← Chapters

အခန်း (၂၁၉)

Vol. 15 Ch. 219

အခန်း (၂၁၉)

Vol. 15 Ch. 219

“ဒါက အတိတ်တုန်းက တော်ဝင်အင်ပါယာဝူရှန် ချန်ထားခဲ့တဲ့ အင်ပါရီယာကျမ်းစာလေး တစ်ခုပါပဲ” လီယွင်သည် အမှတ်မထင်နှင့် ပြောဆိုလိုက်၏။

“စီနီယာက ဂျူနီယာအတွက် ရှင်းလင်းတဲ့ လမ်းတစ်ခုကို ပြောပြပေးမယ်ဆိုရင် ကျေးဇူးတင်တဲ့အနေနဲ့ အင်ပါရီယာကျမ်းစာကို ပေးအပ်ပါမယ်” ကျောင်းဝူရှန်သည် လေးလေးနက်နက် အသံဖြင့် ပြောဆိုလိုက်သည်။

ဤစကားပြောဆိုနေတုန်းမှာပဲ သူသည် လက်ကို အသာဝှေ့ယမ်းလိုက်၏။ ရှေးစာအုပ် တစ်အုပ်သည် ပေါ်ပေါက် လာခဲ့၏။ ထိုအပေါ်တွင် မသေဆုံးနိုင်သည့် အင်ပါရီယာကျမ်းစာဟု ရေးထိုးထားခဲ့၏။ စာအုပ်သည် အနည်းငယ် စုတ်ပြတ်သတ်လျက် ရှိနေပြီး မပြည့်စုံပေ။ အစနှင့်အဆုံးနေရာတစ်ချို့၌ လိုအပ်လျက် ရှိနေ၏။

တော်ဝင်အင်ပါယာဝူရှန် ထားခဲ့သည့် မူရင်း စာအုပ် မဟုတ်ပေ။ ကြည့်ရသည်မှာ မျိုးဆက်သစ်များ အနေဖြင့် ထပ်ကာတလဲလဲ ပြန်လည်ကူးယူခဲ့သည့်အရာ ဖြစ်ပုံပေါ်၏။ ထို့ကြောင့်ပင်လျှင် အစနှင့် အဆုံးသတ်သည် လိုအပ်လျက် ရှိနေခြင်းပင်။ တန်ဖိုးသည် လျော့ကျလျက် ရှိနေလေသည်။

ပြောနေစရာပင် မလိုပင်။ အင်ပါရီယာ ကျမ်းစာတစ်ခု ဖြစ်သောကြောင့် သာမန် သူတော်စင်နှင့် သူတော်စင်ဘုရင်အဆင့် နည်းစနစ်များထက် ပိုမိုကာ အားကောင်းမှာတော့ သေချာ၏။

“ခင်ဗျားက မပြည့်စုံတဲ့ အင်ပါရီယာကျမ်းစာအတွက် ဒီလောက် လွန်လွန်ကျွံကျွံ လုပ်ခဲ့တာလား။ ခင်ဗျားရဲ့ ပါရမီ အဆင့်က မဆိုးဘူးလို့ ပြောရမယ်။ ဒါပေမဲ့ ခင်ဗျားက မသေဆုံးနိုင်တဲ့ အင်ပါရီယာ ကျမ်းစာရဲ့ အစစ်အမှန် အဓိပ္ပာယ်ကို နားလည်မှု လွဲနေတာပဲ”

လီယွင်သည် မသေဆုံးနိုင်သည် အင်ပါရီယာကျမ်းစာကို လှမ်းကာ ကြည့်ရှုလိုက်၏။ ဤကျမ်းစာထဲတွင် ရှိနေသည့် သတင်းအချက်အလက်များကို သူသည် စနစ်ဆီမှ ချက်ချင်းပဲ ရရှိခဲ့၏။ လက်ရှိအချိန်မှာတော့ သူသည် နတ်ဆိုး နယ်မြေသန္ဓေကျမ်းစာနှင့် ပတ်သက်၍ အနည်းငယ် နှမျောသလို တသသ ခံစားနေမိသည်။ ဤနည်းစနစ်နှင့် ဆိုပါက သူသည် မသေဆုံးနိုင်သည့် အင်ပါရီယာကျမ်းစာကို တစ်မိနစ်အတွင်းတွင် ပြည့်စုံအောင် ဖန်တီးနိုင်စွမ်း ရှိသည်။

“စီနီယာ.... စီနီယာရဲ့ လက်ထဲမှာ မသေဆုံးနိုင်တဲ့ အင်ပါရီယာကျမ်းစာ ရှိနေတယ်လို့ ဆိုလိုတာလား” ကျောင်းဝူရှန်၏ နှလုံးသားများသည် လှုပ်ရှားသွားခဲ့၏။ စီနီယာ၌ ဤကျမ်းစာ ပိုင်ဆိုင်သည်ဆိုပါက သူ၏ မပြည့်စုံသည့်စာအုပ်သည် အဓိပ္ပာယ်မရှိလှချေ။ ထိုအရာကို အသုံးပြု၍ ကမ်းလှမ်းခြင်းသည် မသင့်တော်လှသည့် အရာပင် ဖြစ်သွားခဲ့၏။

“ခင်ဗျား ဘယ်လိုထင်လို့လဲ”

လီယွင်သည် အဓိပ္ပာယ်ပါပါဖြင့် ပြန်လည်ကာ မေးမြန်းလိုက်၏။ သူသည် မသေဆုံး နိုင်သည့် အင်ပါရီယာကျမ်းစာကို ကောက်ယူပြီးသည့်နောက် အသာပြောလိုက်သည်။ “ခင်ဗျား ဈေးနှုန်းကိုသာ တတ်နိုင်မယ်ဆိုရင် အင်ပါရီယာဝူရှန် ချန်ထားခဲ့တဲ့ အမွေအနှစ်တွေ ရရှိဖို့ ဖြစ်နိုင်တယ်။ ကျုပ်က ဖြစ်အောင် လုပ်ပေးလို့ရတယ်”

“တကယ်လား”

ကျောင်းဝူရှန်သည် အမှတ်မထင် မတ်တပ်ထရပ်လိုက်၏။ သူသည် ယုံကြည်ရန် ခက်ခဲလို့ နေခဲ့၏။ သူ၏လက်ထဲတွင် ရှိနေသည်မှာ မပြည့်စုံသည့် ကျမ်းစာသာဖြစ်၏။ သူသည် ပြည့်စုံသည် အင်ပါရီယာကျမ်းစာ၏ တန်ဖိုးကို ကောင်းကောင်းပိုမိုကာ နားလည်၏။ သူ့တွင် အင်ပါရီယာကျမ်းစာသာ ရှိနေသည်ဆိုပါက သူသည် နတ်နယ်မြေ သို့မဟုတ် ကြီးမားလှသည့် မိသားစုကြီး တစ်ခုကိုပင် ဖန်တီးတည်ဆောက်နိုင်သည် မဟုတ်ပါလား။

“ဒါပေမဲ့ ခင်ဗျား တက်နိုင်မှာ မဟုတ်ဘူး”

လီယွင်သည် ထိုသူ့ကို လှမ်းကြည့်ကာဖြင့် အပြင်ဘက် ကောင်းကင်ယံ ဆီသို့ လှမ်းကြည့်လိုက်၏။ ပြီးနောက် တည်ငြိမ်စွာ ပြောလိုက်တော့သည်။ “ခင်ဗျား ဒီကနေ ထွက်ပြေးဖို့အတွက် နာရီဝက် ကျန်သေးတယ်။ လွင့်မျောနှင်းနယ်မြေကို ဦးတည်ပြီးရင် မြောက်ဘက်စွန်းမှာရှိတဲ့ ရေခဲတည်နေရာထဲကို ဝင်လိုက်။ ခင်ဗျား တစ်ဘဝလုံး လွတ်မြောက်သွားနိုင်လိမ့်မယ်”

“မြောက်ဘက်စွန်းမှာရှိတဲ့ ရေခဲတည်နေရာ ဟုတ်လား” ကျောင်းဝူရှန်သည် အံ့အားသင့်သွား၏။ မြောက်ဘက် အစွန်းတွင် ရှိနေသည့် ရေခဲတည်နေရာသည် ကျယ်ပြောလှသည့် တည်နေရာကြီးတစ်ခုဖြစ်ပြီး များပြားလှသည့် နယ်မြေအသီးသီးတို့မှ အပိုင်စားရယူထားသည့် တည်နေရာလည်း ဖြစ်၏။ စီနီယာအနေနှင့် လွင့်မျောနှင်းနယ်မြေ ဟု သေသေချာချာ ပြောဆိုခဲ့သည် ဖြစ်သောကြောင့် ထိုအရာသည် နည်းလမ်းတစ်ခု ဖြစ်ရပေလိမ့်မည်။

မြောက်ဘက်အစွန်းပိုင်း ရေခဲတည်နေရာသည် နတ်ဆိုးကျင့်ကြံသူများအတွက် နတ်ဘုံနတ်နန်း တည်နေရာပင် ဖြစ်၏။ ရေတွက်လို့ မရအောင် များပြားလှသည့် နတ်ဆိုးဂိုဏ်းများသည် ဤနေရာတွင် တည်ရှိနေပြီး လမ်းမှန် ဂိုဏ်းနှင့် နတ်နယ်မြေများသည် လွယ်လွယ်ကူကူဖြင့် ဝင်ရောက်နိုင်သည့် နေရာမျိုး မဟုတ်ချေ။

ကောင်းကင်မကောင်းမှုစာရင်းတွင် ပါဝင်သည့် ရှစ်ဆယ်ရာခိုင်နှုန်းသောလူများသည် မြောက်ဘက်အစွန်း ရေခဲဒေသမှဖြစ်၏။ လူသားမျိုးနွယ်များနှင့် အကန့်အသတ် တည်ရှိနေပြီး တခြားသော မျိုးနွယ်များသည် ထိုနေရာဆီသို့ ဝင်ရောက်နေထိုင်ရန် ဆိုသည်မှာ မဖြစ်နိုင်ကြချေ။

“နှုတ်ဆက်ပါတယ် စီနီယာ” ကျောင်းဝူရှန်သည် တစ်ချက်ကလေးမှ တွန့်ဆုတ်မနေခဲ့ချေ။ ဦးညွတ်ပြီးသည့် အသာလှည့်ကာဖြင့် မြောက်ဘက်စွန်းရှိ ရေခဲတည်နေရာဆီသို့ ဦးတည်လိုက်တော့၏။ တစ်ချိန်တည်းမှာပဲ သူသည် စိတ်ကို ပြင်ဆင်လိုက်၏။ အနာဂတ်တွင် အခွင့်အရေးရသည်ဆိုပါက စီနီယာဆီသို့ ပြန်လည်ရောက်ရှိ လာပြီး မသေဆုံးနိုင်သည့် အင်ပါရီယာကျမ်းစာ၏ သတင်းအချက်အလက်များကို ဝယ်ယူချင်မိသေးသည်။

မပြည့်စုံသည့် နည်းစနစ်သည် အကန့်အသတ် တည်ရှိလို့ နေခဲ့၏။ ပြည့်စုံသည့်အရာကိုသာ ပိုင်ဆိုင်သည်ဆိုပါက သူ၏ တိုက်ခိုက်မှု စွမ်းရည်သည် အကန့်အသတ် မရှိတော့ချေ။ ပြည့်စုံသည် နည်းစနစ်ကို ကျင့်ကြံနိုင်သည်ဆိုပါက သူ၏ အားအင်အဆင့်သည် ပိုမိုကာ တိုးတက်သွားမည်ဆိုခြင်းမှာ ယုံမှားသံသယရှိစရာ မလိုချေ။

“ဟမ့်”

ကျောင်းဝူရှန် ထွက်ခွာသွားသည်ကို ကြည့်ရှုပြီးသည့်နောက် လီယွင်သည် သူ၏အကြည့်ကို ရုတ်သိမ်း လိုက်သည်။ လက်ထဲတွင် ရှိနေသည့် မသေဆုံးနိုင်သည့် အင်ပါရီယာ ကျမ်းစာကို ကြည့်ရှုရင်း အရှေ့တွင် အပိုင်း သုံးပိုင်း လိုအပ်လျက် ရှိနေ၏။ ထို့အပြင် တော်ဝင်သူတော်စင်၊ ကွာစီအင်ပါယာနှင့် တော်ဝင်အင်ပါယာ ဖြစ်နိုင်သည့် ကျမ်းစာ၏ အဆင့်များလည်း လိုအပ်လျက် ရှိနေ၏။ အဆင့်ခြောက်ခု လိုအပ်လျက် ရှိသည်ဟု ဆိုရမည်။ ဤနည်းစနစ်နှင့်ပတ်သက်သည့်အရာများကို လိုချင်သည်ဆိုပါက စနစ်ဆီမှ ကောင်းကင်လျှို့ဝှက် အမှတ် သုံးသိန်းငါးသောင်းနှင့် လဲလှယ်လိုက်ရုံသာ ရှိ၏။

ကျောင်းဝူရှန်သည် အရှေ့တွင်ရှိနေသည့် အပိုင်းသုံးပိုင်း မပါဝင်ဘဲနှင့် သူတော်စင်အဆင့်ဆီသို့ ရောက်အောင် ကျင့်ကြံနိုင်စွမ်းရှိ၏။ ကံကောင်းခြင်းပင် ဖြစ်ရပေမည်။

ကျောင်းဝူရှန် ထွက်ခွာသွားသည်မှာ နာရီဝက်လောက် ကြာမြင့်ပြီးသည့်နောက် တိုင်ချူးနတ်နယ်မြေဆီမှ သူတော်စင်အဆင့် အကြီးအကဲတစ်ယောက်သည် ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆီသို့ ဝင်ရောက်လာခဲ့သည်။

အသစ်ဝင်ရောက်လာသည့်လူကို မြင်ရသည့်နောက်မှာတော့ လီယွင်၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ဖြစ်တည် လာခဲ့၏။ တိုင်ချူးနတ်နယ်မြေမှလူများ ရောက်ရှိလာခဲ့၏။ သို့ပေမဲ့ ကျောင်းဝူရှန်သည် ထွက်ခွာသွားခဲ့သည်မှာ နာရီဝက်ခန့် ကြာမြင့်ပြီဖြစ်၏။ သတင်းအချက်အလက်ကို သူပြောမည် ဆိုလျှင်တောင် တစ်ဖက်လူများသည် မြောက်ဘက်စွန်းရှိ ရေခဲတည်နေရာသို့ လိုက်လံဖမ်းဆီးရန်ဆိုသည်မှာ မသေချာလှချေ။ သူ့အတွက်ကတော့ များများစားစား တွေးတောနေစရာ မလိုပေ။ သူသည် အမြတ်အစွန်း အနည်းငယ်လောက် ရရင် လုံလောက်ပြီ ဖြစ်၏။

“ဂျူနီယာ ကောင်းကင်လျှို့ဝှက်နန်းဆောင်ရဲ့ သခင်ကို လာပြီးတော့ ဂါရဝပြုပါတယ်”

တိုင်ချူးနတ်နယ်မြေမှ အကြီးအကဲသည် ကောင်းကင်လျှို့ဝှက်နန်းဆောင်ထဲသို့ ဝင်ရောက်လာခဲ့ပြီးသည့်နောက် လေးလေးစားစားဖြင့် ဦးညွတ်လိုက်သည်။

“ထိုင်ခုံမှာ ထိုင်ပါအုံး” လီယွင်သည် အနီးအနားရှိ ထိုင်ခုံကို လက်ညှိုးညွှန်လိုက်၏။

............

ရှုပ်ထွေးကြယ်ပင်လယ် - ပင်လယ်ဟု ခေါ်ဆိုသည်ဆိုသော်လည်း အချက်အလက်အားဖြင့် ကြယ်တာရာ ကောင်းကင်ကြီး တစ်ခုကဲ့သို့ပင် ကျယ်ပြောလှသည့် တည်နေရာဖြစ်၏။ ကြယ်အစိတ်အပိုင်းများသည် လောကကြီးအနှံ့တွင် တည်ရှိလျက် ရှိနေ၏။ ဤနေရာသည် တကယ်ကို ကြောက်မက်ဖွယ် ကောင်းလှသည့် တည်နေရာတစ်ခုဖြစ်သည်ဟု ဒဏ္ဍာရီထဲတွင် ရေးမှတ်ထားခဲ့ကြ၏။ ကြီးမားလှသည့် ကပ်ဘေးကြီးများနှင့် ကြုံဆုံနိုင်ပြီး များပြားလွန်းလှသည့် အမွေအနှစ်များကိုလည်း ဆက်ခံရယူနိုင်စွမ်းရှိသည်။

ဘာမှန်းမသိသည့် အကြောင်းအရာအတွက် ရှုပ်ထွေးကြယ်ပင်လယ်သည် ဆန်းကြယ်လှသည့် တည်နေရာကြီး တစ်ခု ဖြစ်လာခဲ့၏။ ဤနေရာ၌ အင်ပါယာတစ်ယောက် ဖြစ်လာရန်အတွက် အခွင့်အရေး တည်ရှိနေသည်ဟုလည်း ပြောဆို၏။ သို့ပေမဲ့ အင်ပါယာတစ်ယောက်ပင်လျှင် သေဆုံးသွားနိုင်သည် ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် တည်နေရာများလည်း တည်ရှိနေပြန်၏။

အင်ပါရီယာလင်းကလန်နှင့် ဖီးနစ်ကလန်တို့သည် အတိတ်တုန်းက ရှုပ်ထွေးကြယ်ပင်လယ်ဆီသို့ သွားရောက်ပြီး ဉာဏ်အလင်းရကာ အင်ပါယာ ဖြစ်ခဲ့သူများဖြစ်၏။ ပြောရမည်ဆိုလျှင် ရှုပ်ထွေးကြယ်ပင်လယ် ဆိုသည်မှာ အလွန် ဆန်းကြယ်လှသည့် နေရာဟု သတ်မှတ်နိုင်သည်။

ကွာစီအင်ပါယာ၏ ထိပ်ဆုံးအဆင့်သို့ ရောက်ရှိနေသည့် ကွာစီအင်ပါယာ တော်တော်များများတို့သည် ရှုပ်ထွေးကြယ်ပင်လယ်၏ အတွင်းပိုင်းဆီသို့ ဝင်ရောက်ပြီးသည့်နောက် အင်ပါယာဖြစ်ရန် အခွင့်အရေး လမ်းစဉ်ကို ရှာဖွေခဲ့၏။ သို့ပေမဲ့ နှစ်ပေါင်းများစွာ ကြာမြင့်ပြီးသည့်နောက် ရေတွက်လို့မရအောင် များပြားလှသည့် ကွာစီ အင်ပါယာများသည် ဝင်ရောက်သွားသူများသာရှိပြီး ပြန်ထွက်လာသူမှာ အနည်းငယ်သာလျှင်ရှိ၏။

သတင်းအချက်အလက်များအရ ရှုပ်ထွေးကြယ်ပင်လယ်ထဲတွင် ရှုပ်ထွေးလှသည့် တည်နေရာများ တည်ရှိပြီး ကွာစီ အင်ပါယာတစ်ယောက် ဝင်သွားသည်ဆိုပါက သတိမပြုမိသည်ဆိုလျှင် လမ်းပျောက်ကာ တစ်ခါတည်း သေဆုံး နိုင်၏။ ပြန်လည်ထွက်ခွာနိုင်မည့်လမ်းကို ရှာဖွေ မတွေ့ရှိနိုင်ချေ။

ယနေ့အချိန်မှာတော့ ရေတွက်လို့မရအောင် များပြားလှသည့် နှစ်များအတွင်းတွင် ရှုပ်ထွေးကြယ်ပင်လယ် အတွင်းတွင် ပြောင်းလဲမှုတစ်ခုက ဖြစ်ပေါ်လာခဲ့၏။ အကန့်အသတ်မဲ့ များပြားပြီး နက်မှောင်လှသည့် တည်နေရာကြီးထဲတွင် အလင်းတန်းတစ်ခုက ရုတ်တရက် ဖြစ်တည်လာခဲ့၏။ ပြီးနောက် လူငယ်တစ်ယောက်၏ ပုံပန်းသွင်ပြင်သည် တဖြည်းဖြည်း ပေါ်ပေါက်လာခဲ့၏။

All Chapters