← Chapters

အခန်း (၂၂၁)

Vol. 15 Ch. 221

အခန်း (၂၂၁)

Vol. 15 Ch. 221

"လင်းရှောင် ဟုတ်လား"

ထိုစကားလုံးကို ကြားမိသည့် အချိန်မှာတော့ လူပေါင်းများစွာတို့သည် သက်ပြင်းချလိုက်မိကြ၏။ ဤနာမည်သည် ကျင့်ကြံခြင်းလောကတွင် လူသိများလှသည့် နာမည်တစ်ခုဖြစ်၏။ ရောင်စဉ်အလင်းနတ်နယ်မြေ၏ ဘိုးဘေးကြီးလည်း ဖြစ်သောကြောင့်ပင်။

လင်းရှောင်သည် သိုသိုသိပ်သိပ် နေထိုင်တတ်သော်လည်း ရောင်စဉ်အလင်းနတ်နယ်မြေမှာတော့ ထိုသို့ မဟုတ်ချေ။ အတိတ်တုန်းက လင်းရှောင်၏ ဒဏ္ဍာရီလာ အကြောင်းအရာများသည် တစ်လောကလုံးကို ပြန့်နှံ့ခဲ့ပြီးပြီ ဖြစ်၏။ သူသည် အသက်ခုနှစ် တွင် စတင်ကာ ကျင့်ကြံခဲ့ခြင်း ဖြစ်ပြီး အသက်ရှစ်နှစ်မှာတော့ ခန္ဓာကိုယ် သန့်စင်ခြင်းကို ပြည့်စုံခဲ့၏။ အသက်ဆယ်နှစ်တွင် အသက်သွေးစွမ်းအင်၏ ထိပ်ဆုံးကို ရောက်ရှိခဲ့ပြီး နတ်ဘုရားစွမ်းအင်အဆင့်သို့ လှမ်းတက်ခဲ့၏။

များပြားလှသည့် ပါရမီရှင်များနှင့် နှိုင်းယှဉ်မည် ဆိုလျှင်တောင်မှ တကယ့်ကို ထူးချွန်သည့် လူဟု သတ်မှတ်နိုင်၏။ ကျိန်းသေပေါက် ပထမ မဟုတ်လျှင်တောင်မှ ဒုတိယနေရာတွင် တည်ရှိနေသူဟု သတ်မှတ်နိုင်သည်။

ပထမမှာတော့ သူတို့သည် တွေးပင်မတွေးရဲချေ။ ပထမမှာတော့ ထူးချွန်လွန်းလှချေ၏။ ကျင့်ကြံခြင်းနှင့် ပတ်သက်လျှင် သာမန်ထက်ပိုသည့် နားလည်မှုကို ပိုင်ဆိုင်၏။ ထိုကဲ့သို့သော ပါရမီရှင်ကို အင်ပါယာတစ်ယောက် ဖြစ်လာမည့်သူဟု သတ်မှတ်နိုင်၏။

လင်းရှောင်သည် ထိုကဲ့သို့သော ယုံကြည်မှုမျိုးနှင့် မွေးဖွားလာသူဟုလည်း သတ်မှတ်နိုင်၏။ ၎င်းသည် အဆင့်တူတွင် ရှိနေသည့် သူ၏ပြိုင်ဖက်များ အားလုံးကို အနိုင်ယူနိုင်၏။ ပြီးသည့်နောက် ကွာစီအင်ပါယာ အဆင့်ဆီသို့ တက်လှမ်းနိုင်ခဲ့၏။ သို့သော်လည်း အချိန်ကာလ တစ်ခုထိ ဆုံးစမြုပ်သွားခဲ့သည်။ ရှုပ်ထွေးကြယ်ပင်လယ်သို့ ဝင်ရောက်သွားခဲ့သည် ဆိုသော သတင်းသာ ကြားခဲ့ကြရသည်။

ယခု ရှုပ်ထွေးကြယ်ပင်လယ်ထဲမှ ထွက်ခွာလာခဲ့ခြင်းမှာ ရောင်စဉ်အလင်းနတ်နယ်မြေ ဖျက်ဆီခံခဲ့ရခြင်းကြောင့် ဖြစ်ပေလိမ့်မည်။

"အင်း နှစ်ပေါင်းများစွာ ကြာပြီးတဲ့နောက်မှာ လင်းရှောင်က ကွာစီအင်ပါဟာ ထိပ်ဆုံးအဆင့်ကို တက်လှမ်းနိုင်သွားပြီနဲ့ တူတယ်" တစ်စုံတစ်ယောက်သည် ဝင်ရောက်ကာ ပြောဆိုလိုက်၏။

"ပြီးတော့ သူက တော်ဝင်အင်ပါယာ ဖြစ်သွားမယ်ဆိုရင်တောင် ကျုပ်ယုံကြည်တယ်" သက်လတ်ပိုင်း လူတစ်ယောက်သည် လင်းရှောင် ထွက်ခွာသွားသည့်ဖက်ကို ကြည့်ရှုပြီးနောက် ပြောလိုက်၏။ လင်းရှောင်သည် သိုသိုသိပ်သိပ်နှင့် နေထိုင်ခဲ့သည်။ အစောက မည်သည့်အော်ရာမှ ထုတ်ဖော်မပြခဲ့ချေ။ ထိုကြောင့် မည်မျှ တိုးတက်လာသည်ကို သေချာမသိချေ။ သေချာသည်မှာ အင်ပါယာမဟုတ်လျှင်တောင်မှ ထိုနှင့် မဝေးလောက်သော …. ခြေတစ်လှမ်းအကွာလောက်တော့ ရောက်ရှိနေနိုင်သည်။

"လင်းရှောင် ပေါ်ပေါက်လာချိန်မှာတော့ တစ်စုံတစ်ယောက်တော့ ဒုက္ခများတော့မယ်။" အဘိုးအိုတစ်ယောက် သည် မုတ်ဆိတ်ကို ပွတ်သပ်ကာ ပြောလိုက်၏။ သူသည် နတ်နယ်မြေတစ်ခု၏ အကြီးအကဲတစ်ယောက် ဖြစ်၏။ ရောင်စဉ်အလင်းနတ်နတ်နယ်မြေ ပျက်ဆီးသွားခြင်း အကြောင်းကို သာမန်လူများထက် သူက ပိုမိုကာ သိရှိ၏။ လင်းရှောင် ပေါ်ပေါက်လာပြီးနောက် ဘာလုပ်မည် ဆိုသည်ကို သူက သေချာ သိလို့နေ၏။

"တာအိုရောင်ရင်း ဆိုလိုတာက လင်းရှောင်က ငရဲကိုးကောင် နတ်ဆိုးဂိုဏ်းကို သွားပြီးတော့ ပြဿနာ ရှာတော့မှာလား" တစ်စုံတစ်ယောက်က အဓိပ္ပာယ်ပါပါ မေးခွန်းထုတ်လိုက်သည်။

"သိပ်မှန်တာပေါ့" အဘိုးအိုသည် ပြောဆိုလိုက်သည့်လူကို ကြည့်ကာဖြင့် ပြောလိုက်၏။

"ကျုပ်သိသလောက်ဆိုရင် ငရဲကိုးကောင် နတ်ဆိုးဂိုဏ်းကို တာဝန်ယူထားတာက မုန့်ရှင်းကျီလေ။ အားအင်အဆင့်အရ ပြောရရင် လင်းရှောင်ထက် ဘယ်လိုမှ အားမနည်းဘူး။ လင်းရှောင်နဲ့ ယှဉ်လို့ မရဘူးဆိုရင်တောင်မှ တစ်ဖက်လူက နှစ်ပေါင်းများစွာ နေထိုင်ခဲ့တဲ့ မွန်းစတားအိုကြီးလေ။ ပြီးတော့ ရောင်စဉ်အလင်းနတ်နယ်မြေရဲ့ အင်ပါယာလက်နက်ကို ယူဆောင်သွားသေးတယ်လေ" တစ်စုံတစ်ယောက်သည် ဝင်ကာ ပြောဆိုလိုက်သည်။

ကွာစီအင်ပါယာ ဆိုသည်မှာ ခန့်မှန်း၍မရအောင် အားကောင်းသည်မှာ သံသယရှိစရာ မလိုချေ။ အင်ပါရီယန် လက်နက်၏ ထောက်ပံ့မှုသာ မရှိပါက ကွာစီအင်ပါယာ တစ်ယောက်ကို အနိုင်ယူနိုင်လိမ့်မည် မဟုတ်ချေ။

"အင်း … စောင့်ကြည့်ကြရတော့မှာပေါ့" သူတော်စင်အိုကြီး တစ်ယောက်သည် ဖြည်းညှင်းစွာ ပြောဆိုလိုက်၏။

ရှုပ်ထွေးကြယ်ပင်လယ်မှ လင်းရှောင် ပြန်လည်ထွက်ပေါ်လာသည်ဆိုသည် သတင်းသည် တစ်လောကလုံးသို့ ပျံ့နှံ့သွားပြန်၏။ ဂိုဏ်းအသီးသီးတွင် ရှိနေသည့် ခေါင်းဆောင်များသည် သတင်းအချက်အလက်ကို အရင်ဆုံး ရရှိခဲ့သည်။ အားလုံးသောသူများသည် စိတ်ဝင်တစား ဖြစ်လို့လာခဲ့သည်။

လောကကြီးထဲတွင် လင်းရှောင်ပျောက်ကွယ်သွားခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီ ဖြစ်၏။ ရုတ်တရက် ပြန်လည်ပေါ်ပေါက်လာခဲ့ခြင်းသည် အားလုံး​သောသူတို့ကို အံ့အားသင့်စေခဲ့၏။

သူ၏ ဂျူနီယာများသတင်းနှင့် ပတ်သက်၍ လင်းရှောင်းသည် ကြိုတင် သိရှိမည်၊ မသိရှိမည်ကို ခန့်မှန်း၍မရနိုင်ချေ။ သို့ပေမဲ့ ဂိုဏ်းသို့ ပြန်ရောက်ချိန်မှာတော့ အားလုံး သိရှိမှာ သေချာသည်။ထိုအချိန်တွင် ကွာစီအင်ပါဟာတစ်ယောက်၏ ဒေါသကို မည်သူမှ ထိန်းနိုင်လိမ့်မည် မဟုတ်ချေ။

ထိုအတောအတွင်း သန်းနှင့်ချီသော အကွာအဝေးရှိ ရောင်စဉ်အလင်းနတ်နယ်မြေမှာတော့ လောကကြီးတစ်ခုလုံး ပြိုလဲလျက် ရှိနေ၏။ တောင်များပင် ပြိုလဲလျက် ရှိနေပြီး မြေပေါ်ရှိ အက်ကွဲကြောင်းများသည် နေရာအနှံ့သို့ ပျံ့နှံ့နေ၏။ အချိန်ကာလပေါင်းများစွာ ကြာမြင့်သွားသည် ဆိုသော်လည်း ဤနေရာတွင် အင်ပါရီယာ လက်နက်တစ်ခု တည်ရှိခဲ့သည်ဆိုသော အရိပ်အယောင်မျိုးကတော့ ဇွဲကောင်းကောင်း ဖြင့် ကျန်ရှိနေသေး၏။

စုတ်ပျက်လျက် ရှိနေသည့် အဝတ်အစားများနှင့် လူတစ်ယောက်သည် တောက်ပလျက် ရှိနေသော နေရာထဲမှ ထွက်လာခဲ့၏။ သူ၏ ခြေလှမ်း တစ်လှမ်းချင်းစီတိုင်းသည် လေးလံလျက် ရှိနေ၏။ ရောင်စဉ်အလင်းတန်း နတ်နယ်မြေသို့ ချဉ်းကပ်လာခဲ့ပြီးသည့်နောက် သူ၏​ခြေလှမ်းများသည် ပိုမိုကာ လေးလံလာခဲ့၏။

အထဲသို့ မဝင်သေးဘဲ အပြင်ဖက်တွင် ရပ်ပြီး ရောင်စဉ်အလင်းနတ်နယ်မြေထဲ၌ ကျန်ရှိနေသော ကြီးမားလှသည့် လက်ဝါးရာကြီးကို ကြည့်ရှုလိုက်၏။ အားလုံးသည် အပျက်အစီးများအဖြစ် ပြောင်းလဲသွားခဲ့ပြီ ဖြစ်၏။ ရောင်စဉ်အလင်းနတ်နယ်မြေသည် သမိုင်းထဲတွင် ကျန်ရှိသော အရာအဖြစ် ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။

လင်းရှောင်သည် အစီအရင်၏ ရှေ့တွင် ရုပ်ထုကဲ့သို့ မှတ်မှတ်ရပ်နေပြီး မလှုပ်ရှားခဲ့ချေ။ သူ၏မျက်နှာထက်တွင် မည်သည့်ဝမ်းနည်းမှုမှ မရှိဘဲ ရိုးရှင်းသည့် မျက်နှာသွင်ပြင်သာလျှင် တည်ရှိနေ၏။ အချိန်အတော်ကြာပြီးနောက် သူသည် လက်ကို လေဟာနယ်ထဲသို့ လှမ်းလိုက်၏။

သူတော်စင်အဆင့် ကျင့်ကြံသူတစ်ယောက်သည် လင်းရှောင်၏ ဖမ်းဆီးခြင်းကို ခံလိုက်ရသည်။

"စီနီယာလင်းရှောင် ရောင်စဉ်အလင်းနတ်နယ်မြေကိစ္စက ကျုပ်တို့ ကောင်းကင်ဆန်းကြယ်ဓားဂိုဏ်းနဲ့ လုံးဝမသက်ဆိုင်ပါဘူး။ ကျုပ်က ကောင်းကင်ဆန်းကြယ်ဓားဂိုဏ်းရဲ့ အကြီးအကဲတစ်ယောက်ပါ ။ အတိတ်တုန်းက ရောင်စဉ်အလင်းနတ်နယ်မြေနဲ့ ဆက်ဆံရေးကောင်းကို ပိုင်ဆိုင်ခဲ့တယ်လေ။ ကျုပ်က ကောင်းကင်ဆန်းကြယ် ဓားဂိုဏ်းဆိုတဲ့ အမည်နဲ့ ကျုပ်အသက်ကို ခွင့်လွှတ်ပေးဖို့ စီနီယာ့ကို တောင်းဆိုချင်ပါတယ်"

ကောင်းကင်ဆန်းကြယ်ဓားဂိုဏ်း၏ အကြီးအကဲသည် အလွန်ကြောက်လန့်လျက် ရှိနေ၏။ သူကတွေးလိုက်၏။ ငါဒီကိုလာပြီးတော့ ပွဲကြည့်တာ ဘယ်လိုဖြစ်ပြီး အဖမ်းခံရတာလဲ။

ရောင်စဉ်အလင်းနတ်နယ်မြေ ဖျက်ဆီးခံရမှုကို လက်မခံချင်သော လင်းရှောင်ကြောင့်ပင် ဖြစ်ရပေလိမ့်မည်။ ထိုသူသည် ရူးသွပ်ပြီး လောကကြီးတစ်ခုလုံးကို ဖျက်ဆီးရန် ရည်ရွယ်ထားသည်လား။ မဖြစ်နိုင်ချေ။ ကွာစီအင်ပါယာတစ်ယောက် ရူးသွပ်သွားလျှင်တောင်မှ လူတော်တော်များများသည် ထိန်းချုပ်နိုင်စွမ်းရှိ၏။ အနည်းဆုံး သူနှင့်အဆင့်တူ နှစ်ယောက်သုံးယောက်လောက် ဝိုင်းဝန်းတိုက်ခိုက်ကာ ဟန့်တားထားနိုင်သည်။

"ဘာတွေဖြစ်ခဲ့လဲဆိုတာ ကျုပ်ကိုပြောစမ်း" လင်းရှောင်သည် မေးမြန်းလိုက်၏။ သူ၏အသံသည် အားပျော့လှသော်လည်း ငြင်းဆန်၍မရသည့် အော်ရာများ ပါဝင်လျက် ရှိနေ၏။

"စီနီယာ .. ကျုပ် အရာအားလုံးကို ဖုံးကွယ်မထားပါဘူး။ ရောင်စဉ်အလင်းနတ်နယ်မြေ ဆီ ကောင်းကင်နတ်ဆိုးနန်းတော်က သူလျိုတစ်ယောက် လွှတ်လိုက်တဲ့ အချိန်ကနေ ပြဿနာ စခဲ့တာပဲ။ အဲသူလျှိုက ရောင်စဉ်အလင်းနတ်နယ်မြေရဲ့ အရှင်ဖြစ်ခဲ့တယ်"

ကောင်းကင်ဆန်းကြယ်ဓားဂိုဏ်း၏ လူသည် မြန်မြန်ဆန်ဆန်ပဲ ပြောဆိုလိုက်၏။ သူ၏ မျက်နှာတစ်ခုလုံးသည်လည်း ဖြူလျော်လျက် ရှိနေသည်။

"ရောင်စဉ်အလင်းနတ်အရှင်က ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင်ဆီကနေ ကံကြမ္မာဖတ်တဲ့နည်းစနစ်ကို ရယူချင်တယ်။ အဲတာကြောင့် ပြဿနာတက်တယ်လို့ ပြောရင် ပိုမှန်လိမ့်မယ်"

All Chapters