← Chapters

ရေနွေးကြမ်း

Vol. 17 Ch. 283

ရေနွေးကြမ်း

Vol. 17 Ch. 283

“ဘာရယ် သတင်းထောက်တွေက အင်တာဗျူးအတွက် အိမ်မှာရောက်နေတာလား?”

ရှောင်လင်းယဲ့က အိမ်ကနေ ဖုန်းတစ်ကောရလိုက်ပြီး မျက်မှောင်ကြုံ့သွားသည်။

“ဒါဆိုရင် အစ်မ ကျွန်‌တော်အိမ်ကို အမြန်လာရမလား?”

ရှောင်လင်းယဲ့က သူ့ယာဉ်မောင်းလိုင်စင်ကို ရပြီးပြီ ဆိုပေမယ့်လည်း သူက ခရိုင်မြို့မှာ ကူညီနေပြီး အိမ်ကိုသိပ်မပြန်ပေ။

သူ့ပလန်က မြို့ကိုစွန့်ခွာပြီး ကမ္ဘာကြီးကို ကြည့်ဖို့ဖြစ်သည်။ ဒါ့ပြင် သူ့မှာ အားလပ်ရက် နှစ်လ သုံးလရှိသည်။ ဒါပေမယ့်လည်း သူ့အစ်မဆိုင်ရဲ့စီးပွားရေးက တော်တော်ကောင်းသည်။ ဒါ့ကြောင့် ရှောင်လင်းယဲ့က ဆိုင်မှာကူဖို့ ဆုံးဖြတ်လိုက်သည်။

တစ်ခါတစ်ရံ သူ့သူငယ်ချင်းကောင်းတချို့နဲ့ အပြင်သွားသည်။ ဒါပေမယ့်လည်း ရှောင်လင်းယဲ့ကတော့ အမြဲထိန်းချုပ်မှုအောက်မှာပဲ။ သူဘယ်တော့မှ လွန်လွန်ကျူးကျူးမလုပ်ပေ။

သူကထိပ်တန်းအမှတ်ရတဲ့သူဖြစ်တဲ့သတင်းကိုကြားလိုက်တော့ ကျောင်းကသူ့ကို ချက်ချင်းသတင်းပို့သည်။ ပြီးတော့ သူက သူ့မိသားစုကို ပထမဆုံးပြောပြသည်။

စိတ်လှုပ်ရှားတာပြီးသွားတော့ သူ့ရဲ့ ပုံမှန်စိတ်တည်ငြိမ်မှုကို ပြန်ရလိုက်သည်။

သူက တက္ကသိုလ်ဝင်ခွင့်စာမေးပွဲက သူ့ဘဝအလှည့်အပြောင်းရဲ့ ပထမဆုံးအဆင့်ပဲရှိသေးတယ်လို့ ခံစားလိုက်ရသည်။

သူဘယ်လောက်ပဲ ကောင်းကောင်းလုပ်လုပ် သူတက္ကသိုလ်ကို ဝင်သွားပြီးရင် အကုန်လုံးကို သုညကနေပြန်စရမည်။ သူ့အနာဂတ်အတွက် သူစီစဉ်ထားရမည်။ သူ့ရဲ့အောင်ပန်းအပေါ်မှာ မှီခိုနေလို့မရပေ။

သူ ကြိုးစားဖို့လိုသည်!

ရှောင်လင်းယဲ့ရဲ့ တည်ငြိမ်တဲ့စိတ်သဘောထားက သူ့မိသားစုသင်ကြားပေးမှုရဲ့ ရလဒ်တွေဖြစ်သည်။ သူ့မှာ အမြဲတမ်းတည်ငြိမ်ပြီး တိကျပြတ်သားတဲ့ အစ်မတစ်ယောက်ရှိသည်။ သူမဆီကလည်း သူအနည်းငယ်သင်ယူခဲ့သည်။

ရှောင်လင်းယွီက ခနလောက်တွေးလိုက်ပြီး၊ “ဟုတ်တယ် နင်ပြန်လာသင့်တယ်”

နှစ်တိုင်း အတူတူပဲဖြစ်သည်။

မီဒီယာတွေက ထိပ်တန်းအမှတ်ရသူတွေကို နှစ်စဉ်တင်ပြသည်။

သူ့မောင်လေးသာ ဒီအင်တာဗျူးကို ငြင်းလိုက်ရင် သတင်းထောက်တွေ သူ့ကို ဘယ်လိုတန်ဖိုးဖြတ်လိုက်မှန်း ဘယ်သူကများသိမှာလဲ?

သူက စိတ်ကြီးဝင်ပြီး အထက်စီးဆန်သလို ဖော်ပြခံလိုက်ရနိုင်သည်။

“ကောင်းပြီ ကျွန်တော်အခုပြန်လာခဲ့မယ်”

ရှောင်လင်းယဲ့က ခေါင်းမာတဲ့လူဆိုပေမယ့်လည်း သူ့အစ်မရဲ့အကြံပေးမှုကိုတော့ အ‌လေးထားသည်။

ရှောင်လင်းယဲ့က သူ့လိုင်စင်ရပြီးရင် သူ့ကိုကားအသစ်တစ်စီးပေမယ်လို့ ရှောင်းလင်းယွီက ကတိပေးထားသည်။

ဘယ်လိုပဲဖြစ်ဖြစ် သူလိုင်စင်ရသွားတော့ သူက သူမရဲ့ကားကို လေ့ကျင့်ဖို့သုံးနေသည်။

ဒါ့ပြင် ရှောင်လင်းယွီကလည်း ကိုယ်ဝန်ရှိနေပြီး ကားမောင်းလို့မရဘူးလေ။

ဒါ့ကြောင့် ရှောင်လင်းယဲ့က သူလိုင်စင်ရပြီး‌တော့ သူ့အစ်မကားကို အမွေဆက်ခံလိုက်သည်။

…

သတင်းထောက်တွေရောက်လာတာကို ရွာသားတွေကြားတော့ သူတို့ ရှောင်ကျန်းယန်အိမ်ကို ချက်ချင်း သုတ်တီးသုတ်ပျာသွားလိုက်ကြသည်။

မေမေရှောင်က သတင်းထောက်တွေအားလုံးကို ခြံထဲခေါ်ပြီး သူတို့အတွက် ရေနွေးတစ်အိုးလုပ်ပေးလိုက်သည်။ ပြီးတော့ သူက အသီးနည်းနည်းယူလာပြီး သူတို့ကိုကျွေးလိုက်သည်။

“ဝိုး ဒီ‌ရေနွေးက တော်တော်အရသာရှိတာပဲ!”

တချို့သတင်းထောက်တွေက Zမြို့ကနေ ဒီနေရာကို ‌အပြေးလာခဲ့ကြရခြင်းပင်။ တစ်မနက်လုံးခရီးသွားလာပြီးတော့ သူတို့ ‌ရေနည်းနည်းဆာပြီး မောပန်းနေခဲ့ကြသည်။

ထိုင်ချပြီးတော့ သူတို့ ရေနွေးကြမ်းရနံ့ဆီက‌နေနှုတ်ဆက်ခံလိုက်ရတာကြောင့် စူးစမ်းလိုစိတ်နဲ့ သူတို့ခွက်တွေကိုယူပြီး တစ်ကျိုက်မော့လိုက်ကြသည်။

ဒါက အံ့ဩဖို့ကောင်းတာပဲ။

ရေနွေးကြမ်းရဲ့အရသာက အတော်လေးထူးခြားနေသည်။

“အန်တီ အန်တီရဲ့‌ရေနွေးကြမ်းကအရမ်းအနံ့ကောင်းတယ်။ ဒါဘယ်လိုလက်ဖက်ရည်မျိုးလဲ?”

သတင်းထောက်တစ်ယောက်က သိချင်စိတ်နဲ့ မေးလိုက်သည်။

မေမေရှောင်က ရှောင်လင်းယွီ ထိပ်တန်းကျောင်းသားဖြစ်ကတည်းက အင်တာဗျူးခံရဖူးသည်။ ဒါကြောင့် သူမအဲ့လောက်စိတ်လှုပ်ရှားမနေပေ။ သူမက ပြုံးပြီး၊

“ဒါပုံမှန် Da Hong Baoပါပဲ။ ဒါတစ်ကျင်ကို ယွမ်၁၀၀ကျတဲ့ လက်ဖက်ခြောက်တစ်မျိုးပဲ”

သူတို့မိသားစုအခြေအနေပိုကောင်းလာတော့ ပိုကောင်းတဲ့လက်ဖက်ခြောက်တွေဝယ်ယူခဲ့ကြသည်။

“ပုံမှန် Da Hong Paoပဲ?”

သတင်းထောက်တစ်ယောက်က မယုံနိုင်ဖြစ်သွားသည်။

“အန်တီ ကျွန်တော်အရင်က ပုံမှန် Da Hong Paoသောက်ဖူးတယ်။ ဒါဒီလောက်မမွှေးဘူး”

တစ်ယောက်က ချက်ချင်း သင်္ကာမကင်းပြောလိုက်သည်။

မေမေရှောင်ကပြုံးပြီး ရှင်းပြလိုက်သည်။

“အဲ့ဒါလက်ဖက်ခြောက်ကြောင့်မဟုတ်ဘူး ရေကြောင့်။ ‌ဒီနေရာကရေက သန့်စင်ပြီး ကြည်လင်တယ်။ ဒါ့ကြောင့် ပုံမှန်လက်ဖက်‌ခြောက်ကလုပ်ထားတဲ့ ရေနွေးကြမ်းတောင် အရမ်းမွှေးနေတာ”

တစ်ယောက်ရဲ့မျက်လုံးတွေလင်းလက်သွားပြီး ချက်ချင်းစူးစမ်းလိုစိတ်နဲ့မေးလိုက်သည်။

“အန်တီ ဒါတကယ်လား? ဒါဆိုရင် ကျွန်တော်တို့ အန်တီတို့ရေကို စမ်းသောက်ကြည့်လို့ရမလား?”

မေမေရှောာင်က ခေါင်းညိတ်လိုက်သည်။

“ရတာပေါ့။ တစ်မိနစ်ပဲစောင့် မင်းအတွက် တစ်အိုးယူပေးမယ်”

ရှောင်လင်းယွီ “...”

'ဘာတွေဖြစ်နေတာလဲ?

သူတို့ဒီမှာ အင်တာဗျူးဖို့ ရောက်နေတာမဟုတ်ဘူးလား?

ဒါကဘယ်လိုလုပ် ရေနွေးကြမ်းစမ်းသပ်တဲ့အခမ်းအနားဖြစ်သွားတာတုန်း?'

မေမေရှောင်က ရေတစ်အိုးဖြည့်လိုက်ပြီး အပြုံးတစ်ခုဖြင့်၊ “လာလေ ဘယ်သူရေသောက်ကြည့်ချင်လဲ?”

“အန်တီ ကျွန်မကိုတစ်ခွက်ထည့်ပေး! အန်တီ့ရေက တခြားရေရင်းမြစ်တွေနဲ့ ဘယ်လိုကွာလဲ‌ဆိုတာသိချင်တယ်”

“အန်တီ ကျွန်တော့်ကိုလည်း တစ်ခွက်!”

အကောင်း‌ဆုံးပညာသင်‌ဆုရကျောင်းသားကိုအင်တာဗျူးဖို့ လွှတ်လိုက်တဲ့သတင်းထောက်တွေက အတော်လေးယဉ်ကျေးကြသည်။

“ဝိုး ဒီရေကတကယ်အရသာရှိတာပဲ!”

တစ်ယောက်က တစ်ကျိုက်မော့လိုက်ပြီး၊

“ဒါချိုမြိန်ပြီး လန်း‌ဆန်းစေတယ်”

“ဒါပုံမှန်ရေပဲလား? ဘယ်လိုလုပ်အရမ်းအရသာရှိနေရမှာလဲ။ ဒါကနေလုပ်ထားတဲ့ရေနွေးကြမ်း အရမ်းမွှေးနေတာ အံ့ဩစရာမရှိတော့ဘူး။ ဒါက ယွမ်၁၀၀လက်ဖက်ရည်ကို ယွမ်၁၀၀၀၀လက်ဖက်ရည်လိုမျိုး ခံစားရစေတယ်”

“ဟားဟား ကြည့်ရတာတော့ ကျွန်တော်ပြန်သွားရင် ရေနည်းနည်းယူသွားမှနဲ့တူတယ်။"

တစ်ယောက်က စသလို နောက်သလိုပြောလိုက်သည်။

"ဟားဟား ငါလည်းတူတူပဲ။ ဟမ်...ဒီစတော်ဘယ်ရီတွေကလည်း အရမ်းစားကောင်းတယ်။"

"ဒီအရသာ...ဒီအရသာက ထောင်ယွမ်ရွာလတ်ဆတ်သောအသီးအနှံနဲ့ အသီးအရွက်များဆိုင်က စတော်ဘယ်ရီတွေရဲ့ အရသာလိုပဲ။"

သတင်းထောက်တွေက ချပေးထားတဲ့ အသီးတွေကို မြည်းကြည့်လိုက်သည်။

"ငါအဲ့ဒီ‌ဆိုင်မှာ စတော်ဘယ်ရီတွေစားဖူးတယ်။ သူတို့က အရသာဆင်တယ်။"

"ထောင်ယွမ်ရွာ လတ်ဆတ်သောအသီးအနှံနှင့် အသီးအရွက်များ‌ဆိုင်?"

တစ်ယောက်က ချက်ချင်းတုံ့ပြန်လိုက်သည်။

"ငါတို့က ထောင်ယွမ်ရွာမှာမဟုတ်ဘူးလား?"

သူတို့မေမေရှောင်ကို သိချင်စိတ်နဲ့ ကြည့်လိုက်ကြသည်။ မေမေရှောင်ကပြုံးပြီး ပြောလိုက်သည်။

“အန်တီ့မိသားစုက အဲ့ဆိုင်ကိုပိုင်တယ်လေ။ ဒီစတော်ဘယ်ရီတွေကိုကြိုက်ရင် တချို့ကိုမင်းတို့နဲ့တူတူ အလကားယူသွားလို့ရတယ်”

“ကျေးဇူးပါအန်တီ”

အားလုံးရဲ့မျက်လုံးတွေ ချက်ချင်းဝင်းလက်သွားသည်။

ဘယ်သူမှမငြင်းခဲ့ပေ။

ရှင်းယင်ခရိုင်နဲ့ Zမြို့နှစ်ခုစလုံးက သတင်းထောက်တွေက ဒီအသီးအနှံတွေနဲ့ အသီးဆိုင်အကြောင်းကို အရင်ကကြားဖူးသည်။

National Unionစူပါမားကတ်ကရောင်းတဲ့စတော်ဘယ်ရီတွေက ထောင်ယွမ်ရွာကလို့တောင် ဘောလဟာလရှိခဲ့သေးသည်။

ဒီလူတွက သတင်းထောက်တွေပဲ။

ဒါ့ကြောင့် သူတို့မှာ အနံ့ခံအာရုံကောင်းကောင်းရှိသည်။

သူတို့က National Unionစူပါမားကတ်က စတော်ဘယ်ရီတွေနဲ့ ထောင်ယွမ်ရွာလတ်ဆတ်သောအသီးအနှံနှင့် အသီးအရွက်များ‌ဆိုင်က စတော်ဘယ်ရီတွေက တစ်နေရာတည်းကလာတာဖြစ်ကြောင်း ချက်ချင်းသေချာသွားသည်။

သတင်းထောက်ငါးယောက်က ရှောင်မိသားစုဝင်းထဲမှာ ပျော်ရွှင်စွာ စားသောက်ခဲ့ကြသည်။

ဒီမိသားစုရဲ့ အစားအသောက်တွေက အရမ်းအရသာရှိလွန်းသည်။ သူတို့ရဲ့ရိုးရိုးရေကတောင် အရမ်းထူးခြားသည်။

သတင်းထောက်တွေထဲမှာ နဂိုက နည်းနည်းပဲစားတတ်တဲ့သူတချို့ရှိသည်။

ဒါပေမယ့်လည်း သူတို့ ထောင်ယွမ်ရွာရဲ့ ‌ထိပ်တန်းကျောင်းသားအိမ်ကိုရောက်ပြီး‌တော့ အစားကြီးသူတွေဖြစ်ကုန်ကြပြီ!

သူတို့ဘယ်လောက်ပဲစားစား ဗိုက်ချောင်သွားတယ်လို့မခံစားရပေ။

အသီးတွေနဲ့ သရေစာတွေက သူတို့ဗိုက်ထဲရောက်ကုန်သည်။

“အန်တီ အန်တီ့အိမ်ကဟာအားလုံးက ဘာလို့အရမ်းအရသာရှိနေတာလဲ?”

သတင်းထောက်တစ်ယောက်က ပင့်သက်ရှိုက်လိုက်သည်။

“အရမ်းပုံမှန်လို့ထင်ရတဲ့ဟာတွေက ဒီမှာနှိုင်းယှဉ်လို့မရအောင်ကို အရသာရှိနေတယ်”

မေမေရှောင်ကပြုံးပြီး၊ “မင်းတို့ကြိုက်တယ်ဆို ထပ်စားကြလေ။ မင်းတို့ယူသွားဖို့လည်း နည်းနည်းထုပ်ပေးလိုက်မယ်”

ရက်အနည်းငယ်အတွင်း မေမေရှောင်က သတင်းထောက်တွေ လာတော့မယ်မှန်း သိထားခဲ့သည်။ ဒါ့ကြောင့် သူမပြင်ဆင်ထားခဲ့သည်။

သတင်းထောက်တွေက ရှက်သွားသည်။

“ကျွန်တော်တို့ဘယ်လိုလုပ်ယူနိုင်မှာလဲ? ကျွန်တော်တို့ဒီမှာတောင် အများကြီး စားပြီးနေပြီ”

မေမေရှောင်က၊ “မင်းတို့ဘာလို့ရှက်နေကြတာတုန်း? ငါတို့ဒီစတော်ဘယ်ရီတွေကို ကိုယ်တိုင်စိုက်ထားတာ။ ချပေးထားတဲ့ ဟင်းသီးဟင်းရွက်တွေနဲ့ အသီးတွေအကုန်လုံးကလည်း အိမ်စိုက်ပဲ။ မင်းတို့ဒါတွေကိုကြိုက်လို့ ငါကဝမ်းသာနေတာ”

“ဒါဆိုရင် ကျေးဇူးအများကြီးတင်ပါတယ် ‌အန်တီ!”

သတင်းထောက်တွေ အရမ်းသဘောကျသွားသည်။

သူတို့ဒီတစ်ကြိမ်တော့ မှန်ကန်တဲ့နေရာကို လာခဲ့တာပဲ။

***

All Chapters