနိုင်ဘဲ ဝန်ခံခဲ့သည်။ တစ်ချိန်က သူမ ကျိုးရှို့လင်း နဲ့ သံယောဇဉ်တစ်ခုကို တီးခတ်ခဲ့သည်။
ကျိုးရှို့လင်း ပေါ့ပေါ့ပါးပါးတုံ့ပြန်ခဲ့သည်။ "ဒါပေါ့ "
ကျိုးရှို့လင်း မနက်က ထွက်သွားပြီးနောက် အန်တီ ကျန်းက အစောကြီးရောက်လာသည်။ အန်တီ ကျန်းက လုံ့လဝီရိယရှိပြီး အားကိုးအားထားပြုလို့ရတဲ့သူဖြစ်ပြီး သူမသည် ဤနေရာတွင် အမြဲတမ်း သန့်ရှင်းရေးလုပ်တဲ့သူဖြစ်သည်။
ကျန်းရှောင် ဒဏ်ရာရသွားသည်ကို သိလိုက်ရသဖြင့် သူမက ဒီနေ့မှာတော့ တစ်နာရီစော ရောက်လာပြီး ဟင်းရည်ချက်ရန် လတ်ဆက်သည့် အရိုးများကို ဝယ်လာခဲ့သည်။
ကျန်းရှောင်နဲ့ အန်တီ ကျန်းတို့ တစ်ယောက်နှင့်တစ်ယောက် ရင်းနှီးလာခဲ့သည်။ ကျန်းရှောင်က သူမ၏ ဂရုစိုက်မှုကို တန်ဖိုးထားသည်။ စကားစမြည်ပြောစဉ်တွင် အန်တီ ကျန်းက စိုးရိမ်ပူပန်မှုကို ဖော်ပြခဲ့ပြီး ကလေးကြီးပြင်းလာသောအခါ ကျန်းရှောင်ကို သူမရဲ့အမေကို ပြုစုဖို့ ဖိတ်လို့ရကြောင်း အန်တီကျန်းက ပေါ့ပေါ့ပါးပါးပြောခဲ့သည်။
ကျန်းရှောင်က သူမကို မွေးပြီးပြီးချင်း မကြာခင်မှာပဲ သူမရဲ့အမေဆုံးပါးသွားခဲ့ကြောင်း သူမ(အန်တီကျန်း) အသိပေးခဲ့ပြီး အဲ့တာက အန်တီ ကျန်း ကို သူမရဲ့ ကျန်းမာရေးကို ပိုပြီးတော့တောင် ဂရုစိုက်လာစေခဲ့သည်။
ဆယ်နာရီလောက်မှာ တံခါးခေါက်သံ ကြားလိုက်ရသည်။
ကျန်းရှောင် သက်ပြင်းချလိုက်သည်။ သူမက ဒါဘယ်သူလဲဆိုတာ ခန့်မှန်းပြီးသားဖြစ်တာကြောင့် တံခါးဖွင့်ဖို့ သွားလိုက်သည်။
မေမေကျိုးက အိမ်တံခါးဝမှာရပ်နေပြီး ဒါရိုက်ဘာက အာဟာရဖြည့်စွက်စာများ သယ်လာပေးသည်။
ကျန်းရှောင် နူးနူးညံ့ညံ့လေး ခေါ်လိုက်သည်။ "အမေ..."
မေမေ ကျိုး ခေါင်းညိတ်လိုက်ပြီး သူမကို အကဲဖြတ်ခဲ့သည်။ "အဲ့မှာရပ်မနေနဲ့။ ထိုင်ပြီးစကားပြောရအောင်"
အန်တီ ကျန်းက သူမရဲ့ပစ္စည်းတွေကို လိမ္မာပါးနပ်စွာကောက်ယူကာ သိမ်းပေးခဲ့ပြီး မထွက်သွားခင် အိမ်မှာကိစ္စလေးရှိသေးလို့ဆိုပြီး ပြောခဲ့သည်။
ကျယ်ဝန်းလှတဲ့ ဧည့်ခန်းထဲတွင် မေမေကျိုးနဲ့ ကျန်းရှောင်တို့သာ ကျန်ခဲ့တော့သည်။
ကျန်းရှောင် ခဏလောက်စဉ်းစားလိုက်သည်။ "အမေ ၊ ကျွန်မ တစ်ခွက်လောက် ထည့်ပေးပါရစေ"
မေမေကျိုးက သူမရဲ့လက်ကို ဝှေ့ယမ်းလိုက်သည်။ "အမေ ရေမဆာပါဘူး။ အဲ့မှာ ရပ်မနေနဲ့။ အခုဘယ်လိုနေသေးလဲ "
"ကျွန်မ ပိုကောင်းလာပါပြီ"
မေမေကျိုး စက္ကန့်အနည်းငယ်မျှ တုံ့ဆိုင်းသွားသည်။ "အဲဒီနေ့က ဖြစ်ပျက်ခဲ့တာတွေအကြောင်း အမေတို့ အားလုံးသိပြီးပြီ။ ဒီတခေါက်က ယန်ယန် အမှားပဲ။ သူ့အဖေ ဒေါသအရမ်းထွက်ပြီး ဟောင်ကောင်ကနေ သူ့ကိုပြန်လာဖို့ ခေါ်ထားတယ်။ သူ ပြန်လာရင် သမီးကို လာတောင်းပန်ခိုင်းလိမ့်မယ်"
ကျန်းရှောင် ငြိမ်ငြိမ်လေးထိုင်လိုက်သည်။ သူမ အထက်တန်း ဒုတိယနှစ်က မိဘဆရာတွေ့ဆုံပွဲကို ရုတ်တရက် သတိရမိသွားသည်။
အဲ့အချိန်တုန်းက သူမအဒေါ်တို့မိသားစု ပြောင်းရွှေ့သွားခဲ့တာကြောင့် သူမရဲ့ကိုယ်ပိုင်ထိုင်ခုံမှာ တစ်ယောက်တည်း ထိုင်နေခဲ့ရသည်။ ကံကောင်းထောက်မစွာ၊ လင်းဝူက သူမနှင့်အတူ ရှိနေခဲ့သည်။
သူတို့နှစ်ယောက်လုံးက ထူးချွန်တဲ့ကျောင်းသူတွေဖြစ်ပြီး မိဘတွေ လာမတက်ရင်တောင် ဆရာမက စိတ်ထဲမထားပေ။
မိဘဆရာတွေ့ဆုံပွဲအတွင်း မေမေကျိုးက ပညာရေးနှင့် ပတ်သက်တဲ့ သူမရဲ့စိုးရိမ်မှုတွေကို ကျိုးရှို့လင်း၏ သင်ယူမှု အတွေ့အကြုံနဲ့ မီးမောင်းထိုးပြခဲ့သည်။
လှပတင့်တယ်တဲ့ ဝတ်စုံကို ၀တ်ဆင်ထားပြီး ယဉ်ကျေးပျူငှာစွာ စကားပြောဆိုခဲ့သည်။ အဲ့အချိန်က ကျန်းရှောင် ထူးဆန်းနေသည်ကို တွေ့လိုက်ရသည်။ ကျိုး မိသားစု သူတို့သားကို ပညာပေးတဲ့ပုံက ထိရောက်တယ်ဆိုရင် ကျိုးယန်ယန်အပေါ်မှာကျတော့ ဘာလို့ အလုပ်မဖြစ်ရတာလဲ။
အဲ့တာဟာ ကျိုးရှို့လင်းရဲ့ အမှတ်ကောင်းတာတွေက သူ့ကိုယ်ပိုင်ဉာဏ်ရည်ဉာဏ်သွေး၏ ရလဒ်တွေဆိုတာပြသနေသည်။
ကျိုးယန်ယန်ရဲ့ အဆင့်တွေက သူမရဲ့ အတန်းဖော်တွေကြားမှာ သာမန် ဖြစ်ပေမယ့် ကျောင်းတွင် သူမ၏ မိသားစုရဲ့ ဂုဏ်သတင်းမှာ အနုပညာ လှုပ်ရှားမှုအမျိုးမျိုးတွင် ပါဝင်ခဲ့ခြင်းနှင့်အတူ သူမကို အမြဲထင်ရှားစေခဲ့သည်။
"ကျန်းရှောင်၊ သမီး ယန်ယန်ကို စိတ်ဆိုးနေသေးလား"
ကျန်းရှောင် မဖြေခဲ့ပေ။ ဒီကိစ္စမှာ ပဲပင်ပေါက်လေး မပါဝင်ခဲ့ဘူးရင်တော့ သူမ ခွင့်လျှတ်ပေးလိုက်မှာ။ ဒါပေမယ့် ပဲပင်ပေါက်လေးကြောင့် သူမ လျှောမချပေးနိုင်ဘူး။
မိခင်တစ်ယောက်ဆိုတာက ခိုင်မာမှရမည်။ မိခင်အများစုက သားသမီးတွေကို ချစ်တယ်လို့ သူမ ယုံကြည်ခဲ့ပေမယ့် ဒီကမ္ဘာပေါ်မှာ နှလုံးသားမဲ့တဲ့မိခင်တွေလည်း ရှိသည်။
မေမေကျိုး မျက်ခုံး အနည်းငယ်ကျုံ့သွားခဲ့သည်။ "ဒီတစ်ခါ သမီး မတရားခံလိုက်ရတာကို အမေ သိတယ်။ အဲ့နေ့ညက ရှို့လင်း အမေတို့ကို အရာအားလုံး ရှင်းရှင်းလင်းလင်း ရှင်းပြထားတယ်။ ယန်ယန်က သူ့ညီမအရင်း ဖြစ်နေတာကြောင့် သူအရမ်းဒေါသထွက်နေခဲ့တယ်။ ရှို့လင်းက အနာဂတ်မှာ ယန်ယန်ကို ဘယ်အမွေမှပေးမှာ မဟုတ်ဘူးလို့ပြောထားပြီး သူမကိုယ်တိုင်ကလည်း အဲ့အတွက် ကြိုးစားအားထုတ်ရဦးမယ်။ ရှို့လင်း ဒေါသနဲ့ပြောထွက်လာတာ မဟုတ်တာ အမေသိပါတယ်"
ကျန်ရှောင် မေမေကျိုးရဲ့ ခံစားချက်တွေကို နားလည်သည်။ ယန်ယန်က သူမရဲ့သမီးအရင်း၊ ပြီးတော့ ဘယ်အမေက သူ့သမီးကို မျက်နှာသာမပေးတာရှိလို့လဲ။
ဒီနေ့မှာ အနေအထားက ပြောင်းပြန်ဖြစ်သွားပြီး ကျိုးယန်ယန်မှာ ဒီလို အခြေအနေမျိုး ကြုံတွေ့ခဲ့ရင်တော့ ဟိုးအရင်ကတည်းက ကြီးမားတဲ့ အရှုပ်အထွေး ဖြစ်လာလိမ့်မည်။
" အမေ၊ အမေပြောချင်တာကို ကျွန်မ နားလည်ပါတယ်။ ရှို့လင်း လုပ်ချင်တာကို ကျွန်မ အများကြီး မပြောတော့ဘူး" ဒါ သူမရဲ့ ရပ်တည်ချက်ပဲ ။
"တော်လိုက်တဲ့ကလေး။ သမီးနဲ့ ရှို့လင်း အမြန်လက်ထပ်လိုက်တာ အမေတို့ တစ်ယောက်ကိုတစ်ယောက် ရင်းနှီးဖို့ အချိန်သိပ်မရှိခဲ့ဘူး။ သမီး အချိန်ရရင် အမေ တို့အိမ်ကို မကြာခဏ လာခဲ့။ မနက်ဖြန်ညကျရင် မိသားစုညစာ အတူတူစားရအောင်"
မေမေကျိုးက မိခင်ကောင်းတစ်ယောက်ပဲလို့ ကျန်းရှောင် ကိုယ့်ကိုယ်ကိုယ် တွေးခဲ့သည်။
ကျိုးယန်ယန်က တကယ်ကို ကံကောင်းတယ်။
မေမေကျိုး အိမ်ပတ်ပတ်လည်ကို ကြည့်လိုက်သည်။ "ဒီမှာနေရတာ အဆင်ပြေရဲ့လား"
ကျန်းရှောင် ခေါင်းညိတ်လိုက်သည်။ "တော်တော်ကောင်းပါတယ်"
မေမေကျိုးက ကျန်းရှောင်ရဲ့ ယခင်နေထိုင်မှုပတ်ဝန်းကျင်အကြောင်း သိသည်။ "သမီး ကျင့်သားမရနေတာမျိုးရှိရင် ရှို့လင်း ဒါမှမဟုတ် အမေ့ကို ပြောပြ၊ ဘယ်သူ့ကိုပဲပြောပြော အတူတူပဲ။ အိုး၊ ကလေးအတွက် ပစ္စည်းတွေ ဝယ်ပြီးပြီလား"
"မဝယ်ရသေးဘူး"
မေမေ ကျိုး မတ်တပ်ထရပ်ပြီး ဒုတိယအိပ်ခန်းသို့ သွားလိုက်သည်။ "ဒီအခန်းကို ပြုပြင်မွမ်းမံဖို့ လိုကောင်းလိုနိုင်တယ်။ အမေတို့ ပုခက်ဝယ်ဖို့ လိုလိမ့်မယ်။ အမေ နောက်မှလုပ်ပေးမယ်။ သမီး အမေတို့အိမ်ကို ပြန်လာသင့်တယ်။ ဒါမှလည်း သမီးကို အမေတို့ ဂရုစိုက်နိုင်မှာ။ သမီးက ကိုယ်ဝန်ရှိနေပြီ၊ ရှို့လင်းကလည်း အလုပ်တွေရှုပ်နေတယ်။ သူ သမီးကို ကောင်းကောင်းဂရုစိုက်ပေးနိုင်မှာမဟုတ်ဘူး"
ရုတ်တရက် သူမသည် ဒုတိယအိပ်ခန်းတွင် ကျိုးရှို့လင်းနဲ့ သက်ဆိုင်သည့် အရာများစွာရှိသည်ကို သူမ သတိပြုမိလိုက်သည်။
ကျန်းရှောင် - "ကျေးဇူးတင်ပါတယ် အမေ"
မေမေကျိုးက ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။ "ယဉ်ကျေးနေစရာ မလိုပါဘူး"
မေမေကျိုး ထွက်သွားပြီးနောက် ကျန်းရှောင် အိမ်မှာ တစ်ယောက်တည်းကျန်နေခဲ့ပြီး ရုပ်ရှင်ဇာတ်ကားဟောင်းများကို အေးအေးဆေးဆေး ကြည့်နေခဲ့သည်။
နေ့ခင်းဘက်မှာ ဟွမ်ယာဆီက ဖုန်းဝင်လာခဲ့သည်။
ဟွမ်ယာ စိတ်လှုပ်ရှားနေခဲ့သည်။ "ကျန်းရှောင်။ နင် သတင်း တွေ့ပြီးပြီလား။ ချန်းရင် ဒဏ်ရာရသွားတယ်တဲ့ ဟွားရှ ရဲ့ဥက္ကဌနဲ့ ကျင်းကျုံးပိုင်တို့ ဆေးရုံမှာ တစ်ချိန်တည်း ရှိနေကြတယ်။ ဘာတွေဖြစ်နေတာလဲ၊ အမျိုးသားနှစ်ယောက် မိန်းမတစ်ယောက်အတွက်နဲ့ ရန်ဖြစ်နေကြပြီလား"
ကျန်းရှောင် သူမရဲ့ iPad ကိုဖွင့်ပြီး ချန်းရင်၏ အမည်ကို ရှာဖွေခဲ့သည်။ သေချာတာကတော့ သူမ သတင်းဆောင်းပါးများစွာကို တွေ့ရှိခဲ့သည်။ သတင်းထောက်တွေက တကယ်ကို အထင်ကြီးစရာကောင်းတယ်။
ကျိုးရှို့လင်း နဲ့ ကျင်းကျုံးပိုင်တို့က ဆေးရုံစင်္ကြံမှာ အတူရပ်နေကြပြီး နှစ်ယောက်စလုံး လေးနက်နေတဲ့ ပုံပေါ်သည်။
ဒီလိုသတင်းတွေကနေ ကောက်ချက်ချဖို့ တကယ်လွယ်သည်။ ချန်းရင် ဒဏ်ရာနဲ့ ပတ်သက်ပြီး သတင်းတွေ ထွက်ပေါ်နေပုံရသည်။ သတင်းထောက်တွေ အာရုံတွေကို ဖမ်းစားနေတာက အရမ်းကိုကောင်းသည်။
နိုင်ငံတကာ နာမည်ကျော် အမျိုးသမီး အော်ပရာ အဆိုတော်နဲ့ ချောမောတဲ့ အမျိုးသားနှစ်ယောက်ကြားက အချစ်တြိဂံက ဇာတ်ဝင်ခန်းဒရာမာထက်တောင် ပိုပျော်စရာကောင်းသည်။
"ကျန်းရှောင်..... ကျန်းရှောင် ......"
"ဟေး၊ ငါ ဘယ်လိုလုပ်သိမှာလဲ။ အနုပညာသတင်းတွေကို အလေးအနက် ထားလို့မရဘူး"
" 'အကျပ်အတည်းကာလမှာ ခံစားချက်အစစ်အမှန်ကို ပေါ်လွင်စေတယ်'ဆိုတဲ့ ဆိုရိုးရှိတယ်"
"ဒါဆို သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးကို ကြေညာပြီး ငါတို့ သူတို့ကို ကောင်းချီးပေးရမယ့်နေ့ကို စောင့်ကြရအောင်"
"ဟားဟား...အဲဒါ ဘယ်တော့ဖြစ်လာမလဲဆိုတာ ဘယ်သူသိမှာလဲ။ စကားမစပ် ကျန်းရှောင် ငါ စက်တင်ဘာမှာ ကျောင်းပြန်လာမှာ အဲ့ကျရင်ဆုံကြရအောင် လီလီကိုလည်း ဖိတ်ကြမယ်"
ကျန်းရှောင် ခဏရပ်တန့်သွားပြီး ပြန်ပြောခဲ့သည်။ "ငါ အခုကတော့ မသေချာသေးဘူး။ ဌာန ပြောင်းပြီးရင် ငါ့မှာအလုပ်နဲ့ပတ်သက်ပြီး ကိုင်တွယ်ဖြေရှင်းရမယ့် ကိစ္စတွေ အများကြီးရှိနေတယ်"
"နင့် ဒီလိုမြင်နေရတာက ငါ့ကို အမြဲတမ်း စာလေ့လာချင်အောင်လုပ်နေတယ်"
"အင်း၊ နင့်မှာ နောက်ထပ်ရွေးချယ်စရာရှိပါတယ်။ လီလီ လိုမျိုး လူကောင်းတစ်ယောက်ကိုရှာပြီး လက်ထပ်လိုက်"
"တော်ပါပြီဟယ်၊ ယောကျ်ားတစ်ယောက်ကို မှီခိုနေမယ့်အစား ကိုယ့်ကိုယ်ကိုပဲ အားကိုးချင်တယ်"
ကျန်းရှောင်နဲ့ ဟွမ်ယာတို့ ဖုန်းမချခင် နာရီဝက်ကြာ စကားပြောခဲ့ကြသည်။