← Chapters

စုံစမ်းမေးမြန်းခြင်း

Vol. 17 Ch. 287

စုံစမ်းမေးမြန်းခြင်း

Vol. 17 Ch. 287

အိမ်မှာ သူ့‌အဖေနဲ့အဘိုး ညစာစားနေတာကိုမြင်တော့ ချန်ယီဖန်းရဲ့မျက်လုံးတွေ လင်းလက်သွားသည်။

သူမရဲ့သားပြန်လာာတကိုမြင်တော့ ချန်ယီဖန်းရဲ့အမေက ချက်ချင်း ငေါ့တော့တော့ပြောလိုက်သည်။

“ဒါငါတို့ချန်မိသားစုရဲ့ အကြီးဆုံးသခင်လေးမလား? သူက ကလပ်မသွားဘဲနဲ့ အိမ်ပြန်လာဖို့‌ဆုံးဖြတ်လိုက်တယ်ပေါ့?”

ချန်ယီဖန်းက အားကိုးရာမဲ့စွာနဲ့

“အမေ ကျွန်တော့်သူငယ်ချင်းတွေနဲ့စုဝေးပွဲလုပ်လာတာပါ။ ဘယ်လိုလုပ်ကလပ်တက်တာဖြစ်မှာလဲ?”

ကျန့်ယွီလျန်က အေးစက်စွာသရော်လိုက်သည်။

“ဒီနေ့ကရော ဘယ်လိုတွေ့ဆုံပွဲမျိုးလဲ?”

သူမရဲ့တူတွေကိုချလိုက်ပြီး လေးလေးနက်နက်နဲ့၊ “ဖန်းအာ မင်းသူငယ်ချင်းတွေအကုန်လုံးက လုပ်ငန်းမှာအောင်မြင်ကုန်ပြီ။ ဥပမာ ကုကျီယဲ့ကိုပဲကြည့်၊ အခုဆို သူ ကုမိသားစုရဲ့ဟော်တယ်ကို လွှဲယူလိုက်ပြီ။ ကျန်းဟိုင်ယန်မှာလည်းသူ့အသက်မွေးဝမ်းကျောင်းရှိတယ်။ ပြီးတော့ ယွမ်ရွှမ်ဟောက်ကလည်း သူဌေးကြီးဖြစ်နေပြီ။

မင်းတစ်ယောက်တည်းကပဲ ကွန်ပျူတာတွေနဲ့ တစ်နေကုန်နေတာ။ မင်းမှာ မည်မည်ရရအလုပ်မရှိသေးဘူး”

ချန်ယီဖန်းရဲ့အမေက ချက်ချင်းမသက်မသာနဲ့ပြောလိုက်သည်။

“အမေ သားမှာအလုပ်ရှိတယ်။ သားက ဝက်ဘ်ဆိုဒ်တည်ဆောက်ရေးမှာ။ သားအလုပ်နဲ့ပက်သက်ပြီး အမြဲတမ်းအပြစ်ရှာမနေပါနဲ့”

ကျန့်ယွီလျန်က၊ “ဘယ်လိုလုပ်မရှာဘဲနေနိုင်မှာလဲ? မင်းအများကြီးရင်းနှီးခဲ့ပေမယ့် ဘာမှပြန်မရဘူးလေ။ မင်းကငွေကိုဖြုန်းတီးနေတာနဲ့အတူတူပဲ”

ချန်ယီဖန်းက ခိုင်ခိုင်မာမာနဲ့၊ “အနာဂတ်က အင်တာနက်ခေတ်ဖြစ်လာမယ်လို့ ကျွန်တော်ယုံတယ်။ အဲ့ဒီအချိန်ကျရင် ကျွန်တော့်အလုပ်က တကယ်အကျိုးခံစားရလိမ့်မယ်”

“အနာဂတ်မှာ? အဲ့ဒါကဘယ်တော့လဲ?”

ကျန့်ယွီလျန်က ပြတ်ပြတ်သားသား မေးလိုက်သည်။

ချန်ယီဖန်း “…”

သူ့မှာလည်း အဖြေမရှိပေ။

ကျန့်ယွီလျန် ကအေးစက်စွာနဲ့၊ “မင်း‌မဖြေနိုင်ဘူးမလား? ချန်ယီဖန်း အမေ မင်းကိုပြောမယ်။ မနက်ဖြန်ကစပြီး မင်းသင့်တော်တဲ့အလုပ်တစ်ခုရှာရမယ်။ မင်းမရှာနိုင်ဘူးဆိုရင် မင်းအတွက် အစိုးရလုပ်ငန်းမှာ နေရာတစ်ခုစီစဉ်ပေးဖို့ မင်းအဖေကိုပြောလိုက်”

ချန်ယီဖန်းက ချက်ချင်းချေပလိုက်သည်။

“အဖေ့ကို အဲ့လိုလုပ်ခိုင်းလို့မရဘူး‌လေ။ သူဆွေမျိုးကောင်းစားရေးဝါဒနဲ့အပြစ်ရှာခံရမှာပေါ့။ ဟုတ်တယ်မလား အဘိုး?”

အဘိုးချန်က ချက်ချင်းခေါင်းညိတ်ပြီး

“ဟုတ်တယ်!”

“အဖေ!”

ကျန့်ယွီလျန်က အားကိုးရာမဲ့စွာခေါ်လိုက်သည်။

သူ့ယောက္ခမက ဒီမြေးကိုဖျက်စီးပြီး သူလုပ်သမျှအရာရာတိုင်းမှာ ထောက်ပံ့ပေးနေပြီး သူမကို အရမ်းအားကိုးရာမဲ့စေသည်။

ချန်ယီဖန်းက သူ့အဘိုးထောက်ပံ့မှုကိုရထားပေမယ့်လည်း သူပျော်ရွှင်မှုက နှစ်စက္ကန့်ထက်ပိုမကြာလိုက်ပေ။

“မင်းဒီလိုရာထူးမြင့်မြင့်ကြီးတစ်ခု ချက်ချင်းချပေးလို့မရဘူးလေ။ လူတွေပြောကုန်မှာပေါ့”

အဘိုးချန်က ပြောလိုက်သည်။

“ဒါ့ကြောင့် မင်းလည်းလူတိုင်းလိုပဲ အောက်ခြေကနေစရမယ်”

ကျန့်ယွီလျန် ခနလောက်အံ့ဩသွားပြီး အပြုံးတစ်ခုဖြင့်၊ “အဖေ အဖေမှန်တယ်။ ယီဖန်း သား အဘိုးကိုနားထောင်သင့်တယ်။ သား အောက်ခြေကနေစဖို့လိုတယ်”

ချန်ယီဖန်း “...”

ချန်ယီဖန်းက တိတ်ဆိတ်ပြီး ဒေါသထွက်နေတဲ့ဖေဖေချန်ကို ဖျက်ခနဲကြည့်လိုက်ပြီး၊

“အဖေ စားလို့ပြီးပြီလား?”

ဖေဖေချန်က သူ့ကို မျက်စိဝေ့ကြည့်ပြီး မေးလိုက်သည်။

“တစ်ခုခုဖြစ်လို့လား?”

ချန်ယီဖန်းက

“အဖေ ထောင်ယွမ်ရွာက တောင်စာချုပ်တွေက ကြန့်ကြာသွားတယ်လို့ ကျွန်တော်ကြားတယ်။

ဘာဖြစ်လို့လဲ?”

ချန်ယီဖန်းရဲ့အဖေက သူ့တူကိုချလိုက်ပြီး သူ့မျက်နှာထားကချက်ချင်းတည်သွားကာ၊

“မင်းဒီအကြောင်းဘယ်လိုလုပ်သိလဲ?”

ကျန့်ယွီလျန်ကလည်း သူ့သားက ဘာလို့ဒီအရာတွေကို ရုတ်တရက်စိတ်ဝင်စားနေမှန်း သိချင်နေသည်။

ချန်ယီဖန်းက မှန်မှန်ကန်ကန်ပဲ ဖြေလိုက်သည်။ “အဖေ ကျွန်တော်အမှန်ကိုပြောပြမယ်။ ငှားချင်တဲ့လူက ရှောင်လင်းယွီပဲ။ သူက နယ်ရွာလေးတစ်ခုကဖြစ်ပြီးတော့ ကျွန်တော့်သူငယ်ချင်းပဲ။ သူက ပယ်ချချက်ကိုကြားပြီးတော့ ဒီအကြောင်းစုံစမ်းမေးမြန်းတာမှာကူညီဖို့ ကျွန်တော့်ကို အကူအညီတောင်းခဲ့တာ”

ကျန့်ယွီလျန်က မျက်မှောင်ကြုံ့ပြီး နည်းနည်းမကျေမနပ်ဖြင့်

“အဲ့ဒီတော့ မင်းက သူ့ကိုကူညီနေတယ်လား? သူက မင်းသူငယ်ချင်းဆိုရင်တောင် စည်းမျဉ်းတွေရှိတယ်။ သူ့လိုသာမန်လူမျိုးက ဒီလိုအကြောင်းတွေကို သိခွင့်မပြုထားဘူး။ လျှို့ဝှက်သတင်းအချက်အလက်တွေပါနေရင် ဘယ်လိုလုပ်မလဲ? ဒါမင်းအဖေကို မထိခိုက်စေဘူးလား?”

ချန်ယီဖန်းက၊ “အမေ အမေဘာတွေပြောနေတာလဲ? သူကတကယ့်အကြောင်းပြချက်ကိုပဲ သိချင်တာ။ ဒါကဘာလို့ အဖေ့ကို ထိခိုက်ရမှာလဲ?”

အဘိုးချန်က နည်းနည်းမျက်မှောင်ကြုံ့ပြီး

“ဖန်းအာ ရှောင်လင်းယွီက တောင်တွေကို ငှားချင်တာလား?”

“ဟုတ်တယ်!”

ချန်ယီဖန်းက ခေါင်းညိတ်ပြီး

“ဒါပေမယ့် အဲ့ဒါအငြင်းခံလိုက်ရတယ်”

ကျန့်ယွီလျန်က ရှောင်လင်းယွီကို မတွေ့ဖူးပေမယ့်လည်း ရှောင်လင်းယွီက ကျေးလက်တောသူမတစ်ယောက်မို့ သူမကို သဘောမကျပေ။

သူ့သီးနှံ‌တွေ ဘယ်လောက်ပဲ ရောင်းရရောင်းရ သူက ကျေးလက်တောသူမဆိုတဲ့အချက်ကိုတော့ မပြောင်းနိုင်ပေ။ ဒါ့ပြင် ရှောင်လင်းယွီက အိမ်ထောင်မကျခင် ကိုယ်ဝန်ရှိသွားတဲ့အတွက် သူမကလူကောင်းတစ်ယောက်မဟုတ်ဘူးလို့လည်း ကြားထားသေးသည်။

ဒီအမျိုးသမီးက သူမသားကို မျက်နှာလိုမျက်နှာရလုပ်ချင်မှာ သူမကြောက်နေသည်။ သူမသားကို ဒါနဲ့ပက်သက်ပြီး အကြိမ်ပေါင်းများစွာ ပြောပြီးပေမယ့်လည်း ဒါကသူမသားကို အဲ့ဒီမိန်းကလေးကို ပိုပြီး‌တော့တောင် မိတ်ဆွေလိုသဘောထားစေခဲ့သည်။

ချန်ယီဖန်းက စိတ်မရှည်စွာနဲ့၊ “အမေ၊ အမေက ကျွန်တော့်ကို ရှောင်လင်းယွီနဲ့ မိတ်ဆွေမဖြစ်စေချင်မှတော့ ကောင်းပြီ။ ကျွန်တော်တို့ သူ့သီးနှံတွေစားတာကို ရပ်လိုက်မယ်”

“…”

ကျန့်ယွီလျန် ကမကျေမနပ်နဲ့၊

“ဘာလို့ရပ်ရမှာလဲ? ငါတို့ဒါတွေအတွက် ပိုက်ဆံပေးထားတာမဟုတ်ဘူးလား?”

ချန်ယီဖန်းက ပြတ်ပြတ်သားသားနဲ့

“အမေ အမေ့သူငယ်ချင်းတွေကို သွားမေးကြည့်သင့်တယ်။ ဒီအသီးအရွက်တွေက အရမ်းလွယ်လွယ်ရောင်းကုန်တာ။ တစ်ခါတစ်လေ ဒါတွေကို ပိုက်ဆံနဲ့တောင်မရနိုင်ဘူး။ ကျွန်တော်တို့သာ ရှောင်လင်းယွီနဲ့ မိတ်ဆွေမဟုတ်ဘူးဆိုရင် ဒီအသီးအရွက်တွေကိုစားဖို့မပြောနဲ့ မြင်ရမှာတောင်မဟုတ်ဘူး”

ကျန့်ယွီလျန် ကမကျေမချမ်းနဲ့

“ဘာပဲဖြစ်ဖြစ်၊ သူက လယ်သမားတစ်ယောက်ပဲ။ ဘာတွေများကြီးမားနေလို့လဲ?“

ဒီကိစ္စမှာတော့ ချန်ယီဖန်းက သူ့အမေနဲ့ ငြင်းခုံမနေချင်တော့ပေ။ သူ့အမေရဲ့အကျင့်ကို သူသိသည်။ ဒါကြောင့် သူက တည့်တိုးပင်ပြောလိုက်တော့သည်။

“အမေ စိတ်မပူနဲ့၊ ရှောင်လင်းယွီက ကျွန်တော်နဲ့ ကျွန်တော့်သူငယ်ချင်းတွေကို စိတ်မဝင်စားဘူး”

ကျန့်ယွီလျန် ကသူ့ကို အကြွင်းမဲ့မယုံပေ။

“ဒီလိုပဲထားပါဦး။ သူက ကျေးလက်မိန်းကလေးတစ်ယောက်ပဲလေ။ သူ့မှာ ဖုံးကွယ်ထားတဲအကြောင်းရင်းမရှိရင် ဘာလို့ မင်းတို့အုပ်စုကို လိုက်ကပ်နေတာလဲ?”

ချန်ယီဖန်းက ဒါကိုလက်မခံနိုင်ပဲ သူမနဲ့လည်း ဆက်စကားမပြောချင်တော့ပေ။

“အမေ အမေ့ကျွန်တော့် ဆက်ဆံရေးကို ကြားဝင်ဖို့မလိုပါဘူး။ ပြီးတော့ အမေဒီအကြောင်းပြောချင်ရင် အဖိုးကိုလည်း အယုံသွင်းသင့်တယ်။ သူလည်း ရှောင်လင်းယွီနဲ့ မိတ်ဆွေပဲ”

မေမေချန် “...”

သူမက စကားလမ်းကြောင်းလွှဲလိုက်သည်။

“အဲ့ဒီတော့ သူ့စာချုပ်အဆင်မပြေတော့ရော? ဒါမင်းကိစ္စမဟုတ်ဘူးလေ။ သူက ဘာလို့ အကြောင်းရင်းအတွက် မင်းဆီတိုက်ရိုက်လာမေးနိုင်ရတာလဲ? ‌တော်တော်ယုတ်မာမယ့်မိန်းမ!”

ရှောင်လင်းယွီရဲ့အငှားစာချုပ်အပယ်ခံလိုက်ရတယ်လို့ကြားတော့ သူမ တကယ်ပျော်ရွှင်သွားခဲ့သေးသည်။

“အမေ!”

ချန်ယီဖန်းက မကျေမနပ်နဲ့ မျက်မှောင်ကြုံ့လိုက်သည်။

“အမေ အရမ်းမလိုမုန်းထားမဖြစ်လို့မရဘူးလား? ရှောင်လင်းယွီက အမေ့ကို မစော်ကားဖူးဘူးမို့လား? သူကတောဘက်ကဖြစ်နေတာတောင် နာမည်ကြီးတက္ကသိုလ်တစ်ခုကနေ ဘွဲ့ရထားပြီး မြို့ကြီးတစ်ခုမှာ နှစ်အနည်းငယ်အလုပ်လုပ်ခဲ့ဖူးတယ်။ တချို့မတော်တဆတွေကြောင့်သာမဟုတ်ရင် သူ လယ်ယာကို ပြန်သွားမှာတောင်မဟုတ်ဘူး။

ပြီးတော့ သူ့မောင်လေးရှောင်လင်းယဲ့က ကျွန်တော်တို့မြို့က သိပ္ပံမှာ ထိပ်တန်းအမှတ်ရတဲ့သူပဲ။

ပြီးတော့ သူက Imperial တက္ကသိုလ်ကိုလည်း ဝင်ခွင့်ရထားသေးတယ်”

ချန်ယီဖန်းက ဆက်ပြောလိုက်သေးသည်။

“ပြီးတော့ ရှောင်လင်းယွီကလည်း ကျွန်တော်တို့ခရိုင်ရဲ့အနုပညာမှာ ထိပ်တန်းအမှတ်ရသူပဲ”

“မိသားစုတစ်ခုတည်းက ထိပ်တန်းကျောင်းသားနှစ်ယောက်!”

ဖေဖေရှောင်က သတင်းကို မှတ်မိသွားသည်။

“ဟုတ်တယ်”

ချန်ယီဖန်းက ခေါင်းညိတ်လိုက်သည်။

“အမေ သူတို့တွေက လူကောင်း‌တွေပါ”

ကျန့်ယွီလျန်က နှုတ်ခမ်းကို တွန့်ကွေးလိုက်ပြီး

“ဘာပဲဖြစ်ဖြစ် ဒါငါတို့ကိစ္စမဟုတ်ဘူး။ ပြီးတော့ သူတို့နာမည်ကြီးတက္ကသိုလ်ကို ဝင်ခွင့်ရရင်တောင် သူတို့က ယဉ်ကျေးမှုမရှိတဲ့ တောကစက်ဆုပ်စရာလူတွေဆိုတဲ့အချက်ကိုတော့ မပြောင်းလဲပေးဘူး!”

ဒုန်း!

***

All Chapters