← Chapters

အခန်း (၆၅)

Vol. 5 Ch. 65

အခန်း (၆၅)

Vol. 5 Ch. 65

ကျန်းရှောင်က သက်ပြင်းတစ်ချက်ချလိုက်ပြီး သူမရဲ့အမူအရာမှာ အကူအညီမဲ့တဲ့ အရိပ်အယောင်ပြလာခဲ့သည်။

"သူက သုံးနှစ်ပဲရှိသေးတယ်လေ ကျိုးရှို့လင်း၊ နှစ်နည်းနည်းလေးကြာရင် သူ ကျွန်မကို အုပ်ထိန်းနိုင်မယ်လို့ ရှင်ထင်လား"

အိမ်မှာ သားအမိတွေ မကြာခဏ အချင်းများကြသည်။ ကျိုးစစ်မူက အတော်လေး သဘောထားကြီးပြီး သူ့အချက်များကို သိမ်းဆည်းရန် အကြောင်းပြချက် အမြဲရှိသည်။ ကျန်းရှောင်က ကလေးက သူမနှင့် မတူကြောင်း လျှို့ဝှက်စွာ နောက်ပြောင်လေ့ရှိသည်။

သူမ သူ့ရင်ဘတ်ကို လက်ချောင်းထိပ်ဖြင့် ရွှတ်နောက်နောက်နဲ့ တို့လိုက်သည်။ "ဟေ့၊ မိုရီဟန်ရဲ့ စကားကို နှလုံးသားထဲ မထည့်လိုက်နဲ့"

ကျိုးရှို့လင်း မျက်ခုံးပင့်လိုက်သည်။ "မင်း သူနဲ့ သ​ဘောတူထားတာ မဟုတ်​ဘူးလား"

ကျန်းရှောင် စလိုက်သည်။ "မစ္စတာ ကျိုး၊ သဝန်တိုနေတာလား"

ကျိုးရှို့လင်း လရောင်ကို ကြည့်လိုက်ပြီး သူ့အကြည့်ကို ရှောင်လိုက်ကာ သူ့အမူအရာက သိမ်မွေ့စွာနဲ့ စိတ်မသက်မသာ ဖြစ်နေသည်။

ဟုတ်ပါတယ်၊ ဒီနှစ်နှစ်အတွင်းမှာ သူကောင်းကောင်းကြီး သတိပြုမိတယ်။ လူတော်တော်များများက သူမကို လိုက်ပိုးပန်းဖို့ ကြိုးစားနေကြပြီး သူ့ဇနီးကို စိတ်ဝင်စားပြီး ဝန်ခံထားတဲ့သူ လူအနည်းစု ရှိတယ်ဆိုတာ သူကောင်းကောင်းသိတယ်။

ကျန်းရှောင် သူ့အနားသို့ တိုးလာခဲ့သည်။ "မစ္စတာ ကျိုး၊ ကျွန်မ ရှင့်တစ်ယောက်တည်းကိုပဲ ချစ်တယ် ဟုတ်ပြီလား "

ကျိုးရှို့လင်း သူမကို ဖက်တော့မယ့်အချိန်မှာ အနောက်မှ ခြေသံတွေ ချဉ်းကပ်လာခဲ့သည်။

"ရှို့လင်း " ယောက်ျားပီသတဲ့ အသံတစ်သံပင်။

ကျန်းရှောင်နဲ့ ကျိုးရှို့လင်းတို့ နှစ်ယောက်စလုံး တပြိုင်တည်း လှည့်ကြည့်လိုက်ကြပြီးကျန်းရှောင်၏ မျက်နှာပေါ်တွင် အပြုံးတွေက ဆက်တည်ရှိနေသေးသည်။

ဒါရိုက်တာကျင်းနဲ့ သူ့ဇနီး လျန့်ယွဲ့တို့ ချဉ်းကပ်လာကြတာပင်။

ကျိုးရှို့လင်း သူ့လက်ကို ဆန့်လိုက်သည်။ "ဒါရိုက်တာ ကျင်း၊ ဆရာမ လျန့် မင်္ဂလာပါ"

ဒါရိုက်တာ ကျင်းက ခေါင်းညိတ်ခဲ့သည်။ "ရှို့လင်း၊ မင်းရဲ့သား သုံးနှစ်ပြည့်အတွက် ဂုဏ်ယူပါတယ်ကွာ " ဒီသတင်းကို သူ ကြားလိုက်ရတော့ အဆင်မပြေဖြစ်ခဲ့ရသည်။

ကျိုးရှို့လင်း ပေါ့ပေါ့ပါးပါး ပြုံးလိုက်သည်။ "ကျေးဇူးတင်ပါတယ်"

လျန့်ယွဲ့က ထိုနေရာတွင် ကျက်သရေရှိစွာ ရပ်နေကာ ကျိုးရှို့လင်းနဲ့ ကျန်းရှောင်တို့ကို ခဏတာမျှ ကြည့်နေသည်။ "တကယ်ပဲ၊ အဲဒါက ငါတို့ကို အံ့အားသင့်သွားစေတယ်"

ကျိုးရှို့လင်း မကူညီနိုင်ဘဲ ခေါင်းခါကာ တောင်းပန်လိုက်သည်။ "တောင်းပန်ပါတယ်။ ကျွန်တော်တို့ကလေးကို ငြိမ်းချမ်းတဲ့ ပတ်ဝန်းကျင်ကို ကျွန်တော် အမြဲပေးချင်ခဲ့တာ၊ ဒါကြောင့်မို့ ကျွန်တော်တို့ အဲဒါကို ဘယ်တော့မှ လူသိရှင်ကြား လုပ်မှာမဟုတ်ဘူး"

လျန့်ယွဲ့ ခေါင်းညိတ်လိုက်ပြီး သူ့ရဲ့ခံစားချက်ကို နားလည်သည်။ ကျင်း မိသားစုက ကျင်းရှု့ရန်နဲ့ အလားတူအခြေအနေမျိုး ကြုံဖူးသည်။ "ကျန်းရှောင်၊ မတွေ့ဖြစ်တာ အချိန်ခဏတော့ ရှိသွားပြီနော်"

ကျန်းရှောင် လျန့်ယွဲ့ ကိုကြည့်ကာ သူမ၏လေသံက ငြိမ်သက်သွားခဲ့သည်။ "ဆရာမ လျန့် မင်္ဂလာပါ"

အဲ့တာက တကယ်တော့ အချိန်အတော်ကြာခဲ့ပြီ..

သုံးနှစ်ကြာသွားခဲ့ပြီး ဒါက သူမတို့နှစ်ယောက်ရဲ့ ဒုတိယအကြိမ်တွေ့ဆုံမှု ဖြစ်သည်။

ယခင်အချိန်က ကျိုးရှို့လင်း ကုမ္ပဏီမှ ကိုယ်စားလှယ်တွေအများကြီးနဲ့ တက်ရောက်ခဲ့သည်။ ဒါရိုက်တာ ကျင်း၏ ရုပ်ရှင်အကြိုပြသမှုတွင်ဖြစ်သည်။

ထိုနေ့တွင်၊ ကျန်းရှောင်က လျန့်ယွဲ့ဆီ ယဉ်ကျေးစွာ ချဉ်းကပ်ကာ နှုတ်ဆက်ခဲ့ပြီး ထိုမြင်ကွင်းက သူမစိတ်ထဲမှာ ကွက်ကွက်ကွင်းကွင်း ရှိနေဆဲပင်။

"ဆရာမ လျန့် ၊ မင်္ဂလာပါ၊ ကျွန်မက ကျန်းရှောင် ပါ"

သူ့ကိုယ်သူ ရေလာမြောင်းပေး မလုပ်ခဲ့ဘူး။

သူမ၏ အမည်ရင်းကို စိတ်ချယုံကြည်စွာ ထုတ်ဖော်ခဲ့သည်။

လျန့်ယွဲ့က သူမကို ကြည့်ပြီး ငြိမ်သက်စွာ ကြည့်ခဲ့သည်။ "မင်္ဂလာပါ၊ မင်းနဲ့အရင်က တွေ့ဖူးလား"

ကျန်းရှောင်က နှုတ်ခမ်းကို ကွေးညွတ်ကာ ပြုံးပြခဲ့သော်လည်း သူမရဲ့မျက်လုံးတွေထဲ မရောက်ခဲ့ပေ။ "ဆရာမ လျန့် ၊ ကျွန်မက မစ္စတာ ကျိုး ရဲ့ လက်ထောက်လုပ်ဖူးတယ်လေ"

လျန့်ယွဲ့၏ လှပသော မျက်နှာပေါ်တွင် အသိအမှတ်ပြုမှု ပေါ်လာခဲ့သည်။ "အခု မှတ်မိသွားပြီ ဒါအချိန်အတော်တော်ကြာသွားပြီပဲ။ အသက်ကြီးလာတာနဲ့ အတိတ်က မှတ်ဉာဏ်တွေက နည်းနည်းတော့ မသဲကွဲတော့ဘူး"

ဘေးမှာရပ်နေတဲ့ ကျန့်ယွီက တခစ်ခစ်ရယ်ခဲ့သည်။ "ဆရာမ လျန့် ဆရာမက အသက်ကြီးနေပြီလို့ ပြောလို့မရဘူး။ ကျွန်မတို့ဆို ဘယ်လိုဆက်လုပ်ရမှာလဲ၊ ဆရာမရဲ့ အသားအရေ ထိန်းသိမ်းတဲ့နည်းနဲ့ ဆရာမကိုကြည့်ရတာ အသက်နှစ်ဆယ်ကျော်လို့ပဲ ထင်ရတယ်"

လျန့်ယွဲ့ ရယ်မောလိုက်သည်။ "စွမ်းရည်သစ်တွေရဲ့ လှိုင်းလုံးတွေ တစ်လုံးပြီးတစ်လုံး နောက်ကို လှမ်းမြင်နေရတော့ ငါ့အသက်အရွယ်ကို ပြဖို့ မတတ်နိုင်တော့ဘူး"

ကျန့်ယွီလည်း သက်ပြင်းချလိုက်သည်။ "အမှန်ပဲ။ ကျန်းရှောင်ရဲ့ အဖွဲ့ ထွက်လာတော့ ကျွန်မလည်း အသက်ကြီးသွားသလို ခံစားရတယ် "

သူမသည် ယခုနှစ်တွင် သုံးဆယ့်ငါးနှစ်သာ ရှိသေးပြီး လုပ်ငန်းနယ်ပယ်တွင် ထိပ်တန်းအေးဂျင့်တစ်ဦးအဖြစ် လူသိများသော ဟွားရှမှ ထွက်ခွာကာ ကိုယ်ပိုင်ကုမ္ပဏီကို စတင်ခဲ့သော်လည်း သူမသည် ဟွားရှ နှင့် အဆက်အသွယ် ရှိနေဆဲဖြစ်ပြီး ထိုနေရာတွင် အေးဂျင့်များစွာကို ကောင်းစွာဂရုစိုက်ခဲ့သည်။

လျန့်ယွဲ့ တစ်စုံတစ်ခုကို သတိရသွားပုံရသည်။"အဲ့တာဘယ်ရဲ့ "ကျန်း"လဲ"

ကျန်းရှောင်က ပြန်ပြောလိုက်သည်။ "ကျန်းကျစ်ယာ ချင်း ရဲ့ "ကျန်း" ၊ "ရှောင် ' က အာရုဏ်ဦးရဲ့ ရှောင် "

သူမရဲ့ လေသံက နူးညံ့သိမ်မွေ့ပြီး စကားလုံးတိုင်းက ရှင်းလင်းသည်။

လျန့်ယွဲ့ ခေါင်းညိတ်လိုက်ပြီး သူမ၏ အသံသည် နူးညံ့သည်။ "ဒီ 'ကျန်း' ကို မြစ်ထဲက 'ကျန်း' လို့ ထင်ထားတာ"

မိုရီဟန်၏ စေ့စပ်ပွဲ အခမ်းအနားတွင် ထပ်တွေ့ဆုံခဲ့ကြပြီး လျန့်ယွဲ့က ကျန်းရှောင်ကို အနည်းငယ် လှမ်းကြည့်ခဲ့သည်။

သေချာစဉ်းစားကြည့်လိုက်တဲ့အခါမှာ ကျန်းရှောင်၏ တိုးတက်မှုခရီး၊ ကြယ်တစ်ပွင့်၏ လက်ထောက်မှ ကျိုးရှို့လင်း၏ လက်ထောက်အထိ၊ ယခုရှာဖွေသူကိုယ်စားလှယ်တစ်ဦးသည် သူမ၏အသက်အရွယ်တစ်စုံတစ်ယောက်အတွက် အမှန်တကယ် မှတ်သားဖွယ်ကောင်းလှသည်။

ဒီအောင်မြင်မှုတွေ အားလုံးက ယုံရခက်သည်။

ကျိုးရှို့လင်းနှင့် အခြားအမှုဆောင်အချို့တို့ စကားစမြည်ပြောကြပြီး ကျန်းရှောင်က သူ့ဘာသာသူ အေးအေးဆေးဆေး အပန်းဖြေအနားယူနေခဲ့သည်။

ထိုအချိန်တွင် သူမ ဖုန်းကမြည်လာကာ သူမကို ထိတ်လန့်စေခဲ့သည်။ တခြားအနုပညာရှင်တစ်ယောက် ဒုက္ခရောက်မှာကို စိုးရိမ်တာကြောင့် အခုရက်ပိုင်းအတွင်း သူမ နည်းနည်းတော့ စိတ်လှုပ်ရှားနေသည်။

ကျေးဇူးတင်စရာကောင်းတာက အဲဒါ သူမရဲ့အိမ်က ပဲပင်ပေါက်လေးဖြစ်နေသည်။

ပဲပင်ပေါက်လေးက ကောင်းကင်ပြာရောင် ဝက်ဝံရုပ်ညအိပ်ဝတ်စုံဝတ်ထားပြီး အိမ်ရှိ ကုတင်ကြီးပေါ်တွင် လဲလျောင်းနေကာ ဖုန်းကင်မရာကို မျက်နှာမူထားသည်။ "မေမေ၊ မေမေနဲ့ ဖေဖေ ဘယ်အချိန်ပြန်လာမှာလဲ"

"မကြာခင်ပြန်လာမယ်။ အဖိုးနဲ့အဖွားက သားကို ပြန်ခေါ်လာတာလား"

"ဟုတ်တယ်၊ တီတီ ရင်အန်းနဲ့ တီတီရင်ပိုင်တို့ နှစ်ယောက်စလုံး သားတို့အိမ်ကို လာကစားကြတယ်။ သူတို့က သားအတွက် အရုပ်တစ်ရုပ် ယူလာပေးတယ်"

"တီတီတို့ကို ကျေးဇူးတင်စကားပြောလိုက်လား"

“သား ပြောလိုက်ပါတယ်။ သား သူငယ်တန်းကို လာကစားဖို့ ခေါ်ပေမယ့် သူတို့က စာတွေနဲ့ အလုပ်များနေလို့ မလာနိုင်ဘူးလို့ ပြောတယ်” သူ့မျက်နှာမှာ စိတ်ပျက်မှုတွေနှင့် ပြည့်နေသည်။

ကျန်းရှောင် ရယ်လိုက်သည်။ ပဲပင်ပေါက်လေးက သူငယ်တန်း စတက်နေပြီး စိတ်ဝင်စားစရာ ကောင်းတာကိုတွေ့ရှိသွားပြီပင်။

သူငယ်တန်းကျောင်းက သူ၏ တတိယမြောက်အိမ်ဖြစ်နေပြီ ဖြစ်သည်။ သူမ ကိတ်မုန့်တစ်ကိုက်စားရင်း သားဖြစ်သူပြောနေတာကို နားထောင်ခဲ့သည်။

"ကိတ်မုန့် ၊ ရှောင်ရှောင်! ဒီည diet လုပ်မယ်လို့ ပြောထားတာ မဟုတ်ဘူးလား"

ကျန်းရှောင် - ".....မေမေက အရမ်းဝနေလို့လား"

ပဲပင်ပေါက်လေး ခဏတာ လေးလေးနက်နက် တွေးလိုက်မိသည်။ "မေမေ ဝနေရင်တောင် သားက ချစ်နေတုန်းပဲနော် မေမေ"

ကျန်းရှောင်က သူမရဲ့သားက အနာဂတ်မှာ မိန်းကလေးများကြား ရေပန်းစားလာမည်ဟု ထင်မြင်ခဲ့သည်။ သူ ချိုမြိန်စွာ ပြောတဲ့စကားက တစ်စုံတစ်ဦးကို သတိရသွားစေသည်။

ကျိုးရှို့လင်းကလည်း အလားတူစကားမျိုး ပြောတတ်တယ်၊ အထူးသဖြင့် သူစိတ်လှုပ်ရှားတဲ့အခါ သူမနားထဲကို "ကလေး" ဆိုပြီး အမြဲခေါ်လေ့ရှိသည်။

သူမဖုန်းချပြီး သန့်စင်ခန်း သွားတော့မယ့်အချိန်မှာ လျန့်ယွဲ့ ကို တွေ့လိုက်ရသည်။။

လျန့်ယွဲ့ က သူမကို ခေါင်းညိတ်ပြခဲ့သည်။ "ဒီမနက် ငါတို့ ရှုကျားရမ် ရဲ့ပစ္စည်းတွေကို လက်ခံရရှိထားတယ်။ 'Changting' က ဝမ်းနည်းစရာကောင်းတဲ့ ဇာတ်ကားတစ်ကား။ ရှုကျားရမ် ရဲ့image ကို ငါ ကြည့်ဖူးတယ်။ ဧပြီလဆန်းပိုင်းလောက်မှာ audition လုပ်ဖို့ သူမကို လာခိုင်းလိုက်၊ ငါတို့ နောက်တစ်ခု ထပ်ကြည့်ရအောင် "

ကျန်းရှောင် စိတ်ကိုတည်ငြိမ်အောင် ထိန်းထားလိုက်သည်။ "ဆရာမရဲ့အကူအညီအတွက် ကျေးဇူးတင်ပါတယ် ဆရာမ လျန့် "

လျန့်ယွဲ့က သူမကို ကြည့်နေသည်။ "ကျန်းရှောင်၊ မင်းက လျန့်နန်က လာတာလို့ ငါကျန့်ယွီဆီက ကြားထားတယ်"

ကော့တေး၏ အကျိုးသက်ရောက်မှုက တဖြည်းဖြည်း စတင်ဝင်ရောက်လာသည်နှင့်အမျှ ကျန်းရှောင် ၏အာရုံကြောများမှာလည်း ပြေလျော့သွားကာ သူမ၏သတ္တိလည်း ဆင်းသက်လာသည်။

"ဟုတ်တယ်၊ ကျွန်မ မွေးတုန်းက လျန့်နန်မှာ နေခဲ့တာ။ ကျင်းချန်ကို မလာခင် အထက်တန်းကျောင်းပြီးတဲ့အထိ ကျွန်မ အဲဒီမှာပဲ နေခဲ့တာ "

လျန့်ယွဲ့ သက်ပြင်းချလိုက်သည်။ "လျန့်နန်က အရည်အချင်းရှိတဲ့ လူတွေနဲ့ သဘာဝအလှတွေရှိတဲ့ နေရာကောင်းတစ်ခုပဲ။ ဟွားရှက လျန့်နန်မှာ ထောင်ထားတဲ့ ရုပ်ရှင်နဲ့ ရုပ်မြင်သံကြားမြို့တော်က အတော်လေး ဖွံ့ဖြိုး တိုးတက်နေပြီ။ အနာဂတ်မှာ ရိုက်ကူးရေးလုပ်ဖို့အတွက် ငါတို့လည်း လျန့်နန်ကို သွားလို့ရပြီ"

ကျန်းရှောင် ခေါင်းညိတ်လိုက်သည်။ "မစ္စတာ ကျိုး က အရမ်းအမြော်အမြင်ရှိပြီး သူက အရသာ ကောင်းကောင်း ခံတတ်တယ်"

တကယ်ပါ။ ကျိုးရှို့လင်းက ရှုထောင့်အမျိုးမျိုးတွင် အချည်းနှီးသော အရည်အသွေးများနှင့် ရှားပါးသော အရည်အချင်းရှိသူဖြစ်သည်။ လျန့်ယွဲ့က သူမရဲ့သမီးအကြောင်း တွေးနေမိသည်။

ကျိုးရှို့လင်းမှာ သားတစ်ယောက်ရှိနေပြီဆိုတာကို သူမ သိလိုက်တဲ့အချိန် ရှု့ရန်က တစ်နေကုန် ငိုခဲ့သည်။ စားသောက်ဖို့ ငြင်းဆန်ပြီး အခန်းထဲမှာ သော့ခတ်ပြီနေခဲ့သည်။ နှလုံးသားရေးရာကိစ္စတွေကို တွန်းအားပေးလို့မရပေ။

မိဘတွေအနေနဲ့ လည်း သားသမီးများအတွက် ပျော်ရွှင်မှုကို လိုလားကြသည်။ ဒါပေမယ့် နှလုံးသားရေးရာကိစ္စများတွင်မူ ဘာမှမလုပ်နိုင်ပေ။

ကျိုးရှို့လင်း၏ လုပ်ဆောင်ပုံတွေက လျန့်ယွဲ့ ဤနှစ်များတစ်လျှောက်လုံး မစဉ်းစားနိုင်သော အရာတစ်ခု ဖြစ်နေဆဲပင်။

သူမ ခပ်ရေးရေး ပြုံးလိုက်ကာ သူမ၏ စိတ်က အနည်းငယ် မည်းမှောင်လာနေသည်။ "မင်းက တော်တော်လေး အထင်ကြီးစရာပဲ။ နည်းနည်း ပိုစဉ်းစားလိုက်ရင် လက်မှတ်ထိုးထားတဲ့ အနုပညာရှင်တွေက နောက်ဆုံးမှာ တောက်ပလာလိမ့်မယ်"

ကျန်းရှောင် ပြန်ပြောခဲ့သည်။ "ကျွန်မ ကံကောင်းသွားတာပါ"

လျန့်ယွဲ့က သူမ ကျိုးနွံနေမှန်းကို သိသည်။ "ငါ့သမီးက မင်းထက် နှစ်နှစ်ပဲ ငယ်တယ်။ မင်းနဲ့ ယှဉ်ရင် သူမက နောက်ကျတယ်"

သူမ ဒီလိုပြောပေမယ့် သူမ လေသံက သူမသမီးအပေါ် ချစ်ခင်မှုကို ဖုံးကွယ်မထားခဲ့ပေ။ ပြင်ပလူများအပေါ် မိခင်၏ တသမတ်တည်း သဘောထားဖြစ်သည်။

ကျန်းရှောင် သူမရဲ့ လည်ချောင်းကို ရှင်းလိုက်သည်။ "မစ္စ ကျင်းက အရမ်းထက်မြက်တယ်။ သူမရဲ့ ဓာတ်ပုံစတိုင်က အရမ်းထူးခြားတယ်"

ကျင်းရှု့ရန်က ဓာတ်ပုံပညာတွင် အရည်အချင်းရှိပြီး သာယာတဲ့ မိသားစုအခြေအနေများဖြင့် ပံ့ပိုးပေးထားသည်။

"သူမက လျှောက်ကစားနေရုံပါပဲ။ အများကြီးအောင်မြင်ဖို့ မမျှော်လင့်ပါဘူး"

ကျန်းရှောင် ပြုံးလိုက်သည်။ ကျင်းရှု့ရန်ရဲ့ လက်ရာများဖြစ်သော "Sky" နှင့် "Home" ကို ဆန်ဖရန်စစ္စကို ရှိ Asian Art Museum မှ အပြီးအပိုင် စုဆောင်းထားခဲ့ကြောင်းကို သူမ သိသည်။

တခြားပုဂ္ဂိုလ်တစ်ယောက်က လျန့်ယွဲ့ ကို နှုတ်ဆက်ဖို့ ချဉ်းကပ်လာတဲ့အတွက် ကျန်းရှောင် ထွက်သွားဖို့ ဆင်ခြေရှာလိုက်သည်။ သူမ ရှေ့ကို တစ်လှမ်းပြီးတစ်လှမ်း လှမ်းလိုက်ပြီး သူမ၏ကျောက မတ်သွားကာ ခြေလှမ်းတွေက ခိုင်မာသွားခဲ့သည်။

သူမပတ်ဝန်းကျင်မှာ ရယ်မော ပျော်ရွှင်မှုတွေရှိနေပေမဲ့ ဒီအချိန်မှာ သူမက ကမ္ဘာကြီးနဲ့ ကင်းကွာနေသလို ခံစားလိုက်ရသည်။

ကျိုးရှို့လင်း ပြန်ရောက်လာတော့ နီမြန်းနေတဲ့မျက်နှာဖြင့် ထောင့်တစ်နေရာတွင် သူမ တစ်ယောက်တည်း ထိုင်နေတာကို သူ တွေ့လိုက်ရပြီး မျက်မှောင်ကြုတ်လိုက်မိသည်။

All Chapters