← Chapters

စုံစမ်းမေးမြန်းခြင်း

Vol. 17 Ch. 290

စုံစမ်းမေးမြန်းခြင်း

Vol. 17 Ch. 290

တစ်နေ့မှာ အဖြူရောင်ကားတစ်စီး ထောင်ယွမ်ရွာကို မောင်းလာခဲ့သည်။

ထိုကားထဲမှ လူငယ်သုံးယောက်ထွက်လာပြီး သူတို့အားလုံးက သားသားနားနားဝတ်ဆင်ထားပြီး လက်ဆွဲအိတ်တွေကိုင်ထားသည်။

သူတို့မှာ ဝင့်ကြွားနေတဲ့အကြည့်လည်းရှိသည်။

သူတို့ကားထဲကထွက်လာတာနဲ့ ပတ်ပတ်လည်ကိုကြည့်လိုက်ပြီး ချက်ချင်းသူတို့မျက်နှာပေါ်မှာ အထင်အမြင်သေးတဲ့အကြည့်တွေပြလိုက်ကြသည်။

“စီအီးအိုလီ ဒီဆိုးရွားတဲ့နေရာကို ခရီးသွားနေရာအဖြစ်ပြောင်းနိုင်တယ်လို့ပြောတုန်းက ခင်ဗျားနောက်နေတာပဲဖြစ်ရမယ်”

“အမှန်ပဲ ဒီနေရာရဲ့နာမည်ကတော့ကောင်းတဲ့ပုံပေါ်ပေမယ့် နေရာကတော့မကောင်းဘူး။ မြေပြင်အနေအထားကဝေးလံပြီး လူတွေဒါကိုရှာတောင်‌မတွေ့နိုင်ဘူး”

လီကျားမင်က ရွာကိုစက်ဆုပ်စွာကြည့်လိုက်ပြီး

“သွားကြစို့ လှည့်ပတ်ကြည့်ရအောင်။ ငါတို့ဒေသခံရွာသားတစ်ယောက်ကို တွေ့နိုင်ရင် အကောင်းဆုံးပဲ”

သူ့မှာ မစ်ရှင်တစ်ခုရှိသည်။

သူကထောင်ယွမ်ရွာရဲ့ရှုခင်းတွေကို စိတ်မဝင်စားပေ။

မကြာခင်မှာပဲ သူတို့သုံးယောက် ရွာသားတစ်ယောက်ကို တွေ့သွားကြသည်။

လျိုကျန်းက ရှောင်ချန်းချိုင်ကိုတားပြီး၊ “ရွာသားကြီး ကျွန်တော်တို့ကအပြင်ကပါ။ ခင်ဗျားတို့ရွာရဲ့ အသွင်အပြင်တွေကို ပြလို့ရမလား?”

သူတို့ ရှောင်ချန်းချိုင်ရဲ့အဝတ်အစားတွေကိုမြင်တော့ စက်ဆုပ်ရွံရှာမှုတွေနဲ့ ပြည့်သွားသည်။

သူက တကယ်ဆင်းရဲတာပဲ။

ပြီးတော့ သူကဘာလို့သရဲတစ်ကောင်နဲ့တူနေတာလဲ?

သူ့မှာ စားစရာသောက်စရာ မရှိဘူးလား?

အမှန်အတိုင်းပြောရရင် သူတို့က ရှောင်ချန်းချိုင်ကို သူတို့ဂိုက်ဒ်မဖြစ်စေလိုပေ။ သူတို့က ပိုပြီးမျက်စိပဒသာဖြစ်မယ့်လူတစ်ယောက်ကို ရှာချင်သည်။

ဒါပေမယ့်လည်း ယုတ်မာမယ့်ပုံပေါက်တဲ့သွင်ပြင်အရ ဒါကသူတို့သုံးယောက် လိုအပ်နေတဲ့အရာဖြစ်သည်။

ဒါအရင်တုန်းကသာဆိုရင် ရွာသားတွေက မြို့ကဝတ်ကောင်းစားလှနဲ့လူတွေကိုမြင်ရင် အထိတ်တလန့်ဖြစ်ကြလိမ့်မည်။ ဒါပေမယ့်လည်း လောလောဆယ်တော့ မြို့ကလူတွေ ပိုပိုလာကြသည်။

ရွာသားတွေက ဒါကို အသားကျနေပေပြီ။

ရှောင်ချန်းချိုင်က နဂိုတည်းက ဒီမြို့သားတွေကို သိပ်အာရုံမစိုက်ပေ။ သူက အလုပ်လုပ်ဖို့ လယ်ကွင်းတွေကိုသွားရဦးမည်။ သူ့မိသားစုအလုပ်တွေပြီးရင် သူက ရှောင်လင်းယွီမိသားစုရဲ့အလုပ်တွေကို အခမဲ့လုပ်ပေးရဦးမည်။ ဒီအကြောင်းတွေးပြီး သူက ထူးထူးခြားခြားစိတ်တိုလာသည်။

ဒါပေမယ့်လည်း သူလုပ်နိုင်တာဘာမှမရှိပေ။ သူ့အိမ်ရုတ်တရက် မီးလောင်သွားကတည်းက သူကြောက်သွားသည်။ သူအလုပ်မလုပ်ဘူးဆိုရင် သူဝဋ်လည်လိမ့်မည်။

ရှောင်ချန်းချိုင်က ခေါင်းထောင်ပြီး သုံးယောက်သားရဲ့မျက်လုံးထဲက အထင်သေးမှုကို သတိထားမိသွားသည်။

သူက၊ “တစ်ခြားတစ်ယောက်သာသွားရှာလိုက်”

ထိုသို့ပြောပြီး သူကလှည့်ပြီး ထွက်ဖို့ပြင်ဆင်လိုက်သည်။

သူ့မှာ သူတို့ လမ်းပြလုပ်ဖို့ အချိန်မရှိပေ။

ထိုအချိန်တွင် လီကျားမင်က ပါးစပ်ဟပြီး၊ “ကျုပ်တို့ကိုလှည့်ပတ်ပြပေးဖို့ ခင်ဗျားကို ယွမ်၂၀၀ပေးမယ်”

ရှောင်ချန်းချိုင်ရဲ့မျက်လုံးတွေ လင်းလက်သွားသည်။ ပြီးနောက် သူက ခနတွေးတောပြီး၊ “ယွမ်၃၀၀၀”

လီကျားမင်နဲ့တခြားနှစ်‌ယောက်က ခနမျှ အံ့ဩကုန်သည်။

ပြီးနောက် ငေါ့တော့တော့မျက်နှာတွေဖြစ်သွားခဲ့ပြီး အထင်အမြင်သေးစွာနဲ့၊ “ယွမ်၃၀၀၀?

အစ်ကိုကြီး ခင်ဗျားအိပ်မက်မက်နေတာမဟုတ်ဘူးဆိုတာ သေချာလား?”

၃၀၀၀က သူတို့အတွက် ဘာမှမဟုတ်ပေ။ ဒါပေမယ့်လည်း ဒါကတောသားတွေအတွက်တော့ များပြားတဲ့ ပမာဏပဲ။ ထိုလူက သူတို့ကို ပိုက်ဆံတွေအများကြီး တောင်းတဲ့အတွက် သူတို့အံ့ဩကုန်သည်။

ရှောင်ချန်းချိုင်က သူ့လက်တွေကို ကြောက်ကြောက်လန့်လန့်နဲ့ပွတ်လိုက်ပြီး

“မင်းတို့ငါ့ကို၃၀၀၀ပေးရင် မင်းတို့ကို ထောင်ယွမ်ရွာက အထူးနေရာတစ်ခုကို ခေါ်သွားပေးမယ်။ ငါတို့ရွာရဲ့ လျှို့ဝှက်ချက်ကိုလည်း ပြောပြပေးမယ်”

“ဘာလျှို့ဝှက်ချက်လဲ?”

လျိုကျန်းက မေးလိုက်သည်။

ရှောင်ချန်းချိုင်က ပါးစပ်ပိတ်လိုက်ပြီး ဘာမှမပြောပေ။

သူ‌ပြောလိုက်တာနဲ့ ပိုက်ဆံရတော့မှာမဟုတ်မှန်း သူသိသည်။

လီကျားမင်က ရှောင်ချန်းချိုင်ရဲ့ တင်းကျပ်နေအောင်ပိတ်ထားတဲ့ပါးစပ်ကိုကြည့်လိုက်သည်။

သူက မျက်မှောင်ကြုံ့ပြီး၊ “ဘာလျှို့ဝှက်ချက်မျိုးလဲဆိုတာ ကျုပ်တို့ကို ပေးသိရမယ်။ ဒါမှ အဖိုးအခနဲ့တန်ရဲ့လားဆိုတာ သိမှာပေါ့”

ရှောင်ချန်းချိုင်ကလည်း မတုံးအပေ။

သူက၊ “လျှိူ့ဝှက်ချက်ဆိုမှတော့ ငါသာမန်ကာလျှံကာပြောလို့ ဘယ်ဖြစ်ပါ့မလဲ။ မဟုတ်ရင်တော့ ငါ ထောင်ယွမ်ရွာတစ်ခုလုံးကို ပြစ်မှုကျူးလွန်မိလိမ့်မယ်”

ထိုအချိန်မှာ သူက

“ငါစိတ်ပြောင်းသွားပြီ။ လျှို့ဝှက်ချက်က အနည်းဆုံး ၃၀၀၀၀တန်တယ်လို့ငါထင်တယ်။ ဒါကြောင့် မင်းတို့တကယ်လျှို့ဝှက်ချက်ကို လိုချင်ရင် ငါ့ကိုယွမ်၃၀၀၀၀ပေး”

“ဘာ?”

လူသုံးယောက် အံ့ဩကုန်သည်။

“ခင်ဗျားကတော်တော်လောဘကြီးတာပဲ။ ခင်ဗျားကနေ ၃၀၀၀ကနေ ၃၀၀၀၀တောင်ဖြစ်သွားတယ်။ အဲ့‌ဒီလောက်ငွေအများကြီးကို ခင်‌ဗျားဘဝမှာရော မြင်ဖူးရဲ့လား?”

ရှောင်ချန်းချိုင်က သူတို့ခနဲ့တဲ့တဲ့စကားတွေကို လျစ်လျူရှုလိုက်ပြီး တည်တည်ငြိမ်ငြိမ်နဲ့

“ငါပြောပြမယ်။ မင်းတို့ကို ငါကလွဲပြီးတော့ ထောင်ယွမ်ရွာကဘယ်သူမှ ဒီလျှို့ဝှက်ချက်ကို ပြောပြမှာမဟုတ်ဘူး။ ဒါကြောင့် မင်းတို့ကို ဒီလျှို့ဝှက်ချက်ကိုရောင်းရင်း စွန့်စားမှုကြီးတစ်ခုလုပ်လိုက်တာ”

သူက ခေါင်းဆောင်ဖြစ်ပုံရတဲ့ လီကျားမင်ကိုကြည့်ပြီး ဆက်ကာ၊ “‌ဒါကြောင့် မင်းတို့လျှို့ဝှကိချက်ကို လိုချင်ရင် ငါ့ကို ၃၀၀၀၀ပေး။ မဟုတ်ရင်တော့ ငါအခုသွားတော့မယ်။ ပြီးတော့ ငါဘာလုပ်ခဲ့လဲ‌ဆိုတာ သူတို့သိတာနဲ့ တစ်ရွာလုံး‌ဆီကနေ ငါလိုက်ဖမ်းခံရမှာ။ ငါဘာမှမရထားဘဲနဲ့တော့ မစွန့်စားနိုင်ဘူး”

လီကျားမင်ကခနလောက်တွေးပြီး

“ကောင်းပြီ! ကျုပ် ခင်ဗျားကိုပိုက်ဆံမပေးခင် ခင်ဗျားလျှို့ဝှက်ချက်က ဘာလဲဆိုတာတော့ သိဖို့လိုတယ်”

ရှောင်ချန်းချိုင်ကလည်း မတုံးပေ။

“မရဘူး မင်းငါ့ကို ပိုက်ဆံအရင်ပေးရမယ်”

ထိုအချိန်တွင် သူက တစ်ခုစုံခုကိုတွေးလိုက်ပြီး

“မင်းက ဒီကိုစတော်ဘယ်ရီတွေအတွက် ရောက်လာတာမလား?”

လီကျားမင်ကအံ့ဩစွာနဲ့၊ “ခင်ဗျားဘယ်လိုသိလဲ?”

ရှောင်ချန်းချိုင်က ထေ့ငေါ့တဲ့မျက်နှာထားနဲ့

“ဘာလို့လဲဆိုတော့ ရွာကိုလာတဲ့ မြို့ကလူအများစုက ဒီနေရာကို စတော်ဘယ်ရီတွေအတွက် ရောက်နေကြတာ။ မင်းဘာလို့လဲဆိုတာသိချင်လား?”

လီကျားမင်က လည်ဝယ်တဲ့လူဖြစ်သည်။ ရှောင်ချန်းချိုင်ရဲ့လျှို့ဝှက်ချက်က စတော်ဘယ်ရီတွေနဲ့ ဆက်စပ်နေမှန်း သူချက်ချင်းနားလည်လိုက်သည်။

ဒါပေမယ့်လည်း သူ့အသိပညာအရ စတော်ဘယ်ရီတွေရဲ့ လျှို့ဝှက်ချက်က လယ်သမားမိသားစုကိုပဲ ကန့်သတ်ထားသည်။

ဘယ်လိုလုပ် တစ်ရွာလုံးပါဝင်နိုင်ပါ့မလဲ?

ဒါပေမယ့်လည်း အဲ့ဒီနေ့ကသူ့မစ်ရှင်က ထောင်ယွမ်ရွာရဲ့ လျှို့ဝှက်ချက်ကို ရှာဖို့ဖြစ်သည်။

လီကျားမင်ကပြန်ဖြေလိုက်သည်။

“ကောင်းပြီ ကျွန်တော် ခင်ဗျားကို ယွမ်၃၀၀၀၀ပေးမယ်”

သူသာ အဲ့ဒီလျှို့ဝှက်ချက်ကို ယွမ်၃၀၀၀၀နဲ့ဝယ်နိုင်ရင် ဒါကတန်တာပဲ။

…

Zမြို့ရဲ့ ကမ္ဘာအနှံ့ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီဥက္ကဌရဲ့ ရုံးခန်းထဲတွင် ဗိုက်ပူပူနဲ့ ငါးဆယ်ဝန်းကျင် သတ်လတ်ပိုင်းလူတစ်ယောက်က သူ့ရှေ့မှာရှိတဲ့ လက်အောက်ငယ်သားဆီက တင်ပြချက်ကိုရခဲ့သည်။

“ဘော့စ် အားလုံးစုံစမ်းပြီးသွားပြီ”

“ပြော!”

လျောင်ကောဟိုင်ရဲ့ဒေါသထွက်နေတဲ့မျက်လုံးတွေက လောဘနဲ့ ရည်မှန်းးချက်ကြီးတဲ့ အရိပ်အယောင်ပါနေခဲ့သည်။

လီကျားမင်ကတင်ပြလိုက်သည်။ “ထောင်ယွမ်ရွာရဲ့ရှုခင်းတွေက တော်တော်လေးကောင်းပါတယ်။ ဒါပေမယ့်လည်း လမ်းပန်းဆက်သွယ်ရေးနဲ့ ကျဉ်းမြောင်းပြီးဝေးလံတဲ့မြေပြင်အနေအထားကြောင့် သူ့ကို ဖွံ့ဖြိုးအောင်လုပ်ရင် တန်ဖိုးသိပ်မရှိလှဘူး။

ကျွန်တော်တို့ဒါကို တိုးတက်အောင်လုပ်ရင် ရင်းနှီးမြှုပ်နှံဖို့နဲ့ ဆွဲဆောင်မှုရှိတဲ့ခရီးသွားပရောဂျက်အမျိုးအစားအားလုံးက လွဲပြီးတော့ ကျွန်တော်တို့ အခြေခံသာယာမှုတွေအပေါ်မှာ ရင်းနှီးမြှုပ်နှံဖို့လိုတယ်။ ရင်းနှီးမြှုပ်နှံမှုတွေက ကြီးမားလိမ့်မယ်”

လျောင်ကောဟိုင်က ခေါင်းညိတ်ပြီး၊ “အင်း တခြားစုံစမ်းမေးမြန်းတာတွေကရော?”

လီကျားမင်ကခေါင်းညိတ်ပြီး၊ “ဘော့စ် ကျွန်တော်တို့အဲ့ဒါကို စုံစမ်းခဲ့ပြီးပြီ။ ဘော့စ် ထောင်ယွမ်ရွာရဲ့မြေက တကယ်တော့အရမ်းထူးထူးခြားခြားမရှိဘူး။ အဲ့ဒါက စတော်ဘယ်ရီတွေစိုက်ပျိုးဖို့ မသင့်တော်ဘူး”

လျောင်ကောဟိုင်ကမျက်လုံးကျုံ့လိုက်ပြီး ရှင်းရှင်းလင်းလင်းမေးလိုက်သည်။

“ဒါဆို ဘာတွေဖြစ်နေတာလဲ‌ဆိုတာ မင်းဘယ်လိုရှင်းပြမလဲ? သူတို့က ဘယ်လိုလုပ် ရုတ်တရက်ကြီး စတော်ဘယ်ရီတွေစိုက်နိုင်သွားတာလဲ? ပြီးတော့ လယ်သမားကလည်းအရမ်းသာမန်ပဲ”

‌အကြောင်းမှာ သူက တောကလူတွေနဲ့ အဆက်အဆံလုပ်နေရတဲ့အတွက် ဒါမျိုးလုပ်ရခြင်းဖြစ်သည်။ သူက ကုမ္ပဏီအများစု လုပ်ကြမယ့်ဟာကိုသာ လုပ်ခြင်းဖြစ်သည်။ ပြီးတော့ ရရှိမယ့်အကျိုးအမြတ်လည်းရှိသည်။ ဒါ့ပြင် ကုမ္ပဏီကြီးတစ်ခုနဲ့ အဆက်အသွယ်ကောင်းတွေရှိသည်။

လီကျားမင်က၊ “မြေနဲ့ပက်သက်ပြီး ဘာမှထူးခြားတာမရှိဘူး။ ပြီးတော့ ထောင်ယွမ်ရွာနဲ့ပက်သက်ပြီးလည်း ဘာမှထူးခြားတာမရှိဘူး။ ထူးခြားတာက နွားတစ်ကောင်ပဲ”

“နွားတစ်ကောင်?!”

လျောင်ကောဟိုင်ကသိသိသာသာရှော့ရသွားသည်။

“မင်းဘာကိုဆိုလိုတာလဲ?”

လီကျားမင်က၊ “ဒီတစ်ခေါက်က ကျွန်တော်တို့ ကံကောင်းသွားတာ။ စတော်ဘယ်ရီစိုက်တဲ့လူကို မလိုမုန်းထားနေတဲ့ရွာသားတစ်ယောက် ကျွန်တော်တို့တန်းတွေ့သွားတယ်။ ကျွန်တော်တို့ သူ့ကို ယွမ်၃၀၀၀ပေးလိုက်တယ်။

ပြီးတော့ သူက ကျွန်တော်တို့ကို ထောင်ယွမ်ရွာရဲ့ လျှိ့ဝှက်ချက်ကို ပြောပြတယ်။

တခြားအပြင်လူတွေဆီကနေ ဒီလျှို့ဝှက်ချက်ကို ထိန်းသိမ်းထားနိုင်အောင် ကျွန်တော်သူ့ကို အပို၁၀၀၀၀တောင်ပေးလိုက်သေးတယ်”

လျောင်ကောဟိုင်က စားပွဲကို လက်တစ်ဖက်နဲ့ ထုလိုက်ပြီး တခြားတစ်ဖက်နဲ့သူ့ပေါင်ကို ပုတ်လိုက်သည်။

သူ့နှလုံးသားက ပီတိဖြစ်မှုတွေနဲ့ ပြည့်နေခဲ့သည်။

ထောင်ယွမ်ရွာရဲ့လျှို့ဝှက်ချက်ကိုရဖို့ အရမ်းလွယ်ကူနေလိမ့်မယ်လို့ သူမထင်ခဲ့ပေ။

ထောင်ယွမ်ရွာကို သူရယူဖို့ ဘုရားသခင်ကတောင်ကူညီနေတာပဲ။

“ဆက်ပြော”

လီကျားမင်ဆက်ပြောသောအခါ သူ့မျက်လုံးတွေက အရူးအမူးဖြစ်မှုနဲ့ လောဘတွေပြည့်နေခဲ့သည်။

“ဘော့စ် စတော်ဘယ်ရီတွေစိုက်တဲ့လူက ရှောင်လင်းယွီလို့ခေါ်တဲ့ လူတစ်ယောက်ပဲ။ သူစတော်ဘယ်ရီတွေစိုက်နိုင်ရတဲ့အကြောင်းရင်းက သူက နွားဘုရင်ငယ်လေးကို မတော်တဆကံကောင်းပြီးရသွားခဲ့လို့”

“နွားဘုရင်ငယ်လေး?”

လျောင်ကောဟိုင်ရှုပ်ထွေးသွားသည်။

“ဟုတ်တယ် သူ့မစင်က အပင်တွေကို မြေဩဇာထည့်ဖို့သုံးတယ်။ သူတို့သီးနှံတွေ ကောင်းကောင်းရှင်သန်ပြီး အရသာကလည်း အရမ်းထူးခြားတယ်။ အဲ့ဒါတွေက စတော်ဘယ်ရီကြီးထွားမှုတွေမှာလည်း ကူညီပေးသေးတယ်။ ထောင်ယွမ်ရွာက အသီးအနှံတွေက မားကတ်မှာရောင်းတဲ့ဟာတွေထက်ပိုကောင်းတယ်။

အဲ့ဒါတွေက ကျွန်တော်တို့အော်ဂဲနစ်အသီးအနှံစတိုးမှာ ရောင်းတဲ့ဟာတွေထက်တောင် ပိုအရသာကောင်းသေးတယ်။

ထောင်ယွမ်ရွာမှာ ဒီနှစ်ရဲ့ထိပ်တန်းကျောင်းသားရှိတယ်။ လူတော်တော်များများ အဲ့ဒီကို အလည်သွားကြတယ်။ သူတို့ ဒေသသီးနှံတွေနဲ့ ပြန်လာကြတယ်။ သူတို့ကို ဈေးချိုချိုနဲ့ရောင်းခဲ့ကြတယ်”

ထိုအကြောင်းကိုပြောနေရင်း လီကျားမင်ကသူ့လောဘကို ထိန်းမထားနိုင်ဘဲ စိတ်လှုပ်ရှားစွာနဲ့

“ဘော့စ် ကျွန်တော်တို့ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေးနာမည်နဲ့ အဲ့ဒီနွားကိုဝယ်လိုက်ရင် နွားက ကျွန်တော်တို့ရဲ့ ပိုက်ဆံထုတ်စက်ဖြစ်လာလိမ့်မယ်! ငွေတွေလှိမ့်ဝင်လာလိမ့်မယ်!”

နွားဘုရင်ငယ်လေးက ရွှေထုတ်ပေးတဲ့သူပဲ...

အဲ့ဒါကို သူတို့လက်ထဲရမှဖြစ်မယ်!

***

All Chapters