← Chapters

အခန်း (၄၄)

Vol. 4 Ch. 44

အခန်း (၄၄)

Vol. 4 Ch. 44

ကျိုးရှို့လင်းက နောက်ထိုင်ခုံမှ ထွက်လာခဲ့ပြီး သူ့မျက်လုံးတွေက နွေးထွေးမှုအပြည့်ဖြင့် သူမကိုကြည့်နေသည်။ "ဒီနေ့ ခြေလှမ်း ဘယ်နှစ်လှမ်း လှမ်းပြီးပြီလဲ"

သူမမှာ တစ်နေ့တာတွင် ခြေလှမ်း ၁၀,၀၀၀ လှမ်းရန် ရည်မှန်းချက်ထားထားသည်။

ကျန်းရှောင်က သူမဖုန်းရဲ့ pedometer ကို ဖွင့်လိုက်တော့ ခြေလှမ်းပေါင်း ၈၀၀၀ သာရှိသေးကြောင်း ပြသခဲ့သည်။

သူ ပြောလိုက်သည်။ "မင်း ခြေလှမ်း ၂၀၀၀ လိုသေးတယ်။ ကိုယ် မင်းနဲ့အတူ လျှောက်ပေးမယ် "

ကျန်းရှောင် သူ့ကို စုန်ချည်ဆန်ချည်ကြည့်လိုက်သည်။သူက အနက်ရောင်ရှပ်အင်္ကျီ၊ စတိုင်ပင်ဘောင်းဘီအနက်ရောင် နှင့် သားရေဖိနပ် အနက်ရောင်ကို ၀တ်ထားကာ သပ်သပ်ရပ်ရပ် ဖြီးလိမ်းပြင်ဆင်ထားသည်။

ထို့နောက် သူမကိုယ်သူမ ကြည့်လိုက်တော့ အပေါ်ထပ်က မက်မွန်ရောင် ချည်ထိုးဆွယ်တာအင်္ကျီကို ဝတ်ဆင်ထားပြီး အနက်ရောင် ပေါ့ပေါ့ပါးပါး ဘောင်းဘီကို ၀တ်ထားသည်။

သူတို့နှစ်ယောက်လုံးမှာ မတူညီတဲ့ပုံစံတွေရှိပေမယ့် လူတွေကို သက်တောင့်သက်သာခံစားရစေသည်။

ကျန်းရှောင် ခေါင်းကိုစောင်း ပြီး မေးလိုက်သည်။ "ရှင် ဒီနေ့ ဘာလို့စောစောပြန်လာတာလဲ။ ညနေ activity တွေ မရှိဘူးလား"

"တခြားလူတွေ ဂရုစိုက်လိမ့်မယ် " ကျိုးရှို့လင်းက သူမလက်ကို ကိုင်ကာ ပြောလိုက်သည်။ "ဒီနေ့ ဘယ်လိုလဲ"

ကျန်းရှောင် ခဏလောက်စဉ်းစားပြီး "ဒီနေ့ ကျွန်မရဲ့အန်တီနဲ့ ဆက်သွယ်ခဲ့တယ်" လို့ ပြန်ဖြေလိုက်သည်။

"အို " သူ မျက်ခုံးပင့်လိုက်သည်။ "မင်း သူ့ကို ဘာတွေပြောလိုက်လဲ"

"ကျွန်မ အိမ်ထောင်ပြုပြီးပြီလို့ ပြောလိုက်တော့ အန်တီက ရှင့် ဓာတ်ပုံတွေကို ကြည့်ချင်တယ်တဲ့"

ကျိုးရှို့လင်း ဟန်လုပ်ပြုံးလိုက်သည်။ "ဒါဆို ကြည့်ကောင်းတဲ့ပုံတစ်ပုံရွေးလိုက်လေ "

ကျန်းရှောင် အံကိုတင်းတင်းကြိတ်ထားသည်။ "ဒါပေမယ့် ကျွန်မမှာ ရှင့်ဓာတ်ပုံတွေမှ မရှိတာ" သူမ ဖုန်းကို ကောက်ကိုင်လိုက်ပြီး ရွှတ်နောက်နောက်နဲ့ သူ့ကို တစ်ချက်ကြည့်ပြီး ပြောလိုက်သည်။

"ရှင့်ကို ဓာတ်ပုံရိုက်လိုက်မယ်။ အဆင်ပြေလား"

ကျိုးရှို့လင်း အသံပြုလိုက်သည်။ "ဒါဆို လက်ထောက်ကျန်းကို ဒုက္ခပေးပါရစေ " သူက သူ့အဝတ်အစားတွေကို လေးလေးနက်နက်နဲ့ ပြင်လိုက်သည်။

ကျန်းရှောင်က သူမရဲ့ဖုန်းနဲ့ ကင်မရာကို သူ့ဘက်မျက်နှာမူပြီး ကိုင်ထားခဲ့သည်။ သူမရဲ့ဖုန်းကို လွန်ခဲ့တဲ့ နှစ်နှစ်လောက်က ဝယ်ခဲ့တာ ဖြစ်ပြီး ရုပ်ထွက်အရည်အသွေးက နောက်ဆုံးပေါ် မော်ဒယ်တွေလောက် မကောင်းပေ။ ဒါပေမယ့် သူကြည့်ကောင်းနေသရွေ့တော့ ကျေနပ်စရာကောင်းနေမှာပဲ။

ကလစ်တစ်ချက်နှိပ်ရုံဖြင့် သူမက ၃ ချက်ဆက်တိုက်ရိုက်ပစ်လိုက်သည်။

ကျိုးရှို့လင်းက အရပ်ရှည်ရှည်နဲ့ မတ်မတ် ရပ်နေသည်။ သူမက မျက်လုံးတွေကို မှိတ်ထားပြီး ဓာတ်ပုံရိုက်ရန် အကြောင်းပြချက်ကို အခွင့်ကောင်းယူကာ ခင်ပွန်းဖြစ်သူအား လွတ်လွတ်လပ်လပ် သဘောကျပြီး ခဏတာ ငြိမ်သက်စွာ ကြည့်နေခဲ့သည်။

"လက်ထောက် ကျန်း၊ ရိုက်ပြီးပြီလား " လို့ ကျိုးရှို့လင်း မေးလိုက်သည်။

"အိုး၊ ပြီးပြီ" ကျန်းရှောင် ခေါင်းငုံ့ပြီး ဓာတ်ပုံတွေကို လှန်လှောကြည့်လိုက်သည်။ "ရှင် ဘယ်လိုထင်လဲ"

ကျိုးရှို့လင်း ဖုန်းကိုယူပြီး သာမန်ပဲ လှန်လှော ကြည့်လိုက်သည်။ "မကောင်းဘူး "

"အာ ... ဒါဆို ကျွန်မ ပြန်ရိုက်ပေးမယ် "

ဒါပေမယ့် ကျိုးရှို့လင်းက သူမရဲ့လက်ကို ဆုပ်ကိုင်ထားသည်။ "နီးနီးကပ်ကပ်နေ"

ဇဝေဇဝါဖြစ်ပြီး ကျန်းရှောင် "အော..အင်း" ဟုတုံ့ပြန်ခဲ့သည်

ကျိုးရှို့လင်း တိုးတိုးလေးရယ်လိုက်သည်။ "အရူးမလေး " သူ ဖုန်းကို မြှောက်လိုက်သည်နှင့် ကျန်းရှောင် ရုတ်တရက် သဘောပေါက်သွားသည်။

သူက selfie ဆွဲချင်နေတာ။

ဒါပေမယ့် သူမ ဒီနေ့ မိတ်ကပ်မလိမ်းထားဘူး ပြီးတော့ Beauty ကင်မရာလည်း မဖွင့်ထားဘူး။

ကျိုးရှို့လင်းက သူ့လက်တံရှည်ရှည်ကို ဆန့်ထုတ်လိုက်ပြီး ကျန်လက်တစ်ဖက်ကို ကျန်းရှောင်ရဲ့ ပခုံးပေါ် တင်လိုက်သည်။ သူတို့ နှစ်ယောက်သား ခေါင်းလေးစောင်းပြီး မျက်နှာချင်း နီးကပ်ထားကြသည်။ သူ့အသံက တိုးပြီး သာယာသည်။ "ကင်မရာကို ကြည့်ပြီး ပြုံး"

ကျန်းရှောင် နှုတ်ခမ်းစေ့ပြီး ပြုံးလိုက်သည်။ လက်ထပ်စာချုပ်အတွက် သူတို့ရိုက်ခဲ့တဲ့ ပုံနဲ့ယှဥ်လိုက်ရင် ဓာတ်ပုံနဲ့ ယှဉ်ရင် ဒီအချိန်မှာ သူမ နှလုံးသားက မီးရှူးမီးပန်းများကဲ့သို့ တက်ကြွပြီး အရောင်အသွေး စုံလင်လှသည်။

သူမ ရုတ်တရက် ခေါင်းကိုစောင်းပြီး သူ့ပခုံးပေါ် မှီကာ သူမရဲ့ညာလက်ကို "V" သင်္ကေတပုံစံထောင်ထားပြီး လုံးဝသက်တောင့်သက်သာရှိပြီး အားရကျေနပ်စေသည်။

ကျိုးရှို့လင်း ထိုအခိုက်အတန့်ကို အေးခဲသွားစေပြီး ဓာတ်ပုံရိုက်တဲ့ ခလုတ်ကို နှိပ်လိုက်သည်။

ဓာတ်ပုံလှလှလေး တစ်ပုံရသွားပြီ။

ကျန်းရှောင် သူမရဲ့ဆံပင်ကို ဖြည်းညှင်းစွာ သပ်လိုက်ပြီး "ကြည့်ကြည့်မယ်" လို့ပြောလိုက်သည်။

ဒါဟာ သူတို့ရဲ့ ပထမဆုံး selfie ဖြစ်ပြီး သူကိုယ်တိုင် ရိုက်ပေးထားတာ။ သူ့လက်တံရှည်လို့ သူမမျက်နှာကိုဖောင်းနေတဲ့ပုံ မပေါ်နေစေဘူး။

နောက်ခံက ရွှေရောင်ညချမ်းဖြစ်ပြီး သူတို့နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက် ချစ်ခင်စွာ မှီထားကြသည်။ အိုး.....သူပြုံးနေတဲ့ပုံပဲ.....

ကျန်းရှောင် ဒီဓာတ်ပုံကို အရမ်းကြိုက်သည်။ "အန်တီဆီ ပို့ပေးလိုက်မယ်"

သေချာတာပေါ့၊ သူမရဲ့အန်တီက သူမရဲ့မက်ဆေ့ခ်ျကို မြန်မြန်ဆန်ဆန် တုံ့ပြန်ခဲ့သည်။

"သူက တကယ်ချောတာပဲ။ သမီး စကားတစ်ခွန်းမှ မပြောဘဲ အိမ်ထောင်ပြုလိုက်တာက အံ့သြစရာ မဟုတ်တော့ဘူး။ ဒီကောင်လေးကို သတိမထားမိရင် တခြားတစ်ယောက် လုယူသွားလိမ့်မယ်"

ကျန်းရှောင်က သူမရဲ့ဖုန်းကိုကြည့်ပြီးတိတ်တဆိတ် ဝမ်းသာသွားသည်။

ကျိုးရှို့လင်းမှာတော့ မကူညီနိုင်ဘဲ နှုတ်​ခမ်း​တွေကွေးတက်သွားခဲ့ရသည်။ "မင်းရဲ့အန်တီ ဘာပြောလိုက်လို့လဲ"

ကျန်းရှောင် ကိုယ့်ကိုယ်ကို ထိန်းပြီးပြောလိုက်သည်။ "အန်တီက ရှင့်ကို ရုပ်ရည်ချောမောလို့ ချီးကျူးတယ်"

ကျိုးရှို့လင်း ခေါင်းညိတ်လိုက်သည်။ "ကိုယ့်မှာ အတွင်းစိတ်ရော အပြင်ပန်းကပါ အရည်အချင်းတွေ ရှိပါတယ် မင်းအန်တီကို ပြောလိုက် "

ကျန်းရှောင် မော့ကြည့်ပြီးပြောလိုက်သည်။ "အရှက်ကိုမရှိဘူး" ထိုအချိန်တွင် သူမ WeChat ၌ မက်ဆေ့ခ်ျအသစ်တစ်ခု လက်ခံရရှိခဲ့သည်။ အဲ့တာက သူမရဲ့ဝမ်းကွဲဆီမှာ အသံမက်ဆေ့ချ်ဖြစ်သည်။ သူမချက်ချင်းဖွင့်လိုက်သည်..

ဂျိမ်းစ်က အသံနက်ကြီးနဲ့ ပြောခဲ့သည်။ "ဝမ်းကွဲ၊ ဒီပုဂ္ဂိုလ်က ဝမ်းကွဲရဲ့အလုပ်က နာမည်ကြီးအမျိုးသားမလား။ ဝမ်းကွဲက သူ့မန်နေဂျာမလား၊ ဒါဆို ဝမ်းကွဲ သူနဲ့ အိပ်ခဲ့တာလား။ ဝမ်းကွဲ မြန်မြန်ပြော၊ အမေ့ကို ပြန်မပြောဘူးလို့ ကတိပေးတယ်"

ကျန်းရှောင် ကျိုးရှို့လင်းကို ကြည့်လိုက်သည်။ သူမရဲ့အမူအရာ ကွဲလွဲနေကာ ဒေါသကြောင့် သူမရဲ့မျက်လုံးများ ပြူးကျယ်သွားသည်။ "ကျွန်မရဲ့ဝမ်းကွဲ ငယ်ငယ်တုန်းက ဝတ္ထုတွေ ဖတ်တာများလွန်းသွားတာဖြစ်မယ်"

ကျိုးရှို့လင်း လက်ကို မြှောက်လိုက်ပြီး သူမရဲ့ ခေါင်းကို ပွတ်လိုက်သည်။ "မင်းရဲ့ဝမ်းကွဲမှာ ဇာတ်ညွှန်းရေးတဲ့သူဖြစ်ဖို့ အလားအလာရှိတယ်"

ကံမကောင်းစွာနဲ့ပဲ ကျန်းရှောင်က သူမဝမ်းကွဲဖြစ်သူရဲ့ စနောက်မှုကြောင့် မိခံလိုက်ရသည်။ သူ အရက်မူးနေတာကို အခွင့်ကောင်းယူပြီး သူမ သူနဲ့ အတူအိပ်ခဲ့တာ အမှန်ပါပဲ။ တစ်စုံတစ်ယောက်ရဲ့ အားနည်းချက်ကို အခွင့်ကောင်းယူပြီး သူမ ဒီလိုလုပ်ခဲ့တယ်။

ဂျိမ်းစ်က နောက်ထပ် အသံမက်ဆေ့ဂျ်တစ်ခုကို ပို့လာခဲ့သည်။

ကျိုးရှို့လင်းက ကျန်းရှောင်ကို ကြည့်လိုက်ပြီး သူမက လုံးဝရုန်းထွက်ကာ အသံမက်ဆေ့ချ်ကို ဖွင့်လိုက်သည်။

ဂျိမ်းစ် - "ဝမ်းကွဲ၊ ဘာပဲဖြစ်ဖြစ်ကိစ္စမရှိဘူး ငါ မင်းကို ဂုဏ်ပြုချင်တယ်။ မင်းက အချစ်တွေရော စည်းစိမ်ဥစ္စာတွေရော ရခဲ့တယ်။ မင်းယောကျ်ားရဲ့ ပုံသဏ္ဍာန်က အံ့မခန်းပဲ။ သူ့မှာ ခြေတံရှည်တွေ ရှိတယ်၊ ဒါကြောင့် မင်းရဲ့နေ့စဉ်ဘ၀မှာ သူ့ကို အမီလိုက်နိုင်ဖို့ မင်း မြန်မြန်ပြေးမှရမယ်။ အင်း ဒီတစ်ခါတော့ မင်းက ကံကောင်းလိုက်တာ "

ကျန်းရှောင်ရဲ့ မျက်နှာက မည်းမှောင်သွားခဲ့သည်။

ကျိုးရှို့လင်း စကားပြောလိုက်သည်။ "မင်းရဲ့ဝမ်းကွဲက...... ချစ်စရာကောင်းလိုက်တာ" ခဏလောက်စဉ်းစားပြီး သူ အဲဒီစကားထွက်လာခဲ့သည်။

ကျန်းရှောင် အံကို တင်းတင်းကြိတ်ကာ မျက်ဖြူလှန်လိုက်သည်။ "သူက တကယ့်လက်တွေ့ဘဝက Sakuragi Hanamichi နဲ့တူတယ် တကယ် အရမ်း ကလေးဆန်တယ်"

ကျိုးရှို့လင်းက ဒီမွေးချင်းတွေမှာ ဆက်ဆံရေးကောင်းမွန်ကြောင်း ပြောပြနိုင်သည်။ မဟုတ်ရင်

ဂျိမ်းစ်က အရာအားလုံးကို ဒီလိုမျိုး ပြောမှာမဟုတ်ဘူး။

သူမ ရှက်သွားသလို ခံစားလိုက်ရသည်။ "အိမ်ပြန်ရအောင်"

ကျိုးရှို့လင်း မေးလိုက်သည်။ "မင်း ခြေလှမ်း ၁၀၀၀၀ ပြည့်ပြီလား"

" ညစာစားပြီးမှ ကျွန်မတို့ လမ်းထွက်လျှောက်လို့ရတာပဲ"

တိတ်ဆိတ်တဲ့ လမ်းမပေါ်မှာ လူနှစ်ယောက်ရဲ့ အရိပ်က လူသွားလမ်းပေါ်၌ အရိပ်ကျနေသည်။

"ကျန်းရှောင် -"

"ဟွန်"

"ကိုယ်ကိုလည်း ဓါတ်ပုံတွေပို့ပေး ကိုယ်တို့ အဖွဲ့လိုက်ပုံ"

"ပို့ပေးမယ်"

ညဘက်၌ ကျန်းရှောင် ရေချိုးပြီးသွားသောအခါတွင် သူမ စိတ်အခြေအနေအရမ်းကောင်းမွန်နေပြီး ပန်းချီဆွဲခဲ့သည်။ ကျိုးရှို့လင်း ရောက်ရှိလာချိန်မှာတော့ သူမက ပန်းချီကားရဲ့ တစ်ဝက်လောက် ပြီးသွားခဲ့ပြီ။

မထင်မှတ်ပဲ သူမ ညနေခင်းတုန်းက လမ်းလျှောက်ထွက်ရင်း သူတို့နှစ်ယောက်ရဲ့ မြင်ကွင်းကို ပုံဖော်နေခဲ့သည်။

[ပဲပင်ပေါက်လေးရဲ့ ကြီးထွားမှုနေ့စဥ်မှတ်တမ်း၊ ရက် ၁၁၀။ ပဲပင်ပေါက်လေးရဲ့ အဖေနဲ့ ပဲပင်ပေါက်လေးရဲ့အမေတို့ အတူတူ လမ်းလျှောက်ထွက်ပြီး အမှတ်တရ ဓာတ်ပုံရိုက်ခဲ့တယ် ]

"မင်းက ပုံဆွဲရတာကြိုက်တာလား"

"အဲ့လိုပါပဲ"

"ဘာလို့ အနုပညာကောလိပ်တက်ဖို့ မရွေးချယ်ခဲ့တာလဲ"

ကျန်းရှောင် ပေါ့ပေါ့ပါးပါးနဲ့ပြောပြခဲ့သည်။ "အဲဒီတုန်းက ကျွန်မ အဖေ့ရဲ့ အရိပ်လို မဖြစ်ချင်ခဲ့ဘူး။ နောက်ပိုင်းမှာ သူက ပန်းချီဆွဲတာကို နည်းနည်း စွဲလန်းသွားပြီး သူ့စိတ်တွေ မတည်မငြိမ် ဖြစ်သွားလာခဲ့တယ်"

ကျိုးရှို့လင်း ခဏလောက်စဉ်းစားပြီး မေးခဲ့သည်။ "ဒါ ဘယ်တုန်းက ဖြစ်တာလဲ"

"ကျွန်မ ကိုးတန်းတုန်းက" ကျန်းရှောင်ရဲ့ မျက်လုံးတွေမည်းမှောင်သွားသည်။ "အဖေ တစ်ခုခုကို ကြုံတွေ့ခဲ့ပြီး တစ်နေ့မှာ သူ ရုတ်တရက် ရူးသွပ်သွားတယ်။ နောက်တော့ ကျွန်မရဲ့အန်တီနဲ့ ဦးလေးတို့ အမြန်ပြန်လာခဲ့ကြတယ် "

"ဒါဆို မင်းက အထက်တန်းကျောင်းတက်ဖို့ ကျင်းချန် ကိုလာခဲ့တာလား"

"ဟုတ်​တယ်​ ​အ​ဖေက ကျွန်မကို ဂရုစိုက်​ပေးဖို့ အန်တီနဲ့ အပ်​ခဲ့တယ်​" အဖေ ရူးသွပ်သွားတဲ့ ထိုနေ့ညကို သူမ အမှတ်ရမိနေသည်။ ထိုနေ့က သူမရဲ့လက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားတော့ ကျိုးသွားသလိုမျိုး သူမ ခံစားခဲ့ရသည်။

ကျန်းယိရဲ့ မျက်လုံးတွေ နီရဲလာပြီး ငိုရင်းနဲ့ "သူမ" ကို တောင်းပန်ခဲ့သည်။

အပြင်ဘက်မှာ မိုးကြိုးတွေပစ်၊ လျှပ်စီးတွေလျှပ်ပြီး မိုးတွေက သည်းကြီးမည်းကြီး ရွာနေခဲ့သည်။

အခန်းကျဉ်းလေးထဲမှာ ယော​ကျ်ားတစ်ယောက်က "မထွက်သွားပါနဲ့၊ ဝမ်ဝမ်၊ မထွက်သွားပါနဲ့" ဟု ပြင်းပြင်းထန်ထန် အော်နေခဲ့သည်။

ကျိုးရှို့လင်း အမူအရာက အနည်းငယ် လေးနက်လာသည်။

ဒါပေမယ့် ကျန်းရှောင် သူမရဲ့ ပါးစပ်ထောင့်ကို စိလိုက်သည်။ "အဖေနဲ့ ကျွန်မရဲ့ဆက်ဆံရေးက ထူးဆန်းတယ်။ ကျွန်မတို့က လုံးဝ သူစိမ်းတွေလိုပဲ၊ ဒါပေမယ့် သူ ကျွန်မကို ချစ်တယ်ဆိုတာ ကျွန်မသိတယ်"

သူမ သက်ပြင်းတစ်ချက်ချလိုက်သည်။ "ကျွန်မအဖေက အခု ကျွန်မဘယ်လို နေနေလဲဆိုတာ သိရင် ဒေါသထွက်မှာလားဆိုတာ ကျွန်မ သိချင်မိတယ်"

ကျိုးရှို့လင်း သဘာဝအားဖြင့် စိုးရိမ်မှုအချို့ကို ခံစားခဲ့ရသည်။ "သူ အရမ်း စိတ်လှုပ်ရှားနေလိမ့်မယ်။ သူ အဖိုးတစ်ယောက်ဖြစ်လာပြီလေ ပြီးတော့ ဒေါသထွက်ဖို့ကို သူ မေ့သွားလိမ့်မယ်"

ကျန်းရှောင် သူ့ကို စိုက်ကြည့်ရင်း ရင်ထဲမှာ အနည်းငယ် စိတ်လှုပ်ရှားသွားသည်။ "အဖေ ပြန်လာပြီ။ ကျွန်မသူနဲ့တွေ့ဖို့ ချိန်းလိုက်ရင် ကျွန်မတို့သူ့ကို အတူတူ သွားတွေ့ကြရအောင်နော် အဆင်ပြေလား"

ကျိုးရှို့လင်း လှုပ်ရှားသွားခဲ့သည်။ ကျန်းရှောင် ရဲ့ စကားကို သူနားလည်သည်။ “အိုခေ" ဟု နူးညံ့တဲ့လေသံဖြင့် သူ ပြန်ဖြေလိုက်သည်။

သူမ နှုတ်ခမ်းကိုကော့တက်ပြီး ချိုမြိန်စွာ ပြုံးလိုက်သည်။

ကျိုးရှို့လင်း သူမမျက်နှာကို အုပ်ကိုင်လိုက်သည်။ "ကျန်းရှောင်၊ မင်း ကိုယ့်ကို ဆက်ပြီး ဒီလိုပြုံးပြနေမယ်ဆိုရင် ကိုယ် မင်းကိုတကယ်....နမ်းချင်လာလိမ့်မယ်"

ကျန်းရှောင် သူမရဲ့ ခြေထောက်တွေကို အမြန်ချဲလိုက်သည်။ "မစ္စတာကျိုး၊ ကိုယ်ဝန်ဆောင်ပညာရေးကို စိတ်ထဲထည့်ထား "

ကျိုးရှို့လင်း တိုးတိုးလေး ရယ်လိုက်သည်။ "ပဲပင်ပေါက်လေး၊ မင်းအမေ ရှက်နေပြီ"

ကျန်းရှောင် - "..."

All Chapters