← Chapters

အခန်း (၂၀၉)

Vol. 15 Ch. 209

အခန်း (၂၀၉)

Vol. 15 Ch. 209

“ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင် ဟုတ်လား” မုန့်ရှင်းကျီ၏ မျက်လုံးများသည် လင်းလက်သွား၏။

ဟုတ်ပေသည်။ သူ အဘယ်ကြောင့် စီနီယာကို မေ့လျော့နေရသနည်း။

ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်ကို သူမြင်ခဲ့ဖူးပြီး ဖြစ်သည်။ စီနီယာ၏ အားအင်အဆင့်နှင့်

ပတ်သက်၍ ပြောဆိုရမည်ဆိုလျှင် သူသည် လက်ရှိ ရှိနေသည့် လူများထက် ပိုမိုကာ သိရှိ၏။ သူ၏

ကွာစီအင်ပါယာ ထိပ်ဆုံးအဆင့် အားအင်နှင့်တောင်မှ စီနီယာ၏ သဘောသဘာဝနှင့် နက်နဲသည့်

ကျင့်ကြံခြင်းအဆင့်ကို အဖြေရှာမရနိုင်ချေ။

စီနီယာသည်သာ တော်ဝင်အင်ပါယာ မဟုတ်ပါက လက်ရှိ လောကကြီးတွင် တော်ဝင်အင်ပါယာ မည်သူ

ဖြစ်မည်နည်းကို သူစဉ်းစား၍ပင် မရနိုင်ချေ။ ကွာစီအင်ပါယာ တစ်ယောက်ဖြစ်သော သူပင်လျှင်

နှစ်သန်းနှင့်ချီ၍ နေနိုင်အောင် သက်တမ်းကို ဆွဲဆန့်ထားနိုင်သည် ဆိုမှတော့ စီနီယာ့လို တော်ဝင်အင်ပါယာ

တစ်ယောက်အနေနှင့် နှစ်ပေါင်းများစွာ အသက်ရှင်ခဲ့ပြီး ၎င်းတည်ရှိနေသေးကြောင်း ယခုခေတ်မှလူများ

မသိရှိသည်မှာ သဘာဝကျသည်။

ထို့အပြင် စီနီယာသည် သေမျိုးလောကထဲသို့ ပြန်လည်ဝင်ရောက်လာသည့် လူတစ်ယောက်လည်း

ဖြစ်နေနိုင်၏။ တော်ဝင်အင်ပါယာဆိုသည့် ဂုဏ်ထူးဂုဏ်ပုဒ်ကို ဖယ်ရှားပြီးသည့်နောက်

ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင် ဆိုသည် ဂုဏ်ပုဒ်ကို ပြောင်းလဲပစ်နိုင်၏။ ထိုသို့ဆိုလျှင်

တစ်ဖက်လူမှာ မည်သူဖြစ်သည် ဆိုသည်ကို မည်သူက ခန့်မှန်းနိုင်တော့မည်နည်း။

“တကယ်လို့ ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်သာ လှုပ်ရှားမယ်ဆိုရင် သွေးနတ်ဆိုးလောကကြီးက

တော်ဝင်အင်ပါယာ ချန်ခဲ့တဲ့ ကျုပ်တို့ ဝိညာဉ်တွေပေါ်က အမှတ်အသားကို ဖျက်ဆီးနိုင်လိမ့်မယ်”

ရီကလန်၏ ကွာစီအင်ပါယာကလည်း ဝင်ရောက်ကာ ပြောဆိုလိုက်၏။

ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်၏ အားအင်အဆင့်နှင့် ပတ်သက်၍ သူသည် တကယ်ပင်

အထင်အမြင်ကြီးကြီး တည်ရှိလို့နေ၏။

“နှောင့်နှေးနေဖို့ မလိုဘူးလေ။ ကျုပ်တို့ ကောင်းကင်လျှို့ဝှက်နန်းဆောင်ကို ဘာလို့ အခုမသွားရမှာလဲ”

မုန့်ရှင်းကျီက အကြံပြုလိုက်သည်။

“အလျင်လိုစရာ မလိုဘူး”

ရီကလန်၏ ကွာစီအင်ပါယာသည် လက်ကို အသာမြှောက်ကာဖြင့် မုန့်ရှင်းကျီ ပြုလုပ်မည့်အရာကို

တားဆီးလိုက်၏။ သူသည် လေဟာနယ် တစ်ခုလုံးကို လှမ်းကြည့်ရှု၍ ပြောလိုက်၏။

“သွေးနတ်ဆိုးလောကကြီးရဲ့ အဲဒီ တော်ဝင်အင်ပါယာ ဒီကို လှမ်းပြီး ဝင်လာလို့ မရဘူးဆိုတာ သေချာ

ရှင်းလင်း နေတာပဲ။ ဒီတော့ ကျုပ်တို့အနေနဲ့ အချိန်တချို့တော့ ရအုံးမယ်”

နိဗ္ဗာန ဖြစ်စဉ်ဆိုသည်မှာ ကောင်းကင်ဖီးနစ်ကလန် နှင့် အစစ်အမှန် ဖီနစ် ကလန်တို့ ပြုလုပ်သည့်

နည်းလမ်းနှင့် ထပ်တူ တူညီသည်။ တစ်စုံတစ်ယောက်သည် သေဆုံးခါနီးအချိန်သို့ ရောက်ချိန်၍

သင့်တင့်သော နည်းလမ်းကို အသုံးပြု၍ ပြန်လည် ဝင်စားခြင်းဖြင့် ဘဝသစ်တစ်ခုကို

တည်ဆောက်ခြင်းဖြစ်သည်။ ပြန်လည် မွေးဖွာလာပြီးနောက် မျက်စိတမှိတ်အတွင်း ၎င်း၏

အတိတ်ဘဝက ကိုယ်ပိုင် လမ်းစဉ်ကို နားလည်ပြီး ယခင်ကျင့်ကြံခြင်းအဆင့်ကို အမြန်ဆုံး ပြန်လည်

ရောက်ရှိသည်။

သို့ပေမဲ့ နိဗ္ဗာန နည်းလမ်းသည် ကျရှုံးနိုင်သည့် အခြေအနေလည်း ရှိနေသည်။ ထိုသို့

ကျရှုံးသွားသည်ဆိုလျှင် အဆုံးသတ် သေဆုံးသွားမှာ ဖြစ်၏။

“တာအိုရောင်းရင်းရီ ပြောတာမှန်တယ်”

ရွှေကျီးကန်းကလန်၏ ကွာစီအင်ပါယာသည် ခဏလောက် စဉ်းစား ပြီးသည့်နောက် ပြောလိုက်၏။

“ဒီနိဗ္ဗာန အခြေအနေက အရမ်းကို အန္တရာယ် များတယ်လေ။ တစ်ချက်ကလေး မှားတယ်ဆိုတာနဲ့ သူ့ရဲ့

နှစ်ပေါင်းများစွာ ကျင့်ကြံခဲ့တဲ့ ကျင့်ကြံခြင်း ရလဒ်တွေက သဲထဲရေသွန် ဖြစ်ကုန်မှာ။ သမိုင်းမှတ်တမ်းရဲ့

တကယ့်ကို ပါရမီရှင် တော်ဝင်အင်ပါယာတွေတောင်မှ ဒီနည်းလမ်းကို အသုံးပြုပြီးနောက်မှာ သေဆုံး

ပျောက်ကွယ်သွားခဲ့ကြတယ်လေ”

“သူ နိဗ္ဗာနကို ကျော်လွန်နိုင်မလားဆိုတာ ကောင်းကင်လျှို့ဝှက် နန်းဆောင်ဆီ သွားပြီး စီနီယာကို

မေးလိုက်ရင် ရပြီမဟုတ်လား” မုန့်ရှင်းကျီသည် တခြားသောလူနှစ်ယောက်ထက် ပိုမိုကာ

စိတ်မရှည်တတ်သူ တစ်ယောက် ဖြစ်လို့နေခဲ့သည်။

သွေးနတ်ဆိုးလောကကြီး၏ တော်ဝင်အင်ပါယာသည် သာမန်လူတစ်ယောက် မဟုတ်ချေ။ တကယ်တမ်း

နိဗ္ဗာနကို ကျော်ဖြတ်ပြီး ဤလောကထဲသို့ ဝင်ရောက်နိုင်သည်ဆိုပါက ရီကလန်နှင့်

ရွှေကျီးကန်းကလန်တို့သည် ခဏလောက် ကြာအောင် တောင့်ခံနိုင်စွမ်း ရှိနေ၏။ သို့ပေမဲ့ သူ၏

ငရဲကိုးကောင်နတ်ဆိုးဂိုဏ်းမှာတော့ ကွာစီအင်ပါယာအဆင့် တောင်အကာအကွယ်အစီအရင် တစ်ခုကိုသာ

အမှီအခို ပြုထားရ၏။ ထို့ကြောင့် တစ်ဖက်လူကို မည်သို့မှ ရပ်တန့် နိုင်လိမ့်မည် မဟုတ်ချေ။

တစ်ချက်ရိုက်နှက်လိုက်သည် ဆိုသည်နှင့် ငရဲကိုးကောင်နတ်ဆိုးဂိုဏ်း ဆိုသည်မှာ မည်သည့် အခါကမှ

မရှိသလို ပျောက်ကွယ်သွားပေလိမ့်မည်။

“သတင်းအချက်အလက်တွေအတွက် ပေးဆပ်ရမယ့် တန်ဖိုးကို တတ်နိုင်လို့လား” ရီကလန်၏

ကွာစီအင်ပါယာ သည် နှာခေါင်းရှုံ့ကာဖြင့် အေးစက်စက် ခွန်းတုံ့ပြန်လိုက်၏။

သွေးနတ်ဆိုးလောကကြီးနှင့် ပတ်သက်သည့် သတင်း အချက်အလက်များကို ရယူရန် ၎င်းတို့ ဂိုဏ်းဂဏ

ခြောက်ခုတို့သည် လိုအပ်သည့် ပိုက်ဆံများများ အသုံးပြုပြီး ဝယ်ယူခဲ့ရ၏။

တော်ဝင်အင်ပါယာ တစ်ယောက်အနေနှင့် နိဗ္ဗာနကို ချိုးဖြတ်ပြီး အောင်အောင်မြင်မြင်ဖြင့်

တက်ရောက်သွားနိုင် မည်လားဆိုသည့် သတင်းအချက်နှင့် ပတ်သက်မည်ဆိုလျှင် မည်မျှ

ကုန်ကျလိမ့်မည်နည်း။ သူတို့ တတ်နိုင်သည့် အရာဖြစ်သည်ဆိုလျှင်တောင်မှ ဂိုဏ်းဂဏ

တစ်ခုချင်းစီတိုင်းသည် သွေးစက်စက်ယိုသည့် နှလုံးသားနှင့်အတူ ရှိရှိသမျှကို ထုတ်ဖော်ကာ

ပေးရလိမ့်မည်။

အကယ်၍ ရယူခဲ့သည့် သတင်းအချက်အလက်သည် သွေးနတ်ဆိုးလောကကြီး၏

တော်ဝင်အင်ပါယာသည် နိဗ္ဗာနကို ချိုးဖြတ်သည့်နေရာတွင် ကျဆုံးခဲ့ပြီး တိုက်ရိုက်ဆိုသလိုပဲ

ပျက်စီးပျောက်ကွယ်သွားသည်ဟူသည့် ရလဒ်ကိုသာ ရရှိသည်ဆိုပါက သူတို့သည် လုံးဝ ထငိုမိမှာ

သေချာ၏။ ဘာမှမဟုတ်သည့် သတင်းအချက်အလက် အတွက် များပြားလှသည့် ငွေကြေးများကို

အသုံးပြုရမည်ဆိုလျှင် မည်သူ့ကို သွားရောက်ကာဖြင့် အပြစ်တင် ကျိန်းမောင်းရမည်နည်း။

ကိုယ့်ကိုယ်ကိုယ် လက်ညိုးထိုးပြီး ဆဲဆိုနေဖို့သာ ရှိသည်။

သူတို့အနေနှင့် သွေးနတ်ဆိုးလောကကြီး၏ တော်ဝင်အင်ပါယာ အကြောင်းကို သိရှိချင်သည်ဆိုပါက

အရင်ဆုံး စုံစမ်းစစ်ဆေးရန်တော့ လိုအပ်နေသေး၏။ သွေးနတ်ဆိုးလောကကြီးသည် ကြီးမားလှသည့်

လောကကြီးဖြစ်သည်။ တော်ဝင်အင်ပါယာ မရှိသည်ဆိုလျှင်တောင်မှ လက်ရှိအချိန်တွင် တခြား

များပြားလှသည့် အန္တရာယ် တည်နေရာများလည်း တည်ရှိနေနိုင်၏။

သွေးနတ်ဆိုး လောကကြီးနှင့်ပတ်သက်၍ ထူးခြားသည့် သတင်းအချက်အလက်များကို နောက်ထပ်

ငွေကြေး ကြီးကြီးမားမားသုံးကာ ဝယ်ယူပြီး ၎င်းတို့ ခြောက်ဖွဲ့ အတူပူးပေါင်းကာ လှုပ်ရှားမည် ဆိုပါက

အကျိုး အမြတ်များကို ရှာဖွေနိုင်စွမ်းတော့ ရှိနေသေးသည်။

“ခင်ဗျား ဆိုလိုတဲ့ အဓိပ္ပာယ်က ကျုပ်တို့ ဆက်ပြီးတော့ စောင့်ရမှာလား” မုန့်ရှင်းကျီသည်

မျက်မှောင်ကုတ်လိုက် မိ၏။

“တခြား ဘာရှိလို့လဲ”

ရီကလန်၏ ကွာစီအင်ပါယာသည် ခွန်းတုံ့ပြန်လိုက်၏။ သူသည် လေဟာနယ်ကို တစ်ချက်

လှမ်းကြည့်ပြီးသည့်နောက် ပတ်ဝန်းကျင် တိုက်ပွဲတည်နေရာတစ်ခုလုံးကို လေ့လာသုံးသပ်လိုက်၏။

ပြီးနောက် သူ၏ နတ်ဘုရားအသိအမြင်များကို ပြန်လည်ရုတ်သိမ်းကာ ပြောလိုက်၏။

“သွေးနတ်ဆိုးလောကကြီးရဲ့ တော်ဝင် အင်ပါယာ ချက်ချင်း ရောက်လာမှာ မဟုတ်ဘူးလေ။ ဒီတော့

ကျုပ်တို့ ခုဏက တိုက်ခိုက်ခဲ့တဲ့ အင်ပါရီယာ လက်နက်ရဲ့ပိုင်ရှင်ကို ဆွေးနွေးတာ မကောင်းဘူးလား”

မုန့်ရှင်းကျီသည် တိတ်ဆိတ်ငြိမ်သက်လျက် ရှိနေ၏။ အဘယ်ကြောင့် ရီကလန်မှ ကွာစီအင်ပါယာသည်

ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆီသို့ အလျင်စလို မသွားသနည်း ဆိုသည်ကို သူစဉ်းစားလျက် ရှိနေ၏။

စကားလုံး များကို ကြည့်ရှုရသည်မှာ တစ်ဖက်လူ၏ ရည်ရွယ်ချက်သည် ဤနေရာတွင် နေထိုင်ချင်သည့်

ရည်ရွယ်ချက်ပင် ဖြစ်လေသည်။

သွေးနတ်ဆိုးလောကကြီး၏ ကွာစီအင်ပါယာသည် ဖိနှိပ်ခံထားရသည် ဆိုသော်လည်း

အင်ပါရီယာလက်နက်သည် ရွှေကျီးကန်းကလန်၏ ကွာစီအင်ပါယာ လက်ထဲသို့ ရောက်ရှိလို့ နေခဲ့၏။

ကွာစီအင်ပါယာ တစ်ယောက်၌ အင်ပါရီယာ လက်နက်တစ်ခု ရှိသည်ဆိုလျှင် ထိုသူ၏ လက်ထဲမှ အရာကို

လုယူရန် ခက်ခဲလွန်းလှ၏။

ကြည့်ရတာ ဒီကိစ္စကို အချိန်အတော်ကြာ ဖြေရှင်းနိုင်မှာ မဟုတ်ဘူးပဲ။ မုန့်ရှင်းကျီသည်

သက်ပြင်းချလိုက်၏။ အင်ပါရီယာလက်နက်တစ်ခု၏ တန်ဖိုးသည် အလွန်ကြီးမားလွန်းလှ၏။ ၎င်းတို့

သုံးယောက်အနေနှင့် အနည်းဆုံး အချိန်တချို့ ကြာကာဖြင့် ဝိုင်းဝန်းဆွေးနွေးရပေလိမ့်မည်။ သူသည်

ထိုကဲ့သို့ပုံစံမျိုးကို မပြုလုပ်ချင်ပေ။ သို့ပေမဲ့ ထွက်သွား၍လည်း မဖြစ်နိုင်ချေ။ မည်သည့်

အကျိုးအမြတ်များကိုမှ ခွဲဝေ မရယူဘဲ ထွက်သွားဖို့ဆိုသည်မှာ မဖြစ်နိုင်သည့် ကိစ္စရပ်မျိုးပင်။

အဆုံးသတ်မှာတော့ သူသည် တစ်ဖက်ကလန်နှစ်ခုကဲ့သို့ နက်နဲလှသည့် အခြေခံကို ပိုင်ဆိုင်ခြင်း မရှိသည့်

ငရဲကိုးကောင် နတ်ဆိုးဂိုဏ်းမှ လူတစ်ယောက် ဖြစ်နေသည် မဟုတ်ပါလား။ တစ်ဖက်လူများသည်

တော်ဝင်အင်ပါယာကိုပင် မကြောက်မရွံ့ဖြင့် ဤနေရာတွင် နေထိုင်၍ စောင့်စားရန် ယုံကြည်ချက်

ရှိလို့နေသည်။ သို့ပေမဲ့ သူတို့ ငရဲကိုးကောင်နတ်ဆိုးဂိုဏ်း၌ ဤကဲ့သို့ ယုံကြည်ချက် မရှိချေ။

“ယန်ရှို” မုန့်ရှင်းကျီ၏ နှုတ်ခမ်းများသည် တုန်ယင်သွားခဲ့၏။ သူသည် အသံပို့လွှတ်ပြီးသည့်နောက်

တချို့သော စကားများကို လှမ်းကာ ပြောဆိုလိုက်၏။

မနီးမဝေးတွင် ရှိနေသည့် ကွာစီအင်ပါယာ သုံးယောက်တို့ကို ကြည့်ရှုပြီး ယန်ရှို၏ မျက်နှာပေါ်တွင်

အလောတကြီး အမူအရာများ ဖြစ်တည်လာခဲ့သည်။ ဤကွာစီအင်ပါယာ သုံးယောက်

ဘာတွေပြောနေသည်ကို သိချင်မိ၏။ သို့ပေမဲ့ ဘာတစ်ခုမှ မကြားရချေ။ ကွာစီ အင်ပါယာများ၏

စကားသည် သူ့ကဲ့သို့ သူတော်စင်တစ်ယောက် နားထောင်နိုင်သည့် အရာမျိုး မဟုတ်ချေ။ သူ့အနေနှင့်

ခေါင်းကိုကုတ်ကာဖြင့် သိချင်စိတ် ဖြစ်တည်လျက် ရှိနေတုန်းမှာပဲ အမူအရာ တစ်ခုလုံး ပြောင်းလဲ

သွားခဲ့သည်။

ယန်ရှို၏ မျက်နှာသွင်ပြင်ပေါ်တွင် ပျော်ရွှင်မှုများဖြင့် ပြည့်နှက်လာခဲ့၏။ သူသည် ချက်ချင်းဆိုသလိုပဲ

ကြီးမားလှသည့် တည်နေရာရွေ့ပြောင်းခြင်း အဆောင်ကို ချိုးချေလိုက်တော့၏။ သူ၏ ပုံရိပ်သည်

ချက်ချင်းပဲ မူလ နေရာမှာ ပျောက်ကွယ်သွားပြီးသည့်နောက် မိုင်သန်းနှင့်ချီသည့် အကွာအဝေးတွင်

ပြန်လည်ပေါ်ပေါက်လာခဲ့၏။

All Chapters