← Chapters

အခန်း (၅၄)

Vol. 5 Ch. 54

အခန်း (၅၄)

Vol. 5 Ch. 54

"လူငယ်တွေရဲ့နှစ်များ " သည် ၎င်း၏ ပရိုမိုးရှင်း ကမ်ပိန်းကို စတင်ခဲ့ပြီး အလုပ်သမားနေ့ အားလပ်ရက် ဝန်းကျင်တွင် ဖြန့်ချိမည်ဖြစ်သည်။

လျန့်ယွဲ့နဲ့ အခြားသော ဇာတ်ဆောင်သရုပ်ဆောင်များသည် စင်မြင့်ပေါ်တွင် ထိုင်ကာ သတင်းထောက်များက သူမ၏ comeback အကြောင်းနှင့် ရုပ်ရှင်နှင့်ပတ်သက်ပြီး မေးခွန်းတစ်ခုပြီးတစ်ခု မေးကြသည်။

ဖျော်ဖြေရေးမဂ္ဂဇင်းတစ်ခုမှ သတင်းထောက်တစ်ဦးက မေးမြန်းခဲ့သည်။ "ဆရာမလျန့်၊ ကျွန်တော်တို့ ရိုက်ခဲ့တဲ့ နောက်ဆုံးဓာတ်ပုံမှာ၊ ဓာတ်ပုံထဲက မိန်းကလေးနဲ့ ဆရာမကြားက ဆက်ဆံရေးက ဘယ်လိုရှိလဲ၊ အဲဒါကို ထုတ်ဖော်ဖို့ စိတ်ကူးရှိလား "

တင်ဆက်သူက မိုက်ခရိုဖုန်းကို ချက်ချင်းယူပြီးပြောလိုက်သည်။ "တောင်းပန်ပါတယ်၊ ကျေးဇူးပြုပြီး -"

လျန့်ယွဲ့ ပြုံးပြီးပြောလိုက်သည်။ "သူမက ကျွန်မသမီးပါ။ မင်းတို့ရဲ့ စိုးရိမ်မှုအတွက် အားလုံးကို ကျေးဇူးတင်ပါတယ်၊ ဒါပေမယ့် အရမ်းကြီး အာရုံမစိုက်ကြဘဲ သူမကို ပုံမှန်အတိုင်းပဲ ကြီးပြင်းလာခွင့်ပေးကြပါနော် "

ခန်းမက စိတ်လှုပ်ရှားစွာ ပေါက်ကွဲသွားခဲ့သည်။

"ဆရာမ လျန့် ၊ ဆရာမနဲ့ ဒါရိုက်တာ ကျင်းတို့ အဲဒါကို ဆက်ပြီးလျှို့ဝှက်ထားတာ အရမ်းကောင်းပါတယ် "

လျန့်ယွဲ့ ပြုံးလိုက်သည်။ "ကျွန်မက သမီးလေးရဲ့

လုံခြုံမှုနဲ့ ပျော်ရွှင်မှုထက် ဘာမှမလိုချင်တဲ့ သာမန်မိခင်တစ်ယောက်ပါ "

ဤသတင်းက လျင်မြန်စွာ ခေါင်းကြီးပိုင်းကို ရောက်သွားခဲ့သည်။ အနုပညာနယ်ပယ်မှာ လှုပ်လှုပ်ရွရွဖြစ်သွားခဲ့သည်။ အားလုံးက ကျင်း မိသားစုရဲ့ သမီးလေးအကြောင်း ဆွေးနွေးနေကြသည်။

သူတို့၏အတိတ်ဘ၀တွင် သူတို့သည် ဤတစ်သက်တွင် ထိုသို့သော မိသားစုမျိုးမှာ မွေးဖွားလာစေရန် နဂါးငွေ့တန်းကို ကယ်တင်ခဲ့ကြရမည်ဖြစ်သည်။

မကြာမီတွင် သြဇာကြီးတဲ့ Weibo အကောင့်အချို့သည် ကျင်းရှု့ရန်၏ ဓာတ်ပုံလက်ရာများကို မျှဝေခဲ့ပြီး စိတ်လှုပ်ရှားဖွယ်ရာ လှိုင်းထလာခဲ့သည်။

သူမသည် အခွင့်ထူးခံမိသားစုတွင် မွေးဖွားလာရုံသာမက ဓာတ်ပုံပညာမှာပါ ကျွမ်းကျင်သူတစ်ဦးလည်းဖြစ်သည်။

ကျန်းရှောင်လည်း ဒီနေ့ Weibo မှာ ခေတ်စားနေသော အကြောင်းအရာကို မြင်ခဲ့သည် - "လျန့်ယွဲ့ရဲ့ သမီး "

Weibo ပို့စ်တစ်ခုတည်းကို သူမ မပျက်မကွက်ကြည့်နေတာ ကြာပြီ။

သူမဗိုက်ထဲက နည်းနည်းလေး နာကျင်လာတာကိုခံစားလာရတဲ့အခါမှာတော့ ဖြစ်ပျက်နေတာတွေကို သူမ နောက်ဆုံး သဘောပေါက်သွားပြီး အန်တီ ချောင်ကို အမြန်ခေါ်လိုက်သည်။

အန်တီ ချောင် အံ့အားသင့်ပြီး အာမေဋိတ်သံပြုလိုက်သည်။ "သမီး ဝေဒနာ ခံစားရတော့မယ်!"

ကျန်းရှောင်မှာ မရေရာသော အကြံတစ်ခုရှိသည်။ သူမ အတန်းတွေ တက်ခဲ့တော့ ယခုအချိန်မှာဖြစ်နေတဲ့ လက္ခဏာ အမျိုးမျိုးကို သိသည်။

ပဲပင်ပေါက်လေး လမစေ့ဘဲ မွေးဖွားတော့မယ့်ပုံပဲ။ သူမ ဗိုက်အောင့်ကာ နာကျင်မှုကြောင့် ဆိုဖာကို တင်းတင်း ဆုပ်ကိုင်ထားခဲ့သည်။ သူမ နှုတ်ခမ်းကို ကိုက်ပြီး သည်းခံခဲ့သည်။

မထင်မှတ်ပဲ ပဲပင်ပေါက်လေးဟာ တစ်ပတ်စောပြီး ရောက်လာသည်။ ကောင်းကင်ဘုံကို ကျေးဇူးတင်ပါတယ်။ ပဲပင်ပေါက်လေးကို ဘေးကင်းကင်းနဲ့ မွေးဖွားခွင့်ပေးခဲ့လို့။

အန်တီ ချောင်က ကျန်းရှောင်ကို နှစ်သိမ့်ပေးရင်း ကျိုးရှို့လင်းဆီ အမြန်ဖုန်းဆက်ခဲ့သည်။ " အဆင်ပြေတယ်နော်၊ အဆင်ပြေတယ်။ အဒေါ် ခုချက်ချင်း သူ့ကိုဖုန်းဆက်လိုက်မယ်"

ဖရိုဖရဲနှင့် ကြောက်မက်ဖွယ်ကောင်းတဲ့ ခံစားချက်များကြား ကျန်းရှောင်က သူမကိုယ်တိုင်ပဲ စိတ်ခံစားမှုများကို တဖြည်းဖြည်း ငြိမ်သက်သွားစေခဲ့သည်။

ခံစားချက်တွေ ရောထွေးနေသလို ခံစားနေရပြီး ကျန်းရှောင်လည်း တဖြည်းဖြည်း ငြိမ်သက်သွားခဲ့သည်။

ဖုန်းခေါ်တာကို ကျန်းချင်က ဖြေကြားခဲ့ပြီး အန်တီ ချောင်ရဲ့ စကားကို ကြားတာနဲ့ သူ့အမူအရာက ချက်ချင်း တောင့်တင်းသွားခဲ့သည်။

အတွင်းထဲက အခြေအနေတွေကို လျစ်လျူရှုကာ ယခုနှစ် ဒုတိယနှစ်ဝက်တွင် စတင်ရိုက်ကူးမည့် ရုပ်ရှင်နှင့် ရုပ်မြင်သံကြားစက်မှုလုပ်ငန်းမှ ရိုက်ချက်များစွာဖြင့် လာမည့် ရုပ်ရှင်ပရောဂျက်များကို ဆွေးနွေးနေသည့် ကျိုးရှို့လင်းကို အမြန်ရှာဖွေခဲ့သည်။

ကျန်းချင် သူ့ဆီ လျှောက်လှမ်းလာပြီး တိုးတိုးလေးပြောလိုက်သည်။ "မစ္စတာ ကျိုး၊ မစ္စတာ ကျိုးရဲ့မိန်းမ မွေးတော့မယ်"

ကျိုးရှို့လင်း၏ တည်ငြိမ်နေတဲ့အမူအရာက ချက်ချင်းပြောင်းလဲသွားပြီး သူ ချက်ခြင်းထရပ်လိုက်သည်။ "အားလုံးပဲ ခွင့်လွှတ်ပေးကြပါ။ ကျွန်တော့်မှာ လုပ်စရာကိစ္စ ရှိလာလို့"

အားလုံးက တစ်ယောက်နဲ့တစ်ယောက် ကြည့်လိုက်ကြပြီး အမြန်ထွက်သွားတဲ့ သူ့ပုံစံကို ကြည့်ခဲ့ကြသည်။

တုန်းတု ဖျော်ဖြေရေးကုမ္ပဏီမှ ဝေယန်က စကားထပြောလာသည်။ "ကျိုးရှို့လင်းကို အရင်ကတခါမှ ဒီလိုရှုပ်ထွေးနေတဲ့ အခြေအနေမျိုးနဲ့ မမြင်ဖူးဘူး။ စိတ်ဝင်စားစရာတော့ ကောင်းတယ်။ ဘာတွေဖြစ်နေလဲဆိုတာ တစ်ယောက်ယောက်များသိကြသည်။

ဟွာကောလီ ဖျော်ဖြေရေး ကုမ္ပဏီမှ ဥက္ကဌ ကျောက်က သူ့ညာဘက်ရှိ မိုရီဟန်ကို တစ်ချက်ကြည့်ပြီး မေးလိုက်သည်။ "မစ္စတာ မို၊ သတင်းတွေများ ရှိလား"

မိုရီဟန် မျက်ခုံးပင့်လိုက်သည်။ "ဖြစ်နိုင်တာကတော့ သူ့ကောင်မလေး သူ့ကိုရှာနေလို့နေမှာပေါ့"

အားလုံးက အာမေဋိတ်သံပြုလိုက်ကြသည်။ "ဘယ်အချိန်တုန်းက ကျိုးရှို့လင်းမှာ ရည်းစားရှိသွားတာလဲ " ကျိုးရှို့လင်းက အမှန်တကယ်ပင် ၎င်းတို့၏ နယ်ပယ်အတွင်း “ရှားပါးသောနမူနာ” ဖြစ်သည်။

ချောမောလှပတဲ့ အမျိုးသမီးတွေက သူတို့ကိုယ်သူတို့ သူ့ကိုပစ်ဝင်ရင်တောင် သူက သူတို့ကိုအေးစက်စက်နဲ့ ငြင်းဆိုပြီး တစ်ယောက်တည်း ထွက်သွားတတ်သည်....

မိုရီဟန် ခေါင်းယမ်းလိုက်သည်။ "ဒါက လျှို့ဝှက်ဆက်ဆံရေးတစ်ခုပါ "

ဒီလိုနဲ့ ကျိုးရှို့လင်းရဲ့ရည်းစားအကြောင်း အတင်းအဖျင်း ပြောသံတွေ ပျံ့နှံ့လာတော့သည်။

လမ်းလျှောက်ရင်း ဖုန်းပြောနေစဉ် ကျိုးရှို့လင်း၏ အသံက တိုးသွားခဲ့သည်။ " ရှောင်ရှောင်၊ ကိုယ် အခုပြန်လာနေပြီနော် သိပ်မကြာခင် ရောက်တော့မယ်။ မကြောက်နေနဲ့နော်"

ကျန်းရှောင် သူမ၏ ခွန်အားကို စုစည်းပြီး အံကြိတ်ခဲ့သည်။ "ကျွန်မ မကြောက်ဘူး"

သူ့အသံကိုကြားလိုက်ရတော့ သူမ လုံခြုံမှုကို နားမလည်နိုင်စွာ ခံစားလိုက်ရသည်။ အခုအဆင်ပြေသွားပြီ သူမဆီမှာ ကျိုးရှို့လင်းရှိတယ်၊ ပြီးတော့ သူတို့မှာ ကလေးလည်းရှိလာတော့မယ်။ သူမ တစ်ယောက်တည်း မဟုတ်တော့ဘူး။

ကျိုးရှို့လင်း သူ့ဖုန်းကို တင်းတင်းကြပ်ကြပ်ကိုင်ထားပြီး လေပြင်းတိုက်ခတ်သွားသလိုမျိုး သူ့ခြေလှမ်းတွေက အရမ်းမြန်နေသည်။

ပထမဆုံးအကြိမ်အနေနဲ့ ကျန်းချင်က သူတို့၏ စီအီးအို ကျိုးလည်း စိတ်လှုပ်ရှားပြီး တုန်ယင်နေတာကို သတိပြုမိခဲ့သည်။

လျန့်ယွဲ့ ကျိုးရှို့လင်းရဲ့ ရုပ်သွင်ကို မြင်လိုက်တဲ့အချိန်မှာ သူမက Oriental Weekly ဂျာနယ်လစ်တစ်ဦးနဲ့ သီးသန့် အင်တာဗျူးတစ်ခုလုပ်နေတဲ့ တစ်ဝက်မှာရှိနေသည်။ သူမ အနည်းငယ် ရပ်တန့်သွားသည်။ " တောင်းပန်ပါတယ်။ ခဏလေး စောင့်ပေးပါဦးနော်"

သူမ သူ့ကို အလျင်အမြန် ဖမ်းလိုက်သည်။ "မစ္စတာ ကျိုး-"

ကျိုးရှို့လင်း မရပ်မနား လမ်းလျှောက်ရင်း ဖုန်းနှင့် နားရွက်ကို ကပ်ထားသည်။

လျန့်ယွဲ့ က သူမရဲ့အရှိန်ကို အရှိန်မြှင့်လိုက်ပြီး သူ့ကို ကြားဖြတ်လိုက်သည်။

ကျိုးရှို့လင်းက မျက်မှောင်ကြုတ်ပြီး ကျန်းချင်ကို ပြောလိုက်သည်။ "ဒရိုင်ဘာရဲ့ကားရောက်ပြီလား"

ကျန်းချင် ပြန်ဖြေခဲ့သည်။ "ကျွန်တော်တို့ သူ့ကို ဆက်သွယ်ထားပြီးပါပြီ။ သူတစ်မိနစ်အတွင်း ဝင်ပေါက်ကိုရောက်လာမှာပါ"

ကျိုးရှို့လင်း လျန့်ယွဲ့ကို ကြည့်လိုက်သည်။ "မစ္စစ် လျန့်၊ တောင်းပန်ပါတယ်။ ဒါပေမယ့် ကျွန်တော့်မှာ အရေးတကြီးကိစ္စရှိနေလို့"

လျန့်ယွဲ့ အနည်းငယ် အံ့သြသွားသည်။ "မင်းအကူအညီလိုသေးလား"

"ကျေးဇူးတင်ပါတယ်၊ ကျွန်တော် ကိုယ်တိုင် လုပ်နိုင်ပါတယ်"

"ကောင်းပြီ၊ နောက်နေ့ကျမှ မင်းကိုဆက်သွယ်လိုက်မယ်"

ကျိုးရှို့လင်း ခေါင်းညိတ်ပြီး အမြန်ထွက်သွားခဲ့သည်။

မိနစ်နှစ်ဆယ်ကြာပြီးနောက် ကျိုးရှို့လင်း အိမ်ပြန်ရောက်လာသည်။ ကျန်းရှောင် အခြေအနေက အတော်လေး တည်ငြိမ်နေတော့ သူ စိတ်သက်သာရာရပြီး တိတ်တဆိတ် သက်ပြင်းချလိုက်သည်။

သူမရဲ့နဖူးကို သုတ်ပေးလိုက်ပြီး သူ့မေးစေ့ကို တင်းထားခဲ့သည်။ သူ့လေသံက ခါတိုင်းထက် ပိုပြီးတောင့်နေသည်။ "မင်းက တကယ် နောက်တဲ့ကလေးပဲ။ မင်း ငါတို့ကို အရမ်းစိတ်ပူအောင်လုပ်ခဲ့တယ် "

ကျန်းရှောင် သူမရဲ့ပါးစပ်ထောင့်ကို ဆွဲတင်းလိုက်သည်။ "ဘာလို့ ဒီလောက် မြန်မြန် ပြန်လာတာလဲ"

ကျိုးရှို့လင်း ခေါင်းငုံ့ပြီး သူမရဲ့ နှာသီးဖျားကို နမ်းလိုက်သည်။ "စကားမပြောနဲ့၊ မင်းရဲ့ စွမ်းအင်ကို ချွေတာ "

ကျန်းရှောင် ပြုံးပြီး သူမဗိုက်ကို ကိုင်လိုက်သည်။ " ပဲပင်ပေါက်လေးက ထွက်လာဖို့ မစောင့်နိုင်တော့ဘူးတဲ့"

ကျိုးရှို့လင်း ပြန်တုံ့ပြန်လိုက်သည်။ "မကြောက်နဲ့ ကိုယ်မင်းအနားမှာ တစ်ချိန်လုံးရှိနေပေးမှာပါ"

မျက်ရည်တွေ တိတ်တဆိတ်ကျလာခဲ့သည်။ မျက်နှာပြင် ပေါ်လွင်နေသလောက် သူမက မသန်မာခဲ့ပေ။ သူမ သူ့ရင်ခွင်ထဲ တင်းတင်းကြပ်ကြပ် မှီလိုက်သည်။

ပထမဆုံးအကြိမ် ကျိုးရှို့လင်းက သူမ အားနည်းမှုကို မြင်တွေ့လိုက်ရသည်။ သူမသည် အလွန်အကူအညီမဲ့နေပုံပေါက်သည်။ သူ့မေးစေ့နဲ့ သူမရဲ့နူးညံ့တဲ့ဆံပင်ကို ပွတ်သပ်ရင်း သူမ နှစ်သိမ့်ပေးနေသည်။

ဆေးရုံမှာ စစ်ဆေးမှုတွေ ဆက်တိုက်လုပ်ပြီးနောက်မှာတော့ ကျန်းရှောင် ဟာ ကလေးမွေးဖို့ ခုထိ အဆင်သင့်မဖြစ်သေးတာကို သိလိုက်ရသည်။ သူမ စောင့်ရဦးမည်။ သူတို့ အဲ့တာကို အရင်က ဆွေးနွေးထားခဲ့ကြပြီး ဖြစ်နိုင်ရင် သဘာဝအတိုင်း မွေးဖို့ သဘောတူခဲ့ကြသည်။

ကျိုးရှို့လင်းက ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးခဲ့ပြီး ကျန်းရှောင်၏ ရုပ်ပိုင်းဆိုင်ရာ အခြေအနေမှာ ကောင်းမွန်ပြီး သူမ၏ ကိုယ်ဝန်တစ်လျှောက်လုံး လေ့ကျင့်ခန်းကို ထိန်းသိမ်းခဲ့သည်။ သဘာဝအတိုင်းမွေးတာက ပြဿနာမရှိဘူး။

ဒါပေမယ့် သားအိမ်ခေါင်း ကျယ်သွားတဲ့အထိ နာကျင်မှုကို သူမ ခံနိုင်ရမည်။

သတင်းတွေ ရတာနဲ့ ကျိုး မိဘတွေက ချက်ချင်းရောက်ချလာသည်။ သူတို့နှစ်ယောက်စလုံး အနည်းငယ် စိတ်လှုပ်ရှားနေကြသည်။ ထိုအချိန်တွင် ကျန်း မိသားစု မရှိနေတာကြောင့် ကျိုးမိဘတွေကိုသာ အားကိုးခဲ့ရသည်။

မေမေ ကျိုး မေးလိုက်သည်။ "လတ်တလော ဆေးစစ်ထားတာက မကောင်းဘူးလား။ ဘာကြောင့် ရုတ်တရက် အစောကြီးဗိုက်နာလာရတာလဲ "

ကျိုးရှို့လင်း မျက်ခုံးကြုတ်လိုက်သည်။ "ကျန်းရှောင် အရမ်းစိုးရိမ်တာကြောင့် ဖြစ်နိုင်တယ်လို့ ဆရာဝန်က ပြောတယ် "

မေမေ ကျိုး သက်ပြင်းချလိုက်သည်။ "ကောင်းပြီ အမေ သူမနဲ့ စကားပြောလိုက်မယ်"

သူနကိုယ်တိုင် ကလေးနှစ်ယောက်ကို မွေးထားတာဆိုတော့ မေမေ ကျိူးရဲ့ စကားတွေက ကျန်းရှောင်အတွက် နှစ်သိမ့်မှု တစ်ချို့ ပေးနိုင်ခဲ့သည်။ ကလေးမွေးတယ်ဆိုတာက အမျိုးသမီးတွေအတွက်တော့ ငရဲတံခါးဝကိုဖြတ်သွားသလိုမျိုးပဲ၊ ဤစကားက အမှန်တရားနှင့် မဝေးလှပေ။

ကျန်းရှောင်မှာ ရှားပါးတဲ့ သွေးအမျိုးအစားရှိပြီး ဆေးရုံမှ လိုအပ်တဲ့ပြင်ဆင်မှုတွေကို စောစောစီးစီး ပြုလုပ်ထားခဲ့သည်။ စိတ်မကောင်းဖြစ်ရတာထက် လုံခြုံတာက ပိုကောင်းပးတယ်။

နောက်ဆုံး ညနေစောင်းတွင် ကျန်းရှောင် မီးဖွားခန်းသို့မဝင်သွားရသေးခင် ကျိုးရှို့လင်းက သူမနဲ့ လိုက်ခဲ့ဖို့အတွက် သင့်လျော်တဲ့ အဝတ်အစားတွေ လဲခဲ့သည်။ သူမအနားမှာ နေမယ်လို့ ကတိပြုထားပြီး သူ့စကားကို ဖျက်မှာမဟုတ်ဘူး။

မေမေ ကျိုးက သူမလက်ကို ပုတ်ခဲ့သည်။ "မကြောက်​နဲ့နော် ကလေး။ အမေတို့အားလုံး အပြင်မှာ ရှိနေမယ်။အရာအားလုံး အဆင်ပြေသွားမှာပါ။ ဒေါက်တာ ကျန်း က အကောင်းဆုံး သားဖွားဆရာမပဲလေနော် "

မေမေကျိုးကို လေးလေးနက်နက်ကြည့်ရင်း ကျန်းရှောင်ရဲ့ မျက်လုံးတွေ စိုစွတ်လာခဲ့သည်။ အေးမြပြီး အေးခဲနေတဲ့ သူမ၏ မျက်လုံးထောင့်မှ မျက်ရည်တစ်စက် ရုတ်တရက် ကျဆင်းသွားခဲ့သည်။

သူမ "ကျေးဇူးတင်ပါတယ်" လို့ပြောချင်ပေမယ့် နောက်ဆုံးမှာတော့ စကားမပြောဖြစ်ခဲ့ပေ။

နှစ်သစ်၊ အစ အသစ်၊ ဘဝသစ်။

ဆရာဝန်က ပဲပင်ပေါက်လေးကို ချီပြီးပြောခဲ့သည်။ "ခြောက်ပေါင် ရှစ်အောင်စ၊ ယောက်ျားလေး "

ကျန်းရှောင် မျက်တောင်ခတ်ပြီး သူမ လည်ချောင်းထဲတွင် တစ်ဆို့သွားခဲ့သည်။ သူမ အသက်နှစ်ဆယ့်သုံးနှစ်မှာ မိခင်တစ်ယောက်ဖြစ်လာဖို့ ဘယ်တုန်းကမှ စိတ်ကူးမယဉ်ခဲ့မိဘူး။

အမေဆိုတာက နွေးထွေးတဲ့ စကားလုံးဆိုပေမယ့် တာဝန်ကိုလည်း ထမ်းဆောင်ရသေးတယ်။

All Chapters