အကြောင်းပြချက်
Vol. 17 Ch. 288
ဒုန်း!
အဘိုးချန်က သူ့တူတွေကို ဆောင့်ချလိုက်ပြီး လူတိုင်းကို ကြောက်သွားစေခဲ့သည်။
အထူးသဖြင့် ကျန့်ယွီလျန်က အဘိုးချန်ရဲ့မျက်နှာထားကိုမြင်တော့ အနည်းငယ်မသက်မသာဖြစ်သွားသည်။
အဘိုးချန်ရဲ့ စူးရှတဲ့ မျက်လုံးက သူ့ရဲ့ချွေးမ ကျန့်ယွီလျန်ကိုကြည့်လိုက်ပြီး သူက မျက်နှာထားတင်းတင်းဖြင့်၊
“ယဉ်ကျေးမှုမရှိတဲ့စက်ဆုပ်ဖွယ်လူတွေ? အဲ့ဒီတော့ တစ်ယောက်ယောက်က တောဘက်ကလာတော့ရော? သူတို့က မင်းဆီက ခိုးထားလို့လား? မင်းက ဘာလို့အရမ်းအပြစ်ရှာနေတာလဲ?
ကျန့်ယွီလျန် ငါပြောပြမယ်။ ငါလည်း လယ်သမားမိသားစုကမွေးလာတာပဲ။ ငါလည်း တောသားတစ်ယောက်ပဲ။ မင်း ငါ့ကိုလည်း အထင်သေးတယ်လို့ပြောချင်တာလား?”
ကျန့်ယွီလျန်ရဲ့မျက်နှာ ဖြူဆုတ်သွားသည်။
သူမက ပါးစပ်ဖွင့်ပြီး၊ “အဖေ့...”
အဘိုးချန်ကဆက်ပြီး၊ “မင်းက ပိုကောင်းတဲ့မိသားစုတစ်ခုမှာမွေးလာခဲ့တယ်။ မြို့ကြီးမှာမွေးလာခဲ့တယ်။ ဒါပေမယ့် မင်းမိဘတွေကလည်း တောကပဲလာတာမဟုတ်ဘူးလား?
အဲ့ဒီတော့ ငါ့ကိုပြောစမ်းပါဦး။
ဘာကိစ္စမင်းက ကျေးလက်ကလူတွေကို အထင်သေးရတာလဲ?
ရှောင်မောင်နှမက တက္ကသိုလ်ကောင်းတွေရဖို့ သူတို့ကိုယ်ပိုင်စွမ်းရည်အပေါ်မှာ မှီခိုနေတာ။ မင်းကရော?
ငါ့ကိုပြော မင်းဘယ်တက္ကသိုလ်တက်ခဲ့လဲ?”
ချန်ကောရှင်းက သူ့မိန်းမရဲ့ မသာမယာမျက်နှာထားကိုကြည့်ပြီး မျက်မှောင်ကြုံ့လိုက်သည်။
သူက “အဖေ တော်လောက်ပြီ!”
အဘိုးချန်က သူ့ကိုတစ်ချက်ကြည့်ပြီး စိတ်ထိခိုက်သွားသည်။
သူ့အမေအဆူခံရတာကိုမြင်တော့ ချန်ယီဖန်းလည်း စိတ်မကောင်းပေ။
သူက “အမေ ဘက်လိုက်အပြစ်တင်တာတွေရပ်သင့်တယ်။ ပြီးတော့ မိတ်ဆွေဖွဲ့တဲ့နေရာမှာ မြင့်မြတ်တာတွေ နိမ့်ကျတာတွေမရှိဘူး။ ရှောင်လင်းယွီက ကျွန်တော့်သူငယ်ချင်းပဲ။
အမေ ကျွန်တော့်သူငယ်ချင်းကို ဒီလိုဆက်ပုတ်ခတ်နေရင် ကျွန်တော်စိတ်မကောင်းဘူး”
ဖေဖေချန်က သူ့သားကို ခပ်တင်းတင်းဆူလိုက်သည်။
“ချန်ယီဖန်း ပါးစပ်ပိတ်ထားစမ်း!”
ဒီကောင်က ဒါတွေအကုန်စတင်ရတဲ့ အကြောင်းရင်းပဲ။
သူက ဆက်ပြီး၊
“မင်းအမေက တစ်ခါတစ်လေ အရမ်းလွန်တတ်ပေမယ့် သူက မင်းဖို့ပဲ ဂရုစိုက်တာ။ မင်း သူ့ကို ဒီလိုပြောလို့မရဘူး”
ချန်ယီဖန်းက ခေါင်းငုံ့လိုက်ပြီး ခပ်နိမ့်နိမ့်အသံဖြင့်
“အဖေ ကျွန်တော်နားလည်ပါပြီ”
ချန်ယီဖန်းအဖေက သူ့မိန်းမကိုကြည့်ပြီး
“ယွီလျန်၊ ဒီကလေးက အရွယ်ရောက်နေပြီး သူ့ကိုယ်ပိုင်လူမှုအသိုင်းအဝိုင်းရှိတယ်။ သူ့မိတ်ဆွေသူငယ်ချင်းတွေက ရာဇဝတ်သားတွေမဟုတ်သရွေ့ သူ့ဘဝကို အဲ့ဒီလောက်စိတ်ထဲမထားသင့်ဘူး”
ကျန့်ယွီလျန်က မှားယွင်းခံရသလို ခံစားလိုက်ရပြီး၊
“ကျွန်မ...ကျွန်မသားက လူယုတ်မာတွေဆီက လှည့်စားခံလိုက်ရမှာပဲကြောက်တာ”
သိသိသာသာပင် သူမက ရှောင်လင်းယွီအကြောင်း ပြောနေခြင်းဖြစ်သည်။
ကျန့်ယွီလျန်က သူမမိသားစုဆီကနေ အဆူခံလိုက်ရလို့ စိတ်ညစ်သွားသည်။
ချန်ယီဖန်းက မတတ်သာဘဲ သူ့ကိုယ်သူထပ်မံခုခံပြီး အားကိုးရာမဲ့စွာနဲ့
“အမေ ကျွန်တော့်အတွက် စိုးရိမ်ဖို့မလိုပါဘူး။ အမှန်အတိုင်းပြောရရင် ကျွန်တော်သူ့ကိုကြိုက်ရင်တောင် သူက ကျွန်တော့်ကိုမကြိုက်နိုင်ဘူး။ အဲ့ဒါကြောင့် အမေစိတ်ပူဖို့ မလိုပါဘူး”
ကျန့်ယွီလျန်က မသက်မသာခံစားနေရသေးသော်လည်း လိမ်လိမ်မာမာပဲ စကားပြောတာကိုရပ်လိုက်သည်။
မဟုတ်ရင် သူ့ယောက္ခမဆီကနေ အပြစ်တင်ဆုံးမခံရတော့မည်။
လူတိုင်းငြိမ်ကျသွားတာကိုမြင်ပြီး ဖေဖေချန်က ခနလောက်တွေးပြီးတော့၊ “ငါက အဲ့ဒါတွေအတွက် တာဝန်မရှိလို့ တောင်စာချုပ်တွေအကြောင်း အရမ်းသေချာမသိဘူး။ ဒါပေမယ့်လည်း ငါကြားတာတော့ တောင်းဆိုချက်ကို ပယ်လိုက်တာက အထက်ပိုင်းကတဲ့”
ချန်ယီဖန်းနဲ့ အဘိုးချန်က တစ်ယောက်ကိုတစ်ယောက် နားမလည်နိုင်တဲ့ပုံနဲ့ ကြည့်လိုက်ကြသည်။
ချန်ယီဖန်းက၊ “အဖေ ဘာတွေဖြစ်နေလဲဆိုတာ အဖေဘာလို့ရှာမကြည့်တာလဲ? အနည်းဆုံးတော့ ကျွန်တော့်သူငယ်ချင်းတွေကို အဖြေနည်းနည်းပြန်ပေးလို့ရတယ်”
ဖေဖေချန်က ခေါင်းညိတ်ပြီး၊ “အိုခေ အိုခေ!”
သူ့ရာထူးနဲ့ဆိုရင် ဘာတွေဖြစ်နေလဲဆိုတာရှာဖို့ သိပ်မခက်ခဲပေ။
ယောက်ျားတွေစကားပြောနေကြတုန်း ကျန့်ယွီလျန်ကတော့ ဘာမှမပြောပေ။
ဒါပေမယ့်လည်း ရှောင်လင်းယွီကြောင့် သူမကြုံလိုက်ရတဲ့ မကျေနပ်ချက်ကိုတော့ မှတ်မိသည်။
သူက အဲ့ဒီတောသူမရှောင်လင်းယွီကြောင့် သူ့ယောက္ခမဆီကနေ အကြိမ်းခံလိုက်ရသည်။
....
ချန်ယီဖန်းသူ့အခန်းကိုပြန်သွားပြီးတော့ သူကကုကျီယဲ့ကိုခေါ်လိုက်ပြီး သူ့အဖေဆီကနေ သူရထားတဲ့သတင်းကို ပြောလိုက်သည်။
သူက၊ “ရှောင်လင်းယွီကိုမပြောနဲ့ဦး။ ငါ့အဖေပတ်မေးကြည့်လိမ့်ဦးမယ်”
ကုကျီယဲ့က ခေါင်းညိတ်လိုက်သည်။
“အိုခေ!”
…
ရှောင်လင်းယွီက နောက်ဆုံးမှာ ကုကျီယဲ့ဆီကနေ အဖြေမရခင်အထိ နှစ်ရက်စောင့်ခဲ့သည်။
“နေဦး သမီးပြောချင်တာက တစ်စုံတစ်ယောက်က ထောင်ယွမ်ရွာကိုစိတ်ဝင်စားနေပြီး ခရီးသွားနေရာတစ်ခုဖြစ်အောင် တည်ဆောက်ချင်နေတယ်လို့ပြောတာလား?”
ရှောင်လင်းယွီမိဘတွေနဲ့ ရွာသူကြီးက ဒီအကြောင်းကိုကြားပြီး သိသိသာသာအံ့ဩကုန်ကြသည်။
ရှောင်လင်းယွီက ခေါင်းညိတ်ပြီး၊ “ဟုတ်တယ်။ သမီးသူငယ်ချင်းက အဲ့လိုပြောတယ်။ ဒီကိစ္စက လျှို့ဝှက်ထားတုန်းပဲလို့လည်း သမီးသူငယ်ချင်းကပြောသေးတယ်။ သမီးကတော့ မကြာခင်ဒါနဲ့ပက်သက်ပြီး တစ်ယောက်ယောက်လာလိမ့်မယ်လို့ထင်တယ်”
ဖေဖေရှောင်က မျက်မှောင်ကြုံ့ပြီး၊ “ငါတို့ရွာကို အရင်က ဘယ်သူမှစိတ်မဝင်စားခဲ့ကြဘူး။ ငါတို့တောင်တွေကိုငှားချင်တဲ့အချိန်ကျမှ ဒီလိုဖြစ်တာလား?”
ရွာသူကြီးကလည်း ပြီးခဲ့နှစ်ရက်အတွင်း ဘာသတင်းမှမကြားခဲ့ပေ။
ဒါ့ကြောင့် တစ်စုံတစ်ယောက်က ထောင်ယွမ်ရွာကို ခရီးသွားနေရာအဖြစ်ပြုလုပ်ချင်တယ်ဆိုတဲ့သတင်းက အံ့ဩစရာကြီးပဲဖြစ်သည်။
ဒါကသူ့ကို အရမ်းရှုပ်ထွေးသွားစေသည်။
သူက စိုးရိမ်စွာနဲ့၊ “လင်းယွီ၊ သူတို့က ဒီနေရာကို ခရီးသွားဟော့စပေါ့တစ်ခုအဖြစ် ပြောင်းပစ်မှာလား? သူတို့ဘယ်လိုလုပ်ကြမလို့လဲ? ငါဘာလို့ဘာသတင်းမှမကြားရတာလဲ?”
ရှောင်လင်းယွီက
“ရွာသူကြီး၊ အဖေ၊ တကယ်ပဲ တစ်စုံတစ်ယောက်ကသာ ဒီနေရာမှာ နယ်လှည့်ခရီးသွားမှုကို ချဲ့ထွင်ချင်တယ်ဆိုလို့ရှိရင် ခရီးသွားဆွဲဆောင်မှုနည်းလမ်းတွေလုပ်ဖို့အတွက် ရွာသားတွေအားလုံးပြောင်းရမှာ စိုးရိမ်မိတယ်”
“ပြောင်းရမှာလား?”
ရွာသူကြီးရှောင်နဲ့ ရှောင်လင်းယွီရဲ့မိဘတွေ အံ့ဩသွားသည်။
“ငါတို့ဘယ်ကို ပြောင်းရမှာလဲ?”
သူတို့က ထောင်ယွမ်ရွာမှာ တစ်သက်လုံး အခြေကျလာကြတာ။ သူတို့ဒီနေရမှာ အမြစ်တောင်တွယ်နေပြီ။
ရှောင်လင်းယွီက ခေါင်းခါပြီး၊ “ဖွံ့ဖြိုးရေးကုမ္ပဏီက သမီးတို့အတွက် ဘယ်လိုစီစဉ်ပေးမလဲဆိုတာတော့ မသိဘူး။ ဒါပေမယ့်လည်း သူတို့ သမီးတို့ကိုပြောင်းစေချင်ရင် တိကျတဲ့လျော်ကြေးပမာဏတစ်ခု သေချာပေါက် ပေးရမှာပဲ”
ရှောင်လင်းယွီဒါကိုပြောပြီးတော့ ထိုနေရာမှာရှိတဲ့လူအားလုံး တိတ်ဆိတ်သွားသည်။
ခနကြာပြီးတော့ မေမေရှောင်က ထပ်မေးလိုက်သည်။
“ယွီအာ ဒါအမေတို့ တောင်တွေထပ်ငှားလို့မရဘူးလို့ ဆိုလိုတာလား?”
ရှောင်လင်းယွီက ခါးခါးသီးသီးပြုံးလိုက်ပြီး၊ “ထောင်ယွမ်ရွာကို စိတ်ဝင်စားတဲ့သူက ကြီးမားပြီးဩဇာကောင်းတဲ့ကုမ္ပဏီတစ်ခုပဲ။ သူတို့ပရောဂျက်တွေကို လွယ်လွယ်ကူကူထောက်ပံ့နိုင်တယ်။ သူတို့ကို သမီးတို့ ဘယ်လိုလုပ် ဆန့်ကျင်လို့ရမှာလဲ? သူတို့မှာ သမီးတို့ထက် ပိုကောင်းတဲ့ကမ်းလမ်းမှုအတွက် ပိုက်ဆံရှိတယ်”
သူ့မှာ ခရိုင်မှာ အဆက်အသွယ်တချို့ရှိပေမယ့်လည်း အဲ့ဒီကြီးမား ချမ်းသာပြီး ဩဇာညောင်းတဲ့ကုမ္ပဏီနဲ့ယှဉ်လိုက်ရင်တော့ သူ့အချိတ်အဆက်တွေက မလုံလောက်သေးပေ။
ဖေဖေရှောင်က ခေါင်းခါပြီး မေးလိုက်သည်။
“အဲ့ဒါဆို အဖေတို့ အခုဘာလုပ်သင့်လဲ? ဒီလိုပဲ လက်လျှော့လိုက်ရတော့မှာလား?”
ရှောင်လင်းယွီက၊ “လက်လျှော့မယ်? ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?”
သူမက ခနလောက်တွေးတောပြီး၊ “လူတွေက ထောင်ယွမ်ရွာကို ခရီးသွားနေရာအဖြစ်ပြောင်းပြီး သမီးရဲ့အငှားတောင်းဆိုချက်ကို ရပ်ပစ်ချင်မှတော့ သမီးတခြားရွာတွေက တောင်တွေကိုပဲ ငှားရတော့မယ်”
“ဒါပေမယ့် ပြောင်းရွှေ့ဖို့အတွက်ကရော? အမေတို့ ဘာလုပ်ရမှာလဲ? ပြီးတော့ ဘယ်လိုလျော်ကြေးမျိုး အမေတို့က ရမှာလဲ?”
မေမေရှောင် စိတ်မကောင်းဖြစ်သွားသည်။
ရှောင်လင်းယွီက ခေါင်းခါပြီး၊ “သမီးမသိဘူး၊ စောင့်ကြတာပေါ့။ ခနကြာပြီးရင် တစ်ယောက်ယောက်သေချာပေါက် လာပြီး ပြောလိမ့်မယ်။ သမီးတို့ အချိန်ကျလာရင် သိမှာပေါ့။
အခုကတော့ တောင်စာချုပ်တွေကို အရန်ထားရဦးမယ်”
ဒီအကြောင်းကိုပြောရင်း သူမ ရွာသူကြီးကို သတိပေးလိုက်သည်။
“ရွာသူကြီး ကျွန်မဒီအကြောင်းကို သူငယ်ချင်းတစ်ယောက်ဆီကကြားခဲ့တာ။ ဒီကိစ္စကို လောလောဆယ်တော့ လျှို့ဝှက်ထားပေးပါ။ ရွာထဲကလူတိုင်း အထိတ်တလန့်ဖြစ်အောင်မလုပ်ပါနဲ့”
ရွာသူကြီးက ခေါင်းညိတ်ပြီး
“ဟုတ်ပြီ ငါဘာလုပ်ရမလဲသိပါတယ်”
ရှောင်လင်းယွီပြောသလို ထောင်ယွမ်ရွာကို တိုးရစ်ဆွဲဆောင်တဲ့နေရာတစ်ခုအဖြစ်ပြောင်းပစ်ချင်နေတဲ့ ကုမ္ပဏီကြီးတွေနဲ့ဆိုရင် ဒေသခံတွေ အတင်းအဓမ္မအရွှေ့ခံရလိမ့်မယ်။
သူတို့က ဒီမြေကို ဆွဲဆောင်မှုရှိတာတွေနဲ့ သာယာဝပြောတာတွေဆောက်ဖို့လိုအပ်နေခြင်းပင်။
ဒါပေမယ့်လည်း ရွာသားတွေက ဒီနေရာမှာ မျိုးရိုးစဉ်ဆက်နေခဲ့ကြသည်။
သူတို့ဘယ်ကို ပြောင်းရမှာလဲ?
***