အခန်း (၂၂၃)
Vol. 15 Ch. 223
လင်းရှောင် တစ်ယောက် ကြက်သွေးရောင်မီးတောက် နတ်နယ်မြေဆီ ဦးတည်သွားနေတုန်းမှာပဲ လီယွင်သည် လှုပ်ကုလားထိုင်ပေါ်တွင် အသာထိုင်ကာဖြင့် ရှေးစာအုပ်တစ်အုပ်ကို ကိုင်ကာ အသာဖတ်ရှုလျက် ရှိနေသည်။ ထိုစာအုပ်၏ မျက်နှာဖုံးတွင် ကြီးမားလှသည့် စာတန်းကြီး ရေးထိုးထား၏။ ထိုစာတန်းသည် ကြက်သွေးရောင်မီးတောက် ရှေးအင်ပါယာဟူ၍ ဖြစ်လေ၏။
"ကြက်သွေးရောင်မီးတောက် ရှေးအင်ပါယာက ငါသိတဲ့လူနဲ့ နှိုင်းယှဉ်မယ်ဆိုရင် ဘယ်လိုနေမလဲဆိုတာ သိချင်တယ်။ နှစ်ယောက်လုံးက မီးနဲ့ဆော့ကစားရတာ ကြိုက်နှစ်သက်တယ်ဆိုတော့ ကွာခြားချက်က သိပ်ရှိမှာ မဟုတ်ဘူး" လီယွင်သည် သူဖတ်ရှုပြီးသမျှ အကြောင်းအရာများကို ပြန်လည်ကာ သုံးသပ် နေမိသည်။
ထိုအချိန်မှာပဲ အနားသို့ ချဉ်းကပ်လာသည့် ခြေသံကို သူက ကြားလိုက်၏။ ခရမ်းရောင်ဝတ်စုံကို ဝတ်ဆင် ထားသည့် လူတစ်ယောက်သည် ရှေ့ဆီသို့ လှမ်းလျှောက်လာ၏။ ၎င်း၏ မျက်ခုံးမွေးများသည် တကယ်ပင် ထက်ရှလှသည့် အော်ရာများကို ထုတ်ဖော်လျက် ရှိနေပြီး ဓားအော်ရာများနှင့် တူညီ၏။ သူသည် ရှေ့ဆီသို့ လှမ်းလျှောက်ဝင်လာ၏။ လီယွင်ဆီသို့ လှမ်းကြည့်လိုက်သည့် အချိန်မှာပဲ ၎င်း၏ မျက်လုံးများသည် လင်းလက်သွား၏။
ထိုသူက လေးလေးစားစား ပြောလိုက်သည်။ "ဂျူနီယာ ရမ်ချင်းတုက စီနီယာကို ဂါရဝပြုပါတယ်"
"ဟမ်"
အသံကို ကြားရသည့်အချိန်မှာတော့ လီယွင်သည် ငုတ်တုတ်ထထိုင်လိုက်၏။ ရမ်ချင်းတု ဖြစ်ကြောင်း မြင်လိုက်ရသည့် အချိန်မှာတော့ သူ၏ နှုတ်ခမ်းများသည် အနည်းငယ် ကော့တက်သွားခဲ့၏။ တခြားသော တစ်စုံတစ်ယောက် ဖြစ်မည်ဟု သူက ထင်မှတ်ခဲ့၏။ သို့ပေမဲ့ တော်ဝင်ဓားဂိုဏ်းမှ လူတစ်ယောက် ဖြစ်လို့နေခဲ့၏။
ဤလူသည် တကယ့်ကို အနည်းငယ် မယုံကြည်ရသည့် လူတစ်ယောက်ပင်။ သူတော်စင် တစ်ယောက် ဖြစ်ပြီးသည့်နောက် များပြားလှသည့် အရင်းအမြစ်များကို ယူကာ လာခဲ့မည်ဟု ကတိပြုခဲ့သည် ဆိုသော်လည်း တစ်ခါမှ ပြန်မလာခဲ့ချေ။ ထို့အပြင် ၎င်းသည် ပြုမူဆောင်ရွက်ပုံ၊ စီးပွားရေးလုပ်ပုံများ၌ ယန်ရှိုလောက်ပင် ရက်ရောလှသူ မဟုတ်ပေ။
ကံဆိုးစွာဖြင့် ယန်ရှိုသည် တစ်ဖက်လူ၏ လှည့်ကွက်ထဲ ပိတ်မိပြီး အချိန်အနည်းငယ် ကြာမှ ပြန်လည် ထွက်ခွာလာနိုင်ခဲ့၏။ ထိုအကြောင်းကိုစဉ်းစားကြည့်ပြီးနောက် လီယွင်သည် အနည်းငယ် နောင်တရသလို ခံစားနေမိ၏။ သူသည် ယန်ရှိုကို ခြေလှမ်းအနည်းငယ် လွှဲမှားအောင် ပြုလုပ်ခဲ့၏။
လမ်းမှန်ကျင့်ကြံသည့် လူများသည် ဂုဏ်သိက္ခာတရားကို ဂရုစိုက်ကြ၏။ အထူးသဖြင့် သတင်း အချက်အလက်များကို ဝယ်ယူသည့်နေရာတွင် ၎င်းတို့၏ ဂုဏ်သိက္ခာများကိုလည်း အစဉ်အမြဲ ထည့်သွင်းကာ စဉ်းစားတတ်ကြ၏။ သို့ပေမဲ့ နတ်ဆိုးကျင့်ကြံသူများမှာတော့ ထိုသို့ မဟုတ်ကြချေ။ သတင်းအချက်အလက် များကို သိရဖို့ ဘာကိုမှ ဂရုမစိုက်ဘဲ ပေးစရာရှိသည်ကို ထုတ်ပေးတတ်ကြသည်။
"ထိုင်အုံး"
လီယွင်သည် ဘေးတစ်ဖက်တွင် ရှိနေသည့် ထိုင်ခုံဆီသို့ လက်ညှိုးညွှန်ပြကာဖြင့် အမှတ်မထင် ပြောလိုက်၏။ "ခင်ဗျား ဒီနေ့ ကောင်းကင်လျှို့ဝှက်နန်းဆောင်ကို လာတယ်ဆိုတာ ကျုပ်ဆီက သတင်း အချက်အလက်တွေ ဝယ်ယူဖို့ပဲ ဖြစ်လိမ့်မယ်။ ဒါက တော်ဝင်သူတော်စင် အသစ်နှစ်ယောက်အကြောင်းကိစ္စ များလား"
"အမ်"
ရမ်ချင်းတုသည် သူသည် မထိုင်ရသေးချေ။ သူ၏ လှုပ်ရှားမှုများ အားလုံးသည် အေးခဲသွားခဲ့၏။ စီနီယာသည် သူ၏ အရာအားလုံးကို ကြိုတင်ကာ သိမြင်နေပြန်ပြီလား။
အစစ်အမှန် ဖြစ်၏။ တော်ဝင်ဓားဂိုဏ်းမှ သူတော်စင်ဘုရင်နှစ်ယောက်တို့သည် တော်ဝင် သူတော်စင်များ ဖြစ်လာခဲ့၏။ ဤသတင်းအချက်အလက်သည် ဂိုဏ်း၏ ထိပ်တန်းလျှို့ဝှက်ချက်ပင် ဖြစ်လေ၏။
တော်ဝင်သူတော်စင်တစ်ယောက်ဆိုသည်မှာ ဂိုဏ်း၏အခြေခံကို ဖော်ညွှန်းသည် မဟုတ်ပါလား။ ထို့ကြောင့် လျှို့ဝှက်ချက်အဖြစ် ထားရှိထား၏။ တော်ဝင်သူတော်စင်များအနေဖြင့် ထူးခြားလှသည့် လျှို့ဝှက်နယ်မြေများ သို့မဟုတ် ကောင်းချီးပေးခံထားရသည့် လှိုဏ်ဂူများထဲတွင် အဆင့်ချိုးဖြတ်မှုများကို ပြုလုပ်တတ် ကြသည်။ ဂိုဏ်းထဲ၌ တော်ဝင်သူတော်စင် ရှိသည်ကို တခြားသူများ မသိအောင် ဖုံးကွယ်ထားချင်သောကြောင့်ပင်။
"ပြောရမယ်ဆိုရင် ဂျူနီယာ ဒီနေ့လာခဲ့တာက စီနီယာကို ကျေးဇူးတင်ကြောင်း ဖော်ညွှန်းပြသတာပါ"
သူသည် ထိုင်ပင် မထိုင်ရသေးချေ။ သို့ပေမဲ့ ရမ်ချင်းတုသည် ထိုင်ရန် မစဉ်းစားခဲ့ချေ။ လီယွင်ဆီသို့ အသာ လျှောက်လာပြီးသည့်နောက် သိုလှောင်လက်စွပ် တစ်ကွင်းကို အသာကမ်းပေးလိုက်၏။ "စီနီယာရဲ့ ကောင်းကင်လျှို့ဝှက်ချက်တွေကို တွက်ချက်ပေးနိုင်တဲ့ စွမ်းရည်နဲ့ ကူညီမှုသာ မရှိဘူးဆိုရင် တော်ဝင်ဓားဂိုဏ်းက မျက်စိတမှိတ်အတွင်း ပျောက်ကွယ်သွားမှာတောင် စိုးရတယ်လေ"
ရမ်ချင်းတုက လေးလေးနက်နက် ပြောလိုက်သည်။
ဤစကားလုံးများသည် အမှန်ပင် နှလုံးသားထဲမှ ပြောနေသည့် စကားများသာဖြစ်၏။ ကောင်းကင်လျှို့ဝှက် နန်းဆောင်ဆီမှ သတင်းအချက်အလက်များသာ မရှိဘူးဆိုပါက သူတို့သည် လက်ရှိ အခြေအနေတွင် အေးအေးသက်သာ နေနိုင်လိမ့်မည် မဟုတ်ချေ။ ဂိုဏ်းကို ထောက်ပံ့ပေးထားသည့် ထောက်တိုင်တစ်ခု မရှိဘူးဆိုပါက ဂိုဏ်းသည် မလုံခြုံဟု ခံစားရမည် မဟုတ်ပါလား။
သို့ပေမဲ့ အရာအားလုံးသည် လက်ရှိအချိန်၌ ပြောင်းလဲလို့ သွားခဲ့၏။ နန်းတော်သခင်ဆီမှ သတင်းအချက်အလက်နှင့်အတူ တိကျသည့် အနာဂတ်ခန့်မှန်းမှုများကြောင့် သူတို့သည် ဖန်တီးခြင်း လျှို့ဝှက်နယ်မြေထဲမှ တော်ဝင်သူတော်စင်အဆင့် ဆေးပင်၏ ဝေစုကို ရရှိခဲ့၏။ ထို့အပြင် ၎င်းတို့သည် ရွှေကျီးကန်းကလန်မှ ဒုတိယမင်းသားကိုလည်း ကြီးကြီးမားမား ထိခိုက်ဒဏ်ရာရအောင် အားအင်စိုက်ထုတ်မှု ကင်းစွာဖြင့် ပြုလုပ်နိုင်ခဲ့သေး၏။ ဤအရာသည် တော်ဝင်ဓားဂိုဏ်း၏ ကြီးမားလှသည့် ဂုဏ်သိက္ခာတရားသာ ဖြစ်လေ၏။
ယခု တော်ဝင်သူတော်စင် နှစ်ယောက် ထပ်မံ ပိုင်ဆိုင်လာခဲ့ပြီ ဖြစ်သောကြောင့် ရွှေကျီးကန်းကလန် အနေဖြင့် အမှတ်တမဲ့ဖြင့် အဆင်ခြင်မဲ့ ပြုလုပ်ရဲလိမ့်မည် မဟုတ်ချေ။ အထူးသဖြင့် ဒုတိယမင်းသားသည် သေဆုံး မသွားခဲ့သောကြောင့်ပင်။ နတ်အဆင့် ကျင့်ကြံသူနှစ်ယောက်သာ ဆုံးရှုံးခဲ့ရ၏။ သို့ပေမဲ့ နတ်အဆင့် ကျင့်ကြံသူ နှစ်ယောက်အတွက် တော်ဝင်ဓားဂိုဏ်းနှင့် ကြီးမားလှသည့် တိုက်ပွဲကြီးကို ပြုလုပ်မည်ဆိုလျှင် ဘာတွေ ဖြစ်လာမလား ဆိုသည်ကို သေသေချာချာ စဉ်းစားရန် လိုအပ်သည် မဟုတ်ပါလား။
"အင်း"
လီယွင်သည် ခပ်တည်တည်ဖြင့် ပြန်လည်ကာ တုံ့ပြန်လိုက်၏။ သူသည် သိုလှောင်လက်စွပ်ကို အသာလှမ်းယူပြီး အထဲသို့ လှမ်းကာ ကြည့်ရှုလိုက်၏။ သူတော်စင်အဆင့် ပစ္စည်းငါးမျိုးကို မြင်ရသည့် အချိန်မှာတော့ သူ၏ စိတ်အခြေအနေသည် ပြန်လည်ကာ တိုးတက်လာခဲ့၏။
တော်ဝင်ဓားဂိုဏ်းသည် အနည်းငယ်တော့ အသိအမြင် ရှိသည်ဟု ပြောဆိုရမည်။ သူတော်စင်အဆင့် ပစ္စည်း ငါးမျိုးကို ပေးခြင်းဆိုသည်မှာ အမှန်ပင် ရက်ရောလွန်းလှ၏။ ထို့အပြင် လက်ရှိ တော်ဝင်ဓားဂိုဏ်း၏ အခြေခံအရဆိုလျှင် ထိပ်တန်းအရာများဟုလည်း သုံးသပ်လို့ ရနိုင်သည်။
လီယွင် သိုလှောင်လက်စွပ်ကို လက်ခံလိုက်သည့် အချိန်မှာတော့ ရမ်ချင်းတုသည် စိတ်သက်သာရာ ရသလို သက်ပြင်းချလိုက်မိ၏။ သူသည် ရည်ရွယ်ချက်ရှိရှိဖြင့် မေးမြန်းလိုက်၏။ "လင်းရှောင် တစ်ယောက် ပြန်လာပြီ ဆိုတာကို စီနီယာ သိလား"
"လင်းရှောင် ဟုတ်လား"
လီယွင်သည် မျက်မှောင်ကုတ်လိုက်၏။ ခဏလောက် စဉ်းစားပြီးသည့်နောက် ပြန်လည်ကာ မှတ်မိသွားခဲ့၏။ ဤလူသည် ရောင်စဉ်အလင်း နတ်နယ်မြေဆီမှ ဘိုးဘေးကြီးတစ်ယောက် ဖြစ်၏။ ကွာစီအင်ပါယာအဆင့် အားအင်ကို ပိုင်ဆိုင်ပြီး လောကကြီးထဲသို့ လီယွင် ရောက်ရှိလာပြီးသည့်နောက် ပထမဆုံး သိရှိသည့် ကွာစီအင်ပါယာ တစ်ယောက်လည်း ဖြစ်၏။ ထို့ကြောင့် သူသည် နာမည်ကို မှတ်မိလို့သွားခဲ့သည်။
"အင်း… သိတာပေါ့" လီယွင်က ခေါင်းညိတ်လိုက်၏။
"စီနီယာ"
ရမ်ချင်းတုသည် ခဏလောက် စဉ်းစားပြီးသည့်နောက် အသာပင် မေးမြန်းလိုက်သည်။ "ဂျူနီယာ အနေနဲ့ ဘိုးဘေးကြီး နှစ်ယောက်ကို ဆင့်ခေါ်ဖို့ လိုအပ်တယ် ထင်လား"
ရောင်စဉ်အလင်း နတ်နယ်မြေနှင့် ကောင်းကင်လျှို့ဝှက်နန်းဆောင်တို့အကြား ပဋိပက္ခ တည်ရှိသည် ဖြစ်ကြောင်းကို သာမန် ဗဟုသုတနှင့်ပင် သိရှိနိုင်၏။ ရောင်စဉ်အလင်း နတ်နယ်မြေ ပျောက်ကွယ်သွားသည့် နောက်ကွယ်တွင် ကောင်းကင်လျှို့ဝှက်နန်းဆောင် ဖန်တီးပြုလုပ်သည် ဖြစ်ကြောင်းလည်း အားလုံးက သိရှိပြီးဖြစ်၏။
လင်းရှောင် တစ်ယောက် ကောင်းကင်လျှို့ဝှက်နန်းဆောင်ကို လာရောက်ကာ ပြဿနာ ရှာမည်လား၊ မရှာမည်လား ဆိုသည်ကို မည်သူကမှ အာမ မခံနိုင်ချေ။
ဟုတ်ပေသည်။ ရမ်ချင်းတု အနေနှင့်လည်း လင်းရှောင်သည် စီနီယာ၏ ပြိုင်ဘက် ဖြစ်လိမ့်မည်ဟု မယုံကြည်ချေ။ လက်ရှိအချိန်ကို ပြောရမည်ဆိုလျှင် သူ့အပေါ် ပိုမိုကာ ကောင်းမွန်သည့် မျက်နှာသာပေးမှု ရရှိရန် ကြိုးစားနေခြင်းသာဖြစ်၏။ စီနီယာသည် လင်းရှောင်ကို ဖိနှိပ်ရန်အတွက် တော်ဝင်ဓားဂိုဏ်းမှ တော်ဝင်သူတော်စင် နှစ်ယောက် မနိုင်ဝန်ထမ်းကာ လာရောက် ကူညီနေသည်ကို အငြိမ့်သား ထိုင်ကြည့်နေမည်လား။
"မလိုပါဘူး"
လင်းယွမ်သည် လက်ကို အသာယမ်းခါလိုက်၏။ လက်ရှိအချိန်တွင် သူ့၌ အင်ပါရီယာကျမ်းစာ တည်ရှိသလို ကောင်းကင်လျှို့ဝှက်အမှတ်ကလည်း သိန်းချီ တည်ရှိ၏။ သူ့အနေနှင့် သူ၏ အားအင်အဆင့်ကို တိုးမြှင့်ချင်သည်ဆိုလျှင် တော်ဝင်သူတော်စင်အဆင့်ဆီသို့ တစ်မိနစ်အတွင်း တိုးမြင့်နိုင်စွမ်း ရှိနေ၏။
သူသည် လင်းရှောင်၏ ပြိုင်ဘက် မဟုတ်ဘူးဆိုလျှင်တောင်မှ နတ်ဘုရားကပ်ဘေး သို့မဟုတ် စနစ်၏ စတိုးဆီမှ တခြားသောအရာတစ်ခုကို ဝယ်ယူပြီး တန်ပြန်တိုက်ခိုက်နိုင်စွမ်း ရှိနေသည်။
ထို့အပြင် စနစ်၏ စတိုးသည် များပြားလှသည့် ပစ္စည်းများကို ဝယ်ယူနိုင်ခွင့်ရှိ၏။ တော်ဝင်အင်ပါယာရိုက်ချက်၊ အင်မော်တယ် အင်ပါယာ၏ရိုက်ချက်၊ ရွှေအင်မော်တယ်ရိုက်ချက် စသည့် တစ်ခါသုံး တိုက်ကွက်များကိုလည်း ဝယ်ယူနိုင်စွမ်း ရှိနေသေး၏။ ထို့အပြင် ကောင်းကင်တာအိုအရှင်၏ ဓားကိုပါ တောင်းဆိုနိုင်စွမ်းရှိနေ၏။
အတိတ်တုန်းက သူ့အနေနှင့် တခြားသော ပစ္စည်းများကို လဲလှယ်ခြင်း မရှိခဲ့ချေ။ အဘယ်ကြောင့်ဆိုသော် ထိုအရာများသည် အသုံးပြုပြီးသည်နှင့် ကုန်ဆုံးသွားသည့်အရာမျိုးဖြစ်ပြီး မတန်လှဟု ထင်မှတ် သောကြောင့်ပင်။ သို့သော်ငြား လိုအပ်သည့် အချိန်မျိုးသို့ ရောက်ရှိလာပါကလည်း ဝယ်ယူရန် လက်တွန့်နေလိမ့်မည် မဟုတ်ချေ။
"စီနီယာအနေနဲ့ ဒါကို မလိုဘူး ဆိုမှတော့… ဒါဆို"
ရမ်ချင်းတုသည် အသာရယ်မောလိုက်၏။ ပြီးနောက် တစ်စုံတစ်ခုကို ပြောဆိုရန် ပြင်လိုက်သည့် အချိန်မှာပဲ ကျယ်လောင်လှသော အသံကြီးက ထွက်ပေါ်လာ၏။ ကြီးမားလှသည့် တူကြီးနှင့် ထုနှက်ခံလိုက်ရသကဲ့သို့ပင် တော်ဝင်သဲကန္တာရမြို့ တစ်ခုလုံးသည် တုန်ခါသွားစေခဲ့၏။ ထိုကဲ့သို့သော အခြေအနေမျိုးတွင် မသက်ရောက်သည်မှာ ကောင်းကင်လျှို့ဝှက်နန်းဆောင် တစ်ခုသာလျှင် ရှိနေသည်။