အတားအဆီးတွေကြုံတွေ့ခြင်း
Vol. 17 Ch. 285
သတင်းအသစ်ထွက်လာပြီးတော့ ထောင်ယွမ်ရွာက ထိပ်တန်းကျောင်းသားတစ်ယောက် မွေးထုတ်ထားရုံတင်မကဘဲ ထောင်ယွမ်ရွာက စတော်ဘယ်ရီစိုက်ပျိုးဖို့သင့်တော်ကြောင်းလည်း သိရှိသွားသည်။
ဒါ့ပြင် စူပါမားကတ်တော်တော်များများမှာ ရောင်းထွက်သွားတဲ့ တန်ဖိုးကြီးစတော်ဘယ်ရီတွေက ထောင်ယွမ်ရွာကဖြစ်သည်။
တစ်ချိန်တည်းမှာပဲ ထောင်ယွမ်ရွာဘယ်လောက်လှပကြောင်းလည်း လူတော်တော်များများ သိရှိသွားသည်။
အရင်က လမ်းပန်းဆက်သွယ်ရေးအဆင်မပြေခဲ့တဲ့အတွက် ၎င်းက ဒီလူတွေကို ဒီကောင်းကင်ဘုံကိုရှာမတွေ့အောင် တားဆီးထားခဲ့သည်။ ဒါပေမယ့်လည်း စတော်ဘယ်ရီတွေနဲ့ ထိပ်တန်းကျောင်းသားတိုးလာမှုနဲ့အတူ ထောင်ယွမ်ရွာက ချက်ချင်း တိုးရစ်တွေကို ဆွဲဆောင်နိုင်တဲ့အရာဖြစ်လာသည်။
လူတော်တော်များများ မြို့ကနေ ထောင်ယွမ်ရွာကို ကားမောင်းသွားကြသည်။ ဒီဧည့်သည်တွေရောက်ရှိလာမှုက ထောင်ယွမ်ရွာကို ချက်ချင်းအသက်ဝင်လာစေခဲ့သည်။
သူတို့က လှပတဲ့ရှုခင်းတွေကို ခံစားဖို့လာခဲ့ပြီး ကြက်ဥတွေ ကြက်သားတွေ ဘဲသားတွေ ငန်းတွေလိုမျိုး ဒေသထွက်အထူးပစ္စည်းတွေနဲ့ ပြန်လာခဲ့ကြသည်။
ရွာအိမ်ထောင်စုတစ်ခုစီတိုင်းက အလည်လာသူတွေရဲ့ စုပြုံရောက်လာမှုကြောင့် တစ်ခုမဟုတ်တစ်ခုတော့ ရောင်းလိုက်ရပြီး ဈေးတွေကလည်း တက်သွားခဲ့သည်။ ၎င်းက ရွာသားတွေကို ပျော်ရွှင်စေခဲ့သည်။
သူတို့နောက်ထပ် ဝင်ငွေကောင်းတစ်ခုရလိုက်ပြန်သည်။
…
ကုန်းထျန်းဟောက်က ရှောင်လင်းယွီနဲ့အတူ ခရိုင်မြို့ဘဏ်သို့ လိုက်ခဲ့သည်။
ရှောင်လင်းယွီက လုံလောက်တဲ့အချက်အလက်တွေ ပြင်ဆင်ထားခဲ့သည်။
ကုန်းထျန်းဟောက်ကလည်း အဲ့ဒီနေရာမှာ စေ့စပ်ဆွေးနွေးတာနဲ့ပက်သက်ပြီး ကူညီဖို့ ရှိနေခဲ့သည်။
ဘဏ်ကိုယ်စားလှယ်က မကြာခင် အဖြေပေးလိုက်သည်။
သူတို့ ရှောင်လင်းယွီကို ချေးငွေပေးနိုင်ပေမယ့်လည်း သူမရဲ့အထောက်အထားတွေကို အတည်ပြုဖို့တော့ အနည်းဆုံးဆယ်ရက်စောင့်ရလိမ့်မည်။
ရှောင်လင်းယွီက စိတ်မခုပေ။ သူမ ဒီအကြောင်းကို သိပြီးသားဖြစ်သည်။
ဒါပေမယ့်လည်း ကုန်းထျန်းဟောက်ကတော့ အနည်းငယ်မကျေမနပ်ဖြစ်သွားသည်။
သူဘယ်တော့ပဲ ချေးငွေလိုချင်လိုချင် ဖုန်းလေးတစ်ချက် ဆက်လိုက်ရုံပင်ဖြစ်သည်။ သူဘယ်တော့မှ ဆယ်ရက်မစောင့်ရပေ။
ကုန်းထျန်းဟောက်က တစ်ခုခုပြောချင်နေတော့ ရှောင်လင်းယွီက သူ့ကိုတားလိုက်သည်။ သူ့ရဲ့အထောက်အထားနဲ့ဆို လွယ်လွယ်ချေးငွေရနိုင်မှန်း သူမသိသည်။ ဒါ့ပြင် သူ့ရဲ့အဖိုးတန်အရည်အချင်းတွေကိုလည်း လူတိုင်းမြင်ရသည်။ သူ့ရဲ့ပြီးပြည့်စုံပြီးသားနောက်ခံကို စုံစမ်းရင်း ဘယ်သူမှအချိန်မဖြုန်းပေ။
ဒါပေမယ့်လည်း သူမအခြေအနေကတော့ ကွာခြားသည်။ ဒါသူမရဲ့ ပထမဆုံးများပြားတဲ့ချေးငွေဖြစ်ပြီး သူမက မိသားစုလေးတစ်ခုကလာသည်။
ဘဏ်ကတော့ ထိုက်သင့်အားလျော်စွာ သတိထားပေမည်။
သူတို့ဘဏ်ကနေ ထွက်လာပြီးတော့ ကုန်းထျန်းဟောက်က၊
“သူတို့လုပ်ထုံးလုပ်နည်းတွေအတိုင်းသွားဖို့ အချိန်လိုမှန်း ကိုယ်သိပါတယ်။ ဒါပေမယ့် အရမ်းမနှေးလွန်းဘူးလား? ကုမ္ပဏီတစ်ခုသာ ငွေကြေးလိုရင်တော့ ဆယ်ရက်အတွင်းဒေဝါလီတောင်ခံသွားရလောက်ပြီ”
ငွေကြေးကိစ္စတွေမှာ ကုမ္ပဏီတစ်ခုက အခက်အခဲတွေနဲ့ရင်ဆိုင်ရရင် ၎င်းက ပြင်းထန်တဲ့ပြဿနာမိုလို့ဖြစ်သည်။ ကုမ္မဏီတွေအတွက် ဒီကပ်ဘေးကိုဖြေရှင်းဖို့ နည်းလမ်းနှစ်ခုပဲရှိသည်။
ပထမတစ်ခုကတော့ ရင်းနှီးမြှုပ်နှံသူအသစ်တွေရှာဖို့ဖြစ်သည်။
ဒုတိယကတော့ ဘဏ်ကနေချေးငွေယူဖို့ဖြစ်သည်။
ပုံမှန်အားဖြင့်တော့ ကုမ္ပဏီတွေက ဒုတိယနည်းလမ်းနဲ့သွားကြသည်။ အကြောင်းမှာ ပြင်ပရင်းနှီးမြှုပ်နှံသူတွေက ကုမ္ပဏီရဲ့အချက်အချာကို လုံးဝလမ်းလွဲသွားစေနိုင်၍ဖြစ်သည်။ ဒါက စီအီးအိုအများစု မမြင်ချင်ကြသည့် အရာဖြစ်သည်။
ကုန်းထျန်းဟောက်က ငယ်ငယ်ရွယ်ရွယ်မှာပဲ နိုင်ငံရဲ့အချမ်းသာဆုံးလူတစ်ယောက်ဖြစ်လာသည်။ သူ့ကုမ္ပဏီက ဒီလိုပြဿနာမျိုးတွေ ရင်ဆိုင်ရပြီးပြီဆိုပေမယ့်လည်း သူက ဒါတွေကို မြန်မြန်ဆန်ဆန်ပဲ ကိုင်တွယ်နိုင်သည်။ အကြောင်းမှာ သူ့အထောက်အထားနဲ့ဆိုရင် ဘဏ်က သူ့ကို အခက်မတွေ့စေသောကြောင့်ဖြစ်သည်။
ကုန်းထျန်းဟောက်က ရှောင်လင်းယွီကို သူ့မျက်လုံးထောင့်ကနေကြည့်လိုက်သည်။
ရှောင်လင်းယွီ ဘဏ်ချေးငွေကို တောင်းစရာအကြောင်းမရှိချေ။ သူက သူမကို ငွေမြန်မြန်ဆန်ဆန်ပေးနိုင်သည်။ သူက သူမကို သုံးသန်းလောက်မပြောနဲ့ သုံးဘီလီယံကိုတောင် မျက်တောင်တစ်ချက်မခတ်ပဲပေးနိုင်သည်။ ဒါပေမယ့်လည်း ရှောင်လင်းယွီ လက်ခံမှာမဟုတ်မှန်း သူသိသည်။
ရှောင်လင်းယွီက ပြုံးပြီး၊ “ရပါတယ် ကျွန်မစောင့်နိုင်ပါတယ်!”
ဘာပဲဖြစ်ဖြစ် တောင်တွေကလည်း ထွက်ပြေးသွားမှာမဟုတ်ဘူးလေ။
တောင်တွေက ထွက်ပြေးသွားမှာမဟုတ်ပေမယ့်လည်း တခြားသူအချို့က တောင်တွေအပေါ် မျက်စိရောက်လာနိုင်သည်။ ရှောင်လင်းယွီက ဒါကိုတော့ မျှော်လင့်မထားပေ။
…
“ဘာရယ်? အထက်ပိုင်းတွေက တောင်းဆိုချက်ကို လက်မခံပေးဘူးလား?”
ရှောင်လင်းယွီက မျက်မှောင်ကြုံ့ပြီး နားမလည်သည့်ပုံနဲ့ မေးလိုက်သည်။
ရှောင်ထိုက်ယန်ကလည်း နားမလည်စွာနဲ့၊ “ဟုတ်သားပဲ။ ယုတ္တိရှိရှိပြောရရင် မင်းက တောင်တွေကို သီးနှံတွေစိုက်ပျိုးဖို့ငှားမှာလေ ဖျက်စီးတတ်တယ့်ချဲ့ထွင်မှုမျိုးအတွက် ငှားမှာမှမဟုတ်ဘဲ။ အထက်ပိုင်းတွေ ဒါကို လက်ခံသင့်တယ်”
“ဒါပေမယ့်လည်း မင်းရဲ့တောင်းဆိုချက်က အပိတ်ခံလိုက်ရတယ်။ ပေးလိုက်တဲ့အကြောင်းပြချက်ကတော့ ဂေဟသဘာဝကို ထိန်းသိမ်းဖို့တဲ့။ ဒါက...ဒါကမမှန်ကန်ဘူးလေ”
ရှောင်လင်းယွီက ခေါင်းညိတ်ပြီး၊ “ဒီမှာတစ်ခုခုဖြစ်နေတာဖြစ်ရမယ်”
ရှောင်လင်းယွီက ခနလောက်တွေးပြီး၊ “ရွာသူကြီး ဒီလိုဆိုရင်ရော? ဦးလေးရဲ့အဆက်အသွယ်တွေကနေတစ်ဆင့် အတွင်းသတင်းတွေရှာကြည့်ပါ့လား။ ကျွန်မ မိတ်ဆွေတွေကိုလည်း မေးလိုက်မယ်”
ရွာသူကြီးက ခေါင်းညိတ်ပြီး၊ “ကောင်းပြီ ဒီလိုဆို ငါအနားပတ်လည်ကို မေးကြည့်လိုက်မယ်”
ထောင်ယွမ်ရွာက ဆင်းရဲနေရင်တောင် ရွာသူကြီးက မြို့ထဲမှာ အဆက်အသွယ်တချို့ရှိသေးသည်။ ပြဿနာက ခရိုင်မြို့ကနေ တိုက်ရိုက်လာခြင်းဖြစ်သည်။
ရွာသူကြီးထွက်သွားပြီးနောက် ကုန်းထျန်းဟောက်ရဲ့မျက်လုံးက တောက်ပတဲ့အလင်းရောင်တစ်ခုနဲ့ ဝင်းလက်သွားသည်။
ရှောင်မိသားစုက တိတ်ဆိတ်သွားခဲ့သည်။
တစ်စုံတစ်ခုမှားယွင်းသွားမယ်လို့ သူတို့မမျှော်လင့်ထားခဲ့ပေ။
ဖေဖေရှောင်က၊ “ယွီအာ ခရိုင်အစိုးရက သမီးတောင်းဆိုချက်ကို လက်မခံဘူးလား?”
ရှောင်လင်းယွီက၊ “ဟုတ်တယ် အဖေ အမေ၊ စိတ်မပူပါနဲ့။ သမီးသူငယ်ချင်းတွေကိုခေါ်ပြီး တစ်ခုခုသိမလားမေးကြည့်လိုက်မယ်”
“ကောင်းပြီလေ!”
....
တခြားတစ်ဖက်တွင်လည်း ရွာသူကြီးထွက်သွားတာနဲ့ ကုန်းထျန်းဟောက်က ထွက်လာပြီး ဖုန်းတစ်ကောခေါ်လိုက်သည်။
သူက တည့်ပဲပြောလိုက်သည်။
“ငါပါ။ ရှင်းယင်ခရိုင်က တောင်ငှားရမ်းစာချုပ်ကို သွားပြီးစစ်ဆေးချေ။ အေး ငါအဖြေကို မြန်နိုင်သမျှမြန်မြန်လိုချင်တယ်”
သူဖုန်းချပြီး ဆယ်မိနစ်အကြာမှာပဲ သူ့ဖုန်းမြည်လာသည်။ သူကဖြေလိုက်သည်။
“ပြော!”
ပြီးနောက် သူ့မျက်နှာက ပိုပို မည်းမှောင်လာပြီး သူက၊ “ဟုတ်ပြီ ငါနားလည်ပြီ”
ပြီးနောက် သူဖုန်းချလိုက်သည်။
သူ့မျက်လုံးတွေကျုံ့သွားပြီး နက်ရှိုင်းတဲ့မျက်လုံးတွေကလည်း နားလည်ရခက်လာသည်။ ပြီးနောက် သူကထေ့ငေါ့လိုက်သည်။
“ဟားဟား
မင်းတို့ကောင်တွေက ငါ့မိန်းကလေးကို အနိုင်ကျင့်ချင်တာလား? ကောင်းပြီလေ ငါမင်းတို့နဲ့ကစားပေးမယ်”
ပြီးနောက် သူက ရှောင်မိသားစုဆီပြန်သွားပြီး ဘာမှမဖြစ်သလို ထိုင်လိုက်သည်။
ထိုအချိန်မှာ ရှောင်လင်းယွီက ကုကျီယဲ့ကိုခေါ်ပြီး၊ “ကျီယဲ့ ငါနင့်ကို အကူအညီတစ်ခုတောင်းချင်လို့။ ကောင်းပြီလေ ငါအစက ထောင်ယွမ်ရွာက တောင်တချို့ကိုငှားဖို့ စီစဉ်ထားတာ။ ဒါပေမယ့်လည်း ငါ ခရိုင်မြို့အစိုးရနဲ့ ပြဿနာတစ်ခုဖြစ်နေတယ်။ ငါ့တောင်းဆိုချက်က အပယ်ခံလိုက်ရတယ်။ ဘာလို့လဲဆိုတော့ ငါက သဘောဝဂေဟကိုဖျက်စီးလို့တဲ့။ ဒါပေမယ့် ဒါက လုံးဝကျိုးကြောင်းမညီညွတ်ဘူးလေ။ ငါက အသီးပင်တွေပဲစိုက်ချင်ရုံတင်။
ဒီဟာရဲ့နောက်မှာ လျှို့ဝှက်ကြံစည်မှုတွေရှိမလားဆိုတာရှာဖို့ နင့်အကူအညီလိုတယ်”
ကုကျီယဲ့နဲ့ သူငယ်ချင်းတချို့က သီးသန့်ခန်းထဲမှာ ညစာစားနေကြခြင်းဖြစ်သည်။ သူက ပြန်ဖြေလိုက်သည်။
“ကောင်းပြီလေ ပြဿနာမရှိပါဘူး”
ကုကျီယဲ့ဖုန်းချလိုက်ပြီးနောက် ကျန်းဟိုင်ယန်က ချက်ချင်းမေးလိုက်သည်။
“အဲ့ဒါရှောင်လင်းယွီလား?”
ကုကျီယဲ့က ခေါင်းညိတ်လိုက်သည်။
“ဟုတ်တယ်!”
“မင်းရဲ့ တည်နေတဲ့မျက်နှာထားကြီးကိုကြည့်ပါဦး။ ရှောင်လင်းယွီတစ်ခုခုဖြစ်လို့လား?”
ကျန်းဟိုင်ယန်က စိုးရိမ်တကြီးမေးလိုက်သည်။
***