← Chapters

အခန်း (၂၁၁)

Vol. 15 Ch. 211

အခန်း (၂၁၁)

Vol. 15 Ch. 211

“စီနီယာ... ကျုပ် တကယ်ပဲ တည်တည်ငြိမ်ငြိမ်နေလို့ မဖြစ်တော့ဘူး” ယန်ရှိုသည်

သွေးဆုတ်ဖြူလျော်နေသည့် မျက်နှာဖြင့် ပြောလိုက်၏။ တော်ဝင်အင်ပါယာ တစ်ယောက်သည်

အချိန်မရွေး ရောက်လာနိုင်၏။ သူ့အနေနှင့် ရင်ဆိုင်ရန် မည်သည့်နည်းလမ်းမှ မရှိချေ။ အနာဂတ်တွင်

ဖြစ်ပေါ်လာနိုင်သည့် အကြောင်းအရာကို တွေးတော ပြီးသည့်နောက် ယန်ရှို၏

စိတ်နှလုံးသားတစ်ခုလုံးသည် အေးစက်လျက် ရှိနေလေ၏။

“အင်း... ဒါတော်ဝင်အင်ပါယာ တစ်ယောက်ရဲ့ အမှတ်အသား တစ်ခုသာသာပါပဲ” လီယွင်သည်

တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။

“တော်ဝင်အင်ပါယာ တစ်ယောက်ရဲ့ အမှတ်အသား တစ်ခုသာသာပဲ ဟုတ်လား”

ယန်ရှိုသည် မျက်လုံးပြူးကာဖြင့် ဆွံ့အလျက် ရှိနေလေ၏။ တော်ဝင်အင်ပါယာတစ်ယောက်

ချန်ထားခဲ့သည့် အမှတ်အသား တစ်ခုကို ဤကဲ့သို့ လွယ်လွယ်ကူကူဖြင့် ဖယ်ရှား၍ ရနိုင်သည်လား။

ဤအရာသည် သေမိန့်ချခြင်းနှင့် တူညီသည့် အရာဖြစ်၏။ တော်ဝင်အင်ပါယာ တစ်ယောက်၏

အားအင်အဆင့် မရှိသည်ဆိုပါက ဖယ်ရှားနိုင်ရန် ဆိုသည်မှာ လုံးဝ မဖြစ်နိုင်ချေ။ လောက၏

အဆုံးတစ်ဖက်သို့ ထွက်ပြေးမည် ဆိုလျှင်တောင်မှ လွတ်မြောက်နိုင်ခြင်း မရှိပေ။

သွေးနတ်ဆိုးလောက၏ တော်ဝင်အင်ပါယာသည် လက်ရှိအချိန်၌ ရောက်ရှိမလာသေးချေ။

အဘယ့်ကြောင့်ဆိုသော် ၎င်းသည် နိဗ္ဗာနသို့ ကူးပြောင်းပြီး ပြန်လည်မွေးဖွားရန်

ကြိုးစားနေသောကြောင့်ပင်။ ထိုတော်ဝင်အင်ပါယာသည်သာ အိုမင်းနေသည့် အသက်အရွယ်သို့

ရောက်ရှိနေသည် မဟုတ်ပါက ယန်ရှိုအနေနှင့် ဤဂုဏ်သိက္ခာ ကြီးမားလှသော စီနီယာ နန်းဆောင်သခင်ကို

ထပ်မံမြင်တွေ့ရန် အခွင့်အရေးပင် ရှိနိုင်လိမ့်မည် မဟုတ်ချေ။

“ဖြစ်နိုင်တာက”

ယန်ရှို၏ အမူအရာသည် တောက်ပလျက် ရှိသည်။ သူသည် စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်၏။

“စီနီယာ... စီနီယာဆီမှာ နည်းလမ်းတစ်ခု ရှိနေတာလား”

“မဟုတ်ရင် ခင်ဗျားက ဘယ်လိုထင်လို့လဲ” လီယွင်သည် ပြန်လည်ကာ မေးမြန်းလိုက်၏။

အပြင်လောကထဲတွင် သူသည် သူတော်စင်အဆင့် ကျင့်ကြံခြင်းအဆင့်ကိုသာ ပိုင်ဆိုင်၏။

တော်ဝင်အင်ပါယာတစ်ယောက် ချန်ထားခဲ့သည့် အမှတ်အသားတစ်ခုကို ဖယ်ရှားဖို့ဆိုသည်မှာ

မဖြစ်နိုင်ချေ။ သို့ပေမဲ့ ကောင်းကင်လျှို့ဝှက် နန်းဆောင်ထဲမှာတော့ သူသည် တကယ့်ကို နတ်သားတစ်ပါး

ဖြစ်သည်။

တော်ဝင်အင်ပါယာကို မပြောနှင့် တော်ဝင်အင်ပါယာထက် ပိုမိုကာ အားကောင်းလှသည့်

လူတစ်ယောက်ပင်လျှင် သူ၏ရှေ့တွင် ရိုကျိုးနေရပေလိမ့်မည်။ သွေးနတ်ဆိုးလောကကြီး၏

တော်ဝင်အင်ပါယာ ချန်ထားခဲ့သည့် အမှတ်အသားကဲ့သို့သော အရာမျိုးကို သူသည်လည်း

အားအင်စိုက်ထုတ်ခြင်း မရှိဘဲ ပြုလုပ်နိုင်စွမ်းရှိနေသည်။ ကောင်းကင်လျှို့ဝှက်နန်းဆောင်ထဲသို့

ဝင်လာခဲ့သည့် လူများအားလုံးပေါ်တွင် ထိုအမှတ်အသားကို ချန်ထားနိုင်သည်။

သွေးနတ်ဆိုးလောကကြီး၏ တော်ဝင်အင်ပါယာပင် သတိမပြုမိလောက်အောင် သူသည် အမှတ်အသားကို

ချန်ထားနိုင်စွမ်း ရှိနေသေး၏။

“ဒါဆိုရင် အရမ်းကောင်းတာပေါ့” ယန်ရှိုသည် ပျော်ရွှင်စွာဖြင့် ထကာ အော်ဟစ်လိုက်၏။

ပြောပြီးသည့်နောက် သူသည် ကျောက်စိမ်းပြားတစ်ခုကို ထုတ်ယူကာဖြင့် မိုင်သန်းချီ အကွာအဝေးတွင်

ရှိနေသည့် မုန့်ရှင်းကျီထံသို့ သတင်းပေးပို့လိုက်သည်။

အင်ပါရီယာလက်နက် ပိုင်ဆိုင်မှု အကြောင်းနှင့် ပတ်သက်၍ ကွာစီအင်ပါယာ နှစ်ယောက်နှင့်

ဆွေးနွေးနေသည့် မုန့်ရှင်းကျီသည် သူ၏လက်ထဲရှိ ကျောက်စိမ်းပြားပေါ်မှ စာတန်းများကို

ကြည့်ရှုပြီးသည့်နောက် စိတ်သက်သာရာ ရသလို ဖြစ်မိနေ၏။ ဤဂုဏ်သိက္ခာ ကြီးမားလှသော

စီနီယာသည် တကယ့်ကို သာမန်ထက် ပိုလွန်းလှ၏။ အခြေအနေအားလုံးသည် ထိန်းချုပ်မှုအောက်တွင်

တည်ရှိနေ၏။

စီနီယာသာ ကြားဝင်ပတ်သက်လာသည် ဆိုပါက သွေးနတ်ဆိုးလောကကြီး၏ တော်ဝင်အင်ပါယာသည်

ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် တည်နေရာမျိုး၌ မရှိတော့ချေ။ တကယ်လို့

ရောက်လာနိုင်စွမ်းရှိသည် ဆိုလျှင် ကောင်းကင်လျှို့ဝှက်နန်းဆောင် တစ်ခုလုံးကို ဖိနှိပ်လွှမ်းမိုးပြီး

ဤလောကကြီးတစ်ခုလုံးကို သိမ်းပိုက် နိုင်လိမ့်မည်လား။ အိမ်မက်သာ မက်နေလိုက်တော့။

“သတင်းအချက်အလက် ပေးပို့လိုက်ပြီလား”

ကောင်းကင်လျှို့ဝှက်နန်းဆောင် အတွင်းမှာတော့ လီယွင်သည် ယန်ရှို၏ အမူအရာတစ်ခုကို တားဆီးခြင်း

မရှိဘဲ တည်တည်ငြိမ်ငြိမ်ဖြင့် မေးမြန်းလိုက်၏။

ကောင်းကင်လျှို့ဝှက်နန်းဆောင်သည် သတင်းအချက်အလက်များကို အစဦးဆုံး

ရောင်းချသည့်အရာဖြစ်သည် ဆိုသော်လည်း တော်ဝင်အင်ပါယာတစ်ယောက် ချန်ထားခဲ့သည့်

အမှတ်အသားများကို သုတ်သင်ရှင်းလင်းသည့် အရာသည် စီးပွားရေး ကိစ္စရပ်တစ်ခု ဖြစ်လာခဲ့၏။

ထို့အပြင် သူ့အနေနှင့် စနစ်ကို အားကိုးစရာ မလိုအပ်ချေ။ သူကိုယ်တိုင် ပြုလုပ်နိုင်သည့် အရာမျိုးဖြစ်၏။

ယန်ရှို၏ ဝိညာဉ်ပေါ်တွင် ချန်ထားခဲ့သည့် အမှတ်အသားများကို ကူညီဖယ်ရှားရင်း အကျိုးအမြတ်များကို

ရရှိနိုင်သည်။

ယန်ရှိုသည် ကျင့်ကြံခြင်းအဆင့်၌ သူတော်စင်သာလျှင် ရှိ၏။ အပွင့်အလင်းဆုံး ပြောရမည်ဆိုလျှင်

ငရဲကိုးကောင် နတ်ဆိုးဂိုဏ်း၌ သူ၏ သေခြင်း၊ ရှင်ခြင်းသည် ထူးခြားလှသည် မဟုတ်ချေ။ သို့ပေမဲ့

မုန့်ရှင်းကျီမှာတော့ ခြားနား လွန်းလှချေ၏။ ကောင်းကင်လျှို့ဝှက်နန်းဆောင်ထဲသို့

လှမ်းဝင်ပြီးသည့်နောက် စီးပွားရေးကိစ္စကို သေသေချာချာ ပြုလုပ်မည်ဆိုလျှင် ကောင်းမွန်လှသည့်

အကျိုးရလဒ်များကို ရရှိနိုင်၏။

“အင်း”

ယန်ရှို၏ မျက်နှာတစ်ခုလုံးသည် တုန်ယင်သွားခဲ့၏။ လက်ထဲတွင် ကျောက်စိမ်းပြားကို ကိုင်ဆောင်

ပြီးသည့်နောက် ကြောင်အအဖြင့် ပြုံးကာ ပြောလိုက်သည်။ “ပို့ပြီးပါပြီ”

“အင်း... သွေးနတ်ဆိုးလောကကြီးရဲ့ တော်ဝင်အင်ပါယာ ချန်ခဲ့တဲ့ အမှတ်အသား အဓိပ္ပာယ်ကို ခင်ဗျား

ကောင်းကောင်းနားလည်လိမ့်မယ်လို့ ကျုပ် ယုံကြည်တယ်” လီယွင်သည် လေးနက်သည့် အသံဖြင့်

ပြောလိုက်၏။

“ကျုပ် နားလည်ပါတယ် စီနီယာ” ယန်ရှိုသည် ခေါင်းညိတ်လိုက်မိ၏။ ဤအရာသည်

တော်ဝင်အင်ပါယာ၏ သတ်ဖြတ်မည့် စာရင်းပင် ဖြစ်လေ၏။ ဝိညာဉ်ပေါ်တွင် ဤအမှတ်အသား

တည်ရှိနေသည့် လူများအားလုံးကို တစ်ယောက်ချင်းစီ လိုက်လံကာ သုတ်သင်ပေလိမ့်မည်။

တော်ဝင်အင်ပါယာ ရောက်ရှိလာသည့် အချိန်တွင် တစ်ဖက်လူသည် မည်ကဲ့သို့ လွတ်မြောက်အောင်

ကြိုးစားသည်ဆိုဆို နောက်ဆုံး အခြေအနေ၌ သေဆုံးခြင်း လမ်းစဉ်တစ်ခုတည်းသာလျှင် ရှိပေလိမ့်မည်။

“ဒီတော့” လီယွင်သည် သူ၏ လေသံကို မြှင့်တင်လိုက်၏။ သို့ပေမဲ့ သူသည် စကားကို ဆုံးအောင်

မပြောခဲ့ချေ။

ယန်ရှိုသည် အစောကြီးကတည်းက နားလည်နှင့်နေပြီဖြစ်လေ၏။ “ကျေးဇူးပြုပြီး စီနီယာ...

ဈေးနှုန်းကိုသာ သတ်မှတ်ပေးပါ”

ယန်ရှိုသည် အံကိုကြိတ်ကာဖြင့် ထိုစကားလုံးများကို ပြောဆိုလိုက်၏။ သူ၏ အသက် လုံခြုံရန် အတွက်

သူသည့် မည်သည့် ပမာဏကိုမဆို ပေးအပ်ရန် သဘောတူညီရပေလိမ့်မည်။ တော်ဝင် အင်ပါယာ

ရောက်ရှိလာသည့်အချိန်မှ ပြောဆိုမည်ဆိုလျှင် နောက်ကျသွားပေလိမ့်မည်။ ငရဲကိုးကောင်

နတ်ဆိုးဂိုဏ်းအနေနှင့် ရီကလန် သို့မဟုတ် ရွှေကျီးကန်းကလန်ကဲ့သို့ ယုံကြည်ချက်မျိုး မရှိချေ။

“သူတော်စင်အဆင့် ပစ္စည်းသုံးခု” လီယွင်သည် လက်သုံးချောင်းကို ထောင်ကာဖြင့်

အသာပြောလိုက်သည်။

“သုံးခု ဟုတ်လား” ယန်ရှိုသည် ဆွံ့အသွားတော့သည်။ တန်ဖိုးသည် သူထင်မှတ်ထားသည်ထက်

သာလွန်နေ၏။ သူသည် သူတော်စင်တစ်ယောက်ဖြစ်သည်။ တော်ဝင်အင်ပါယာ တစ်ယောက်၏

အမှတ်အသားကို ဖျက်ဆီးနိုင်ရန်အတွက် သူတော်စင်အဆင့် ပစ္စည်းသုံးခုကို ပေးအပ်ရသည် ဆိုခြင်းမှာ

တကယ့်ကို ကြီးမားလှသည့် ဈေးနှုန်းပင်ဖြစ်၏။

ထို့အပြင် သူတို့ဂိုဏ်း၏ ဘိုးဘေးကြီး မုန့်ရှင်းကျီမှာ ကွာစီအင်ပါယာဖြစ်၏။ ထိုအရာသည် သူ့အား

တုန်လှုပ်စေသည်သာမက သူ့ဘိုးဘေးကြီး၏ စိတ်နှလုံးကိုပါ ကွဲအက်စေပေလိမ့်မည်။ မုန့်ရှင်းကျီသာ

ကောင်းကင် လျှို့ဝှက်နန်းဆောင်ဆီသို့ ရောက်ရှိလာခဲ့ပြီး ကွာစီအင်ပါယာအဆင့် ပစ္စည်းသုံးခုကို

ထုတ်ယူရမည်ဆိုလျှင် သူတို့ ငရဲကိုးကောင်နတ်ဆိုးဂိုဏ်း၏ အခြေခံတစ်ခုလုံးအား ပေးအပ်လိုက်ရသလို

ဖြစ်သွားပေလိမ့်မည်။

“စိတ်မပူနဲ့... ဒီလီမှာ မကောင်းတဲ့ ရည်ရွယ်ချက်မျိုး မရှိပါဘူး” လီယွင်သည် ယန်ရှို၏ အတွေးကို

နားလည်စွာဖြင့် အာမခံလိုက်တော့၏။ အကျိုးအမြတ် မရှိဘဲ စီးပွားရေး ဘယ်တော့မှ

ပြုလုပ်လိမ့်မည်မဟုတ် ဆိုသည့် အခြေခံကို သူက ကောင်းကောင်းနားလည်၏။

ငရဲကိုးကောင်နတ်ဆိုးဂိုဏ်း၏ အခြေခံတစ်ဝက်လောက်ကို တောင်းဆိုသည်မှာ အဓိပ္ပာယ် မရှိလှချေ။

မုန့်ရှင်းကျီသည်လည်း သဘောတူညီလိမ့်မည် မဟုတ်ချေ။

“ဒါဆိုရင်လည်း ကောင်းပြီလေ”

ယန်ရှိုသည် စိတ်သက်သာရာရသလို သက်ပြင်းချလိုက်မိ၏။ သူတော်စင်အဆင့် ပစ္စည်းသုံးခုကို

ထုတ်ယူပြီး လီယွင်၏ အရှေ့ဆီသို့ချကာ ပြောလိုက်သည်။ “စီနီယာ... ကျေးဇူးပြုပြီးတော့

ဒီအမှတ်အသားကို ဖယ်ပေးပါအုံး”

သွေးနတ်ဆိုးကလန်နှင့် တိုက်ပွဲပြီးသည့်နောက် ယန်ရှိုအနေဖြင့် ဤပစ္စည်းသုံးခုကို ထုတ်ပေးနိုင်စွမ်း

ရှိနေပြီဖြစ်၏။ သူသည် တိုက်ပွဲအတွင်းတွင် ကျိန်းသေပေါက် ချမ်းသာကြွယ်ဝမှုများကို သိမ်းဆည်းနိုင်ခဲ့

သည်ဟု ပြောဆိုရပေမည်။

“ဒါ ကိစ္စသေးသေးလေးပါပဲ” လီယွင်သည် ပစ္စည်းကို လှမ်းယူပြီးသည့်နောက် လက်ကို

အသာယမ်းခါလိုက်၏။ လေထုတစ်ခုလုံးသည် တိတ်ဆိတ်သွားခဲ့၏။

ဆယ့်ငါးမိနစ်လောက် ကြာပြီးသည့်နောက် ယန်ရှို၏ မျက်နှာသွင်ပြင် တစ်ခုလုံးသည် နီမြန်းလာခဲ့ပြီး

အသက်ကို ပြင်းပြင်းရှူနေရသည်။ သူက ပြောလိုက်သည်။ “စီနီယာ အခုစလို့ ရပြီလား”

“ပြီးတာတောင် ကြာနေပြီ”

All Chapters