← Chapters

ရှောင်ရှောင်းပေါင် အရိုက်ခံရတယ်

Vol. 17 Ch. 294

ရှောင်ရှောင်းပေါင် အရိုက်ခံရတယ်

Vol. 17 Ch. 294

ရှောင်ရှောင်းဟွေ့ မျက်မှောင်ကြုံ့လိုက်သည်။ “မင်းမိသားစုက ဘယ်ကနေပိုက်ဆံတွေအများကြီးရလာတာလဲ? မင်းရဲ့မိသားစုက ဒုတိယဦးလေးရဲ့မိသားစုကို ယွမ်၁၀၀၀၀၀ကျော်ကျော်အကြွေးတင်နေတာ”

အဲ့ဒီအချိန်မှာ သူက တစ်စုံတစ်ခုကိုတွေးလိုက်ပြီး ကျယ်လောင်စွာနဲ့

“အိုး အခုငါသိပြီ။ မင်းမိသားစုက ပိုက်ဆံရှိပေမယ့် အကြွေးကို မပေးချင်ဘူးပဲ”

ရှောင်ရှောင်းပေါင်က သူ့ကိုယ်သူ ချက်ချင်းခုခံလိုက်သည်။

“မဟုတ်ဘူး!”

“ဟုတ်တယ်! မင်းတို့မှာပိုက်ဆံရှိနေတာတောင် အကြွေးကိုမရှင်းချင်ဘူး! အရှက်မရှိချက်!”

ရှောင်ရှောင်းဟွေ့က ပြန်အော်လိုက်သည်။

ပြီးတော့ သူတို့နှစ်ယောက် ရန်စဖြစ်ကြသည်။

ဒါက ရွာသားတွေကို အလိုလို နိုးကြားစေခဲ့သည်။

‌ရှောင်ရှောင်းပေါင်ရဲ့လက်ထဲက ငွေပမာဏအများကြီးကိုမြင်တဲ့အခါ ရွာသားတွေ အံ့ဩကုန်သည်။

ရှောင်ချန်းပေါ်က ချက်ချင်းမေးလိုက်သည်။

“ရှောင်ရှောင်းပေါင်၊ မင်းပိုက်ဆံတွေဘယ်ကရတာလဲ? မင်းလက်ထဲမှာ အနည်းဆုံးတစ်သောင်းလောက်ရှိတယ်”

ရှောင်ရှောင်းပေါင်က လူကြီးတစ်ယောက်ကို မျက်နှာချင်းဆိုင်ရတဲ့အခါမှာ အနည်းငယ်ကြောက်ရွံ့နေသည်။ သူက ပိုက်ဆံတွေကို တင်းတင်းကျပ်ကျပ်ပိုက်ထားလိုက်ပြီး ကျယ်လောင်ပြီး နစ်နာတဲ့ပုံနဲ့

“ဒါကျွန်တော့်မိသားစုပိုက်ဆံ၊ ကျွန်တော်ဒါတွေကိုခိုးလာတာမဟုတ်ဘူး။ ဒါကျွန်တော့်မိသားစုပိုက်ဆံတွေ”

ရှောင်ချန်းပေါ်က ဒါကိုကြားတော့ သင်္ကာမကင်းဖြစ်သွားသည်။

သူက

“မင်းမိသားစု‌ပိုက်ဆံတွေ? ဒါပေမယ့် မင်းအဖေက မင်းတို့မိသားစုမှာ ပိုက်ဆံမရှိဘူးလို့ပြောခဲ့တာမဟုတ်ဘူးလား? ဒီပိုက်ဆံတွေကဘယ်ကလာတာလဲ?”

ရှောင်ရှောင်းပေါင်က၊ “ကျွန်တော်ဒါတွေကို ကျွန်တော့်မိသားစုဆီကနေရလာတာ။ ကျွန်တော့်မိသားစုမှာ ပိုက်ဆံရှိတယ်။ ကျွန်တော့်အစ်ကိုကြီးက ပိုက်ဆံအများကြီးကို ဝှက်ထားတာ”

ပိုက်ဆံဘယ်လောက်ရှိမှန်းသူမသိပေမယ့် သူတွေ့ထားတဲ့အထပ်ကိုကြည့်တာနဲ့တင် ပိုက်ဆံအများကြီးမှန်းတော့ သူသိသည်။ ရှောင်ချန်းပေါ်က ဒါက သေးငယ်တဲ့ကိစ္စလေးပဲလို့ခံစားရသည်။ ဒါကြောင့် သူက တစ်ယောက်ယောက်ကို ရှောင်ချန်းချိုင်ကို သွားခေါ်ခိုင်းလိုက်သည်။

ဒါပေမယ့်လည်း ရှောင်ချန်းချိုင်ရောက်မလာခင် တခြားရွာသားတွေက စုဝေးကုန်ကြပြီ။ ပြီးတော့ ကလေးတွေကလည်း တော်တော်လေးဆူသည်။

သူတို့ရဲ့ကလေးတွေပါနေတာကိုမြင်တော့ စိုးရိမ်နေတဲ့မိဘတွေ ပြေးလာကြသည်။ ရှောင်ရှောင်းပေါင် ကလက်ထဲမှာ ပိုက်‌ဆံတွေအများကြီးကိုင်ထားတာကိုမြင်တော့ သူတို့ အံ့ဩသွားသည်။

သူက ပိုက်ဆံတွေကို သူ့မိသားစုပိုင်တာလို့တောင် ပြောလိုက်သေးသည်။

ရှောင်ချန်းချိုင်ရောက်လာတော့ သူ့မျက်နှာ မည်းမှောင်သွားသည်။ သူက ရှောင်ရှောင်းပေါင်ဆီအမြန်လမ်းလျှောက်သွားလိုက်ပြီး သူ့လက်ထဲက ပိုက်ဆံကို ဆွဲယူလိုက်သည်။ ပြီးတော့ သူကလက်ကိုမြှောက်လိုက်ပြီး ရှောင်ရှောင်းပေါင်ရဲ့မျက်နှာကို ရိုက်လိုက်သည်။

ရှောင်ချန်းချိုင်က ခပ်တင်းတင်းဆူပူလိုက်သည်။

“ခွေးကောင်၊ မိသားစုဆီကနေ ဘယ်လိုလုပ်ပိုက်ဆံခိုးရတာလဲ?”

ပြီးတော့ သူကအနားပတ်လည်ကို ကြည့်လိုက်သည်။

တခြားကလေးတွေလက်ထဲက ပိုက်ဆံကိုသူမြင်တော့ သူ့ရဲ့မျက်နှာထားက ပိုဆိုးသွားသည်။ သူက ချက်ချင်းပိုက်ဆံကိုရေလိုက်ပြီး ယွမ်၁၅၀၀လိုနေကြောင်း သိသွားသည်။ သူက ရှောင်ရှောင်းပေါင်ဆီကနေ တောင်းလိုက်သည်။

“ပိုက်ဆံက ၁၅၀၀လိုနေတယ်။ ပိုက်ဆံတွေဘယ်မှာလဲ?”

ရှောင်ရှောင်းပေါင် ကပါးစပ်ပိတ်ထားလိုက်ပြီး မျက်ရည်တွေကျလာသည်။

ရှောင်ချန်းချိုင်က စိတ်မရှည်စွာနဲ့၊ “ငိုနေတာကိုရပ်ပြီး ငါ့ကိုပြောပြ။ မဟုတ်ရင်တော့ ငါမင်းကို တစ်ညလုံးနွားတင်းကုပ်မှာ အိပ်ခိုင်းမယ်”

နွားတင်းကုပ်က ညစ်ပတ်ပြီး အနံ့အသက်‌ဆိုးကာ ခြင်တွေနဲ့ အင်းဆက်တွေအများကြီးရှိသည်။ ရှောင်ရှောင်းပေါင်က အဲ့ဒီမှာ တစ်ညမပြောနဲ့ တစ်နာရီတောင်မနေချင်ပေ။

ရှောင်ရှောင်းပေါင်က သူ့ပိုက်ဆံကိုယူသွားတဲ့ကလေးတွေကို လက်ညှိုးထိုးပြပြီး ကြောက်‌ကြောက်လန့်လန့်နဲ့

“ကျွန်တော် သူတို့ကို ပိုက်ဆံပေးလိုက်တာ။ တချိုက ငါးဆယ်ရတယ်။ တချို့ တစ်ရာရတယ်။

အစားစားပဲ”

ရှောင်ချန်းချိုင်က ကလေးတွေဆီ စိတ်ပျက်နေတဲ့မျက်နှာနဲ့ လမ်းလျှောက်သွားခဲ့ပြီး

“ငါ့ကိုပိုက်ဆံပြန်ပေး”

ရှောင်ချန်းချိုင်ရဲ့ ကြောက်စရာကောင်းတဲ့မျက်နှာထားကိုမြင်တော့ ကလေးတွေ ကြောက်သွားကြသည်။ သူတို့အကုန် ငိုချင်သွားသည်။ သူတို့မိဘတွေ ချက်ချင်းရောက်လာကြသည်။

တစ်ယောက်က ကျယ်လောင်စွာမေးလိုက်သည်။

“ရှောင်ချန်းချိုင်၊ မင်းကကလေးတွေကို ‌ကြောက်အောင်လုပ်နေတာပဲ”

တစ်ယောက်က ထပ်ပြီး

“နင်ဘာလို့ကလေးတွေကို ဒီလိုမျိုးလုပ်နေတာလဲ? ရှောင်ရှောင်းပေါင် ကကလေးတွေကို သူ့ဆန္ဒအလျောက် ပိုက်ဆံပေးခဲ့တာ ဘယ်သူမှသူ့ကိုဖိအားမပေးဘူး”

“အခုကလေးတွေမှာ ပိုက်ဆံရှိနေမှတော့ အခုသူတို့ဟာပဲ။ နင်က တကယ်ကလေးတွေဆီက‌နေ ပိုက်ဆံပြန်တောင်းမလို့လား? နင့်မှာအရှက်မရှိဘူးလား?”

တကယ်တော့ ဒါကိုပြောတဲ့လူကလည်း အရှက်မရှိပေ။ သူမရဲ့ပန်းတိုင်က သူမကလေးတွေလက်ထဲက ပိုက်ဆံဖြစ်သည်။ ဒါပေါ့ သူမပိုက်ဆံလိုချင်တယ်လေ။ ပြီးတော့ သူမကလေးတွေက အကောင်းဆုံးခြွင်းချက်ပဲ။

ဒါပေမယ့်လည်း ရှောင်ချန်းချိုင်က သူ့လက်ကို ဆန့်လိုက်ပြီး ဘာမှထပ်မပြောပေ။ သူက ဒဲ့ပဲပြောလိုက်သည်။

“ဒီပိုက်ဆံကငါ့ဟာ။ ပိုက်ဆံကို ငါ့ဆီပြန်ပေး။ မဟုတ်ရင်တော့ ငါ့ကိုရိုင်းလို့ဆိုပြီး အပြစ်မတင်နဲ့”

အမျိုးသမီးက ရှောင်ချန်းချိုင်ရဲ့ ကျန်းရှောင်လန်အပေါ် သွေးအေးပြီး အကြင်နာကင်းတဲ့ဆက်ဆံပုံကို တွေးမိသွားသည်။ သူမ အနည်းငယ် ကြောက်ရွံ့သွားသည်။ သူမကလေးဆီမှ ပိုက်ဆံကိုယူလိုက်ပြီး ရှောင်ချန်းချိုင်ကို ပစ်ပေးလိုက်သည်။

“ပြန်ယူလိုက်။ ဒါကယွမ်၂၀ဝတင်၊ နင်ဒီလိုလုပ်နေဖို့လိုလို့လား?”

တခြားမိဘတွေလည်း အတူတူပဲလုပ်ခဲ့သည်။ သူတို့က ရှောင်ချန်းချိုင်ကို ပိုက်ဆံပြန်ပေးခဲ့သည်။

ရှောင်ချန်းချိုင်က ပိုက်ဆံကို မြန်မြန်ဆန်ဆန်ရေတွက်လိုက်သည်။ ၎င်းက နောက်‌ဆုံးမှာ ပြန်ကိုက်သွားသည်။

တချို့ရွာသားတွေက နားမလည်တဲ့ပုံစံနဲ့ ချက်ချင်းမေးလိုက်သည်။

“ရှောင်ချန်းချိုင်၊ မင်းမှာသေချာပိုက်ဆံရှိနေတာပဲ။ ရှောင်ကျန်းယန်ရဲ့မိသားစုကို မင်းရဲ့အကြွေး ဘာလို့ပြန်မပေးတာလဲ?”

ရှောင်ချန်းချိုင်က အဲ့ဒီလူကို အေးစက်စွာကြည့်လိုက်ပြီး အေးစက်စက်အသံနဲ့

“ဒါမင်းကိစ္စမဟုတ်ဘူး!”

ထိုလူ ချက်ချင်း ပါးစပ်ပိတ်သွားသည်။ ဒါက ရှောင်ချန်းချိုင်နဲ့ ‌ရှောင်ကျန်းယန်တို့မိသားစုကြားက ကိစ္စဖြစ်သည်။ အမှန်ပဲ ဒါကသူတို့နဲ့ဘာမှမဆိုင်ပေ။

ဒါပေမယ့်လည်း ရွာသားတွေက တတွတ်တွတ်ဆက်ပြောနေသည်။

“ရှောင်ချန်းချိုင်က ချမ်းသာနေတာအသိသာကြီး။ ဒါပေမယ့် သူပိုက်ဆံတွေအများကြီး ဘယ်ကရလာတာလဲ? ဒါပေမယ့် သူ့ချမ်းသာမှုတွေကို ထုတ်မပြဘူး။ ရှောင်လင်းယွီရဲ့မိသားစု လျော်ကြေးလာတောင်းမလားဆိုတာ ငါသိချင်မိတယ်”

ရှောင်ချန်းချိုင်ရဲ့မိသားစုမှာ ယွမ်၄၀၀၀၀ရှိတဲ့သတင်းက မြန်မြန်ဆန်ဆန်ပဲ ရွာထဲကို ပျံ့သွားသည်။

ရွာသားတွေက ဒီသတင်းကိုကြားတော့ ချက်ချင်းနှုတ်ခမ်းကွေးလိုက်ပြီး၊ “တကယ်ပဲ စာအုပ်တစ်အုပ်ကို သူ့အဖုံးနဲ့ဆုံးဖြတ်လို့မရဘူးပဲ။ သူက သူ့မိန်းမကို ချစ်တဲ့လူလို့ ငါတို့ထင်‌ထားပေမယ့် တစ်စုံတစ်ခုဖြစ်လာတော့ သူ့ကိုချက်ချင်းကွာရှင်းချင်သွားတယ်”

“သူက သူ့မိသားစုက ဆင်းရဲတယ်လို့ပြောပေမယ့် ငါတို့ကမှ ဆင်းရဲနေတဲ့သူတွေပဲ”

“ဒီရွာထဲမှာ ဘယ်မိသားစုတွေကများ ၄၀၀၀၀ရှိမှာလဲ? ဒါပေမယ့် ရှောင်ချန်းချိုင်က ရှောင်ကျန်းယန်ကို လျော်ကြေးပေးဖို့ ပိုက်ဆံမရှိဘူးဆိုတဲ့အကြောင်း ဆက်ပြီးအထွန့်တက်နေတုန်းပဲ။ ဒါပေမယ့် သူ့ညီလေးက သူ့မှာ၄၀၀၀၀ရှိတာကိုတွေ့သွားတယ်။ ဒီလူက တကယ့်လူလိမ်ပဲ”

“အမှန်ပဲ!”

“သူ့မိသားစုထဲမှည ယွမ်၄၀၀၀၀ရှိပေမယ့် သူ့မှာ ပိုက်‌ဆံမရှိဘူးလို့ပြောခဲ့တယ်။ သူက လျော်ကြေးကနေလွတ်ဖို့ ထောင်ထဲကသူ့မိန်းမနဲ့တောင် ကွာရှင်းလိုက်သေးတယ်။ သူဘာလို့ အရမ်းအမုန်းပွားနေရတာလဲ?”

“မဟောင်တဲ့ခွေးတွေကပဲ တကယ်ကိုက်တာ”

ရှောင်ချန်းချိုင်က ဘယ်နေရာမှာမဆို အကြင်နာကင်းပြီး သွေးအေးလို့ အပြစ်တင်ခံနေရသည်။ ရှောင်ချန်းချိုင်က အရမ်းဒေါသထွက်ပြီး သူ့ညီလေးကို သစ်ပင်တစ်ပင်မှာ ချည်ထားသည်။ သူ ကြာပွတ်တစ်ခုယူပြီး ရိုက်လိုက်သည်။

ရှောင်ရှောင်းပေါင်က အကျယ်ကြီးအော်ငိုခဲ့သည်။ ကလေးရဲ့အော်သံကို ရွာသားတွေကြားတော့ အိမ်ဆီချက်ချင်းပြေးလာကြသည်။

ရှောင်ရှောင်းပေါင် ကြိုးနဲ့ချိတ်ဆွဲခံရပြီး ကြာပွတ်နဲ့အရိုက်ခံနေရတာကိုမြင်တော့ ချက်ချင်းသူ့ကိုဆွဲချလိုက်ပြီး ရှောင်ချန်းချိုင်ရဲ့အမေကိုရှာဖို့ လူတွေလွှတ်လိုက်သည်။

ရွာသားတစ်ယောက်က ရှောင်ချန်းချိုင်ကို ချောင်ပိတ်ပြီး ဒေါသတကြီးနဲ့

“ရှောင်ချန်းချိုင်၊ မင်း ရှောင်ရှောင်းပေါင် ကိုသတ်ဖို့ ကြိုးစားနေတာလား? သူမင်းညီလေးလေ!”

ရှောင်ရှောင်းပေါင် အကယ်ခံလိုက်ရပြီးတော့ သူအသက်ရှုရပ်မတတ် ငိုလိုက်သည်။ သူက ကြောက်နေခဲ့ပြီး သူ့အစ်ကိုမြင်တော့ မသက်မသာဖြစ်နေခဲ့သည်။

ရှောင်ချန်းချိုင်က မပျော်မရွှင်နဲ့၊ “ငါ့ညီကို သင်ခန်းစာပေးနေတာ။ ဒါငါ့မိသားစုကိစ္စပဲ။ မင်းတို့နဲ့ဘာမှမဆိုင်ဘူး”

“မှန်ပါတယ် ဒါပေမယ့် မင်းညီလေးကလည်း လူတစ်ယောက်မဟုတ်ဘူးလား?”

ရှောင်ချန်းဖာက အလွန်ဒေါသတကြီးနဲ့၊ “မင်းသူ့ကို ဘယ်လောက်ဆိုးဆိုးရွားရွားရိုက်ထားလဲကြည့်ဦး! သူ့တစ်ကိုယ်လုံး သွေးတွေနဲ့ပြည့်နေပြီ။ မင်းက သူ့ကို တကယ်သေအောင်ရိုက်မလို့လား?”

ရှောင်ချန်းချိုင်က စကားမပြောခဲ့ပေ။

အဲ့ဒီအချိန်မှာ သတင်းကြားတာနဲ့ ရှောင်ချန်းချိုင်ရဲ့အမေ ပြေးလာခဲ့သည်။ သူမရဲ့ အငယ်ဆုံးသားလေးနဲ့ သူ့ရဲ့သွေးစွန်းနေတဲ့ခန္ဓာကိုယ်ကိုမြင်တော့ သူ့နှလုံးက ချက်ချင်းဆို့နင့်သွားသည်။

သူမက ရှောင်ရှောင်းပေါင် ကိုဖက်ပြီး ငိုကာ၊ “အချစ်လေး နင်ထိခိုက်သွားသေးလား? နာလား?”

ရှောင်ရှောင်းပေါင်က ကျယ်လောင်စွာငိုလိုက်ပြီး၊ “အမေ အစ်ကိုကြီးက ကျွန်တော့်ကိုရိုက်တယ်။

အရမ်းနာတယ်။ သူက ကျွန်တော့်ကိုသတ်ချင်နေတာ။ ကျွန်တော့်ခန္ဓာကိုယ်ကိုကြည့်ဦး”

ရှောင်ရှောင်းပေါင်က သူ့ကိုယ်ပေါ်က ဒဏ်ရာတွေကို သူ့အမေကိုပြလိုက်သည်။

ရှောင်ချန်းချိုင်ရဲ့အမေက ဒဏ်ရာတွေကို ကြည့်လိုက်ပြီး မျက်လုံးထဲကနေ မျက်ရည်တွေကျလာခဲ့သည်။

“အချစ်လေး မစိုးရိမ်နဲ့။ အမေ နင့်ကို ကာကွယ်ပေးမယ်”

ထိုသို့ပြောပြီး ရှောင်ချန်းချိုင်ရဲ့အမေက လှည့်လာပြီး သူ့လက်ကိုမြှောက်ကာ ရှောင်ချန်းချိုင်ရဲ့မျက်နှာကို ရိုက်လိုက်သည်။ ပြီးတော့ ရှောင်ချန်းချိုင်ရဲ့အမေက ဒေါသတကြီးအော်လိုက်သည်။

“ရှောင်ချန်းချိုင် ဒီခွေးကောင်၊ နင့်ညီလေးကို ဘာလို့ဒီလိုရက်စက်တဲ့အလုပ်မျိုးလုပ်ရတာလဲ? နင့်ညီလေးကို သတ်ပစ်ချင်တာလား? ဒီလိုဆို ငါ့ကိုအရင်သတ်သွားလိုက်!”

သူမ အနားပတ်လည်ကိုကြည့်လိုက်ပြီး ထောင့်နားက တံစဉ်တစ်ခုကို မြင်လိုက်သည်။ သူမ တံစဉ်ကို ပြေးယူလိုက်ပြီး ပြန်လာသည်။

ရှောင်ချန်လင်းက ဒါကိုမြင်ပြီး အံ့ဩသွားသည်။

“အ‌ဒေါ် တံစဉ်နဲ့ဘာလုပ်မလို့လဲ?”

ရှောင်ချန်းချိုင်ရဲ့အမေက သူ့ကို လျစ်လျူရှုလိုက်ပြီး ရှောင်ချန်းချိုင်ကို တံစဉ်ပေးလိုက်သည်။

သူမက ကျယ်လောင်စွာနဲ့၊ “ယူလိုက်။ နင့်ညီလေးကို သတ်ချင်တာမလား? ကောင်းပြီ ငါ့ကိုအရင်သတ်ပစ်လိုက်”

ရှောင်ချန်းချိုင်က တံစဉ်ကိုမယူလိုက်ပေ။ သူက မည်းမှောင်နေတဲ့မျက်နှာကြီးနဲ့နေခဲ့ပြီး ဘာမှ‌မပြောခဲ့ပေ။ ဒါပေမယ့်လည်း သူ့မျက်လုံးတွေက သူ့အမေကို စိုက်ကြည့်နေခဲ့သည်။

ရှောင်ချန်လင်းက တခြားမိသားစုရဲ့ကိစ္စမှာ ဝင်မစွက်ဖက်ချင်ပေမယ့်လည်း အသက်တွေဆုံးရှုံးလိုက်ရမှာကိုတော့ သူကြောက်သည်။ သူချက်ချင်းရှေ့ဆက်သွားလိုက်ပြီး ရှောင်ချန်းချိုင်အမေလက်ထဲက တံစဉ်ကို ဆတ်ခနဲယူလိုက်သည်။ ပြီးတော့ သူက သူမကို ဖျောင်းဖျခဲ့သည်။

“အဒေါ် စကားနဲ့ပဲပြောရအောင်။ အန္တရာယ်ရှိတဲ့လက်နက်တွေပါဖို့ မလိုပါဘူး”

ရှောင်ချန်းချိုင်က ဘာမှမပြောပေမယ့်လည်း ရှောင်ချန်းချိုင်အမေက သူ့ကို အလွယ်တကူ လွှတ်မပေးချင်ပေ။ သူမက

“ရှောင်ချန်းချိုင် ငါနင့်ကိုပြောမယ်။ နောက်ကျရင် ငါအနားမှာရှိနေသရွေ့ ရှောင်းပေါင်ကိုထိဖို့တောင် မစဉ်းစားနဲ့!”

…

ရှောင်ချန်းချိုင် သူ့ညီလေးကို ရိုက်တဲ့သတင်းက မြန်မြန်‌ဆန်ဆန်ပဲပျံ့သွားသည်။

***

All Chapters