အခန်း (၆၃)
Vol. 5 Ch. 63
ကျိုးရှို့လင်းသည် ဟွားရှ ရုပ်ရှင်နှင့် ရုပ်မြင်သံကြား ဥက္ကဌ အဖြစ် သူ၏ ချောမောသည့် အသွင်အပြင်နှင့် အတူ အာရုံစိုက်မှု ပိုများလာခဲ့သည်။
ကျိုးရှို့လင်းရဲ့ ကလေးကို ချီထားတဲ့ အမူအရာက အရမ်းမိုက်သည်။ အချို့သော ပရိသတ်တွေက ကျိုးရှို့လင်းကို သားဖြစ်သူနှင့်အတူ မိဘနှင့်ကလေးအစီအစဉ်တွင် ပါဝင်ရန်ပင် အော်ဟစ်ခဲ့ကြသည်။
ဟွားရှ PR ဌာနသည်လည်း ခက်ခဲတဲ့ အခြေအနေတွင် ရှိနေသည်။ အစီရင်ခံစာကို မနက်အစောကြီးမှာ လူတိုင်းတွေ့ကြပေမယ့် ဘယ်လို ကိုင်တွယ်ရမယ်ဆိုတာ မသိကြဘူး။ ဒါက သူတို့အတွက် တကယ့်ကို ကြီးမားတဲ့ စမ်းသပ်မှုတစ်ခုပဲ။
ရုံးဖုန်းတွေ အဆက်မပြတ်မြည်နေပြီး တီနာ အလုပ်ရှုပ်နေခဲ့သည်။ နောက်ဆုံးတွင် ကျန်းချင်ကို ဆက်သွယ်ရန်မှလွဲ၍ သူမမှာ ရွေးချယ်စရာမရှိတော့ပေ။
ဓာတ်ပုံထဲက သူဌေးက တကယ် အစစ်အမှန်ပေမယ့် ကလေးက ဥက္ကဌ ကျိုးရဲ့သား ဟုတ်မဟုတ် သေချာမသိတဲ့အတွက် သူတို့ ဒီအတိုင်းသာမန်လို ပြန်မဖြေရဲကြဘူး။
"လက်ထောက် ကျန်း၊ ကျွန်မ တကယ် ဘာလုပ်ရမှန်းကို မသိတော့ဘူး။ ဒါကြောင့်မို့ ရှင့်ကို အကူအညီတောင်းဖို့ ဖုန်းဆက်လိုက်တာ"
တီနာက ဟွားရှ နှင့် ကျိုးရှို့လင်းတို့၏ ရုပ်ပုံမြှင့်တင်ရေးတွင် PR ဌာန၌ သုံးနှစ်ကြာ တာဝန်ယူခဲ့သည်။ ကျိုးရှို့လင်းက အမြဲတမ်း ခပ်လျှိုလျှိုနေသောကြောင့် ဟွားရှကို အဓိကအာရုံစိုက်သည်။
ကျန်းချင် သတင်းကိုမြင်တော့ အံ့အားသင့်သွားသည်။ "လောလောဆယ် ဘာမှမလုပ်နဲ့ဦး။ ငါ့ရဲ့မက်ဆေ့ချ်ကို စောင့်"
တီနာ မျက်မှောင်ကြုတ်သွားသည်။ "လက်ထောက် ကျန်း၊ ဒါက အမှန်ဖြစ် နိုင်မလား"
ကျန်းချင် အသံနက်ကြီးနဲ့ပြန်ပြောလိုက်သည်။ "အဲ့တာက မှန်သည်ဖြစ်စေ၊ မမှန်သည်ဖြစ်စေ ငါတို့နဲ့ ဘာဆိုင်လို့လဲ။ ငါတို့က ကိုယ်နဲ့သက်ဆိုင်တဲ့ အလုပ်တွေကိုပဲ အာရုံစိုက်ဖို့ လိုတယ်"
တီနာ တိုးတိုးလေး ရယ်လိုက်သည်။ "ဟုတ်ပြီ ကျွန်မသဘောပေါက်ပြီ"
သူမ ဖုန်းကို ချလိုက်ပြီး နောက်ဆုံးတွင် သူမနှင့် ကျန်းချင်တို့သည် ဟွားရှတွင် ရာထူးတိုးရခြင်းကို အစကတည်းက နားလည်ခဲ့သည်။ ကျန်းချင်က တကယ့်ကို နံပါတ်တစ် လက်ထောက်ဖြစ်သည်။
ကျန်းချင် သူ့စိတ်တွေကို ငြိမ်သက်အောင်လုပ်ပြီး ကျိုးရှို့လင်းကို အမြန်ခေါ်လိုက်သည်။ အချိန်က ၇ နာရီပဲ ရှိသေးတာမို့ ဥက္ကဌ ကျိုး မထွက်လာရသေးတာမျိုး ဖြစ်ကောင်းဖြစ်နိုင်သည်။
ကျန်းချင်ခေါ်နေတဲ့ဖုန်းက ကျန်းရှောင်ဆီ ရောက်သွားသည်။ "လက်ထောက် ကျန်း-"
ကျန်းချင် သူ့လည်ချောင်းကို ရှင်းလိုက်သည်။ "မဒမ်၊ Peekaboo Entertainment Weekly" က ဥက္ကဌကျိုးနဲ့ စစ်မူတို့ရဲ့ဓာတ်ပုံတွေကို ဖော်ထုတ်လိုက်ပြီ "
ကျန်းရှောင်ရဲ့ မျက်လုံးထောင့်မှာ အတွန့်တစ်ခု ပေါ်လာခဲ့သည်။ "ဘာတွေဖြစ်နေတာလဲ"
ကျန်းချင် ပြန်ပြောလိုက်သည်။ "ကျွန်တော် မဒမ်ဆီ သတင်းတွေ တင်ပြထားတယ်။ PR ဌာနကလည်း အခုလောလောဆယ် ဘယ်လိုကိုယ်တွယ်ရမှန်း မသိနေဘူး"
ကျန်းရှောင်လည်း သူမလည်ချောင်းကို ရှင်းလိုက်ပြီး အသက်ပြင်းပြင်းရှူကာ ခုန်နေတဲ့နှလုံးကို ငြိမ်သက်စေခဲ့သည်။
"ကောင်းပြီ ကျွန်မနားလည်ပြီ။ ကျွန်မ ကြည့်ပြီးရင် အဖြေပေးမယ်။" သူမ ဖုန်းချလိုက်ပြီး သတင်းတွေကို အမြန်ကြည့်လိုက်သည်။
သူမ အမူအရာက ပိုပြင်းထန်လာသည်။ ဒါဘယ်မဂ္ဂဇင်းလဲ။ ဘာကိုတရားမ၀င် ကလေးလဲ။ ပဲပင်ပေါက်လေးက သေချာပေါက် တရားမ၀င်မဟုတ်ဘူး။
“တရားမ၀င်ကလေး” ဟူသော စကားလုံးက ကျန်းရှောင်၏ နှလုံးသားကို နာကျင်စွာ ထိုးဖောက်သွားခဲ့သည်။ သူမ ရင်ထဲမှာ တိုးလာတဲ့ ခါးသီးမှုတွေကို မျိုသိပ်ထားလိုက်သည်။
ကျိုးရှို့လင်းနဲ့ ပဲပင်ပေါက်လေးတို့ သန့်စင်ခန်းမှ ထွက်လာသောအခါ ကျန်းရှောင် ထိုနေရာတွင် ထိုင်နေပြီး သူမရဲ့ဖုန်းကို ကြည့်နေသည်ကို တွေ့လိုက်ရသည်။ ကျိုးရှို့လင်း လေသံ အနည်းငယ်တင်းမာပြီး မေးလိုက်သည်။ "ဘာဖြစ်လို့လဲ"
ကျန်းရှောင် သူ့ကို အတင်းပြုံးပြလိုက်ပြီး ပဲပင်ပေါက်လေးကို ကြည့်လိုက်သည်။ "ပဲပင်ပေါက်လေး၊ မနက်စာစားရအောင်"
ကျိုးရှို့လင်းက ကလေးကို ကုလားထိုင်မှာ ချပေးလိုက်ပြီး ကျိုးစစ်မူက သူ့နွားနို့ကို နာခံစွာ သောက်တော့သည်။ "မေမေ၊ ဘာလို့ မျက်လုံးတွေ နီနေတာလဲ"
"မေမေက ဖုန်းကို အလွန်အကျွံသုံးမိထားလို့။ သားကတော့ ဖုန်းနဲ့ တီဗီ ကြည့်ရင် တစ်ချိန်လုံး မကြည့်ရဘူးနော် ဒါမှမဟုတ် မင်းအမေလို ဖြစ်သွားလိမ့်မယ်"
ကျိုးစစ်မူ ငြိမ်သွားသည်။
ကျန်းရှောင်ရဲ့ အမူအရာ ပျက်သွားသည်။ သူ့ကို အဲ့တာကို ဘယ်လိုလုပ်မပြရမှာလဲ။ သူတို့နှစ်ယောက် မီးဖိုချောင်သို့သွားကာ ကျန်းရှောင်က သူ့ကို ဖုန်းကို ပေးရင်း အကူအညီမဲ့စွာ ပြောလိုက်သည်။
"ရှင်နဲ့ ပဲပင်ပေါက်လေးတို့ နှစ်ယောက်စလုံး သတင်းတွေနဲ့ ပြီးဆုံးသွားလိမ့်မယ်လို့ ကျွန်မ ဘယ်တုန်းကမှ မမျှော်လင့်ထားဘူး"
အဲဒါကို ဖတ်ပြီးနောက် ကျိုးရှို့လင်းက သူမ၏ စိုးရိမ်မှုတွေကို နားလည်ခဲ့သည်။ သူ နှုတ်ခမ်းထောင့်စွန်းကို ဆွဲတင်းကာ အပြုံးတစ်ခုကို ပုံဖော်နိုင်ခဲ့သည်။
ကျန်းရှောင် မျက်ခုံးကြုတ်ပြီး စိတ်တွေ လေးလံလာသည်။ "ကျွန်မတို့ ဘာလုပ်သင့်လဲ"
ကျိုးရှို့လင်း ချင့်ချိန်စဥ်းစားလိုက်သည်။ "ပဲပင်ပေါက်လေးကို ကင်မရာမှာ မဖမ်းမိတဲ့အတွက် ထိတွေ့မှုတော့ ရှိလာမှာ မဟုတ်ဘူး၊ ဒါပေမယ့်-"
"ဒါပေမယ့် ဘာလဲ"
"ဒါပေမယ့် ဒါက ပိုကောင်းလာနိုင်တယ်"
ကျန်းရှောင် ပဟေဠိဖြစ်သွားသည်။ "ရှင် ဘာကိုဆိုလိုတာလဲ"
"ကိုယ် ရှင်းပြပါ့မယ်"
"ဒါပေမယ့် ပဲပင်ပေါက်လေးရဲ့ ဖြစ်တည်မှုအကြောင်းကို အခု လူတိုင်းသိမှာ မဟုတ်ဘူးလား "
"သိတာက ကောင်းတဲ့အရာတစ်ခုလည်း ဖြစ်နိုင်တယ်။ အနည်းဆုံးတော့ အနာဂတ်မှာ ပိုပြီးတော့ ငြိမ်းချမ်းမှု ရှိလာမယ် "
ကျန်းရှောင် သူ့ရဲ့ရည်ရွယ်ချက်ကို ချက်ချင်း နားလည်သွားသည်။ "ရှင်က ပဲပင်ပေါက်လေးကို ဒိုင်းကာအနေနဲ့ သုံးချင်တယ်" လို့ သူမ ပြောလိုက်သည်။
သူမရဲ့ ခင်ပွန်းအပေါ် စိတ်ဝင်စားမှုကို ဟန့်တားဖို့ သူတို့ရဲ့ ကလေးရဲ့လက္ခဏာကို လူသိရှင်ကြားဖြစ်အောင် လုပ်ဖို့သူကြိုးစားနေတာလား။
ကျိုးရှို့လင်းက သူမကို အနီးကပ်ကိုင်ထားပြီး သူမခေါင်းပေါ် မေးစေ့တင်ကာ တည်တည်ငြိမ်ငြိမ်နဲ့ စကားပြောခဲ့သည်။
"စစ်မူက သုံးနှစ်တောင်ရှိနေပြီ၊ အနာဂတ်မှာ ကိုယ်တို့မိသားစုတွေ အတူတူ အပြင်ထွက်ကြမယ်။ သတင်းထောက်တွေကို ရှောင်ဖို့ အိမ်ထဲမှာပဲနေလို့မရဘူး"
ကျန်းရှောင် သက်ပြင်းတစ်ချက်ချလိုက်သည်။
ကျိုးရှို့လင်း သူမပါးကို နမ်းပြီး သူမကို စေ့စေ့ကြည့်လိုက်သည်။ "ကိုယ် ကုမ္ပဏီရဲ့ကိုယ်စား စစ်မူ ရဲ့ အထောက်အထားကို လူသိရှင်ကြား ဝန်ခံမယ်။ သူက တရားမ၀င် ကလေးမဟုတ်ဘူး၊ သူက ကိုယ့်ရဲ့ တရားဝင်သားတစ်ယောက်ဆိုတာ။ ကိုယ် မီဒီယာတွေကို အကြောင်းကြားမယ်၊ အခုကစပြီး စစ်မူနဲ့ ပတ်သက်တဲ့ သတင်းမှန်သမျှကို လူသိရှင်ကြား ထုတ်ပြကြတော့မှာမဟုတ်ဘူး"
ကျန်းရှောင် တခစ်ခစ်ရယ်လိုက်သည်။ "မစ္စတာ ကျိုး၊ ရှင် တကယ်ပဲ ရှင့်ရဲ့လမ်းကနေ ထွက်သွားတော့မယ်"
သူမလက်က သူ့လည်ပင်းကို ရစ်ပတ်ကာ သူမ၏ စိတ်ထဲက စိုးရိမ်ပူပန်မှု တိမ်တိုက်များကို ဖယ်ထုတ်လိုက်သည်။ သူမ ခြေဖျားထောက်ပြီး သူ့ နှုတ်ခမ်းတွေကို ဖြည်းညှင်းစွာ နမ်းလိုက်သည်။
ဧည့်ခန်းထဲက ပဲပင်ပေါက်လေးရဲ့ အသံထွက်လာခဲ့သည်။ "မေမေ၊ မေမေ၊ သားနွားနို့ကုန်တော့မယ်"
ကျန်းရှောင်နဲ့ ကျိုးရှို့လင်းတို့ အမြန်ပြန်သွားကြသည်။
မနက်စာ စားပြီးတာနဲ့ ပဲပင်ပေါက်လေးက ကလေး လုံခြုံရေး ထိုင်ခုံမှာ ထိုင်ပြီး သူ့မိဘတွေ ကို ကြည့်နေသည်။
ကျန်းရှောင်က သူ့ပါးစပ်ထောင့်ကို သုတ်ပေးပြီး ကြင်ကြင်နာနာနဲ့ အကြံပေးလိုက်သည်။ "ရှူး ပေါက်ချင်လာရင် ဆရာမကိုပြောနော်။ တခြားကလေးတွေနဲ့ ဖော်ဖော်ရွေရွေဆက်ဆံပြီး မိန်းကလေးတွေကိုလည်း ယဉ်ကျေးသိမ်မွေ့စွာနဲ့ ဆက်ဆံ "
ပဲပင်ပေါက်လေး ခေါင်းညိတ်ပြလိုက်သည်။ “သား သိပါတယ်။ မေမေ သားကို ဘယ်အချိန်ကျမှ အလုပ်ခေါ်သွားမှာလဲ ”
သူ့ရဲ့ မျှော်လင့်ချက်အပြည့်နဲ့ မျက်လုံးကြီးကြီးတွေကို ပုတ်ခတ်ပုတ်ခတ် လုပ်လိုက်သည်။ သူ့ရဲ့တောင်းဆိုမှုကို တွန်းလှန်ဖို့က ခက်သည်။
ကျန်းရှောင် သူ့ကိုယ်သူ တွေးလိုက်သည်။ "သူ ထုတ်ဖော်ခံရပြီးပြီ။ သူက ငါနဲ့ အလုပ်တူတူလိုက်ချင်သေးတာလား"
ကျိုးရှို့လင်းက သားအမိကြား သဘောတူညီချက်တွင် မပါဝင်ခဲ့ပေ။ ပဲပင်ပေါက်လေးကို သူ့လက်ထဲမှာ မြှောက်လိုက်ပြီး ချပေးလိုက်ချိန် ကလေးက ကျန်းရှောင် ခြေထောက်ကို ပွတ်သပ်လိုက်သည်။
"မေမေ၊ မေမေနဲ့တူတူ ရုပ်ရှင်နဲ့ ရုပ်မြင်သံကြားမြို့ကို သွားချင်တယ်။ သား အိန္ဒြေရရနေပါ့မယ်နော်"
"ဒါဆိုဘာလို့ ဖေဖေနဲ့ အလုပ်လိုက်မသွားရတာလဲ"
"ဖေဖေ့ ရုံးက ပျော်စရာမကောင်းဘူး"
ကျန်းရှောင် ပြီးခဲ့တုန်းက အိတ်ချ် မြို့တော်ရှိ ရုပ်ရှင်နှင့် ရုပ်မြင်သံကြားမြို့က သူမဓာတ်ပုံကို ပဲပင်ပေါက်လေးကို ပြသခဲ့မိသည်ကို နောင်တရသွားသည်။
ထိုနေရာ၌ နန်းတော်အစစ်ကို မြင်နိုင်ပြီး ရှေးဟောင်းအဝတ်အစားများကိုပင် စမ်းဝတ်ကြည့်လို့ရသည်။ သူအဲ့တာကို သတိရပြီး စူးစမ်းချင်စိတ် ပေါက်သွားပြီး အဲဒီကို သွားချင်နေခဲ့သည်။
"အန်တီလင်းဝူ နိုင်ငံခြားက ပြန်ရောက်လာရင် ပေကျင်းက နန်းတော်အစစ်ကို မေမေ ခေါ်သွားပေးမယ်ဆိုတာကို မေမေတို့ သဘောတူထားကြတယ် မဟုတ်ဘူးလား"
"ဒါပေမယ့် အန်တီလင်း ပြန်လာဖို့ အချိန်အတော်ကြာဦးမှာလေ။ မေမေ....."
ကျိုးရှို့လင်း ဖြည်းညှင်းစွာ ပြန်ဖြေလိုက်သည်။ "ဒါကို လူမှုရေး ကျင့်ဝတ်တစ်ခုလို့ မှတ်လိုက် "
ကျန်းရှောင် သူ့ကို မျက်စောင်းထိုးလိုက်သည်။ "ဒါဆို ပဲပင်ပေါက်လေးရဲ့အထောက်အထားကို ကျွန်မ ဘယ်လိုရှင်းပြရမှာလဲ။ ကျွန်မကို 'အစ်မ' လို့ ခေါ်ခိုင်းရမှာလား"
ပဲပင်ပေါက်လေးက ကျန်းရှောင်ရဲ့ ပေါင်ကို ပွေ့ဖက်ထားပြီး ပြောလိုက်သည်။ "မေမေ၊ မေမေက သားရဲ့မမနဲ့ တူတယ်။ သား မေမေ့ကို မပေါ်သွားစေရဘူး။ မူမူ စကားနားထောင်ပါ့မယ်"
ကျိုးရှို့လင်း မကူညီနိုင်ဘဲ ရယ်မောကာ မျက်ခုံးပင့်လိုက်သည်။
ကျန်းရှောင်က သူမ သတ္တိကို စုစည်းလိုက်သည်။ "နောက်တစ်ခေါက်မှ မေမေ ခေါ်သွားပေးမယ်နော်"
"နောက်တစ်ခေါက်က ဘယ်တော့လဲ"
“နောက်တစ်ခေါက်က ..…” ကျန်းရှောင် ဘယ်လိုတုံ့ပြန်ရမလဲ စဉ်းစားလိုက်သည်။ ပဲပင်ပေါက်လေး အသက်ကြီးလာတော့ သူ့ကို လှည့်စားတာက ပိုခက်လာသည်။
ကျိုးရှို့လင်း သူမကို သတိပေးခဲ့သည်။ "မေမေက နောက်တစ်ပတ်မှာ ရုပ်ရှင်နဲ့ ရုပ်မြင်သံကြားမြို့ကို သွားရမှာ"
"ကျိုးရှို့လင်း !"
ပဲပင်ပေါက်လေးရဲ့ နို့လိုဖြူတဲ့သွားတွေက တလက်လက် တောက်ပလာသည်။ "ဒါဆို နောက်တစ်ပတ်ပေါ့။ သား ကျောင်းမသွားရဘူးဆိုရင် ဆရာမကို ခွင့်တောင်းလိုက်မယ်"
ကျိုးရှို့လင်း - "ကောင်းပြီ၊ အတန်းဖော်လေး ကျိုးစစ်မူ၊ ဖေဖေက သားကို ခွင့်တိုင်ပေးဖို့ အဖွားကို သတိပေးလိုက်မယ်"
ကျန်းရှောင် - "......." သူမ ဒီသားအဖနှစ်ယောက်နဲ့ မယှဉ်နိုင်ဘူးဆိုတာ ထင်ရှားသည်။
ကျိုးရှို့လင်း သူမပုခုံးကို ပုတ်လိုက်သည်။ "ပဲပင်ပေါက်လေးကို ဆွေမျိုးသားချင်းတစ်ယောက်ရဲ့ကလေးလို့ပဲ ပြောလိုက်"
ဒီနည်းနဲ့ဆို ကျန်းရှောင် သူ့ကိုပြန်ခေါ်လာတဲ့အခါ သံသယဖြစ်စရာ မရှိတော့ဘူး။ "စိတ်မပူပါနဲ့ မင်း သားက တီဗီဒရာမာတွေ အများကြီးကြည့်ဖူးတယ်၊ သူ သရုပ်ဆောင်တော်ပါတယ်။ အချိန်ပေးလိုက်ရင်
အကောင်းဆုံး မင်းသား ဖြစ်လာနိုင်တယ်"
ကျိုးစစ်မူ ခေါင်းညိတ်ပြလိုက်သည်။
ထိုအချိန်၌ ကျိူးရှို့လင်း ဖုန်းက မြည်လာခဲ့သည်။ သူ့အမေခေါ်နေတာ။ သူတို့လည်း သတင်းတွေ တွေ့ပြီးလောက်ပြီ ....
သူ့အမေရဲ့အသံက အနည်းငယ် စိုးရိမ်နေပုံရသည်။ "ဘာတွေဖြစ်နေတာလဲ"
ကျိုးရှို့လင်း ပြန်ပြောလိုက်သည်။ "အမေ၊ အားလုံးအဆင်ပြေပါတယ် "
သူ့အမေက စိုးရိမ်တကြီးမေးလိုက်သည်။ "ဒါဆို မင်း ဒီနေ့ စစ်မူကို သူငယ်တန်း ပို့မှာလား"
ကျိုးရှို့လင်းက သူမကို စိတ်ချစေခဲ့သည်။ "အရာအားလုံးက ပုံမှန်အတိုင်းပါပဲ။ မီဒီယာကို ကျွန်တော် ကိုင်တွယ်လိုက်ပါ့မယ်"
သူ့အမေင သက်ပြင်းမိသွားသည်။ "လူတွေက တကယ့်ကို ဆန့်ကျင်ဘက်တွေ ဖြစ်နေကြတာပဲ။ အခု သူ ဖော်ထုတ်ခံလိုက်ရတော့ ငါထပ်ပြီး စိတ်ပူလာပြန်ပြီ။ ကောင်းပါပြီ၊ စစ်မူကို မြန်မြန်ကျောင်းပို့ပေး။ မင်းရော ကျန်းရှောင်ရော သတိလည်းထားကြဦး"
ကျိုးရှို့လင်း ပြုံးလိုက်သည်။ "စိတ်မပူပါနဲ့"
ကျန်းချင်ဆီမှ ညွှန်ကြားချက်များကို လက်ခံရရှိပြီးနောက် ဟွားရှ PR ဌာနမှ ထိပ်တန်းအထက်တန်းလွှာတွေ အားလုံးကို တက်ကြွသွားစေခဲ့သည်။