← Chapters

အခန်း (၄၂)

Vol. 4 Ch. 42

အခန်း (၄၂)

Vol. 4 Ch. 42

ကျိုးရှို့လင်း ဆိုဖာပေါ်တွင် ခဏမှီထိုင်လိုက်ပြီး တဖြည်းဖြည်း အိပ်ပျော်သွားခဲ့သည်။

ကျန်းရှောင် ညလယ်မှာ ဗိုက်ဆာလာပြီး နိုးလာခဲ့သည်။ သူမ ဗိုက်ပြည့်စေဖို့ အသီးအနှံအချို့ကို ရှာဖွေရန် ထလာတဲ့အခါ ကျိုးရှို့လင်း ဧည့်ခန်းဆိုဖာပေါ်မှာ အိပ်ပျော်နေတာကို တွေ့လိုက်ရသည်။

သူမ ဖိနပ်စီးထားလျက် လျှောက်သွားလိုက်သည်။

သူ့ပတ်ဝန်းကျင်မှာ အရက်နံ့က အရင်ကထက် ပိုပြင်းထန်ခဲ့သည်။ သူ တော်တော်မူးလာပုံရသည်။ ကြယ်သီးပေါင်းများစွာကို ဖြုတ်ထားပြီး အနက်ရောင်ရှပ်အင်္ကျီနဲ့ ဆိုဖာပေါ်မှာ ခေါင်းမှီနေပြီး ရမ္မက်သွေးကြွစေပြီး ပျင်းရိတဲ့ညှို့ဓာတ်ကို ထင်ရှားစေသည်။

သူမရဲ့လူ!

ကျန်းရှောင် သူမရဲ့ဗိုက်ကို ညင်သာစွာ ထိလိုက်ပြီး ရေရွတ်ခဲ့သည်။ "ပဲပင်ပေါက်လေး၊ မင်း ဘာမှ မတွေ့ဘူး ဟုတ်တယ်မလား။ မင်းအဖေဆီကနေ သင်ယူလို့မရဘူးနော်!"

စကားပြောပြီးနောက် သူမ သူ့ကို မော့ကြည့်လိုက်သည်။ သူမရဲ့အကြည့်တွေက သူ့မျက်နှာပေါ်မှာ မြဲမြံနေခဲ့သည်။ လွန်ခဲ့သည့် လအနည်းငယ်အတွင်း၊ သူမသည် ဤကဲ့သို့ သူ့ကို မရိုးမဖြောင့်ဘဲ ဒါက ပထမဆုံးအကြိမ် ကြည့်နေခြင်းဖြစ်သည်။

သူ၏ ညာလက်က သူ့ပေါင်ပေါ် ပေါ့ပေါ့ပါးပါး တင်ထားပြီး ဘယ်ဘက်လက်ကို ဆိုဖာပေါ် တင်ထားသည်။ ဘောပင်ကို ကိုင်လိုက်တဲ့အခါ သူ့လက်ချောင်းတွေက ရှည်လျားသွယ်လျပြီး အစွမ်းထက်သည်။

သူ့ရဲ့လက်... ကျန်းရှောင် မနေ့ညက အမှတ်တရအချို့ကို ဖြည်းညှင်းစွာ ပြန်သတိရလာသည်။

ကောလိပ်အိပ်ဆောင်မှာတုန်းက ညဥ့်နက်ပိုင်းမှာ လီလီနဲ့ စကားစမြည်ပြောခဲ့တဲ့ တစ်ချိန်က လီလီက တစ်ခါပြောဖူးသည်။

“ရှေးဆန်တဲ့ အမျိုးသမီးတွေအတွက်တော့ ရုပ်ပိုင်းဆိုင်ရာ နယ်နိမိတ်တွေကို ဖြတ်ကျော်တာက စိတ်ခံစားမှုနဲ့ဆိုင်တဲ့ သိသာထင်ရှားတဲ့ အောင်မြင်မှုဆီ ဦးတည်သွားနိုင်တယ်"

"တစ်ကြိမ်ကတော့ ထူးဆန်းတယ်။ နှစ်ကြိမ်မှာ ရင်းနှီးလာမယ်"

လီလီ စကားပြောပြီးသွားတော့ အိပ်ဆောင်ထဲတွင် တိတ်ဆိတ်သွားခဲ့သည်။ အခုတော့ ကျန်းရှောင်က သိသိသာသာ ထိုးထွင်းသိမြင်မှုများ ရရှိနေပြီဟု ခံစားမိသည်။

ဆရာသမားတွေရဲ့ စကားက ဗလာမဟုတ်ဘူး။

ကျန်းရှောင်က အမှီအခိုကင်းသူအဖြစ် ကျင့်သားရလာခဲ့ပြီး အနာဂတ်တွင် တစ်စုံတစ်ဦးကို အားကိုးမည်ဟု သူမ ဘယ်တော့မှ မတွေးခဲ့ဖူးပေ။

အခုတော့ သူမသည် တစ်စုံတစ်ဦးကို အားကိုးတာက လုံးဝကြောက်စရာ မဟုတ်ကြောင်း သဘောပေါက်လာကာ ထိုသို့သော ခံစားချက်မျိုး ခံစားလာရသည်။ အဲ့ဒါကအတော်လေး ကြည်နူးစရာကောင်းသည်။

ကျန်းရှောင် သက်ပြင်းတစ်ချက်ချလိုက်သည်။ "ပဲပင်ပေါက်ကလေး၊ မင်းအဖေက မင်းရဲ့ အိပ်ယာအတွက် ယွမ် ၂၀၀၀၀ သုံးလိုက်တယ်တဲ့။ ပိုက်ဆံရှာတာက မလွယ်ဘူး။ အနာဂတ်မှာ မင်းအဖေကို သစ္စာရှိရမယ်နော် "

တကယ်တော့ ကျိုးရှို့လင်း နိုးနေတာ တခဏတော့ကြာနေပြီ သူမရဲ့စကားကိုကြားတော့ သူ မနေနိုင်တော့ဘဲ ရယ်လိုက်သည်။

သူ အဆင်မပြေဘူးဟု ထင်ကာ ကျန်းရှောင်က သူ့ခန္ဓာကိုယ်ကို ညင်သာစွာ ထူပေးပြီး သူ့ကိုဆိုဖာပေါ် မှီခိုင်းလိုက်သည်။ "ကျိုးရှို့လင်း ..... ကျိုးရှို့လင်း ..."

ကျိုးရှို့လင်း သူ့မျက်လုံးများကို ဖြည်းညှင်းစွာဖွင့်လိုက်ပြီး သူ့အသွင်အပြင်က ကြည်လင်ပြီး ချောမောသည်။

သူနည်းနည်းပင်ပန်းနေပုံပေါ်တော့ ကျန်းရှောင် မေးလိုက်သည်။ "ရှင် နေလို့ အဆင်မပြေဘူးလား"

ကျိုးရှို့လင်း အသံပြုလိုက်သည်။

ကျန်းရှောင် နှလုံးသားက ပျော့ပျောင်းလာပြီး သူ့ဆံပင်များကို ထိရန်အထိ သူမရဲ့လက်ကိုလှမ်းလိုက်သည်။ "နေကောင်းပါစေ..."

သူမ သူ့အတွက် ဘာယူပေးရမလဲ။

ကျန်းရှောင် ကော်ဖီ စားပွဲပေါ်မှ ခွက်ကို ကောက်ယူလိုက်ပြီး ရေနွေး တစ်ခွက်ကို လောင်းထည့်လိုက်သည်။ "ရေနည်းနည်းသောက်လိုက်"

ကျိုးရှို့လင်း သူမကို မလှုပ်မယှက် ငြိမ်သက်စွာ စိုက်ကြည့်နေသည်။

သူ မူးနေတယ်လို့ထင်ပြီး ကျန်းရှောင်က ခွက်ကို သူ့နှုတ်ခမ်းမှာ တေ့ပေးလိုက်ပြီး သူမရဲ့ အသံက နူးညံ့ပြီး ချစ်စရာကောင်းလှသည်။ "ဖြည်းဖြည်းသောက်!"

ကျိုးရှို့လင်း ရေသောက် ပြီးသွားတော့ သူ့ပါးစပ်ထောင့်မှာ ကျေနပ်မှုအရိပ်အမြွက်ပေါ်လာသည်။ သူ သူမ လက်ကို ကိုင်လိုက်သည်။ "မင်း ဘာလို့ နိုးလာတာလဲ"

သူ့လက်ဖဝါးမှ နွေးထွေးမှုကို ခံစားလိုက်ရသဖြင့် ကျန်းရှောင် ပြောလိုက်သည်။ "ကျွန်မ ဗိုက်ဆာလို့ နိုးလာတာ။ရှင်အခု နိုးနေပြီလား"

"မင်း ဘယ်သူလဲဆိုတာ ကိုယ် သိပါတယ်"

"ဘယ်တုန်းက ပြန်ရောက်တာလဲ"

ကျိုးရှို့လင်း ဟန်လုပ်ပြုံးလိုက်သည်။ "ညသန်းခေါင်ယံတုန်းက"

ကျန်းရှောင် ရေရွတ်လိုက်သည်။ "အရမ်းနောက်ကျတာပဲ"

ကျိုးရှို့လင်း ညင်သာစွာ ပြုံးပြီး ထလိုက်သည်။ "မီးဖိုချောင်မှာ ဘာတွေရှိလဲ ကြည့်ရအောင်"

"ရှင်..... အဆင်ပြေလို့လား" ကျန်းရှောင် တုံ့ဆိုင်းသွားသည်။ မူးနေတာကနေ မြန်မြန် ပြန်ကောင်းလာနိုင်ပါ့မလား။

ကျိုးရှို့လင်း အပြုံးက နက်ရှိုင်းလာပြီး သူမကို မျက်လုံးတွေမှေးကာ ကြည့်လိုက်သည်။ "ကိုယ် အဆင်ပြေလောက်ပါတယ်"

"ရှင် မူးချင်ယောင်ဆောင်နေတာလား။ စောစောကဘာလို့ ဘာစကားမှ မပြောတာလဲ"

"ကိုယ် မင်းရဲ့အသံကို နားထောင်ချင်လို့"

ကျိုးရှို့လင်းက သူမကို ကြက်ဥခေါက်ဆွဲလုပ်ပေးပြီး ပန်းကန်လုံးသေးသေးလေးထဲ ထည့်ပေးကာ ကျန်းရှောင်က ဖြည်းညှင်းစွာနဲ့ သပ်သပ်ရပ်ရပ် စားခဲ့သည်။

ရေချိုး အဝတ်အစားလဲပြီးနောက် ကျိုးရှို့လင်းက သူမနဲ့မျက်နှာချင်းဆိုင်မှာ ထိုင်ခဲ့ကာ သူ့အကြည့်က သူမဆီမှာစွဲမြဲနေခဲ့သည်။ "အရသာ ဘယ်လိုနေလဲ"

“ကျွန်မ လုပ်တာထက် ပိုကောင်းတယ်” လို့ သူမ အမှန်အတိုင်းပြောခဲ့သည်။ “ရှင်နိုင်ငံခြားမှာတုန်းက ကိုယ့်ဘာသာ ချက်စားတာလား"

“ဟုတ်တယ်။ နိုင်ငံခြားမှာ ကျောင်းတက်တုန်းက assignment တွေ report တွေ အလျင်စလို လုပ်ရတာမျိုးနဲ့ အမြဲ အလုပ်ရှုပ်တော့ ကိုယ့်ဘာသာပဲ ချက်စားလိုက်တယ်။ အရသာက တော်တော်ကောင်းတယ်လို့ ထင်တာပဲ"

ကျန်းရှောင် ပြုံးလိုက်သည်။ "ဒါကြောင့် ရှင် ကောင်းကောင်း ချက်တတ်နေတာပေါ့။ ကျွန်မ ဟင်းတွေ စချက်တုန်းက အရသာကြီးက ကြောက်စရာကြီး။ ဒါပေမယ့် အကြိမ်အနည်းငယ်လောက် ခဏခဏလုပ်ပြီးတဲ့နောက် နည်းနည်းတော့ စားလို့ကောင်းလာတယ်။ အချိန်ကြာလာတာနဲ့အမျှ ကျွန်မရဲ့ ချက်ပြုတ်မှုစွမ်းရည်ကလည်း တိုးတက်လာခဲ့တယ်။ ချက်ပြုတ်တာက အရည်အချင်းပေါ်မှာလည်း မူတည်တယ်လို့ ထင်တယ်။ လင်းဝူ ဟင်းချက်တာက အရမ်းကောင်းတယ်၊ အရမ်းအရသာရှိတယ်" သူမ၏ မျက်လုံးတွေက ရွှင်လန်းစွာဖြင့် ကွေးညွတ်သွားသည်။

"မင်း လင်းဝူနဲ့ အဆက်အသွယ် သိပ်မရှိသလိုပဲ"

"သူမက စာတွေနဲ့ အလုပ်ရှုပ်နေတာ။ ဆေးကျောင်းက တောင်းဆိုနေပြီ သူမက ဘွဲ့လွန်တက်ဖို့လည်း ပြင်ဆင်နေတယ်"

"သူမက အရမ်းကြိုးစားတာပဲ" ဒါက ကျန်းရှောင်နဲ့ လင်းဝူတို့ရဲ့ တူညီတဲ့ စရိုက်တစ်ခုပါပဲ။

ကျန်းရှောင် လေးလေးနက်နက် ခေါင်းညိတ်လိုက်သည်။ "ကျွန်မတို့ အထက်တန်းကျောင်းမှာ သူမက အလုပ်အကြိုးစားဆုံးပဲ။ လှတယ်၊ ဉာဏ်ကောင်းတယ်၊ ကြင်နာတတ်တယ်။ ယောက်ျားလေးတွေက သူမကို သဘောကျပေမယ့် မိန်းကလေးတွေကျတော့ မတူဘူး"

"မင်းက သူမကို တကယ်သဘောကျတာလား"

“ကျွန်မတို့က ထိုင်ဖော်ထိုင်ဖက်တွေလေ ပြီးတော့ နောက်ပိုင်း အိပ်ဆောင် တစ်ခန်းတည်းမှာတောင် နှစ်နှစ်လောက်တူတူနေခဲ့တာ"

သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးက အရမ်းကောင်းနေတယ်ဆိုတာ အံ့သြစရာမရှိပါဘူး။ တစ်ယောက်နဲ့တစ်ယောက် မကြာခဏ မဆက်သွယ်ပေမယ့်လည်း သူတို့ခံစားချက်တွေ ကျန်နေခဲ့သည်။

စစ်မှန်တဲ့ ခင်မင်ရင်းနှီးမှုက အချိန်နှင့် အကွာအဝေးဖြင့် မပြောင်းလဲသွားခဲ့ပေ။ တခါတရံမှာ အပြောင်းအလဲဆိုတာ လူရဲ့စိတ်နှလုံးသာဖြစ်သည်။

ကျိုးရှို့လင်း သူမကို ကြည့်လိုက်သည်။ "အခွင့်​အ​ရေးရရင်​ ကိုယ်​ သူမကို ကိုယ်တို့အိမ်​ကို ဖိတ်​လိုက်မယ်"

ကျန်းရှောင် တိတ်ဆိတ်သွားခဲ့သည်။

"ဘာဖြစ်သွားတာလဲ "

ကျန်းရှောင် စိတ်ရှုပ်ထွေးသွားသည်။ "အနာဂတ်မှာ ချင်းဟန် ကျိုးယန်ယန်နဲ့ တွေ့ဆုံပြီး သူမရဲ့ နှလုံးသားထဲက အထုံးကြီးကို ဖြေရှင်းနိုင်မယ်လို့ ကျွန်မ မျှော်လင့်တယ်"

ကျိုးရှို့လင်း သူမဘက်ကိုသွားလိုက်ပြီး သူမလက်ကို ကိုင်လိုက်သည်။ "နောက်ကျနေပြီ၊ တခြားသူတွေရဲ့ ကိစ္စတွေကို ထပ်မစဉ်းစားနဲ့တော့၊ မင်း သွားအိပ်သင့်ပြီ" ကျိုးယန်ယန်ရဲ့ ကိစ္စကို သူပဲ ဂရုစိုက်မယ်။

နှစ်ရက်အကြာတွင် ကျိုးရှို့လင်း သူငယ်ချင်းတစ်ဦးဆီမှ ဖုန်းလက်ခံရရှိခဲ့သည်။

"မင်းစီစဉ်ထားတာကို ငါရှာတွေ့ပြီ" လျိုရှီးသည် ပန်းချီပညာရှင်တစ်ဦးဖြစ်ပြီး သူ့အဖိုးသည် နိုင်ငံအတွင်း ကျော်ကြားတဲ့ မျိုးဆက်ဟောင်းပန်းချီဆရာတစ်ဦးဖြစ်သည်။

ကျိုးရှို့လင်းသည် တစ်ခါတစ်ရံတွင် အဖိုးအိုအား ပန်းချီနှင့် လက်ရေးလှ ရေးခြင်းအတွက် အကူအညီတောင်းသည်။

"မစ္စတာ ကျိုး၊ မင်း ကျန်းယိဆီက ဘာကိုရှာနေတာလဲ" လျိုရှီးက ပွင့်ပွင့်လင်းလင်း မေးလိုက်သည်။

"ကျန်းယိ ဒီနိုင်ငံကို ပြန်ရောက်လာပြီလား"

"မင်းက တော်တော်သိတာပဲ။ သူပြန်ရောက်တာ တစ်လခွဲလောက်ရှိပြီ၊ ငါ စီနီယာတစ်ယောက်ဆီကနေ သူ့ကို တွေ့ဖူးတယ်။ ဘာတွေဖြစ်နေတာလဲ။ မင်း သူ့ပန်းချီကားတွေ ထပ်ဝယ်ချင်လို့လား"

ကျိုးရှို့လင်း ပြန်ပြောခဲ့သည်။ "ငါ ဝယ်ချင်ပေမယ့် သူက ရောင်းမှာမဟုတ်ဘူး"

လျိုရှီး ရယ်ပစ်လိုက်သည်။ "မင်း ဒီပန်းချီကားအကြောင်း တွေးနေတုန်းပဲ။ ဒီနှစ်တွေ မှာ

မင်း ကျန်းယိရဲ့ပန်းချီကားတွေ ဝယ်ပြီးပြီကို။ တကယ်တော့ မင်းရဲ့ ရည်ရွယ်ချက်ကို ငါ ကောင်းကောင်း မခန့်မှန်းတတ်ဘူး"

ပြီးခဲ့တဲ့နှစ်က ကျန်းယိရဲ့ "လျန့်နန်"ပန်းချီကားကို ပြခန်းမှ ကြေငြာသောအခါ သူက ယွမ် ၈၀၀,၀၀၀ နဲ့ ချက်ချင်း လေလံဆွဲခဲ့သည်။ ရလဒ်အနေနဲ့ တခြားတစ်ယောက်ယောက်ကလည်း "လျန့်နန်"ကို မျက်စိကျခဲ့ပြီး သူတို့နှစ်ဦးလုံး လေလံစစ်ပွဲတွင် ပါဝင်ခဲ့သည်။

နောက်ဆုံးတွင် ကျိုးရှို့လင်းက "လျန့်နန်" ကို ယွမ် ၁.၆ သန်းဖြင့် ဝယ်ယူခဲ့သည်။

လျိုရှီးကလည်း ပန်းချီကားကို ဝယ်ချင်တဲ့သူကို အလွန်သိချင်နေခဲ့သည်။ သူ အချိန်အတော်ကြာ ရှာဖွေခဲ့သော်လည်း ၎င်းတို့နှင့် ပတ်သက်သည့် အချက်အလက်ကို ရှာမတွေ့ခဲ့ပေ။

"ကျန်းယိ ဒီအချိန်မှာ ဘာလို့ပြန်လာတာလဲ"

"သူ့သမီးကို တွေ့ဖို့ ဒီကိုရောက်နေပုံပဲ"

"သူ့သမီးကို တွေ့ဖို့? "

"ဟုတ်တယ်၊ 'မိုးသောက် ' ထဲက ကလေးမလေး၊ အခု သူမ ဘယ်လိုပုံစံဖြစ်နေပြီလဲဆိုတာ သိချင်မိတယ်"

ကျိုးရှို့လင်း မျက်ခုံးပင့်လိုက်သည်။ "မင်း တခြားဟာတွေ ရှာတွေ့သေးလား"

" ငါသိထားသမျှတွေ မင်းကိုပြောပြပြီးပြီပဲ"

ကျိုးရှို့လင်း ခဏလောက် စဉ်းစားကြည့်လိုက်သည်။ "ကျေးဇူးပြုပြီး ငါ့အတွက် ကျန်းယိကို ဆက်သွယ်ပေး၊ ငါ သူ့ကိုတွေ့ချင်တယ်"

လျိုရှီး - "ကောင်းပြီ။ မင်းဘယ်တော့တွေ့ဖို့ အစီအစဉ်ရှိလဲ"

ကျိုးရှို့လင်း - "ဖြစ်နိုင်ရင် မြန်မြန်ပဲ တွေ့ချင်တယ်" ကျန်းယိက ကျန်းရှောင်ကို ဘယ်တော့လာတွေ့မယ်ဆိုတာ မသေချာတဲ့အတွက် ကျန်းယိကို ကြိုပြီးတွေ့ထားဖို့ လိုသည်။ ပဲပင်ပေါက်လေးရဲ့ အဖိုးကို သူ ရောက်လာချိန်မှာ လန့်ဖျပ်သွားတာမျိုး မဖြစ်စေချင်ဘူး။

"စကားမစပ် မင်းနဲ့ပတ်သက်တဲ့ အင်တာဗျူးတစ်ခုကို ငါတွေ့ဖူးတယ်။ မင်းလက်ထပ်တော့မယ်ဆို။ ချန်းရင်နဲ့လား " လျိုရှီး သိချင်နေခဲ့သည်။

ဒီနှစ်တွေမှာ ကျိုးရှို့လင်းရဲ့ဘေးနားတွင် အမျိုးသမီးတစ်ယောက်မျှမရှိခဲ့ဘဲ အသက်သုံးဆယ်ကျော်ချိန်တွင် အိမ်ထောင်ရေးကို သူ အနည်းဆုံး စဉ်းစားလိမ့်မည်ဟု လျိုရှီး ထင်ခဲ့သည်။

ကျိုးရှို့လင်းသည် အခြားသူ၏ အဆက်မပြတ်ပြောနေသံကို နားမထောင်ဘဲ ဖုန်းချလိုက်သည်။

ထိုနေ့တွင် မေမေကျိုးက ကျန်းရှောင်ဆီ ထပ်ရောက်ရှိလာသည်။ သူတို့နှစ်ယောက်ရဲ့ အရင်ဆက်ဆံရေးက သိပ်မရင်းနှီးပေမယ့် နောက်ဆုံးမှာတော့ ပဲပင်ပေါက်လေးက ကျိုး ရဲ့မြေးဖြစ်ပြီး မေမေကျိုးက ကျန်းရှောင် ကိုလည်း ပြုစုစောင့်ရှောက်ခဲ့သည်။

သူမသည် ကိုယ်ဝန်ဆောင်မိခင်များအတွက် အာဟာရဖြည့်စွက်စာများနှင့် အသားအရေ ထိန်းသိမ်းမှုဆိုင်ရာ ထုတ်ကုန်များစွာကို ဝယ်ယူခဲ့သည်။

"မကြာသေးခင်ကရော ဘယ်လိုနေသေးလဲ။ မနက်ပိုင်းပိုင်းဖျားနာနေသေးလား"

"ကောင်းပါတယ်၊ ကျွန်မ မနက်ကတော့ မအီမသာဖြစ်နေသေးတယ်"

"ဒါ ပုံမှန်ပါပဲ။ ခဏကြာရင် ပိုကောင်းလာလိမ့်မယ်။ အချိန်ရရင် လမ်းလျှောက်ထွက်လိုက်။ အဲ့တာက ကလေးမီးဖွားချိန်မှာ နာကျင်မှုကို သက်သာစေတယ်"

သူတို့အနားမှာ ရှိတဲ့ အဒေါ် ချောင်က ပြောလိုက်သည်။ "ကျွန်မတို့ နေ့တိုင်း လမ်းလျှောက်ကြပါတယ် "

မေမေကျိုး ခေါင်းညိတ်လိုက်သည်။ "ကောင်းပါတယ်။ ဒါမှ ကလေးမွေးရတာ ပိုလွယ်လာမှာ"

ကျန်းရှောင် ပြုံးလိုက်မိသည်။

ဒီယောက္ခမလည်း သဘောကောင်းပုံရသည်။ ရာသီဥတု နည်းနည်း အေးလာတဲ့အခါ သူမ ဝတ်လို့ရတဲ့ ဗိုက်ဖုံးအင်္ကျီ နှစ်စုံတောင် ဝယ်ပေးခဲ့သည်။

မေမေ ကျိုးက အဝတ်အစားတွေကို ကိုင်ထားသည်။ ပျော့ပျောင်းနူးညံ့ပြီး ချစ်စရာကောင်းတဲ့ ဒီဇိုင်းဖြင့် အဖြူရောင် ကုတ်အင်္ကျီဖြစ်သည်။

All Chapters