← Chapters

အခန်း (၄၈)

Vol. 4 Ch. 48

အခန်း (၄၈)

Vol. 4 Ch. 48

တောင်တန်းများအားလုံးကို လွှမ်းခြုံထားသည့် မြင်ကွင်းကျယ်မြင်ကွင်းက ခမ်းနားလှသည်။ စိမ်းလန်းစိုပြေတဲ့ တောင်ကုန်းများကို မျက်စိတစ်ဆုံး​မြင်ရကာ လေပြေညင်းညင်သာသာ လှုပ်ခတ်နေသည်။ ရှုခင်းတွေနဲ့အတူ သူမစိတ်တွေ အေးချမ်းသွားသည်..

“ခရီးသွားတာက လူတွေကို အပန်းဖြေဖို့ တကယ်ကို အထောက်အကူဖြစ်စေတယ်” ဟု သူမက ထုတ်ဖော်ပြောဆိုခဲ့သည်။

“ကွန်ဖြူးရှပ်က ပြောဖူးတယ်။ 'ကွန်ဖြူးရှပ် အရှေ့ဘက်တောင်ကို တက်ခဲ့တုန်းက လု တောင်က သေးသွားသလို ခံစားခဲ့ရတယ်တဲ့။ ထိုက် တောင်ပေါ်ကို တက်လာတော့ ကမ္ဘာကြီးတည်ရှိမှုက သေးသွားသလို ခံစားရပြန်ရောတဲ့' ကျွန်မအတွက်ကတော့ ကျို့ယွင် တောင်တက်တာက ကျွန်မဘဝရဲ့တည်ရှိမှုက သေးသွားသလိုခံစားရတယ်"

ကျိုးရှို့လင်းသည် သူမမှာ ထိုကဲ့သို့သော ခံစားချက်မျိုး ရှိလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။ "ဘဝက သေးတယ်ဆိုတာ ဘာလဲ"

"ဘဝကတိုတိုလေးမို့ ပျော်ပျော်ရွှင်ရွှင်သာနေ။ အတိတ်က မီးခိုးငွေ့လိုပဲ၊ အရမ်းကြီး တဝဲလည်လည်းတွေးနေစရာမလိုဘူး" လို့ ကျန်းရှောင် အလေးအနက်ပြောလိုက်သည်။

သူမ၏ ပခုံးပေါ်ရှိ မမြင်နိုင်တဲ့အထိန်းအချုပ်တွေက သူမ သတိမထားမိဘဲ ပျောက်ကွယ်သွားခဲ့သည်။

ကျိုးရှို့လင်း မျက်ခုံးပင့်လိုက်သည်။ "ကိုယ် မင်းကို မကြာခဏ အပြင်ခေါ်ထုတ်ရမယ့်ပုံပဲ "

ကျန်းရှောင် မကူညီနိုင်ဘဲ ပြောလိုက်သည်။ "ရှင့်မှာ အချိန်ရှိလို့လား" ဒီနှစ်ရက်လုံးလုံး အလုပ်များတဲ့ကြားကနေ ကြံဖန်ပြီးအချိန်ပေးဖို့ မလွယ်ဘူး။

သူက အပြုံးတစ်ဝက်ဖြင့် သူမကို ကြည့်လိုက်သည်။ "မင်းယောကျ်ားမှာ အချိန်အပိုပေးဖို့ တစ်ရက်နှစ်ရက် အမြဲရှိတယ်"

ကျန်းရှောင် - "..." သူမ အကြည့်တွေကို ရှောင်လိုက်ရင်း မနက်ခင်း ဆုံတွေ့မှုကို သတိရသွားမိသည်။

ကျိုးရှို့လင်းက နီမြန်းနေတဲ့ သူမရဲ့ မျက်နှာကို စိုက်ကြည့်နေသည်။ "ကိုယ်လုပ်ချင်တာက နည်းနည်းပဲရှိတယ် ဒါပေမယ့် မင်းနဲ့ကိုယ် လုပ်ချင်တာတွေက အများကြီးရှိတယ် "

သူ့ဘဝရဲ့ နှစ်ဆယ့်တစ်နှစ်မှာ အရာအားလုံးက ချောမွေ့သွားခဲ့ပြီ။ သူသည် အရာများစွာကို သိပ်ဂရုမစိုက်သလို ထူးထူးခြားခြား သက်တောင့်သက်သာဖြင့် အရာအားလုံးကို ချဉ်းကပ်ခဲ့သည်။

ကျန်းရှောင် လှုပ်ရှားသွားပြီး မျက်လုံးတွေက တောက်ပလာသည်။

အခု သူမအတွက်ကတော့ သူမချစ်ရတဲ့သူနဲ့ နေထွက်ချိန် နေဝင်ချိန်တွေကို ကြည့်တာက ဘဝမှာ အကြီးမားဆုံး ပျော်ရွှင်မှုဖြစ်သည်။

သူတို့နှစ်ဦး တောင်ပေါ်၌ နှစ်ရက်တာ အပန်းဖြေကာ လအသစ်၏ ပထမနေ့မှာ အိမ်ပြန်ခဲ့ကြသည်။

ကျိုးရှို့လင်းက သူ့အတွက် သုံးရက်စာလောက် အလုပ်တွေ ပုံနေပြီး သူပြန်လာတာနဲ့ အချိန်တိုင်း အလုပ်များနေသည်။

တစ်ဖက်တွင် ကျန်းရှောင်က အပန်းဖြေခြင်းကို နှစ်သက်ခဲ့သည်။ အားလပ်ချိန်အတွင်း သူမသည် သူငယ်ချင်းအချို့ကို ဆက်သွယ်ကာ ကိုယ်ဝန်ရှိနေသည့် လီလီကိုလည်း စစ်ဆေးခဲ့သည်။

လီလီလည်း အထီးကျန်ပုံရပြီး သူမရဲ့ စိတ်ပျက်လက်ပျက်မှုတွေကို ကျန်းရှောင်ဆီ သွန်ချခဲ့သည်။

ရှောင်မိုလီ - "ကိုယ်ဝန်ရပြီးနောက်မှာ ဘယ်လောက်ခက်ခဲတယ်ဆိုတာ ငါနားလည်လာတယ်။ မိန်းမတစ်ယောက်ဖြစ်ဖို့က တကယ်မလွယ်ဘူး။ ယောကျာ်းတွေကျ ဘာလို့ ကိုယ်ဝန်မရနိုင်ရတာလဲ"

ကျန်းရှောင် - "ဘာဖြစ်လို့လဲ"

ရှောင်မိုလီ - "တမြန်နေ့က ငါ သူ့ကုမ္ပဏီကို သွားတော့ သူ လုပ်ဖော်ကိုင်ဖက် အမျိုးသမီးတစ်ယောက်နဲ့ ပျော်ပျော်ရွှင်ရွှင် စကားပြောနေတာကို တွေ့လိုက်တယ်။ အဲဒါက ငါ့ကို စိတ်မသက်မသာ ဖြစ်စေတယ်"

ကျန်းရှောင် - " သိပ်ပြီးအတွေးမလွန်ပါနဲ့။ အဲဒါက အလုပ်နဲ့ဆိုင်လို့နေမှာပါ"

ရှောင်မိုလီ - "နင် နားမလည်ပါဘူး။ အခု ငါက ကိုယ်ဝန်နဲ့၊ ငါ မတတ်နိုင်ဘူး... သူ တစ်ခါတလေကျရင် လိုချင်နေပေမယ့် ငါ သဘောမတူခဲ့ဘူး"

ကျန်းရှောင် ငြိမ်ကျသွားသည်။

ရှောင်မိုလီ - "ယောက်ျားတွေက ကိုယ်ဝန်ရှိချိန်မှာ လိမ်ဖို့ ပိုများတယ်"

ကျန်းရှောင်က ကျိုးရှို့လင်းကို တွေးလိုက်ပြီး လီလီကို ဘယ်လိုနှစ်သိမ့်ရမလဲ မသိတော့ပေ။

ကျိုးရှို့လင်းက ပိုပြီးဆောင် သွေးဆောင်ဖျားယောင်းမှုတွေကို ရင်ဆိုင်ခဲ့ရသည်။

သူတို့လုပ်ငန်းမှာ ယောက်ျားရော မိန်းမရော သူတို့ကိုယ်သူတို့ ဆုံးရှုံးဖို့ များသည်။

နေ့ခင်းဘက်တွင် ကျန်းရှောင် လသာဆောင်က နေရောင်အောက်မှာ နေပူဆာလှုံနေသည်။ အဲ့တာက ကယ်လ်စီယမ်ဓာတ်ကို ဖြည့်တင်းပေးနိုင်တယ်လို့ ဆရာဝန်ကပြောထားသည်။

သူမရဲ့ဖုန်းမြည်လာတော့ သူမက မှိန်းနေပြီး ဖုန်းကိုယူရန် အချိန်အတော်ကြာခဲ့သည်။ စခရင်ပေါ်က ဖုန်းခေါ်ဆိုသူ ID ကို မြင်လိုက်ရတော့ ကျန်းရှောင် စိတ်လှုပ်ရှားသွားပြီး ခုန်မိလုနီးပါးဖြစ်သွားသည်။

"အဖေ!" သူမ ဖုန်းကို အမြန်ဖြေလိုက်သည်။

ကျန်းယိ ခဏတာ အာရုံပြောင်းသွားသည်။ "ရှောင်ရှောင် ..."

"အဖေ!"

သားအဖတွေ ခေတ္တခဏ တိတ်ဆိတ်သွားသော်လည်း ချက်ခြင်းပင် လူစုကွဲသွားသည်။

" ရှောင်ရှောင် အဖေ အခု ကျင်းချန်မှာ"

"အန်တီ ပြောတယ်"

"တောင်းပန်ပါတယ်။ အဖေ သမီးနဲ့ မဆက်သွယ်တာ ကြာသွားပြီ"

"အဖေ၊ အဖေပြန်လာတာ ကောင်းပါတယ်။ ဖေဖေ၊ အခု ဘယ်မှာလဲ၊ သမီး လာတွေ့မယ်လေ။ သမီး အဖေ့ကို ပြောစရာတွေ အများကြီးရှိသေးတယ်"

ကျန်းယိ အသက်ပြင်းပြင်းရှူလိုက်သည်။ "ကောင်းပြီ" သူက သူမကို လိပ်စာတစ်ခုပေးပြီး သတိပေးခဲ့သည်။ "လမ်းမှာ ဂရုစိုက်ပြီးလာ "

"အဖေ စိတ်မပူပါနဲ့ သမီးက ကလေးမဟုတ်တော့ပါဘူး"

သူ့မျက်လုံးထဲမှာတော့ သူမက အမြဲတမ်း သူ့ကလေးပဲ။

ဖုန်းချပြီးနောက် ကျန်းရှောင်က စာကြည့်ခန်းထဲ စိတ်လှုပ်ရှားစွာ ပြေးသွားခဲ့သည်။

"ကျိုးရှို့လင်း အဖေ ဖုန်းဆက်တယ်" သူမ လမ်းလျှောက်ဝင်လာသည်။ သူမ၏ပျော်ရွှင်မှုကို ဖုံးကွယ်ထားနိုင်ခြင်းမရှိပေ။

"ကျွန်မအဖေက ချင်းသော် လမ်းမှာနေနေတယ်၊ ​​ဒီည ကျွန်မတို့ တွေ့ကြမို့"

ကျိုးရှို့လင်း သူ့အလုပ်ကို ဖယ်လိုက်ပြီး သူ့ကိုယ်သူ စိတ်ထိန်းလိုက်သည်။ "ဒီညလား"

"ဟုတ်တယ်" ကျန်းရှောင်၏ မျက်လုံးများက ရွှင်လန်းစွာ တောက်ပလာခဲ့သည်။

ကျိုးရှို့လင်းက သူမ ခြေဗလာဖြစ်နေကြောင်း သတိပြုမိပြီး မျက်ခုံးကို အနည်းငယ်ပင့်လိုက်သည်။ "ဒီကိုလာ-"

ကျန်းရှောင် လျှောက်သွားလိုက်တော့ သူကသူမကိုမြှောက်လိုက်ပြီး ထိုင်ခုံမှာ ထိုင်ခိုင်းခဲ့သည်။ "ကြမ်းပြင်က အေးတယ်"

ကျန်းရှောင် လျှာ ထုတ်လိုက်သည်။ "ကျွန်မ အရမ်းစိတ်လှုပ်ရှားသွားလို့ "

ကျိုးရှို့လင်း ခဏလောက် စဉ်းစားလိုက်သည်။ "ကိုယ့်ကို မင်းနဲ့ အတူလိုက်ခဲ့စေချင်လား"

ကျန်းရှောင် ခဏတုံ့ဆိုင်းသွားသည်။ "ခုနက အဖေ့ကို ပြောဖို့မေ့သွားတယ်၊ ဒါပေမယ့် အတူတူသွားကြရအောင်"

ကျိုးရှို့လင်း ပြုံးကာ နှုတ်ခမ်းကို ကွေးလိုက်သည်။

“အဝတ်အစား သွားလဲလိုက်ဦးမယ်"သူမ ကုလားထိုင်ပေါ်ကနေ ချောဆင်းပြီး အခန်းထဲကို အမြန်ပြန်သွားခဲ့သည်။

ကျိုးရှို့လင်း သက်ပြင်းတစ်ချက်ချလိုက်သည်။ သူ့ယောက္ခမက တော်တော် တော်တာပဲ။

ကျန်းရှောင် အချိန်အတော်ကြာ ရုန်းကန်နေရသည်။ သူမ ကောင်းကောင်းလုပ်နေတယ်ဆိုတာကို သူမရဲ့အဖေကို မြင်စေချင်ပြီး အဝတ်အစားက အဲဒါကို တိုက်ရိုက်ဖော်ပြနိုင်တဲ့ နည်းလမ်းတစ်ခုပင်။

အဆုံးတွင်၊ အရုပ်ကော်လာပါတဲ့ ငန်းဝါရောင် ဆွယ်တာအင်္ကျီ၊ A-line ပုံသဏ္ဌန်နှင့် ခါးတစ်ဝိုက် ချောင်ကျနေတဲ့ အင်္ကျီကို ရွေးချယ်ခဲ့သည်။

သူမအဝတ်အစားတွေလဲပြီးတာနဲ့ ကျိုးရှို့လင်းလည်း အခန်းထဲဝင်သွားပြီး ဗီရိုကိုဖွင့်လိုက်သည်။ "ဘာဝတ်ရမှာလဲ"

ကျန်းရှောင်ဆီက အံ့အားသင့်တဲ့ အသံထွက်လာသည်။

ကျိုးရှို့လင်း လက်ချောင်းထိပ်တွေက အတွင်းဘက်က အဝတ်အစားများပေါ် ပွတ်တိုက်သွားသည်။ "အဖေက ဘယ်လိုပုံစံမျိုးကြိုက်လဲ"

အဖေ...

ကျန်းရှောင် ခဏတာ ကြက်သေသေသွားခဲ့သည်။

"ဟင်"

ကျန်းရှောင် - "...."

ကျိုးရှို့လင်းက အနက်ရောင်ရှပ်အင်္ကျီကို ရွေးပြီး ကြယ်သီးတပ်လိုက်သည်။ ထို့နောက် လက်ကြယ်သီးနှစ်လုံးကိုတပ်နေသည်။ "ကိုယ့်ကို နက်ကတိုင်တစ်ခု ယူပေးလို့ရမလား"

ကျန်းရှောင် အံဆွဲကိုဖွင့်လိုက်ပြီး အနီရောင်နက်ကတိုင်ကို ကောက်ကိုင်လိုက်သည်။

ကျိုးရှို့လင်း ခေတ္တရပ်တန့်သွားသည်။ "အနီရောင်လား"

ကျန်းရှောင် နက်ကတိုင်ဖြင့် လက်ဟန်ပြလိုက်သည်။ "ဒါ ရှင်ဝယ်ထားတာ မဟုတ်ဘူးလား" အဲ့တာက အနီရောင်မာဖလာကို ပတ်ထားသလို ခံစားချက်မျိုးရစေသည်။

သူ တခစ်ခစ်ရယ်လိုက်သည်။

ကျန်းရှောင် နက်ပြာရောင် နက်ကတိုင် ပြန်လဲလိုက်သည်။ ခဏလောက် စဉ်းစားပြီးတော့ သူမလက်ကို မြှောက်လိုက်သည်။

“ကျွန်မတို့ အရမ်းကြီး ခမ်းနားနေစရာ မလိုဘူး။ အဖေ့ရဲ့စတိုင်က ပေါ့ပေါ့ပါးပါးလေးပဲ။ သူက ရိုးရှင်းတဲ့သူ "

ကျိုးရှို့လင်း ပြုံးလိုက်သည်။ "ကောင်းပြီ၊ ကိုယ် မိန်းမရဲ့ ဦးဆောင်မှုနောက်ကို လိုက်မယ်"

ကျန်းရှောင် - "......"

............

ကျန်းယိက ဟောင်းနေပြီး ခေတ်နောက်ကျနေတဲ့ ပရိဘောဂများ ခင်းကျင်းထားသည့် သူငယ်ချင်း၏ အိမ်တွင် နေထိုင်နေသည်။

ဒါပေမယ့် သူ့အတွက်တော့ နေထိုင်စရာ နေရာရှိဖို့ကသာ အရေးကြီးသည်။ ၎င်း၏အခြေအနေက ဘယ်လိုပဲဖြစ်နေပါစေ ကိစ္စမရှိပေ။

ညနေစောင်း၊ လေးနာရီ၊ ငါးနာရီဝန်းကျင်၌ လသာဆောင်မှနေရောင်က အခန်းထဲကို တောက်ပလာစေသည်။

ကျန်းရှောင်က ကျန်းယိ ဘေးတွင်ထိုင်နေပြီး သူမ မျက်လုံးတွေက အနည်းငယ် စိုစွတ်နေကာ ကျိုးရှို့လင်း ကတော့ အခြားတစ်ဖက်တွင် ထိုင်နေသည်။

ကျိုးရှို့လင်းကို ကျန်းယိဆီ စိတ်လှုပ်ရှားစွာ မိတ်ဆက်ပေးရင်း သူမလည်ချောင်းက တင်းကျပ်လာပြီး သူမရဲ့ အသံဝင်သွားခဲ့သည်။

သူတို့နှစ်ဦးသည် စကားတစ်ခွန်းမှ မပြောဘဲ တစ်ဦးကိုတစ်ဦး နားလည်ကြပြီး အရာအားလုံးက ၎င်းတို့၏ ပထမဆုံး တွေ့ဆုံမှုကဲ့သို့ ခံစားရသည်။

ကျန်းယိက သူတို့ နှစ်ယောက်စလုံးအတွက် ရေထည့်ပေးပြီး အသံအောအောနဲ့ စကားပြောခဲ့သည်။ "အဖေ သမီးကို အစောကြီးကတည်းက ဆက်သွယ်ဖို့ ရည်ရွယ်ထားပေမယ့် ကိစ္စတစ်ချို့ကြောင့် နောက်ကျသွားတယ်"

ကျန်းရှောင် သူ့အဖေကို စိုက်ကြည့်ရင်း သူမမျက်လုံးတွေက စိတ်ခံစားချက်တွေ ပြည့်နှက်နေသည်။ "အဲ့ဒိ ကိစ္စတွေက အခု ပြေလည်သွားပြီလား"

ကျန်းယိ ခေါင်းညိတ်ပြပြီး သူ့အကြည့်တွေကို နက်နဲပြီး နားမလည်နိုင်အောင် ဖြစ်နေသည်။ သူ ကျန်းရှောင်၏ ငေါထွက်နေတဲ့ ဗိုက်ကို ကြည့်ပြီး မနေနိုင်တော့ဘဲ သက်ပြင်းချလိုက်သည်။

ကျန်းရှောင် စိတ်ပူသွားသည်။ "အဖေ၊ ကျိုးရှို့လင်းနဲ့ သမီးတို့ရဲ့ အိမ်ထောင်ရေးကို မှတ်ပုံတင်ထားပြီးသားပါ။ အလုပ်အကြောင်းကြောင့် လောလောဆယ်မှာတော့ လူသိရှင်ကြား မကြေညာရသေးတာ "

ကျန်းယိ မရေမတွက်နိုင်သော အမူအရာဖြင့် ခဏတိတ်ဆိတ်သွားသည်။ ကျန်းရှောင် စိုးရိမ်တကြီးနဲ့ ကျိုးရှို့လင်း းကို ကြည့်ပြီး သူ့အကူအညီကို ရှာခဲ့သည်။

ကျိုးရှို့လင်းက ပေါ့ပေါ့ပါးပါး ပြုံးပြီး အေးအေးဆေးဆေး ပြောလိုက်သည်။ "အဖေ၊ ရှောင်ရှောင်နဲ့ ကျွန်တော်လက်မထပ်ခင်မှာ ကျွန်တော်တို့ အဲ့တာကို ဆွေးနွေးခဲ့ကြပါတယ်။ အချိန်တန်ရင် ကျွန်တော်တို့ လူသိရှင်ကြား ကြေညာမှာပါ။ အခုနောက်ပိုင်း လူမှုအဖွဲ့အစည်းတွေက အင်တာနက်နဲ့ အရှိန်အဟုန်နဲ့ တိုးတက်နေတယ်။ ကျွန်တော်တို့ရဲ့ကလေးကို ခေါ်ဆောင်လာဖို့အတွက် ကျွန်တော်တို့ရဲ့ privacy နဲ့ ငြိမ်းချမ်းတဲ့ ပတ်ဝန်းကျင်ကို ဖြည့်ဆည်းပေးချင်တဲ့ ဆန္ဒကို အဖေ နားလည်နိုင်မယ်လို့ မျှော်လင့်ပါတယ်"

ကျန်းရှောင် ဆောလျင်စွာ ခေါင်းညိတ်လိုက်သည်။ "အဖေ၊ အဲ့လိုပါပဲ။ ပဲပင်ပေါက်လေးမွေးရင် ဘယ်လိုပဲဖြစ်ဖြစ် ပါပါရာဇီးတွေက သူ့ကို ဖော်ထုတ်ပြီးတော့ အနာဂတ်မှာ လူတွေက သူ့အဖေက ကျိုးရှို့လင်း ဆိုတာကို အဆက်မပြတ် စောင့်ကြည့်နေလိမ့်မယ် "

ကျိုးရှို့လင်း မျက်ခုံးတွေက အနည်းငယ်ကျုံ့သွားခဲ့သည်။ သူမြေစာပင် ဖြစ်သွားသလိုပဲ။

ကျန်းယိ သူ့နှုတ်ခမ်းတွေဖိလိုက်ပြီး သူ့အသွင်က အနည်းငယ် ပျော့ပြောင်းသွားသည်။ "ဘယ်နှစ်လရှိပြီလဲ "

ကျန်းရှောင်က တိုးတိုးလေး ပြောလိုက်သည်။ "ငါးလ"

ကျန်းယိ အသံပြုလိုက်ပြီး သူ့အမူအရာက မှတ်ဉာဏ်တွေထဲ ဝင်ရောက်သွားသလို ခေတ္တဝေးကွာသွားသည်။

"မင်းအမေ ကိုယ်ဝန်လွယ်ထားတုန်းက ခြေထောက်တွေ အရမ်းရောင်နေတော့ ဖိနပ် မစီးနိုင်ဘူး။ ညဘက်တွေမှာ ခြေထောက် ကြွက်တက်တတ်တယ်။ အဲ့တာက အရမ်းခက်ခဲတာ...."

ကျန်းရှောင် လက်က အလိုအလျောက် တင်းကျပ်သွားပြီး မျက်တောင်မခတ်ဘဲ နှလုံးတွေခုန်နေပြီး သူမရဲ့အဖေကို စိုက်ကြည့်နေသည်။

သူမအဖေက သူမရှေ့မှာ သူမအမေအကြောင်း ပြောခဲသည်။ ဒီတစ်ခါတော့ အဆိုပါဖော်ပြချက်က စိတ်ခံစားမှုဆိုင်ရာ တုံ့ပြန်မှုတစ်ခုကြောင့် အစပျိုးခဲ့ပြီး အတိတ်က အမှတ်ရစရာတွေကို ပြန်လည်အမှတ်ရစေသွားတာ ဖြစ်ကောင်းဖြစ်နိုင်သည်။

"အဖေ..."

All Chapters