တိုင်ကြားချက်
Vol. 17 Ch. 286
ကျန်းဟိုင်ယန်ရဲ့သောကတွေ လျှံထွက်လာမှုက တစ်ခြားနှစ်ယောက် သူ့ကို ကြည့်လိုက်စေခဲ့သည်။ သူတို့က ဘာမှမပြောဘဲ ကုကျီယဲ့ကို ပြိုင်တူကြည့်နေပြီး မေးလိုက်သည်။
“ဟုတ်တယ် ကျီယဲ့၊ ရှောင်လင်းယွီတစ်ခုခုဖြစ်လို့လား?”
ကုကျီယဲ့က
“ရှောင်လင်းယွီက သူထောင်ယွမ်ရွာက တောင်တချို့ကို ငှားဖို့စီစဉ်ထားတယ်လို့ ငါ့ကိုပြောတယ်။ ဒါပေမယ့် သူက ခရိုင်မြို့တရားဝင်အစိုးရတွေဆီကနေ အငြင်းခံလိုက်ရတယ်တဲ့”
“သူက တောင်တွေနည်းနည်းငှားချင်တာလား?!”
တခြားသုံးယောက်က အံဩသွားပြီး သူတို့ ပထမဆုံးတုံ့ပြန်ချက်က၊
“ရှောင်လင်းယွီ ဒီတစ်ခါရော ဘာတွေလုပ်အုံးမလို့လဲ?”
သူတို့အတွက်ကတော့ ရှောင်လင်းယွီက အပင်စွမ်းရည်နဲ့လူဖြစ်သည်။ သူမက အရသာရှိတဲ့ အသီးအနှံတွေနဲ့ စတော်ဘယ်ရီတွေစိုက်သည်။ တောင်တွေကိုငှားဖို့ သူမမှာ ပလန်ကြီးရှိနေတာဖြစ်ရမည်။
ကုကျီယဲ့က ခေါင်းခါပြီး၊ “ငါလည်းမသိဘူးလေ။ သူ့တောင်းဆိုချက် အပယ်ခံလိုက်ရတယ်ပဲပြောတာ။ တရားဝင်ပုဂ္ဂိုလ်တွေက သူ့ရဲ့လုပ်ဆောင်ချက်တွေက တောင်ရဲ့သဘောဝဂေဟစနစ်ကို ဖျက်စီးလိမ့်မယ်လို့ပြောတယ်တဲ့။
ဒါကအကြောင်းပြချက်တစ်ခုမှန်း သူသိတယ်လေ။ ဒါကြောင့် တကယ်ဘာတွေဖြစ်နေလဲဆိုတာကို သူကငါတို့ကိုကူရှာပေးစေချင်တာ”
သူစကားပြောပြီးသွားသည်နှင့် သူတို့သုံးယောက်လုံးက ချန်ယီဖန်းကိုကြည့်လိုက်ကြသည်။
သူတို့လေးယောက်ထဲမှာ ချန်ယီဖန်းက နိုင်ငံရေးလောကနဲ့ အနီးစပ်ဆုံးဖြစ်သည်။
ချန်ယီဖန်းက သူတို့အကြည့်တွေကြောင့် မနေတတ်မထိုင်တတ်ဖြစ်သွားသည်။ ထို့နောက် သူက
“အိုခေလေ၊ ငါ့အဖေဆီကနေ တစ်ခုခုသိရမလားကြည့်လိုက်ဦးမယ်”
ကုကျီယဲ့ကပြုံးပြီး၊ “ယီဖန်း၊ ဒါဆိုရင်တော့ ငါမင်းကို ရှောင်လင်းယွီအစားကျေးဇူးတင်တယ်”
ချန်ယီဖန်းက မျက်လုံးတွေလှည့်လိုက်ပြီး၊ “ဘာအတွက်ငါ့ကိုကျေဇူးတင်နေတာလဲ? ဒါ့ပြင် ရှောင်လင်းယွီနဲ့ငါနဲ့က သူငယ်ချင်းတွေပဲလေ။ သူ့ကို ငါကူညီရမှာပေါ့”
ကျန်းဟိုင်ယန်က၊ “ယီဖန်း ၊ ရှောင်လင်းယွီက မင်းအဘိုးကိုသိတာကို ငါမှတ်မိတယ်။ မင်းအဖေမကူညီနိုင်ဘူးဆိုရင် မင်းအဘိုးကိုလည်း အကူအညီတောင်းကြည့်လို့ရတာပဲ”
ချန်ယီဖန်း ထပ်ပြီးမျက်လုံးကစားလိုက်ကာ မသက်မသာနဲ့၊ “ဒီကိစ္စလေးလောက်နဲ့ သူ့ကို ဒုက္ခပေးဖို့မလိုပါဘူး”
ဒီကိစ္စလေးက ရှောင်လင်းယွီအတွက် ကြီးမားတဲ့အလောင်းအစားတစ်ခုဖြစ်သည်။ အကြောင်းမှာ ဒါက သူမသူတို့တွေကို အကြွေးတင်သွားပြီလို့ ဆိုလိုသောကြောင့်ဖြစ်သည်။
ရှောင်လင်းယွီက နောက်ထပ်ယောက်ျားတစ်ယောက်ကို အကူအညီတောင်းနေတာမြင်တော့ ကုန်းထျန်းဟောက်က ဘဝင်မကျဖြစ်သွားပြီး သူ့မျက်လုံးတွေ နက်မှောင်သွားသည်။
ရှောင်လင်းယွီက သူ့ပြဿနာတွေဖြေရှင်းဖို့ နောက်ထပ်ယောက်ျားတစ်ယောက်တီဆီလှည့်သွားတာကို သူမကြိုက်ပေ။ သူ မနာလိုဖြစ်တယ်လို့ ခံစားရသည်။
ရှောင်လင်းယွီဖုန်းချလိုက်တာနဲ့ ကုန်းထျန်းဟောက်ရဲ့ ဝမ်းနည်းပူဆွေးနေတဲ့အကြည့်ကို မြင်လိုက်ရသည်။
ရှောင်လင်းယွီ ဝေခွဲမရဖြစ်သွားတာကြောင့်၊ “ဘာဖြစ်တာလဲ?”
ကုန်းထျန်းဟောက်က၊ “ယွီအာ ကိုယ်မင်းကို ဒါနဲ့ပက်သက်ပြီး ကူညီနိုင်တယ်။ မင်းကိုယ့်ကို အကူအညီတောင်းသင့်ပြီး တခြားယောက်ျားတွေကို မတောင်းသင့်ဘူးလေ။ ကိုယ်အခုသဝန်တိုနေတယ်လို့ ခံစားရတယ်”
ရှောင်လင်းယွီ “...”
ဒီလူက...တကယ့်ကို အရှက်မရှိတာပဲ။
ဖေဖေနဲ့ မေမေရှောင်က ဒါကိုကြားတော့ သူတို့ပါးစပ်တွေကိုအုပ်ပြီး ဘေးဘက်မှာကျိတ်ရယ်နေကြသည်။
သူတို့က ကုန်းထျန်းဟောက်က တကယ်ချစ်စရာကောင်းတယ်လို့ ခံစားရသည်။
သူက တကယ် တည့်တိုးသွားပြီး ဟန်မဆောင်ပေ။
သူက သူတို့သမီးအတွက် သူ့ခံစားချက်တွေကို ဖော်ပြတဲ့နေရာမှာ အရမ်းတည့်တိုးလုပ်သည်။
ကုန်းထျန်းဟောက်က သူတို့သမီးကို တကယ်သဘောကျနေကြောင်း သူတို့ပြောနိုင်သည်။
အနည်းဆုံးတော့ ကုန်းထျန်းဟောက်နဲ့ သူ့အဘိုးက မာစတာအဆင့်သရုပ်ဆောင်တွေလို့ သူတို့မထင်ပေ။
ရှောင်လင်းယွီက မျက်လုံးလှည့်ပြီး စိတ်ပျက်လက်ပျက်ဖြင့်၊ “ရှင်သဝန်တိုနေတော့ရော ကျွန်မက ဘာလုပ်ရမှာလဲ? ရှင်ကြိုက်သလောက်သဝန်တို”
မေမေရှောင်က ချက်ချင်းနှစ်ကြိမ်ချောင်းဟန့်လိုက်ပြီး ပြင်းထန်စွာဆုံးမလိုက်သည်။
“ယွီအာ သမီးဘာလို့ဒါမျိုးပြောရတာလဲ?”
ပြီးနောက် သူက တခြားတစ်ယောက်ဆီပြောင်းကာ ကုန်းထျန်းဟောက်ကို အရမ်းနှစ်သက်တဲ့ပုံစံနဲ့၊ “ထျန်းဟောက် သူ့ကို စိတ်မရှိပါနဲ့။ ယွီအာက အဒေါ်တို့ဆီကနေ အမြဲအလိုလိုက်ခံထားရတာ။ သူ့မှာ ရည်မွန်မှုကိုမရှိဘူး”
အချက်အလက်ကျကျဆိုရင်တော့ သူကကုန်းထျန်းဟောက်အနားမှာသာ ရည်မွန်မှုမရှိခြင်းဖြစ်သည်။
ကုန်းထျန်းဟောက်က ချိုမြိန်စွာ ပြုံးလိုက်ပြီး၊ “ရပါတယ် အဒေါ်၊ ကျွန်တော်အသားကျနေပါပြီ!”
သူက ရှောင်လင်းယွီရဲ့ သူ့ကို အကွာအဝေးခြားထားသည့်သဘောထားကို ပြောနေခြင်းဖြစ်သည်။
ရှောင်လင်းယွီ “...”
သူငါ့မိဘတွေကို ငါ့အကြောင်း တိုင်နေတာလား?
မေမေရှောင်က ကုန်းထျန်းဟောက်အတွက် စိတ်မကောင်းဖြစ်သွားသည်။ သူမသမီးက ထိုကောင်လေးကို ဘယ်လောက်ကြမ်းတမ်းမှန်း သူမသိသည်။
သူမက၊ “ထျန်းဟောက်၊ ယွီအာက မင်းကို စိတ်ညစ်အောင်လုပ်တယ်။ စိတ်မပူပါနဲ့ အဒေါ်မင်းအတွက်ရပ်တည်ပေးမယ်။ အဒေါ်သူ့ကို သင်ခန်းစာပေးလိုက်မယ်”
ရှောင်လင်းယွီ “...”
အမေ အမေ့ကလေးက ဘယ်သူလဲ?
မေမေရှောင်က ချက်ချင်းရှောင်လင်းယွီကို ကြမ်းတမ်းတဲ့လေသံနဲ့၊ “ရှောင်လင်းယွီ ထျန်းဟောက်က ငါတို့ဧည့်သည်ပဲ။ ငါတို့ဧည့်သည်ကို ဆိုးဆိုးရွားရွားဆက်ဆံဖို့ ငါနင့်ကို ဘယ်တုန်းကသင်ပေးလိုက်တာလဲ?”
“…”
ရှောင်လင်းယွီက အပြစ်ကင်းစွာ ပြောလိုက်သည်။
“အမေ သမီးဘယ်တုန်းက သခင်လေးကုန်းကို ဆိုးဆိုးရွားရွားဆက်ဆံလို့လဲ?”
ထိုသို့ပြောပြီး သူမကသူ့ကို စိန်းစိန်းဝါးဝါးကြည့်လိုက်သည်။
ဒီလူက ကမ္ဘာပေါ်မှာ အချမ်းသာဆုံးလူဖြစ်သည်။
သူက သူမအကြောင်း သူမအမေကို အတင်းပြောတာကို စဉ်းစားကြည့်ရင်...
“နင်ကသူ့ကို ဝါးစားမတတ်ကြည့်နေတာပဲ!”
မေမေရှောင်က ဆူပူလိုက်သည်။
“ငါတို့ဒီမှာရောက်ကတည်းက နင်သူ့ကို ဒီလိုဆက်ဆံနေတာ။ နင်သူ့ကို နှစ်ယောက်တည်းရှိရင် ဆူတာ ရိုက်တာတွေ လုပ်သေးလား?”
ရှောင်လင်းယွီက စကားပြောဖို့ ပါးစပ်ဟလိုက်ပေမယ့် မေမေရှောင်က သူမကို စကားပြောခွင့်မပေးပေ။
သူမက ဆက်ပြီး၊ “ရှောင်လင်းယွီ ငါပြောမယ်။
ထျန်းဟောက် နင့်ကိုသဘောကျနေတာနဲ့ပဲ သူ့ကိုဆိုးဆိုးရွားရွားဆက်ဆံလို့ရမယ်မထင်နဲ့”
“အမေ”
ရှောင်လင်းယွီက သူမကိုယ်သူမရှင်းပြချင်စောနဲ့ ခေါ်လိုက်သည်။
ပြီးနောက် ကုန်းထျန်းဟောက်က ချက်ချင်း၊ “အဒေါ် ယွီအာနဲ့ပက်သက်ပြီး အဒေါ်မှားနေပြီ။ သူက ကျွန်တော့်ကို ဆိုးဆိုးရွားရွားမဆက်ဆံပါဘူး။ သူကောင်းကောင်းလမ်းမလျှောက်နိုင်ဘဲ လဲကျတော့မယ့်အချိန်မှာ သူ့လက်ကို ကိုင်ခွင့်မပြုတာရယ်၊ အဲ့ဒီကလေးဆိုးတွေ တိုက်မိတော့မယ်အချိန်မှာ ကျွန်တော့်ကို ကာပေးခွင့်မပြုတာရယ်၊ သူရေဆာနေတဲ့အချိန်မှာ ရေတိုက်ခွင့်မပြုတာရယ်...”
ရှောင်လင်းယွီ “...”
တိုင်ကြားတာတွေက မပြီးတော့ဘူးလား?
သူ့အမေကိုတိုင်ဖို့ ဘယ်လိုလုပ်ဒီကိစ္စတွေကို ဆွဲထည့်ရတာလဲ?
ဒါလုံးဝ မုန်းဖို့ကောင်းတယ်။
ရှောင်လင်းယွီရဲ့ မိဘများ “...”
ထျန်းဟောက်က ငါတို့သမီးနဲ့ပက်သက်ပြီး အရမ်းစိုးရိမ်တာပဲ။ ဒါပေမယ့် သူမကြည့်ရတာ သူ့ကို ဂရုစိုက်ပုံမပေါ်ဘူး။ သူဘာတွေများစဉ်းစားနေတာလဲ?
သူ့ကိုကောင်းကောင်းဆက်ဆံပေးမယ့် လူတစ်ယောက်ရထားတာ ကံကောင်းမှန်းမသိဘူးလား?
မေမေရှောင်က သက်ပြင်းချလိုက်သည်။
‘ငါသူ့ကိုရှေ့ဆက်ကူညီပေးရမယ်’
မေမေရှောင်က၊ “ထျန်းဟောက်၊ အဒေါ်က ဒီကိစ္စအပေါ်မှာ ဆုံးဖြတ်ချက်ချပေးမယ်။ သူကြည့်ရတာဘယ်နေရာကိုသွားနေမှန်းမသိရင် သူ့ကိုကိုင်ထားလိုက်။ သူရေဆာ ဗိုက်ဆာနေရင်လည်း သူ့ကို ရေတွေ မုန့်တွေ ကျွေးလိုက်။ သူ့ကိုယ်ပိုင်အမြင်ကတော့ လုံးဝလျစ်လျူရှုထားလို့ရတယ်”
ကုန်းထျန်းဟောက်က မေမေရှောင်ဆီက အကူအညီရလိုက်သည်။ သူ့ရဲ့နက်ရှိုင်းတဲ့မျက်လုံးတွေ လင်းလက်လာပြီး သူ့ပါးစပ်အစွန်းတွေ ကွေးတက်သွားသည်။
“ဟုတ်ကဲ့ပါ အဒေါ်၊ ကျွန်တော့်အဒေါ့်ကိုနားထောင်ပြီး ယွီအာကို ဂရုစိုက်ပါ့မယ်”
ရှောင်လင်းယွီရဲ့ပါးစပ်က တွန့်ခနဲဖြစ်သွားသည်။
သူ့ရဲ့သမီးရင်းက ဘယ်သူလဲ?
ကုန်းထျန်းဟောက်က မေမေရှောင်ဆီက ခွင့်ပြုချက်ရလိုက်သည်။ နောင်ကျရင် သူက ရှောင်လင်းယွီကိုကပ်နေဖို့ တရားဝင်အကြောင်းပြချက် ရှိတော့မည်။
အဲ့ဒီကတည်းကစပြီး ကုန်းထျန်းဟောက်က ရှောင်လင်းယွီကို ကပ်စေးစေးသကြားလုံးလိုမျိုး ကပ်နေခဲ့သည်။ သူမက သူ့ကို တွန်းမထုတ်နိုင်ခဲ့ပေ။
သူပြောသလိုပဲ...
သူမကြိုက်ကြိုက်မကြိုက်ကြိုက် သူမအနားမှာ သူရှိနေတာကို အသားကျလာလိမ့်မည်!
***