← Chapters

အခန်း (၅၈)

Vol. 5 Ch. 58

အခန်း (၅၈)

Vol. 5 Ch. 58

ယခုနှစ်တွင် ကျန်းရှောင်က စစ်မူ အတွက် ကျောပိုးအိတ် အသေးတစ်လုံးကို ဝယ်ခဲ့သည်။ သူမနဲ့ ကျိုးရှို့လင်းတို့က သူ့မွေးနေ့ပြီးရင် သူ့ကို သူငယ်တန်း ပို့မယ်လို့ သဘောတူထားခဲ့ကြသည်။ ဟုတ်ပါတယ် သူတို့က ဒီကိစ္စနဲ့ ပတ်သက်ပြီး စစ်မူရဲ့ထင်မြင်ချက်ကိုလည်း ရှာဖွေခဲ့သည်။

ကျိုးရှို့လင်းက လက်ဆောင်နှစ်ခုဝယ်ထားသည်၊ တစ်ခုက စစ်မူအတွက်၊ ကမ္ဘာ့စွယ်စုံကျမ်းရဲ့ ကလေးဗားရှင်း၊ နောက်တစ်ခုက ကျန်းရှောင်အတွက် ထူးခြားလက်ရာမြောက်တဲ့ လက်ဆောင်ဘူးတစ်ခု။

ကျန်းရှောင် စပ်စုလိုက်သည်။ "ဘာကြီးလဲ" လွန်ခဲ့သည့်သုံးနှစ်က သူမသည် နှစ်စဉ်နှစ်တိုင်း ကျိုးရှို့လင်းဆီမှ လက်ဆောင်များရရှိခဲ့ပြီး စစ်မူ၏ မွေးနေ့တွင် သူမသည်လည်း ၎င်းအတွက် အကျိုးခံစားရသည်။

ကျိုးစစ်မူက သူ့နှုတ်ခမ်းကိုဖိလိုက်သည်။ "ဆွဲကြိုး ဖြစ်မယ် ထင်တယ်"

ကျိုးရှို့လင်း၏ မျက်ခုံးက အနည်းငယ်တွန့်သွားသည်။

ကျိုးရှို့လင်း လက်ဆောင်ကို ဖြည်းညှင်းစွာဖွင့်ကြည့်လိုက်တော့ အဖိုးတန်တဲ့ ဆွဲကြိုးတစ်ကုံးကို တွေ့လိုက်ရသည်။ "မူမူက တကယ်ကို အံ့သြစရာကောင်းတာပဲ "

ကျိုးစစ်မူ တခစ်ခစ်ရယ်လိုက်သည်။ “ဘာလို့လဲဆိုတော့ မနေ့က ဖေဖေအဲ့တာကို ထုတ်ကြည့်နေတာတွေ့လိုက်လို့"

ကျန်းရှောင် ကျိုးရှို့လင်းကို ကြည့်လိုက်ရင်း သူမ၏ မျက်လုံးများတွင် ပိုလေးနက်တဲ့ ပျော်ရွှင်မှုများ ပြည့်နှက်နေသည်။ "ကျိုးရှို့လင်း၊ မူမူဆီမှာ စူးရှတဲ့မျက်လုံးရှိတယ်နော်"

ကျိုးရှို့လင်း သူ့လက်ကို မြှောက်ပြီး ကျိုးစစ်မူ၏ ခေါင်းလေးကို ပွတ်သပ်လိုက်သည်။ "စစ်မူ မင်းမွေးနေ့ပြီးရင် မင်းအသက်သုံးနှစ်ပြည့်ပြီ။ အသက်သုံးနှစ်ဆိုတာက ယောက်ျားလေးတွေ ကြီးပြင်းလာတာ"

"အိုခေ"ကျိုးစစ်မူက သူ့နောက်ကျောကို တည့်တည့်မတ်မတ်ထားလိုက်သည်။

"အနာဂတ်မှာ မင်းဘာသာမင်း တစ်ယောက်တည်း အိပ်ရမယ် ဟုတ်ပြီလား" လို့ကျိုးရှို့လင်း ပြောလိုက်သည်။

ကျိုးစစ်မူ မျက်တောင်လေးခတ်ပြီး ကျိုးရှို့လင်းကိုကြည့်လိုက်သည်။ "ဒါပေမယ့် မူမူက ကလေးပဲ ပြီးတော့ ကလေးတွေက အမှောင်ကို ကြောက်တယ်"

"ကလေးရဲ့အခန်းမှာ ညဘက်မီးထွန်းထားတယ်" လို့ ကျိုးရှို့လင်း ပြန်ဖြေခဲ့သည်။

"ဒါပေမယ့် မူမူက မေမေနဲ့အိပ်ချင်တာ" လို့ ကျိုးစစ်မူ ပြောလိုက်သည်။

ကျန်းရှောင် တခစ်ခစ်ရယ်လိုက်သည်။ " မေမေကတော့ကိစ္စမရှိဘူး"

ကျိုးစစ်မူ ဂုဏ်ယူစွာကြည့်လိုက်သည်။ "မေမေ၊ သား မေမေ့ကို ချစ်တယ်နော်"

ကျန်းရှောင် သူ့ပါးကို နမ်းလိုက်သည်။ "မေမေလည်း ချစ်တယ်နော် ဘေဘီလေး။ ဖယောင်းတိုင်မီးထွန်းတော့ မွေးနေ့သီချင်းဆိုရအောင်"

ညနေပိုင်းတွင် ကျန်းရှောင်က ကလေးလေးကို အိပ်ရာဝင် ပုံပြင်နှစ်ပုဒ်ကို ပြောပြခဲ့ပြီး ကျိုးစစ်မူက အိပ်မက်တိုင်းပြည်ထဲ ချိုမြိန်စွာ ပျံ့လွင့်သွားခဲ့သည်။

ကျိုးရှို့လင်း စာကြည့်ခန်းကနေ အိပ်ခန်းဆီ ပြန်လာတော့ စစ်မူက ကုတင်ကြီးကြီးအလယ်မှာ အိပ်နေခဲ့သည်။ အိပ်ရာက တော်တော်ကျယ်ပြီး လူသုံးယောက် အတူတူ အိပ်လို့ရသည်။ ကျိုးရှို့လင်းက စစ်မူကို ညင်သာစွာ ချီလိုက်ပြီး ဘေးရှိ ကုတင်ငယ်လေးပေါ်တွင် တင်လိုက်သည်။

ကုတင်ငယ်လေးတွင် ဘေးပတ်ပတ်လည်၌ အကာအကွယ် သံတိုင်များပါရှိတာကြောင့် အလွန်လုံခြုံသည်။ ထိုကောင်လေးကို ဖြေရှင်းပြီးနောက် ကျိုးရှို့လင်း အိပ်ရာဝင်ကာ ငိုက်မျဉ်းနေတဲ့ ကျန်းရှောင်ကို သူ့ရင်ခွင်ထဲ ဆွဲခေါ်လိုက်သည် ။

သူမနဖူးကို အနမ်းပေးလိုက်သည်။ "မင်းဘာလို့ အရမ်းပင်ပန်းနေတာလဲ"

"ကျိုးယန်ယန်က စုန့်ယိဝမ်နဲ့ ဘယ်လိုလုပ်အတူတွဲနိုင်မှာလဲ"လို့ ပျင်းရိစွာပြောလိုက်ရင်း ကျန်းရှောင်ရဲ့ သိစိတ်က မှုန်ဝါးနေခဲ့သည်။

ဒီနေ့ ကျိုးရှို့လင်းလည်း ဒီအကြောင်းကို သိလာခဲ့သည်။ "ကိုယ် သေချာမသိဘူး " ကျိုးယန်ယန်က လွန်ခဲ့သည့် သုံးနှစ်အတွင်း ဒရာမာနှင့် ဇာတ်ကားများစွာတွင် ပါဝင်သရုပ်ဆောင်ခဲ့သော်လည်း သူမက ကျော်ကြားမှုများစွာ မရရှိခဲ့ဘဲ ရင်းနှီးသူဖြစ်လာခဲ့သည်။ သူမက ကြီးမားတဲ့ ကြယ်ပွင့်ဖြစ်လာရန် ရည်မှန်းထားခြင်းမဟုတ်ပေ။

ကျန်းရှောင် သူ့ကို အသာအယာတွန်းလိုက်သည်။ "ပူတယ်"

ကျိုးရှို့လင်းက သူမကို တခြားဘာမှ ပြောခွင့်မပေးပေ။ သူက သူမရဲ့ ညဝတ်ဂါဝန်ကို ကျွမ်းကျင်စွာနဲ့ ကြယ်သီး ဖြုတ်လိုက်ပြီးနောက် သူမ၏ အဖြူရောင် ဇာအတွင်းခံကို ဖယ်ရှားလိုက်သည်။

ကျန်းရှောင် ကျိုးရှို့လင်းကို လက်ထပ်တာက သူမအတွက် ကြီးမားတဲ့ အကျိုးကျေးဇူးတစ်ခုဖြစ်ကြောင်း အမြဲခံစားခဲ့ရသည်။

သူမမှာ ချောမောပြီး ချမ်းသာတဲ့ခင်ပွန်း၊ ထက်မြက်ပြီး ချစ်စရာကောင်းတဲ့ သားလေးတစ်ဦးရှိကာ သူမ၏ လုပ်ငန်းခွင်မှာလည်း အောင်မြင်လာခဲ့သည်။ ကျိုးနွံခြင်းမရှိဘဲ၊ သူမက သူမကိုယ်သူမ ဘဝမှာ အောင်နိုင်သူအဖြစ် သတ်မှတ်ပြီးသား။

ကျိုးရှို့လင်းက သူမကို အိပ်ခန်းထဲက ကိစ္စတွေအပါအဝင် ကိစ္စတော်တော်များများကို သင်ပေးခဲ့သည်။

သူမသည် ရှေးရိုးဆန်ပြီး ရှက်တတ်သော်လည်း ကျိုးရှို့လင်း၏ စိတ်ရှည်မှုနှင့် ထက်သန်တဲ့ လမ်းညွှန်မှုဖြင့် ၎င်းတို့၏ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ရင်းနှီးမှုက အမြဲတမ်း ကြည်နူးစရာကောင်းသည်။

မကြာခင်မှာပဲ သူမရဲ့အဝတ်အစားတွေ ချွတ်ခံလိုက်ရပြီး သူ့လက်ချောင်းတွေက သူမရဲ့ နူးညံ့တဲ့ အရေပြားပေါ်မှာ တဝဲလည်လည်နဲ့ သူမရဲ့ ခန္ဓာကိုယ်အနှံ့ ခံစားချက်တွေကို ပေးပို့ခဲ့သည်။

ညအပူချိန်က ဆယ်ဒီဂရီလောက်ရှိပြီး ကျန်းရှောင် အနည်းငယ်အေးသလို ခံစားရသည်။ သူမ၏ ခန္ဓာကိုယ်က အနည်းငယ် တုန်သွားပြီး တွယ်ကပ်နေတဲ့ ကြောင်လေးတစ်ကောင်လို သူ့ခန္ဓာကိုယ်ကို ပွတ်သပ်ကာ သူ့ကို ပွေ့ဖက်ရန် လက်လှမ်းလိုက်သည်။

ကျိုးရှို့လင်း၏ အနမ်းတွေက တဖြည်းဖြည်း ကျဆင်းလာကာ ကျန်းရှောင် ပိုပူလာပြီး သူမ၏ အတွေးတွေက ပိုပြီး ဖရိုဖရဲ ဖြစ်လာသည်။

သူ လှုပ်ရှားလိုက်တိုင်း ပဲပင်ပေါက်လေးကို နှိုးမိသွားမှာ ကြောက်လို့ အသံမထွက်ဘဲ သူမရဲ့နှုတ်ခမ်းကို ကိုက်ထားခဲ့သည်။

ကျိုးရှို့လင်း၏ မျက်လုံးတွေက သိမ်မွေ့တဲ့ အလင်းရောင်ဖြင့် တောက်ပနေသည်။ "မနက်ဖြန်ကစပြီး သူ့ကို တစ်ယောက်တည်း အိပ်ခိုင်းလိုက်တော့"

ကျန်းရှောင် ပင့်သက်ရှိုက်လိုက်သည်။ "သူက အရမ်းငယ်သေးတယ်"

ကျိုးရှို့လင်း ရှေ့ကို ပြင်းပြင်းထန်ထန် ဆောင့်ထိုးလိုက်တော့ ကျန်းရှောင် မထိန်းနိုင်ဘဲ အော်လိုက်သည်။ "ညင်သာပေးပါ ကျေးဇူးပြုပြီး"

ကျိုးရှို့လင်း သူမကို တိတ်တိတ်ဆိတ်ဆိတ် ပြောလိုက်သည်။ "ကိုယ် မညင်သာပေးနိုင်ဘူး"

"ပဲပင်ပေါက်လေး - ပဲပင်ပေါက်လေး နိုးလာလိမ့်မယ်-" ကျန်းရှောင်ရဲ့လက်က သူ့ခါးဆီသို့ လျှောကျလာပြီး သူ့ရဲ့နူးညံ့တဲ့ အသားကို ဆုပ်ကိုင်လိုက်သည်။ သူ့ sensitiveဖြစ်တဲ့ နေရာတွေက ဘယ်နေရာတွေလဲဆိုတာ သူမ အတိအကျသိသည်။

သာမာန်အားဖြင့် အေးအေးဆေးဆေးနှင့် သီးခြားနေတတ်တဲ့ ကျိုးရှို့လင်းက ဒီဘက်ကိုသာ သူမအား ဖွင့်ပြခဲ့သည်။ တခါတရံတွင် သူက သူတို့ရဲ့သားလိုမျိုး ကလေးဆန်သည်။

ကျိုးရှို့လင်း သည်းသည်းကွဲကွဲ မကြားရတဲ့ ညည်းသံကို ထုတ်လိုက်ပြီး သူမ၏ နာမည်ကို ထပ်ခါတလဲလဲ ခေါ်ခဲ့သည်။ " ရှောင်ရှောင် - ရှောင်ရှောင်-"

......

ကျန်းရှောင် မောပန်းနွမ်းနယ်သွားပြီး ကျန်တဲ့အရာအားလုံးကို ကျိုးရှို့လင်းဆီ ထားခဲ့သည်။ ရေချိုးနေစဉ်တွင် သူမ မျက်လုံးများကို မဖွင့်နိုင်တော့ပေ။

မနက်ဖြန်ဆိုတဲ့အချိန်က ပဲပင်ပေါက်လေး ပိုမိုလွတ်လပ်လာရန် အချိန်တန်ပြီဟု သူမ ဆုံးဖြတ်ခဲ့သည်။ မဟုတ်ရင် သူမရဲ့ကျောကို ဖြောင့်တန်းနိုင်မှာမဟုတ်ပေ။

နောက်တစ်နေ့တွင် ကျိုးရှို့လင်းက ကျိုးစစ်မူကို သူ့မိဘအိမ်သို့ ခေါ်သွားခဲ့သည်။ အခုကစ၍ သူ့ရဲ့ကျောင်းနှင့် ကျောင်းပြီးသည့် လှုပ်ရှားမှုများအတွက် သူတို့တာဝန်ယူရပေတော့မည်။

ကျိုးစစ်မူက သူ့ရဲ့ကျောပေါ်မှာ ကျောပိုးအိတ်လေးကို လွယ်ထားပြီး ကျိုးရှို့လင်းအား နာခံစွာ လက်ဝှေ့ယမ်းကာ နှုတ်ဆက်ခဲ့သည်။

ကျိုးရှို့လင်းက ကျိုးစစ်မူကို ကျင်းချန်တွင် နိုင်ငံတကာ ဘာသာစကားနှစ်မျိုး သူငယ်တန်းထားရန် စီစဉ်ခဲ့သည်။

သင်ကြားရေးပတ်ဝန်းကျင်က ကဏ္ဍပေါင်းစုံတွင် ထိပ်တန်းအဆင့်ရှိပြီး အရေးအကြီးဆုံးကတော့ သူတို့ဟာ ကလေးတွေရဲ့ မိသားစု၏ ကိုယ်ရေးကိုယ်တာ ကာကွယ်ရေးကို ဦးစားပေးလုပ်ဆောင်ထားသည်

ကျိုးရှို့လင်း၏ မိဘတွေမှာ သားသမီးတွေကို ပညာပေးသည့်နည်းလမ်းများ ရှိသော်လည်း သူတို့ရဲ့ကျိုးရှို့လင်းလိုမျိုး ကျိုးစစ်မူကို သူတို့စည်းကမ်းတင်းကြပ်ခြင်းမရှိပေ။ ဒါပေမယ့် မျိုးဆက်ကွာဟချက်က ထင်ရှားသည်။

ကျိုးရှို့လင်းက ကျိုးစစ်မူကို ဓာတ်ပုံရိုက်ပြီး WeChat မှာ ကျန်းရှောင်ဆီ ပေးပို့ခဲ့သည်။

ကျန်းရှောင်ဟာ စတူဒီယိုမှာရှိနေပြီး စုန့်ယိဝမ်က ညတွင်းချင်း ပြန်လာခဲ့သည်။ သူ့မျက်နှာက

နွမ်းလျပြီး အနည်းငယ် ပင်ပန်းနေပုံရသည်။

ကျန်းရှောင် သူ့ကို စိုက်ကြည့်ပြီး မေးလိုက်သည်။ "မင်းနဲ့ ကျိုးယန်ယန်က ဘာတွေလဲ

ပေါ့ပေါ့ပါးပါး ၀တ်ဆင်ထားတဲ့ စုန့်ယိဝမ်က အရပ်ရှည်ပြီး ချောမောတဲ့အသွင်အပြင်ရှိသည်။ အနုပညာနယ်ပယ်ထဲမှာ ချောမောလှပတဲ့ အမျိုးသားတွေနဲ့ အမျိုးသမီးတွေနဲ့ ပြည့်နှက်နေပေမယ့် သူက ဆွဲဆောင်မှုအရှိဆုံးတွေထဲက တစ်ယောက်ဖြစ်​နေတာကတော့ သေချာပေါက်ပဲ။

"ကျွန်တော်တို့ ဒိတ်နေတာ" ဟု သူ ပွင့်ပွင့်လင်းလင်း ဝန်ခံခဲ့သည်။ ကျန်းရှောင်၏ အသက်ရှုသံများ တင်းကြပ်လာသည်။

"အွန်လိုင်းက သတင်းတွေ တွေ့လိုက်လား"လို့ သူမ မေးလိုက်သည်။

စုန့်ယိဝမ် ခေါင်းညိတ်လိုက်သည်။ "ဟုတ်၊ တွေ့လိုက်တယ်"

ရုတ်တရက် မောပန်းနွမ်းနယ်နေသလိုခံစားရပြီး ကျန်းရှောင် ဆက်ပြောလိုက်သည်။ "ဒီသတင်းက မင်းကို ဘယ်လောက်ထိ ထိခိုက်စေမယ်ဆိုတာ မင်းသိလား"

စုန့်ယိဝမ် သဘောပေါက်သည်။ "တောင်းပန်ပါတယ်။ ပါပါရာဇီးဆီ မိသွားလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့မိဘူး"

ကျန်းရှောင် ခေါင်းကိုက်နေပြီ။ "ငါ့မှာ စုံစမ်းစစ်ဆေးနေတဲ့သူတစ်ယောက်ရှိတယ် ပြီးတော့ တုန်းဟွာက အဲ့တာကို ကြိုးကိုင်ထားတယ်။ မင်းရဲ့နောက်ထပ် role က ဒရာမာတစ်ခု မင်းရဲ့ပြိုင်ဘက်က တုန်းဟွာရဲ့ ထိပ်တန်း ခေါင်းဆောင်မင်းသား။ မင်းရဲ့ role အတွက် ငါအာမခံထားတယ်။ မင်းနဲ့ ကျိုးယန်ယန် အကြောင်းသတင်းတွေ ပေါက်ကြားလာတော့ သူ စိတ်ဆိုးနေတယ်"

စုန့်ယိဝမ် မျက်ခုံးကြုတ်လိုက်သည်။ " ပေါက်ကြားသွားပြီဆိုတော့ ကျွန်တော် မကြာခင် အဲ့တာကို လူသိရှင်ကြား ထုတ်ပြဖို့ စီစဉ်နေတယ်"

".......... " သူမ နားကို မယုံနိုင်အောင် ဖြစ်သွားခဲ့သည်။

"မှန်ပါတယ်။ ကျိုးယန်ယန်က မင်းနဲ့သူနဲ့က အထက်တန်းကျောင်းတုန်းက အတန်းဖော်တွေဆိုတာ ငါ့ကိုပြောထားပြီးသား။ ပြီးတော့ သူနဲ့ မင်းရဲ့ဆက်ဆံရေးက မကောင်းဘူး"

လမ်းကြောင်းပေါ်ပြန်တက်လာတော့ ကျန်းရှောင် ဒီကိစ္စအတွက် အချိန်မဖြုန်းချင်တော့ပေ။ "စတူဒီယိုက ကြေငြာချက် ထုတ်ထားပြီးသွားပြီ။ မင်း အခုဝန်ခံလိုက်မယ်ဆိုရင် မင်းမျက်နှာကို ဖြတ်ရိုက်လိုက်သလိုဖြစ်သွားမှာ မဟုတ်လား "

စုန့်ယိဝမ်၏ အမူအရာက ပြတ်သားလာသည်။ "ကျွန်တော် အသက်နှစ်ဆယ့်ခြောက်နှစ်ရှိပြီ။ ရည်းစားထားတာက ပုံမှန်ပဲ "

"ဒါပေမယ့် မင်းက အနုပညာရှင်တစ်ယောက်"ကျန်းရှောင် ခုခံခဲ့သည်။

"စုန့်ယိဝမ်၊ မင်း ချိန်းတွေ့ပြီး နောက်ဆုံးမှာ လက်ထပ်လို့ရပါတယ်။ ဒါပေမယ့် အခု မင်းက ဟွားရှ မှာ နာမည်ကြီး ဆယ်လီတစ်ယောက်ဖြစ်နေပြီ။ လွန်ခဲ့တဲ့ သုံးနှစ်အတွင်း က မင်းရဲ့ကြိုးစားမှုတွေအားလုံးကို စွန့်လွှတ်ချင်နေပြီလား"

စုန့်ယိဝမ် သူ့နှုတ်ခမ်းတွေကို ဖိထားပြီး နှုတ်ဆိတ်နေသည်။

နောက်တစ်ယောက်ကတော့ အချစ်ကြောင့် မျက်စိကန်းသွားတယ်။

ကျန်းရှောင် ခြောက်ခြောက်ကပ်ကပ်နဲ့ ပြောလိုက်သည်။ "ငါ မင်းကို လမ်းခွဲလိုက်ဖို့ တောင်းဆိုနေတာမဟုတ်ဘူးနော်"

" အစ်မ ဆိုလိုချင်တဲ့အချက်ကို နားလည်ပေမယ့် ကျွန်တော့် အတွက်ကြောင့် သူ့ခံစားချက်တွေကို ကျွန်တော် ဘယ်လိုလျစ်လျူရှုနိုင်မှာလဲ"

လူတိုင်းမှာ ကိုယ်ပိုင်အမြင်ရှိကြပြီး လူတိုင်းမှာ ကိုယ်ပိုင်အကြောင်းပြချက်တွေ ရှိပုံရသည်။

နှစ်ယောက်စလုံး ခဏတာ ငြိမ်သွားကြသည်။

ကျန်းရှောင် အေးအေးဆေးဆေး စကားပြောလိုက်သည်။ "နှစ်ရက်နားလိုက်။ နောက်အပတ် 'Running Brothers' မှာ ဧည့်သည်အနေနဲ့ ပါဝင်ရမယ်ဆိုတာ မမေ့နဲ့။ ကိုယ့်ဘာသာကိုယ် ပြင်ဆင်ထား။ ကျိုးယန်ယန် နဲ့ မင်းရဲ့ဆက်ဆံရေးအတွက် မင်းရဲ့ရွေးချယ်မှုကို ငါလေးစားတယ်" သူမ လျှောက်မယ့်လမ်း သူမ၏ ကိုယ်ပိုင်စီးပွားရေးဖြစ်သင့်သည်။

စုန့်ယိဝမ် သူ့နှုတ်ခမ်းကို ကွေးလိုက်သည်။ "ကောင်းပါပြီ"

All Chapters