ပစ်မှတ်ထားခံရခြင်း
Vol. 17 Ch. 291
လီကျားမင် ပြောတာကိုနားထောင်ပြီးတော့ လျောင်ကောဟိုင်ရဲ့မျက်နှာထားက လောဘကြီးတဲ့ပုံစံပြောင်းသွားသည်။
သူ့အမူအယာထဲမှာ လောဘနဲ့ သွေးရူးသွေးတန်းဖြစ်မှုကို ထိန်းမထားနိုင်ပေ။ သူ့မျက်လုံးထဲမှာရှိတဲ့ စိတ်အားထက်သန်မှုက အခုအခုချက်ချင်း နွားဘုရင်ငယ်လေးကို သူ့လက်ထဲရောက်လာအောင်ပြုလုပ်စေသည်။
လျောင်ကောဟိုင်က စိတ်လှုပ်ရှားစွာနဲ့၊ “ကျားမင် မင်းကောင်းကောင်းလုပ်ခဲ့တာပဲ။ အဲ့ဒီ ၄၀၀၀၀ကတကယ်တန်တယ်။ ပြီးတော့ ဒီလျှို့ဝှက်ချက်ကို မင်းကို ၃၀၀၀၀နဲ့ရောင်းတဲ့လူက တကယ့်ငတုံးပဲ။ ဒီလျှို့ဝှက်ချက်က ၃၀၀၀၀မပြောနဲ့ ၄၀၀၀၀၀လောက်တန်တယ်”
လီကျားမင်ကပြုံးပြီး
“ဟားဟား ဘော့စ်၊ ကျွန်တော်တို့ဒီတစ်ခေါက် တကယ်ကံကောင်းသွားတာ။ ကျွန်တော်တို့ကားပေါ်ကဆင်းတဲ့အချိန်မှာ ရှောင်လင်းယွီရဲ့ရန်သူဆီ ပြေးတွေ့တော့တာပဲ”
သူက ရှောင်လင်းယွီနဲ့ အဲ့ဒီလူရဲ့ ဇာတ်ကြောင်းကိုမသိပေမယ့် စိတ်လည်းမဝင်စားပေ။
ဘာပဲဖြစ်ဖြစ် သတင်းကိုရဖို့ဒီခရီးက တကယ်တန်သွားသည်။
လျောင်ကောဟိုင်ကချီးမွမ်းလိုက်သည်။
“ကျားမင်၊ မင်းဒီတစ်ခေါက် အလုပ်ကောင်းတစ်ခု လုပ်ခဲ့တာပဲ။ ဒီရင်းနှီးမြှုပ်နှံမှု အောင်မြင်သွားပြီးရင် ငါမင်းကို ကုမ္ပဏီရဲ့ ဒုတိယဥက္ကဌအနေနဲ့ ရာထူးတိုးပေးမယ်။ ဆက်ပြီးကြိုးစားလုပ်။ ပြီးရင် ငါမင်းကို ဥက္ကဌဖြစ်အောင် ရာထူးတိုးပေးမယ်”
လီကျားမင်ကဝမ်းမြောက်ဝမ်းသာ အံ့ဩသွားသည်။ သူ့မျက်လုံးတွေ လင်းလက်သွားပြီး
“ကျေးဇူးပါ ဘော့စ်”
“သွားပြီး တစ်ယောက်ယောက်နဲ့ အစီအစဉ်သွားဆွဲလာချေ။ ဒါပေမယ့် မှတ်ထားဦး။ ထောင်ယွမ်ရွာနွားဘုရင်ငယ်လေးရဲ့ကိစ္စက ပေါက်ကြားလို့မရဘူး!”
လျောင်ကောဟိုင်က လေးလေးနက်နက်အမိန့်ပေးလိုက်သည်။
“ပြီးတော့ ဒီကိစ္စကို တင်းတင်းကျပ်ကျပ်လျှို့ဝှက်ထားရမယ်လို့လည်း တခြားနှစ်ယောက်ကို အသိပေးလိုက်ဦး။ ငါတို့ထောင်ယွမ်ရွာကို ကျော်ဖို့ ပြည့်စုံတဲ့ပလန်တစ်ခုလုပ်မယ်”
လီကျားမင်ကခေါင်းညိတ်ပြီး
“ဟုတ်ကဲ့ ဘော့စ်”
ဒီလိုအံ့ဩဖို့ကောင်းတဲ့သတင်းမျိုးကို သူတို့ဘယ်လိုအကြောင်းကြောင့် ပေါက်ကြားအောင်လုပ်ရမှာလဲ။
ဒါက တခြားသူတွေ ရွှေရောင်မြေထောင်ယွမ်ရွာအတွက် သူတို့ကိုပဲ တိုက်ခိုက်လာစေမှာပေါ့။
လီကျားမင်ထွက်သွားပြီးတော့ လျောင်ကောဟိုင်က စားပွဲကို လက်တစ်ဖက်နဲ့ ဖြည်းဖြည်းခေါက်လိုက်ပြီး တခြားတစ်ဖက်နဲ့ သူ့ပေါင်ကို ပုတ်လိုက်သည်။
သူက ပုန်းလျှိုးကွယ်လျှိုးအလင်းနဲ့ သူ့မျက်လုံးကိုကျုံ့လိုက်သည်။
အစက စတော်ဘယ်ရီတွေကို ကြီးထွားစေတာက ထောင်ယွမ်ရွာရဲ့မြေဆီလွှာလို့သူတွေးခဲ့သည်။
ဒါပေမယ့်လည်း လျှို့ဝှက်ချက်က မြေဆီလွှာမဟုတ်ဘဲ နွားဘုရင်ငယ်လေးမှန်း အခုသဘောပေါက်သွားသည်။
ဒါက ထောင်ယွမ်ရွာဘာလို့ ရုတ်တရက် နာမည်ရလာတယ်ဆိုတာကို ရှင်းပြနိုင်သွားသည်။
နွားဘုရင်ငယ်လေးနဲ့ဆိုရင် သူလိုချင်တဲ့ဘယ်နေရာမှာမဆို အံ့ဖွယ်သီးနှံတွေစိုက်လို့ရသည်။
သူနွားဘုရင်ငယ်လေးကို ရလိုက်တဲ့အချိန်ကျရင် သူ့မှာ တစ်ဦးတည်းလက်ဝါးကြီးအုပ်ခွင့်ရှိလာလိမ့်မည်။
ဒါက သူတန်ဖိုးကို ဘယ်လိုပဲဖြစ်ဖြစ်ဆုံးဖြတ်နိုင်ကြောင်း ဆိုလိုနေသည်။
National Unionစူပါမားကတ်က စတော်ဘယ်ရီတစ်လုံးကို ၃၅ယွမ်နဲ့ရောင်းပြီး ဒါကပုံမှန်ကာစတန်မာတွေအတွက် ဈေးဖြစ်သည်။ အထက်တန်းဖောက်သည်တွေကို တာဝန်ယူရရင် တစ်လုံးကို ၃၅၀နဲ့ရောင်းသည်။ ဒါ့ပြင် ဒီအထက်တန်းလွှာတွေကလည်း ဈေးအကြီးဆုံးပစ္စည်းတွေကိုပဲ နှစ်သက်သည်။
အခု စတော်ဘယ်ရီတွေသာမကဘဲ တခြားအသီးအနှံတွေကလည်း ထူးခြားကြောင်း သူ့ကိုပြောခဲ့ကြသည်။
ဥပမာအနေနဲ့ လူသိများတဲ့ တရုတ်ဂေါ်ဖီထုပ်ကို မားကတ်မှာ တစ်ကျင်ကို ဆင့်နည်းနည်းနဲ့ပဲရောင်းပြီး စူပါမားကတ်က အော်ဂဲနစ်ဖြစ်ပြီး ညစ်ညမ်းမှုကင်းတဲ့ အစိမ်းရောင်အသီးအရွက်တွေကိုတော့ တစ်ကျင်ကို ယွမ်ဆယ်ချီရောင်းသည်။
ဒါပေမယ့်လည်း အဲ့ဒီဆင်းရဲတဲ့ရွာကလေးကဆိုရင်တောင် ထောင်ယွမ်ရွာက အသီးအနှံတွေကိုတော့ တစ်ကျင်ကို ယွမ်၁၀ထက်ပိုရောင်းသည်။
သူက ဒါတွေကို မြို့ကြီးတွေကိုရောင်းဖို့ ရွှေ့လိုက်ရင်ရော?
ဈေးတွေကပိုတောင်မြင့်သွားဦးမယ်!
ဒါကိုတွေးပြီး လျောင်ကောဟိုင်ကသူ့မျက်လုံးထဲက လောဘကို ထိန်းမထားနိုင်ပေ။
သူက အထက်ပိုင်းစိုက်ပျိုးရေးဈေးကွက်ကို သူကိုယ်တိုင်ယူသွားတော့မှာကို မြင်နေရသည်။
သူ့အိတ်ထဲကို ငွေတွေအများကြီးဝင်လာတာကို မြင်နေရသည်။
ဒါပေမယ့် သူချက်ချင်းအသိပြန်ဝင်သွားသည်။
သူ့မှာ လောလောဆယ်နွားဘုရင်ငယ်လေး မရှိသေးဘူးလေ။
ဒါပေမယ့်ဘည်း သူနွားဘုရင်ငယ်လေးကို ရလိုက်တာနဲ့ ပိုက်ဆံတောင်ကြီးရမယ့်နေ့က သိပ်မဝေးတော့ပေ။
ဒါကိုတွေးပြီး သူချက်ချင်း စိတ်အေးသွားသည်။
ပြီးတော့ သူကမျက်မှောင်ကြုံ့ပြီး ဖုန်းခေါ်လိုက်သည်။ ဖုန်းလက်ခံရပြီးတော့ သူက၊ “ငါပါ။
ငါထောင်ယွမ်ရွာကို ခရီးသွားလုပ်ငန်းအခြေစိုက်အနေနဲ့ နည်ဆောက်ပြုပြင်ဖို့စဉ်းစားနေတာ။
ကောင်းပြီလေ မင်းငါ့ကိုကူညီနိုင်မယ်လို့ ငါမျှော်လင့်တယ်!”
ထောင်ယွမ်ရွာကို တည်ဆောက်ပြုပြင်ဖို့က သူ့ပန်းတိုင်မဟုတ်ပေ။
နွားဘုရင်ငယ်လေးကသာ သူ့နောက်ဆုံးပန်းတိုင်ဖြစ်သည်။
သူ့ရဲ့လက်ရှိငွေအင်အားနဲ့ ရှင်းယင်ခရိုင်ရဲ့ အရင်စီးပွားရေးအခြေအနေနဲ့ဆိုရင် ရင်းနှီးမြှုပ်နှံမယ့်ပါတနာမလိုပေ။ ရှင်းယင်ခရိုင်က သူ့ကို အရမ်းကြိုဆိုချင်နေကြသည်။
ပြီးတော့ သူ့ရဲ့ရင်းနှီးမြှုပ်နှံမှုက ခရိုင်ရဲ့စီးပွားရေးကို မြှင့်တင်ပေးလိမ့်မည်။
ဒါ့ကြောင့် လျောင်ကောဟိုင်က ရှင်းယင်ခရိုင်မှ ဘာကန့်ကွက်ချက်မှ မျှော်လင့်မထားပေ။
သူက အသေးဆုံးကုန်ကျစရိတ်လေးကနေ အကြီးမားဆုံးအကျိုးကျေးဇူးတွေ ရလိမ့်မည်။
…
ရှင်းယင်ခရိုင်တွင် အစည်းအဝေးတစ်ခုကျင်းပလို့နေသည်။
လင်းဖုန်းကျိုက စိတ်လှုပ်ရှားစွာနဲ့၊
“Zမြို့ရဲ့ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီက ရှင်းယင်ခရိုင်မှာ တည်ဆောက်ပြုပြင်ဖို့စီစဉ်နေတယ်ဆိုတာကို အတည်ပြုပြီးသွားပြီ။ သူတို့က ထောင်ယွမ်ရွာကို မျက်စိကျနေတာ”
တခြားသူတွေ ဒီသတင်းကိုကြားတော့ သူတို့လည်း အရမ်းစိတ်လှုပ်ရှားသွားခဲ့သည်။
စီးပွားရေးမှာတာဝန်ရှိတဲ့ ဟုန်ချင်က အပျော်ဆုံးလူဖြစ်သည်။
အကြောင်းမှာ ထောင်ယွမ်ရွာရဲ့တည်ဆောက်ပြုပြင်မှုသာ အောင်မြင်သွားရင် နိုင်ငံတစ်ခုလုံးကလူတွေ လာရောက်လည်ပတ်ကြလိမ့်မည်။ ရှင်းယင်ခရိုင်လည်း ပိုနာမည်ကြီးလာလိမ့်မည်။
ပြင်ပရန်ပုံငွေတွေစုပြုံရောက်ရှိလာမှုကလည်း ခရိုင်ရဲ့ အလုံးစုံစီးပွားရေးအခြေအနေကို မြှင့်တင်ပေးလိမ့်မည်။ သူ့ရာထူးတိုးမှုကို အခုတည်းက ကြိုမြင်နေရပေပြီ။
ဟုန်ချင်က ပျော်ရွှင်စွာနဲ့
“ကောင်းတယ်! ကောင်းတယ်!”
ချန်ကောရှင်းကမျက်မှောင်ကြုံ့ပြီး
“ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီရဲ့အစီအစဉ်က ဘာလဲ?
သူတို့ ရွာသားတွေကို ဘယ်လိုပြောင်းရွှေ့ဖို့ စီစဉ်ထားလဲ?
သူတို့ကိုဘယ်လိုလျော်ကြေးပေးမှာလဲ?
ရွာသားတွေက အဲ့ဒီမှာ မျိုးရိုးစဉ်ဆက်နေလာကြတာ။ သူတို့မြေမှာ လယ်စိုက်နိုင်ပါဦးမလား?
ဒါမှမဟုတ် ကုမ္ပဏီက သူတို့ဆီကနေ သူတို့မြေကို ယူလိုက်မှာလား? ဒါပေမယ့် ဒီလိုဆိုရင် နောင်ကျ သူတို့ဘယ်လိုနေထိုင်မှာလဲ? ကုမ္ပဏီရဲ့ပလန်ကဘာလဲ?”
လင်းဖုန်းကျိုက
“ကောရှင်း ခင်ဗျားမှာ မေးခွန်းကောင်းတွေရှိတာပဲ။ ဒါပေမယ့်လည်း ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီမှာ အစီအစဉ်ကောင်းတစ်ခုရှိမယ်ဆိုတာ ကျွန်တော်သေချာတယ်”
ဟုန်ချင်က ခေါင်းညိတ်ပြီးတော့၊ “ဟုတ်တယ်၊ ဒါခင်ဗျားတာဝန်မဟုတ်ဘူး။ ခင်ဗျား ဒီကိစ္စနဲ့ပက်သက်ပြီး စိုးရိမ်ဖို့မလိုပါဘူး”
ချန်ကောရှင်းက
“ခရိုင်မြို့ခေါင်းဆောင်၊ ဒီကိစ္စတွေက ကျွန်တော့်တာဝန်မဟုတ်မှန်းသိပါတယ်။ ဒါပေမယ့်လည်း ကျွန်တော်က ကျွန်တော်တို့ခရိုင် ကျေးလက်ဆောက်လုပ်ရေးစီမံကိန်းအတွက် တာဝန်ရှိတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ ဒီမေးခွန်းတွေကို အရင်ဆုံး ကိုင်တွယ်ဖြေရှင်းသင့်တယ်လို့ ကျွန်တော်ထင်တယ်”
လင်းဖုန်းကျိုက ခနတွေးလိုက်ပြီး
“ဒါဆိုလည်းကောင်းပြီလေ။ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီက သူတို့ရဲ့ အဆိုပြုချက်ကို မကြာခင်ပို့လိမ့်မယ်ဆိုတာ သေချာတယ်။ ဒါဆို နောက်မှဆွေးနွေးကြတာပေါ့”
ချန်ကောရှင်းမှာ ကန့်ကွက်ချက်မရှိတော့ပေ။
…
ကုန်းထျန်းဟောက်က ရှောင်ကျန်းရဲ့တင်ပြချက်ကိုနားထောင်ပြီး အနည်းငယ်မျက်မှောင်ကြုံ့လိုက်သည်။ ပြီးနောက် သူက ရှောင်ကျန်းကို ညွှန်ကြားလိုက်သည်။
“ရှောင်ချန်းချိုင် သူမပြောသင့်တဲ့ဟာတစ်ခုခုကို ပြောလိုက်လား သွားရှာချေ”
ရှောင်ကျန်းက ခနလောက်တွေးလိုက်ပြီး၊ “သူပြောလိုက်တယ်။ မဟုတ်ရင် ဘာလို့ အဲ့ဒီသုံးယောက်က သူ့ကိုယွမ်၃၀၀၀၀ပေးမှာလဲ? အဲ့ဒီ၃၀၀၀၀က နွားဘုရင်ငယ်လေးရဲ့လျှို့ဝှက်ချက်ကိုဝယ်ဖို့အတွက်လို့ ကျွန်တော်ယူဆတယ်”
သူတို့က ထောင်ယွမ်ရွာမှာ အကြာကြီး နေလာခဲ့တဲ့အတွက်ကြောင့် ဒီနေရာက ထူးခြားတဲ့သီးနှံတွေက နွားဘုရင်ငယ်လေးနဲ့ အများကြီးလုပ်ကိုင်ရမှန်း သိကြတယ်။
ကုန်းထျန်းဟောက်က အေးစက်စွာ ထေ့ငေါ့လိုက်ပြီး၊
“ဒီရှောင်ချန်းချိုင်ကတော့ သူ့သင်ခန်းစာကို တကယ်မသင်ယူလိုက်ဘူးပဲ”
ရှောင်ကျန်းက၊ “အကြီးဆုံးသခင်လေး၊ ဒီလျှို့ဝှက်ချက်က ပေါက်ကြားသွားပြီ။ ကျွန်တော်တို့အခုဘာလုပ်သင့်လဲ?”
သူက သိသိသာသာကို နည်းနည်းစိုးရိမ်နေသည်။
နွားဘုရင်ငယ်လေးကို ရှောင်လင်းယွီက ပိုင်သည်။
လျှို့ဝှက်ချက်ကို သိတဲ့သူတွေက နွားဘုရင်ငယ်လေးကိုရဖို့ သူမနောက်ကို လိုက်လာလိမ့်မည်။
ကုန်းထျန်းဟောက်က စိုးရိမ်နေတဲ့ရှောင်ကျန်းကို ထူးဆန်းစွာကြည့်လိုက်ပြီး၊
“ရှောင်ကျန်း၊ မင်းက မင်းရဲ့အကြီးဆုံးသခင်လေးက သူ့မိန်းကလေးကို ကာကွယ်ဖို့ အစွမ်းအစမရှိဘူးထင်လို့လား?”
ရှောင်ကျန်းက ပြန်မတုံ့ပြန်မီ ခနလောက် အံ့ဩသွားသည်။ ပြီးနောက် သူကရှက်ရှက်နဲ့
“အကြီးဆုံးသခင်လေး၊ ကျွန်တော်ဒီလိုဆိုလိုတာမဟုတ်ပါဘူး”
ကုန်းထျန်းဟောက်က အထင်အမြင်သေးစွာနဲ့၊ “ဘယ်လိုပဲဖြစ်ဖြစ် သူတို့ဘယ်သူလဲ ငါဂရုမစိုက်ဘူး။ ငါဒီမှာရှိနေသရွေ့ ငါ့မိန်းကလေးကိုထိခိုက်ဖို့ သူတို့မေ့ထားလို့ရတယ်”
သူက ဒီလူတွေကို အခုသောင်းကျန်းခွင့်ပြုထားတာက သူ့မှာတခြားအစီအစဉ်တွေရှိသေးလို့ဖြစ်သည်။
ရှောင်ကျန်းက နားမလည်သည့်ပုံဖြင့်၊ “ဒါပေမယ့် အကြီးဆုံးသခင်လေး၊ သခင်လေးအခုဘာလို့ဘာမှမလုပ်တာလဲ?”
ကုန်းထျန်းဟောက်က ရှောင်ကျန်းကို အရူးတစ်ယောက်ကို ကြည့်နေသလိုကြည့်လိုက်ပြီး ပြတ်သားစွာဖြင့်
“ငါအခုတစ်ခုခုလုပ်ရင် ငါ့မိန်းမ,မသိလောက်ဘူးထင်နေတာလား?”
“အာ?”
ရှောင်ကျန်း ပဟေဠိဖြစ်သွားသည်။
ကုန်းထျန်းဟောက်က ထပ်ရှင်းမပြချင်တော့ပေ။
ရှောင်ဝမ်ဖြစ်ဖြစ် ရှောင်ကျန်းဖြစ်ဖြစ်၊ သူတို့နှစ်ယောက်လုံး မျက်နှာသေငတုံးတွေပဲ။
မိန်းကလေးတစ်ယောက်ကို ဘယ်လိုလိုက်ရတာနဲ့ပက်သက်ပြီး သူတို့ဘာမှမသိပေ။
ရှောင်ကျန်းက သူ့နဖူးကို မိုက်မဲစွာ ပွတ်လိုက်သည်။
ကုန်းထျန်းဟောက်က အချိန်ကိုကြည့်ဖို့ သူ့လက်ကိုမြှောက်လိုက်သည်။ ပြီးနောက် မတ်တပ်ရပ်ပြီး
“ငါ့မိန်းမနိုးနေပြီ”
ရှောင်ကျန်းက၊ “သခင်လေး သခင်လေးဘယ်တော့ မစ္စရှောင်ကို မိသားစုထဲထည့်ပြီး ကျွန်တော်တို့ မဒမ်ဖြစ်လာစေမှာလဲ? ရွာသားတွေသူ့ကိုကြည့်နေတဲ့ပုံကို သခင်လေး မမြင်ဘူးလား?
မစ္စရှောင်က အရှက်မဲ့ပြီး သခင်လေးကို မျက်နှာလိုမျက်နှာရလုပ်နေတယ်လို့ သူတို့ပြောနေကြတာ”
ထိုအချိန်မှာ ကုန်းထျန်းဟောက်က ဒေါသတကြီးနဲ့၊
“သိပ်မကြာခင်မှာ သူတို့ပါးရိုက်ခံရလိမ့်မယ်”
ရှောင်လင်းယွီသာ သူ့ကိုအခုလက်ထပ်ချင်ရင် ရှောင်လင်းယွီကို တိတ်တဆိတ်ပျက်ရယ်ပြုတဲ့လူတွေကို သူရိုက်ပစ်လို့ရသည်။
ရှောင်ကျန်းက သဘောတူညီမှုနဲ့ ခေါင်းညိတ်လိုက်ပြီး၊
“ဟုတ်တယ် သူတို့ကိုပါးဖြတ်ရိုက်ပစ်”
ကုန်းထျန်းဟောက်က မျက်စိကိုအပေါ်အောက်ကြည့်လိုက်ပြီး ရှောင်မိသားစုဆီသွားဖို့ ခြံထဲကထွက်ခဲ့သည်။
***