← Chapters

အခန်း (၂၁၃)

Vol. 15 Ch. 213

အခန်း (၂၁၃)

Vol. 15 Ch. 213

အပိုင်း (၂၁၃)

[လုံးဝလုံးဝ မှားယွင်းမှု မရှိပါဘူး]

လီယွင် "......."

စနစ်မှ ထောက်ပံ့ပေးခဲ့သော စာရင်းသည် လုံးဝ အမှားအယွင်းအရှိအောင် မှန်ကန်လှ၏။ သို့ပေမဲ့ ထိုစာရင်း၏ ထိပ်ဆုံးသို့ ရောက်ရှိနေခြင်းမှာတော့ ကြောင်တောင်​တောင်နိုင်လွန်းလှ၏။ ကောင်းကင်လျှို့ဝှက် နန်းဆောင်၏ သခင်တစ်ယောက်ဖြစ်ပြီး စာရင်း၏ ထိပ်ဆုံးတွင် သူ့ကိုယ်သူ ထည့်ထား၍ သင့်တော်ပါမည်လား။ ထို့ပြင် ကောင်းမွန်လှသည့် စာရင်းလည်း မဟုတ်ချေ။ ကောင်းကင် မကောင်းမှုစာရင်းပင် ဖြစ်၏။ သူ၏နာမည်သည်သာ စာရင်း၌ ပါဝင်နေသည်ကို လူပေါင်းများစွာတို့ သိရှိသွားပါက အုတ်အော်သောင်းတင်း ဖြစ်ကုန်လိမ့်မည်။

"စနစ် …. စာရင်းထဲက ငါ့ရဲ့ နာမည်ကို ဖျက်လိုက်ပါ"

ပြီးနောက် သူကထပ်ပြောလိုက်၏။ "နောက် ဘယ်စာရင်းမှာမှ ငါ့နာမည်ကို မထည့်နဲ့"

ကျယ်ပြောလှသော ကောင်းနှင့် မြေကြီး၏ အသင်္ချေများပြားလှသော လောကကြီးထဲတွင် အားလုံးတို့သည် စာရင်းထဲ၌ ပါဝင်နိုင်၏။ သူမှလွဲလျှင် ဖြစ်သည်။ စနစ်သည် တော်ဝင်အင်ပါယာ ၊ အစစ်အမှန် အင်မော်တယ်စာရင်းကို ထုတ်ဖော်မည် ဆိုလျှင်တောင်မှ သူ၏ နာမည်ကို ထည့်၍မဖြစ်ချေ။ သူသာ စာရင်းထဲတွင် ပါနေသည်ဆိုပါက ကြောင်တောင်တောင် နိုင်နေပေလိမ့်မည်။

ထိုစကားကို ပြောပြီးသည့်နောက်မှာတော့ စာရင်းးတွင် သူနှင့်ပတ်သက်သည် အချက်အလက်သည် ​ပျောက်ကွယ်သွားခဲ့၏။ အားလုံးသောသူတို့၏ စာရင်းအချက်အလက်သည် ရှေ့ဆီသို့ တစ်ဆင့်တိုးတက်လာခဲ့၏။

"အင်း အချိန်ရောက်ပြီပဲ"

လီယွင်သည် တစ်ချက်လှမ်းကြည့်ပြီးသည့်နောက် စိတ်ကျေနပ်သွားပုံပေါ်၏။ မကောင်းသော တခြား မည်သည့်အရာမှ မရှိသည်ကို အတည်ပြုပြီးနောက် သူလက်ကို ယမ်းခါလိုက်သည်။ "ကြေညာလိုက်တော့"

ကောင်းကင်လျှို့ဝှက် နန်းဆောင်၏ အပြင်ဖက်တွင် ကျယ်လောင်လှသည့် အသံကြီးတစ်ခု ထွက်ပေါ်လာခဲ့ပြီး လောကကြီးတစ်ခုလုံးကို ထုတ်ဖော်ပြနိုင်သည့် တခြားသော စာရင်းကြီးတစ်ခုက ထွက်ပေါ်လာခဲ့၏။

"စီနီယာ ….. ကောင်းကင်မကောင်းမှုစာရင်းကို ဖန်တီးလိုက်ပြီလား"

ယန်ရှိုသည် အံ့အားသင့်စွာ မေးလိုက်သည်။ "ဒါဆိုရင် ကျုပ်"

လီယွင်သည် ယန်ရှိုကို တစ်ချက်ကြည့်ကာ ပြောလိုက်၏။ "စိတ်မပူနဲ့။ ခင်ဗျားက ကျိန်းသေပေါက် စာရင်းထဲမှာ ပါတာပေါ့။ ဒါပေမဲ့ ခင်ဗျားက နည်းနည်းတော့ အောက်ရောက်လိမ့်မယ်။ ဒါနဲ့ပတ်သက်ပြီးတော့ စိတ်မညစ်နဲ့။ ဒီအဆင့်က အားအင်အဆင့်အပေါ် မူတည်တာ မဟုတ်ဘူးလေ။ ဒီတော့ ခင်ဗျားက အောက်ကို ထပ်ကျတော့မှာ မဟုတ်ဘူး"

လီယွင်သည် ဤစကားကို ပြောလိုက်သည့် အချိန်တွင် ဘာအမှားမှ မပါချေ။ ဤစာရင်းသည် ကောင်းကင်ပါရမီရှင်စာရင်းနှင့် လုံးဝ မသက်ဆိုင်ချေ။ မည်မျှ မကောင်းမှု ပြုလုပ်ခဲ့သည်နှင့်သာ သက်ဆိုင်လေ၏။ ကျန်သည်မှာ အရေးမကြီးလှချေ။

သို့သော်ငြား လုံလောက်သည့် အားအင်နှင့် နောက်ခံသာ မရှိပါက လူသားများသည် မ​ကောင်းမှုကို လွယ်လွယ်ကူကူနှင့် ပြုလုပ်မည်မဟုတ်ကြချေ။ တခြားသူများ၏ သတ်ဖြတ်ခြင်းကို ခံရနိုင်သည် မဟုတ်ပါလား။ ယန်ရှို ဤစာရင်းတွင် ပါဝင်ရသည့် အကြောင်းအရင်းသည် သွေးနတ်ဆိုး တိုက်ပွဲတွင် လူပေါင်းများစွာကို သတ်ဖြတ်ခဲ့သောကြောင့်ပင်။ ယန်ရှို လက်ရှိအချိန်အထိ အသက်ရှင်နေထိုင်နိုင်ရခြင်း၏ သော့ချက်မှာတော့ အနောက်တွင် ငရဲကိုးကောင် နတ်ဆိုးဂိုဏ်း တည်ရှိနေသောကြောင့်ပင်။

"အောက်ကို မကျနိုင်ဘူး။ ဟုတ်လား"

ယန်ရှို၏ မျက်လုံးများသည် တောက်ပသွားခဲ့၏။ ဤစာရင်းသည် မည်သည့်စာရင်းဖြစ်စေ ကိစ္စမရှိချေ။ သူ၏စိတ်ထဲတွင် စာရင်းတစ်ခုခု၌ ပါဝင်နေခြင်းသည် ကောင်းမွန်သည်ဟု သတ်မှတ်ရပေလိမ့်မည်။ နတ်အရှင်စာရင်းတွင် သူ ပါဝင်သွားခဲ့ပြီ မဟုတ်ပါလား။

"ခင်ဗျား မယုံရင် အပြင်ကို ထွက်ကြည့်လိုက်ပါလား။ "

လီယွင်သည် အပြင်သို့ လက်ညိုးညွှန်ကာ ပြောလိုက်၏။

"ဒါဆိုရင် အပြင်ကို သွားကြည့်လိုက်တော့မယ်" ယန်ရှိုသည် ပျော်ရွှင်စွာဖြင့် သူ၏လက်ကို ယမ်းခါကာ ထွက်သွားခဲ့၏။

အပြင်ဖက်မှာတော့ ယန်ရှိုသည် လူအုပ်များကြားထဲမှ ထိပ်ဆုံးသို့ ထွက်လျှောက်လာခဲ့၏။ သူသည် ကောင်းကင်မကောင်းမှု စာရင်း၏ အထက်​အောက်သို့ ရှာဖွေပြီးနောက် နာမည်ကို ရှာတွေ့ခဲ့၏။ သူ၏ နာမည်သည် စာရင်း၌ အနည်းငယ် နိမ့်ပါးသောကြောင့် အောက်မှစ၍ ရှာဖွေလျှင် ပိုမြန်ပေလိမ့်မည်။

[၄၆ယောက်မြောက် ယန်ရှို။

မျိုးနွယ် - လူသား။

ဌာနေ - ငရဲကိုးကောင် နတ်ဆိုးဂိုဏ်း၏ ဂိုဏ်းချုပ်။

အဆင့် - သူတော်စဉ် စဦးအဆင့်]

စာရင်းထဲတွင် ပါဝင်သည့် အကြောင်းအရားများကို မြင်ရသည့် အချိန်မှာတော့ ယန်ရှိုသည် မသက်မသာ ခံစားလာမိတော့၏။ ဤစာရင်းသည် ကောင်းကင်မကောင်းမှုစာရင်းဟု သတ်မှတ်၍ရသလို လမ်းမှန်ဂိုဏ်းများကို လိုက်သတ်၍ ရနိုင်သည့် စာရင်းဟု ညွှန်းပြနေသလိုပင်။

စာရင်းထဲတွင် ပါဝင်နေသည့် နောက်ခံအကြောင်းအရာများတွင် သူ၏ မကောင်းမှုများ ပါဝင်လျက် ရှိနေ၏။ ဤအရာများ အားလုံးသည် အတိတ်တွင် ပြုလုပ်ခဲ့သည့် အရာများဖြစ်သော်လည်း ပြုလုပ်ခဲ့သည်မှာတော့ သိသာနေ၏။ ကောင်းကင်မကောင်းမှုစာရင်းကို ထုတ်ဖော် ပြသထားသောကြောင့် အားလုံးသောသူတို့သည် သူကို လိုက်လံသတ်ဖြတ်မှာ သေချာ၏။ လူသား၊ နတ်ဆိုး၊ မွန်းစတား သရဲတစ္ဆေများပင် သူ့ကို အလွတ်ပေးလိမ့်မည် မဟုတ်ချေ။

တစ်ချို့သော အကြောင်းအရာများသည် လူသိများသော အကြောင်းအရာများဖြစ်၏။ ဥပမာအားဖြင့် သွေးနတ်ဆိုးကလန်၏ တိုက်ပွဲတွင် သူသည် ပါဝင်ခဲ့ပြီး လူပေါင်းများစွာတို့ကို သတ်ဖြတ်ခြင်းပင်။ မည်သူမှသည် ထိုကဲ့သို့သော ကိစ္စမျိုးကို ဝင်ရောက်ကာ အဖက်လုပ်ပြောဆိုလိမ့်မည် မဟုတ်ချေ။

သို့ပေမဲ့ တစ်ချို့သော အကြောင်းအရာများမှာတော့ ခြားနားလျက် ရှိနေ၏။ ပင်လယ်ရေအောက် မိုင် သန်းသုံးဆယ် နီးပါးထိ ဆင်းပြီး မြွေကလန်တစ်ခုကို အမြစ်ပြတ်သတ်ဖြတ်ခဲ့ခြင်းသည် ထိပ်တန်း လျှို့ဝှက်ချက်ဖြစ်သည်။ သူတော်စင်ဖြစ်ပြီးနောက် သူပြုလုပ်ခဲ့သော တစ်ခုတည်းသော အရာလည်း ဖြစ်၏။ သူ့အနေဖြင့် ထိုနေရာသို့ သွားရောက်ပြီးနောက် တန်ဖိုးရှိပစ္စည်း အားလုံးကို ယူဆောင်လာခဲ့၏။

တစ်ကယ်ပင် ကြီးမားပြီး ရက်စက်လွန်းသည့် မကောင်းမှုကြီးပင်။ သို့ပေမဲ့ စီနီယာသည် ထိုကိစ္စကို ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ခဲ့လေ၏။ အဓိကအားဖြင့် ပင်လယ်ထဲတွင် ရှိနေသည့် အဓိကကလန်အသီးသီးပင်။ ဥပမာအားဖြင့် နဂါးကလန်အနေဖြင့် သတင်းအချက်အလက်သာ ရရှိပါက ဒေါသထွက်မှာ သေချာ၏။ တစ်ဖက်လူအနေဖြင့် တိုက်ရိုက် မတုံ့ပြန်လျှင်တောင်မှ လက်အောက်တွင် ရှိနေသည့် မျိုးနွယ်စု တစ်စု၊နှစ်စုကို ထုတ်ဖော်ကာဖြင့် လိုက်လံသတ်ဖြတ်ပေလိမ့်မည်။

"စီနီယာ ကျုပ်ကို ဒုက္ခပေးလိုက်တာလား" ယန်ရှိုသည် အမှန်ပင် ဆွံ့အလျက် ရှိနေသည်။

လက်ရှိအချိန်၌ ပြဿနာမရှိလျှင်တောင်မှ အနာဂတ်တွင် ပြဿနာတတ်နိုင်၏။ ပြောရမည်ဆိုလျှင် သူ ငရဲကိုးကောင် နတ်ဆိုးဂိုဏ်းမှ ထွက်ခွာလာသည် အချိန်၌ လမ်းမှန်ဂိုဏ်းသားများနှင့် တွေ့ဆုံခြင်း သို့မဟုတ် နတ်ဆိုးအဖွဲ့များနှင့် တွေ့ဆုံခြင်းများ ကြုံရပေလိမ့်မည်။ သူသည် ငရဲကိုးကောင် နတ်ဆိုးဂိုဏ်း၏ ဂိုဏ်းချုပ်တစ်ယောက် ဖြစ်သည်ဆိုလျှင်တောင်မှ သူတော်စင်အဆင့်သာ ရှိ၏။ များများစားစား တိုက်ခိုက်မှု စွမ်းဆောင်ရည်ကို ပြသနိုင်လိမ့်မည် မဟုတ်ချေ။ အလှမ်းဝေးပြီး ကြီးမားသည့် မွန်းစတားမျိုးနွယ်တစ်ချို့သည် ငရဲကိုးကောင် နတ်ဆိုးဂိုဏ်းကို ကြောက်ရွံ့နေလိမ့်မည် မဟုတ်ချေ။ သူတော်စင်တစ်ယောက်ချင်းစီသာ ရောက်ရှိလာ၍ သူ့အား သတ်ဖြတ်မည်ဆိုပါက သူသည် လွတ်မြောက်နိုင်လိမ့်မည် မဟုတ်ချေ။

All Chapters