← Chapters

အခန်း (၄၃)

Vol. 4 Ch. 43

အခန်း (၄၃)

Vol. 4 Ch. 43

ရုတ်​တရက်​ ကျန်းရှောင် ရဲ့နှလုံးသားထဲမှာ စူးရှတဲ့ခံစားချက်​တစ်​ခု​ပေါ်လာသည်​။ သူမရဲ့အန်တီက သူမရဲ့အဝတ်အစားတွေကို ဝယ်ပေးဖူးသည်။ နောက်ပိုင်း သူမရဲ့အန်တီတို့ မိသားစု ပြောင်းရွှေ့သွားကြပြီးနောက် သူမကိုယ်တိုင်ပဲ အဝတ်အစားတွေ ဝယ်ရသည်။

ကျိုးရှို့လင်းနဲ့ လက်ထပ်ပြီးနောက်မှာတော့ သူကလည်း သူမကို အဝတ်အစားတွေ အများကြီးဝယ်ပေးသည်။ ဒါပေမယ့် အဲ့တာက မတူဘူး။

မေမေကျိုး ပြုံးပြီး ပြောလိုက်သည်။ "ကျန်းရှောင်၊ သမီးဝတ်တာကို ကြည့်ချင်တယ်"

"အိုခေ အမေ" ကျန်းရှောင် တံတွေး မျိုချလိုက်ပြီး ကုတ်အင်္ကျီကို ဝတ်လိုက်သည်။ အဲ့တာက သူမနဲ့ လုံးဝကွက်တိပဲ - မကြီးလွန်း သို့မဟုတ် မသေးလွန်းပေ။

" တကယ်ကိုကြည့်ကောင်းလိုက်တာ။ အဖြူရောင်က သမီးကို ကြော့ရှင်းစေတယ်" မေမေကျိုးက သူမရဲ့နှုတ်ခမ်းကိုဖိရင်း ပြုံးနေခဲ့သည်။

"ကျေးဇူးတင်ပါတယ် အမေ" ကျန်းရှောင် အမူအရာက ရိုးသားပြီး စိတ်လှုပ်ရှားသွားသည်။

မေမေ ကျိုး အနည်းငယ် အဆင်မပြေ ဖြစ်သွားရသည်။ သူမအတွက် အဝတ်အစား အနည်းငယ် ဝယ်ပေးတာက ကိစ္စကြီးကြီးမားမား မဟုတ်ဘူး။

သူမသည် နောက်ထပ် ညွှန်ကြားချက်အချို့ကို ပေးခဲ့ပြီး သူမ မထွက်ခွာခင် နာရီဝက်ကျော်ကြာသွားခဲ့သည်။

ကျန်းရှောင် သက်ပြင်းရှည်ကြီး ထုတ်လိုက်သည်။

အန်တီကျန်းက ရယ်လိုက်သည်။ "ဘာလို့ စိတ်​လှုပ်ရှားနေရတာလဲ။ ဒါသမီးတို့ရဲ့ ပထမဆုံး​တွေ့ဆုံမှုမှ မဟုတ်​တာ"

"မသိပါဘူး၊ ကျွန်မ စိတ်လှုပ်ရှားနေမိတယ် "

အန်တီကျန်းက တစ်ခုခုပြောချင်ပေမယ့် သူမစကားတွေကို မျိုသိပ်လိုက်သည်။ ကျန်းရှောင် ငယ်ငယ်ကတည်းက အမေ မရှိခဲ့ဘူး။ ဒါကြောင့် မေမေကျိုးနဲ့ သူမရဲ့ဆက်ဆံရေးက အနည်းငယ် ထိလွယ်ရှလွယ်ဖြစ်သည်။

အန်တီ ချောင်က မေမေကျိုးကို အောက်ထပ်ထိ လိုက်ပါပို့ဆောင်ပေးခဲ့သည်။

မေမေကျိုး မေးလိုက်သည်။ " သူတို့အခန်းခွဲမအိပ်ဘူးလို့ ပြောတာလား"

အန်တီ ချောင်ပြန်ပြောလိုက်သည်။ "ဟုတ်ပါတယ်။ အလုပ်ကိစ္စကလွဲလို့ မစ္စတာ ကျိုးက အခြေခံအားဖြင့် နေ့တိုင်း အိမ်ပြန်လာတယ်"

မေမေ ကျိုး စိတ်ထဲမှာ သံသယအနည်းငယ် ရှိနေခ​ြသည်၊။ ဒီလိုဆိုရင် ကျိုးရှို့လင်း က သူ့ပစ္စည်းတွေကို ဧည့်သည်ခန်းထဲ ဘာလို့ရွှေ့ထားတာလဲ။ "သူတို့ရဲ့ ဆက်ဆံရေးက ပုံမှန်ပဲလို့ထင်လား"

"မစ္စတာ ကျိုးက မစ္စစ် ကျန်းကို ကောင်းကောင်း ဆက်ဆံပါတယ်။ သူ လျန့်နန် ကို အလုပ်ကိစ္စနဲ့ ခရီးထွက်ပြီး ညသန်းခေါင်မှာ အပြေးပြန်လာခဲ့တယ်။ ဒါပေမယ့် မစ္စစ်ကျန်းက မစ္စတာကျိုးအပေါ် ခံစားချက်က မတူဘူးလို့ ခံစား...... " အန်တီ ချောင် စကားမဆုံးခဲ့ပေ။

"ပြောချင်တာကို ကျွန်မ နားလည်ပြီ " အဆုံးသတ်မှာ ကျိုးရှို့လင်းက ပိုအားစိုက်ထုတ်ထားသည်။ မေမေကျိုး လည်း လေးနက်စွာ လှုပ်ရှားသွားခဲ့သည်။ ကျိုးရှို့လင်း က ကျန်းရှောင်ကို ဘာကြောင့် ရွေးချယ်တာလဲ။

ထားလိုက်ပါတော့၊ သူတို့ အဲဒါကို ဖော်ထုတ်ကြပါစေ။

"သူမကို သေချာဂရုစိုက်၊ တစ်ခုခုရှိရင် ကျွန်မကို ဆက်သွယ်"

"သိပါပြီ စိတ်ချထားပါ"

စက်တင်ဘာလကုန်တွင် ကျင်းချန် ရဲ့ ရာသီဥတုက ရုတ်တရက် ဒီဂရီအများအပြား ကျဆင်းသွားပြီး ဆောင်းဦးရာသီကို နီးကပ်လာသည်။

ကျန်းရှောင်က နေ့တိုင်း အိမ်မှာ အေးအေးလူလူ နေခဲ့ပြီး သူမ၏ ကိုယ်အလေးချိန်နှင့် ဗိုက်က တဖြည်းဖြည်း တိုးလာသည်ကို ကြည့်နေသည်။

သူမသည် သူမ၏ သူငယ်ချင်းများနှင့် အဆက်အသွယ်အားလုံးကို ဖြတ်တောက်ခဲ့သည်။ ဒါပေမယ့်လည်း အနုပညာလောကရဲ့ လှုပ်ရှားမှုတွေကို အမြဲစောင့်ကြည့်နေသည်။

ချန်းရင်သည် ဒါဏ်ရာရထားတာကနေ ပြန်သက်သာလာပြီး ရိုက်ကူးရေးကို ပြန်လည်စတင်ခဲ့သည်။ သူမနဲ့ ကျင်းကျုံးပိုင်တို့ရဲ့ ချစ်စရာကောင်းတဲ့ အခိုက်အတန့်တွေကို ပရိသတ်တွေအတွက် ခွေးစာဖြန့်ဖြူးနေတဲ့ ဗီဒီယိုများစွာကို အင်တာနက်မှာ ပြသခဲ့သည်။

ထိုအချိန်တွင် ကျောက်ရှင်းရန်က ရသစုံရှိုးများတွင် ပါဝင်ခဲ့သည်။ သူမရဲ့ ဖျော်ဖြေတင်ဆက်မှုတွေက ထူးချွန်ပြီး ရံဖန်ရံခါဆိုသလို သူမရဲ့ ချစ်စရာ အခိုက်အတန့်တွေက သူမကို ပရိသတ်တွေ အများအပြား ရရှိစေခဲ့သည်။ မိုရီဟန်က သူမဆီ သူ့ရဲ့အချစ်ကို လူသိရှင်ကြား ဖော်ပြပြီး စိန်လည်ဆွဲ ဝယ်ပေးခဲ့တယ်လို့ ဆိုသည်။

ကျိုးယန်ယန်က ကျောင်းဝင်းဒရာမာများအတွက် ဇာတ်ဝင်သီချင်းနှစ်ပုဒ်ကို သီဆိုခဲ့ပြီး အဲ့တာက လူကြိုက်များပြီး သူမ၏ အသက်မွေးဝမ်းကြောင်းကို မြှင့်တင်ပေးခဲ့သည်။

တစ်ချိန်တည်းမှာပင် သူမ မန်နေဂျာ ကျိလန်က ကျိုးယန်ယန် အတွက် လှပသော ပညာရေးအောင်မြင်သူအဖြစ် ပုံဖော်ကာ အွန်လိုင်းတွင် လူထုပုံရိပ်ကို စတင်ဖန်တီးခဲ့သည်။

ကျန်းရှောင် အံ့သြသွားသည်။ နိုင်ငံရပ်ခြားမှာ ကျောင်းတက်ပြီး အိမ်ပြန်တဲ့သူတစ်ယောက်ကို "ပညာရေးအောင်မြင်သူ" ဖြစ်စေခဲ့တာလား။

လူတိုင်းက သူတို့ရဲ့ အိပ်မက်တွေအတွက် ကြိုးကြိုးစားစား အလုပ်လုပ်ခဲ့ကြပေမယ့် သူမက ကလေးမွေးဖို့အတွက် အနားယူနေခဲ့ရသည်။

အဲဒီနေ့မှာပဲ သူမရဲ့အန်တီက ကနေဒါကနေ ဆက်သွယ်လာခဲ့သည်။

အန်တီနဲ့ ဗီဒီယိုခေါ်ဆိုမှုအတွင်း အန်တီဖြစ်တဲ့သူက ပွင့်ပွင့်လင်းလင်းပြောခဲ့သည်။ "ရှောင်ရှောင်၊ သမီး ဘာလို့ ဒီလောက်ထိ ကိုယ်အလေးချိန် အရမ်းတက်လာတာလဲ။ မျက်နှာက ဝိုင်းစက်နေပြီ"

ကျန်းရှောင် ပြန်ပြောခဲ့သည်။ "......အန်တီ၊ အဲဒါက ကင်မရာထောင့်ကြောင့်ပါ။ သမီးက အဲ့လောက်မဝဘူး"

အန်တီဖြစ်သူက ရယ်ခဲ့သည်။ “နင်တို့ မိန်းကလေးတွေက ဝတယ်လို့ခေါ်ခံရတာကို မကြိုက်ဘူး” သူမဘေးမှာ ရှိတဲ့ သူမရဲ့ဝမ်းကွဲကင်မရာရှေ့ကို ကိုင်းပြီးပြောခဲ့သည်။

“ဟယ်လို ဝမ်းကွဲ။ အမေပြောတာကို နားမထောင်နဲ့။ နည်းနည်းလေးဝတဲ့ ကောင်မလေးတွေက ပိုကြည့်ကောင်းတယ် ပြီးတော့ သူတို့ကိုထိလိုက်ရင် အရမ်းကောင်းတယ်”

ကျန်းရှောင် သူ့ကိုယ်သူ တွေးလိုက်သည်။ "... နိုင်ငံခြားမှာက မတူဘူး။ ငါ့ဝမ်းကွဲရဲ့ အကျင့်စရိုက်က ပိုပြီးတော့...... ထိန်းမနိုင်သိမ်းမရ ဖြစ်လာပြီ "

အန်တီဖြစ်သူက သူမရဲ့ဝမ်းကွဲကို ဒေါသတကြီး ရိုက်လိုက်သည်။ "မြန်မြန် ကျောင်းသွားတော့"

"အမေ၊ အမေ့ရဲ့ နူးညံ့မှုနဲ့ ကျက်သရေ ဘယ်ရောက်သွားတာလဲ"

ကျန်းရှောင် တခစ်ခစ် ရယ်လိုက်သည်။ "အန်တီ၊ ယွမ်ယွမ် အရပ်ပိုရှည်လာပုံပဲ "

သူမဝမ်းကွဲရဲ့ မျက်နှာက ပိုနီးကပ်လာသည်။ "ဝမ်းကွဲ၊ ငါ့ကို ယွမ်ယွမ်လို့ မခေါ်နဲ့တော့။ ငါ့အင်္ဂလိပ်နာမည်က ဂျိမ်းစ်။ အဲဒါကို မှတ်ထားလိုက် "

"ငါသိပါတယ်။ ဝမ်းကွဲ ယွမ်ယွမ်၊ မြန်မြန် ကျောင်းသွားတော့"

တစ်မီတာခန့် အရပ်ရှည်တဲ့ စုန့်ယွမ်သည် "ယွမ်ယွမ်" ဆိုတဲ့ အိမ်နာမည်နှင့် မလိုက်ဖက်တော့ပေ။

သူမရဲ့အန်တီက မေးခဲ့သည်။ " ရှောင်ရှောင်၊ သမီးအဖေ တရုတ်ပြည်ကို ပြန်ရောက်ကတည်းက သမီးကို ဆက်သွယ်ခဲ့တာလား"

ကျန်းရှောင် အံ့အားသင့်သွားသည်။ "အဖေ ပြန်ရောက်လာပြီလား၊ သူ ဘယ်တုန်းက ပြန်လာတာလဲ"

အန်တီဖြစ်သူက ပြန်ပြောခဲ့သည်။ "သူ သမီးကို ခုထိ မဆက်သွယ်သေးဘူး ထင်တယ်။ အန်တီလည်း ပြီးခဲ့တဲ့အပတ်ကမှ အဆက်အသွယ်ရတာ။ သူ့မှာ ကိုင်တွယ်ဖြေရှင်းရမယ့် ကိစ္စတချို့ရှိပေမယ့် သူပြီးတာနဲ့ သမီးဆီ ဆက်သွယ်လာလိမ့်မယ်လို့ အန်တီထင်တယ်။ ရှောင်ရှောင်၊ သမီးအဖေက ရုပ်ရှင်နဲ့ ရုပ်မြင်သံကြားကုမ္ပဏီမှာ သမီးအလုပ်လုပ်နေတဲ့အကြောင်း သိသွားတယ်။ တောင်းပန်ပါတယ် အန်တီ မတော်တဆ လွှတ်ခနဲပြောလိုက်မိတယ် "

ကျန်းရှောင် စိတ်အနှောင့်အယှက်မဖြစ်ပေ။ "ရပါတယ် အန်တီ။ သမီး အဖေ့ကို ရှင်းပြလိုက်မယ်။ အန်တီ... သမီး အိမ်ထောင်ကျသွားပြီ"

အန်တီဖြစ်သူက ပြောလိုက်သည်။ "... ရှောင်ရှောင်၊ ဒီနေ့က April Fool's Day မဟုတ်ဘူးနော် "

ကျန်းရှောင် ကင်မရာရှေ့မှာ အံကြိတ်ခဲ့သည်။ "အန်တီ၊ သမီး အန်တီ့ကို ဒီတစ်ကြိမ်မှာ အားလုံး မပြောခဲ့ပေမယ့် သမီး နည်းနည်းတော့ စိတ်ပူတယ်။ ဒီနှစ် ခရစ္စမတ်ကျရင် ပြန်လာခဲ့ပါလား၊ သူ့ကို အန်တီတို့ကို လာကြိုခိုင်းလိုက်မယ်"

အန်တီဖြစ်သူက အသက်ပြင်းပြင်းရှူလိုက်သည်။ " ရှောင်ရှောင်၊ သမီးတကယ် လက်ထပ်လိုက်တာလား"

ကျန်းရှောင်ရဲ့အသံက ပြတ်သားသည်။ "ဟုတ်တယ် အန်တီ။ သမီးခင်ပွန်းရဲ့ မျိုးရိုးနာမည်က ကျိုး၊ ကျိုးရှို့လင်းပါ။ သူက အရမ်းချောပြီး နှစ်လိုဖွယ်ကောင်းပြီးတော့ သမီး သူ့ကို တကယ် အရမ်းသဘောကျတယ်

အန်တီ ကျန်း တကယ်ကို ရှော့ခ်ရသွားပေမယ့် တစ်ချိန်တည်းမှာပဲ ကြည်နူးမှုတွေနဲ့ ပြည့်နေသည်။ ကျိုးရှို့လင်းက ဘယ်သူလဲ။ သူမရဲ့တူမလေးက သူမကို တစ်ခါမှ မပြောပြဖူးဘူး။

ထူးထူးခြားခြား လူတစ်ယောက် ရုတ်တရက်ကြီး ပေါ်လာသဖြင့် သူမ ဘာပြောရမှန်း မသိတော့ပေ။ ဒါပေမယ့် ကျန်းရှောင်၏ မျက်နှာတွင် ပျော်ရွှင်မှုကို မသိစိတ်က ပေါ်လွင်လာသည်ကို မြင်လိုက်ရသဖြင့် သူမ စိတ်ချသွားနိုင်သည်။

" ရှောင်ရှောင်၊ သမီးမှာ ဓာတ်ပုံရှိလား။ သူ့ပုံကိုကြည့်ကြည့်ရအောင်" ဟု အန်တီဖြစ်သူက စပ်စုကာ မေးလိုက်သည်။

ကျန်းရှောင် ရှက်သွားသည်။ သူမမှာ ကျိုးရှို့လင်းရဲ့ဓာတ်ပုံတွေ အမှန်တကယ်ကို မရှိပေ။ ဒါပေမယ့် သူမက သူမရဲ့အန်တီကို ဒီအကြောင်းသိခွင့်မပြုနိုင်ဘူး။

အကယ်၍ သူမရဲ့အန်တီက သူမဆီမှာခင်ပွန်းဖြစ်သူ၏ ပုံတွေမရှိတာကို သိသွားရင် တစ်ခုခုကို သံသယဖြစ်မိလိမ့်မည်။

"အန်တီ၊ ဒီည သူပြန်လာခါမှ သူ့ရဲ့ရုပ်ချောချော ပုံလှလှလေးတွေ ရိုက်ထားလိုက်မယ်။ သမီးရဲ့ဖုန်းမှာ သူ့ရဲ့မလှမပပုံတွေနဲ့ပဲ ပြည့်နေလို့"

သူမရဲ့ အန်တီက စိုးရိမ်ပြီး ပြောလိုက်သည်။ " ရှောင်ရှောင်၊ သမီးမှာ မင်္ဂလာဆောင် ဓာတ်ပုံတွေ မရှိဘူးလား"

ကျန်းရှောင် ခေါင်းခါလိုက်သည်။ "အန်တီ၊ သမီးတို့မှာ လက်ထပ်စာချုပ်ပဲရှိတယ်"

အန်တီဖြစ်သူက တုံ့ပြန်ခဲ့သည်။ "......အင်း၊ ဒါလည်း အဆင်ပြေပါတယ်။ သူက ဘာလုပ်တာလဲ"

ဒါပေမယ့် အခုခေတ်မှာ မင်္ဂလာဆောင်ဓာတ်ပုံမရိုက်ဘဲ ဘယ်သူတွေ လက်ထပ်ကြလို့လဲ။

ကျန်းရှောင် ပြန်ပြောလိုက်သည်။ “သူက သူ့ကိုယ်ပိုင်ကုမ္ပဏီထောင်ထားတာ"

အန်တီဖြစ်သူက သက်ပြင်းချလိုက်သည်။ " လက်ထပ်တယ်ဆိုတာက ကြီးမားတဲ့ကိစ္စကို သမီးက အန်တီတို့နဲ့တောင် မတိုင်ပင်ဘူး။ နှစ်ဖက်မိဘတွေတောင် မဆုံတွေ့ကြဘူး။ သတို့သားရဲ့ မိသားစုက ဘယ်လိုထင်မလဲ။ ပြီးတော့ သမီး ခန်းဝင်ပစ္စည်း ဘာမှ မပြင်ဆင်လိုက်ဘူးမလား"

ကျန်းရှောင် တခစ်ခစ်ရယ်လိုက်သည်။ "အန်တီ၊ သမီးက အိမ်ထောင်ကျနေပြီ" သူမဆီမှာ “ကုန်ပစ္စည်းရောင်းပြီးတာနဲ့ ပြန်ရလာမှာ မဟုတ်ဘူး” ဆိုတဲ့ အမူအရာရှိနေသည်။

သူ့မရဲ့အန်တီက အကူအညီမဲ့စွာရယ်လိုက်သည်။ "အိမ်ထောင်ရေးက ကလေးကစားစရာမဟုတ်ဘူး"

ကျန်းရှောင်၏ အကောင်းမြင်တဲ့သဘောထားကို ကြည့်ပြီး နာကျင်ခံစားရခြင်းမှ မကူညီနိုင်ဘဲ သူမ ရယ်မောလိုက်သည်။ "သမီး၊ သမီးက သမီးရဲ့ ဆုံးဖြတ်ချက်တွေကို ယုံကြည်ထားတဲ့ သမီးရဲ့အဖေလိုပဲ"

ကျန်းရှောင် ခဏရပ်တန့်လိုက်သည်။ "အန်တီ၊ သမီးအမေက ဘယ်လိုပုံစံရှိလဲဆိုတာ မှတ်မိသေးလား"

အန်တီဖြစ်သူက အံ့အားသင့်သွားသည်။ "ဘာလို့ ဒီလိုမေးတာလဲ"

ကျန်းရှောင် ပြုံးလိုက်သည်။ "သမီးက သူနဲ့တူလား"

အန်တီဖြစ်သူက ခဏမျှ တုံ့ဆိုင်းသွားသည်။ "နှစ်ဆယ့်နှစ်နှစ်ရှိပြီဆိုတော့ အန်တီ တကယ်မမှတ်မိနိုင်တော့ဘူး။ သမီးက သူနဲ့ရုပ်ဆင်နိုင်ပါတယ်"

ကျန်းရှောင် အသိအမှတ်ပြုတဲ့အသံနဲ့ တုံ့ပြန်လိုက်သည်။

အန်တီနှင့် ဖုန်းချပြီးနောက် ကျန်းရှောင် သူမ မျက်နှာကို ထိလိုက်သည်။ သူမက ကျန်းယိနဲ့ တူသော်လည်း သူမရဲ့အမေနဲ့လည်းတူသည်။

ညနေပိုင်း၌ နေရောင်သည့် မိုးကုပ်စက်ဝိုင်းတွင်ချိတ်ဆွဲထားသည့် ရွှေရောင် ကန့်လန့်ကာကို မြေပြင်ပေါ်တွင် ဖြန့်ကျဲထားသကဲ့သို့ နှင်းဆီပန်းပွင့်တွေက လေထဲတွင် တလွင့်လွင့်နဲ့ မြေပြင်ကို ဖုံးအုပ်ထားသည်။

ကျန်းရှောင် ခြံဝင်းထဲ လမ်းလျှောက်ထွက်ခဲ့သည်။

ခပ်လှမ်းလှမ်းတွင် အနက်ရောင် ကားတစ်စင်း ဖြည်းညှင်းစွာ ချဉ်းကပ်လာကာ နောက်ဆုံး သူမအနား၌ ရပ်သွားခဲ့သည်။

All Chapters