← Chapters

အခန်း (၂၁၂)

Vol. 15 Ch. 212

အခန်း (၂၁၂)

Vol. 15 Ch. 212

“အမ်” ယန်ရှို၏ မျက်လုံးများသည် ပြူးကျယ်သွား၏။

ဘာတွေဖြစ်နေသနည်း။ ဘာတစ်ခုကိုမှ မခံစားခဲ့ရချေ။ သွေးနတ်ဆိုးလောကကြီး၏ တော်ဝင်အင်ပါယာ

အမှတ်အသား ချန်ခဲ့သည့်အချိန်တွင် ကောင်းကင်နှင့်မြေကြီး ကွဲအက်ပြီး တလောကလုံး

သတ်ဖြတ်လိုခြင်း ဆန္ဒများနှင့် ပြည့်နှက်သွားခဲ့၏။ စီနီယာဆီသို့ ရောက်ရှိသည့် အချိန်မှာတော့

လက်တစ်ချက် ဝှေ့ယမ်းရုံနှင့် ပြီးစီးသွားခဲ့သည်။

“စီနီယာ… ကျုပ်ကို ခြောက်လန့်ဖို့ ကြိုးစားနေတာလား” ယန်ရှို၏ စိတ်နှလုံးသား တစ်ခုလုံးသည်

ပျက်ယွင်း သွားခဲ့၏။ သူ၏ဝိညာဉ်ကို သေသေချာချာ စစ်ဆေးလိုက်၏။ မကြာခင်မှာပဲ

စိတ်လှုပ်ရှားသွားမိ၏။

တကယ့်ကို မရှိတော့ချေ။ သွေးနတ်ဆိုးလောကကြီး၏ တော်ဝင်အင်ပါယာ ချန်ခဲ့သော

အမှတ်အသားသည် သဲလွန်စ တစ်ချက်ကလေးမှ မရှိဘဲ ပျောက်ကွယ်သွားခဲ့ပြီဖြစ်သည်။

စီနီယာသည်သာ ပြောဆိုခဲ့သည်သာ မဟုတ်ပါက တော်ဝင်အင်ပါယာ၏ အမှတ်အသား

ပျောက်ကွယ်သွားခဲ့သည်မှာ ကြာမြင့်ပြီဖြစ်ကြောင်း သူ သိပင် သိရှိလိမ့်မည် မဟုတ်ချေ။

“စီနီယာ.... ဘယ်လိုများ လုပ်လိုက်တာလဲ” ယန်ရှိုသည် မယုံကြည်နိုင်သလို ထကာ

အော်ဟစ်လိုက်မိ၏။

“ဒါက ခက်ခဲလို့လား” လီယွင်သည် မျက်ခုံးကို ပင့်ကာဖြင့် သူ၏ လက်ဝါးကို လှန်ပြလိုက်သည်။

လက်ဝါးထက်တွင် တောက်ပလှသည့် ကြယ်ကဲ့သို့ အလင်းတန်းတစ်ခုက တောက်ပနေ၏။

တော်ဝင်အင်ပါယာ၏ အော်ရာများသည် ထိုအရာဆီမှ ထွက်ပေါ်လျက် ရှိနေပြီး လူများအားလုံးကို

ပခုံးတွန့် ကြောက်လန့်သွားစေနိုင်သော အော်ရာမျိုးပင်။

ကံကောင်းစွာဖြင့် ကောင်းကင်လျှို့ဝှက်နန်းဆောင် အတွင်းတွင် ဖြစ်နေသောကြောင့် ထိုအော်ရာများသည်

ဖိနှိပ်ခြင်းကို ခံထားရ၏။ ထိုအော်ရာများသည်သာ မဖိနှိပ်ဘဲ အပြင်ဘက်သို့ ထွက်ခွာသွားသည်ဆိုပါက

တော်ဝင်သဲကန္တာရမြို့ကြီး တစ်ခုလုံးသည် ပျက်စီးသွားပေလိမ့်မည်။ မြို့၏အထဲတွင် ရှိနေသည့်

များပြားလှသည့် သာမန်လူများနှင့် အဆင့်နိမ့် ကျင့်ကြံသူများသည် ထိုအော်ရာ၏ ဖိနှိပ်မှုကို ခံနိုင်လိမ့်မည်

မဟုတ်ချေ။ တော်ဝင်အင်ပါယာ တစ်ယောက်၏ အော်ရာအမျှင်တစ်ခုကပင်လျှင် ရေတွက်လို့မရနိုင်သည့်

သာမန်လူများ အားလုံးကို သေဆုံးခြင်းအဖြစ်သို့ ရောက်ရှိစေနိုင်သည်။

“ဒါက အမှတ်အသား တစ်ခုလား” ယန်ရှိုသည် လှမ်းကြည့်ကာဖြင့် မေးမြန်းလိုက်၏။

“အင်း”

လီယွင်က ခေါင်းညိတ်ကာဖြင့် ထိုအရာကို အမှတ်မထင် သိမ်းဆည်းလိုက်သည်။ ပြီးနောက် ယန်ရှိုကို

လှမ်းကြည့်ကာဖြင့် မေးမြန်းလိုက်သည် “သွေးနတ်ဆိုးကလန်နဲ့ တိုက်ခိုက်တဲ့ တိုက်ပွဲမှာ ခင်ဗျား

လူတော်တော် များများကို သတ်ဖြတ်ပစ်ခဲ့တယ်နဲ့တူတယ်။ ဟုတ်လား”

“အင်း”

ယန်ရှိုသည် ထိုအခြင်းအရာကို ကြားသည့်အချိန်မှာတော့ ချက်ချင်းပင် မတုန့်ပြန်နိုင်ခဲ့ချေ။ “စီနီယာ..

ဘာလို့ မေးရတာလဲ”

သူသည် နတ်ဆိုးလမ်းစဉ်ကို ကျင့်ကြံသည့်လူဖြစ်၏။ လူပေါင်းများစွာကို သတ်ဖြတ်တော့ ဘာများ

မှားသနည်း။ ဤအရာသည် လုံလောက်သည့် ယုတ္တိဗေဒသာဖြစ်၏။ ငရဲကိုးကောင်နတ်ဆိုးဂိုဏ်းမှ

လူများသည် ကုသိုလ်ကောင်းမှုကို ပြုလုပ်နေသည်ဆိုပါက လူသားအားလုံး ဝိုင်းကာ

ရယ်မောကြပေလိမ့်မည်။

“ဘာမှ မဟုတ်ပါဘူး”

လီယွင်သည် လက်ကို အသာယမ်းခါပြီး ထူးမခြားနားသလို ပြောလိုက်၏။ “အင်း... ကျုပ်က

ရုတ်တရက် စာရင်းတစ်ခုကို ဖန်တီးပြုလုပ်ချင်စိတ် ပေါ်လာလို့လေ”

“စာရင်းတစ်ခု ဟုတ်လား”

ယန်ရှိုသည် ထိုအရာကို ကြားတော့ နားစိုက်ထောင်မိ၏။ အချိန်ခဏအတွင်း နတ်အရှင်အဆင့်စာရင်းကို

နားလည်ခဲ့မိ၏။ သို့ပေမဲ့ လက်ရှိအချိန်မှာတော့ သူသည် ထိပ်ဆုံးနှစ်ရာ စာရင်းသို့ပင် ကျဆင်းလုနီးပါး

ဖြစ်နေ၏။ ယခု စီနီယာအနေနှင့် နောက်ထပ်စာရင်းတစ်ခုကို ထုတ်ဖော်ချင်သည်ဆိုမှတော့ သူ့အနေနှင့်

ဤအခွင့်အရေးကို အရယူ ရပေလိမ့်မည်။

“စီနီယာ... အခု ဖန်တီးမှာက ဘယ်လိုစာရင်းမျိုးလဲ”

“ကောင်းကင်မကောင်းမှုစာရင်း” လီယွင်သည် ထိုစကားလုံးများကို တစ်လုံးချင်း ပြောဆိုလိုက်၏။

ပြောပြောပြီးချင်းမှာပဲ ကောင်းကင်လျှို့ဝှက်နန်းဆောင်ထဲတွင် ရှိနေသည့် အပူချိန်တစ်ခုလုံးသည်

ရုတ်တရက် ကျဆင်းသွားခဲ့၏။ ယန်ရှိုကဲ့သို့ အားကောင်းလှသည့် လူတစ်ယောက်ပင်လျှင် မည်သို့မှ

မနေနိုင်တော့ဘဲ ကြက်သီးမွှေးညှင်းများပင် ထလာခဲ့၏။

ကောင်းကင်မကောင်းမှုစာရင်း။ ထိုအရာသည် ကောင်းမွန်သည့်စာရင်းတစ်ခု ဟုတ်ပုံမပေါ်ပေ။

“စီနီယာ ဒီစာရင်းက ဘာကိုဆိုလိုတာလဲ” ယန်ရှိုသည် အားပျော့စွာဖြင့် မေးလိုက်သည်။

ဤစာရင်းသည် ယခင်က ဖန်တီး ထုတ်ဖော်ခဲ့သည့် စာရင်းများနှင့် ခြားနားလျက် ရှိသည်ဟု သူက

ခံစားမိ၏။ ကောင်းကင်ပါရမီရှင်စာရင်း၊ နတ်အရှင်စာရင်း ထိုအရာများ အားလုံးသည် ဂုဏ်သိက္ခာ၏

ကောင်းချီးများကို ကိုယ်စားပြုသည့် အရာများ ဖြစ်၏။ သို့ပေမဲ့ ကောင်းကင်မကောင်းမှုစာရင်း

ဆိုသည်မှာတော့ ကျက်သရေ ယုတ်လွန်းလှ၏။

“ခင်ဗျား မကြာခင် သိလိမ့်မယ်လေ”

လီယွင်သည် ရယ်မောလိုက်၏။ စိတ်ထဲမှာတော့ သူက မေးမြန်းလိုက်သည်။ “စနစ်.. လောကကြီးမှာ

ဆိုးယုတ်လှတဲ့လူတွေရဲ့ စာရင်းကို စစ်ဆေးကြည့်လိုက်။ တော်ဝင်အင်ပါယာအဆင့်တွေကို မထားနဲ့။

သူတော်စင်အဆင့် စာရင်းတွေကို အရင်ဆုံး စစ်ဆေးရအောင်”

ဤကဲ့သို့သောလူများ တည်ရှိနေသည်ဆိုသော်ကြောင့် သူ့အနေနှင့် သူတော်စင်အဆင့်

အောက်တွင်ရှိနေသည့် လူများအားလုံးကို စုံစမ်းစစ်ဆေးရေးတွင် ထည့်သွင်းရန် မလိုအပ်လှချေ။

နေ့စဉ်နေ့တိုင်း မကောင်းမှုကို ပြုလုပ်ရန် လုံလောက်သည့် အားအင်အဆင့်ကို ပိုင်ဆိုင်သော

လူများသာလျှင် စာရင်း၌ ပါဝင်ရပေလိမ့်မည်။ လုံလောက်သည့် အားအင်အဆင့် မရှိဘူးဆိုမှတော့

၎င်းတို့၏ ပြစ်မှုများသည် ကြီးမားလှလိမ့်မည် မဟုတ်ချေ။ သူတော်စင်အဆင့်သို့

ရောက်ရှိလာသည်ဆိုပါက အရည်အသွေးသည် ပြောင်းလဲသွားမှာ သေချာသည်။

သူတော်စင်များသည် အားကောင်းလှချေ၏။ လက်ဝါးတစ်ချက် ရိုက်နှက်လိုက်သည်နှင့်

မိုင်သောင်းချီအတွင်းတွင် ရှိနေသည့် အရာအားလုံးကို ကွဲကြေ၊ပျက်စီးအောင် ပြုလုပ်နိုင်စွမ်း ရှိနေ၏။

၎င်းတို့၏ လက်တစ်ချက်၊ အတွေးတစ်ချက်တည်းနှင့်တင် ရေတွက်လို့ မရအောင် များပြားလှသည့်

သက်ရှိသတ္တဝါများ၏ သေခြင်းနှင့် ရှင်ခြင်းကို ဆုံးဖြတ်နိုင်စွမ်း ရှိနေ၏။

တော်ဝင်အင်ပါယာများမှာတော့ သူတော်စင်များထက် ပိုမိုကာ အားကောင်းလွန်းလှ၏။ ထို့ကြောင့်

သူ့အနေနှင့် စာရင်းနှစ်ခုကို ဖန်တီးပြုလုပ်ရန် စီစဉ်ထား၏။ သူတော်စင်များအတွက် တစ်ခု၊

တော်ဝင်အင်ပါယာ များအတွက် တစ်ခု - စာရင်းနှစ်ခုလုံး၌ အသင်္ချေ များပြားလှသည့် မျိုးနွယ်စုများ

တိုက်ရိုက်ပါဝင် ပတ်သက်နေပေလိမ့်မည်။

[ဒင်... ကောင်းကင်မကောင်းမှုစာရင်းကို အောင်မြင်စွာ ရှာဖွေခဲ့ပြီးပါပြီ]

[သူတော်စင်အဆင့် ပထမနေရာ - လီယွင်

လူမျိုး/မျိုးနွယ် - လူသား

ဂိုဏ်းဂဏ - ကောင်းကင်လျှို့ဝှက်နန်းဆောင်

ကျင့်ကြံခြင်းအဆင့် - သူတော်စင်စဦးအဆင့်

မကောင်းမှု - ယန်ရှို၏ ကံတရားကို ပြန်လည်ပြင်ဆင်ပေးခဲ့ပြီး ရောင်စဉ်အလင်းနတ်နယ်မြေအား

ဖျက်ဆီးရန်အတွက် စီမံပေးခဲ့၏။ ရမ်ချင်းတု၏ ကံတရားကို ပြောင်းလဲပေးခဲ့ပြီး တော်ဝင်ဓားဂိုဏ်း၏

အခြေအနေ တစ်ခုလုံးကို ပြောင်းပြန်လှန်ပေးခဲ့၏။ ပိုင်ချမ်းဟန်၏ ကံကြမ္မာကို ပြောင်းလဲပေးခဲ့ပြီး

သွေးနတ်ဆိုးကလန် တစ်ခုလုံး သွေးမြေကျမည့်အရာကို ဖန်တီးပေးခဲ့၏။ သွေးနတ်ဆိုးကလန်ထဲတွင်

ရှိနေသည့် သန်းထောင်နှင့်ချီနေသည့် သက်ရှိသတ္တဝါများအား ပျက်စီးခြင်းအဖြစ်သို့ ရောက်ရှိစေခဲ့၏]

………

[ဒုတိယနေရာ - ကောင်းကင်ဝါးမျိုခြင်း

မျိုးနွယ် - ဟွမ်ရှောင်ကလန်

ဂိုဏ်းဂဏ - ဟွမ်ရှောင်ကလန်ခေါင်းဆောင်

ကျင့်ကြံခြင်းအဆင့် - သူတော်စင်ထိပ်ဆုံး

မကောင်းမှု - ရွမ်ဝမ်ကျားကလန်ကို သုတ်သင်ရှင်းလင်းပစ်ခဲ့ပြီး မြို့ကြီးပေါင်း ခုနှစ်ဆယ့်ခြောက်ခုကို

ဖျက်ဆီးပစ် ခဲ့၏။ လူသားမျိုးနွယ်၏ အလယ်အလတ်တန်းစားမြို့ တစ်ရာသုံးဆယ့်နှစ်ခုကို

ဖျက်ဆီးပစ်ခဲ့သည်]

[တတိယနေရာ - မျူ့ဝေ

မျိုးနွယ်စု - မိစ္ဆာကလန်

ဂိုဏ်းဂဏ - မိစ္ဆာကလန်၏ အကြီးအကဲ

ကျင့်ကြံခြင်းအဆင့် - သူတော်စင်အဆင့်နောက်ဆုံး

မကောင်းမှု- ....]

..........

[လေးရာဆယ့်ခုနှစ်မြောက် - ယန်ရှို

မျိုးနွယ် - လူသား

ဂိုဏ်းဂဏ - ငရဲကိုးကောင်နတ်ဆိုးဂိုဏ်း၏ ဂိုဏ်းချုပ်

ကျင့်ကြံခြင်း - သူတော်စင်အဆင့်စဦး

မကောင်းမှု - သွေးကြေးခွံပင်လယ်ထဲတွင် ရှိနေသည့် အဖွဲ့ဝင် သုံးသိန်းကျော်ကို သတ်ဖြတ်ပစ်ခဲ့သည်။

ပင်လယ်ထဲသို့ မိုင်ပေါင်းသုံးဆယ် ချိုးဖြတ်ဝင်ရောက်ကာဖြင့် မြွေနဂါးကလန်တစ်ခုလုံးကို

သုတ်သင်ခဲ့ဖူး၏။ သွေးနတ်ဆိုးကလန်နှင့် တိုက်ခိုက်သည့်နေရာတွင်လည်း သူတော်စင်အဆင့်

သတ်ဖြတ်ခြင်းအစီအရင်ကို ဖန်တီးပြီး သတ်ဖြတ်ပစ်ခဲ့သေး၏]

“.........”

ကောင်းကင်မကောင်းမှုစာရင်း ပေါ်ပေါက်လာပြီးသည့်နောက် လီယွင်သည် ထိုအရာကို အကြမ်းဖျင်း

လှမ်းကြည့်လိုက်၏။ ရင်းနှီးနေသည့် နာမည်ကို အရင်ဆုံး မြင်လိုက်ရ၏။ “စနစ်... မင်း

တကယ်ကြီးလား။ သောက်ကျိုးနည်း .... ကောင်းကင်မကောင်းမှု စာရင်းမှာ ငါ့နာမည်ကို ထိပ်ဆုံးက

ထည့်ထားတာလား”

All Chapters