← Chapters

အခန်း (၂၁၅)

Vol. 15 Ch. 215

အခန်း (၂၁၅)

Vol. 15 Ch. 215

လောင်ရှားမြို့တော်ဝန်သည် သူ၏လက်ကို အသာဆန့်တန်းပြီး လက်ဖျောက်တီးလိုက်၏။ လေပြည်ညှင်းများ တိုက်ခတ်သွားပြီးသည့်နောက် ဟောခန်းထဲတွင် ရှိနေသည့် နတ်ဆိုးအော်ရာများသည် ပျောက်ကွယ်သွားခဲ့သည်။ ထိုသို့ ပြုလုပ်ပြီးသည့်နောက် သူသည် ဖြည်းညှင်းစွာ မေးမြန်းလိုက်၏။“ဘာဖြစ်တာလဲ”

“ဟုတ်ကဲ့.. ဟုတ်ကဲ့.. ကောင်းကင်လျှို့ဝှက်နန်းဆောင်ကပါ” ထိုလူသည် မျက်နှာတစ်ခုလုံး ဖြူလျော်စွာဖြင့် တွန့်ဆုတ်တွန့်ဆုတ် ပြောဆိုလိုက်၏။ ၎င်း၏ မျက်နှာပေါ်မှတဆင့် ကြီးမားလွန်းလှသည့် ချွေးစီးများသည် တတောက်တောက်ဖြင့် မြေပြင်ပေါ်သို့ ကျဆင်းလျက်ရှိ၏။ အတိတ်တုန်းကသာဆိုလျှင် သူသည် ဟောခန်းထဲသို့ ရောက်ရှိလာသည့်အချိန်တွင် အံ့ချီးနပမ်းဖြင့် ကြည့်ရှုနေမှာ ဖြစ်၏။ ကြောက်လန့်သည့်စိတ်ဟူ၍ ရှိလိမ့်မည် မဟုတ်ပေ။ သို့ပေမဲ့ ယနေ့ အချိန်မှာတော့ အလွန်အမင်း ခြားနားလို့ နေခဲ့သည်။

ကောင်းကင်မကောင်းမှုစာရင်းကို သူကြိုတင်ကာ မြင်ခဲ့ပြီးပြီဖြစ်သည်။ ထိုအရာသည် ကောင်းကင်လျှို့ဝှက် နန်းဆောင်ဆီမှ ထုတ်လွှင့်ခဲ့သည့်အရာတစ်ခုဖြစ်ပြီး ထိုစာရင်းတွင် ပါဝင်သည့် လူတစ်ယောက်ချင်းစီတိုင်းသည် အရမ်း ကြောက်မက်ဖွယ်ရာ ကောင်းလှ၏။ မျက်စိတမှိတ်အတွင်း တစ်ချက်လေးမှ တွေးတောစဉ်းစားခြင်း မရှိဘဲ သတ်ဖြတ်မှုကို ပြုလုပ်တတ်သူများဟု ပြောဆိုရပေလိမ့်မည်။ တစ်ယောက်ချင်းစီတိုင်းသည် အသက် သိန်းနှင့် သန်းနှင့်ချီ၍ သတ်ဖြတ်ခဲ့သည့် လူများပင် ဖြစ်လေ၏။

သူတို့၏ လောင်ရှားမြို့တော်ဝန်သည် ကောင်းကင်မကောင်းမှုစာရင်းတွင် သုံးဆယ့်ငါးယောက်မြောက်စာရင်းတွင် တည်ရှိလို့နေ၏။ လူသားနှင့် မွန်းစတားကလန် တော်တော်များများသည် ၎င်း၏လက်ထဲတွင် သေဆုံးခဲ့ကြသည်။

ထိုလူသည် အလွန်တရာ ကြောက်လန့်မှုကို ခံစားနေရ၏။ သူတို့သည် နေ့စဉ်နေ့တိုင်း ထိတွေ့ဆက်ဆံနေရသည် ဖြစ်သော်လည်း သူတို့၏ မြို့တော်ဝန်သည် တကယ့်ကို လိုက်လျောညီထွေရှိကာ ပြောဆိုချဉ်းကပ်ရ လွယ်ကူသည့် လူတစ်ယောက်ဟု ထင်မှတ်ခဲ့၏။ အပြင်ပိုင်းတွင် ထိုကဲ့သို့ ဖြစ်နေသည်ဆိုသော်လည်း အတွင်းစိတ်သဏ္ဍာန်မှာ ကြောက်မက်ဖွယ်ကောင်းလှသည့် အခြေအနေ တစ်ခုသို့ ရောက်ရှိနေသည် ဖြစ်ကြောင်း မည်သူက ထင်မှတ်မိလိမ့်မည်နည်း။ ဤလူသည် သူတို့၏ မြို့တော်ဝန် မဟုတ်ချေ။ နတ်ဆိုးတစ်ကောင်သာ ဖြစ်တော့၏။

“ကောင်းကင်လျှို့ဝှက်နန်းဆောင် ဘာဖြစ်လို့လဲ”

လောင်ရှားမြို့တော်ဝန်သည် ဟောခန်းထဲမှ လျှောက်ထွက်လာပြီး သည့်နောက် အပြင်ဘက်သို့ ရောက်ရှိလာ၏။ သူသည် တစ်ဖက်လူကို လှမ်းကြည့်ကာဖြင့် နူးညံ့ကြင်နာစွာ မေးမြန်းလိုက်သည်။

“ကောင်းကင်လျှို့ဝှက်နန်းဆောင်က စာရင်းအသစ်တစ်ခုကို ထုတ်လိုက်တယ်”

“ဪ”

လောင်ရှားမြို့တော်ဝန်သည် မျက်ခုံးကို ပင့်လိုက်သည်။ သူ၏ စိတ်ထဲ၌ စိတ်ဝင်စားမှုများနှင့် ပြည့်နှက်လာ ခဲ့သည်။ ကောင်းကင်လျှို့ဝှက်နန်းဆောင်၏ ဂုဏ်သိက္ခာသည် လက်ရှိအခြေအနေမှာတော့ တိုင်းနှင့်ပြည်နယ် အနှံ့ကို ပျံ့နှံ့လျက် ရှိနေ၏။ လူသားနှင့် မွန်းစတားမျိုးနွယ်အကြား နယ်စပ်တည်နေရာတွင် တည်ရှိနေသည် ဆိုလျှင်တောင်မှ သူသည် ကောင်းကင်လျှို့ဝှက်နန်းဆောင်၏ အကြောင်းကို ကြားဖူးခဲ့ပြီးသားဖြစ်၏။

မြို့ထဲတွင် ရှိနေသည့် ရေတွက်လို့ မရအောင် များပြားလှသည့် မြို့သူမြို့သားများ အားလုံးတို့သည် ကောင်းကင် ပါရမီရှင်စာရင်းနှင့်ပတ်သက်၍ အပြင်းအထန် ပြောဆိုဆွေးနွေးခဲ့ကြသည် မဟုတ်ပါလား။

“အင်း... သူတော်စင် အဆင့်စာရင်း ဒါမှမဟုတ် သူတော်စင်ဘုရင်အဆင့်စာရင်းလား” လောင်ရှားမြို့တော်ဝန်သည် အသာမေးမြန်း လိုက်သည်။

လောင်ရှားမြို့တော်ဝန် တစ်ယောက်ဖြစ်သည် ဆိုသော်လည်း သူသည် နတ်အရှင်အဆင့် စာရင်းတွင် ပါဝင်ခြင်း မရှိသောကြောင့် စိတ်ပျက်မှုကို ခံစားခဲ့ရ၏။ အနည်းဆုံးအနေဖြင့် သူသည် မြို့တစ်ခု၏ မြို့တော်ဝန်သာလျှင် ဖြစ်၏။ နတ်အရှင်အဆင့်စာရင်းတွင် ပါဝင်ခြင်းဆိုသည်မှာ သူဖြစ်ချင်သည့် အရာတစ်ခုသာလျှင် ဖြစ်၏။ သို့ပေမဲ့ ကောင်းကင်လျှို့ဝှက်နန်းဆောင်သည် သူတို့အား မျက်စိထဲ ထည့်၍ပင် မတွက်ခဲ့ချေ။

“အင်း... ဒါကို ကောင်းကင်မကောင်းမှုစာရင်းလို့ ခေါ်တယ်” ထိုလူသည် တုန်ယင်လျက် ရှိနေ၏။ ကျောက်စိမ်းပြား တစ်ခုကို အသာထုတ်ပေးပြီးသည့်နောက် တုန်ယင်နေသည့် လက်အစုံဖြင့် လှမ်းကာ ကမ်းပေးခဲ့၏။

“ဟမ်”

ထိုမြင်ကွင်းကို မြင်ရသည့်အချိန်မှာတော့ လောင်ရှားမြို့တော်ဝန်သည် မျက်မှောင်ကုတ်လိုက်၏။ အရှေ့ဆီသို့ လှမ်းကာကြည့်ပြီးသည့်နောက် ကျောက်စိမ်းပြားကို လှမ်းယူကာ တည်တည်ငြိမ်ငြိမ် မေးလိုက်သည်။ “မင်း ငါ့ကို ကြောက်နေတာလား”

“မ... မဟုတ်ပါဘူး”

ထိုလူသည် အလျင်အမြန်ဖြင့် ခေါင်းခါယမ်းလိုက်၏။ သူ၏ အသံတစ်ခုလုံးသည် တုန်ယင်လျက် ရှိနေ၏။ မကြောက်ဘူးဟု ပြောဆိုခဲ့သည် ဆိုသော်လည်း ၎င်း၏ သွင်ပြင်အမူအရာသည် ၎င်းအား သစ္စာဖောက်လျက်ရှိနေလေ၏။

“အင်း” လောင်ရှားမြို့တော်ဝန်သည် ပေါ့ပေါ့ပါးပါး ရယ်မောလိုက်တော့၏။ သူ၏နတ်ဘုရားသိစိတ်များသည် ကျောက်စိမ်းပြားထဲသို့ ရောက်ရှိပြီးသည့်နောက် အထဲတွင် ပါဝင်သည့် အကြောင်းအရာများကို စစ်ဆေးကြည့်ရှု လိုက်သည်။ အစမှစ၍ ဖတ်ရှုပြီးသည့်နောက် သူ၏ မျက်နှာသွင်ပြင် တစ်ခုလုံးသည် မဲမှောင်သွားခဲ့၏။ ကောင်းကင် မကောင်းမှုစာရင်း၌ သူသည် ပါဝင်လျက် ရှိနေသည်။

[သုံးဆယ့်ငါးယောက်မြောက် - မိုယွမ်ကန်

မျိုးနွယ် - လူသား

ဂိုဏ်း - လောင်ရှားမြို့တော်ဝန်

ကျင့်ကြံခြင်းအဆင့် - သူတော်စင်ထိပ်ဆုံး

နည်းစနစ် - နတ်ဆိုးနတ်ဘုရား သတ်ဖြတ်ခြင်းကျမ်းစာ

မကောင်းမှု - လူသားမျိုးနွယ်၏ မြို့ငယ်လေး ကိုးခုကို သုတ်သင်သတ်ဖြတ်ခဲ့ခြင်း၊ မွန်းစတားမျိုးနွယ်၏ တည်နေရာထဲသို့ ထိုးဖောက်ဝင်ရောက်ပြီးသည့်နောက် မွန်းစတားပေါင်း ခြောက်သိန်းကျော်ကို သတ်ဖြတ်ခဲ့ခြင်း၊ နတ်ဆိုးနည်းစနစ်ကို အသုံးပြုပြီးသည့်နောက် အသင်္ချေ များပြားလှသည့် သက်ရှိသတ္တဝါများ၏ သွေးအဆီအနှစ်ကို အသုံးပြုခြင်း]

“ဘယ်လိုဖြစ်နိုင်မှာလဲ”

လောင်ရှားမြို့တော်ဝန်၏ မျက်နှာသွင်ပြင်တစ်ခုလုံးသည် ပြောင်းလဲသွား၏။ သူ၏ မျက်နှာ သွင်ပြင်သည် အေးစက်သွားခဲ့၏။ ခန္ဓာကိုယ် တစ်ခုလုံးဆီမှ ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် အေးစက်သော အရှိန်အဝါ အော်ရာမျိုး ထွက်ပေါ်လာခဲ့၏။

ကောင်းကင်လျှို့ဝှက်နန်းဆောင်သည် အဘယ်ကြောင့် သူ၏ လျှို့ဝှက်သည့်ကိစ္စရပ်များ အားလုံးကို သိရှိနေရသနည်း။ အထဲတွင် ပါဝင်သည့် သတင်းအချက်အလက်များသည် တိကျလွန်းလှ၏။ သူပြုလုပ်ခဲ့သည့် အရာအားလုံးကို ထုတ်ဖော်ပြသည်သာမကာ သူ၏ ကျင့်ကြံခြင်းနည်းစနစ်ကိုပါ ထုတ်ဖော်ပြသလျက် ရှိနေ၏။ ဤစာရင်းသည် လူသိရှင်ကြား ဖြစ်သွားခဲ့သည်ဖြစ်သောကြောင့် မွန်းစတားမျိုးနွယ်နှင့် လူသားမျိုးနွယ် နှစ်ခုလုံးတွင် သူ့၌ နေစရာ နေရာ ရှိလိမ့်မည် မဟုတ်ချေ။

“ဒါကို ဘယ်လို သိရတာလဲ”

ရုတ်တရက် တစ်စုံတစ်ခုကို နားလည်ပြီးသည့်နောက် လောင်ရှားမြို့တော်ဝန်သည် စူးရှ ထက်မြက်သည့် လူတစ်ယောက်အဖြစ်သို့ ပြောင်းလဲသွားခဲ့၏။ သူသည် ဘေးတစ်ဖက်တွင် ရှိနေသည့်လူကို လှမ်းကြည့်လိုက်၏။ နတ်စွမ်းအင်များသည် တောင်ကဲ့ကို ကြီးမားစွာ ဖြစ်တည်လာပြီးသည့်နောက် ထိုသူ၏ ပခုံးထက်သို့ ကျဆင်းလာခဲ့၏။ မြေပြင်တစ်ခုလုံး အက်ကွဲလာပြီးသည့်နောက် ထိုသူသည် မြေပေါ်သို့ လဲကျသွားပြီး တဆတ်ဆတ် တုန်ယင်လျက် ရှိနေ၏။

“မြို့တော်ဝန်... ကျေးဇူးပြုပြီး အသက်ချမ်းသာပေးပါ။ ကောင်းကင်မကောင်းမှုစာရင်းက ကောင်းကင်လျှို့ဝှက် နန်းဆောင်က ထုတ်လွှင့်လိုက်တဲ့ သတင်းပါ။ ကျုပ်တို့ ဘာမှ မသိပါဘူး။ ဒါပေမဲ့ အဓိက နတ်နယ်မြေ တချို့ကလည်း သိရှိသွားလောက်ပါပြီ။ ပြီးတော့”

“ပြီးတော့ ဘာဖြစ်လဲ”

လောင်ရှားမြို့တော်ဝန်သည် နှာခေါင်းရှုံ့ကာဖြင့် ခက်ထန်စွာ မေးလိုက်၏။ “ပြောစမ်း”

“ပြီးတော့ မနက်ခင်းကတင် လူပေါင်းများစွာတို့က လောင်ရှားမြို့ထဲကနေ ထွက်ပြေးနေကြတယ်။ အခု လောင်ရှားမြို့ထဲမှာ နေတဲ့လူဆိုလို့ တစ်သောင်းလောက်ပဲ ကျန်တော့တယ်” ထိုလူသည် တီးတိုး ပြောဆိုလိုက်သည်။

မူလအားဖြင့် သူသည်လည်း ထွက်ပြေးရန် ရည်ရွယ်ချက်ရှိ၏။ သို့ပေမဲ့ မြို့တော်ဝန်၏ ကန့်သတ်မှုကို ခံလိုက်ရသည့် လူတစ်ယောက်ဖြစ်သောကြောင့် လောက၏ အဆုံးသို့ ထွက်ပြေးမည် ဆိုလျှင်တောင်မှ မြို့တော်ဝန်၏ လက်အောက်မှ လွတ်မြောက်လိမ့်မည် မဟုတ်ချေ။

မြို့တော်ဝန်သည် အတွေးတစ်ချက်နှင့်ပင် သူ၏ ဝိညာဉ်ကို ပျောက်ကွယ်သွားအောင် ပြုလုပ်နိုင်၏။ ထို့ကြောင့် သေလမ်းရှာကာ ထွက်ပြေးမည့်အစား မြို့တော်ဝန်၏ အနီးနားဆီသို့ ရောက်ရှိလာခဲ့ပြီး သစ္စာရှိမှုကို ပြသခြင်းက အကောင်းဆုံး ဖြစ်လိမ့်မည်ဟု သူက တွေးတောခဲ့၏။ သူသည် သတင်းအချက်အလက်များကို သေသေချာချာ ပြောဆိုမည်ဆိုလျှင် မြို့တော်ဝန်သည် သူ၏အသက်ကို ချမ်းသာပေးရန် ဆုံးဖြတ်လိမ့်မည်လား။

“ဘာ”

မြို့တော်ဝန်၏ မျက်နှာတစ်ခုလုံးသည် မဲနက်သွားခဲ့၏။ သူ၏ ဒေါသတရားများသည် မီးတောင်တစ်ခု ပေါက်ကွဲသကဲ့သို့ပင် ဖြစ်တည်လာခဲ့၏။ သူသည် လောင်ရှားမြို့အတွက် နှစ်ပေါင်းထောင်ချီ အလုပ်လုပ်ခဲ့၏။ သူ့အနေနှင့် တော်ဝင်သူတော်စင်အဆင့်ဆီသို့ တက်လှမ်းနိုင်ရန်အတွက် ကြိုတင်ပြင်ဆင်ခဲ့သည်။ သူသည် မြို့တစ်ခုလုံးကို ဝါးမျိုပြီး တော်ဝင်သူတော်စင်အဖြစ် ဖြစ်တည်လာနိုင်၏။

ထို့အပြင် ဤကျယ်ပြောလှသည့် လောကကြီးသည် သူ၏ ခဏတာ နားခိုရာပင်ဖြစ်၏။ များပြားလှသည့် လူသားနတ်အရှင်များသည် ဒေါသတကြီး ဖြစ်သွားမည်ဆိုလျှင်တောင်မှ ဘာလုပ်နိုင်မည်နည်း။ တော်ဝင်သူတော်စင်တစ်ယောက်ကို ယှဉ်ပြိုင် တိုက်ခိုက်ရန်ဆိုသည်မှာ ခက်ခဲလွန်းလှ၏။ တစ်ချက်တည်းနှင့် တိုက်ခိုက်၍ မသေသည်ဆိုပါက တော်ဝင် သူတော်စင်သည် ကျိန်းသေပေါက် လိုက်လံကာ လက်စားချေနိုင်သည်။

လက်ရှိအခြေအနေမှာတော့ အခြေအနေတစ်ခုလုံး ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။ ကောင်းကင်မကောင်းမှု စာရင်းသည် အစီအစဉ်တကျ ပေါ်ပေါက်လာခဲ့၏။ တော်ဝင်သူတော်စင် ဖြစ်ရန် မဆိုနှင့် သူတော်စင်ဘုရင် ဖြစ်ရန်ပင် သူ့အတွက် မလွယ်တော့ချေ။

All Chapters