အခန်း (၆၄)
Vol. 5 Ch. 64
ကျိုးရှို့လင်းမှာ သုံးနှစ်အရွယ် သားတစ်ယောက်ရှိနေပြီဆိုတာကို ဘယ်သူမှ မယုံနိုင်ကြဘူး။
ကမ္ဘာမြေကြီးမှာ ဘာတွေဖြစ်ခဲ့တာလဲ။
ဒါပေမယ့် ကလေးအမေက ဘယ်သူလဲ။
ကျိုးရှို့လင်းက လက်ထပ်ပြီးပြီလား။
ဘယ်သူမှလည်း မသိကြဘူး။
တီနာက ရှင်းလင်းချက်တစ်ခုကို ပြင်ဆင်ပြီး ကုမ္ပဏီ၏ တံဆိပ်ရိုက်နှိပ်ခဲ့သည်။
[မစ္စတာ ကျိုးရှို့လင်း၏ “တရားမ၀င်ကလေး” နှင့်ပတ်သက်သည့် မှားယွင်းသော အချက်အလက်များကို အွန်လိုင်းတွင် ဖြန့်ဝေမှုကြောင့် မစ္စတာ ကျိုးရှို့လင်းမှာ အမှန်တကယ်တွင် တရားဝင်သားတစ်ဦးရှိပြီး “တရားမ၀င်ကလေး " မဟုတ်ကြောင်း ရှင်းလင်းထားသည်။ ရုပ်မြင်သံကြားနှင့် မစ္စတာ ကျိုးရှို့လင်း၏ ကိုယ်ပိုင်ဘဝနေရာအချို့ကို ခွင့်ပြုပေးပြီး ကလေးကို ငြိမ်းချမ်းတဲ့ပတ်ဝန်းကျင်မှာ ကြီးပြင်းခွင့်ပေးကြပါ ]
ရှင်းလင်းချက် ထုတ်ပြန်ပြီးနောက်တွင် အဓိက မီဒီယာများသည် ဟွားရှ ရုပ်ရှင်နှင့် ရုပ်မြင်သံကြား၏ လွှမ်းမိုးမှုကြောင့် နောက်ထပ် ရဲတင်းသော မှတ်ချက်များ ရေးသားခြင်းမှ ရှောင်ကြဉ်ခဲ့ပြီး ဖြစ်ပေါ်လာသော လှိုင်းတွေက အနည်းငယ်မျှသာ ဖြစ်သည်။
ဒါပေမယ့် ဒီဖြစ်ရပ်က အနုပညာလောကကို တကယ်ကို တုန်လှုပ်စေခဲ့သည်။ ခဏကြာတော့ ကျိုးရှို့လင်း အတွက် ကလေးမွေးပေးနိုင်တဲ့ ဒီလူက ဘယ်သူလဲလို့ လူအများက ဆွေးနွေးနေကြသည်။
မည်သို့ပင်ဆိုစေကာမူ ယင်းက အနုပညာအဝန်းအဝိုင်းတွင် မဖြေရှင်းနိုင်သည့် လျှို့ဝှက်ဆန်းကြယ်မှုတစ်ခုဖြစ်လာသည်။
ထိုနေ့တွင် ကျိုးရှို့လင်း၏ ဖုန်းက အသံမြည်လာခဲ့သည်။ သူနှင့်ရင်းနှီးတဲ့လူတွေက တူညီတဲ့ရည်ရွယ်ချက်ဖြင့် တစ်ယောက်ပြီး တစ်ယောက် မက်ဆေ့ခ်ျပို့လာခဲ့ကြသည် - သူ့သား ဓာတ်ပုံကို ထုတ်ပေးရန် တောင်းဆိုကြသည်။ လူတိုင်းသည် pixelated ပုံတစ်ပုံကိုသာမြင်ဖူးပြီး အဲ့တာကို မကျေနပ်ကြပေ။
ကျိုးရှို့လင်း သူတို့ကို လျစ်လျူရှုလိုက်သည်။
အဲဒီလူတွေရဲ့ စူးစမ်းချင်စိတ်က သည်းမခံနိုင်တော့ဘဲ နောက်ဆုံးမှာတော့ မိုရီဟန်က သူ့ဆီ ချဉ်းကပ်လာခဲ့သည်။
မိန်းမ မရှိဘူးဆိုပြီး ကျိုးရှို့လင်းကို လှောင်ပြောင်ခဲ့ဖူးတာကို သတိရရင်း မိုရီဟန် သက်ပြင်းချလိုက်သည်။ သူ့သားလေးတောင်မှ သုံးနှစ်တောင်ရှိနေပြီ။ "ရှို့လင်း မင်းနဲ့ တစ်ခုခု ဆွေးနွေးလို့ရမလား"
ကျိုးရှို့လင်း မျက်မှောင် အနည်းငယ်ကြုတ်ကာ တည်ငြိမ်စွာ တုံ့ပြန်လိုက်သည်။ "ဆက်ပြော"
" ငါ့ရဲ့စေ့စပ်ပွဲအတွက် လက်စွပ်တွေကိုကိုင်ဖို့ လက်စွပ်ကိုင်တဲ့သူလိုတယ်။ မင်းရဲ့သားလေးက တော်တော်ကို ကြည့်ပျော်ရှုပျော်ရှိတယ်။ ငါ မနက်ဖြန်ညကျရင် လာခဲ့လို့ရမလား"
ကျိုးရှို့လင်း ရယ်မောလိုက်သည်။ "စိတ်မကောင်းပါဘူး သူ့ကို ဘိုကင်လုပ်ထားပြီးသွားပြီ"
"ဘယ်သူလဲ၊ ငါ့ကိုပြော၊ ငါသူ့ကိုသွားပြောမယ်"
"ညှိနှိုင်းလို့မရဘူး"
"ကျိုးရှို့လင်း မင်းက တကယ်ကို ကပ်စီးနဲတာပဲ။ ဒီလိုအရွယ်ရောက်နေပြီဖြစ်တဲ့ သားကို ဘယ်အချိန်မှာ ထုတ်ပြဖို့ စီစဉ်ထားတာလဲ"
"ငါလည်း သူ့ကို အပြင်ထုတ်ချင်ပေမယ့် မင်းမှာတော့ ကလေးတစ်ယောက်မှ မရှိဘူး။ ငါ့သားက ဘယ်သူနဲ့ ကစားရမှာလဲ"
ထိုစကားက ထိုလူအုပ်စုကို တိုက်ရိုက် နှုတ်ပိတ်စေခဲ့သည်။
ကျိုးရှို့လင်း ဖုန်းချလိုက်ပြီး အံဆွဲကိုဖွင့်ကာ သူတို့ သုံးယောက် အတူတူရိုက်ထားတဲ့ ဓာတ်ပုံကိုထုတ်လိုက်သည်။ ခပ်ဖျော့ဖျော့ အပြုံးတစ်ခုက သူ့နှုတ်ခမ်းတွင်ပေါ်လာခဲ့သည်။
ကျိုးစစ်မူသည် သဘာဝအတိုင်း သူ့မိဘတွေအတွက် ပထမဆုံးအကြိမ် လက်စွပ်ကိုင်ပေးသူ ဖြစ်ရမည်။
မင်္ဂလာပွဲအတွက် ကျန်းရှောင်ကို သူ အကြွေးတင်နေတုန်းပဲ။
ကျန်းရှောင်က မနက်ပိုင်းတွင် နာရီဝက်ခန့် နောက်ကျပြီးမှ စတူဒီယိုသို့ ရောက်ရှိလာပြီး သူမဝင်လာသည်နှင့် အားလုံးက ထိုကိစ္စကို ဆွေးနွေးနေကြသည်ကို ကြားလိုက်ရသည်။
အပြောခံရသူတွေထဲက တစ်ဦးအနေဖြင့် သူမ နှုတ်ဆိတ်နေခဲ့သည်။ ကျိုးရှို့လင်း၏ လွှမ်းမိုးမှုက မထင်မှတ်ဘဲ ကြီးမားခဲ့သည်။
"ကလေးက ဘယ်လိုပုံစံဖြစ်မလဲလို့ တွေးမိတယ်။ သူက ချစ်စရာကောင်းတဲ့သူပဲ ဖြစ်ရမယ်"
"သေချာပေါက် ဖော်ထုတ်ခံရတာ ရှိတော့မှာ မဟုတ်ဘူး"
"ကလေးက ဥက္ကဌ ကျိုးလိုပဲ အရမ်းချောတဲ့သူဖြစ်မယ်လို့ ငါ အာမခံတယ်"
"ဟေ့၊ ဥက္ကဌ ကျိုး ဘယ်သူနဲ့ ကလေးရထားတယ်လို့ ထင်ကြလဲ"
“ဓာတ်ပုံကိုကြည့်ရတာတော့ ကလေးက နှစ်နှစ်သုံးနှစ်လောက်ရှိပုံရတယ်။ လွန်ခဲ့တဲ့ ၃ နှစ်ကဟာကို စစ်ဆေးကြည့်ရအောင် ဥက္ကဌ ကျိုးနဲ့ဘယ်သူ နီးနီးကပ်ကပ်ရှိခဲ့လဲဆိုတာ"
"ချန်းရင်လား " ဥက္ကဌ ကျိုးနဲ့ ချန်းရင် တို့က အရမ်းရင်းနှီးတဲ့ ဆက်ဆံရေးရှိခဲ့တာ မဟုတ်လား။ ချန်းရင်က အဲဒီတုန်းက အနားယူနေတာ မဟုတ်ဘူးလား "
"အိုး..အဲဒါက ချန်းရင်ဖြစ်နိုင်တယ်"
ကျန်းရှောင်က အမှန်တကယ် ပြောစရာ စကားလုံးများ ဆုံးရှုံးနေခဲ့သည်။ သူမ လည်ချောင်းကို ညင်သာစွာ ရှင်းထုတ်လိုက်သည်။ " ရှောင်ယွိ၊ ငါ့အတွက် ကော်ဖီတစ်ခွက်လုပ်ပေးလို့ရမလား။ ကျေးဇူးတင်ပါတယ်"
"အစ်မ ကျန်း၊ သတင်းတွေ့ပြီးပြီလား"
"တွေ့ပြီးပြီ"
"အစ်မ ကျန်း၊ အစ်မ တစ်ခုခု ကြားဖူးထားလား။ ဥက္ကဌ ကျိုး တကယ်ပဲ လက်ထပ်ပြီးသွားပြီလား။ သူဌေးကြီးက သူ့နာမည်နဲ့အညီ တကယ်ပဲ ဒီကိစ္စကိုကောင်းကောင်း လျှို့ဝှက်ထားနိုင်ခဲ့တယ်"
ကျန်းရှောင် ပြုံးလိုက်သည်။ "ဘာသာပြန်ကိစ္စကို ရှင်းပြီးသွားပြီလား။ ဒီမှာ သူဌေးအကြောင်း အတင်းပြောဖို့ အချိန်ရနေတယ်ဆိုရင် ဘာသာပြန်တဲ့ကိစ္စကို မြန်မြန်ဖြေရှင်းတာ ပိုကောင်းမယ်နော်"
"အစ်မ ကျန်း ၊ ဥက္ကဌ ကျိုးရဲ့ အခုအခြေအနေနဲ့ အာရုံစိုက်မှုတချို့က လွဲသွားပြီ။ ကျွန်မတို့ မသင်္ကာဘူး ဥက္ကဌ ကျိုးက သူ့ညီမအတွက် ကလေးရဲ့ဖြစ်တည်မှုကို ထုတ်ဖော်ပြသခဲ့တာများ ဖြစ်နိုင်မလား"
ကျန်းရှောင် သက်ပြင်းချလိုက်သည်။ "ကျားရမ် ဘယ်လိုနေသေးလဲ"
"သူမက ရိုက်ကူးရေးတွေမှာ ကောင်းကောင်းလုပ်နေတယ်"
ကျန်းရှောင် ခဏလောက် စဉ်းစားလိုက်သည်။ "သူမရဲ့လက်ထောက်ကို သူမ ရိုက်ကူးရေး လုပ်နေတဲ့အချိန်အတွင်း သူမရဲ့ နောက်ကွယ်က ရိုက်ကွင်းတွေရဲ့ တုံ့ပြန်မှု ဗီဒီယိုတွေကို ပိုရိုက်ခိုင်းထား။ ကိစ္စရှိလာရင် အဲဒါတွေကို ပရိုမိုးရှင်းအတွက် သုံးနိုင်တယ်"
"အစ်မ ကျန်း၊ ကျားရမ် က 'Changting' အတွက် audition လုပ်ချင်နေတယ်"
"Changtingလား " ကျန်းရှောင် ဖြည်းဖြည်းချင်း ထပ်ခါတလဲလဲ ပြောကာ သူမ၏ လေသံက တည်ငြိမ်ပြီး ပေါ့ပါးသွားသည်။ အဲ့တာက လျန့်ယွဲ့ ပြင်ဆင်နေတဲ့ လတ်တလော ရုပ်ရှင်ပရောဂျက်တစ်ခုဖြစ်သည်။
ကျန်းရှောင်က သူမရဲ့ အမူအရာက မပြောင်းလဲဘဲ စကား ဆက်ပြောလိုက်သည်။ "မစ္စစ် လျန့် ဘက်က ဘာသတင်းရလဲ"
"သူတို့က မျက်နှာသစ်တွေကို ခေါ်လာဖို့ ရည်ရွယ်ပြီး ခေါင်းဆောင် မင်းသမီး အတွက် သရုပ်ဖော်နေကြတယ်"
လျန့်ယွဲ့ ၏ ထုတ်လုပ်မှုတွေက အရည်အချင်းသစ်များဆီသို့ အမြဲဦးတည်နေသည်။ ကျောက်ရှင်းရန်က 'Nianhua' တွင် သမီးအဖြစ် သရုပ်ဆောင်ခြင်းဖြင့် အကောင်းဆုံး မျက်နှာသစ်ဆုကို ရရှိခဲ့ပုံရပြီး သူမအား ချောမွေ့စွာ ကျော်ကြားလာစေရန် တွန်းအားပေးခဲ့သည်။
ဒါဆို လျန့်ယွဲ့ရဲ့ ဇာတ်ကားမှာ ဘယ်သူက မပါဝင်ချင်မှာလဲ။
ရှုကျားရမ်က ယမန်နှစ်က စာချုပ်ချုပ်ဆိုခဲ့တဲ့ ကျန်းရှောင်၏ အရည်အချင်း ရှိသူတစ်ယောက် ဖြစ်သည်။ ကျားရမ်က ကျောက်ရှင်းရန်ထက် ရည်မှန်းချက်ကြီးပြီး လူထုအသည်းစွဲမင်းသမီး တစ်လတ်ဖြစ်ဖို့ တောင့်တသည်။ ထုံးစံအတိုင်း သူမ ထိုအခွင့်အရေးကို ဆုပ်ကိုင်ချင်သည်။
စီနီယာသရုပ်ဆောင်များ အနီးတွင် ရှိနေခြင်းသည် တစ်ဦး၏ သရုပ်ဆောင်စွမ်းရည်ကို မြှင့်တင်ပေးသည့် မမြင်နိုင်တဲ့ လွှမ်းမိုးမှုတစ်ခုဆီ ဦးတည်သွားလေ့ရှိသည်။
ကျန်းရှောင် ခဏတိတ်ဆိတ်သွားသည်။ "ကျားရမ် ရဲ့ပစ္စည်းတွေကို မစ္စစ် လျန့် ရဲ့ စတူဒီယိုကို ပို့လိုက်ပါ"
"ကောင်းပါပြီ"
လွန်ခဲ့သည့်သုံးနှစ်အတွင်းတွင် သူမရဲ့ အနုပညာရှင်တွေကို လျန့်ယွဲ့ဆီ တက်ကြွစွာ အကြံပြုခြင်းမပြုခဲ့ပေ။ ဒီသုံးနှစ်အတွင်းမှာ သူမက သူ့ကိုယ်သူ သန်မာလာတာကြောင့် ကိစ္စတွေကို သဘာဝအတိုင်း စီးဆင်းဖို့ ဆုံးဖြတ်ခဲ့သည်။
သူမ တစ်ယောက်တည်း နေနေချိန်မှာ ကိုယ့်ကိုယ်ကိုယ် ပြန်မေးခဲ့သည်။
ကျန်းရှောင်၊ ဒီနှစ်တွေ ပြီးသွားရင် နင်ဘာလိုချင်သေးလဲ။
........
မိုရီဟန်ရဲ့ စေ့စပ်ပွဲနေ့မှာ ဧည့်သည်တွေ စုရုံးလာကြသည်။ လတ်လတ်ဆတ်ဆတ် ပျံဝဲနေတဲ့ ပန်းလေးတွေက ပွင့်လာဖို့ စောင့်ဆိုင်းနေပြီး ၎င်းတို့၏ အရောင်အသွေးများက အသက်ဝင်နေခဲ့သည်။ ခန်းမအတွင်းမှ လာရောက်တဲ့ သူတိုင်းကို စေ့စေ့စပ်စပ် အလှဆင်ထားပြီး ရိုမန်တစ်ဆန်မှုနှင့် ပျော်ရွှင်မှုတို့ကို ဖြစ်ပေါ်စေသည်။
ကျန်းရှောင် ကျိုးရှို့လင်းနဲ့အတူ ပွဲတက်တာက ဒါ ပထမဆုံးအကြိမ် မဟုတ်ပေ။ ဒီနေ့မှာတော့ သူမနဲ့လိုက်ဖက်တဲ့ အဖြူရောင်ဝတ်စုံကို ၀တ်ဆင်ထားသည်။ ဒီနှစ်နှစ်အတွင်းမှာတော့ သူမရဲ့ ဖက်ရှင်ဟာ သိသိသာသာ တိုးတက်လာခဲ့သည်။
“အဝတ်အစားက လူတစ်ယောက်ကို ဖန်တီးပေးတယ် ” ဆိုတဲ့စကားက လုံးဝအခြေအမြစ် မရှိတာမဟုတ်ပေ။ ကျန်းရှောင် ဟာ ဆွဲဆောင်မှု မရှိတာ မဟုတ်ပေမယ့် မှန်ကန်တဲ့ ၀တ်စားဆင်ယင်မှုက သူမရဲ့ ဆွဲဆောင်မှု မှာ သေချာပေါက် ပါ၀င်သည်။
ကျိုးရှို့လင်းက သူမလက်ကို ဆုပ်ကိုင်လိုက်သည်။ "မင်း လက်တွေ ဘာလို့ အရမ်းအေးနေတာလဲ"
မတ်လ ပဲရှိသေးပြီစ၊ အပူချိန်က အရမ်းမမြင့်သေးပေ။ အခန်းအတွင်းပိုင်းမှာ အပူရှိန်ရှိသော်လည်း အထဲဝင်သွားသောအခါ အနည်းငယ် အေးနေသေးသည်။
ကျန်းရှောင် အသက်ပြင်းပြင်းရှူလိုက်သည်။ " အလှလေးက တစ်စုံတစ်ယောက်အတွက် ပေးဆပ်ပြီးလာတာမလို့ ခဏနေ အဆင်ပြေသွားမှာပါ " သူမ ရှေ့က ယောက်ျားတစ်ချို့ကို ရုတ်တရက်တွေ့လိုက်ရသည်။
"ဟေ့၊ ဒါ ထျန်းပေါင်က မစ္စတာ ရှု မဟုတ်လား"
ကျိုးရှို့လင်းက သူမအကြည့်နောက် လိုက်ကြည့်ခဲ့သည်။ "ဟုတ်တယ် သူပဲ"
ကျန်းရှောင် သံသယဖြစ်မိသည်။ "မစ္စတာ မိုနဲ့ မစ္စတာ ရှု တို့က မနှစ်တုန်းက ပဋိပက္ခဖြစ်ခဲ့တာ မဟုတ်ဘူးလား"
ကျိုးရှို့လင်း ခေါင်းကို အနည်းငယ် လှည့်လိုက်သည်။ "စီးပွားရေးလောကက ဒီလိုပဲ ထာဝရရန်သူဆိုတာ မရှိဘူး"
ယခင်တိုက်ပွဲအကြောင်း တွေးရင်း ကျန်းရှောင် မကူညီနိုင်ဘဲ ပြုံးလိုက်သည်။ "သူတို့ တစ်သက်လုံး ရှောင်နေကြမယ်လို့ ကျွန်မ ထင်ခဲ့တာ"
ဒီလိုပြောပြီး ညနေခင်း စုံတွဲတွေကို နှစ်ယောက်သား နှုတ်ဆက်ခဲ့ကြသည်။
မိုရီဟန် စေ့စပ်ထားတဲ့သူက အလွန်သြဇာညောင်းသော နောက်ခံရှိတဲ့ အနုပညာအဝန်းအဝိုင်းမှ အပြင်လူတစ်ဦးဖြစ်သည့် မျိုးရိုးနာမည်က ဟန် ဖြစ်သည်။ မိုရီဟန် အနားမှာ ရပ်နေတဲ့ သတို့သမီးလေးက လှပပြီး ပြီးပြည့်စုံတဲ့ လိုက်ဖက်တဲ့ သတို့သမီးလေးပင်။
ကျိုးရှို့လင်းကို လက်ပြလိုက်ပြီးနောက် မိုရီဟန်ရဲ့အကြည့်က ကျန်းရှောင်ဆီ ရွှေ့လာခဲ့သည်။ "မစ္စတာကျိုး၊ မင်းကတော့ တော်တော့်ကို ခက်လျှိုလျှိုနေတာပဲနော်။ မစ္စစ်က ဒီမှာ မရှိဘူး၊ မင်းက ငါတို့ရဲ့ အရည်အချင်းရှိတဲ့ မစ္စ ကျန်းကို မင်းရဲ့ ကာဗာအဖြစ် သုံးနေတယ်။ မစ္စ ကျန်း ရည်းစား ဘယ်လို သွားရှာရတော့မှာလဲ"
ကျိုးရှို့လင်း ရယ်လိုက်သည်။ "စိတ်ချပါ မစ္စ ကျန်း ရဲ့ အိမ်ထောင်ရေးကိစ္စတွေကို ငါ အလေးအနက်ထား စဉ်းစားပေးလိုက်မယ်"
မိုရီဟန် ရယ်လိုက်သည်။ "ကျန်းရှောင်၊ ဒီနေ့ ငါ့ရည်းစားနဲ့ ငါက သက်သေတွေပဲနော်။ ရဲရဲတင်းတင်း ချစ်ဖို့ အားမနာနဲ့"
ကျန်းရှောင် ဣန္ဒြေစောင့်ထိန်းကာ အတင်းပြုံးလိုက်သည်။ "ကျေးဇူးတင်ပါတယ် မစ္စတာမိုနဲ့ မစ္စစ်မို၊ ကျွန်မ အကောင်းဆုံးဖြစ်အောင် လုပ်ပါ့မယ်"
သူမ သူမယောကျ်ားအရင်းကြီးရဲ့ မျက်နှာကို ထပ်ကြည့်ချင်တော့မှာ မဟုတ်ဘူး။
ဟမ်း၊ သေချာပေါက် အေးစက်နေတော့မှာ။
မျှော်လင့်ထားသည့် အတိုင်းပင်။
စေ့စပ်ပြီးခါစ စုံတွဲကို တွေ့ဆုံပြီးနောက် ကျိုးရှို့လင်း က သူမကို လုပ်ငန်အမှုဆောင်တွေနဲ့ ထုတ်လုပ်သူတွေအများကြီးနဲ့ ဖြည်းဖြည်းချင်း မိတ်ဆက်ပေးခဲ့သည်။နောက်ဆုံးမှာတော့ သူမကို တိတ်ဆိတ်တဲ့နေရာ တစ်နေရာဆီ ခေါ်သွားခဲ့သည်။
ကော့တေးတစ်ခွက်ကို ကိုင်ရင်း ကျန်းရှောင် တစ်ငုံသောက်လိုက်ပြီး မှတ်ချက်ပြုလိုက်သည်။ "အရသာက အရမ်းချိုတာပဲ၊ ဆိုဒါလိုလေးပဲ"
ကျိုးရှို့လင်းရဲ့ နှုတ်ခမ်းတွေ အနည်းငယ် ကွေးသွားသည်။ "နည်းနည်းလျှော့သောက်၊ ဒီကော့တေးက ပြင်းတယ်"
သူမက ဒီနေ့ သူမဆံပင်ပုံစံကို ရှည်လျားတဲ့ လှိုင်းကြီးတွေနဲ့ စတိုင်သွင်းထားသည်။ သူမ လည်ပင်းတစ်ဝိုက်မှာ သူပေးထားတဲ့ လည်ဆွဲနဲ့ စိန်တွေက တလက်လက်တောက်ပနေသည်။
သူ သူမကိုပေးထားတဲ့ accessories တွေကို ပွဲလမ်းသဘင်တွေအတွက် သူမ သီးသန့်ထားလေ့ရှိသည်။
သူ သူမလက်ထဲက ဖန်ခွက်ကို ယူလိုက်ပြီး သူမကို ထပ်သောက်ခွင့်မပေးတော့ပေ။
ကျန်းရှောင် နှုတ်ခမ်းစူလိုက်သည်။ "ကျွန်မ မမူးဘူး"
ကျိုးရှို့လင်းက မယုံဘူး။ "ပဲပင်ပေါက်လေး မင်း သောက်လာတာကို သတိထားမိသွားလိမ့်မယ်"