← Chapters

အခန်း (၅၀)

Vol. 4 Ch. 50

အခန်း (၅၀)

Vol. 4 Ch. 50

ကျန်းရှောင်က လမ်းခွဲခြင်းနှင့်ပတ်သက်၍ စိတ်ကူးယဉ်ဆန်လွန်းခြင်းမရှိပေ။

ကျိုးရှို့လင်း ပန်းချီကားကို ပြန်ယူလာတော့ နှစ်ယောက်စလုံး ဒါကိုသေသေချာချာ မထားခင် အချိန်အတော်ကြာအောင် ကြည့်နေခဲ့သည်။

ကျန်းရှောင် ပြောလိုက်သည်။ "အဖေ ဘာလို့ ဒီပန်းချီကားကို အရမ်းကြိုက်ပုံပေါ်နေလဲဆိုတာ ကျွန်မ မသိဘူး"

ကျိုးရှို့လင်း တုံ့ပြန်လိုက်သည်။ "မင်းကြောင့် မလို့ပဲ "

ကျန်းရှောင် ခဏလောက် စဉ်းစားကြည့်လိုက်သည်။ “အဖေ့ရဲ့ ပန်းချီကားတွေက အခု သိပ်တန်ဖိုးရှိမှန်း ကျွန်မ မသိခဲ့ဘူး”

ကျိုးရှို့လင်း ခေါင်းညိတ်လိုက်သည်။ "မင်းအဖေက အနုပညာလောကထဲမှာ အသိအမှတ်ပြုမှုတစ်ခု ရသွားပြီ"

ကျန်းယိက ဘဝရဲ့နှောင်းပိုင်မှာ ကြီးကျယ်ခမ်းနားမှုကိုရရှိခဲ့တဲ့ အမျိုးအစားထဲတွင် ပါဝင်ပြီး မကြာသေးမီနှစ်များအတွင်းကသာ ရှာဖွေတွေ့ရှိခဲ့ပြီး နှစ်သက်သဘောကျလာခဲ့ကြသည်။

ကျန်းရှောင် ထပ်ပေါင်းပြောလိုက်သည်။ “အဖေက ကျွန်မကို အထဲမှာ ၅ သန်းပါတဲ့ ကတ်တစ်ခု ပေးခဲ့တယ်”

ကျိုးရှို့လင်းက အမြန်တွက်ချက်လိုက်ပြီး ဖေဖေကျန်းက ကျန်းရှောင်ကို သူရောင်းချခဲ့တဲ့ ပန်းချီကားတွေမှ ဝင်ငွေအားလုံးနီးပါးကို ပေးခဲ့ကြောင်း သူဘောပေါက်သွားသည်။ သူ သူမဆံပင်တွေကို ပွတ်သပ်ပေးပြီး ပြောလိုက်သည်။

" သိမ်းထား၊ အဲဒါ မင်းအဖေရဲ့ ချစ်ခြင်းမေတ္တာ သင်္ကေတပဲ"

"အဖေက ဘယ်အချိန်က စပြီးဒီလောက် ချမ်းသာလာလဲဆိုတာ ကျွန်မ မသိဘူး" သူမ ငယ်ငယ်တုန်းက သူတို့ခေတ်က အထူးသဖြင့် သိပ်ချမ်းသာတာ မဟုတ်သလို တစ်ခါတစ်ရံမှာ အန်တီ့ရဲ့အကူအညီကို အားကိုးရသည်။

ကျိုးရှို့လင်း ရယ်လိုက်သည်။ "မစ္စစ် ကျိုး၊ ဒီငွေနည်းနည်းလေးကြောင့် မင်း အံ့သြနေတာလား။ မင်းယောက်ျားက အရမ်းချမ်းသာတယ်ဆိုတာ မင်းမသိဘူးလား"

ကျန်းရှောင် ရေရွတ်လိုက်သည်။ "မစ္စတာ ကျိုး၊ ကျွန်မ ရှင့်ရဲ့ပိုက်ဆံကို မချစ်ဘူး။ ရှင့်ပိုက်ဆံက ကျွန်မနဲ့ ဘာဆိုင်လို့လဲ"

ကျိုးရှို့လင်းက သူမ လက်ကောက်ဝတ်ကို ကိုင်လိုက်ပြီး မျက်လုံးတွေကို တည့်တည့်စိုက်ကြည့်နေသည်။

ကျန်းရှောင် သူ့အကြည့်တွေနဲ့ဆုံလိုက်ပြီး ပေါ့ပေါ့ပါးပါး ပြုံးလိုက်သည်။ သူမ အပြုံးက ချိုမြိန်နေခဲ့သည်။ "မစ္စတာ ကျိုး၊ ရှင့်ပိုက်ဆံထက် ရှင်က ပိုဆွဲဆောင်မှုရှိတယ်ဆိုတာ ကျွန်မ ရှာတွေ့ထားတယ်"

ကျိုးရှို့လင်း အနည်းငယ် မှင်သက်သွားပြီး ခေါင်းငုံ့ကာ သူမနှုတ်ခမ်းကို နမ်းလိုက်သည်။

ကိုယ်ဝန်၏ နောက်ပိုင်းအဆင့်များတွင် ကျန်းရှောင် ဗိုက်က ရုတ်တရက် ပူဖောင်းတစ်ခုလို ကျယ်ပြန့်လာသည်။ အဋ္ဌမလတွင် နှစ်သစ်ကူး နီးကပ်လာသည်နှင့်အမျှ ကုမ္ပဏီတွေက နှစ်ကုန်တွင် ပါတီပွဲများ ကျင်းပကြသည်။

ထိုအချိန်တွင် ကျိုးရှို့လင်းက နေ့တိုင်းနီးပါး အလုပ်ကိစ္စဖြင့် ညစာစားလာသည်။ မနက်ခင်းတိုင်း ကျန်းရှောင် အိပ်ပျော်နေတုန်း သူအလုပ်သွားလိုက်ပြီ။

တစ်ခါတရံ ညဘက်မှ ပြန်ရောက်လာရင် ကျန်းရှောင်က အိပ်ပျော်နေပြန်သည်။ သူတို့မှာ စကားစမြည်ပြောဖို့ အချိန်က အကန့်အသတ်ဖြစ်လာသည်။

ကျန်းရှောင်ရ အန်တီချောင်၊ အန်တီကျန်းတို့နှင့်အတူ အေးချမ်းစွာ နေထိုင်ခဲ့သည်။ သူမ ပိုသတိရှိလာပြီး ရပ်ကွက်အတွင်း လမ်းလျှောက်ခြင်းမှလွဲ၍ အပြင်ထွက်ခဲသည်။

ဤညနေခင်းတွင် ရှားရှားပါးပါး ဖြစ်စဥ်တစ်ခုဖြစ်ပြီး ကျိုးရှို့လင်း အိမ်သို့ စောစောပြန်လာခဲ့သည်။

ကျန်းရှောင်က ဧည့်ခန်းထဲမှာ ဗိုက်ကိုကိုင်ပြီး လမ်းလျှောက်ရင်း အသံတစ်ခု ကြားလိုက်ရသည်။ သူမက ဖြည်းညှင်းစွာ လှည့်ပြီး ပြောလိုက်သည်ယူ

"ပြန်လာပြီပေါ့။ ဒါ ဘယ်လောက်ကောင်းလိုက်လဲ" သူမရဲ့စကားတွေက သဘာဝအတိုင်း နွေးထွေးသည်။

ကျိုးရှို့လင်းက သူ့ဂျာကင်အကျီကို ချွတ်ပြီး ဆိုဖာပေါ် ပစ်ချကာ သူမဆီ လျှောက်သွားလိုက်သည်။ "ပင်ပန်းနေပြီလား"

ကျန်းရှောင် မေးလိုက်သည်။ "ရှင် ဒီနေ့ ဘာလို့ အိမ်ကိုစောစော ပြန်လာတာလဲ"

ကျိုးရှို့လင်း လက်တစ်ဖက်ဖြင့် သူမခါးကို ကူကိုင်ပေးခဲ့သည်။ "အားလပ်ရက်ရောက်ဖို့ နှစ်ရက်ပဲကျန်တော့တယ်၊ လုပ်စရာ သိပ်အများကြီး မရှိတော့ဘူး"

ကျန်းရှောင်က နှစ်ကုန်ဆို ကုမ္ပဏီရဲ့ activityတွေကို အတော်လေး စိတ်ဝင်စားသည်။ ဟွားရှ တည်ထောင်ပြီးကတည်းက အနုပညာရှင်တွေနဲ့ ဝန်ထမ်းတွေ ပေါင်းသင်းဆက်ဆံရေးကို မြှင့်တင်ပေးမယ့် နှစ်ပတ်လည် ပျော်ပွဲရွှင်ပွဲတွေ ကျင်းပပေးသည်။

ဒါပေမယ့် သူမမှာ တက်ရောက်ဖို့ အခွင့်အရေး မရသေးဘူး။

ကျိုးရှို့လင်းက အမြဲရက်ရောပြီး ကုမ္ပဏီက ပြင်ဆင်ထားတဲ့ နှစ်ကုန်လက်ဆောင်တွေက များပြားလှသည်။

“ဒီနှစ် ပထမဆုက ဥရောပကို ၁၅ ရက်ခရီးသွားရမယ်လို့ကြားတယ်” လို့ သူမ စိတ်လှုပ်ရှားစွာနဲ့ ပြောလိုက်သည်။

ကျိုးရှို့လင်းက သူမကို ဆိုဖာပေါ်ထိုင်စေပြီး သူ့နောက်ကျောမှာခံဖို့ ကူရှင်တစ်ခုယူလိုက်ကာ ပေါ့ပေါ့ပါးပါး တုံ့ပြန်ခဲ့သည်။

"ဘယ်သူကံကောင်းနိုင်မလဲလို့ သိချင်မိတယ်။ အင်း... နောက်နှစ်မှာ ကျွန်မ ပါဝင်ယှဉ်ပြိုင်ပြီး ကြီးကျယ်တဲ့ဆုကြီးကို ဆွတ်ခူးပစ်မှာ "

"မင်းကဘာလိုချင်တာလဲ" သူ မေးလိုက်သည်။

“ကျွန်မအတွက် ရှင်ဝယ်ပေးတာနဲ့ ကျွန်မဘာသာ အနိုင်ရတာက မတူဘူး” လို့ သူမ ပြန်ဖြေခဲ့သည်။

ကျိုးရှို့လင်း နှုတ်ခမ်းတွေက ရွှတ်နောက်နောက်နဲ့ ကွေးညွတ်သွားခဲ့သည်။ "မင်းက ဟွားရှက ဇိမ်ခံဆုအကြီးကြီးကို ရထားပြီးပြီး မဟုတ်ဘူးလား"

ကျန်းရှောင် သူ့မျက်လုံးတွေကို ကြည့်လိုက်ကာ သူမ အမူအရာက ရှုပ်ထွေးနေခဲ့သည်။ "ဘာဆုလဲ"

ကျိုးရှို့လင်းက သူမကို လေးလေးနက်နက် ကြည့်လိုက်ပြီး နွေးထွေးပြီး မရေရာတဲ့ အငွေ့အသက်များက လေထဲတွင် ပြည့်နေခဲ့သည်။

ကျန်းရှောင် တုံ့ပြန်ရန် နှေးကွေးပြီး ပါးစပ်ကို အနည်းငယ် ဖွင့်လိုက်သည်။ "ကျွန်မ..."သူမရဲ့ စကားက လှည့်သွားခဲ့သည်။

"ဟုတ်ပါတယ်! ပဲပင်ပေါက်လေးက ဒီနှစ်မှာ ကျွန်မရခဲ့တဲ့ အကြီးဆုံး ဇိမ်ခံဆုပဲ " သူမ စကားပြောနေစဉ် သူမ မျက်လုံးတွေက ကျီစယ်တဲ့သဘောဖြင့် တောက်ပနေသည်။

ကျိုးရှို့လင်း တိတ်ဆိတ်နေပြီး သူမဗိုက်ပေါ်ကို သူ့လက်နဲ့ ညင်သာစွာ ပွတ်သပ်နေသည်။ သူ့ကလေးရဲ့ လှုပ်ရှားမှုတွေက အခုဆို သိသာထင်ရှားပြီး အတွင်းထဲက ခုန်လွှားပြီး ခုန်ပေါက်နေသလို ခံစားရကာ သူမရဲ့အနီးအနားမှာ အမြဲရှိနေရတာကို နှစ်သက်သည်။

အမှန်တကယ်ပင်၊ ပဲပင်ပေါက်လေးက ယခုနှစ်အတွက် ၎င်းတို့၏ အကြီးမားဆုံးဆုဖြစ်သည်။

ပဲပင်ပေါက်လေးအတွက် မဟုတ်ခဲ့ရင် သူတို့ လက်ထပ်ဖို့ မဖြစ်နိုင်ဘူး။

သူတို့ရဲ့ အကြည့်တွေဆုံနေသကဲ့သို့ ကျိုးရှို့လင်းက သူမမျက်နှာပေါ် သေသေချာချာ စိုက်ကြည့်နေခဲ့သည်။

"ကိုယ်က အကြီးဆုံးဆု မဟုတ်ဘူးလား" သူ့အသံက နှိမ့်ချပြီး ဆွဲဆောင်မှုရှိတဲ့ လေသံဖြင့် သူမရဲ့နှလုံးသားကို ယားလာအောင်လုပ်နေသည်။

ကျန်းရှောင်ရဲ့ ပါးပြင်တွေ ချက်ချင်းပင် နီရဲလာပြီး အပူက သူမ နားရွက်ဆီ တဖြည်းဖြည်း ပျံ့နှံ့သွားခဲ့သည်။

"တကယ် စိတ်ပျက်စရာကောင်းတယ်။ ကိုယ် ဒီကောင်လေးကို မယှဉ်နိုင်ဘူး" ကျိုးရှို့လင်း အဓိပ္ပါယ်ရှိရှိပြောလိုက်သည်။

ကျန်းရှောင်၏ အကြည့်က သူနဲ့ ဆုံသွားပြီး ထိုအချိန်မှာ သူမ၏ အနက်ရှိုင်းဆုံး အတွေးများကို ထုတ်ဖော်လိုက်သလိုပင် သူမ၏ နှလုံးခုန်နှုန်းတွေ ရုတ်တရက် ခုန်တက်လာသည်ကို ခံစားလိုက်ရသည်။

သူမ၏မျက်နှာက ပိုနီရဲလာပြီး သူမရဲ့ခြောက်သွေ့နေတဲ့နှုတ်ခမ်းတွေကို သပ်လိုက်သည်။ "ပဲပင်ပေါက်လေးက ရှင်နဲ့ ပိုတူမလား ကျွန်မနဲ့ ပိုတူမလားဆိုတာ သိချင်နေပြီ"

အာထရာဆောင်း ပုံတွေအရတော့ ပဲပင်ပေါက်လေးမှာ ခြေတံရှည်တွေ ရှိတယ်ဆိုတာ ထင်ရှားသည်။

ကျိုးရှို့လင်း ပေါ့ပေါ့ပါးပါး ရယ်လိုက်သည်။ "ကိုယ်တို့နှစ်ယောက်လုံးနဲ့တူမှာပေါ့" သူ သူတို့သုံးယောက်လုံးရဲ့ အနာဂတ်ဘဝ ကို စောင့်မျှော် နေသည်။

ကုမ္ပဏီ၏နှစ်ပတ်လည် အစည်းအဝေးအပြီးတွင် လူအများအပြားက နှစ်သစ်ကူးပွဲတော်ကျင်းပရန် ၎င်းတို့၏ မွေးရပ်မြေသို့ တရွေ့ရွေ့ပြန်သွားခဲ့ကြသည်။

ကျိုးရှို့လင်းက နောက်ဆုံးတွင် အားလပ်ချိန်အချို့ရရှိခဲ့ပြီး တစ်ဦးချင်းပွဲများကို ရံဖန်ရံခါ တက်ရောက်ခဲ့သော်လည်း အများစုက ကျန်းရှောင်နှင့် အိမ်တွင် နေခဲ့သည်။

မိုရီဟန်က သူ့ကို အကြိမ်ပေါင်းများစွာ ဖိတ်ကြားခဲ့ပေမယ့် သူ ငြင်းခဲ့သည်။ စပ်စုချင်တဲ့စိတ်နဲ့ မိုရီဟန်က ဟွားရှကို ကိုယ်တိုင်လာခဲ့သည်။

ရုံးမှာ ကျိုးရှို့လင်း တစ်ယောက်တည်း ရှိနေသည်။

မိုရီဟန် ရုံးခန်းတံခါးကို တွန်းဖွင့်လိုက်သည်။ "မစ္စတာ ကျိုး၊ မင်း မပေါ်လာရင် ငါတို့ ရဲ ခေါ်တော့မို့"

"မင်း အားနေလား" လို့ ကျိုးရှို့လင်း မေးလိုက်သည်။

မိုရီဟန်သည် ယခုနှစ်တွင် ကျိုးရှို့လင်းနှင့် အဆက်အသွယ် နည်းပါးလာသည်ဟု ခံစားမိသည်။ အရင်တုန်းကတော့ သူတို့ တစ်လကို တစ်ကြိမ်၊ နှစ်ကြိမ်လောက် ဆုံဖူးပေမယ့် အခုဆိုရင် ခြောက်လအတွင်းမှ တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ်သာ အချင်းချင်းတွေ့ကြရသည် အဲ့တာက အမြဲတမ်း အလုပ်ကိစ္စတစ်ခုမှာပဲ။

"ရှို့လင်း မင်းတကယ် ဘာလုပ်နေတာလဲ"

“အလုပ်လုပ်နေတာ” ဟု သူ တိုတိုတုတ်တုတ် ပြန်ဖြေလိုက်သည်။

"ဟွားရှက တီဗီဒရာမာတွေနဲ့ ရုပ်ရှင်တော်တော်များများက ဒီနှစ် ကောင်းကောင်းလုပ်နိုင်တာကို ငါမြင်ထားပြီးပြီ။ သူငယ်ချင်း၊ မင်း အနားယူဖို့ လိုတယ်။ အလုပ်အရမ်းဆက်လုပ်နေရင် မင်းကျန်းမာရေး ထိခိုက်သွားမှာ ငါကြောက်တယ်"

ကျိုးရှို့လင်း မျက်ခုံးပင့်လိုက်သည်။ "ဒီရက်တွေထဲ ကျောက်ရှင်းရန် ရိုက်ကူးရေးမှာမလား"

မိုရီဟန် ပြုံးလိုက်သည်။ "ဟုတ်​တယ်​။ ဒီည သူတို့ အတူတူ ညစာစား​ကြမှာ မင်း ငါတို့နဲ့ လာjoin လိုက်"

ကျိုးရှို့လင်း ဖြည်းညှင်းစွာ ထရပ်လိုက်သည်။ "ကျင်း ရဲ့ မိသားစုက ဒီည ညစာစားပွဲ ကျင်းပမှာကို မင်းမေ့သွားပြီလား"

မိုရီဟန် ခဏရပ်လိုက်သည်။ "သူတို့ ငါ့ကို မဖိတ်ဘူး။ ကျင်း ဒါရိုက်တာက ငါ့ကို သတိထားနေတယ်၊ သူ့အဖိုးတန်ကလေးနဲ့ ငါ ထွက်ပြေးသွားမှာ ကြောက်နေတာလေ"

ကျိုးရှို့လင်း ရယ်မောလိုက်သည်။ "ငါသာ ကျင်း ဒါရိုက်တာဆိုရင် မင်းကို ငါ့ရဲ့ သုံးပေအကွာကို လာခွင့်မပြုဘူး"

မိုရီဟန် ပခုံးတွန့်ပြလိုက်သည်။ " ငါ ကျင်း မိသားစုရဲ့ နတ်သမီးလေးကို မထိပါဘူး။ ကျင်းကျုံးပိုင် တစ်ယောက်ရှိတာနဲ့ လုံလောက်ပြီ။ ဒါရိုက်တာ ကျင်းက မင်းကို သူ့သမက်ဖြစ်စေချင်တယ်လို့ ငါ ထင်မိတယ် "

ကျိုးရှို့လင်းက သူ့ကို အေးစက်စွာ ကြည့်ခဲ့သည်။ "ရှု့ရန်က ယန်ယန် ထက် နှစ်နှစ်ငယ်တယ်"

"ငါတို့လုပ်ငန်းမှာ အသက်နှစ်ဆယ်ကွာတာက ဘာမှမဟုတ်ဘူး။ ရှု့ရန်က မင်းထက် ရှစ်နှစ်လောက်ငယ်ရင်ကော ဘာဖြစ်လဲ။ ဒါရိုက်တာကျင်းလည်း လျန့်ယွဲ့ ထက် ဆယ်နှစ်နီးပါးလောက်ကြီးတယ်။ တကယ်တော့ မင်းတို့ မိသားစုတွေမှာ တူညီတဲ့နောက်ခံတွေရှိတယ် အရည်အချင်းရှိပြီး လှပတယ်။ အတူတူတွဲလိုက်တာက နှစ်ဦးနှစ်ဖက် အကျိုးရှိတယ်"

ကျိုးရှို့လင်း မျက်လုံးတွေက တဖြည်းဖြည်း မည်းမှောင်လာခဲ့သည်။ "မင်း အောင်သွယ်လုပ်ရတာကို ဘယ်တုန်းက စိတ်ဝင်စားသွားတာလဲ"

မိုရီဟန်၏ ချောမောတဲ့ မျက်နှာက ချက်ချင်းပင် တောင့်တင်းလာသည်။ သူ ခဏလောက် တိတ်ဆိတ်သွားပြီး မန့်ကျီက ရေတစ်ခွက် ယူလာပေးခဲ့သည်။ သူ့နှုတ်ခမ်းမှာ အပြုံးတစ်ခု ပေါ်လာပြန်သည်။ "ကျေးဇူး"

မန့်ကျီ ယဥ်ကျေးစွာပြန်ပြောလိုက်သည်။ "မစ္စတာ မို၊ ရပါတယ်၊ ဒါ ကျွန်မရဲ့တာဝန်ပါ။ တစ်ခုခုလိုအပ်တာရှိရင် ခေါ်ဖို့ မတွန့်ဆုတ်ပါနဲ့"

မိုရီဟန် သူမကို မျက်လုံးတစ်ဖက် မှိတ်ပြလိုက်သည်။

ကျိုးရှို့လင်း အဲ့တာကို သတိထားမိသွားတာက အံ့သြစရာမရှိပေ။ ပြီးခဲ့တုန်းက မိုရီဟန်က အပူထဲက ဒေါင်းတစ်ကောင်ကဲ့သို့ဖြစ်ပြီး အမှန်တရားနှင့် မဝေးလှကြောင်း ကျန်းရှောင်က အရွှန်းဖောက်ခဲ့သည်။

မိုရီဟန် ကော်ဖီကို အေးအေးဆေးဆေး သောက်လိုက်သည်။ "သြော်၊ စကားမစပ် မင်းပြောခဲ့တဲ့သူလေ ဘာတဲ့ ...ကျန်းရှောင်ဆိုလား။ သူမ ဘယ်မှာလဲ"

"ဘာလို့လဲ၊ မင်းမှာ သူမ ကို ပြောစရာရှိလို့လား"

"သူမကိုနောက်ဆုံး တွေ့ခဲ့တာကြာပြီ။ သူမ ဘယ်သွားလိုက်တာလဲ"

"သူမ နိုင်ငံရပ်ခြားမှာ ပညာသင်ကြားရေး အစီအစဉ်တစ်ခုသွားတက်နေတယ်"

"အော် ဒါဆို မင်းက သူမကို တကယ် ထရိန်းချင်တာလား"

ကျိုးရှို့လင်း၏ ပါးလွှာတဲ့ နှုတ်ခမ်းတွေက တွန့်သွားပြီး သူ့အသံက ပြတ်သားနေသည်။ " ဟွားရှမှာ အနာဂတ် နံပါတ်တစ် အရည်အချင်းရှိတဲ့သူ" သူမ လိုချင်တာမှန်သမျှကို သူ ပေးဖို့ဆန္ဒရှိသည်။

မိုရီဟန် လျှာနဲ့အသံမြည်အောင်လုပ်လိုက်သည်။ "တကယ်​​တော့ အဲ့တာကိုမျှော်​​နေတာ " ကျိုးရှို့လင်း ဘာတွေဖြစ်နေပြီလဲဆိုတာ သူ သေချာမသိဘူး။

All Chapters