ကုန်းထျန်းဟောက်ရဲ့စိတ်ဓာတ်ကြံ့ခိုင်မှု
Vol. 17 Ch. 296
ရှောင်လင်းယွီက ခေါင်းညိတ်လိုက်သည်။
“အဲ့ဒါအဖြစ်နိုင်ဆုံးပဲ!”
သူမစိတ်ထဲကနေ သက်ပြင်းချလိုက်သည်။ အရင်က ရှောင်ကွမ်းရဲ့မစင်ကို တစ်ရွာလုံးကို ယူခွင့်ပြုခဲ့တာက သူတို့ရဲ့စိတ်ဝင်စားမှုတွေက နီးနီးကပ်ကပ်ချိတ်ဆက်နေတာကို သိစေချင်လို့ဖြစ်သည်။ နွားဘုရင်ငယ်လေးက ရွှေငန်းတစ်ကောင်လိုမျိုးဖြစ်သည်။ သူတစ်ခါရုပ်လုံးထွက်လိုက်တာနဲ့ လူတွေအများကြီး ၎င်းအတွက် လာကြသည်။
အထိတ်တလန့်ဖြစ်သည့် စိတ်ခံစားချက်လှိုင်းတစ်ခု မေမေရှောင်ရဲ့စိတ်ကနေ လျှံထွက်လာသည်။ သူမက အားကိုးရာမဲ့စွာနဲ့
“ယွီအာ အမေတို့အခုဘာလုပ်သင့်လဲ?”
နွားဘုရင်ငယ်လေးက ဟန်ဆောင်အကြောင်းပြချက်မှန်း သူတို့သိသည်။ အဲ့ဒါက ရှောင်လင်းယွီရဲ့ စိုက်ပျိုးရေးနေရာလွတ်ကိုကာကွယ်ဖို့ ဟန်ပြသဘောပင်။
ရှောင်ကွမ်းဖယ်ရှားခံလိုက်ရတာနဲ့ အဲ့ဒီလူတွေ သူတို့လိုချင်တဲ့ရလဒ်ကို ရမှာမဟုတ်တော့ပေ။ သူတို့ သေချာပေါက်ရှောင်လင်းယွီကို သံသယရှိလိမ့်မည်။
မေမေရှောင်က သူ့သမီးအတွက် အလိုလိုစိုးရိမ်နေသည်။
ကုန်းထျန်းဟောက်က မေမေရှောင်ရဲ့မျက်နှာထားကို အာရုံစိုက်နေသည်။ မေမေရှောင်က နွားဘုရင်ငယ်လေးထက် ရှောင်လင်းယွီကိုပိုစိတ်ပူနေမှန်း သူသတိပြုမိလိုက်သည်။
ရှောင်မိသားစုက ကုန်းထျန်းဟောက်ကို သတိမထားမိလောက်တဲ့အထိ သူတို့ကိုယ်တိုင်သောကရောက်နေကြသည်။
ဖေဖေရှောင်က မေမေရှောင်ရဲ့တဆတ်ဆတ်တုန် နေတဲ့လက်ကို ကိုင်ထားလိုက်ပြီး၊ “ချိုးယင် အဆင်ပြေပါတယ်။ သူတို့ကအဲ့ဒီအဆင့်ကိုတောင် မရောက်သေးပါဘူး။ အဆိုးတွေချည်းပဲဆက်နေရင်တောင် သူတို့နွားဘုရင်ငယ်လေးရမသွားအောင်တားဆီးဖို့ ကိုယ့်တစ်ဘဝလုံးစွန့်စားမယ်”
ဒါက သူ့သမီးကိုကယ်ပေးတာနဲ့ အတူတူပဲဖြစ်သည်။
သူမယောက်ျားရဲ့လက်ကိုကိုင်ပြီး မေမေရှောင်က စိတ်အေးသွားသည်။
“ဟုတ်တယ် ရှင်မှန်တယ်။ ကျွန်မတို့ ဘယ်လိုပဲဖြစ်ဖြစ် နွားဘုရင်ငယ်လေးကိုသူတို့ယူသွားခွင့်မပြုနိုင်ဘူး”
နွားဘုရင်ငယ်လေးက ရှောင်လင်းယွီရဲ့ ကိုယ်ပိုင်ဘေးကင်းလုံခြုံမှုနဲ့ ဆက်စပ်နေသည်။ ဒါကြောင့် ဖေဖေရှောင်နဲ့ မေမေရှောင်က အရမ်းစိုးရိမ်နေကြခြင်းဖြစ်သည်။
ထိုအချိန်တွင် ကုန်းထျန်းဟောက်က ရှောင်လင်းယွီလက်ကို ရုတ်တရက် ကိုင်လိုက်သည်။ သူမလက်ချောင်းတွေရဲ့အေးစက်မှုကို ခံစားမိလိုက်တော့ သူမျက်မှောင်ကြုံ့လိုက်သည်။ ရှောင်လင်းယွီရဲ့လက်ကလေးတွေကို တင်းတင်းကျပ်ကျပ်ထွေးထားဖို့ သူ့ရဲ့ကြီးမားတဲ့လက်တွေကို သုံးလိုက်သည်။
ပြီးတော့ သူက ဖေဖေရှောင်နဲ့ မေမေရှောင်ကို လေးလေးနက်နက်နဲ့
“ဦးလေး အဒေါ်၊ မစိုးရိမ်ပါနဲ့။ ကျွန်တော်ဒီမှာရှိနေသရွေ့ နွားဘုရင်ငယ်လေး... ဒါမှမဟုတ် ထောင်ယွမ်ရွာတစ်ခုလုံးကိုတောင် ဘယ်သူမှထိခွင့်မပြုဘူး!”
ဖေဖေရှောင်နဲ့ မေမေရှောင်က ကုန်းထျန်းဟောက်ကို လေးလေးနက်နက်နဲ့ကြည့်လိုက်သည်။ သူတို့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။
အဆုံးမှာတော့ ဖေဖေရှောင်က လေးလေးနက်နက်နဲ့၊ “ထျန်းဟောက်၊ မင်းမိသားစုက ပိုက်ဆံရှိမှန်း ငါတို့သိပေမယ့်လည်း နွားဘုရင်ငယ်လေးကိုခိုးဖို့လာတဲ့ကုမ္ပဏီကြီးက မင်းထက်ပိုချမ်းသာပြီး အင်အားကြီးနေရင် ဘယ်လိုလုပ်မလဲ? မင်းကို ငါတို့နဲ့အတူဒုက္ခအခံမခိုင်းနိုင်ဘူး”
ဒါပေမယ့် ကုန်းထျန်းဟောက်က ခေါင်းခါပြီးတော့
“ဦးလေး အဒေါ် မစိုးရိမ်ပါနဲ့။ ဘယ်သူပဲလာလာ ကျွန်တော်မကြောက်ဘူး။ ကျွန်တော် နွားဘုရင်ငယ်လေး၊ လင်းယွီ၊ ဦးလေး၊ အန်တီနဲ့ ရှောင်မိသားစုတစ်ခုလုံးက်ု ကာကွယ်မယ်။ ကျွန်တော့်ကိုယုံလိုက်ပါ”
ကုန်းထျန်းဟောက်က သူ့ရဲ့တကယ့်ကိုယ်ရေးအချက်အလက်ကို ပြလိုက်ဖို့တွေးလိုက်ပေမယ့်လည်း သူတို့ကို ကြောက်သွားစေမိမှာလည်း သူကြောက်မိသည်။ ပြီးတော့ သူကတစ်နိုင်ငံလုံးမှာ အချမ်းသာဆုံးလူဖြစ်ပြီး သူတို့သမီးကို လိုက်နေတာလေ။
သူ့တကယ့်အထောက်အထားကိုပြလိုက်ရင် ရှောင်လင်းယွီရဲ့မိဘတွေက သူ့ရည်ရွယ်ချက်ကို ပိုသတိထားပြီး သံသယရှိလိမ့်မယ်။
ဘာလို့လဲဆိုတော့ ကမ္ဘာပေါ်မှာအချမ်းသာဆုံးလူက သူတို့သမီးကိုချစ်လိမ့်မယ်လို့ သူတို့မထင်ဘူးလေ။
ဒါကြောင့် သူ့ရဲ့ရိုးသားမှုကိုပြဖို့ တစ်ခုခုလုပ်ဖို့လိုသည်။
မေမေရှောင်နဲ့ ဖေဖေရှောင်က ကုန်းထျန်းဟောက်ရဲ့ထူးခြားတဲ့နောက်ခံကို ခန့်မှန်းပြီးပေမယ့်လည်း သူ့ကိုယ်သူထုတ်ပြလိုက်လို့ မဖြစ်သေးပေ။ ဒါပေမယ့်လည်း သူက သူတို့သမီးကို တကယ်ကာကွယ်ပေးနိုင်သရွေ့တော့ သူတို့စိတ်မခုပေ။ ကုန်းထျန်းဟောက်က သူတို့အသက်ကယ်လှေဖြစ်သည်။
သူ ရှောင်လင်းယွီကို ကယ်နိုင်မကယ်နိုင်ကို သူတို့မသိပေမယ့် သူ့ကို မယုံတာနဲ့စာရင်တော့ ယုံကြည်ပေးလိုက်သည်!
ကုန်းထျန်းဟောက်သူမလက်ကိုကိုင်ထားတဲ့အချိန်မှာ ရှောင်လင်းယွီက သူ့ရဲ့ကြီးမားတဲ့လက်တွေဆီက နွေးထွေးမှုကို ခံစားလိုက်ရသည်။ ၎င်းက သူမနှလုံးသားကိုလည်း နွေးထွေးသွားစေခဲ့သည်။
ရှောင်ကွမ်းဖော်ထုတ်ခံလိုက်မယ်လို့ သူမခန့်မှန်းပြီးသားဖြစ်ပေမယ့်လည်း သူမစိတ်က ကြောက်ရွံ့ပြီး စိုးရိမ်နေတုန်းဖြစ်သည်။ ဒါပေမယ့်လည်း ဒါက သူမမိဘတွေကို ပိုပြီးစိတ်ပူစေမှာဖြစ်လို့ သူမထုတ်မပြလိုက်ပေ။ သူမက သာမန်လယ်သမားတစ်ယောက်သာဖြစ်သည်။
ဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီရဲ့ပစ်မှတ်က သေချာပေါက် ရှောင်ကွမ်းပဲ။ ရှောင်ကွမ်းကတကယ်ပဲ နွားဘုရင်ငယ်လေးဆိုရင် အဆင်ပြေလိမ့်ဦးမည်။ ၎င်းအခိုးခံလိုက်ရရင်လည်း ရှိစေတော့ပေါ့။ အနည်းဆုံးတော့ သူမမိသားစု အန္တရာယ်ထဲမရောက်ပေ။
ဒါပေမယ့်လည်း ရှောင်ကွမ်းက နွားဘုရင်ငယ်လေးမဟုတ်ပေ။ သူမက သူ့ကို စမ်းရေတိုက်နေသောကြောင့် သူ့မှာ အဲ့ဒီစွမ်းအားတွေရှိနေခြင်းဖြစ်သည်။ ပြောရရင်တော့ နွားဘုရင်ငယ်လေးက သူမအိမ်မှာသာ နွားဘုရင်ငယ်လေးဖြစ်သည်။ သူထွက်သွားရင် ပုံမှန်နွားတစ်ကောင်အဖြစ် ပြန်ပြောင်းသွားလိမ့်မည်။
သူ့ကိုခိုးသွားတဲ့သူတွေ သံသယဖြစ်ကြလိမ့်မည်။
လူသားတွေရဲ့လေဘက အဆုံးမရှိပေ။
သံသယရှိမှုက သူတို့ကို ရှောင်လင်းယွီရဲ့မိသားစုဆီ ဦးတည်စေလိမ့်မည်။
အာဏာနဲ့ လွှမ်းမိုးမှုရှိတဲ့လူတွေက သူတို့ကို လွယ်ကူစွာပဲ ဇီဝိန်ခြွေပစ်လိမ့်မည်။ လက်ကလေးတစ်ချက်လှုပ်ရုံနဲ့တင် သူတို့ပျောက်ကွယ်သွားနိုင်ပြီး ဘယ်သူမှ ဘာသံသယမှဖြစ်မည်မဟုတ်ပေ။ သူတို့အဖမ်းခံလိုက်ရတာနဲ့ သေခြင်းထက်ပိုဆိုးတဲ့ဘဝမျိုးကို ကြုံရလိမ့်မည်။
ရှောင်လင်းယွီက သေရမှာမကြောက်ပေ။ ဒါပေမယ့် သူမချစ်ရတဲ့မိသားစု ပါဝင်ပက်သက်မိသွားမှာတော့ကြောက်သည်။ ဒါကြောင့် သူမကြောက်လန့်ပြီး စိုးရိမ်နေခြင်းဖြစ်သည်။
အဲ့ဒီအချိန်မှာ ကုန်းထျန်းဟောက်က သူမလက်ကိုကိုင်ပြီး သူမကို နွေးထွေးမှု၊ စိတ်သက်သာရာရမှုနဲ့ လုံခြုံစေတဲ့ခံစားမှုတစ်ခုပေးခဲ့သည်။
“ဟုတ်တယ် ဒီကလေးက သူ့ကလေးမှန်း ကုန်းထျန်းဟောက်သိနေတာပဲ။ သူ ဒီခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးရဲ့ နောက်ကွယ်ကဖုံးထားတဲ့ကိစ္စကိုလည်း သိမှာပဲ။ သူ့ကလေးကိုတော့ သူကာကွယ်မှာပဲမလား?”
ရှောင်လင်းယွီ ပိုပြီးစိတ်သက်သာရာရသွားသည်။
ကုန်းထျန်းဟောက်ရဲ့ကတိကိုကြားတော့ ဖေဖေရှောင်နဲ့ မေမေရှောင်က အားရဝမ်းသာနဲ့
“ထျန်းဟောက် ကျေးဇူးအများကြီးတင်ပါတယ်”
ကုန်းထျန်းဟောက်က ရှောင်လင်းယွီလက်ကို တင်းတင်းကျပ်ကျပ်ကိုင်ထားပြီး လွှတ်မပေးပေ။ သူမရဲ့သေးငယ်တဲ့လက်လေးတွေ ဖြည်းဖြည်းချင်းနွေးလာတာကို သူခံစားမိလိုက်သည်။
သူက ပြုံးပြီး
“ဦးလေး အဒေါ်၊ ဦးလေးတို့အားလုံးက ကျွန်တော့်မိသားစုပါပဲ။ ကျွန်တော့်တို့တွေက မိသားစုပဲ။ အရမ်းပျူငှာနေဖို့မလိုပါဘူး”
ကုန်းထျန်းဟောက်က သူတို့ကို မိသားစုလို့ပြောလိုက်တာကိုကြားတော့ ဖေဖေရှောင်နဲ့ မေမေရှောင်တို့ စိတ်လှုပ်ရှားသွားသည်။ သူတို့ ကုန်းထျန်းဟောက်ကို ပိုပြီးတော့တောင် သဘောကျသွားသည်။
ဒါပေမယ့်လည်း မေမေရှောင်က ယဉ်ကျေးစွာနဲ့၊ “ထျန်းဟောက် ဘာတွေပဲဖြစ်ဖြစ်၊ မင်းကို အန်တီတို့ အရမ်းကျေးဇူးတင်ပါတယ်ကွယ်။ ပြီးတော့...”
ထိုအချိန်တွင် မေမေရှောင်က ရုတ်တရက် အရမ်းတည်ငြိမ်သွားပြီး၊ “ထျန်းဟောက် အန်တီပြောချင်တာက အကယ်လို့ အန်တီတို့်မိသားစုတစ်ခုခုဖြစ်သွားရင် မင်း ယွီအာကို ကာကွယ်ပေးမယ်လို့ အန်တီမျှော်လင့်ပါတယ်ကွယ် နော်?”
ကုန်းထျန်းဟောက်က ရှုပ်သွားပေမယ့်လည်း ထပ်မမေးရလောက်အောင် သူတော်သည်။ သူ့ခေါင်းကို လေးလေးနက်နက်နဲ့ငြိမ့်လိုက်ပြီး၊ “ဦးလေး အန်တီ ကျွန်တော်ယွီအာရဲ့ဘေးကင်းလုံခြုံမှုကို ကာကွယ်ပါ့မယ်။ ကျွန်တော်လူတိုင်းရဲ့ ဘေးကင်းမှုကို ကာကွယ်ပေးမှာ။ ကျွန်တော့်ကိုယုံပါ။ ကျွန်တော်အနားမှာရှိနေသရွေ့ အန်တီတို့ကို ဘယ်သူမှဘာမှမလုပ်ရဲစေရဘူး”
မေမေရှောင်ရဲ့မျက်လုံးတွေ နီရဲသွားပြီး ဝမ်းမြောက်ဝမ်းသာနဲ့ ခေါင်းညိတ်လိုက်သည်။
“ဟုတ်ပြီ ဟုတ်ပြီ ထျန်းဟောက်၊ ကျေးဇူးပါကွယ်”
ကုန်းထျန်းဟောက်က ပြုံးပြီး
“အန်တီ ကျွန်တော်ပြောသလိုပဲ ကျွန်တော်တို့ကမိသားစုတွေပါ။ ကျေးဇူးတင်ဖို့မလိုပါဘူး”
မေမေရှောင်နဲ့ ဖေဖေရှောင်က အချင်းချင်းကြည့်လိုက်ပြီး ပြုံးကာ
“အေးပါကွယ်”
ကုန်းထျန်းဟောက်က ရှောင်လင်းယွီကို ကြည့်လိုက်သည်။
ဖေဖေရှောင်နဲ့ မေမေရှောင်က ဒါကိုရိပ်မိသွားပြီး လူငယ်လေးနှစ်ယောက် တစ်ခုခုပြောဖို့ရှိနေတဲ့အကြောင်း သဘောပေါက်သွားသည်။ သူတို့အချင်းချင်းထပ်ကြည့်လိုက်ပြီး ညီညီညာညာနဲ့၊
“ထျန်းဟောက် အန်တီတို့ လယ်ကွင်းထဲကိုသွားဖို့ ကိစ္စတချို့ရှိသေးတယ်။ ဒါကြောင့်မလို့ အန်တီတို့အရင်သွားတော့မယ်။ ယွီအာကိုစောင့်ရှောက်နေရလို့ မင်းကို ဒုက္ခပေးမိပြီ”
“အန်တီ ကျွန်တော်ယွီအာကို ဂရုစိုက်လိုက်ပါ့မယ်”
ကုန်းထျန်းဟောက် ခေါင်းညိတ်လိုက်သည်။
သူမမိဘတွေထွက်သွားပြီးတော့ ရှောင်လင်းယွီက ကုန်းထျန်းဟောက်ကို ဝမ်းသာအားရကြည့်လိုက်ပြီး၊
“ကုန်းထျန်းဟောက် ကျွန်မမိဘတွေကို နှစ်သိမ့်ပေးလို့ကျေးဇူးပဲ။ မဟုတ်ရင် သူတို့ အများကြီးစိတ်ပူနေရမှာ”
သူမမိဘတွေဘာလို့အရမ်းစိုးရိမ်နေရလဲဆိုတာကို ကုန်းထျန်းဟောက်က သူမကိုမမေးခဲ့ပေ။ သူက ရှောင်လင်းယွီကို လက်တစ်ဖက်နဲ့ကိုင်ထားပြီး သူမရဲ့နူးညံ့တဲ့လက်လေးရဲ့ အနွေးဓာတ်ကို ခံစားလိုက်ရသည်။ တခြားတစ်ဖက်နဲ့ သူမဆံပင်ကို နဖူးပေါ်မှာစည်းဖို့ ကူညီပေးလိုက်ပြီး နူးညံ့တဲ့အပြုံးတစ်ခုနဲ့၊
“ယွီအာ ဒါကိုယ်လုပ်ရမယ့်အရာလေ။ မင်းကိုယ့်ကို ပြောပြချင်တာတစ်ခုခုမရှိဘူးလား?”
ရှောင်လင်းယွီက သူ့ကိုကြည့်ပြီး ပါးစပ်ဟလိုက်သည်။ သူမ တစ်ခုခုပြောချင်နေပေမယ့် သူမ မပြောနိုင်သလို ခံစားလိုက်ရသည်။ ခနမျှ သူမရဲ့အမူအယာက ဗလာနတ္ထိဖြစ်နေပြီး ကူကယ်ရာမဲ့နေသည်။
ကုန်းထျန်းဟောက်က ထပ်ပြီးသက်ပြင်းချလိုက်သည်။ သူက ရှောင်လင်းယွီကိုဖက်လိုက်ပြီး သူမပခုံးပေါ်မှာ သူ့ခေါင်းကို တင်ထားလိုက်သည်။ သူက သူမနားတွေဆီ ကပ်ပြောလိုက်ပြီး၊
“ယွီအာ မင်းဘာလို့ ကိုယ့်ကိုသတိထားပြီးကာနေတာလဲ? ဒါပေမယ့်လည်း ရပါတယ်။ ကိုယ်မင်းကို အချိန်ပေးပါ့မယ်။ ကိုယ်မင်းကိုတကယ်သဘောကျကြောင်း သက်သေပြမယ်။ ကိုယ်မင်းအဆင်သင့်ဖြစ်အောင်စောင့်မယ် ဟုတ်ပြီလား?”
***