မဲပေးခြင်း
Vol. 17 Ch. 281
ရှောင်လင်းယွီရဲ့သတိပေးမှုနဲ့ ရွာသားတွေချက်ချင်း လျိုမိသားစုရွာအကြောင်းတွေးမိလိုက်သည်။
သူတို့ကလည်း သူတို့တောင်တွေကို စာချုပ်ချုပ်ထားကြသည်။ သူဌေးကြီးတစ်ယောက်က မိုင်းတွင်းတစ်ခုလုပ်ဖို့ တောင်တွေကိုငှားထားခြင်းပင်။
သတ္ထုတူးဖော်တာက ပြင်းထန်တဲ့ညစ်ညမ်းမှုဖြစ်စေနိုင်ပေမယ့်လည်း လျိုမိသားစုရွာကလူတွေက စိတ်မခုကြပေ။
လျိုမိသားစုရွာမှာ ထောင်ယွမ်ရွာလိုမျိုး တောင်ထိပ်တွေများများစားစားမရှိဘဲ တောင်သုံးလုံးသာရှိသည်။ တောင်တွေထဲမှာ ရှားပါးတဲ့ သတ္ထုတွေရှိလိမ့်မယ်လို့ သူဌေးကြီးက ယုံကြည်နေသည်။ သူကတောင်တွေကို တစ်မူကိုယွမ်၁၀ဝနဲ့ငှားထားသည်။
တောင်တွေက စုစုပေါင်းဧရိယာမူ၃၀၀၀နဲ့ အတော်လေးကြီးသည်။ ဘော့စ်က ဒါတွေကို နှစ်နှစ်ပဲငှားပေမယ့်လည်း ငှားခကိုတော့ အားလုံးကို ပေးလိုက်သည်။ ဒါတောင် ပိုက်ဆံကအတော်များနေသေးသည်။
ဒါပေါ့လျိုမိသားစုရွာသားတွေကလည်း ပိုက်ဆံကို လက်ခံကြသည်။ ဒါ့ပြင် နှစ်နှစ်ကြာပြီးရင်တော့ တောင်တွေကို လျိုမိသားစုရွာက ပြန်ပိုင်တော့မည်။
ညစ်ညမ်းမှုအတွက်ကရော?
တောင်တွေက ရွာနဲ့ အတော်ဝေးဝေးမှာဆိုတော့ သူတို့ဂရုမစိုက်ကြပေ။
တောင်ခြေအနီးက လယ်မြေတွေအတွက်ကျတော့ သတ္ထုတူးဖော်နေတုန်း သူတို့တွေပျက်စီးသွားရင် လျော်ကြေးပေးမယ်လို့ ဘော့စ်ကြီးကကတိပေးထားသည်။
နှစ်အနည်းငယ်ကြာပြီးတော့ မိုင်းတွင်းတွေရပ်လိုက်ရင် သူတို့တောင်တွေပေါ်မှာ နောက်တစ်ကြိမ်စိုက်ပျိုးလို့ရမည်။ လောလောဆယ်တော့ တည်ဆောက်ပြုပြင်မှုတွေ တောင်တွေမှာ ဆက်လုပ်နေသည်။ ဒါက သတ္ထုတူးဖော်ရေးလုပ်ငန်းဆိုတော့ ဘော့စ်ကြီးက လူတွေအလုပ်ခန့်ရမည်။
သူက လျိုမိသားစုရွာက လူတွေကိုပဲ တိုက်ရိုက်ခန့်လိုက်သည်။ အရင်နှစ်က လျိုမိသားစုရွာကလူကြီးတိုင်း သတ္ထုတူးဖော်ရေးသမားတွေအနေနဲ့ အလုပ်သွားကြရသည်။ သူတို့ဘဝတွေ ဖြည်းဖြည်းချင်း တိုးတက်လာသည်။ ဒါက တခြားအနီးနားကရွာတွေဆီကနေ မနာလိုစေခဲ့သည်။
“ခုငါမှတ်မိပြီ၊ လျိုမိသားစုရွာက သူတို့တောင်တွေကို တစ်မူယွမ်၁၀၀နဲ့ငှားခဲ့တာပဲ”
“ဟုတ်တယ် လျိုမိသားစုရွာကလူတွေက ငါ့ကိုလည်းပြောပြတယ်”
နှိုင်းယှဉ်ကြည့်ရင် ရှောင်လင်းယွီပေးတဲ့ တစ်မူကိုယွမ်၁၅၀ကတောင် အရမ်းရက်ရောလွန်းနေသည်။
ရှောင်လင်းယွီကဆက်ပြီး၊ “အမှန်ပဲ
လျိုမိသားစုရွာကလူတွေက သူတို့တောင်တွေကို တစ်မူယွမ်၁၀၀နဲ့ငှားထားတာ။ ကျွန်မပေးတာက အရမ်းသင့်တင့်နေပြီးသားလို့ထင်တယ်။ ဒါပေမယ့်လည်း...”
ရှောင်လင်းယွီရဲ့စူးရှတဲ့အကြည့်က ရွာသားတိုင်းအပေါ် လွှမ်းမိုးသွားပြီး သူ့ဦးလေးခုနစ်ကိုကြည့်လိုက်ကာ ဆက်ပြီး၊
“ဦးလေးခုနစ်နဲ့ ဒီမှာရှိနေတဲ့လူအားလုံး ကျွန်မပေးတဲ့တန်ဖိုးက အရမ်းနည်းလွန်းနေတယ်လို့ခံစားရရင် လွတ်လွတ်လပ်လပ်သွားပြီး ရှင်တို့မြေကို ယွမ်၂၀၀နဲ့ငှားမယ့် ဘော့စ်ကို ရှာလိုက်ကြပေါ့”
“ကျွန်မအနေနဲ့ကတော့ ထောင်ယွမ်ရွာက ကျွန်မကို မကူညီချင်မှတော့ တခြားအနီးနားရွာတွေမှာပဲ အခွင့်အလမ်းရှာတာပိုကောင်းလိမ့်မယ်။ သူတို့ကို ၁၅၀ မဟုတ်ဘူး တစ်မူကိုယွမ်၁၂၀ပေးရင်တောင် သူတို့တောင်မြေတွေကို ကျွန်မဆီ ဝမ်းမြောက်ဝမ်းသာငှားကြလိမ့်မယ်လို့ ကျွန်မထင်တယ်”
ဒီလူတွေက တကယ်ပဲ သူမကိုဒါနဲ့ နိုင်စားလို့ရမယ်လို့ ထင်နေကြသည်။
သူမကိုငတုံးများ အောက်မေ့နေတာလား?
ရှောင်လင်းယွီပြောလိုက်တာနဲ့ ရွာသားတွေရဲ့မျက်နှာက ချက်ချင်းပြောင်းသွားသည်။
သူကဘာကိုဆိုလိုတာလဲ?
သူက တခြားရွာကတောင်တွေကို ငှားချင်တာလား?
သူက သူ့အိမ်နီးနားချင်းတွေထက် အပြင်လူတွေကို အခွင့်အရေးပေးဖို့ရည်ရွယ်နေတာလား?
လူတော်တော်များများ သဘောမကျဖြစ်သွားသည်။
...ကောင်းပြီလေ
ပိုများတဲ့ငှားခလိုချင်နဲ့လူတွေအများစုကတော့ စိတ်တိုကုန်တာပေါ့။
သူတို့ကအရမ်းလောဘကြီးသည်။ ရှောင်လင်းယွီက သူတို့ကို ဈေးကောင်းတစ်ခုပေးထားပေမယ့်လည်း သူတို့ကပိုလိုချင်နေတုန်းပဲ။ ရှောင်လင်းယွီက အလွယ်တကူသိမ်းသွင်းရမယ့်သူလို့ သူတို့တကယ်ထင်နေကြသည်။
တစ်ယောက်ကမကျေမနပ်ဖြင့်
“လင်းယွီ ငါတို့ကမင်းအိမ်နီးနားချင်းတွေလေ။ မင်းကငါတို့ဆီကနေမငှားဘဲ တခြားရွာကို ထောက်ပံ့ချင်တာလား? ဘယ်လိုလုပ်ဒါကိုလက်ခံနိုင်မှာလဲ?”
ရှောင်လင်းယွီ သာမန်ကာလျှံကာဖြင့်၊ “ဒီအတွက်တော့ ရှင်တို့ ကျွန်မကို အပြစ်တင်လို့မရဘူးလေ။ ကျွန်မ သင့်တင့်တဲ့ငှားခတစ်ခုကမ်းလှမ်းပြီး လူတိုင်းကို မျက်နှာချင်းဆိုင်ပြောပြီးပြီ။ ဒါပေမယ့်လည်း တချို့တွေက ဒါကိုမလုံလောက်သေးဘူးလို့ ထင်နေတယ်လေ။
အရင်နှစ်က ကျွန်မပိုက်ဆံနည်းနည်းစုမိပေမယ့်လည်း တောင်တွေကိုငှားတာက များပြားတဲ့ငွေပမာဏတစ်ခု လိုနေတုန်းပဲ။ ကျွန်မမှာ ဈေးကောင်းတစ်ခုပေးနိုင်မယ့်အထိတော့ ငွေကြေးမရှိဘူး”
“ဒီလိုဆိုမှတော့ ကျွန်မ ဒုတိယအကောင်းဆုံးဖြစ်နိုင်ချေကို ရွေးတာကလွဲရင် ရွေးချယ်စရာမရှိဘူး။ ကျွန်မတခြားရွာကငှားရင် ငွေတောင်စုမိဦးမှာ။ “ပြီးတော့ ကျွန်မငွေတွေကိုဖြုန်းတီးနိုင်ရအောင် ပိုက်ဆံကကောင်းကင်ကျလာတာမဟုတ်ဘူးရှင့်။ ဒါကျွန်မိသားစုကြိုးကြိုးစားစားလုပ်ထားရတဲ့ပိုက်ဆံ”
‘ကျွန်မက ရှင်တို့ လွယ်လွယ်အခွင့်အရေးယူလို့ရမယ့်အရူးမျိုးမဟုတ်ဘူး’ ဟု သူမပြောတော့မလိုပင်။
ရှောင်လင်းယွီ ဒါကိုပြောလိုက်တာနဲ့ လူအုပ်ကငြိမ်သက်သွားသည်။
အဲ့ဒီအချိန်မှာ ရှောင်ချန်းပမ်းက ကျယ်လောင်စွာနဲ့၊ “လင်းယွီ လောဘကြီးတဲ့လူတချို့ပြောတာကိုနားမထောင်နဲ့။ မင်းပေးတဲ့ငှားခတန်ဖိုးက အရမ်းသင့်တင့်လွန်းနေပြီ”
“မင်းက တောင်တွေကိုငှားရုံငှားမှာလေ။ လျိုမိသားစုရွာကဘော့စ်ကြီးလိုမျိုးလည်း သတ္ထုတူးဖော်မှာမှမဟုတ်ဘဲ။ မင်းကသစ်သီးပင်တွေစိုက်မှာလေ။ ပြီးတော့ မင်းက ငါတို့ကို တောင်တွေပေါ်မှာ ဆက်ရှာဖွေဖို့တောင် ခွင့်ပြုထားသေးတယ်။ မင်းငါတို့ကို အရမ်းကောင်းကောင်းဆက်ဆံပေးနေတာကိုပဲ ငါတို့ဝမ်းသာသင့်တာပါ”
“ဘာပဲဖြစ်ဖြစ် ငါ့မှာကန့်ကွက်စရာမရှိပါဘူး!”
သူစကားပြောပြီးသွားတာနဲ့ တစ်ယောက်က ချက်ချင်းချေပလိုက်သည်။
ရှောင်လိုင်ကောက၊ “ရှောင်ချန်းပမ်း၊ မင်းက သူတို့မိသားစုနဲ့ ဆက်ဆံရေးကောင်းကောင်းရှိမှန်း ဘယ်သူမသိလို့လဲ? ဒါပေါ့ မင်းမှာ ဘယ်ကန့်ကွက်စရာရှိပါ့မလဲ?”
ရှောင်ချန်းပမ်းရဲ့စူးရှတဲ့အကြည့်က သူ့ကိုလွှမ်းမိုးသွားပြီး သူကပြတ်ပြတ်သားသားမေးလိုက်သည်။
“ဒါဆို မင်းမှာကန့်ကွက်စရာရှိတာလား? မင်းက လင်းယွီကို တစ်မူယွမ်၄၀၀ပေးစေချင်တာနဲ့ပဲလေ? ရှောင်လိုင်ကော၊ မင်းဘယ်လောက်တောင်လောဘကြီးနေတာလဲ? ပြီးတော့ တောင်တွေက မင်းအပိုင်တောင်မဟုတ်ဘူးနော်!”
ရှောင်လိုင်ကောကဒေါသတကြီးနဲ့၊ “တောင်တွေက ငါ့အပိုင်မဟုတ်ဘူးဆိုတာမှန်ပေမယ့် ငါ့မိသားစုက တစ်စိတ်တစ်ပိုင်းပိုင်တယ်။ ဒါဆို ငါဘာလို့ကန့်ကွက်မရရမှာလဲ?”
“မင်းမိသားစုက တောင်တွေတစ်စိတ်တစ်ပိုင်းပိုင်တဲ့ထဲက တစ်ယောက်လေ။ မင်းကန့်ကွက်ချက်ကအရေးမကြီးဘူး!”
ရှောင်ချန်းပမ်းက ပြောလိုက်သည်။
ရှောင်လိုင်ကော စိတ်တိုသွားလေသည်။
“တော်လောက်ပြီ!”
ရွာသူကြီးက သူတို့နှစ်ယောက် အချင်းများနေတာကို ရပ်တန့်လိုက်သည်။
ပြီးနောက် ရွာသူကြီးက တည်တည်ငြိမ်ငြိမ်ဖြင့်၊ “ရှောင်လင်းယွီရဲ့ငှားခတန်ဖိုးက နဂိုတည်းက အရမ်းသင့်နေပြီ။ ငါတို့ကတစ်ရွာတည်းမိုလို့တောင် သူက အပိုတွေပေးထားသေးတာ”
“တချို့လူတွေက နည်းနည်းပေးရင် များများလိုချင်ကြတာ။ မင်းတို့ပိုများတဲ့ ငှားခလိုချင်ရင်တော့
ငှားမယ့် မင်းတို့ကိုယ်ပိုင်ဘော့စ်ပဲသွားရှာလိုက်တော့။ မင်းတို့ ၂၀၀ မဟုတ်ရင် ၄၀၀နဲ့ငှားလို့ရမယ်။ ပြီးရင် မင်းတို့ ချက်ချင်းချမ်းသာကုန်မှာပေါ့”
ပြီးနောက် သူက စားပွဲပေါ်က ကတ်ထူပုံးနှစ်ခုကို ညွှန်ပြလိုက်သည်။
“အခု ငါတို့မဲပေးမယ်။ လူတိုင်းမှာ အစဉ်လိုက်ဂဏန်းနဲ့ကတ်တွေရှိတယ်။ ရှောင်လင်းယွီကိုငှားဖို့ သဘောတူတယ်တဲ့သူတွေက မင်းတို့ကတ်ကို ဘယ်ဘက်မှာထည့်။ သဘောမတူတယ့်သူတွေက ညာဘက်က ပုံးထဲမှာထည့်။
လူတစ်ဝက်ကျော်ကျော်သဘောတူရင် ရွာက ဒီတောင်တွေကို ရှောင်လင်းယွီကိုငှားဖို့ တစ်နည်းနည်းနဲ့သဘောတူလိုက်တယ်လို့ ဆိုလိုတာပဲ။ အားလုံးနားလည်လား?”
“ဟုတ်ကဲ့!”
သူတို့ ခေါင်းညိတ်လိုက်သည်။
ဒါပေါ့ သံသယတွေထားနေတဲ့လူတွေလည်းရှိပြီး အထင်အမြင်သေးစွာပြောလိုက်သည်။
“ငါတို့ဘာလို့အချိန်ဖြုန်းနေမှာလဲ? ရလဒ်ကသိသာမနေဘူးလား?”
အများစုက သဘောတူနေကြသည်လေ။
ရွာသူကြီးက သူတို့ကို လျစ်လျူရှုပြီး တိုက်ရိုက်ပြောလိုက်သည်။
“ကောင်းပြီ အခုမဲစပေးရအောင်”
ရွာသားတွေက ပုံးတွေဆီသွားပြီး သူတို့ကတ်တွေကို ထည့်လိုက်သည်။
ခနအတွင်းမှာပဲ လူတိုင်းမဲပေးပြီးသွားသည်။
ရွာသူကြီးနဲ့ ရွာအကျိုးဆောင်တချို့က ရလဒ်တွေကို ချက်ချင်းအတည်ပြုလိုက်သည်။ နောက်ဆုံးမှာ ရွာသူကြီးက ကြေညာလိုက်သည်။
“ထောင်ယွမ်ရွာမှာ စုစုပေါင်း အိမ်ထောင်စု ၁၈၆ခုရှိတယ်။ ရှောင်ဖူချီနဲ့ ရှောင်ချန်းချိုင်တို့မိသားစုတွေကလွဲပြီးတော့ ဒီမှာ ၁၈၄ခုရှိတယ်။ ဒီတော့ တစ်ဝက်ဆိုရင် ၉၂မဲပဲ။ ရွာအကြီးအကဲတွေနဲ့ငါနဲ့ မဲတွေကို ရေပြီးပြီ။ ရှောင်လင်းယွီကို ထောက်ခံတာမှာ ၁၆၂မဲရှိပြီး ကျန်တာကတော့ ၂၂မဲ။ ဒါ့ကြောင့် ရှောင်လင်းယွီကို တောင်တွေကိုငှားခွင့်ပြုတယ်”
ဒီရလဒ်ကို ဘယ်သူမှ အံ့ဩမသွားခဲ့ပေ။
လောကြီးတဲ့လူက အနည်းငယ်သာရှိလေသည်။
***