အခန်း (၂၁၄)
Vol. 15 Ch. 214
"ကောင်းကင်လျှို့ဝှက် နန်းဆောင်က နောက်ထပ် သတင်းအချက်အလက်ကို ထုတ်ဖော်လိုက်ပြီ" များပြားသောလူများသည် လာရောက်ကာ စုဝေးပြီးသည့်နောက် စာရင်းနှင့် ပတ်သက်၍ ဆွေးနွေးလျက် ရှိနေ၏။
"အင်း … ကောင်းကင်မကောင်းမှုစာရင်း။ သူတော်စင်အဆင့်အနိမ့်ဆုံးရှိတဲ့ စာရင်းပဲ။ ဒီစာရင်းက နတ်အရှင်စာရင်းထက် ဘယ်လိုမှ အားမနည်းဘူး"
"မကောင်းမှုစာရင်းရဲ့ ထိပ်ဆုံးမှာ ရှိနေတာက လိပ်မဲမျိုးနွယ်ပဲ ။ ဒါက အရမ်း အားကောင်းတဲ့ သားရဲမျိုးနွယ်စု မလား။ သူတို့ရဲ့ ခေါင်းဆောင်က လူသားမျိုးနွယ်ရဲ့ ရာနဲ့ချီတဲ့ မြို့ကိုတောင်မှ ဖျက်ဆီးပစ်ခဲ့တယ် ကြားတယ်။ အရင်တုန်းက ဒီသတင်းကို ငါဘာလို့မကြားခဲ့မိတာလဲ"
"မြို့ပေါင်းရာချီကို ဖျက်ဆီးပစ်ခဲ့တယ် ဆိုမှတော့ သတ္တဝါသန်းချီကို သတ်ဖြတ်ပစ်ခဲ့မှာပဲ”
“စီနီယာသာ ဒီသတင်းကို မထုတ်ဖော်ခဲ့ဘူးဆိုရင် သူတို့က အမှောင်းထဲမှာပဲ ပုန်းနေလိမ့်မယ်။ကျုပ်တို့ လူသားမျိုးနွယ်တွေ မွန်းစတားကလန်က လာရောက်ဝါးမျိုတာကို ထိုင်ကြည့်နေရသလို ဖြစ်နေတာပေါ့"
"စိတ်မဆိုးပါနဲ့။ လူသားမျိုးနွယ်တွေလည်း ဒီစာရင်းထဲမှာ ပါတာပဲ။ မွန်းစတားမျိုးနွယ်တွေလည်း တော်တော်ကြီး ခံစားခဲ့ရတယ်။”
“ဒါနဲ့ဒီယန်ရှိုက ၄၁၆ ယောက်မြောက်မှာ ရှိတယ်လေ။ သူကနတ်ဆိုးလမ်းစဉ် ကျင့်ကြံတဲ့လူတစ်ယောက်ဆိုပေမဲ့ မွန်းစတားကလန် တော်တော်များများကို သတ်ဖြတ်ခဲ့သေးတယ် မဟုတ်လား။”
“နတ်ဆိုးကျင့်ကြံသူတွေက သူတို့ရဲ့ အကျိုးကိစ္စအတွက် လုပ်ခဲ့တာပဲ။ လူသားမျိုးနွယ်တွေအတွက် တချို့သော လက်စားချေမှုကိုတော့ ပြုလုပ်ပေးခဲ့တယ် ပြောရမယ်"
"ဟိတ် …. အသံကို လျော့ထားအုံး။ မင်းရဲ့ဘေးမှာ ဘယ်သူလဲကြည့်လိုက်"
“ဟမ် ….”
လူတော်တော်များများသည် ခေါင်းလှည့်ကာ ကြည့်လိုက်သည့် အချိန်မှာတော့ ယန်ရှိုကို မြင်လိုက်ရ၏။
ချက်ချင်းဆိုသလိုပဲ ယန်ရှို၏ အနီးနား၌ လူ မရှိတော့ချေ။ တစ်ယောက်တည်းသည်သာ အထီးကျန်ဆန်စွာ ရပ်လျက်ရှိနေသည်။
ကောင်းကင်မကောင်းမှုစာရင်း ဤစာရင်းသည် သူ၏ရှေ့တွင် ရောက်ရှိနေ၏။ လူပေါင်းများစွာတို့သည် ကြမ်းတမ်းလှသည့် လူသတ်သမားကို လှမ်းကာ ကြည့်ရှုနေကြ၏။ အဆင့်သည် နိမ့်ကျနေသည် ဆိုလျှင်တောင်မှ စာရင်းထဲတွင် ပါဝင်နေသောကြောင့် ကျော်ကြားလှသည့် လူတစ်ယောက်ပင် ဖြစ်၏။ မရေတွက်နိုင်အောင် များပြားလှသော အသက်များကို သတ်ဖြတ်ခဲ့သောကြောင့် ၎င်း၏လက်သည် သွေးများ စွန်းထင်းနေမှာ သေချာ၏။
ဟမ့်
ယန်ရှိုသည် နှာခေါင်းရှုံ့ပြီးနောက် တခြားသောသူများကို လှည့်ကြည့်လိုက်၏။ သူသည် သူ၏တည်ရှိမှုကို ဖုံးကွယ်ထားရန် မေ့လျော့နေခဲ့၏။ ဘာမှမပြောတော့ချေ။ ချက်ချင်းဆိုသလိုပဲ ကောင်းကင်လျှို့ဝှက်နန်းဆောင် ထဲသို့ အပြေးအလွှား လှမ်းဝင်သွားလိုက်၏။
မကြာခင်မှာပဲ မြန်မြန်ဆန်ဆန် ပြန်ထွက်လာခဲ့ပြန်၏။ အစောက ဝင်ရောက်ခဲ့ခြင်းသည် စီနီယာကို နှုတ်ဆက်ခြင်းသာ ဖြစ်၏။ သူသည် ငရဲကိုးကောင် နတ်ဆိုးဂိုဏ်းသို့ အမြန်ပြန်သွားရပေလိမ့်မည်။ သူသည် အစောကြီးကတည်းက ဆုံးဖြတ်ချက် ချထားပြီးသား ဖြစ်၏။ အပြင်ဘက်သိူ့ မထွက်ခွာရန်ပင် ဖြစ်၏။ အနည်းဆုံးအနေဖြင့် သူတော်စင်ဘုရင်အဆင့်သို့ မရောက်မချင်း အပြင်ဖက်သို့ ထွက်ခွာခြင်းသည် သူ့အတွက် အန္တရာယ်များလွန်းလှ၏။ သူ့အတွက် သူတော်စင်အဆင့်ဆိုသည်မှာ လုံလောက်သည့် အရာမဟုတ်ချေ။
သူတော်စင်ဘုရင်အဆင့်သို့ မရောက်ပါက လုံခြုံမှုကို ခံစားရလိမ့်မည် မဟုတ်ချေ။ ဤစာရင်းထဲ၌ ပါဝင်ပြီးသည့်နောက် အန္တရာယ်ကို ရှောင်ရှားနိုင်ရန်အတွက် သူတော်စင်ဘုရင်အဆင့်ဆီသို့ ချိုးဖျက် တက်ရောက်နိုင်မှသာလျှင် ဖြစ်မည်။
ယန်ရှို ထွက်ခွာသွားခဲ့ပြီးသည့်နောက် ကောင်းကင်မကောင်းမှုစာရင်းသည် တည်နေရာအနှံ့ဆီသို့ ကြောက်မက်ဖွယ်ကောင်းသည့် အမြန်နှုန်းဖြင့် ပျံ့နှံ့သွားခဲ့ပြီ ဖြစ်၏။
ဂိုဏ်းအသီးသီးသည် ချက်ချင်းဆိုသလိုပဲ ထိုသတင်းကို လက်ခံရယူခဲ့၏။ လူသားမျိုးနွယ်နှင့် မွန်းစတားမျိုးနွယ်တို့၏ နယ်စပ် တည်နေရာ တစ်ခုမှာတော့ လောင်ရှားဟု အမည်ရသည့် မြို့ကြီးတစ်ခု ရှိနေပြီး လူဦးရေ သန်းချီ နေထိုင်ကြ၏။ ထိုမြို့သည် တော်ဝင် သဲကန္တာရမြို့ထက်ပင် ပို၍ စည်ကားသေးသည်။
မြို့တည်ဆောက်ထားသည့် နေရာသည် တကယ့်ကို ကြမ်းတမ်းလွန်းသည့် ပတ်ဝန်းကျင်တွင် ဖြစ်သည် ဆိုသော်လည်း မည်သည့် အန္တရာယ်မှ မကြုံရချေ။ အဘယ့်ကြောင့် ဆိုသော် လောင်ရှားမြို့တော်ဝန်သည် သူတော်စင်ထိပ်ဆုံးအဆင့် ကျင့်ကြံခြင်းကို ပိုင်ဆိုင်ပြီး အလွန်အားကောင်းသောကြောင့်ပင်။
မြို့တစ်ခုလုံး၏ အရင်းမြစ်ကို ပိုင်ဆိုင်သူ ဖြစ်သောကြောင့် တချို့သော နတ်နယ်မြေများပင်လျှင် ၎င်းအား မယှဉ်နိုင်ချေ။ ဂိုဏ်းသေးလေးများကို ဖျက်ဆီးဖို့ ဆိုသည်မှာမူ အားပင် စိုက်ရမည် မဟုတ်ချေ။
လက်ရှိအချိန် မြို့တော်ဝန် အိမ်ရာထဲမှာတော့ …..
ကြီးကျယ်ခမ်းနားသော ဟောခန်းထဲတွင် သတ်လတ်ပိုင်း လူတစ်ယောက်သည် မျက်လုံးကိုမှိတ်ကာ ထိုင်လျက်ရှိနေ၏။ ၎င်း၏ မျက်နှာသည် ကောင်းကင်ကို မော့ကြည့်လျက် ရှိနေ၏။ ခန္ဓာကိုယ်ဆီမှ နတ်ဆိုးအော်ရာများသည် တစိမ့်စိမ့် ထွက်ပေါ်လျက် ရှိနေ၏။ တစ်စုံတစ်ယောက် ရောက်ရှိလာသည် ဆိုပါက လောင်ရှားမြို့၏ မြို့တော်ဝန်သည် နတ်ဆိုးနည်းစနစ်ကို ကျင့်ကြံနေကြောင်း သိရှိနိုင်ပေလိမ့်မည်။
ဘုန်း ….။
ကျယ်လောင်လွန်းသော အသံကြီး ထွက်ပေါ်လာပြီးသည့်နောက် သက်လတ်ပိုင်းလူ၏ အနောက်တွင် ဆန်းကြယ်လှသော မြင်ကွင်းတစ်ခု ပေါ်ပေါက်လာခဲ့၏။ ရှေးတိုက်ပွဲတစ်ခုဖြစ်ပြီး အလောင်းများစွာတို့သည် မြေပေါ်၌ လဲကျနေ၏။ သွေးများသည် မြစ်ကဲ့သို့ စီးဆင်းနေ၏။ သွေးများစွန်းထင်းလျက်ရှိနေသော တိုက်ပွဲလှံများကို ကိုင်ဆောင်ထားသော အနက်ရောင် နတ်သူငယ်သည် တိုက်ပွဲကွင်းပြင်၌ မတ်မတ်ရပ်လျက် ရှိသည်။
အမဲရောင် နတ်သူငယ်သည် မျက်လုံးကို ဖွင့်လိုက်ပိတ်လိုက် ပြုလုပ်နေပြီး ကြမ်းတမ်းလှသော အော်ရာများသည် ထုတ်ဖော်နေ၏။ ရှေးခေတ်မှ နတ်ဆိုးနတ်မင်းကြီး ဆင်းသက်ရောက်ရှိလာသကဲ့သို့ပင်။
အချိန်အနည်းငယ် ကြာပြီးနောက် အမဲရောင် နတ်သူငယ် နှင့် တိုက်ပွဲတည်နေရာကြီး၏ မြင်ကွင်းသည် ပျောက်ကွယ်သွား၏။ သက်လတ်ပိုင်းလူသည် မျက်လုံးကို ဖွင့်လိုက်၏။ သူ၏ မျက်လုံးထဲတွင်တော့ အမဲရောင် နတ်ဆိုးအော်ရာများသည် ထွက်ပေါ်လျက် ရှိနေ၏။ သို့ပေမဲ့ သူသည် ထိုအရာကို ကောင်းကောင်းဖိနှိပ်ထားနိုင်၏။ ကျင့်ကြံခြင်း အ ခြေအနေကို စစ်ဆေးပြီးနောက် သူသည် အသာသက်ပြင်းချလိုက်၏။
"အင်း …. လိုသေးတာပဲ။ သွေးနတ်ဆိုးကလန်ရဲ့တိုက်ပွဲမှာသာ ငါပါဝင်ခွင့် ရမယ်ဆိုရင် အဆင့်ချိုးဖျက်ဖို့အတွက် လိုအပ်တဲ့ သွေးအဆီအနှစ်ကို ရရှိနိုင်လိမ့်မယ်။ ဒါပေမဲ့ အဓိကဂိုဏ်းကြီးခြောက်ဂိုဏ်းက ပူးပေါင်း တိုက်ခိုက်ခဲ့တာမို့ အပြင်လူတွေ ပါဝင်လို့ မရခဲ့ဘူး။ သွေးနတ်ဆိုးကလန်ရဲ့ တိုက်ပွဲကနေ ရအောင် မယူနိုင်ဘူးဆိုတော့ လူသားမျိုးနွယ်နဲ့ နတ်ဆိုးကလန်တွေဆီကနေ ရအောင်ယူဖို့ပဲ ရှိတော့တယ်။ တကယ့်လို့ သူတော်စင်ဘုရင်အဆင့်ကို ရောက်ချင်ရင် အသက်ပေါင်း တစ်သိန်းလောက်ကို လိုလိမ့်မယ်ထင်တယ်"
ထိုအတွေးကို တွေးပြီးသည့်နောက် လောင်ရှားမြို့တော်ဝန်သည် သူ၏ကုပ်ပိုးကို ဖိနှိပ်လိုက်၏။ ဤအရာသည် များပြားလှသည့် အရေအတွက်ပင် ဖြစ်လေ၏။ လူ့အသက်ပေါင်း တစ်သိန်းလောက် ပျောက်ဆုံးသွားပါက အားလုံး၏ အာရုံစူးစိုက်မှုကို ရရှိမှာ သေချာ၏။ ဖြစ်ပေါ်လာနိုင်သည့် အကျိုးဆက်သည် ခန့်မှန်း၍ မရနိုင်ချေ။ တစ်ယောက်ပြီးတစ်ယောက် ဖမ်းဆီးလိုက်လျှင်တော့ သိသာလိမ့်မည် မဟုတ်ချေ။ သို့ပေမဲ့ အချိန်မည်မျှကြာမည်က ပြဿနာဖြစ်လာခဲ့၏။
သူ့တွင် လောင်ရှားမြို့ နောက်ခံတစ်ခုတည်းသာရှိ၏။ အခြေခံအရဆိုလျှင် နတ်နယ်မြေနှင့် နှိုင်းယှဉ်၍ ရနိုင်သည့် အားအင်အဆင့်ကို ပိုင်ဆိုင်သည် ဆိုသော်လည်း ထိပ်တန်း နတ်နယ်မြေများနှင့် ယှဉ်နိုင်လိမ့်မည် မဟုတ်ချေ။
တခြားသောသူများသည် တည်နေရာရွေ့ပြောင်းခြင်း အစီအရင်ကို အသုံးပြုနိုင်သော်လည်း သူကတော့ အသုံးမပြုနိုင်ချေ။ အဘယ့်ကြောင့်ဆိုသော် လောင်ရှားမြို့၏ အခြေခံသည် နည်းပါးလွန်းသောကြောင့်ပင်။
မြို့တော်ဝန်သည် စိတ်ပျက်လျက် ရှိနေတုန်းမှာပဲ အဓိကဟောခန်း၏ အပြင်ဖက်ဆီမှ ခြေသံတစ်ခု ပေါ်ပေါက်လာခဲ့၏။
"မြို့တော်ဝန် …. တကယ့်ကို ကြီးမားတဲ့ ကိစ္စကြီးတစ်ခုကတော့ ဖြစ်ပြီ" ဝတ်ရုံရှည်ကို ဝတ်ဆင်ထားသည့် လူတစ်ယောက်သည် ဟောခန်းထဲသို့ ရောက်ရှိသည့် အခါမှာတော့ အမောတကော ပြောလိုက်သည်။