ဖော်ထုတ်ခံလိုက်ရပြီ
Vol. 17 Ch. 295
“ရှောင်ချန်းချိုင်က ဘာဖြစ်နေတာလဲ? သူရူးသွားတာလား?”
တစ်ယောက်က နားမလည်တဲ့ပုံနဲ့ မေးလိုက်သည်။
“ရှောင်ရှောင်းပေါင်က မှားတာတစ်ခုခုလုပ်ခဲ့ပြီး မိသားစုရဲ့ပိုက်ဆံကို ယူသွားတယ်ဆိုရင်တောင် သူ့ကို သင်ကြားပြသပေးသင့်တာလေ။ သစ်ပင်မှာချည်ပြီး ကြာပွတ်နဲ့ရိုက်သင့်တာမှမဟုတ်ဘဲ! သူ့ညီလေးကိုသတ်လိုက်မိမှာ မကြောက်ဘူးလား?”
တစ်ယောက်က မျက်မှောင်ကြုံ့ပြီးတော့
“ဒီရှောင်ချန်းချိုင်က တကယ်အကြင်နာမရှိတာပဲ။ သူ့မိန်းမကိုလည်းအကြင်နာမရှိဘူး။ သူ့ညီလေးကိုလည်း အကြင်နာမရှိဘူး!”
ဒီလိုဟာမျိုးလုပ်ရအောင်ထိ ဘယ်သူမှ အကြင်နာမကင်းမဲ့ပေ။
“ဒါပေမယ့် ရှောင်ရှောင်းပေါင် ရှာတွေ့ထားတဲ့ သူ့ပိုက်ဆံတွေကို ရှောင်ချန်းချိုင်ဘယ်မှာထားထားတာလဲ?”
“ဘယ်သူသိမလဲ? သူ့မှာ အိမ်မှာ ပိုက်ဆံအများကြီးရှိနေတာနေမှာပေါ့”
“ရှောင်ရှောင်းပေါင် ကပိုက်ဆံတွေကို ပြလိုက်တော့ ဒီမိသားစုက ကြွယ်ဝမှုတွေအများကြီးကို ဖုံးကွယ်ထားတာကို လူတွေသိကုန်ပြီ။ ဒါကသေချာပေါက် အာရုံစိုက်မှုတွေကို ဆွဲဆောင်လိုက်မှာပဲ”
သူခိုးတွေက ရှောင်ချန်းချိုင်ရဲ့မိသားစုကို သူတို့ရဲ့ပစ်မှတ်လုပ်လိမ့်မည်။
“ရှောင်ရှောင်းပေါင် ရဲ့လုပ်ရပ်က ရှောင်ချန်းချိုင်ကို လန့်သွားစေမှာပဲ။ ဒါကြောင့်မလို့ သူမထိန်းချုပ်နိုင်ဘဲရှောင်ရှောင်းပေါင် ကို ကြမ်းကြမ်းတမ်းတမ်းအပြစ်ပေးတာဖြစ်ရမယ်”
“ဒါပေမယ့် ပိုက်ဆံအများကြီးနဲ့ဆိုရင် ငါလည်း အဲ့ဒါတွေကို အိမ်မှာမထားဘူး။ ငါသူတို့ကို တစ်ချိန်လုံး ငါနဲ့သယ်သွားမှာ”
“အဲ့ဒါလည်းမလုံခြုံနိုင်ဘူး။ မင်းဓားပြတိုက်ခံရနိုင်တယ်”
“ပိုက်ဆံတွေကို မြို့ဘဏ်ထဲမှာပဲ ထားလို့ရတော့မယ်”
“ဟီးဟီး သူပိုက်ဆံတွေကို ဘဏ်မှာအရင်ကတည်းကထားသင့်တာ။ ဒါဆိုရင် သူ့မိသားစုမှာ တကယ်တမ်းပိုက်ဆံတွေအများကြီးရှိမှန်း ဘယ်သူမှသိမှာမဟုတ်တော့ဘူး”
အရင်က လူကြီးတွေက ပိုက်ဆံကို အိမ်မှာထားရတာပဲကြိုက်သည်။ ပိုက်ဆံတွေကိုဘဏ်မှာထားခြင်းက သူတို့ကိုအမြဲ စိုးရိမ်စေသည်။ ဒါ့ပြင် ရှောင်ချန်းချိုင်က ပိုက်ဆံတွေကိုအိမ်မှာထားတဲ့ ထောင်ယွမ်ရွာက တစ်ခုတည်းသောမိသားစုမဟုတ်နိုင်ပေ။
အဲ့ဒါက ရှောင်ချန်းချိုင်ရဲ့မိသားစုက ပြသပြီးသွားလို့ဖြစ်သည်။
“ဘဏ်ကအကောင်းဆုံးရွေးချယ်မှုလို့ ငါထင်တယ်။ အိမ်မှာထားဖို့မလုံခြုံဘူး ပြီးတော့ တစ်ကိုယ်တည်းသယ်သွားဖို့လည်း မလုံခြုံဘူး”
“ဟားဟား...”
ကြည့်ရတာတော့ တကယ်ပဲဘဏ်ကအကောင်းဆုံး ရွေးချယ်မှုနဲ့တူသည်။
ရှောင်ရှောင်းပေါင်လိုမျိုး ကလေးတွေက ပိုက်ဆံတွေ တူးဆွမလားဆိုတာရော ဘယ်သူသိမှာလဲ?
အဲ့ဒီအချိန်မှာ ထောင်ယွမ်ရွာရဲ့ရွာသားအားလုံးက မြို့ဘဏ်ကိုသွားပြီး မိသားစုရဲ့စုဆောင်းမှုတွေကို ထည့်ထားလိုက်ကြသည်။
ရွာသားတော်တော်များများ တစ်ယောက်ဆီတစ်ယောက်ပြေးသွားကြသည်။ တခြားမိသားစုကဘယ်လောက်ရှိမှန်း သူတို့ချက်ချင်းသိသွားကြသည်။
“နင့်မိသားစုက ပိုက်ဆံတွေအများကြီးစုထားလိမ့်မယ်လို့ ငါမထင်ထားခဲ့ဘူး။ သောင်းချီရှိလောက်တယ်”
“မဟုတ်ဘူး တစ်သောင်း နှစ်သောင်းလောက်ပဲရှိတာ။ ဒါပြီးခဲ့တဲ့ဆယ်စုနှစ်တွေကတည်းက ငါတို့မိသားစု စုဆောင်းထားတဲ့ငွေပဲ”
…
ရွာမှာဘာဖြစ်ခဲ့လဲဆိုတာကို ရှောင်ကျန်းယန်ရဲ့မိသားစုကြားတော့ သူတို့အနည်းငယ်ဆွံ့အသွားသည်။
ရွာသားတွေအများကြီးက ဒါမတိုင်ခင် ဘဏ်အစား သူတို့ပိုက်ဆံတွေကို အိမ်မှာထားလိမ့်မယ်လို့ သူမထင်ထားခဲ့ပေ။
အခု ရှောင်ချန်းချိုင်ရဲ့ဆူပူမှုဖြစ်ပြီးတော့ ရွာသားတွေအားလုံးက သူတို့ပိုက်ဆံတွေကို ဘဏ်မှာထည့်ဖို့ အပြေးသွားခဲ့ကြသည်။ တချို့ပိုက်ဆံတွေက အိမ်မှာထားထားတာကြာနေနဲ့အတွက် ပြာမှုန့်တွေအဖြစ်တောင်ပြောင်းကုန်ပြီ။
နှမြောစရာပင်။
ဒါတွေက ဆင်းရဲဒုက္ခတွေနဲ့ စုဆောင်းထားရတဲ့ ကြီးမားတဲ့စုဆောင်းမှုတွေဖြစ်သည်။ ဒါပေမယ့်လည်း ရှောင်မိသားစုကတော့ ကွာခြားသည်။ သူတို့က ရှောင်လင်းယွီစကားကိုနားထောင်ပြီး စာရင်းသေအပ်ငွေအကောင့်တစ်ခုကို အမြန်ဆုံးဖွင့်ဖို့ သွားခဲ့သည်။ သူတို့မှာရှိတဲ့ အပိုပိုက်ဆံအားလုံးကို ထည့်ထားသည်။
သူတို့လိုအပ်ခဲ့ရင် ဘဏ်ကပိုက်ဆံကို အမြဲပြန်ထုတ်လို့ရသည်။ သူတို့မသုံးခင်ထိ ဘာပိုက်ဆံမှမပျောက်ပေ။
ပိုက်ဆံအကြောင်းပြောရင်း ရှောင်ကျန်းယန်က တင်းတင်းကျပ်ကျပ်မျက်မှောင်ကြုံ့ပြီး
“ဒီရှောင်ချန်းချိုင်က တကယ်မရိုးသားဘူးပဲ။ သူ့မှာပိုက်ဆံတွေအသေအချာရှိပေမယ့် အကြွေးကိုပြန်မပေးချင်ဘူး”
မေမေရှောင်က အေးစက်စက်ထေ့ငေါ့လိုက်ပြီး
“သူကအကြင်နာလည်းကင်းသေးတယ်။ သူ့အကြွေးကိုလျှော့ဖို့ သူ့ရဲ့နှစ်၂၀ကြာမိန်းမကို ကွာရှင်းခဲ့တယ်!”
“ဒီတိရစ္ဆာန်...”
ရှောင်ကျန်းယန်က တကယ်ပဲဘာပြောရမှန်းကို မသိတော့ပေ။
“အခုသူ့မှာပိုက်ဆံရှိနေတာကို ဘာလို့ သူ့အကြွေးကို ပြန်မပေးသေးတာလဲ? သူကငါတို့ကို တစ်သက်လုံး အလုပ်လုပ်ပေးဖို့ စီစဉ်ထားတာလား?”
မေမေရှောင်က၊ “အသေအချာပဲ အဲ့ဒါသူ့အစီအစဉ်ပဲ! ရှောင်ချန်းချိုင်က သူ့မိန်းကိုချစ်သလိုမျိုး ပိုက်ဆံကိုလည်းချစ်တယ်။ မဟုတ်ဘဲနဲ့တော့ သူ့အရင်မိန်းမနဲ့ ညီငယ်လေးကို အရမ်းအကြင်နာမဲ့မှာမဟုတ်ဘူး”
ရှောင်ကျန်းယန်က နားမလည်တဲ့ပုံနဲ့၊ “ဒါပေမယ့် သူပိုက်ဆံတွေအများကြီး ဘယ်ကရလာတာလဲ? ဒါသူ့မိသားစုရဲ့ စုဆောင်းမှုတော့ မဖြစ်နိုင်ဘူး”
“လူတော်တော်များများ သူ့ကို ဘဏ်မှာမြင်လိုက်တယ်။ မှတ်စုတွေအကုန်လုံးက ဘဏ်ကနေ ခုလေးတင်ထုတ်ထားသလိုမျိုး တံဆိပ်အသစ်တွေပဲ”
မေမေရှောင်လည်း သံသယရှိနေသည်။
သူမခေါင်းညိတ်လိုက်သည်။
“အမှန်ပဲ တခြားမိသားစုတွေအတွက်တော့ သူတို့မှတ်စုတွေကဟောင်းနေပြီ ဘာလို့လဲဆိုတော့ သူတို့ကနှစ်တွေအများကြီး စုလာတာမလို့”
ရှောင်လင်းယွီက ဘေးကနေနားထောင်နေပြီး ရုတ်တရက်လေးနက်တဲ့အမူအယာနဲ့မေးလိုက်သည်။
“အဖေ အမေ၊ ဒီရက်တွေမှာ အပြင်လူတစ်ယောက်ယောက်များ ထောင်ယွမ်ရွာကို တစ်ချက်ကြည့်ဖို့လာကြသေးလား?”
မေမေရှောင်က နည်းနည်းရောသွားပြီး
“အမေတို့စတော်ဘယ်ရီခင်းစကတည်းက ရွာမှာ အပြင်လူတွေများနေတာ။ သူတို့ကရှုခင်းတွေကြည့်ဖို့လည်း လာကြတယ်လေ။ ပြီးတော့ ယဲ့အာကထိပ်တန်းကျောင်းသားဖြစ်ပြီးတဲ့နောက် သတင်းထောက်တွေ သူ့ကိုအင်တာဗျူးဖို့ လာခဲ့တယ်။ ထောင်ယွမ်ရွာမှာ ရှုခင်းကောင်းတွေနဲ့ လူကောင်းတွေရှိတယ်လို့ သူတို့ပြောကြတယ်”
“ဒီတော့ သတင်းထောက်က သမီးတို့ရွာကို တင်ပြလိုက်တာပေါ့?”
ရှောင်လင်းယွီက မျက်လွှာချပြီး ခနစဉ်းစားလိုက်သည်။
ကုန်းထျန်းဟောက်က ရှောင်လင်းယွီရဲ့လှုပ်ရှားမှုတိုင်းကို ဘေးကနေကြည့်နေသည်။ သူမ အဖြေနဲ့နီးနေပြီမှန်း သူသိသည်။ သူ့မိန်းကလေးက တကယ့်ကို စူးရှပြီး ထက်မြက်သည်။
ရှောင်လင်းယွီက အံ့ဩသွားတဲ့မျက်နှာထားနဲ့ ရုတ်တရက် ခေါင်းထောင်လိုက်သည်။ သူမက
“ထောင်ယွမ်ရွာ ဘာလို့ပစ်မှတ်ထားခံရပြီမှန်း သမီးသိပြီ!”
ဖေဖေရှောင်နဲ့ မေမေရှောင်က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ ပြီးနောက် ဖေဖေရှောင်က လေးလေးနက်နက်နဲ့၊ “ယွီအ သမီးဘာကိုပြောချင်တာလဲ? ဘာလို့အဖေတို့ပစ်မှတ်ထားခံရတယ်လို့ပြောတာလဲ?”
ရှောင်လင်းယွီက
“ထောင်ယွမ်ရွာကို တည်ဆောက်ပြုပြင်ချင်တဲ့ ကုမ္ပဏီကြီးက တကယ်တော့ ရှုခင်းတွေကိုစိတ်ဝင်စားတာမဟုတ်ဘူး။ သူတို့က စတော်ဘယ်ရီတွေစိုက်နိုင်တဲ့ သမီးတို့မြေကို စိတ်ဝင်စားတာ”
“ဘယ်လို?”
သူမရဲ့မိဘတွေ အံ့ဩကုန်သည်။
“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ? ယွီအာ ဒီလိုသာအမှန်ဆိုရင် သူတို့က ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးခေါင်းစဉ်နဲ့ တစ်ရွာလုံးကို မောင်းထုတ်ပစ်မှာလား?”
ရှောင်မိသားစုက အရမ်းထက်မြက်သည်။ ကုန်းထျန်းဟောက်တစ်ယောက် ဘေးကနေသာ နားထောင်နေသည်။
ရှောင်လင်းယွီကဆက်ပြီး၊ “ကုမ္ပဏီကြီးရဲ့ပစ်မှတ်က တကယ်ပဲ ထောင်ယွမ်ရွာရဲ့လယ်မြေဆိုလို့ရှိရင် တစ်ရွာလုံးက ပြောင်းရွှေ့ဖို့ ဖိအားပေးခံရမှာပဲ။ ပြီးတော့ ကုမ္ပဏီက သမီးတို့မြေတွေကို အတတ်နိုင်ဆုံးအနိမ့်ဆုံးဈေးနဲ့ငှားလိမ့်မယ်”
သူမက ခနရပ်လိုက်ပြီး မပြောခင် တစ်မိနစ်လောက်စဉ်းစားလိုက်သည်။
“အရင်ရက်တွေတုန်းက ထောင်ယွမ်ရွာအကြောင်းကို စုံစမ်းဖို့ တစ်ယောက်ယောက်တော့လာရမယ်။ သူတို့ရှောင်ချန်းချိုင်ကိုတွေ့သွားတာတော့ မဟုတ် လောက်ဘူးထင်တယ်...”
ဖေဖေရှောင်နဲ့ မေမေရှောင်က မယုံနိုင်မှုနဲ့ မျက်လုံးပြူးကုန်သည်။ သူတို့လည်း ဒီဖြစ်နိုင်ချေကို တွေးမိခဲ့သည်။ ဒါပေမယ့် အမှန်မဖြစ်စေလိုပေ။ ပြီးတော့ ရှောင်ချန်းချိုင်က ထောင်ယွမ်ရွာမှာမွေးတာလေ။ သူ့ရဲ့ရွာကို တကယ်ရောင်းစားပစ်မှာလား?
ရှောင်လင်းယွီကဆက်ပြီး၊
“သူတို့ရဲ့အဆက်အသွယ်က ရှောင်ချန်းချိုင်ဆိုရင် သမီးတို့မိသားစုအပေါ်မှာထားတဲ့သူ့အာဃာတအရတော့ သူတစ်စက္ကန့်တောင်မစဉ်းစားဘဲ ရောင်းလိမ့်မယ်။ ဒါက သူ့မှာရှိတဲ့ငွေသားက ဘာလို့အသစ်တွေဖြစ်နေမှန်းလည်း ရှင်းပြပြီးသားလည်းဖြစ်တယ်”
ဒါကိုကြားလိုက်တဲ့အခါမှာ ရှောင်လင်းယွီမိဘတွေရဲ့မျက်လုံးတွေ မည်းမှောင်သွားသည်။ သူတို့ဒါကိုမယုံချင်ပေမယ့်လည်း ရှောင်ချန်းချိုင်ရဲ့ရုတ်တရက်ပိုက်ဆံတွေအတွက် တစ်ခုတည်းသောရှင်းပြချက်ဖြစ်သည်။
ရွာသားတွေက အချင်းချင်းရင်းနှီးကြသည်။ အားလုံးရဲ့ပိုက်ဆံအခြေအနေကို သူတို့သိကြသည်။
ရှောင်ချန်းချိုင်ရဲ့မိသားစုမှာ မိသားစုဝင်အများကြီးရှိပေမယ့်လည်း ရှောင်ချန်းချိုင်ကလွဲပြီး သူတို့အကုန်အပျင်းထူကြသည်။ ရှောင်ချန်းချိုင်က အားလုံး လုပ်ရသည်။ ဒီနှစ်မတိုင်ခင်က ရှောင်ချန်းချိုင်ရဲ့သားအကြီးနှစ်ယောက်က အရွယ်မရောက်သေးပေ။ သူတို့မှာ ပိုက်ဆံရှာဖို့ အစွမ်းအစတောင်မရှိပေ။
သူတို့ ရှောင်ရှောင်းပေါင်ကိုပျိုးထောင်ဖို့ ပိုက်ဆံလည်းလိုသေးသည်။ ဒါကြောင့် သူတို့ ပိုက်ဆံများများမစုနိုင်ပေ။ ဒါ့ကြောင့် မျှော်လင့်မထားတဲ့ပိုက်ဆံတွေရဲ့ရောက်ရှိလာမှုက အရမ်းသံသယဖြစ်ဖို့ကောင်းနေသည်။
မေမေရှောင်က နောက်ဆုံးမှာ တစ်စုံတစ်ခုကို သဘောပေါက်သွားသည်။ သူမက မျက်နှာပေါ်က ဒေါသကို ဖုံးမထားနိုင်တော့ပေ။
“အဲ့ဒီတော့ နွားဘုရင်ငယ်လေးရဲ့ကိစ္စက ပေါက်ကြားသွားပြီပြောပါတော့ ဟုတ်ရဲ့လား?”
***