မေးခွန်း
Vol. 17 Ch. 292
ကုန်းထျန်းဟောက်သိထားတဲ့အတိုင်း ရှောင်လင်းယွီကနိုးလာပြီး မနက်ခင်းမိန်းမောမှုနဲ့ ခြံထဲမှာ ထိုင်နေခဲ့သည်။
ကုန်းထျန်းဟောက်တစ်ယောက် ရှောင်လင်းယွီကိုမြင်သည်နှင့် သူ့နှလုံးသား အရည်ပျော်သွားမတတ်ပင်။
အရမ်းချစ်စရာကောင်းတာပဲ!
အမေက အရမ်းချစ်ဖို့ကောင်းနေရင် ကလေးကလည်း သူ့အမေလို အရမ်းချစ်ဖို့ကောင်းမှာပဲ။
ရှောင်လင်းယွီဗိုက်ထဲက ကလေးက မိန်းကလေးလို့ ကုန်းထျန်းဟောက်က အမြဲယုံကြည်ထားသည်။
မဟုတ်ရင်လည်း သူက သမီးလေးဖြစ်စေချင်တာဖြစ်မည်။
သားက သူ့မိန်းမရဲ့ အချစ်နဲ့ဂရုစိုက်မှုတွေကို ယူသွားမယ်မှန်း သူသိနေသည်။ဒါ့ကြောင့် သမီးလေးရှိတာပိုကောင်းတယ်လို့ သူခံစားရသည်။
သခင်ကြီးကုန်းက ဒါကိုမြင်တော့ သူကခုန်ထွက်ပြီး ကုန်းထျန်းဟောက်ကို သေတဲ့အထိရိုက်ချင်သွားသည်။
ကုန်းမိသားစုက သေးငယ်တဲ့မိသားစုတစ်ခုပဲဆိုပေမယ့် ဘာပဲဖြစ်နေဖြစ်နေ အကြီးဆုံးကလေးကို ကုန်းမိသားစုရဲ့ အကြီးဆုံးမြေးယောက်ျားလေးဖြစ်စေချင်သည်။
ဒါပေမယ့် ဒါပေါ့၊ သူကမိန်းကလေးတွေကိုလည်းချစ်တာပဲ။ ဒါ့ကြောင့် သခင်ကြီးကုန်းက ယောက်ျားလေးအတွက် ကလေးအသုံးအဆောင်အကုန်လုံးကို ပြင်ဆင်ထားဖို့ လူတွေကို အမိန့်ပေးထားခဲ့သည်။
ဒါလည်း ကောင်းတာပဲ။ ယောက်ျားလေးဖြစ်ဖြစ် မိန်းကလေးဖြစ်ဖြစ်၊ သူတို့တွေအတွက် အကုန်ပြင်ဆင်ထားပြီးပြီ။
ကုန်းထျန်းဟောက်က ဒါကိုတွေးရင်း သူ့နှုတ်ခမ်းတွေကိုကွေးကာ အရမ်းပျော်ရွှင်ပုံပေါ်နေသည်။ သူက ရေအေးတစ်ခွက်ငှဲ့ဖို့ ဧည့်ခန်းဆီသွားလိုက်ပြီး ၎င်းကို ရှောင်လင်းယွီဆီယူသွားခဲ့သည်။ ထို့နောက် ညင်သာတဲ့လေသံနဲ့၊
“ယွီအာ၊ ရေနည်းနည်းလာသောက်ပါဦး!”
ဒီရက်တွေမှာ ကုန်းထျန်းဟောက်က သူမကိုကူညီနေတာကို ရှောင်လင်းယွီအသားကျနေပြီ။ သူမလမ်းလျှောက်ထွက်တဲ့အခါ ကုန်းထျန်းဟောက်က သေသေချာချာဂရုစိုက်ပြီး သူမကို ချော်မကျစေပေ။ သူမသစ်သီးစားချင်ရင် သူက သစ်သီးအခွံနွှာပြီး သူမကိုကျွေးသည်။ သူမဗိုက်ဆာနေရင် သူက သရေစာတွေပြင်ရင်ပြင် ဒါမှမဟုတ် သူမအတွက် ရိုးရိုးအစားအသောက်တွေချက်ပေးသည်။ အရသာကအဆင်ပြေပေမယ့်လည်း သူချက်ပြုတ်တာကိုသင်ယူတဲ့နေရာမှာ အချိန်တော်တော်ယူထားရမှန်း သူမသိသည်။
တစ်ခါတစ်လေ သူက သူမကို တိတ်တဆိတ်နမ်းသေးသည်။ တစ်ခါတစ်လေ သူမနဖူးကို တစ်ခါတစ်လေ သူမပါးကို ဖြစ်သည်။ တစ်ခါတုန်းက ကုန်းထျန်းဟောက်က သူမနှုတ်ခမ်းတွေကို ဝါးစားမတတ်ကြည့်နေတာကို သူမသတိထားမိလိုက်သည်။
ချက်ချင်းဆိုသလိုပဲ သူမအထိတ်တလန့်နဲ့ကြောက်ရွံ့ ရင်ဖိုသွားပြီး ကြိုတင်ခန့်မှန်းထားမှုနည်းနည်းကို ခံစားမိလိုက်သည်။ ဒါက ဆန့်ကျင်တဲ့ခံစားချက်တစ်ခုပဲ။
ကုန်းထျန်းဟောက်က သူမရဲ့ အနီရောင်နှုတ်ခမ်းတွေကို အချိန်တော်တော်ကြာ စိုက်ကြည့်နေခဲ့သည်။ ဒါပေမယ့် သူမမျက်လုံးထဲက အထိတ်တလန့်ဖြစ်မှုကို သူမြင်တော့ သူက ညင်ညင်သာသာသက်ပြင်းချလိုက်ပြီး အနည်းငယ်စိတ်ပျက်သွားသည်။
သူလှုပ်ရှားပြီးသွားတဲ့အခါမှာ ရှောင်လင်းယွီသဘောထားပြောင်းသွားမယ်လို့ သူထင်ခဲ့သည်။ ဒါပေမယ့်လည်း ကြည့်ရတာတော့ ဒီမိန်းမရဲ့နှလုံးသားက ကျောက်တုံးနဲ့လုပ်ထားပုံပေါ်သည်။ ဘာပဲဖြစ်ဖြစ် သူလက်မလျှော့ပေ။
သူက သူမကို ညင်ညင်သာသာဖက်လိုက်ပြီး သူမရဲ့သေးငယ်တဲ့ပခုံးတွေပေါ်မှာ ခေါင်းတင်ထားလိုက်သည်။ သူ့ရဲ့နွေးထွေးတဲ့အသက်ရှုသံက ရှောင်လင်းယွီရဲ့ နားရွက်တွေဆီ တိုက်ရိုက်ဦးတည်နေပြီး သူမနားရွက်ထိပ်တွေ ချက်ချင်းနီရဲလာသည်။
ကုန်းထျန်းဟောက်က လွှမ်းမိုးမှုရှိပြီး ခိုင်မာတဲ့လေသံနဲ့၊ “ယွီအာ၊ မင်းအဆင်သင့်မဖြစ်သေးရင် ကိုယ်မင်းကိုမထိဘူး။ ဒါပေမယ့်လည်း ကိုယ်ပြောခဲ့သလိုပဲ။ မင်းအနားမှာ ကိုယ်ရှိနေတာကို မင်းအသားကျသွားလိမ့်မယ်”
‘မင်းချစ်ရတဲ့လူတစ်ယောက်ကို မြင်ရပြီး မထိရတာက ဘယ်လောက်နာကျင်ရလဲမင်းသိလား? ဒါပေမယ့်လည်း ယွီအာ၊ မင်းတုံ့ဆိုင်းနေမှန်း ကိုယ်သိပါတယ်။ ဒါ့ကြောင့် မင်းလိုအပ်တဲ့အချိန်ကိုပေးပါ့မယ်။ ဘာပဲဖြစ်ဖြစ် မင်းကိုယ့်ကိုအကြာကြီးစောင့်ရအောင်မလုပ်ဖို့တော့ ကိုယ်မျှော်လင့်တယ်’
“ကြာရှည်စောင့်ရမှုက ကိုယ့်ရဲ့မူလသဘာဝကို အထိန်းအကွပ်မဲ့သွားစေမှာ ကြောက်မိတယ်”
ရှောင်လင်းယွီအနားမှာ ကုန်းထျန်းဟောက် ကပ်နေတဲ့ပုံစံက သူမကို သတိလက်လွတ်ဖြစ်သွားစေသည်။ ဒါက ရှောင်လင်းယွီကို အထိတ်တလန့်ဖြစ်မှုနဲ့ ကြောက်ရွံ့မှုကို ဖြည်းဖြည်းချင်းခံစားမိစေခဲ့သည်။ အလေ့အကျင့်တွေက ကြောက်စရာကောင်းတဲ့အရာတစ်ခုပဲ။
ဒါက သူမကို အမှုမဲ့အမှတ်မဲ့သတိလွတ်သွားစေပြီး ကုန်းထျန်းဟောက်ရဲ့တည်ရှိမှုကို စတင်ကျင့်သားရသွားစေသည်။
တစ်ခါတစ်ရံ သူမကလေးပဲမဟုတ်ဘဲနဲ့ သူမကိုလိုက်တာနဲ့ပက်သက်ပြီး ကုန်းထျန်းဟောက်အတည်ဖြစ်နေတာလားဆိုတာ သူမသိချင်မိသည်။ ဒါပေမယ့်လည်း ဒီအတွေးသူမစိတ်ထဲဝင်လာတော့ သူမအရမ်းရယ်စရာကောင်းတယ်လို့ ခံစားလိုက်ရသည်။
သူက ပိုက်ဆံတွေ ဂုဏ်တွေ အာဏာတွေအပြည့်နဲ့ လူလွတ်တစ်ယောက်ပဲ။ သူ့မှာ ရွေးစရာမိန်းမတွေအများကြီးရှိတာပဲ။ သူတို့က စူပါမော်ဒယ်တွေလိုမျိုး လှပပြီး သေးသွယ်မှာပဲ။ သူက သူတို့ကိုရွေးချယ်စေဖို့ တန်းစီနေကြလောက်မှာ။ ဘာပုံပန်း ဘာရုပ်မှမရှိတဲ့ သူမလို တောသူတစ်ယောက်ကို သူက ဘာလို့ကြိုက်မှာလဲ?
ရှောင်လင်းယွီက ကိုယ့်အကြောင်းကိုအရမ်းနားလည်သည်။ သူ့ရဲ့ပစ်မှတ်က သူမမဟုတ်မှတော့ ပစ်မှတ်က သူ့ဗိုက်ထဲကကလေးမှန်းသိသာသည်။ သူမနှလုံးသားကို အနိုင်ရပြီးရင် သူမက ကလေးကို လိုလိုလားလားနဲ့ သူ့ကိုပေးလိုက်မှာပဲ။ ဒါဆိုရင် ကုန်းမိသားစုက တရားမဝင်ကလေးရဲ့သတင်းကို ရှောင်ရှားလို့ရသွားပြီ။
ကုန်းထျန်းဟောက်က သူမကို ဟန်ဆောင်ကြင်နာနေမှန်း ရှောင်လင်းယွီသိသည်။ သူမက ကျေးလက်မိန်းကလေးတစ်ယောက်ပဲ။ အင်အားကြီးမားပြီး ချမ်းသာတဲ့ အာဏာယှဉ်ပြိုင်မှုတွေအကြောင်း သူမနားမလည်ပေ။ ဒီလူတွေက သူတို့မိသားစုဂုဏ်သတင်းနဲ့ မျက်နှာအတွက် ဘာမဆိုလုပ်မှာမှန်း သူမနားလည်သည်။
ဒါပေမယ့်လည်း ကုန်းထျန်းဟောက်က သူ့ရဲ့ရည်ရွယ်ချက်အစစ်အမှန်ကိုမပြမှတော့ ရှောင်လင်းယွီကလည်း တုံးချင်ယောင်ဆောင်ခဲ့သည်။ ကုန်းထျန်းဟောက်ရဲ့ဂရုစိုက်မှုတွေကို သူပျော်မွေ့နေတုန်း နိုးနိုးကြားကြားလည်းသတိရှိခဲ့သည်။
ရှောင်လင်းယွီက အရမ်းမောပန်းတယ်လို့ခံစားရသည်။ တစ်ခါတစ်လေ သူမလွှတ်ချလိုက်ချင်ပြီး ကုန်းထျန်းဟောက်က သူမကို ရိုးရိုးသားသားဆက်ဆံနေတာပါလို့သာ အလောင်းအစားလုပ်လိုက်ချင်သည်။ ဒါပေမယ့်လည်း သူမအကျိုးဆက်တွေကိုရင်မဆိုင်နိုင်မှန်း သိသည်။ သူမ ရှောင်ထုန်ရဲ့ဘဝနဲ့ လောင်းကြေးမထပ်နိုင်ပေ။
အမှန်တရားမထွက်လာခင် ကိစ္စတွေက ရှိရင်းစွဲအတိုင်း ဆက်ဖြစ်ရမည်။
ကုန်းထျန်းဟောက်က သူမကို ခွက်ပေးတော့ သူမရဲ့ နိမ့်ကျနေတဲ့မျက်ခွံတွေကိုမြင်ပြီး သူ့ရဲ့မျက်လုံးတွေ နက်မှောင်သွားသည်။ ပြီးနောက် သူက သာမန်ကာလျှံကာ မေးဟန်ဆောင်လိုက်သည်။
“ယွီအာ မင်းဘာတွေစဉ်းစားနေတာလဲ? ဘာလို့ အရမ်းအလေးအနက်ကြီးစဉ်းစားနေတာလဲ?”
ရှောင်လင်းယွီက ပေါ့ပေါ့ပါးပါးနဲ့၊
“အလေ့အကျင့်တွေက အရမ်းကြောက်စရာကောင်းတဲ့အရာဖြစ်လာနိုင်တယ်ဆိုတာကို စဉ်းစားနေတာ”
ကုန်းထျန်းဟောက်က သူ့မျက်နှာပေါ်မှာ ပီတိဖြစ်တဲ့အကြည့်တစ်ခု မပေါ်လာခင် ခနလောက် အံ့ဩသွားသည်။ သူက မထိန်းချုပ်နိုင်ဘဲ ရှောင်လင်းယွီရဲ့ လက်ကိုဆွဲလိုက်ပြီး
“ဒါဆို ယွီအာ၊ မင်းအနားမှာ ကိုယ်ရှိနေတာကို နေသားကျသွားပြီလို့ ဆိုလိုတာလား?”
ထိုမှသာ ရှောင်လင်းယွီက သူမပြောသင့်တဲ့အရာတစ်ခုကို ပြောလိုက်မှန်း သဘောပေါက်သွားသည်။ ချက်ချင်းပဲ သူမရဲ့မျက်နှာက ခရမ်းချဉ်သီးတစ်လုံးလို ရဲတွတ်သွားသည်။ သူမက ချက်ချင်း သူမကိုယ်သူမ ကာကွယ်လိုက်သည်။
“အထင်မလွဲနဲ့.... ကျွန်...ကျွန်မ တကယ်စဉ်းစားနေတာက...”
ကုန်းထျန်းဟောက်က သူမကို အရမ်းလေးလေးနက်နက်နဲ့ကြည့်နေသည်။
သူ့ရဲ့ ဟက်စကီးအသံနိမ့်က သူမေးလိုက်တဲ့အချိန်မှာ အနည်းငယ်ညှို့ဓာတ်ပါသွားသည်။
“ယွီအာ ကိုယ့်ကိုပြော။ မင်းဘာတွေစဉ်းစားနေတာလဲ?”
ရှောင်လင်းယွီက ရုတ်တရက် ဘာမှမပြောနိုင်တော့ပေ။ သူမမျက်ခွံတွေကိုပင့်လိုက်ပြီး ကုန်းထျန်းဟောက်ကို လေးလေးနက်နက်ကြည့်လိုက်သည်။ အဆင့်အတန်းတွေ ဂုဏ်သတင်းနဲ့ ရုပ်ရည်ရှိတဲ့ ကုန်းထျန်းဟောက်လို ယောက်ျားမျိုးကို ဘယ်မိန်းမမှ မခုခံနိုင်ပေ။
သူ့အရင်ဘဝက မှတ်ဉာဏ်တွေသာမရှိဘူးဆိုရင် သူမလည်း သူ့ကိုကြွေသွားလောက်သည်။ ဒါပေမယ့်လည်း သူမ ရှောင်ထုန်ကို အများကြီးအကြွေးတင်နေပြီ။ ဒါကြောင့် ရှောင်ထုန်ကိုအလျော်ပေးဖို့ သူမအမြဲတမ်းသတိရနေသည်။
ဒီအကြောင်းတွေးရင်း ရှောင်လင်းယွီကပြုံးကာ တည်တည်ငြိမ်ငြိမ်နဲ့မေးလိုက်သည်။
“ကုန်းထျန်းဟောက်၊ ရှင်ကျွန်မကို ဘာလို့သဘောကျလဲဆိုတာ ပြောပြလို့ရမလား?”
“ရှင်သိမှာပါ။ ကျွန်မက ကလေးတစ်ယောက်နဲ့ ဗိုက်ကြီးနေပြီး အဖေကလည်း ဘယ်သူမှန်းမသိဘူး။ မိသားစုနောက်ခံကောင်းကောင်းနဲ့ ဘယ်မိသားစုကမှ ကျွန်မကို လက်ခံမှာမဟုတ်ဘူး။ ဒါဆို ရှင်ဘာလို့ကျွန်မကို လိုက်နေတာလဲ? ကျွန်မကိုအကြောင်းရင်းပြောပြလို့ရမလား?”
ကုန်းထျန်းဟောက်က ရှောင်လင်းယွီရဲ့ မေးခွန်းကိုကြားတော့ သူ့နှလုံးသားသိမ့်ခနဲတုန်သွားသည်။ သူက ရှောင်လင်းယွီရဲ့ ဖြူဖွေးပြီး ဝိုင်းစက်တဲ့မျက်နှာကို အချိန်တော်တော်ကြာကြည့်နေခဲ့သည်။ သူကမထိန်းချုပ်နိုင်ဘဲ သူမရဲ့မျက်နှာကိုသွားထိလိုက်သည်။
ရှောင်လင်းယွီက သူ့ကို မရှောင်ခဲ့ပေ။ ပြီးနောက် သူက အရမ်းလေးလေးနက်နက်နဲ့၊
“မင်းကိုကြိုက်ရတာ ဘာအကြောင်းရင်းမှမရှိဘူးလို့ပြောရင် ကိုယ့်ကိုယုံမလား?”
ရှောင်လင်းယွီက ခေါင်းခါလိုက်ပြီး အလွန်တည်ကြည်စွာနဲ့၊
“မယုံဘူး!”
ကုန်းထျန်းဟောက် သက်ပြင်းချလိုက်သည်။ ရှောင်လင်းယွီလိုခေါင်းမာတဲ့လူတစ်ယောကို တွေ့ရရင် ဘာလုပ်ရမယ်မှန်း သူမသိချေ။
ကုန်းထျန်းဟောက်က သူမမျက်နှာကို ထိနေတာကို မရပ်တန့်ခဲ့ပေ။ သူ့ရဲ့မျက်လုံးတွေက လေးနက်နေသေးပြီး ကြင်နာမှုတွေနဲ့ပြည့်နေသည်။ သူက သက်ပြင်းချပြီး၊
“မင်းကိုယ့်ကိုယုံယုံ မယုံယုံ၊ အချစ်ရဲ့နောက်ကွယ်မှာ ဘာအကြောင်းပြချက်မှမရှိဘူး။ ကိုယ်မင်းပို ပထမဆုံးမြင်လိုက်ကတည်းက ကိုယ့်နှလုံးသားက မင်းအတွက် လှုပ်ခါသွားတာ”
ရှောင်လင်းယွီ မော်တော်ဆိုင်ကယ်သူခိုးတွေနောက်လိုက်နေတာကို သူမြင်လိုက်ရတဲ့အချိန်ကို ဆိုလိုခြင်းဖြစ်သည်။
ဟိုတယ်က ပထမဆုံးတစ်ကြိမ်ကို သူထည့်တွက်လို့မရပေ။ အကြောင်းမှာ အဲ့ဒါက အချစ်မဟုတ်သောကြောင့်ဖြစ်သည်။ ၎င်းက တပ်မက်မှုဖြစ်သည်။ မတော်တဆတစ်ခုကြောင့် သူမ သူမကို အထင်လွဲခဲ့သည်။
ဒါပေမယ့် ကံကြမ္မာက အံ့ဩဖွယ်အရာတစ်ခုပင်။ ၎င်းက သူတို့ကို ခရိုင်မြို့ငယ်လေးတစ်ခုမှာ ပြန်လည်ဆုံတွေ့စေခဲ့သည်။ သူမ မော်တော်ဆိုင်ကယ်တွေနောက်ကို စွမ်းစွမ်းတမံလိုက်နေတဲ့ပုံကိုသူမြင်တော့ သူ့နှလုံးသားက မသိလိုက်ဘဲလှုပ်ရှားသွားသည်။
မြို့တော်ရဲ့နံပါတ်တစ်သခင်လေးကလွဲပြီး ဘယ်သူမှ သာမန်မိန်းကလေးတစ်ယောက်ကို ပထမဆုံးတွေ့ဆုံမှုမှာ ချစ်မိသွားမည်မဟုတ်ပေ။ သူ သူမကိုမြင်တော့ နည်းနည်းရင်းနှီးနေသလို ခံစားလိုက်ရသည်။ ဒါ့ကြောင့် သူက သူမရဲ့ပုံမှန်မဟုတ်တဲ့အရှိန်ဗီဒီယိုကို ကိုင်တွယ်ဖြေရှင်းဖို့ လီယွမ်ဟန်ကိုပြောလိုက်သည်။
ဒါမှ သူမ ဒုက္ခမတွေ့မှာဖြစ်သည်။
ထိုအချိန်မှာ သူရူးနေတယ်လို့ သူထင်လိုက်သည်။ သူက ဘယ်တုန်းကမှ တခြားလူကိစ္စကို ဝင်စွတ်ဖက်ရတာမကြိုက်ပေ။ ဒါပေမယ့်လည်း သူက သူစိမ်းတစ်ယောက်အတွက် လုပ်နေသည်။
ဒါကြောင့် အချိန်ကြာလာတဲ့တိုင် သူမကိုပထမဆုံးမြင်လိုက်ရတဲ့ သူ့ခံစားချက်က သူ့စိတ်ထဲမှာ အရမ်းသစ်လွင်နေရခြင်းဖြစ်သည်..
***