← Chapters

အတင်းအကျပ်ဝန်ခံချက်

Vol. 17 Ch. 293

အတင်းအကျပ်ဝန်ခံချက်

Vol. 17 Ch. 293

အရင်က ကုန်းထျန်းဟောက်က အေးစက်ပြီး သူချစ်မိသွားလိမ့်မယ်လို့ကို မထင်ပေ။ ဒါ့ကြောင့် သူမကိုမချဉ်းကပ်ခဲ့သလို သူမအကြောင်းသိလာအောင်လည်း မလုပ်ခဲ့ပေ။

ဒါပေမယ့်လည်း ကံ့ကြမ္မာက အံ့ဩဖို့ကောင်းသည်။ သူတို့ရဲ့ဒုတိယတွေ့ဆုံမှုက မကြာခင်မှာပဲရောက်လာလိမ့်မယ်လို့ သူမျှော်လင့်မထားခဲ့ပေ။

သူတို့ တိုက်မိသွားတော့ သူမရဲ့ခေါင်းမာမှုနဲ့ ဇွဲကောင်းမှုကို သူမြင်လိုက်ရသည်။ သူမက ဖြောင့်မတ်ပေမယ့်လည်း လောဘမကြီးပေ။ အဲ့ဒီအချိန်မှာ သူတို့ကိုတောင်းပန်ဖို့ အမိအရတိုက်တွန်းခဲ့သည်။ သူက တောင်းပန်ခဲ့သည်။ လီယွမ်ဟန်တောင် အံ့ဩသွားသေးသည်။

ဒါပေမယ့်လည်း သူတို့တတိယအကြိမ်တွေ့တော့ ဒါက သူ့အရင်းနှီးဆုံးသူငယ်ချင်း သဘောကျနေတဲ့မိန်းကလေးမှန်းသိလိုက်ရတော့ အံ့ဩသွားခဲ့သည်။

အဲ့ဒီအချိန်မှာ သူ့ရဲ့ဂနာမငြိမ်ဖြစ်နေတဲ့နှလုံးသားကို ချုပ်ထိန်းရတော့မည်။ သူ့သူငယ်ချင်းသဘောကျတဲ့သူကို သူဘာမှမလုပ်သင့်ကြောင်း သူ့ကိုယ်သူသတိပေးနေသည်။

သူရှောင်လင်းယွီကိုကြိုက်ရင်တောင် သူ့သူငယ်ချင်းကိုလေးစားသမှုနဲ့ သူ့ခံစားချက်တွေကို ချုပ်ထိန်းရမည်။ သူရှောင်လင်းယွီကို တွေ့တဲ့အချိန်တိုင်း သူကိုယ့်သူ ဒါကိုသတိပေးရသည်။

သူ့အဘိုးထောင်ယွမ်ရွာကို ပြောင်းသွားပြီးတော့ သူ့ကို ဗီဒီယိုကောလ်တွေကနေတဆင့် မကြာခနခေါ်သည်။ ပြီးတော့ သူ့အဘိုးဆီကနေ ရှောင်မိသားစုနဲ့ ရှောင်လင်းယွီက ဘယ်လိုဆိုတာကို သိရှိခဲ့သည်။ သူကြားလိုက်ရတာအားလုံးက ချီးမွမ်းသံတွေချည်းဖြစ်သည်။

ရှောင်လင်းယွီက စိတ်ဓာတ်ကြံ့ခိုင်ပြီး ရဲရင့်တဲ့မိန်းကလေးတစ်ယောက်ဖြစ်သည်။ အခွင့်အရေးသာရမယ်ဆိုရင် သူမတောက်ပလာနိုင်လိမ့်မည်။

အဲ့ဒီအချိန်မှာ သူက မြို့တော်ကနေ ထောင်ယွမ်ရွာကို ပျံသန်းသွားချင်တဲ့ ဆန္ဒရှိနေပေမယ့် သူ့ကိုယ်သူ ချုပ်တည်းထားရသည်။

မကြာခင်မှာပဲ ရှောင်လင်းယွီက အဲ့ဒီညကဟိုတယ်ကမိန်းကလေးဖြစ်ကြောင်း သူသိသွားပြီး သူမဗိုက်ထဲကလေးက သူ့ကလေးဖြစ်ကြောင်းကိုသိသွားပြီး သူ့နှလုံးသားက ပီတိတွေနဲ့ပြည့်နှက်သွားခဲ့သည်။ သူက အမေနဲ့ကလေးကို တွေ့မြင်ရဖို့ မစောင့်နိုင်တော့ပေ။

ကုန်းထျန်းဟောက် သက်ပြင်းချလိုက်သည်။

ဘယ်သူမှ ကံကြမ္မာကို မရပ်တန့်နိုင်ပေ။

တစ်နေ့မှာ သူက မိန်းကလေးတစ်ယောက်ကို အရမ်းဂရုစိုက်လာလိမ့်မယ်လို့တောင် သူ့ကိုယ်သူ မယုံနိုင်ပေ။

သူက သူမကို မြင်မြင်ချင်းတောင် ချစ်မိသွားသေးသည်။ ဒါပေမယ့်လည်း ပိုမမျှော်လင့်ထားတဲ့အရာက မိန်းကလေးက သူ့ကို ရူးရူးမူးမူးရှောင်ကြဉ်နေသည်။ သူမက သူ့ကို အလွန်အမင်းခုခံနေသည်။

တစ်ခါတစ်လေ သူ့ရဲ့ဆွဲဆောင်မှုလျော့ကျသွားတာလားလို့တောင် အံ့ဩမိသေးသည်။

ဒါပေမယ့်လည်း လျှောက်ပတ်ကြည့်ပြီးတော့ လက်တွေ့ ဒီလိုမဟုတ်မှန်း သက်သေပြသွားသည်။ ဒါက သူ့ရဲ့ဆွဲဆောင်မှုက ရှောင်လင်းယွီဆီမှာ အလွယ်တကူအလုပ်မဖြစ်မှန်း ဆိုလိုသည်။

ဒါ့ကြောင့် သူ့မှာရွေးချယ်စရာမရှိဘဲ ကြိုးစားပြီး ဇွဲရှိရမယ့်ဘက်ကို ပြောင်းလိုက်ရသည်။ တစ်နေ့ကျရင် သူမက သူ့ကြောင့် သဘောထား‌ပြောင်းလာလိမ့်မည်။

ရှောင်လင်ယွီက ကုန်းထျန်းဟောက် ဘာစဉ်းစားနေမှန်းမသိချေ။ ဘာပဲဖြစ်ဖြစ် သူက သူမကိုအကြောင်းရင်းမရှိဘဲချစ်တယ်လို့ပြောတဲ့အချိန်မှာ သူ့ကိုမယုံကြည်ခဲ့ပေ။

ရှောင်လင်းယွီက အရမ်းလေးလေးနက်နက်နဲ့၊ “ကုန်းထျန်းဟောက် ကျွန်မရှင့်ကို အမှန်ကိုပြောပြမယ်။ ကျွန်မ ရှင့်နာမည်ကိုပထမဆုံးအကြိမ်ကြားတုန်းကတည်းက ရှင့်အကြောင်းတွေကို စစ်ဆေးကြည့်ပြီးပြီ။

ကျွန်မရှင့်ရဲ့နောက်ခံကို အကြမ်းဖျင်းနားလည်တယ်။ ရှင့်လိုလူမျိုးက ကျွန်မလို ကျေးလက်ကမိန်းကလေးမျိုးကို ဂရုစိုက်မယ်မထင်ဘူး”

‘ဒါဘာလို့ကိုယ်တို့တွေပိတ်မိနေလဲဆိုတာလား?’

ကုန်းထျန်းဟောက်က တွေးလိုက်သည်။

သူက တည်တည်ငြိမ်ငြိမ်နဲ့၊ “ဘာလို့ဂရုမစိုက်ရမှာလဲ? တစ်ယောက်ယောက်ကိုချစ်သွားတဲ့အခါကျရင် သူတို့ရဲ့ ‌အထောက်အထားတွေနဲ့ ရုပ်ဂုဏ်တွေက ‌အရေးမကြီးတော့ဘူး။

အရေးအကြီးဆုံးက အဲ့ဒီလူပဲ။ မင်းကမင်းပဲ ပြီးတော့ ကိုယ်မင်းကို သဘောကျတယ်။ ရှောင်လင်းယွီ မင်းနားမလည်ဘူးလား?

အထောက်အထားတွေ အဆင့်အတန်းတွေနဲ့ ဘာမှမဆိုင်ဘူး။ ကိုယ်မင်းကိုသဘောကျတယ်!”

ကုန်းထျန်းဟောက်က လက်တစ်ဖက်ကို သူမပခုံးပေါ်တင်လိုက်ပြီး တစ်ဖက်က သူမမေးစေ့ကို ကိုင်ထားလိုက်သည်။ သူ့ကို လေးလေးနက်နက်ကြည့်ဖို့ သူမကို ပြောလိုက်သည်။

“ရှောင်လင်းယွီ ကိုယ့်ကိုကြည့်၊ ကိုယ်အတည်ပြောနေတာ ကိုယ်မင်းကိုသဘောကျတယ်။ ကိုယ်တို့စတွေ့ကတည်းက ကိုယ်မင်းကိုသဘောကျနေတာ”

ရှောင်လင်းယွီက အံ့ဩသွားသည်။ သူမရဲ့လှပတဲ့မျက်လုံးတွေ ပြူးကျယ်သွားပြီး ကုန်းထျန်းဟောက်ကို မယုံကြည်နိုင်စွာကြည့်လိုက်သည်။

ကုန်းထျန်းဟောက်က တည်ကြည်လေးနက်နေသည်။ အဲ့ဒီအချိန်မှာ ထိန်းမရတဲ့လှိုင်းတစ်ခုကို သူမနှလုံးသားထဲမှာ ခံစားမိလိုက်သည်။ ဒီတစ်ကြိမ်တော့ ဒါကရှောင်ထုန်နဲ့ ဘာမှမဆိုင်ပေ။ ‌ဒါက သူမနှလုံးသားဖြစ်သည်။ သူမလည်း လှုပ်ခါသွားသည်။

ပြီးတော့ သူမက မိန်းကလေးတစ်ယောက်ပဲလေ။ ဒီလိုပေါ်လွင်တဲ့ယောက်ျားတစ်ယောက်ဆီကနေ အလိုက်ခံရရင် ဘယ်မိန်းကလေးမဆို ရင်ခုန်သွားမှာပဲ။ သူမလည်း ချွင်းချက်မရှိပေ။ ခနလောက် သူ့ကို လက်နက်ချလိုက်ပြီး သူ့ကောင်မလေးဖြစ်လာဖို့ သူမဖိအားပေးခံလိုက်ရသည်။

ဒါပေမယ့်...

ကလေးက သူမကိုကန်လိုက်ပြီး သူမချက်ချင်း အသိပြန်ဝင်လာသည်။

သူမမေးစေ့ကိုကိုင်ထားတဲ့ သူ့လက်ကိုဖယ်လိုက်သည်။ ပြီးတော့ သူမက အနားကိုကြည့်ပြီးတော့၊

“ကုန်းထျန်းဟောက် ရှင်ပြောတာတွေကြောင့် ဘယ်မိန်းကလေးမဆို ရင်ခုန်သွားမှာပဲ။ ဒါပေမယ့် ကျွန်...ကျွန်မက မတူဘူး။ အချစ်ကို ကျွန်မဘဝမှာလောလောဆယ်ထည့်မစဉ်းစားသေးဘူး။ ကျွန်မကလေးမွေးပြီး သူ့ကို ကောင်းကောင်းမွန်မွန်ခေါ်ထုတ်ချင်တယ်”

သူ့လက်က ရှောင်လင်းယွီဆီကနေ အဖယ်ခံလိုက်ရတော့ ကုန်းထျန်းဟောက် အရမ်းဝမ်းနည်းသွားသည်။ ရှောင်လင်းယွီ သူ့ကိုပြန်ကြိုက်လာဖို့ သူအရမ်းနီးစပ်နေပြီ။ ဒါပေမယ့်လည်း သူမဗိုက်ကိုကြည့်နေတဲ့အချိန်မှာ ကုန်းထျန်းဟောက်မျက်လုံးတွေ မှုန်ကုတ်နေသည်။

သူတို့အခိုက်အတန့်ကို နှောင့်ယှက်လိုက်တာက ကလေးမှန်း သူသိခဲ့သည်။ အဲ့ဒီအချိန်မှာ ကုန်းထျန်းဟောက်က ဗိုက်ထဲကကလေးက ယောက်ျားလေးလို့ ယုံကြည်လိုက်သည်။ ယောက်ျားလေးကပဲ ရှောင်လင်းယွီရဲ့ အာရုံစိုက်မှုအတွက် သူနဲ့ယှဉ်ပြိုင်လိမ့်မည်။ မိန်းကလေးကတော့ သု့မိဘတွေ အတူတူရှိဖို့ မျှော်လင့်လိမ့်မည်။

ကုန်းထျန်းဟောက်က ရှောင်လင်းယွီဗိုက်ကိုစိုက်ကြည့်ပြီး တွေးလိုက်သည်။

‘ကောင်စုတ်လေး မင်းမွေးလာရင် ငါမင်းဖင်ကိုရိုက်ပစ်မယ်။ မင်းနဲ့အဲ့ဒါပဲတန်တယ်!’

ရှောင်လင်းယွီရဲ့အကြည့်ကပြောင်းသွားပြီး ကုန်းထျန်းဟောက်မျက်နှာ‌ဆီရောက်သွားသည်။ သူ့ရဲ့နက်ရှိုင်းတဲ့မျက်လုံးတွေက သူမဗိုက်ကိုစိုက်ကြည့်နေမှန်း သဘောပေါက်လိုက်သည်။ သူမကြက်သီးထသွားပြီး သူမဗိုက်ကို လက်နှစ်ဖက်နဲ့အုပ်ထားလိုက်သည်။

သူမက သူ့ကို အရမ်းသတိရှိစွာကြည့်လိုက်သည်။

“ကုန်းထျန်းဟောက် ရှင်ဘာလို့ကျွန်မဗိုက်ကိုကြည့်နေတာလဲ?”

ကုန်းထျန်းဟောက် “...”

‘အခိုက်အတန့်လေးကပြီသွားပြီ ကောင်စုတ်လေး!’

ကုန်းထျန်းဟောက်က စိတ်ထဲကနေ အံကြိတ်လာသည်။

…

ဘယ်ကုမ္ပဏီကရှောင်ယွမ်ရွာမှာ တည်ဆောက်ပြုပြင်မယ်မှန်း ရှောင်လင်းယွီမသိပေ။ ဒါ့ကြောင့် သူမလုပ်နိုင်တာက စောင့်ပြီး လေ့လာဖို့ဖြစ်သည်။

ဒေသခံတစ်ယောက်အနေနဲ့ သူမက ထောင်ယွမ်ရွာရဲ့စာချုပ်ကို သေချာပေါက်လက်လျှော့မည်မဟုတ်ပေ။

ဘာပဲဖြစ်ဖြစ် ရှောင်လင်းယွီကစောင့်နိုင်ပေမယ့် ရွာသားတွေကတော့မစောင့်နိုင်ပေ။ ရှောင်လင်းယွီတောင်တွေကိုငှားလိုက်တာနဲ့ သူတို့ ပိုက်ဆံအများကြီးရလိမ့်မည်။ အိမ်ထောင်စုတစ်ခုစီကအနည်းဆုံး တစ်သောင်းရလိမ့်မည်။ သူတို့ဘာမှတောင်လုပ်စရာမလိုပေ။

တချို့ရွာသားတွေက ရွာသူကြီးနဲ့ တခြားလူကြီးတွေကို ဘာတွေဖြစ်နေလဲဆိုတာ သွားမေးကြသည်။

ရွာသူကြီးနဲ့ တခြားလူကြီးတွေက သူတို့ကို လုပ်ငန်းစဉ်ကဆောင်ရွက်ဆဲဖြစ်ကြောင်း ပြောလိုက်သည်။

တစ်ယောက်က ဗလုံး‌ဗထွေးနဲ့၊ “ရွာသူကြီး ကိစ္စက ဘာလို့အရမ်းကြာနေတာလဲ?”

ရွာသူကြီးက ချက်ကျလက်ကျနဲ့၊ “ဒါမျှော်လင့်ထားပြီးသားပဲလေ။ အစိုးရသဘောတူညီမှုအများစုက ပြီးဆုံးဖို့ လနည်းနည်းကြာတတ်တယ်”

“အိုး ကျွန်တော်သိပြီ”

ရွာသားက ခေါင်းညိတ်လိုက်သည်။

“ရှောင်လင်းယွီက တောင်တွေကိုမငှားချင်တော့ဘူးလို့ ကျွန်တော်တို့ထင်နေတာ”

ဒါသာအမှန်ဆိုရင် ဝင်ငွေပမာဏအများကြီးကို ဆုံးရှုံးရမှာဖြစ်တဲ့အတွက် သူတို့ဝမ်းနည်းကြလိမ့်မည်။ ရွာသူကြီးကဒါကိုပြောလိုက်မှတော့ သူတို့စိတ်စိတ်ရှည်ရှည်နဲ့ပဲစောင့်ရတော့မည်။

ဒါပေမယ့်လည်း အတည်ပြုဖို့ ရှောင်လင်းယွီဆီ လာတဲ့လူတချို့ရှိသည်။

“လင်းယွီ၊ နင်တောင်တွေကို ဆက်ငှားဦးမှာမလား?”

ရှောင်လင်းယွီကပြုံးပြီး

“မျှော်လင့်မထားတာဘာမှမဖြစ်ဘဲ ခရိုင်ကလည်းဒါကိုလက်ခံရင်ပေါ့။ ဒီလိုဆိုရင် ဘာပြဿနာမှရှိမှာမဟုတ်ဘူး”

ရွာသားတွေက ထောင်ယွမ်ရွာအတွက်ရည်ရွယ်ထားတဲ့ ခရီးသွားလုပ်ငန်းဖွံဖြိုးရေးပရောဂျက်ကို မသိကြပေ။ ဒါကြောင့် သူမက ဘာမှမပြောလိုက်ပေ။ သူမလည်းပဲ အစိုးရကြေညာချက်ကို စောင့်နေသည်။

ရွာသားတွေက စိတ်သက်သာစွာ ခေါင်းညိတ်ခဲ့ကြသည်။ ဒါပေမယ့်လည်း နောက်ထပ်ရွာသားတစ်ယောက်က မေးလိုက်သည်။

“ဒါကဘာလို့အရမ်းကြာနေတာလဲ?”

ရှောင်လင်းယွီက ခေါင်းခါပြီး၊ “ကျွန်မလည်းမသိဘူး”

ကိစ္စတွေကစီစဉ်နေတုန်းဆိုတဲ့အကြောင်း ရွာသူကြီးနဲ့ ရှောင်လင်းယွီတို့ နှစ်ယောက်လုံး‌ဆီကနေ အတည်ပြုချက်ရတော့ သူတို့ စိတ်အေးသွားကြသည်။ သူတို့အလုပ်ဆီပြန်သွားပြီး ပိုက်ဆံရရက်အတွက် စောင့်နေခဲ့သည်။ သူတို့ပိုက်ဆံရတာနဲ့ သူတို့ အိမ်အသစ်တွေဆောက်ကြမည်။

ရှောင်ဖူချီနဲ့ ရှောင်ချန်းချိုင်ရဲ့မိသားစုတောင် ရှောင်လင်းယွီ တောင်တွေကိုငှားဖို့ စောင့်နေကြသည်။ တောင်တွေမှာလူတိုင်းရဲ့ဝေစုရှိတဲ့အတွက် သူတို့က ရှောင်မိသားစုနဲ့ ဆိုးရွားတဲ့ဆက်ဆံရေးရှိတယ်ဆိုရင်တောင် သူတို့ရဲ့သင့်လျော်တဲ့ဝေစုကိုရဦးမည်။

ထိုအချိန်မှာ ရှောင်ချိန်းချိုင်ရဲ့မိသားစုက ဆူပူမှုကြီးတစ်ခု ပြုလုပ်လိုက်သည်။

ရှောင်ချန်းချိုင်ရဲ့ညီငယ် ရှောင်ရှောင်းပေါင်က ဘယ်နေရာကမှန်းမသိဘဲ ငွေပမာဏအမျာကြီးတွေ့လာသည်။ ၎င်းက စုစုပေါင်း ယွမ်၄၀၀၀၀ရှိသည်။

ရှောင်ရှောင်းပေါင်က ရွာထဲက တခြားကလေးတွေကိုပြဖို့ ပိုက်ဆံတွေကို ယူလာခဲ့သည်။ သူအရမ်းချမ်းသာကြောင်း သူတို့ကိုပြောလိုက်သည်။ ပိုက်ဆံသာရှိရင် သူအရုပ်တွေအများကြီး ဝယ်လို့ရသည်။

ပြီးနောက် သူက

“ငါနဲ့ကစားပြီး ရှောင်နီချိုးနဲ့မကစားတဲ့သူ ပိုက်ဆံရမယ်!”

ပိုက်ဆံနဲ့ဆိုရင် သူတို့ ကြိုက်တာတွေ ဝယ်လို့ရသည်။ ဒါ့ကြောင့် ရှောင်ရှောင်းပေါင်အနားမှာ ကလေးတွေအများကြီးအုံလာပြီး ရှောင်ရှောင်းဟွေ့ကို ခွဲထုတ်ထားကြသည်။

ရှောင်ရှောင်းပေါင်တစ်ယောက် ပျော်စရာတွေနဲ့ပြည့်နေသည်။

သူ့သူငယ်ချင်းအသစ်တွေက ရှောင်ရှောင်းပေါင်ဆီကနေ ပိုက်ဆံတွေအများကြီး ရခဲ့သည်။ ယွမ်၅၀ကနေ ယွမ်၅၀၀ရှိသည်။

ရှောင်ရှောင်းဟွေ့က ဘေးကိုကြည့်ပြီး ထေ့ငေါ့လိုက်သည်။ သူက ရှင်းရှင်းလင်းလင်းမေးလိုက်သည်။

“ရှောင်ရှောင်းပေါင် မင်းပိုက်ဆံတွေဒီလောက်အများကြီးဘယ်ကရတာလဲ? မင်းခိုးလာတာလား! သူခိုးကောင်!”

ရှောင်ရှောင်းပေါင်ကချက်ချင်းထရပ်ပြီး အော်လိုက်သည်။

“ဘာသူခိုးလဲ? ဒါငါ့မိသားစုပိုက်ဆံကွ။ ငါ့အိမ်ကနေယူလာတာ..”

***

All Chapters