နက်ရှိုင်းတဲ့ခံစားချက်များ
Vol. 17 Ch. 284
သတင်းထောက်တွေက ရှောင်မိသားစုအိမ်မှာ ပျော်နေကြသည်။
ပြီးနောက် အဓိကဇာတ်ဆောင်ရောက်လာပြီး သတင်းထောက်တွေလည်း ထိုတော့မှ ပြန်တုံ့ပြန်နိုင်ကြတော့သည်။
သူတို့က ဒီကို မစ်ရှင်တစ်ခုဖြင့် လာခဲ့ခြင်းဖြစ်ကာ Zမြို့ရဲ့ဒီနှစ် ထိပ်တန်းကျောင်းသားနဲ့ သူ့မိသားစုကို အင်တာဗျူးဖို့လာခဲ့ခြင်းပင်။ ဒါပေမယ့်လည်း ကောင်းမွန်တဲ့အစားအသောက်တွေက ကြီးကြီးမားမားလမ်းချော်သွားစေသည်။
သူတို့အင်တာဗျူးကိစ္စဖြစ်တဲ့ ခန့်ညားပြီးချစ်စရာကောင်းတဲ့လူငယ်လေးကရှောင်လင်းယဲ့ဝင်လာတာကိုမြင်တော့ သူတို့မျက်လုံးတွေ ထပ်မံဝင်းလက်သွားသည်။ ဒီမိသားစုက အကုန်ချောမောတဲ့အမျိုးသားတွေနဲ့ လှပတဲ့အမျိုးသမီးတွေပဲ။ သူတို့က ပုံမှန်ကျေးလက်မိသားစုတစ်ခုနဲ့ ဘာမှမတူပေ။
ချက်ချင်း သူတို့အလုပ်ထဲကို စိတ်ပြန်ရောက်သွားသည်။
သူတို့က ရှောင်လင်းယဲ့ကို သူ့နောက်ခံ၊ Imperial University ကိုဝင်ခွင့်ရသွားတဲ့သူ့ခံစားချက်တွေ၊ သူ့ရဲ့study tipsတွေနဲ့ တခြားဟာတွေကို မေးမြန်းခဲ့သည်။ ပြီးနောက် သူရဲ့မိဘတွေကို ထက်မြက်တဲ့ကလေးတစ်ယောက်ကို ဘယ်လိုပျိုးထောင်ခဲ့မှန်း အင်တာဗျူးခဲ့သည်။
ထို့နောက် သူတို့က ထိပ်တန်းအမှတ်ရသူနဲ့ပက်သက်ပြီး သူတို့အမြင်တွေကို ရွာသားတွေကို မေးခဲ့သည်။ သူတို့ပထမဆုံးတွေ့ဆုံမေးမြန်းတဲ့သူက ရွာသူကြီးဖြစ်သည်။
ရှောင်လင်းယဲ့က ရှောင်မိသားစုရဲ့ ဒုတိယမြောက်ထိပ်တန်းကျောင်းသားဖြစ်တဲ့အကြောင်း ရွာသူကြီးဆီက သူတို့ကြားတော့ သတင်းထောက်တွေအံ့ဩကုန်သည်။
မိသားစုတစ်ခုတည်းမှာ ထိပ်တန်းကျောင်းသားနှစ်ယောက်တောင်။
သူတို့မိဘတွေက အံ့ဩစရာပဲ။
သတင်းထောက်တွေက ဒီမိဘစုံတွဲက အရမ်းပွင့်ပွင့်လင်းလင်းရှိပြီး သူတို့ကလေးတွေကို ဘယ်တော့မှတင်းကျပ်မထားကြောင်း ရွာသားတွေဆီကနေ သိခဲ့ရသည်။ သူတို့က သူတို့ကလေးတွေကို လွတ်လွတ်လပ်လပ်ကြီးပြင်းခွင့်ပြုထားသည်။
သူတို့က ရိုက်တာနှက်တာတောင်ရှားပြီး အမြဲတမ်း သူတို့နဲ့ လိုက်လျောညီထွေဖြစ်သည်။
သတင်းထောက်တွေသူတို့အလုပ်မပြီးခင်ထိ အင်တာဗျူးက နေ့တစ်ဝက်ကြာခဲ့သည်။
နောက်ဆုံးတို့ သူတို့မြို့ကိုပြန်သွားရတော့မည်။
ဒါပေမယ့်လည်း သူတို့ ထောင်ယွမ်ရွာကနေထွက်ခွာဖို့ အင်တင်တင်ဖြစ်နေခဲ့ကြသည်။
သတင်းထောက်တွေက အမြဲတမ်းသွားလာနေရပြီး ခရီးသွားနေတုန်း အစားအသောက်တွေကလည်း အမြဲလိုလိုသိပ်မကောင်းတတ်ပေ။ သူတို့ အပြန်လမ်းမှာ ဒီအကြောင်း ပြောဆိုနေခဲ့ကြသည်။
“ဒီမှာအရမ်းသက်သောင့်သက်သာရှိတယ်။ ငါတကယ့်ကို ပြန်တောင်မပြန်ချင်တော့ဘူး”
“အမှန်ပဲ၊ အခွင့်အရေးသာရမယ်ဆိုရင် ငါဒီကိုထပ်လာဦးမှာ”
အရသာရှိတဲ့အစားအစာတွေက ကြီးမားတဲ့ဆွဲဆောင်မှုဖြစ်သည်။
“အိုး ဟုတ်သားပဲ”
မိန်းကလေးသတင်းထောက်တစ်ယောက်က တစ်စုံတစ်ခုကို ရုတ်တရက်မှတ်မိသွားသည်။
“ငါ့သူငယ်ချင်းတစ်ယောက်ဆီကနေ သိပ်မကြာခင်တုန်းက ဒီမှာ စတော်ဘယ်ရီခူးတဲ့ပွဲတစ်ခုရှိတယ်လို့ကြားခဲ့တယ်။ သူလာပြီး လူတွေအများကြီးတွေ့ခဲ့တယ်”
“အခု နင်ပြောလိုက်တော့ ငါလည်းမှတ်မိသွားပြီထင်တယ်။ ဝင်ခွင့်လက်မှတ်က တစ်ယောက်ကို ယွမ်၁၀၀ပဲ။ ဖန်လုံအိမ်ထဲဝင်သွားပြီးရင် နင်တို့ကြိုက်သလောက်စားနိုင်တယ်။ ဒါပေမယ့်လည်း စတော်ဘယ်ရီတွေကိုအိမ်ယူသွားချင်တယ်ဆိုရင်တော့ အပိုထပ်ဆောင်းပေးရမယ်”
“ငါလည်းဒါကို ဌာနကနေကြားထားတယ်။ အစတုန်းက ဒစ်စကောင့်ရှိတယ်။ စတော်ဘယ်ရီတစ်ကျင်ကို ၄၅ယွမ်ပဲ။ ပထမဆုံးကာစတန်မာအယောက်၁၀၀က ဖန်လုံအိမ်ထဲကို ဖရီးသွားလို့ရတယ်။ ဒါပေမယ့်လည်း ပထမဆုံး၁၀၀က ချက်ချင်းပြည့်သွားတယ်။ ကျန်တာတွေက လက်မှတ်ဝယ်ရတော့တယ်။ ထောင်ယွမ်ရွာက စတော်ဘယ်ရီတွေကပိုဈေးကြီးသွားတယ်လို့ ပို့စ်တင်တဲ့သူကပြောတယ်။ သူမှန်တာပဲ”
“Zမြို့ရဲ့ National Unionစူပါမားကတ်က စတော်ဘယ်ရီတွေကိုရော တစ်လုံးကို၃၅ယွမ်နဲ့ရောင်းမှန်းသိလား? အဲ့ရောင်းတာတောင် သူတို့စတော့တွေခနခနပြတ်ကုန်တယ်”
“တစ်လုံးကို၃၅ယွမ်? အရမ်းဈေးကြီးတာပဲ!”
လူတွေ ပင့်သက်ရှိုက်လိုက်ပြီး မေမေရှောင်က သူတို့ကို အစောကပေးထားတဲ့ စတော်ဘယ်ရီနှစ်ကျင်ကို ပွေ့ထားလိုက်ကြသည်။
“ဒီစတော်ဘယ်ရီတွေရဲ့ဆိုဒ်အရတော့ တစ်ကျင်ကို နှစ်ဆယ်ပတ်လည်ရှိလောက်တယ်။ အိုးမိုင်ဂေါ့။ ငါတို့လက်ထဲမှာ ယွမ်၁၄၀၀လောက်ရှိတာပဲ!”
“ရှောင်မားက တကယ်ရက်ရောတာပဲ”
“ငါ့သားစားဖို့ နည်းနည်းချန်ထားရမယ်။ ဒါက ပိုက်ဆံနဲ့ဝယ်လို့မရတဲ့ အရာတွေပဲ”
“အမှန်ပဲ စတော်ဘယ်ရီရာသီကုန်တော့မယ်လို့ ငါကြားတယ်”
“ဒီခရီးကအရမ်းတန်တယ်။ ရွာကိုလာဖို့ငြင်းခဲ့တဲ့သူတွေက လာပြီးသွားရင် ကိုယ့်ဟာကိုမကျေမနပ်ဖြစ်လိမ့်မယ်”
သတင်းထောက်တော်တော်များများက ဒီလိုအင်တာဗျူးမျိုးလုပ်ဖို့ ငြင်းဆိုကြသည်။ ခရီးဝေးတာကလွဲရင် သတင်းတွေကလည်း များများစားစားသတင်းဝင်လောက်မှုမျိုးမရပေ။
သတင်းတွေက သူတို့ကို အာရုံစိုက်ခံရမှုနဲ့ ရာထူးတိုးဖို့တွေအတွက် ကူညီမပေးပေ။ ၎င်းက စိတ်ဒုက္ခရောက်စေပြီး အဓိပ္ပာယ်မရှိတဲ့အင်တာဗျူးမျိုးဖြစ်သည်။ ဒါ့ကြောင့် အထိန်းသိမ်းခံတွေနဲ့ လူသစ်အများစုကိုပဲ ဒီအလုပ်တွေကို ပို့ကြသည်။
“ဟုတ်တယ် ဒါတကယ်တန်တယ်”
တစ်ယောက်က ဆက်ထောက်ခံလိုက်သည်။
“ပြီးတော့ ငါနဲ့တူတူ ရေတစ်ပုလင်းလည်းသယ်လာတယ်”
“တကယ်?”
တစ်ယော်ကက တအံ့တဩပြောလိုက်သည်။
“ဟုတ်တယ်။ ရေက အရသာရှိတဲ့ရေနွေးကြမ်း လုပ်ပေးတယ်လေ။ ငါ့အဖေအတွက်နည်းနည်းယူသွားချင်လို့”
သူမဒါကိုပြောလိုက်တဲ့အချိန်မှာ နည်းနည်းဝမ်းနည်းနေပုံပေါ်သည်။
“ငါ့အဖေရဲ့ကျန်းမာရေးက ပိုဆိုးလာတယ်။ ငါသူ့ကို အကောင်းဆုံးအရာတွေပဲပေးချင်ပြီး သူနဲ့တူတူထပ်ပြီးအချိန်ကုန်ချင်တယ်။ သူက သူ့ကလေးတွေရဲ့ အဖော်ပြုမှုကို တကယ်လိုအပ်နေတာ”
ကားက တိတ်ဆိတ်သွားခဲ့သည်။
သူတို့ထဲမှာ ဘယ်သူမိဘမရှိလို့လဲ?
သူတို့ငယ်ရွယ်တုန်းက ကြီးပျင်းလာချင်ခဲ့ကြပေမယ့် ကြီးလာတဲ့အခါလည်းကျရော သူတို့မိဘတွေက အရမ်းအိုသွားပြီဆိုတာ သိလိုက်ကြတယ်။ ရုတ်တရက် သူတို့မိဘတွေရဲ့ခေါင်းတွေက အဖြူတွေနဲ့ပြည့်သိပ်လာတယ်။
သူတို့ကို လေတွေမိုးတွေဆီကနေ ကာကွယ်ပေးခဲ့တဲ့ပုံရိပ်တွေက ဖြည်းဖြည်းချင်းကွေးကျသွားတယ်။
ဒါပေမယ့်လည်း သားသမီးတွေအနေနဲ့ သူတို့အသက်မွေးဝမ်းကျောင်းက စတင်တုန်းပဲရှိသေးတယ်။ သူတို့မိဘတွေအတွက် အချိန်သိပ်မရှိကြပေ။ သူတို့မိဘတွေနဲ့ အချိန်သိပ်မကျန်တော့ဘူးဆိုတာ သဘောမပေါက်ခဲ့ကြဘူး။
သူတို့မိဘတွေက သူတို့ဆီကနေ ငွေတွေ ပစ္စည်းတွေတောင် မလိုချင်ကြပေ။ သူတို့က ရိုးရှင်းတဲ့အဖော်ပြုမှုလေးပဲ လိုချင်ကြရုံဖြစ်သည်။
တခြားသူတွေက မထိန်းနိုင်ဘဲ မျက်ရည်ကျပြီးငိုခဲ့ကြသည်။
“ငါလည်း ခွင့်တင်ပြီး ကျေးလက်ဘက်က ငါ့မိဘတွေဆီ သွားလည်ဦးမယ်”
တစ်ယောက်က ပြောလိုက်သည်။
အရမ်းနောက်မကျသွားခင် သူတို့တွေနဲ့ နည်းနည်းအချိန်ကုန်လိုက်တာ ပိုကောင်းသည်။
သတင်းထောက်တွေက သူတို့အလုပ်တွေကို အပ်ခဲ့ပြီး ခွင့်ယူခဲ့ကြသည်။ သူတို့မိဘတွေကိုတွေ့ဖို့ ကျေးလက်ဘက်ကို ပြန်သွားချင်ကြသည်။ လူတော်တော်များများ စိတ်ပြန်လည်သွားခဲ့သည်။
သူတို့ရဲ့အိုမင်းနေတဲ့မိဘတွေအတွက် အတွေးများစွာဖြင့် လူတွေ ခံစားသွားမိခဲ့သည်။
လူကြီးတွေ ဘဝတစ်ပါးပြောင်းသွားရင်တောင်၊ ဘာပဲဖြစ်ဖြစ် သူတို့တစ်ခေါက်တည်းအများကြီးထွက်သွားတာကိုတော့ လက်မခံနိုင်ဘူးလေ။
အလုပ်သမားတွေပြန်ရဦးမည်။
….
ရှောင်လင်းယွီနဲ့ သူ့မိသားစုက သူတို့အိမ်က ရေတစ်ပုလင်းနဲ့ စတော်ဘယ်ရီနှစ်ကျင်က လူကြီးတွေကိုရိုသေလေးစားဖို့ လှုံ့ဆော်ပေးခဲ့ကြောင်းကို မသိလိုက်ပေ။
သတင်းထောက်တွေထွက်သွားပြီးတော့ မိသားစုကလည်းအရမ်းပျော်ရွှင်နေသည်။
သူတို့က ရှောင်လင်းယဲ့ တက္ကသိုလ်ကောင်းတစ်ခုကို တက်ခွင့်ရသွားလို့ ဂုဏ်ပြုပေးချင်တဲ့မုဒ်ဖြစ်နေသည်။
ဖေဖေရှောင်က၊ “နောင်ကျရင် မင်းပိုကြိုးစားပြီး အလားအလာကောင်းတဲ့မြို့ကြီးသားတစ်ယောက်ဖြစ်လာရမယ်”
ရှောင်လင်းယဲ့က ခေါင်းညိတ်ပြီး၊ “ဟုတ် ကျွန်တော်သိပါတယ်... အဖေ စိတ်မပူပါနဲ့!”
***