အခန်း (၄၇)
Vol. 4 Ch. 47
ကျိုးရှို့လင်းက သူမလက်ကို ဆုပ်ကိုင်ပြီး ရှင်းပြခဲ့သည်။ "ဒီနေ့က ဆရာမ လျန့် ရဲ့ မွေးနေ့ "
ကျန်းရှောင် ခေါင်းကိုစောင်းလိုက်ပြီး ရုတ်တရက် သတိရသွားသည်။ "ကျွန်မ သိတယ်"
"မင်း သိတယ်လား"
"ကျွန်မ သူ့ကို Baidu Baike မှာ ရှာကြည့်ခဲ့တယ်လေ " ကျန်းရှောင် ရှင်းပြလိုက်သည်။
"အရင်က ဒရာမာဇာတ်လမ်းတွဲတစ်ခုရဲ့ ရိုက်ကွင်းမှာ ကျွန်မ သူမနဲ့ အချိန် နည်းနည်းကြာကြာရှိခဲ့တယ်"
"ဘယ်တုန်းကလဲ"
ကျန်းရှောင် သေသေချာချာစဉ်းစားလိုက်သည်။ "ပြီးခဲ့တုန်းက ကျွန်မ ရှင့်ကိုပြောပြဖူးတယ်လေ။ ကျွန်မ နေမကောင်းဖြစ်တုန်းက ရှင်းရန်က အမျိုးသမီးနံပါတ် N ပဲရှိသေးတယ်"
"လက်ထောက်တွေက အထူးသဖြင့် အနုပညာရှင်တွေရဲ့ မွေးနေ့တွေကို မှတ်မိနေရမယ်။ တခြားအနုပညာရှင်တွေရဲ့ မွေးနေ့တွေရှိတဲ့အခါ မွေးနေ့ဆုတောင်းတွေ ပေးပို့ကြဖို့ အနုပညာရှင်တွေကို သတိပေးရတယ်။ အဲဒါက ဆက်ဆံရေးကို တည်ဆောက်ရာမှာ အထောက်အကူဖြစ်စေတယ်"
"ဒါဆို မင်းဒီနှစ် ကျင်းကျုံးပိုင်ရဲ့ မွေးနေ့အကြောင်း ကျောက်ရှင်းရန်ကို သတိပေးခဲ့တာလား"
ကျန်းရှောင် သူမရဲ့ နှုတ်ခမ်းတွေကိုဖိပြီး ပြုံးလိုက်သည်။ "အဲ့တာ ကျွန်မ ပို့လိုက်တာ။ ကျွန်မ ရှင်းရန်ရဲ့ Weibo ကို အရင်က စီမံခန့်ခွဲဖူးတယ်။ သူမမှာ ရိုးရှင်းတဲ့ ပင်ကိုယ်စရိုက် ရှိတော့ သူမရဲ့ Weibo ပို့စ်တွေက အတော်လေး ခြောက်ကပ်နေခဲ့တာ။ နောက်ပိုင်းမှာ ကျွန်မတို့ အဲ့တာကိုဆွေးနွေးပြီး စီမံခန့်ခွဲရေး လွှဲပြောင်းယူလိုက်တယ်။ အခု အဲ့တာကို ဘယ်သူ စီမံနေလဲ ကျွန်မ မသိဘူး"
စကားစမြည်ပြောရင်း သူတို့မသိစိတ်က တောင်ပေါ်ရှိ လမ်းငယ်လေးတစ်ခုဆီ လျှောက်သွားခဲ့ကြသည်။
လမ်းနှစ်ဘက်လုံးရှိ လမ်းမီးတွေက လိမ္မော်ရောင်တောက်ပြီး မီးရောင်မှိန်မှိန်အောက်တွင် အေးချမ်းတဲ့လေထုရှိသည်။
ကျန်းရှောင် မေးလိုက်သည်။ "ရှင်လည်း ကုမ္ပဏီလက်အောက်က အနုပညာရှင်တွေရဲ့ Weibo အကောင့်ကို follow လုပ်လား "
ကျိုးရှို့လင်း ညင်သာစွာ ပြုံးလိုက်သည်။ "ဘာလို့ မလုပ်ရမှာလဲ"
ကျန်းရှောင်လည်း ရွှတ်နောက်နောင် အရိပ်အမြွက်ပြကာ ပြုံးခဲ့သည်။ "အစကတော့ ကျွန်မထင်ထားတာက..."
"ဘာတွေ ထင်ထားတာလဲ"
ကျန်းရှောင် နှုတ်ခမ်း ကိုက်လိုက်သည်။ "ကျွန်မ ဒါကိုပြောရင် စိတ်မဆိုးနဲ့နော် "
ကျိုးရှို့လင်း ရဲ့ မျက်လုံးတွေ အနည်းငယ် မှိတ်သွားသည်။
"ရှင် ရှင်းရန်ကို စိတ်ဝင်စားနေတယ်လို့ ကျွန်မထင်ခဲ့တာ။ သူမက အမျိုးသမီး နံပါတ် N ဖြစ်နေရာကနေ ရုတ်တရက် လူတွေကို သံသယဝင်သွားစေတဲ့ ခေါင်းဆောင် မင်းသမီး ဖြစ်လာခဲ့တယ်လေ "
လေပြေကတိုက်ခတ်လာပြီး အေးမြမှုကို သယ်ဆောင်လာခဲ့သည်။
ကျိုးရှို့လင်း သူ့ရင်ဘတ်တွင် နာကျင်မှုကို ခံစားလိုက်ရသည်။ "ဒါဆို မင်းက ကျောက်ရှင်းရန်ကို ကာကွယ်ဖို့ သူမကို တစ်ချိန်လုံး follow လုပ်ထားတာလား "
ကျန်းရှောင် ရှက်သွေးဖြာသွားသည်။ "အတိအကျတော့ မဟုတ်ဘူး..." တကယ်တော့ သူမလည်း သူ့ကို စောင့်ကြည့်ချင်နေတာ။
ကျိုးရှို့လင်း တစ်ချိန်တည်းမှာပင် ရယ်မောကာ ဒေါသထွက်လာသည်။ သူက သူမကို တစ်ချက်ကြည့်လိုက်ပြီး လေသံတိုးတိုးနဲ့ ပြောလိုက်သည်။ "ကိုယ့်ရည်မှန်းချက်တွေပြည့်မီဖို့ လျှို့ဝှက်စည်းကမ်းတွေကို ကိုယ် အသုံးချဖို့ လိုအပ်လို့လား"
ကျန်းရှောင်ရွှတ်နောက်နောက် သူ့ရဲ့လက်ကို လှုပ်ယမ်းလိုက်သည်။ "မစ္စတာ ကျိုး၊ ဒီလုပ်ငန်းမှာ သတိထားဖို့ လိုတယ်ဆိုတာ ရှင်သိပါတယ်"
ကျိုးရှို့လင်း တခစ်ခစ် ရယ်လိုက်သည်။ "လက်ထောက် ကျန်း၊ ကျောက်ရှင်းရန်က ကိုယ့်ပတ်ဝန်းကျင်ကို သတိထားချင်နေတယ်ဆိုတာ မင်း ဘယ်လိုသိတာလဲ "
ကျန်းရှောင် သူ့ကို မယုံနိုင်စွာ စိုက်ကြည့်နေသည်။ည"... ရှင်!"
ကျိုးရှို့လင်း သူမရဲ့ခါးကို ကိုင်လိုက်ပြီး သူ့မျက်နှာကို သူမမျက်နှာနဲ့ နီးကပ်စွာစောင်းလိုက်သည်။ "ကျန်းရှောင်၊ မင်းဆီမှာ ကိုယ့်အတွက် ဖုံးကွယ်ထားတဲ့အကြောင်းရင်း ရှိနေပုံပဲ "
ကျန်းရှောင် နှလုံးက ဒရမ်တစ်ခုလို ခုန်ပေါက်သွားပြီး ခဏတာမျှ သူမ ဘာလုပ်လို့ဘာပြောရမှန်းမသိ ဖြစ်နေသည်။ ကံမကောင်းစွာပဲ၊ သူပြောသမျှက မှန်နေသည်။
"ရှင့်အတွက် ကျွန်မမှာ ဖုံးကွယ်ထားတဲ့ အကြောင်းရင်းရှိနေရင်ကော ရှင် ဘာလုပ်မှာလဲ "
ကျိုးရှို့လင်းရဲ့ မျက်လုံးတွေ တောက်ပလာပြီး သူ ပြုံးပြလိုက်သည်။ "မင်းကိုက ကြိုဆိုတာထက် ပိုပါတယ်"
ကျန်းရှောင် တိတ်ဆိတ်သွားတာကို ကျိုးရှို့လင်း သတိထားမိသွားသည်။ “ဘာတွေတွေးနေတာလဲ” လို့ သူ မေးလိုက်သည်။
"ဘယ်လို မိန်းမမျိုးကို အောင်မြင်တယ်လို့ ရှင်ထင်လဲ" လို့ ကျန်းရှောင် မေးလိုက်သည်။
"သူ့ကိုယ်သူ လိုချင်တဲ့ဟာရဲ့အပေါ်မှာ မူတည်တယ်။ တချို့အမျိုးသမီးတွေက ငြိမ်းချမ်းတဲ့ဘဝကို လိုချင်တဲ့အတွက် သူတို့အတွက် သာယာတဲ့မိသားစုကို ထူထောင်တာက အောင်မြင်တယ်လို့ ယူဆကြတယ်။ တချို့အမျိုးသမီးတွေက သူတို့ရဲ့ အသက်မွေးဝမ်းကြောင်းကို လိုက်စားကြပြီး သူတို့အတွက်ကတော့ တခြားအရာအားလုံးကို လျစ်လျူရှုထားနိုင်တယ်။ လူတိုင်းမှာ မတူညီတဲ့ လိုက်စားမှုတွေ ရှိကြပြီးတော့ ပြင်ပလူတွေမှာ ခိုင်လုံမှုမရှိတဲ့ စီရင်ဆုံးဖြတ်ပိုင်ခွင့် မရှိဘူး"
ကျန်းရှောင် လှောင်ပြုံးပြုံးလိုက်သည်။ "ကမ္ဘာ့အမြင်မှာ ဆရာမ လျန့် လို လူတစ်ယောက်က အောင်မြင်တဲ့ အမျိုးသမီးတစ်ယောက်ရဲ့ နိမိတ်ပုံလို့ သတ်မှတ်ခံရတယ်။ သူမမှာ အောင်မြင်မှု၊ ချစ်ခြင်းမေတ္တာနဲ့ မိသားစုကို ပိုင်ဆိုင်ထားတယ်။ နယ်ပယ်ထဲက အမျိုးသမီး အနုပညာရှင်များစွာက သူမကို သဘောကျကြတယ်"
ကျိုးရှို့လင်းက သူမဒီလောက်ထိ တွေးတောတာကို မြင်ရခဲသည်။ လျန့်ယွဲ့ အခြေအနေကို သူ မှတ်ချက်မပေးပေ။ မည်သို့ပင်ဆိုစေကာမူ ကျင်းက သားတစ်ယောက်နဲ့ကွာရှင်းထားတဲ့ယောကျ်ားဖြစ်ပြီး လျန့်ယွဲ့က သူ့ကို လက်ထပ်ရန် ရွေးချယ်ခဲ့သည်။
သူမရဲ့ ဆုံးဖြတ်ချက်နောက်ကွယ်က အကြောင်းရင်းတွေကို စူးစမ်းဖို့ မထိုက်တန်ဘူး။ တကယ်တော့ ဒီလိုဥပမာတွေက အနုပညာနယ်ပယ်မှာ အဆန်းမဟုတ်တော့ပေ။
အဲဒါက တခြားသူရဲ့ဘဝပဲ၊ ဒါ့အပြင် လျန့်ယွဲ့မှာ အရာအားလုံး ရှိသည်။
သူတို့အခန်းထဲမပြန်ခင် မိနစ်လေးဆယ်ကျော်လောက် လမ်းလျှောက်ထွက်ခဲ့ကြသည်။
ဟိုတယ်တွင် ရေကူးကန်၊ ရုပ်ရှင်ရုံနှင့် ဘိလိယက်ကစားတဲ့အခန်း ကဲ့သို့သော ဖျော်ဖြေရေး အဆောက်အအုံများ ရှိသည်။
ကျန်းရှောင်၏ ကိုယ်ဝန်ကြောင့် လှုပ်ရှားမှုများစွာတွင် သူမ မပါဝင်နိုင်တော့ပေ။ သူမ အနည်းငယ် စိတ်ပျက်နေပုံရသော်လည်း ကျိုးရှို့လင်းက သူမကိုအနာဂတ်မှာ သူမနှင့် အတူလိုက်ခဲ့မည်ဖြစ်ကြောင်း စိတ်ချစေခဲ့သည်။
နောက်အခွင့်အရေး ဘယ်အချိန် ပေါ်လာမယ်ဆိုတာ သူတို့မသိပေမယ့် အခုအချိန်မှာတော့ ဒီခရီးစဉ်အတွက် သူမ ကျေနပ်နေပြီ။
ရေချိုးပြီးနောက် ကျိုးရှို့လင်းက ဆံပင်ပေါ်က ရေစက်တွေနဲ့အတူ ရေချိုးဝတ်စုံဝတ်ကာ ထွက်လာခဲ့သည်။
ကျန်းရှောင်က စန္ဒယားသီချင်းသံကို နားထောင်ရင်း ထိုင်ခုံပေါ်တွင် လှဲနေသည်။ ၎င်းသည် ကိုယ်ဝန်ဆောင်စဉ်ပညာရေးမှ ကလေးများ၏ ဂီတခံစားချက်ကို ပြုစုပျိုးထောင်ရန် သူမ၏ နေ့စဉ်လုပ်စရာများထဲမှ တစ်ခုဖြစ်သည်။
ကျိုးရှို့လင်းက သူမ စိတ်ကို မထိခိုက်စေဘဲ ကလေးမွေးပြီးနောက် ဂီတသင်တန်းတက်ရန် သက်မှတ်ထားတဲ့အချိန်ကာလတစ်ခုက အရေးကြီးသည်ဟု သူ့ကိုယ်သူ တွေးခဲ့သည်။
ကျန်းရှောင် မျက်စိစွေပြီး သူ့ကို တစ်ချက်ကြည့်လိုက်သည်။ သူက ခါးပတ်ကို လျော့ရဲရဲသာ ချည်ထားပြီး သူ့ရဲ့ကောင်းမွန်စွာတည်ဆောက်ထားတဲ့ ရင်ဘတ်ကြွက်သားတွေကို ပေါ်လွင်စေခဲ့သည်။
သူမ အကြည့်လွှဲပြီး စန္ဒယားသီချင်းကို ဆက်နားထောင်ခဲ့သည်။ သူမစိတ်ထဲတွင် သူ့ကိုယ်လုံးကိုယ်ပေါက်က သူမ အတွေးထဲ မထင်မှတ်ဘဲ ပေါ်လာသည်... သူ့မှာ ပုခုံးကျယ်ကျယ်နဲ့ ခါးကျဉ်ကျဥ်နဲ့တကယ်ကိုကောင်းတဲ့ ကိုယ်လုံးကိုယ်ပေါက်ရှိသည်။
ကျိုးရှို့လင်း သူ့ဆံပင်ကို ခြောက်အောင်လုပ်ပြီး ကုတင်ပေါ်တက်ကာ ကုတင်ခေါင်းရင်းကိုမှီလိုက်သည်။ သူ "ကျန်းရှောင်"လို့ ခေါ်လိုက်သည်။
"ဟွန်"
"ဆယ်နာရီထိုးနေပြီ"
"ဒီသီချင်း နားထောင်လို့ပြီးတဲ့အထိ စောင့်ဦး "
ကျိုးရှို့လင်း ညင်သာစွာ ပြုံးလိုက်သည်။ သူ ဒီတစ်ခါတော့ အလုပ်မလုပ်ဘဲ ဒီကိုလာခဲ့တာ။ “မနက်ဖြန်မနက်ကျရင် နေထွက်တာကြည့်ရအောင်"
ကျန်းရှောင် ဝမ်းသာသွားသည်။ "ကျွန်မ အရင်က တစ်ခါမှ နေထွက်တာကို မမြင်ဖူးဘူး။ ကျွန်မတို့ ဘယ်အချိန်ထကြည့်မှာလဲ"
ကျိုးရှို့လင်း ကုတင်ကို ပုတ်လိုက်ပေမယ့် ကျန်းရှောင်က ဂရုမစိုက်ဘဲ အဲ့အပေါ်ကို တက်လိုက်သည်။ ကျိုးရှို့လင်းက ခေါင်းအုံးတစ်လုံးကိုယူလိုက်ပြီး သူမရဲ့နောက်ဘက်မှာ ထားပေးလိုက်သည်။
"ကိုယ်တို့ ငါးနာရီကျရင်ထကြမယ်။ ဟိုကိုရောက်ဖို့က နာရီဝက်ပဲ"
ကျန်းရှောင် မျက်လုံးများကိုမှေးလိုက်သည်။ "ကျို့ယွင် တောင်ရဲ့ နေထွက်ချိန်က ဟွမ်ရှန်မှာ နေထွက်တာနဲ့ ယှဉ်လို့ရတယ်ဆိုတာကို အွန်လိုင်းမှာ ဖတ်ဖူးတယ်"
ကျိုးရှို့လင်း ခေါင်းညိတ်လိုက်သည်။
ကျန်းရှောင် နှုတ်ခမ်းက ကော့တက်သွားခဲ့သည်။ သြဂုတ်လတွင် ဟွမ်ယာက သူမကို ဟွမ်ရှန်သို့ အလည်အပတ်လာရန် ဖိတ်ကြားထားပြီး ထိုအချိန်ကို သူမ နောင်တရနေခဲ့သည်။
လွန်ခဲ့တဲ့နှစ်အနည်းငယ်အတွင်း သူမ၏ အချိန်ဇယားက ကျောင်းတက်ခြင်းနှင့် အချိန်ပိုင်းအလုပ်များဖြင့် အမြဲပြည့်ကျပ်နေခဲ့သည်။ သူမသည် ခေတ္တအနားယူခြင်း သို့မဟုတ် သင့်လျော်တဲ့ အားလပ်ရက်ကို တစ်ကြိမ်မှ အနားမယူခဲ့ပေ။
"ဒါက ကျွန်မရဲ့ပထမဆုံးခရီးလို့ ရှင့်ကိုပြောရင် ကျွန်မကို ရယ်မှာလား" လို့ ကျန်းရှောင် မေးလိုက်သည်။
ကျိုးရှို့လင်း ခေတ္တရပ်တန့်သွားသည်။ "ဒါဆို မင်းနဲ့ ပထမဆုံးအကြိမ်မှာ ကိုယ် လိုက်ပါခွင့်ရတဲ့အတွက် ဂုဏ်ယူမိတယ်"
ကျန်းရှောင် ရှက်သွေးဖြာသွားခဲ့သည်။ "ကျေးဇူးတင်ပါတယ်" ဒီခရီးစဉ်မှာ သူ သူမနဲ့အတူ တမင်တကာ လာခဲ့တာဆိုတာ သူမ သိသည်။
နောက်နေ့မနက်မှာတော့ ကျန်းရှောင်က သူ့ရဲ့အနမ်းကြောင့် နိုးလာခဲ့သည်။
ကိုယ်ဝန်ဆောင် အမျိုးသမီးတွေက အလွန်အမင်း အိပ်လေ့ရှိပြီး သူမက ချွင်းချက်မဟုတ်ပေ။
ကျိုးရှို့လင်းက သူမကို အကြိမ်ကြိမ်ခေါ်ခဲ့ပေမယ့် သူမက မျက်လုံးတွေကို ဆက်မှိတ်ထားလိုက်ပြီး အသံပဲပြုခဲ့သည်။ "ငါးမိနစ်လောက် အိပ်ပါရစေ၊ ငါးမိနစ်ပဲ "
ကျိုးရှို့လင်း ငါးမိနစ်လောက်စောင့်ပြီး သူမကို ထပ်ခေါ်ပေမယ့် သူမက တစ်ပုံစံတည်းပဲ ပြန်တုံ့ပြန်ခဲ့သည်။ "ငါးမိနစ်လေးပဲ....."
သူ့မှာ တခြားရွေးချယ်စရာ မရှိတော့တာကြောင့် သူမကို နက်နက်ရှိုင်းရှိုင်း နမ်းလိုက်သည်။
ကျန်းရှောင် ကြောင်တက်တက်ဖြင့် အသက်ရှုရန် ရုန်းကန်နေရသည်။ သူ့လက်က သူမ၏ ညဝတ်ဂါဝန်အတွင်းမှ ချော်ဝင်သွားကာ အပေါ်အောက် ရွေ့လျားနေပြီဖြစ်သည်။ သူမမှာ လွတ်မြောက်စရာနေရာမရှိသလို သူမရဲ့ အသက်ရှူသံကလည်း မမှန်တော့ပေ။
"ဟေး ကျွန်မနိုးပြီ၊ ကျွန်မ အခု တကယ်ထပြီလို့။ ရပ်လိုက်တော့ !" သနားညှာတာဖို့ တောင်းဆိုလိုက်တိုင်း သူမရဲ့အသံက ညင်ညင်သာသာနဲ့ တိုးတိုးလေး ဖြစ်သွားသည်။ ကျိုးရှို့လင်းသည် ဤအခိုက်အတန့်တွင်သာ သူမ၏ ပုံမှန်လေးနက်မှုကို လျော့ချနိုင်မည်ဟု သဘောပေါက်ခဲ့သည်။
ကျိုးရှို့လင်းက သူမကို ရည်ရွယ်ချက်ရှိရှိနဲ့ စနောက်လိုက်ပြီး သူ့လက်က တဖြည်းဖြည်း အောက်ကို လျှောကျလာသည်။
ကျန်းရှောင် ခန္ဓာကိုယ်က ချက်ချင်း တောင့်တင်းလာခဲ့သည်။ "ဟေး ရှင်ဘာလို့ ဒီလိုလုပ်နေ တာလဲ"
ဒီရဲ့ "ဟေး" က သူ့ကို ပို၍ လှုံ့ဆော်ပေးခဲ့သည်။ အဆင့်တစ်ဆင့်ချင်းစီကို သေသေချာချာ စီစဉ်ခဲ့ပေမယ့် သူမကို ဒီလို တွန်းလှန်လိမ့်မယ်လို့ သူ မမျှော်လင့်ထားခဲ့ဘူး။ မဆိုင်းမတွဘဲ သူ့လက်က တိုးဝင်လာခဲ့သည်။
ကျန်းရှောင်ရဲ့အသက်ရှုသံတွေ တုန်ယင်လာသည်။ "ကျိုးရှို့လင်း ..."
ကျိုးရှို့လင်း ငုံ့ကြည့်လိုက်ပြီး သူ့မျက်လုံးတွေက သူမဆီမှာ ရှိနေသည်။ "ကိုယ်က ဘယ်သူလဲ"
"ကျိုးရှို့လင်း ....."
" မမှန်ဘူး"
"မစ္စတာ ကျိုး..."
"မမှန်ဘူး..."
"...ရှို့လင်း ဟုတ်တယ်မလား"
" မမှန်ဘူး!" ကျိုးရှို့လင်း သူမရဲ့ပါးစပ်ထောင့်ကို နမ်းလိုက်သည်။ "ယောကျ်ား"
ကျန်းရှောင် မခုခံနိုင်တော့ပေ။ အသက်ခြောက်နှစ်ကွာဟမှုဖြင့် သူမ သူ့အတွက် မယှဉ်နိုင်ပေ။
ကျိုးရှို့လင်းက မဆိုစလောက် ဆက်ဆံရမယ့်သူ မဟုတ်ဘူး။ သူမ “ ယောကျ်ား…” လို့ ညင်ညင်သာသာလေး အသနားခံလိုက်သည်။
ထိုတောင်းဆိုချက်ကြောင့် ကျိုးရှို့လင်းက ချစ်ခြင်းမေတ္တာနှင့် ခံစားချက်အပြည့်ဖြင့် သူမကို ပိုနက်ရှိုင်းစွာ နမ်းလိုက်သည်။
အဆုံးမှာတော့ သူတို့ နေထွက်တာကိုကြည့်ဖို့ နောက်ကျခဲ့သည်။
ကံကောင်းချင်တော့ ကျို့ယွင်တောင်မှာ နေထွက်တာကို ကြည့်တဲ့လူ သိပ်မရှိပေ။
နေက တဖြည်းဖြည်း မြင့်တက်လာပြီး နေရောင်က တောင်ထိပ်တစ်ခုလုံးကို လွှမ်းခြုံထားသည်။
ကျန်းရှောင် သူမ မျက်လုံးတွေကို ကျယ်ကျယ်ဖွင့်လိုက်ပြီး အရှေ့မိုးကုတ်စက်ဝိုင်းကို အာရုံစိုက်ကာ ကြည့်နေခဲ့ပြီး သူမရှေ့က မြင်ကွင်းကြောင့် အံ့ဩသွားသည်။