အဘိုးနဲ့မြေး ရန်ဖြစ်ခြင်း
Vol. 17 Ch. 289
ရွာသူကြီးက စိတ်ထဲမှာ အတွေးပေါင်းများစွာရှိနေသည်။
ဒါပေါ့ သတင်းကမသေချာသေးပေ။
ပြီးတော့ အခုချိန်မှာလည်း ထုတ်ပြလို့မရသေးဘူးလေ။
ဒါပေမယ့်လည်း ဒီကိစ္စက ထောင်ယွမ်ရွာရဲ့ ကြီးမားတဲ့အပေးအယူတစ်ခုဖြစ်နေသည်။
…
ကုန်းထျန်းဟောာက်ခြံဝင်းထဲမှာထိုင်ပြီး သူ့လက်အောက်ငယ်သားတွေနဲ့ ဗီဒီယိုအစည်းအဝေးလုပ်နေတာကို အဘိုးကုန်းကမြင်လိုက်တော့ စိန်းစိန်းဝါးဝါးကြည့်လိုက်ပြီး စိတ်ပျက်တဲ့လေသံနဲ့၊
“အလုပ် အလုပ် အလုပ်။ အလုပ်က မင်းမိန်းမထက် ပိုအရေးကြီးနေတာလား?”
“မိန်းမ?”
ကုန်းထျန်းဟောက်နဲ့ ဗီဒီယိုအစည်းအဝေးလုပ်နေတဲ့ သု့လက်အောက်ငယ်သားတွေ အံ့ဩသွားသည်။
သူတို့ဘော့စ်က ဘယ်တုန်းက မိန်းမရသွားတာလဲ?
ကုန်းထျန်းဟောက်က သူ့လက်အောက်ငယ်သားတွေရဲ့ အံ့ဩသွားမှုကို လျစ်လျူရှုပြီး ဗီဒီယိုကိုပိတ်လိုက်သည်။
သူက သူ့အဘိုးဘက်လှည့်ပြီး အေးအေးဆေးဆေးနဲ့၊ “ဒါပေါ့ အဘိုးရ၊ ကျွန်တော့်မိန်းမက အလုပ်ထက် ပိုအရေးကြီးတယ်လေ!”
သခင်ကြီးကုန်းကချက်ချင်း ၊ “ဒါဆိုရင်လည်း ကောင်မလေးရဲ့ တောင်တွေကိုငှားမယ့်တောင်းဆိုချက် အပယ်ခံလိုက်ရတာကို မင်းဘာလို့မကူညီလဲ?”
ကုန်းထျန်းဟောက်က နှုတ်ခမ်းကွေးပြီး
“အဘိုး ကျွန်တော်မကူညီဘူးဆိုတာ ဘယ်လိုသိလဲ?”
“…”
သခင်ကြီးကုန်းက
“ဒါဆိုရင် မင်းဘာလို့ဒီမှာထိုင်ပြီး အလုပ်လုပ်နေတာလဲ? မင်းအပြင်ထွက်ပြီး သူ့ကိုကူညီနေသင့်တာ!”
“ဘာလို့လဲဆိုတော့ ဒါကျွန်တော့်အတွက် သေးငယ်တဲ့ကိစ္စလေးမလို့ပေါ့!”
ကုန်းထျန်းဟောက်က အေးအေးဆေးဆေးပြောလိုက်သည်။
“အိုး မင်းအတွက် ကိစ္စလေးဖြစ်တာနဲ့ပဲ၊ မင်းမိန်းမနဲ့ မင်းယောက္ခမတွေကို စိုးရိမ်ခိုင်းမလို့လား?”
သခင်ကြီးကုန်းက မသက်မသာနဲ့ပြောလိုက်သည်။
“မင်းဒီပြဿနာကို လွယ်လွယ်လေးဖြေရှင်းနိုင်ပေမယ့် မင်းကအဲ့မှာရပ်ပြီး ရှိုးကြည့်နေတယ်။ မင်းက မိန်းမယူဖို့ တကယ်ရောစိတ်ပါလက်ပါရှိရဲ့လား? မင်းမိန်းမမရဘူးဆိုရင် ငါမြစ်ရမှာမဟုတ်တော့ဘူး။ ကျေးဇူးမသိတတ်တဲ့ကောင်”
သခင်ကြီးကုန်းက ကြိမ်းမောင်းလိုက်သည်။
ကုန်းထျန်းဟောက်က
“အဘိုး ကျွန်တော့်မှာ ကိုယ်ပိုင်ပလန်ရှိတယ်။ အဘိုး မြေးချွေးမတစ်ယောက်နဲ့ မြစ်တစ်ယောက်ကို အမြန်ဆုံးရချင်ရင်တော့ ကြားမဝင်တာကောင်းတယ်!”
သခင်ကြီးကုန်း “…”
သူကြားဝင်ချင်နေမှန်း ဒီကောင်က ဘယ်လိုသိတာတုန်း။
သခင်ကြီးကုန်းက သူ့ကိုသင်္ကာမကင်းကြည့်ပြီး၊
“ကုန်းထျန်းဟောက် မင်းမှာတကယ် အစီအစဉ်ရှိတာလား?”
ကုန်းထျန်းဟောက်က အထက်စီးဆန်စွာနဲ့၊
“အဘိုး ကျွန်တော်က ကျွန်တော့်မိန်းမကို တခြားသူတွေဆီက အနိုင်ကျင့်ခံနေမယ် ထင်နေတာလား?”
သခင်ကြီးကုန်းက ပြုံးလိုက်သည်။
“ကောင်းပြီ၊ မင်းမှာ မင်းကိုယ်ပိုင်အစီအစဉ်ရှိမှတော့ ငါဝင်မစွတ်ဖက်တော့ဘူး။ ငါအခုမင်းဆီကနေ လိုချင်တဲ့တစ်ခုတည်းသောအရာက အမြန်ဆုံးလက်ထပ်ဖို့ပဲ။ ဒါမှ ငါက ငါ့မြစ်ကို ပထမဆုံးချီတဲ့သူဖြစ်မှာ”
‘ဒါကတော့နည်းနည်းခက်ဦးမယ်’
ကုန်းထျန်းဟောက် တွေးလိုက်သည်။
‘အဘိုးမြစ်ကိုချီမဲ့ ပထမဆုံးသူက ကျွန်တော့်ယောက္ခမပဲ။ အဘိုး တန်းစီဖို့လိုတယ်’
သခင်ကြီးကုန်းက ထိုင်ပြီး မေးလိုက်သည်။
“ဒါနဲ့ ဘယ်သူက ထောင်ယွမ်ရွာကို ခရီးသွားနေရာအဖြစ် ပြောင်းချင်တာလဲ?”
ကုန်းထျန်းဟောက်က အေးစက်စွာ ရယ်မောလိုက်ပြီး
“အဲ့ဒါ Zမြို့ က ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေးကုမ္ပဏီကြီးတစ်ခုကပဲ။ သူတို့က ထောင်ယွမ်ရွာအကြောင်းကို စတော်ဘယ်ရီတွေနဲ့ သတင်းတင်ပြချက်တွေကနေတွေ့သွားတာ။ သူတို့က ဒီနေရာကို အမည်ခံခရီးသွားနေရာတစ်ခုအဖြစ်ပြောင်းချင်တာ
ဒါပေမယ့် တကယ်တမ်းတော့ သူတို့က ရှောင်လင်းယွီ စတော်ဘယ်ရီတွေစိုက်တဲ့မြေကို သိမ်းပိုက်ချင်တာလေ”
ဒါကိုကြားပြီး သခင်ကြီးကုန်းက ချက်ချင်းအားလုံးနားလည်သွားသည်။
သူက မျက်မှောင်ကြုံ့ပြီး၊ “ဒါဆိုသူတို့က ခရီးသွားလုပ်ငန်းကို စိတ်ဝင်စားတာမဟုတ်ဘဲ စတော်ဘယ်ရီတွေပေါက်တဲ့မြေကိုစိတ်ဝင်စားတာပေါ့? သူတို့က မြေကိုသိမ်းချင်တာလား?”
“ဟုတ်တယ်!”
ကုန်းထျန်းဟောက်က ခေါင်းညိတ်ပြီး ပြောလိုက်သည်။
“ရှောင်လင်းယွီရဲ့စတော်ဘယ်ရီတွေက နာမည်နည်းနည်းရနေပြီ။ ရှောင်လင်းယဲ့ကလည်း ဒီနှစ်ရဲ့ထိပ်တန်းကျောင်းသားပဲ။ သတင်းထောက်တွေတော်တော်များများ သူ့ကို အင်တာဗျူးဖို့လာခဲ့တယ်။ သတင်းထောက်တွေမှာ ထောင်ယွမ်ရွာအကြောင်းပြောဖို့ ကောင်းတဲ့အရာတွေအများကြီးရှိတယ်။
တစ်ချိန်တည်းမှာပဲ စတော်ဘယ်ရီတွေစိုက်လို့မရတဲ့ ရှင်းယင်ခရိုင်က ထောင်ယွမ်ရွာရဲ့စတော်ဘယ်ရီတွေနဲ့ အံ့ဖွယ်ဖြစ်ရပ်ဖန်တီးလိုက်တယ်။
ဒီနေရာကိုလာလည်ကြတဲ့သူတွေက သူတို့ပြန်သွားရင် ဒေသထွက်သီးနှံတွေအများကြီး ဝယ်သွားကြတယ်”
ကုန်းထျန်းဟောက်က သက်ပြင်းချလိုက်သည်။
“အဘိုး ဒီနေရာက အသီးအရွက်တွေက မားကတ်ကဟာတွေထက် ပိုအရသာရှိတယ်ဆိုတာကို အဘိုးသတိထားမိသင့်တယ်။ ရှောင်လင်းယွီမိသားစုရဲ့ အသီးအနှံတွေက အကောင်းဆုံးပဲ။ ဒါပေမယ့်လည်း ပုံမှန်ရွာသားတွေရဲ့ သီးနှံတွေကတောင် ဈေးကြီးတွေမှာရောင်းတာတွေထက် ပိုအရသာရှိတယ်လေ”
သခင်ကြီးကုန်းရဲ့မျက်နှာထားက ပုံမှန်မဟုတ်ဘဲ တည်သွားသည်။
“ဒါ့ကြောင့် အဲ့ဒီလူတွေက ဒီနေရာကမြေဆီလွှာက ထူးခြားတယ်လို့ထင်တာလား? ပြီးတော့ ဒါက အရသာရှိတဲ့သီးနှံတွေစိုက်နိုင်တယ်ပေါ့?”
“အမှန်ပဲ”
ကုန်းထျန်းဟောက်က ဆက်လိုက်သည်။
“အရသာရှိတဲ့အသီးအနှံတွေနဲ့ စတော်ဘယ်ရီတွေစိုက်နိုင်တဲ့ အထူးမြေနဲ့ဆို။
အဘိုး၊ ထောင်ယွမ်ရွာကနေ အမြတ်ဘယ်လောက်ရနိုင်မယ်လို့ထင်လဲ?”
“ရှောင်လင်းယွီရဲ့စတော်ဘယ်ရီတွေက တစ်ကျင်ကို ယွမ်၃၀၀နဲ့ရောင်းပြီးနေပြီ။ ဒီလိုဆိုရင်တောင် သူ့အသီးအရွက်တွေ ခနခနပြတ်ကုန်တယ်။ Zမြို့ ရဲ့အမျိုးသားပြည်ထောင်စုစူပါမားကတ်မှာ စတော်ဘယ်ရီ တစ်လုံးကို ၃၅ယွမ်နဲ့ရောင်းတယ်။ ဒါပေမယ့်လည်း ဝယ်သူတွေဘက်က ဘာမကျေနပ်ချက်မှမရှိဘူး”
“အဘိုး ဒီလူတွေသာ မြေကို သူတို့လက်ထဲတကယ်ရသွားရင် သူတို့သီးနှံတွေ ဘယ်လိုရောင်းမယ်ထင်လဲ?”
“ဒီအမြတ်ကြီးစားတဲ့လူတွေက ရှောင်လင်းယွီလိုတော့ ဈေးနှုန်းသတ်မှတ်တဲ့နေရာမှာ သင့်သင့်တင့်တင့်ရှိမှာမဟုတ်ဘူး”
သခင်ကြီးကုန်းက တည့်ပဲပြောလိုက်သည်။
“ဒါ့ကြောင့် သူတို့ပစ္စည်းတွေကို မိုးထိုးနေတဲ့ဈေးနဲ့ရောင်းမှာပဲ”
“ရှောင်လင်းယွီက စတော်ဘယ်ရီခြောက်မူစိုက်ထားခဲ့ပြီး ပုံမှန်စတော်ဘယ်ရီတွေထက် တော်တော်ဈေးကြီးကြီးရောင်းခဲ့တယ်။ ဒါပေမယ့် ဒီလိုဆိုရင်တောင် သူ သန်းတော်တော်ရလောက်ပြီ။ အမြတ်ကြီးစားတဲ့လူတွေက ပိုမြင့်တဲ့ဈေးနဲ့ရောင်းမှာပဲ။ သူတို့မှာ သန်း၁၀၀ထက်ပိုတဲ့ ခန့်မှန်းပြီးသားအမြတ်ရှိလိမ့်မယ်”
ကုန်းထျန်းဟောက် ခေါင်းညိတ်လိုက်သည်။
“ပြီးတော့ ဒါကတကယ့်အကြောင်းရင်းပဲ”
“ဒါဆို အဲ့လူတွေက နေရာကိုဖွံ့ဖြိုးအောင်လုပ်မယ်ဆိုတဲ့နာမည်နဲ့ လူသိရှင်ကြားလာသိမ်းလိုက်မှာပေါ့”
သခင်ကြီးကုန်းက မျက်မှောင်ကြုံ့လိုက်သည်။
“ရွာသားတွေ ရွှေ့ပြောင်းခံရလိမ့်မယ်။ သူတို့မြေတွေကို အယူခံလိုက်ရလိမ့်မယ်”
“အဟွတ်အဟွတ်...”
ကုန်းထျန်းဟောက်က အမှန်ပြင်ပေးလိုက်သည်။
“အဘိုး မြေကိုအယူခံရမှာမဟုတ်ဘူး။ ဒါပေမယ့် မြေကို အငှားချခံလိုက်ရမှာ”
သခင်ကြီးကုန်းက စက်ဆုပ်စွာနဲ့၊ “ဒါတွေက ဆင်ခြေသက်သက်ပဲ။ အမြတ်ထုတ်တဲ့သူတွေက မြေကိုယူဖို့ ငှားခနည်းနည်းလေးပဲပေးလိမ့်မယ်။ မင်းက ငါ့ကို ငတုံးထင်လို့လား?”
စီးပွားရေးသမားတစ်ယောက်အနေနဲ့ ကုန်းထျန်းဟောက်လည်း အရင်က ဆင်တူအရာမျိုး လုပ်ခဲ့ဖူးသည်။
“အဟွတ် အဟွတ်...”
ကုန်းထျန်းဟောက်က ထပ်ပြီး ချောင်းဆိုးလိုက်သည်။
သခင်ကြီးကုန်းက သူ့ကို စိုက်ကြည့်လိုက်ပြီး အထင်အမြင်သေးစွာနဲ့၊ “မင်းအအေးမိနေလည်းဆေးသောက်လိုက်။ သူများတွေကို မကူးစေနဲ့ အထူးသဖြင့် ငါ့မြေးချွေးမလေးကို”
ကုန်းထျန်းဟောက် “...”
သူ့အဘိုးစိတ်ထဲမှာတော့ သူက လူဖျင်းလူအတစ်ယောက်ထက်မသာပေ။
သူ့မြေးအရင်းကဘယ်သူတုန်း?
ကုန်းထျန်းဟောက်က
“စိတ်မပူနဲ့ အဘိုး ကျွန်တော်နေကောင်းတယ်။ ကျွန်တော့်လည်ချောင်းထဲ ယားနေရုံတင်”
“ဒီကိစ္စကို မြန်နိုင်သမျှမြန်မြန် ငြိမ်အောင်လုပ်လိုက်”
သခင်ကြီးကုန်းက မျက်နှာထားတင်းတင်းနဲ့ အမိန့်ပေးလိုက်သည်။
“ငါ့မြေးချွေးမလေး စိုးရိမ်ရအောင်မလုပ်နဲ့!”
“…”
ကုန်းထျန်းဟောက်က ခေါင်းညိတ်လိုက်သည်။
“ဟုတ်ကဲ့ ကျွန်တော်နားလည်ပြီ..”
***