← Chapters

အခန်း (၅၇)

Vol. 5 Ch. 57

အခန်း (၅၇)

Vol. 5 Ch. 57

ကျိုးရှို့လင်း သူ့လက်ကို ဆန့်ထုတ်လိုက်ပြီး စစ်မူ၏ မျက်လုံးတွေက သူ့အဖေဆီ ချက်ချင်း လှည့်ကြည့်ခဲ့သည်။ ကျိုးရှို့လင်းက သူ့ကိုကောက်ချီလိုက်ပြီး သတ်မှတ်ထားတဲ့ပုံစံအတိုင်ချီထားသည်။

ကျန်းရှောင်က အပြုံးကို မျိုသိပ်ထားလိုက်ပြီး သူ့ရဲ့ အဖေတစ်​ယောက်လို ခံစားချက်တွေက သဘာဝအတိုင်း ကင်းစင်သည်။ သူ့ကိုတွေ့လိုက်ရင် အနုပညာနယ်ပယ်က ဘယ်လိုတုံ့ပြန်မလဲလို့ တွေးနေမိသည်။ သူမ သူ့ကို စိုက်ကြည့်လိုက်တော့ ကျိုးရှို့လင်းနဲ့ မျက်လုံးချင်းဆုံသွားသည်။

လေထုက အေးချမ်းသည်။

" သွားကြစို့"လို့ သူပြောလိုက်သည်။

သူမ သူ့နောက်ကနေ လိုက်သွားခဲ့သည်။

ညနေဘက် အိမ်ပြန်တဲ့လမ်းမှာ စစ်မူက အိပ်ပျော်နေပြီ။

ကျန်းရှောင်က စစ်မူလေးကို ချီထားပြီး ကျိုးရှို့လင်း က သူမဘေးမှာ ထိုင်နေသည်။

ကားသည် ရှေ့သို့ ချောချောမွေ့မွေ့ ရွေ့လျားနေပြီး မီးနီမိနေတဲ့အချိန် ကျန်းရှောင် ဘေးဘက်ကို ကြည့်လိုက်တော့ "သာယာဝပြောသောကမ္ဘာ " အတွက် ပရိုမိုးရှင်းပိုစတာကို ပြသထားသည့် ကြော်ငြာဆိုင်းဘုတ်ကို တွေ့လိုက်ရသည်။

"သာယာဝပြောသောကမ္ဘာ " သည် ထိပ်တန်းရုပ်သံလိုင်းတစ်ခု၏ အဓိကအချိန်တွင် ထုတ်လွှင့်နေပြီး Youku ကွန်ရက်ပေါ်တွင်လည်း တစ်ပြိုင်နက် တိုက်ရိုက်ထုတ်လွှင့်လျက်ရှိသည်။

ပွဲဦးထွက်ပထမနေ့တွင် အဆင့်သတ်မှတ်ချက် ၁.၈ နှင့် ဒုတိယနေ့တွင် ၂.၁ ရရှိခဲ့သည်။ တစ်ပတ်အကြာတွင် ၎င်းသည် အဆင့်သတ်မှတ်ချက်၏ ထိပ်ဆုံးသို့ တက်လာသည်။

ကျင်းကျုံးပိုင်နဲ့ ချန်းရင်တို့ရဲ့ ကျော်ကြားမှုက ဒရာမာထုတ်လွှင့်မှုနှင့်အတူ တဟုန်ထိုးတက်လာသည်။ "သာယာဝပြောသောကမ္ဘာ " သည် ၎င်းတို့၏ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများကို တောက်ပြောင်စေသည့် နောက်ထပ် အကောင်းဆုံးဒရာမာဖြစ်သည်မှာ သေချာသည်။

"ကျင်းကျုံးပိုင်နဲ့ ရင်ကျဲတို့က တကယ့်ကို ပြီးပြည့်စုံတဲ့ အတွဲတွေပဲနော် " ကျန်းရှောင် သက်ပြင်းချလိုက်သည်။

ကျိုးရှို့လင်းက သိပ်သဘောမတူဘူး။ "ချန်းရင်မှာ ကျင်းကျုံးပိုင် အတွက် ခံစားချက်ရှိတယ်၊ ဒါပေမယ့် သူက သူမကို အရင်းနှီးဆုံး သူငယ်ချင်းတစ်ယောက်အဖြစ်ပဲ မြင်တယ်"

ကျန်းရှောင်လည်း နားလည်သည်။ "ကျင်းကျုံးပိုင်က ဘယ်လိုမိန်းမမျိုးကို ကြိုက်တာလဲဆိုတာ သိချင်မိတယ်"

ကျိုးရှို့လင်း စိတ်မဝင်စားသလို ဟန်ဆောင်ပြီး ခေါင်းစဥ်ပြောင်းလိုက်သည်။ "စုန့်ယိဝမ်နဲ့ မင်းရဲ့အလုပ်ကကော ဘယ်လိုလဲ"

ကျန်းရှောင် အနည်းငယ်အံ့သြသွားသည်။ "စုန့်ယိဝမ်လား "

"မင်းရဲ့လက်ရှိအရည်အချင်းတွေနဲ့၊ တရုတ်နိုင်ငံက ထိပ်တန်းအနုပညာရှင်တွေက မင်းကို သူတို့ရဲ့မန်နေဂျာအဖြစ်ကို ခန့်မှာမဟုတ်ဘူး" ကျိုးရှို့လင်း တိုက်ရိုက်ပြောသည်။

ကျန်းရှောင် ရဲ့ မျက်လုံးတွေ မှေးကျဥ်းသွားသည် "မန်နေဂျာတိုင်းက အောက်ခြေကနေ စတင်ခဲ့ကြတာ။ ကျန်ယွီ (ချန်းရင်ရဲ့ မန်နေဂျာ) က သူမရဲ့ အရည်အချင်းကို အခြေခံပြီး ထိပ်တန်းမန်နေဂျာ ဖြစ်လာခဲ့တာ မဟုတ်ဘူးလေ ဟုတ်တယ်နော်"

ကျိုးရှို့လင်း အပြုံးကိုထိန်းချုပ်ထားသည်။ "သူမယောကျ်ားက ဒါရိုက်တာ ရှု ဆိုတာ မင်းမသိဘူးလား"

ကျန်းရှောင် - "......"

ကျိုးရှို့လင်း ရယ်မောလိုက်သည်။ "မန်နေဂျာ ကျန်း၊ မင်းရဲ့ စွမ်းဆောင်ရည်ကို စောင့်မျှော်နေတယ်နော်"

ကျန်းရှောင် ခဏလောက်စဉ်းစားလိုက်သည်။ "ကျိုးရှို့လင်း ကျွန်မ အလုပ်ပြန်ရောက်တာနဲ့ ရှင် ကျွန်မကို အထူးဂရုစိုက်စရာ မလိုဘူး"

"မင်းကို အထူးဂရုစိုက်တယ်ဆိုတာက ဘာကိုဆိုလိုတာလဲ"

ကျန်းရှောင် ညည်းညူလိုက်သည်။ "ကျွန်မကို အထူးဆက်ဆံပေးစရာ မလိုဘူးလို့ပြောတာ"

ကျိုးရှို့လင်း မျက်ခုံးပင့်လိုက်သည်။ "ကိုယ့်ရဲ့ အထူးဆက်ဆံပေးတာကို လွယ်လွယ်နဲ့ မရနိုင်ဘူး"

ကျန်းရှောင် သူ့ကို စိုက်ကြည့်ခဲ့သည်။

ကျိုးရှို့လင်း အသံကိုနည်းနည်းလျှော့လိုက်သည်။ "တကယ်တော့၊ ကိုယ်က သမီးလေး လိုချင်တာ"

ကျန်းရှောင် - "......."

ကျိုးရှို့လင်း တိုးတိုးလေးပြောလိုက်သည်။ "စစ်မူကို ညီမလေးတစ်ယောက် ပေးနိုင်မလားလို့ ကိုယ် တွေးမိတယ်။ ကိုယ်တို့ နောက်ထပ် ကလေးရရင် စစ်မူ အသက်ဘယ်လောက်ရှိမယ်လို့ထင်လဲ"

ကျန်းရှောင် မျက်နှာက ချက်ချင်းနီရဲလာခဲ့သည်။ "ရှင် ကျွန်မတို့ စကားဝိုင်းကို ခိုးနားထောင်ထားတာလား"

ကားက မီးမှိန်မှိန်လေးလင်းနေပြီး ကျိုးရှို့လင်းက ပျော်ရွှင်စွာ ကျေနပ်နေပုံရသည်။ သူမရဲ့ ထိုစကားကိုကြားလိုက်ရတော့ သူ့နှလုံးသားက အံ့မခန်း ပျော်ရွှင်သွားခဲ့သည်။

"ကိုယ်ပြောချင်နေတာပဲ။ ကျန်းရှောင်၊ ဒီဆန္ဒကို မင်းမကြာခင်မှာ ဖြည့်ဆည်းပေးလိမ့်မယ်လို့ မျှော်လင့်တယ်။ ကလေးတွေအတွက် စံပြကောင်းတစ်ယောက်ဖြစ်အောင် လုပ်ပါ"

သူမရဲ့လက်ကို တင်းကြပ်စွာ ဆုပ်ကိုင်ထားလိုက်ပြီး အဲ့တာက နွေးထွေးပြီး အစွမ်းထက်သည်။

ပြတင်းပေါက်အပြင်ဘက်တွင် အိမ်သူအိမ်သားများစွာ၏ မီးရောင်တွေက ညဘက်တွင် လင်းထိန်နေကာ နောက်ဆုံးတွင် ၎င်းတို့ထဲမှ တစ်အိမ်က သူမ ပိုင်ဆိုင်သည်။

သူမ သူ့ကိုကြည့်လိုက်ချိန်၊ သူမရဲ့အကြည့်တွေက နူးညံ့သိမ်မွေ့ပြီး ချစ်ဖို့ကောင်းနေသည်။

အဖြူရောင် မက်နိုလီယာ မီးလုံးတွေရဲ့ အလင်းရောင်အောက်မှာ ညဘက်က အလှဆုံးပဲ။

အလှပဆုံး အစီအစဉ်က ရှင့်ကို ကျွန်မအနား ပို့ပေးခဲ့တယ်။

........

သုံးနှစ်ကြာပြီးနောက်

အခုက မတ်လဖြစ်သည်။

ကျင်းချန် ရှိ နွေဦးက ပုံမှန်ထက် ပိုပူသည်။

တစ်ချိန်တည်းမှာပဲ အနုပညာနယ်ပယ်မှာ နာမည်ကြီး လူငယ်မင်းသား စုန့်ယိဝမ်နဲ့ ကျိုးယန်ယန်တို့က ညနှောင်းပိုင်း ဓာတ်ပုံတွေနဲ့အတူ လမ်းပေါ်မှာ ပွေ့ဖက်ထားတဲ့ ဓာတ်ပုံတွေကို ပါပါရာဇီးက ထုတ်ဖော်ပြသခဲ့သည်။ နာရီဝက်အတွင်း သတင်းက အဓိက ပလက်ဖောင်းအားလုံးတွင် တောမီးကဲ့သို့ ပျံ့နှံ့သွားခဲ့သည်။

ထိုသတင်းကိုမြင်ပြီးနောက် ကျန်းရှောင်၏ နှလုံးခုန်သံက ခုန်တက်သွားသည်။ လွန်ခဲ့တဲ့သုံးနှစ်အတွင်း သူမသည် ထိပ်တန်းမင်းသားငယ်တစ်ဦးအဖြစ် စုန့်ယိဝမ်ကို ရှေ့တန်းရောက်အောင် တွန်းအားပေးရန် သူမ၏ အရင်းအမြစ်များကို သုံးစွဲခဲ့သည်။ အခု ပေါက်ကြားလာတဲ့ ဓာတ်ပုံတွေကို သူမ မဖမ်းမိခဲ့ဘူး။

စုန့်ယိဝမ်က ကျိုးယန်ယန်နဲ့ ဘယ်လိုဖြစ်နိုင်မှာလဲ။

ဒါ ဘယ်တုန်းက ဖြစ်တာလဲ။ ဒီနှစ်ယောက်က သူမရဲ့နှာခေါင်းအောက်မှာ ဒီဟာကိုဝှက်ထားဖို့ ထိန်းထားနိုင်ခဲ့ကြသည်။

အချိန်တိုလေးအတွင်းမှာ စုန့်ယိဝမ်ရဲ့ နောက်ဆုံး Weibo ပို့စ်က မှတ်ချက်ပေါင်း ၂၀၀,၀၀၀ ကျော်ရရှိခဲ့ပြီး ပရိတ်သတ်တွေက ဒါက အမှန်ပဲလားဟု မေးခွန်းထုတ်ခဲ့ကြသည်။

တစ်ချို့ပရိသတ်တွေက ကျိုးယန်ယန်ရဲ့ Weibo ပို့စ်အောက်မှာ ဒေါသတကြီး ပုတ်ခတ်ပြောဆိုခဲ့ကြသည်။

တိုတိုပြောရရင် ဒီစုံတွဲရဲ့ ဖော်ထုတ်ခံရမှုက လူတိုင်းရဲ့ ကောင်းချီးတွေကို မရရှိခဲ့ဘူး။

ကျန်းရှောင် ဒေါသအရမ်းထွက်ပြီး စုန့်ယိဝမ်ဆီ ချက်ချင်း အပြေးအလွှားသွားကာ သူ့ကို ကောင်းကောင်းကြီး ကြိမ်းမောင်းချင်ခဲ့သည်။

ဒီလိုအချိန်မျိုးမှာ တစ်ခုခုမှားသွားတဲ့အခါ သူ့အတွက် အာမခံထားတဲ့ ပရောဂျက်တစ်ခုမှာ ခေါင်းဆောင်မင်းသားဖြစ်ဖို့ အခွင့်အရေး ဆုံးရှုံးသွားနိုင်သည်။

ကျန်းရှောင်က သူမရဲ့ စတူဒီယိုမှ ဝန်ထမ်းများကို အစည်းအဝေး တစ်ခုပြုလုပ်ရန် အမြန်ခေါ်လိုက်သည်။

"စတူဒီယိုနာမည်နဲ့ စုန့်ယိဝမ်နဲ့ ကျိုးယန်ယန်တို့က သူငယ်ချင်းကောင်းတွေဖြစ်ပြီး အချစ်ရေးဆက်ဆံရေး မဟုတ်ကြပါဘူးလို့ ကြေငြာချက်ထုတ်လိုက် "

"မီဒီယာတချို့နဲ့ ဆက်သွယ်ပြီး သတင်းတွေကို ပြန်မတင်ကြဖို့ တောင်းဆိုလိုက် "

"ဒါ့အပြင် သူ့ရဲ့အားလပ်ရက်ကုန်သွားပြီဆိုတဲ့အကြောင်း ယိဝမ်ကို အကြောင်းကြားပြီး မနက်ဖြန် သူ့ကိုပြန်လာခိုင်းလိုက်"

ညွှန်ကြားချက်အားလုံးကို ပေးပြီးနောက် ကျန်းရှောင်က သူမ နားထင်တွေကိုပွတ်သပ်ကာ ဆိုဖာပေါ် ပင်ပန်းစွာ ထိုင်ချလိုက်သည်။

ကျိုးယန်ယန်က တကယ်ပဲ ငါ့အတွက် ဝန်ထုပ်ဝန်ပိုးဖြစ်လာတာလား။ သူမ ကိုယ်စားပြုထားတဲ့ အနုပညာရှင်အနည်းငယ်ထဲမှာ စုန့်ယိဝမ်က လက်ရှိမှာ အလားအလာအကောင်းဆုံးလူတစ်ယောက်။

ထိုအချိန်တွင် သူမရဲ့ဖုန်းမြည်လာခဲ့ပြီး အဲ့တာက ကျိုးရှို့လင်းဆီမှ ဖြစ်သည်။

ကျိုးရှို့လင်းဆိုတဲ့ နေရာမှာ အစားထိုးရန် "ဂျွန်"ဆိုတဲ့ နာမည်ကို သူမ အမြဲသုံးထားသည်။ "ဂျွန်"ဆိုတာက သူမ နိုင်ငံခြားမှာ ကျောင်းတက်နေစဉ်တွင် သူမနဲ့ တွေ့ဆုံခဲ့တဲ့ ချစ်သူအဖြစ် သူတို့ဟန်ဆောင်ထားကြတာဖြစ်သည်။

သူမ ဖုန်းခေါ်ဆိုမှုကို ဖြေကြားပြီးနောက် တစ်ဖက်မှ နူးညံ့တဲ့ ကလေးအသံတစ်ခု ထွက်ပေါ်လာသည်။

"မေမေ၊ ဘယ်အချိန် ပြန်လာမှာလဲ"

ကျန်းရှောင်ရဲ့ နှုတ်ခမ်းတွေက ချက်ချင်း ကွေးသွားကာ သူမ၏ စိတ်ပျက်မှုတွေက ပျောက်ကွယ်သွားခဲ့သည်။ "မေမေ မိနစ်လေးဆယ်လောက်ဆိုရင် အိမ်ပြန်ရောက်မယ် ဟုတ်ပြီလား"

"မေမေ၊ မူမူ အိမ်မှာ စောင့်နေမယ်နော်။ ကားကို ​​ဖြည်းဖြည်းမောင်းလာခဲ့ "

ကျန်းရှောင် ရဲ့နှလုံးသားက ပျော့ပျောင်းသွားခဲ့သည်။ "ဖေဖေကော ဘယ်မှာလဲ"

"ဖေဖေက မူမူ အတွက် သစ်သီးဖျော်ရည် လုပ်နေတယ်။မေမေ၊ မူမူတို့မှာ မေမေ အကြိုက်ဆုံး စတော်ဘယ်ရီဖျော်ရည်လည်း ရှိတယ်"

ကျန်းရှောင် ပြုံးလိုက်ပြီး ဖုန်းကို မချခင် မိနစ်အနည်းငယ်ကြာထိ စစ်မူနဲ့ စကားစမြည်ပြောခဲ့သည်။

အချိန်တွေကုန်တာ အရမ်းမြန်သည်။ သုံးနှစ်တောင်ရှိသွားပြီ။

ဒီနေ့က စစ်မူ ရဲ့မွေးနေ့။ သူမ ကိတ်မုန့်သွားယူဖို့ ကိတ်မုန့်ဆိုင်ဆီ ကားမောင်းသွားခဲ့ပြီး ဆယ်မိနစ်နောက်ကျပြီးမှ အိမ်ပြန်ရောက်ခဲ့သည်။

စစ်မူ တံခါးကို ဖွင့်လိုက်တဲ့အခါမှာ ကလေးငယ်လေးက မျက်စိတစ်မှိတ်အတွင်းမှုပဲ ကြီးပြင်းလာခဲ့သည်။ သူက ကျိုးရှို့လင်းနဲ့ ကျန်းရှောင်တို့နဲ့ တစ်ပုံစံတည်းပဲ။

မနက်ခင်းမှာ ကျန်းရှောင်က သူ့အဝတ်အစားတွေကို ကောက်ယူခဲ့သည်။ အနက်ရောင် ဟာရမ်ဘောင်းဘီနဲ့ တွဲဝတ်ထားတဲ့ Vပုံစံလည်ပင်းရှိတဲ့ ဆွယ်တာလေးနဲ့ ချောမောတဲ့ ကောင်လေးတစ်ယောက်လို မြင်လိုက်ရသည်။

"မေမေ "

ကျိုးရှို့လင်းက သူမလက်ထဲမှ ကိတ်မုန့်ကို ယူလိုက်သည်။ "မေမေ ဘယ်ချိန် အိမ်ပြန်လာမှာလဲဆိုပြီး မူမူ ကိုယ့်ကို ဆယ်ခါလောက်မေးခဲ့တာ"

ကျန်းရှောင်က စစ်မူကိုချီဖို့ ငုံ့ကိုင်းလိုက်ကာ သူ့ကိုမချပေးခင် ဧည့်ခန်းရှိ ထမင်းစားပွဲသို့ လျှောက်သွားလိုက်သည်။

ကျိုးရှို့လင်း အဓိပ္ပါယ်ရှိတဲ့ အပြုံးဖြင့် မေးလိုက်သည်။ "အလုပ်များတဲ့နေ့မို့လား"

ကျန်းရှောင် သက်ပြင်းချလိုက်သည်။ "အဲ့တာက ကိစ္စမရှိပါဘူး၊ အလုပ်ကိစ္စ ဘယ်လောက်ပဲ ကြီးပါစေ ကိစ္စမရှိဘူး ဒီနေ့က မူမူရဲ့မွေးနေ့ဆိုတော့ အရေးကြီးဆုံးနေ့တစ်နေ့ပဲ"

ကျိုးရှို့လင်းက ဒီနေ့ ကုမ္ပဏီကို မသွားဘူး၊ သူက သူဌေးဆိုတော့ သူ့စိတ်တိုင်းကျ လုပ်နိုင်သည်။

ကျန်းရှောင်က သူ့အတွက် အလုပ်လုပ်ခဲ့ပြီး တူညီတဲ့လွတ်လပ်မှုကို မခံစားနိုင်ပေ။

စစ်မူဆိုတဲ့ အသည်းတုံးလေးက ပြုံးပြီး စားပွဲပေါ်ရှိ ဖျော်ရည်ကို လက်ညှိုးထိုးပြခဲ့သည်။ "မေမေ၊ ဖျော်ရည်သောက်"

ကျန်းရှောင် တစ်ငုံသောက်လိုက်သည်။ အရသာရှိတယ်။ ကျိုးရှို့လင်း ဘာပဲလုပ်လုပ် သူ ကောင်းကောင်းလုပ်ခဲ့သည်။ သူမ သူ့ကိုကြည့်ပြီးမေးလိုက်သည်။ "ဒီမနက် အပန်းဖြေဥယျာဉ်မှာ လူတွေအများကြီးရှိလား"

ကျိုးရှို့လင်း ပြန်ပြောခဲ့သည်။ "အလုပ်ဖွင့်ရက်ဆိုတော့ လူသိပ်မများဘူး ဒါပေမယ့် ကိုယ်တို့ နည်းနည်းလေးပဲ ဆော့ခဲ့တယ်။ မင်းရဲ့သားက အပန်းဖြေဥယျာဉ်က စီးစရာတွေက ကလေးဆန်လွန်းတယ်လို့ ပြောတယ်"

ကျန်းရှောင်ရဲ့ မျက်ခုံးတွေက တွန့်သွားခဲ့သည်။ "ကလေးတွေ ဒီဟာတွေ ကစားရတာကို မကြိုက်ဘူးလား ဒါဆို သူတို့ ဘာကြိုက်ကြတာလဲ"

စစ်မူက သူ့ခေါင်းကြီးကြီးကို လေးလေးနက်နက် စောင်းလိုက်ပြီး "မေမေနဲ့ တီဗီဒရာမာတွေ ကြည့်ချင်တာ" လို့ပြောလိုက်သည်။

ကျန်းရှောင် - "......"

ကျိုးရှို့လင်း ဟန်လုပ်ပြုံးလိုက်သည်။

နှစ်စဉ်နှစ်တိုင်း စစ်မူ၏ မွေးနေ့တွင် ကျန်းရှောင်နဲ့ ကျိုးရှို့လင်း တို့က သူနဲ့အတူရှိနေပေးသည်။ အဲဒီနေ့မှာ သူတို့ဓာတ်ပုံတူတူရိုက်ကြသည်။ ကျိုးရှို့လင်းက ချက်ပြုတ်ရေးမှာတာဝန်ယူပြီး ကျန်းရှောင်က ကိတ်မုန့်ဝယ်ဖို့ တာဝန်ယူသည်။

ကျန်းရှောင်နဲ့ ကျိုးရှို့လင်းတို့ နှစ်ယောက်လုံး အလုပ်များကြသော်လည်း စစ်မူ အတွက် အချိန်ပေးနိုင်အောင် အစွမ်းကုန် ကြိုးစားကြသည်။

All Chapters