← Chapters

အခန်း (၆၁)

Vol. 5 Ch. 61

အခန်း (၆၁)

Vol. 5 Ch. 61

ကျန်းရှောင်က နောက်ဆုံး၌ ပြောလိုက်သည်။ "မစ္စ ကျင်း၊ ကုမ္ပဏီမှာ အလုပ်နည်းနည်းရှိလို့ ပြန်လိုက်ပါဦးမယ်"

ကျင်းရှု့ရန် ခေါင်းညိတ်လိုက်သည်။ "အခွင့်အရေးရရင် ကျွန်မတို့ ပြန်ဆုံကြတာပေါ့ မစ္စ ကျန်း " သူမ သူမကိုခေါ်လိုက်သည်။

ကျန်းရှောင်ရဲ့ ခြေလှမ်းတွေ အနည်းငယ် ခေတ္တရပ်သွားပြီး သူမကို ငေးကြည့်နေမိသည်။

ကျင်းရှု့ရန်ရဲ့ မျက်လုံးတွေက ခဏတာ မှိတ်တုတ်မှိတ်တုတ် ဖြစ်သွားခဲ့သည်။ "ကျွန်မ အရင်က ရှင့်ကို တွေ့ဖူးသလို ခံစားရတယ်။ ရှင့်ကို ရင်းနှီးနေပုံရလို့ပါ ဘာမှတော့မဟုတ်ပါဘူး။ ရှင့်ကို ပထမဆုံးအကြိမ်က မြင်ဖူးတဲ့ ခံစားချက်မျိုးလို ခံစားရတယ်"

ကျန်းရှောင် စက္ကန့်အနည်းငယ်မျှ နှုတ်ဆိတ်နေပြီးမှ ရုတ်တရက် ပြုံးလိုက်ကာ နွေဦးလေပြေကဲ့သို့ နွေးထွေးတဲ့အပြုံးက သူမ၏ အမူအရာမှာရှိနေသည်။ "လူတစ်ချို့က ကျွန်မကို ရှလန်နဲ့ တော်တော်ဆင်တယ်လို့ ပြောကြတယ်"

ကျင်းရှု့ရန် အံ့အားသင့်သွားသည်။ "အခု ရှင် အဲ့ဒါကို ပြောခါမှပဲ တူသလိုလိုတော့ရှိပါတယ် "

"နှုတ်ဆက်ပါတယ်" လို့ကျန်းရှောင် ပြောလိုက်သည်။

ကျင်းရှု့ရန်က ကျိုးယန်ယန်ကို တွေ့ပြီး အမှားအယွင်းမရှိဘူးဟု အတည်ပြုပြီးနောက် စိတ်သက်သာရာရသွားခဲ့သည်။

"ငါစောနက အပြင်မှာ နင့်ရဲ့ လက်ထောက်ဟောင်းကို တွေ့လိုက်ရသေးတယ်"

ကျိုးယန်ယန်ရဲ့ အမူအရာက တင်းကျပ်လာသည်။ "နင်တို့ ဘာတွေပြောနေကြသေးလဲ"

"ငါ အများကြီး မပြောခဲ့ပါဘူး၊ သူ အခု စုန့်ယိဝမ်ရဲ့ မန်နေဂျာ ဖြစ်နေတာကို ဘာလို့ နင်ငါ့မပြောတာလဲ" လို့ ကျင်းရှု့ရန် မေးလိုက်သည်။

"ငါတို့လုပ်ငန်းက လူတွေက နေရာတွေပြောင်းရတယ် " ဟု ကျိုးယန်ယန် ပြန်ဖြေလိုက်သည်။

ကျင်းရှု့ရန် ခေတ္တရပ်လိုက်ပြီး မေးခဲ့သည်။ "သူ ဘာလို့ နင့်အစ်ကိုရဲ့လက်ထောက်အဖြစ် ဆက်မလုပ်ရတာလဲ"

ကျိုးယန်ယန် မျက်ခုံးကြုတ်လိုက်သည်။ "ရှု့ရန် ငါ့အစ်ကိုက... သူ့ အသက်သုံးဆယ်ရှိနေပြီ"

"ငါ သိတယ်လေ " ကျင်းရှု့ရန် ခေါင်းညိတ်လိုက်သည်။

ကျိုးယန်ယန် နံရံကို ခေါင်းနဲ့တိုက်မိသလို ခံစားနေရသည်။ "ငါဆိုလိုတာက ငါ့အစ်ကိုက နင့်အတွက် အသက် နည်းနည်းကြီးတယ်လို့။ နင်က ခုမှ ၂၄ နှစ်ပဲရှိသေးတယ်"

ကျင်းရှု့ရန်၏ ဖြူဖွေးတဲ့ အသားအရေက အနည်းငယ် နီရဲလာသည်။ "ယန်ယန်၊ နင် စုန့်ယိဝမ်နဲ့ စဒိတ်ကတည်းကစပြီး နင့်ရဲ့စကားတွေကို ဘာလို့ တည့်တိုးကြီးပြောလာရတာလဲ"

ကျိုးယန်ယန် အဲဒါကို မဆွေးနွေးချင်ဘူး။ ကျန်းရှောင် ကို သူမ မကြိုက်ပေမယ့် သူမရဲ့ သူငယ်ချင်းကို တွင်းထဲ ပြုတ်ကျအောင် သူမ မလုပ်နိုင်ပေ။

လွန်ခဲ့သည့်သုံးနှစ်ကျော်က သူမအစ်ကိုနဲ့ ကျန်းရှောင်တို့က အထူးသဖြင့် ယခုသူတို့၏ အဖိုးတန်ဥလေး ကျိုးစစ်မူကြောင့် လမ်းခွဲတော့မည် မဟုတ်ကြောင်း သူမ သိလာခဲ့ရသည်။

သူမ အစ်ကို ဒါမှမဟုတ် ကျန်းရှောင်က အိမ်ထောင်ရေးဖောက်ပြန်တာကလွဲပြီး ၎င်းတို့က ကွာရှင်းရန် မဖြစ်နိုင်သော်လည်း ယင်းမှာ မဖြစ်နိုင်ပုံရသည်။

"အင်း နင့်အစ်ကိုက လက်မထပ်ရသေးဘူး၊ ပြီးတော့ ငါလည်း အခု မလောသေးပါဘူး" လို့ ကျင်းရှု့ရန် ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

ကျိုးယန်ယန် လေးလံတဲ့ သက်ပြင်းကို ထုတ်လိုက်သည်။ ဒါက တကယ့်ကို အကျပ်ရိုက်စရာပဲ။ "နင့်မိဘတွေက နင့်ကို တစ်ယောက်ယောက်နဲ့ ချိန်းတွေ့ဖို့ ဖိအားမပေးကြဘူးလား"

ကျင်းရှု့ရန် ပြုံးလိုက်သည်။ "ငါ့အစ်ကိုကို နင် မေ့သွားပြီလား၊ သူ့အသက်က နင့်အစ်ကိုလောက် ရှိနေပြီ ခုထိ ရည်းစားလည်း မထားဘူး"

"ရည်းစားမထားတာက သူ့ဘဝမှာ မိန်းမ မရှိဘူးလို့ မဆိုလိုဘူး" ဟု ကျိုးယန်ယန် ပြန်ပြောခဲ့သည်။

ကျင်းရှု့ရန်၏ နှလုံးသားက နစ်မြုပ်သွားခဲ့သည်။ "နင့်အစ်ကိုမှာ မိန်းမရှိတယ်လို့ ဆိုလိုတာလား "

ကျိုးယန်ယန် စိတ်ထဲမှာ အော်ဟစ်လိုက်မိသည်။ ငါ့အစ်ကိုမှာ မိန်းမရှိရုံတင်မကဘူး သားတစ်ယောက်လည်း ရှိတယ်။

ကျင်းရှု့ရန်၏ အမူအရာက အနည်းငယ်မည်းမှောင်သွားသည်။ "အစ်ကို ကျိုးက အဲ့လိုလူမဟုတ်ဘူး"

ကျိုးယန်ယန် ခေါင်းခါလိုက်သည်။ "အန်တီက နင့်ကို ကောင်းကောင်း ကာကွယ်ထားတာပဲ" သူမလည်း ဒီနှစ်တွေမှာ ရင့်ကျက်လာခဲ့တာဖြစ်မည်။

"ရှု့ရန်၊ သိပ်ပြီး နုံအမနေနဲ့။ ငါ့အစ်ကိုက အသက်သုံးဆယ့်တစ်နှစ်ရှိပြီ၊ သူက သာမန်လူတစ်ယောက်ပဲ "

ကျင်းရှု့ရန် အံတင်းကြိတ်ထားခဲ့သည်။ "နင့်အစ်ကိုနဲ့ မကြာသေးခင်က ထပ်ပြီး ငြင်းခုံနေပြန်ပြီလား၊ နင် ဘာလို့ သူ့ကို အရှက်ခွဲနေတာလဲ"

ကျိုးယန်ယန် ငြိမ်ကျသွားသည်။

ကျန်းရှောင် ဆေးရုံမှ ဟွားရှဆီ တိုက်ရိုက်သွားခဲ့သည်။ နာမည်ကြီးအနုပညာရှင်တစ်ဦးဖြစ်တဲ့ စုန့်ယိဝမ်ရဲ့ မန်နေဂျာအဖြစ် သူမ လွန်ခဲ့တဲ့ တစ်နှစ်ကျော်က ကုမ္ပဏီမှာ နာမည်ကြီးလာခဲ့သည်။

အထူးသဖြင့် ယမန်နှစ် ကုမ္ပဏီ နှစ်ပတ်လည် အစည်းအဝေးတွင် ကျန်းရှောင်သည် ကျိုးရှို့လင်းမှ ကိုယ်တိုင်ကိုယ်ကျ ပေးအပ်ခဲ့သည့် ထူးချွန် မန်နေဂျာဆုကိုပင် ရရှိခဲ့သည်။

စင်မြင့်အလယ်မှာရပ်နေတဲ့ ကျိုးရှို့လင်းက ကျက်သရေရှိရှိနဲ့ သူမရဲ့လက်ကိုကိုင်ပြီး အားပေးစကားလေးလုံး ပြောခဲ့သည်။ "ဂုဏ်ယူပါတယ် ဆက်လျှောက်သွားပါ "

ကျန်းရှောင်ရဲ့မန်နေဂျာအလုပ်က တောက်ပတဲ့အနာဂတ်ရှိသည်ကို သိလျက်နှင့် အမြင်အာရုံရှိတဲ့သူတို့က သူမရဲ့ အလားအလာကို ဝိုးတိုးဝါးတားမြင်နိုင်သည်။ အခုတော့ အရာအားလုံးကို အတည်ပြုလိုက်ပြီ။

ကျန်းရှောင် ဥက္ကဌရုံးထဲသို့ ၀င်သွားသည်။ မန့်ကျီက ကျိုးရှို့လင်းဆီ စာရွက်စာတမ်းအချို့ လွှဲပေးခဲ့ပြီး ကျန်းရှောင် ခပ်ဖျော့ဖျော့ပြုံးပြ နေသည်ကို တွေ့လိုက်ရသည်။ "မန်နေဂျာ ကျန်း၊ မတွေ့ရတာကြာပြီနော်"

သံသယမဖြစ်စေရန်အတွက် ကျန်းရှောင်က ကျိုးရှို့လင်းကို လာတွေ့ခဲသည်။

"မစ္စတာ ကျိုးက အစည်းအဝေး တက်နေရမှာ မဟုတ်ဘူးလား"

မန့်ကျီ - "ကျွန်မတို့ ဗီဒီယိုကွန်ဖရင့် ပြီးသွားပြီ။ အခုမှပဲပြီးတာ။ ဘာလို့ တက်လာတာလဲ။ မင်းသမီး ကျိုး အကြောင်းပြောမို့လား"

ကျိုးရှို့လင်း နှင့် နီးနီးကပ်ကပ် နေရတဲ့သူတစ်ဦးဖြစ်သောကြောင့် မန့်ကျီက သူမရဲ့ပတ်ဝန်းကျင်တွင် ဖြစ်ပျက်နေသည့် အရာအားလုံးကို သိနေပုံရသည်။

ကျန်းရှောင် ကူကယ်ရာမဲ့စွာ ပြုံးလိုက်သည်။

မန့်ကျီ ပခုံးတွန့်လိုက်သည်။ "မင်းသမီး ကျိုးရဲ့ ပထမဆုံးအချစ်ပဲ၊ ဒီတစ်ခါ မင်းမှာ ခက်ခဲမယ့်အချိန်ရှိလာတော့မယ်"

ကျန်းရှောင် ကျိုးယန်ယန်ရဲ့ ကိစ္စအတွက် လာတာဟု သူမ ခန့်မှန်းခဲ့သည်။ နှစ်အနည်းငယ်ကြာအောင် သူတို့ တစ်ယောက်ကိုတစ်ယောက် သိခဲ့ကြသော်လည်း မန့်ကျီက ကျန်းရှောင်ကို လုံးဝနားမလည်ခဲ့ပေ။

သူမ ထိုအချိန်က ကျိုးရှို့လင်း၏ လက်ထောက်အဖြစ် လအနည်းငယ်သာ ရှိသေးပြီး မန်နေဂျာအဖြစ် ပြန်မလာခင် ရုတ်တရက် ပညာသင်ကြားဖို့ နိုင်ငံခြားဆီ သွားခဲ့သည်။

မန့်ကျီနှင့် တီနာတို့က ကျန်းရှောင်ကို ပြိုင်ဖက်တစ်ဦးအဖြစ် အစပိုင်းတွင် ထင်မြင်ခဲ့ကြသော်လည်း ယခုတော့ ရယ်စရာကောင်းကြောင်း တွေ့လာရသည်။ တီနာ သည် ကျိုးယန်ယန် နယ်မြေထဲ မရည်ရွယ်ဘဲ လျှောက်သွားခဲ့ပြီး နောက်ပိုင်းတွင် သူတို့သဘောပေါက်သွားခဲ့သည်။

မစ္စတာ ကျိုးက သူ့ကိုယ်ရေးကိုယ်တာကိစ္စများတွင် ဝင်ရောက်စွက်ဖက်တဲ့ လက်ထောက်များကို မကြိုက်ပေ။ တီနာက ထိုမျဉ်းကြောင်းကို မတော်တဆ ဖြတ်ခဲ့မိသည်။ ထို့ကြောင့် လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်း မန့်ကျီက တီနာနှင့် ပတ်သက်သည့်အရာအားလုံးကို သတိထားခဲ့သည်။

ကျန်းရှောင် ရုံးခန်းတံခါးကို ခေါက်လိုက်သည်။ "ကျွန်မအရင်ဝင်နှင့်လိုက်မယ်။ နောက်မှ စကားပြောကြတာပေါ့"

ကျိုးရှို့လင်းက ကျန်းရှောင်ကို တစ်ချက်ကြည့်လိုက်ပြီး ဆက်၍ ဗီဒီယိုကွန်ဖရင့်ကို အပြီးသတ်နေဆဲဖြစ်သည်။

ကျန်းရှောင် စကားမပြောခဲ့ပေ။ သူမ စားပွဲဆီ တိတ်တဆိတ်သွားလိုက်ကာ သူ့ကိုကြည့်နေသည်။ နှစ်တွေကြာလာပြီးနောက် သူမ ကျိုးရှို့လင်း၏ မီးခိုရောင်ရှပ်အင်္ကျီနဲ့ အနက်ရောင် နက်ကတိုင်အား ပုံမှန်ဝတ်စားထားတာကို ဘယ်တော့မှ မငြီးငွေ့ခဲ့ပေ။

ကျိုးရှို့လင်းက တည်ကြည့်ခန့်ညားစွာ ပြောလိုက်သည်။ "နွေရာသီ ရုပ်ရှင်ရာသီအတွက် အွန်လိုင်းပရိုမိုးရှင်းတွေ တိုးမြှင့်ပြီး အဓိက ရုပ်ရှင်ရုံတွေနဲ့ ဆက်သွယ်လိုက်ပါ။ ဒါ့အပြင် လျန့်နန် ရုပ်ရှင်နဲ့ ရုပ်မြင်သံကြားမြို့တော် ဖွင့်ပွဲကို တစ်လလောက် ရွှေ့ဆိုင်းမယ် "

သူလိုချင်တဲ့အချက်တိုင်းကို ပြောလို့ပြီးသွားတဲ့နောက် အစည်းအဝေး ပြီးဆုံးသွားခဲ့သည်။

ကျန်းရှောင် ခပ်ဖျော့ဖျော့ပြုံးလိုက်သည်။ "ရုပ်ရှင်နဲ့ ရုပ်မြင်သံကြားမြို့တော် ဖွင့်ပွဲကို ဘာကြောင့် တစ်လလောက် ရွှေ့ဆိုင်းလိုက်တာလဲ"

ကျိုးရှို့လင်း မတ်တပ်ရပ်လိုက်သည်။ "အနီးနားမှာနေထိုင်တဲ့ လူတွေအတွက် စီစဥ်ဆောင်ရွက်ပေးဖို့"

ကျန်းရှောင် ခဏလောက်စဉ်းစားလိုက်သည်။ "ရုပ်ရှင်နဲ့ ရုပ်မြင်သံကြားမြို့တော်ကို ပြည်သူလူထုဆီ ဖွင့်ချလိုက်တဲ့အခါ လျန့်နန်မှာ ဒေသတွင်းစီးပွားရေးကို မြှင့်တင်ပေးလိမ့်မယ်။ အဲဒီချိန်ကျရင် သူတို အသေးစားစီးပွားရေးလုပ်ငန်းတချို့မှာ ပါဝင်လုပ်ကိုင်လို့ရတယ်"

ကျိုးရှို့လင်း ခေါင်းညိတ်လိုက်သည်။ "ဟုတ်တယ်၊ မင်းရဲ့အိမ်ဟောင်းကို နောက်ထပ် အထပ်နှစ်ထပ်နဲ့ ကိုယ် ပြန်ဆောက်ထားတယ်"

ကျန်းရှောင် အံ့သြသွားသည်၊ ၎င်းက သူမ ကြီးပြင်းရာနေရာတစ်ခုဖြစ်သည်။ သူမသည် ထိုနေရာတွင် အကြာကြီးမနေခဲ့ရသော်လည်း ၎င်းနှင့်ပတ်သက်သည့် ခံစားချက်အချို့ရှိနေဆဲဖြစ်သည်။

"တကယ်တော့ ကျွန်မက လျန့်နန်က မဟုတ်ဘူး၊ ကျွန်မအဖေ ကျွန်မကိုအဲ့ကိုခေါ်လာတုန်းက လအနည်းငယ်ပဲရှိသေးတာ။ အတိအကျပြောရရင် ကျွန်မက လျန့်နန် ဇာတိက မဟုတ်ဘူး"

ကျိုးရှို့လင်း မေးလိုက်သည်။ "ကိုယ် မင်းကိုပြန်ပြီးပြောပြခိုင်းစေချင်တာတော့မဟုတ်ဘူး။ မင်း လျန့်နန် မှာ ဘယ်လိုအဆုံးသတ်ခဲ့တာလဲ"

သူ သူမဆီ လျှောက်သွားလိုက်ပြီး ကြမ်းပြင်မှ မျက်နှာကြက်ထိရှည်တဲ့ ပြတင်းပေါက်တွင် ရပ်နေစဉ် သူမရဲ့လက်ကို ကိုင်ထားသည်။

"အဲ့တာက ဘာလို့လဲဆိုတော့ ကျွန်မရဲ့အဖေက နှလုံးသား ထိခိုက်နာကျင်ရတဲ့ နေရာကနေ ထွက်သွားချင်လို့လို့ ကျွန်မထင်တယ်"

ကျိုးရှို့လင်းက မကြာသေးမီ နှစ်များအတွင်း ကျန်းရှောင်က သူမ၏မိခင်ရဲ့ သင်္ချိုင်းသို့ သွားရောက်လည်ပတ်ခြင်းအကြောင်းကို တစ်ခါမှ မပြောခဲ့ပုံပေါ်ကြောင်းကိုလည်း သူ ပြန်တွေးကြည့်ခဲ့သည်။

ကျန်းရှောင် သက်ပြင်းချလိုက်ပြီး သူ့ခါးကို ဖက်ဖို့လှည့်ရင်း သူမရဲ့မျက်နှာကို သူ့အဝတ်နဲ့ ပွတ်သပ်လိုက်သည်။ သူ့ရင်ဘတ်မှ ထွက်လာတဲ့ နွေးထွေးမှုကို သူမ ခံစားနိုင်သည်။ သူ့ရင်ခွင်မှာ သူမ ပိုပိုပြီး တွယ်ကပ်လာခဲ့သည်။

"ဘာကိစ္စရှိလို့လဲ"လို့ သူမေးခဲ့သည်။

"ဒုက္ခရောက်နေသလို ခံစားရတယ်"

"ယန်ယန်နဲ့ စုန့်ယိဝမ်ရဲ့ အခြေအနေကြောင့်လား"

သူမ စကားတစ်ခွန်းမှ မပြောဘဲ သူ့အဝတ်အစားတွေကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားခဲ့သည်။

ကျိုးရှို့လင်း သူမ၏ ပခုံးကို ကိုင်လိုက်သည်။ "ဒီ နေ့လည်တုန်းက မင်းကို တွေ့ဖို့ ယန်ယန် လာလို့လား"

ကျန်းရှောင် မော့ကြည့်လိုက်သည်။ သူမ သူ့ဆီကနေ ဘာမှ မဖုံးကွယ်ထားနိုင်ဘူး။ "ဟုတ်​တယ် အင်တာနက်မှာ ယန်ယန်နဲ့ စုန့်ယိဝမ် ရဲ့ကိစ္စတွေကို လူပြောများနေတယ်။ ယိဝမ်ရဲ့ ပရိသတ်တွေက တော်တော်လေးကို စိတ်ခြောက်ခြားစရာ ဖြစ်စေတယ်။

"မင်း အဲ့တာကို ဘယ်လိုကိုင်တွယ်မှာလဲ"

"ဒါ သူတို့ရဲ့ကိစ္စပဲ၊ ကျွန်မကတော့ ယိဝမ်ရဲ့ အလုပ်ကိုပဲ အာရုံစိုက်နိုင်မယ်၊ သူတို့ရဲ့ ဆက်ဆံရေးက သူတို့ကိုယ်တိုင် ဘယ်လိုကိုင်တွယ်မလဲဆိုတဲ့အပေါ်မှာ မူတည်တယ်။ သူတို့နှစ်ယောက်ရဲ့ ဒီရွေးချယ်မှုကို ကျွန်မ မမျှော်လင့်ထားဘူး။ ဒါကြောင့် လူတော်တော်များများက ကျော်ကြားမှုနဲ့ ကံကြမ္မာအတွက် ဘယ်နည်းလမ်းကို မဆို မှီခိုအားထားကြပြီး အချစ်ဆိုတာက ဒီလောက် ခက်ခဲတဲ့အရာတစ်ခု ဖြစ်လာတယ်။ ယန်ယန်က စုန့်ယိဝမ် ရဲ့ ပရိသတ်တွေရဲ့ ဝေဖန်မှုကို ပြင်းပြင်းထန်ထန် ခံခဲ့ရပေမယ့် အခုတစ်ကြိမ်မှာတော့ သူမ ပြန်တိုက်ခိုက်ခဲ့တာ မရှိခဲ့ဘူး။ ဟူးးး..."

ကျိုးရှို့လင်း မျက်ခုံးပင့်လိုက်သည်။ "အဲဒါကို သိပ်အများကြီး မစဉ်းစားပါနဲ့" ကလေးမွေးပြီးကတည်းက သူမ ပိုသိမ်မွေ့လာပြီး ကြင်နာတတ်လာပုံရသည်။

ကျန်းရှောင်က သူ့စကားကို နားထောင်ခဲ့သည်။ "ရှင့်မှာ ဖြေရှင်းချက်ရှိလား"

All Chapters