အခန်း (၇၈)
Vol. 6 Ch. 78
နောက်နေ့မနက်မှာ သူတို့နှစ်ယောက် လေဆိပ်ဆီ အတူတူသွားခဲ့ကြသည်။
ကျန်းရှောင်က ခရီးတစ်လျှောက်လုံး တိတ်ဆိတ်နေသည်။ ကျိုးရှို့လင်းက ခင်မင်ရင်းနှီးရန် အစပြုကာ သူမ၏ ခရီးဆောင်အိတ်တွေကို ကူညီပေးခဲ့သည်။
လေဆိပ်မှာ ကျန်းရှောင်က သူ့ကို စကားမပြောသေးဘူး။ သူမ တကိုယ်လုံး ပင်ပန်းနွမ်းနယ်နေပြီး နာကျင်နေသည်!
ကျန်းချင်က ညနေစောင်းမှ ရောက်လာပြီး ကျိုးရှို့လင်းက သူမကို နှစ်သိမ့်ရန် ကြိုးစားနေသည့် မြင်ကွင်းကို မြင်လိုက်ရသည်။ သူ တိတ်တိတ်လေး ခေါင်းလှည့်ခဲ့သည်။ အင်း၊ သူ နည်းနည်းတော့ ညှိနေတုန်းပဲ။
ကျိုးရှို့လင်းက ကျန်းရှောင်အတွက်
နို့လက်ဖက်ရည်ပူပူ တစ်ခွက်ကို ဝယ်ပေးခဲ့သည်။ "ကိုယ်တို့ ဒီသုံးရက်အတွင်း အခန်းခွဲနေရမယ်"
ကျန်းရှောင် သူ့ကို တစ်ချက်ကြည့်လိုက်သည်။ သူဒီလိုပြောဖို့ ရဲတင်းနေတယ်ပေါ့!
ကျိုးရှို့လင်း နှစ်သိမ့်ပေးလိုက်သည်။ "မင်း ခဏနေရင် လေယာဉ်ပေါ်မှာ အိပ်လို့ရတယ်။ ကိုယ်တို့ ဘီ မြို့တော်ကို ရောက်ရင် မင်းအတွက် တစ်စုံတစ်ယောက်ကို အကိုက်အခဲ ပျောက်ဆေးတွေ ပေးခိုင်းလိုက်မယ် "
ကျန်းရှောင် တကယ် သူ့အပေါ်ခုန်တက်ပြီး သူ့ကို ကိုက်ပစ်ချင်နေပြီ။
လေယာဉ်ပေါ်တက်ပြီးတာနဲ့ ကျိုးရှို့လင်းက first class မှာထိုင်ခဲ့သည်။ လက်ထောက်တွေဖြစ်တဲ့ ကျန်းရှောင်နဲ့ ကျန်းချင်တို့က ကုမ္ပဏီ၏ စည်းမျဉ်းများအတိုင်း business class တွင် ထိုင်ဖို့ လိုသည်။
မစ္စတာ ကျိုးက မစ္စစ် ကျိုးကို first class ကို လာသင့်တယ်လို့ ရှင်းရှင်းလင်းလင်း ပြောထားပေမယ့် မစ္စကျိုးက သူမရဲ့အဆင့်အတန်းနဲ့ ကိုက်ညီတဲ့ business class မှာပဲထိုင်မယ်လို့ ပြောလိုက်သည်။
ကျန်းရှောင်က ပြတင်းပေါက်မှာ ထိုင်ရတာကို သဘောကျသည်။ သူမက ကောင်းကင်ယံကို အနီးကပ်ကြည့်ရတာကို နှစ်သက်သည်။ ထိုခဏ၌ပင် သူမ၏ နှလုံးသည်လည်း ကျယ်ပြန့်လာသလိုပင်။
ကျန်းချင် တိတ်တိတ်ဆိတ်ဆိတ် မေးလိုက်သည်။ "မဒမ်၊ မစ္စတာ ကျိုးနဲ့ စကားများထားလို့လား"
သူတို့မှာ စကားများတာမျိုး မရှိပါဘူး ဟုတ်ပြီလား။ သူတို့က စုံတွဲတွေလို သဘောထားတွေ ကွဲလွဲနေကြတာပါ။
ကျန်းချင် လှောင်ပြုံးပြုံးလိုက်သည်။ "မစ္စတာ ကျိုး ရဲ့ ဒီနေ့ အမူအရာက တော်တော်လေးကို တစ်ခုခုဖြစ်နေတယ်"
ကျန်းရှောင် - "......."
ကျိုးရှို့လင်း ထလာပြီး business class ဆီကို လျှောက်လာခဲ့သည်။
ကျန်းချင် ချက်ချင်း မတ်တပ်ထရပ်လိုက်သည်။ "မစ္စတာ ကျိုး"
ကျိုးရှို့လင်း စကားပြောလိုက်သည်။ "လက်ထောက် ကျန်း၊ ထိုင်ခုံလဲရအောင်။ ကျန်းရှောင်နဲ့ ငါ့မှာ ဇာတ်ညွှန်းတစ်ခု ဆွေးနွေးစရာရှိလို့"
ကျန်းချင်က လက်ခံလိုက်ပြီးသားပင်။ "ရပါတယ်၊ ဒါဆို သူဌေးရဲ့အလုပ်ကို ကျွန်တော် မနှောင့်ယှက်တော့ပါဘူး"
ကျန်းရှောင်က ဤမျှငဲ့ညာတတ်တဲ့ လက်ထောက်ကို တစ်ခါမျှ မတွေ့ဖူးပေ။
ကျိုးရှို့လင်း ထိုင်လိုက်သည်။ သူ သူမကိုကြည့်လိုက်သော်လည်း ဘာမှမပြောခဲ့ပေ။
ခဏအကြာတွင် ကျန်းရှောင်က တိတ်ဆိတ်မှုကို ပထမဆုံးချိုးဖျက်ခဲ့သည်။ သူမ ခေါင်းကို လှည့်ကာသူ့ကိုကြည့်လိုက်ပြီး အလေးအနက် မေးလိုက်သည်။ "မစ္စတာကျိုး၊ ရှင်က ဘာဇာတ်ညွှန်းကို ကျွန်မနဲ့ ဆွေးနွေးချင်တာလဲ"
ကျိုးရှို့လင်း အမူအရာမှာ အပြုံးမမည်တဲ့အပြုံးရှိနေသည်။ "အိမ်တွင်းရေး အသေးအဖွဲကိစ္စ” သူက သူမအနားကို တိုးကပ်လာပြီး လက်ကို ဆန့်လိုက်ပြီး သူမရဲ့ခါးအောက်ပိုင်းကို ထိလိုက်သည်။ “နာနေသေးလား” သူ့အသံက သူမနားဆီ လွင့်ပျံလာသည်။
ကျန်းရှောင် သူ့ကို တံတောင်နဲ့ အမြန်တို့လိုက်သည်။ "မစ္စတာ ကျိုး၊ ဒီနေရာက အများသူငါ နေရာဆိုတာကို ကျေးဇူးပြုပြီး သတိရပါဦး"
ကျိုးရှို့လင်းက သူမနားဆီ ကိုင်းလိုက်ပြီး သူမ နားရွက်ဆီ တိုးကာတိုးတိုးလေး ပြောလိုက်သည်။ "မစ္စစ် ကျိုး၊ အလုပ်လုပ်နေတဲ့ ချိန်ကျရင် မင်းရဲ့ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုကို ထိန်းသိမ်းဖို့ အာရုံစိုက်ဦး "
ကျန်းရှောင် - "........"
ထပ်ပြီးတော့ အတူတူ ခရီးသွားဖို့တောင် ဖြစ်နိုင်ပါ့မလား?!
ကျိုးရှို့လင်းက ကျန်းရှောင်နဲ့ အလုပ်ကိစ္စနဲ့ အတူတူခရီးထွက်ရခဲသည်။ ဤတစ်ကြိမ်တွင် သူတို့က မိတ်ဖက်ဆွေးနွေးမှုများအတွက် ဘီ မြို့တော်ဆီ အဓိကသွားခဲ့ကြပြီး မတော်တဆပင် ၎င်းတို့သည် လူကြိုက်များသော IPs အချို့အတွက် casting လုပ်ခြင်းအကြောင်း ဆွေးနွေးကြမည်။
ကျန်းချင်က ချင်ယီလုနှင့် ယိဟန် အတွက် ဇာတ်ညွှန်းကောင်းများ ရှာဖွေလိုသော ကျန်းရှောင်ဆီ ဤအချက်အလက်များကို ပေါက်ကြားစေခဲ့ပြီး ထုံးစံအတိုင်း သူမက အခွင့်အရေးကို လက်လွတ်မခံချင်ပေ။
ဒါကြောင့် သူတို့ရဲ့ ကိုယ်ပိုင်ကမ္ဘာအတွက် နောက်ထပ်အခွင့်အရေးတစ်ခု ရသွားခဲ့သည်။
ခရီးသည်တွေ ဖြည်းဖြည်းချင်း လေယာဉ်ပေါ်တက်ပြီး လူအနည်းငယ်က နောက်ကျမှ ရောက်လာသည်။
ကျန်းရှောင်က ရုတ်တရက် သူမ အမြင်အာရုံထဲ ပုံရိပ်တစ်ခုဝင်လာတော့ ရှေ့ကို သတိမကပ်ဘဲ ငေးကြည့်နေမိသည်။ သူမအကြည့်တွေ အေးခဲသွားပြီး အမူအရာတွေ ပြောင်းလဲသွားသည်။
ကျိုးရှို့လင်း သူမအကြည့်နောက် လိုက်ကြည့်လိုက်တော့ ကျင်းရှု့ရန်ကို တွေ့လိုက်ရသည်။ သူမမှာ ခရီးဆောင်အိတ်တစ်လုံးတည်းနှင့် DSLR ကင်မရာတစ်လုံးကို သူမပခုံးပေါ်တွင် ချိတ်ဆွဲထားကာ ကြည့်ရတာ အလွန်ပေါ့ပါးနေသည်။
အမျိုးသမီးငယ်ကလည်း business class က ထိုင်ခုံတစ်ခုံကို ဘိုကင်လုပ်ထားသည်။ သူမရဲ့ထိုင်ခုံကို ရှာရင်းနဲ့ ကျိုးရှို့လင်းကို တွေ့ဖို့ဖြစ်လာခဲ့သည်။
တခဏအတွင်းမှာပင် သူမ၏ လှပတဲ့ မျက်နှာက တောက်ပသော အပြုံးဖြင့် တောက်ပလာခဲ့သည်။ "အစ်ကို ကျိုး " သူမရဲ့အသံက ရွှင်မြူးနေသည်။
ကျိုးရှို့လင်း ခေါင်းညိတ်ပြလိုက်ပြီး ယဉ်ကျေးသိမ်မွေ့တဲ့ အမူအရာပြကာ သူမ ခရီးဆောင်အိတ်ကို ယောကျ်ားဆန်ဆန် ကူညီပေးဖို့ ထလိုက်သည်။
ကျင်းရှု့ရန်က သူမ ပျော်ရွှင်မှုကို မထိန်းနိုင်ခဲ့ပေ။ "ဖေဖေက မနေ့က ဘီမြို့တော်ကို သွားလိုက်တာ၊ ညီမက ဒီနေ့မှ သွားမို့။ တိုက်ဆိုင်လိုက်တာနော် "
ထို့နောက် ကျန်းရှောင်ဆီ လှမ်းကြည့်လိုက်သည်။ "မင်္ဂလာပါ အစ်မ ကျန်း!"
အစ်မ-
ကျမ်းရှောင် လည်ချောင်းက အထက်အောက်လှုပ်ရှားသွားသည်။ "ဟယ်လို မစ္စ ကျင်း "
လေယာဉ်က အချိန်မီ ပျံသန်းခဲ့ပြီး ခရီးသည်တွေက ၎င်းတို့၏ ထိုင်ခုံများတွင် ထိုင်ခဲ့သည်။
ကျန်းရှောင်က မျက်လုံးတွေကို မှိတ်ထားပြီး သူမထိုင်ခုံကို မှီကာ အနည်းငယ် စိတ်မငြိမ်မသက် ခံစားရနေရသည်။
ကျင်းရှု့ရန် အပေါ် သူမခံစားချက်တွေက ရှုပ်ထွေးနေပြီး သူမကိုမြင်လိုက်တိုင်း သူမခံစားချက်တွေက ငြိမ်သက်သွားခြင်းမရှိပေ။
ကျန်းရှောင် သက်ပြင်း တိုးတိုးလေး ချလိုက်ပြီး စိတ်ထဲမထားတော့ချေ။ သူမ တဝဲလည်လည် မတွေးနေချင်ဘူး။ ဒီနှစ်တွေ ကုန်လွန်သွားပြီးတဲ့နောက် လျန့်ယွဲ့ နှင့် သူမဆက်ဆံရေးက များစွာပြောင်းလဲသွားခြင်းမရှိသောကြောင့် ငယ်ရွယ်တဲ့ မိန်းကလေးတစ်ဦးနဲ့ ဘာကြောင့် အနှောင့်အယှက်ဖြစ်နေရမှာလဲ။
ရုတ်တရက် သူမရဲ့လက်ကို ဆုပ်ကိုင်ခံလိုက်ရသည်နှင့် အဆက်မပြတ် စီးဆင်းနေသော ခွန်အားစီးကြောင်းကဲ့သို့ သူမ လက်ဖဝါးဆီ ရင်းနှီးတဲ့ ထိတွေ့မှုတစ်ခု ပျံ့နှံ့သွားခဲ့သည်။
ဘယ်သူလဲဆိုတာ သိဖို့ သူမ တွေးနေစရာ မလိုပေ။ သူမ မျက်လုံးမဖွင့်ခဲ့ပေ။
ကျိုးရှို့လင်းရဲ့ လက်ဖဝါးက နွေးထွေးပြီး ကျယ်ပြန့်ကာ ဘာမှ မပြောဘဲ သူမရဲ့လက်ကို ဆုပ်ကိုင်ထားခဲ့သည်။
ကျန်းရှောင် တဖြည်းဖြည်း တည်ငြိမ်လာပြီး သူမ လေယာဉ်ပေါ်မှာပဲ အိပ်ပျော်သွားခဲ့သည်။
ဘီမြို့တော်ကို ရောက်တဲ့အခါမှာတော့ သူမရဲ့ စိတ်က ပိုကောင်းလာခဲ့သည်။
သူတို့ရဲ့ ခရီးဆောင်အိတ်တွေကို စုဆောင်းတဲ့အခါ ကျန်းချင်က စနောက်ခဲ့သည်။ "မန်နေဂျာ ကျန်း၊ ဒါရိုက်တာ ကျိုးရဲ့ ဇာတ်ညွှန်းကို ကျေနပ်နေတဲ့ပုံပဲနော်"
ကျန်းရှောင် ခေါင်းသာညိတ်လိုက်ပြီး ဘာပြောရမှန်း မသိခဲ့ပေ။
ကျန်းချင်က ကျင်းရှု့ရန်ကို လှမ်းကြည့်လိုက်သည်။ "မစ္စ ကျင်းအတွက် ကျွန်တော် ကားသွားခေါ်လိုက်မယ်"
ကျန်းရှောင် ချီတုံချတုံဖြစ်သွားသည်။ "သူမကို လာခေါ်မယ့် ကားရှိပါလိမ့်မယ်"
ကျန်းချင် ရုတ်တရက် သဘောပေါက်သွားသည်။ "ဟုတ်သားပဲ"
ကျင်း မိသားစု၏ အနေအထားအရ သူတို့သည် သူမကိုကြိုပို့ဖို့ သယ်ယူ စီစဉ်ပေးပြီးသား ဖြစ်လိမ့်မည်။ မစ္စ ကျင်း အတွက် သူမသည် ဒါရိုက်တာ ကျိုးကို မျက်နှာသာပေးကာ အသည်းကွဲခြင်းကို ကြုံတွေ့ရမည့်ကံပါလာခဲ့သည်။
ခရီးဆောင်အိတ်ကို ထုတ်ယူပြီးနောက် ကျင်းရှု့ရန် မထွက်ခွာသွားသေးပေ။ သူမ ပြောလိုက်သည်။ "အစ်ကို ကျိုး၊ ညီမ အစ်ကို့ကို ဟိုတယ်ဆီ ကားနဲ့ခေါ်သွားပေးရမလား"
ကျိုးရှို့လင်းက အမြဲတမ်း လူကြီးလူကောင်းဆန်သည်။ " မလိုပါဘူး ကိုယ့်ဘာသာသွားပါ လမ်းမှာဂရုစိုက်"
ကျင်းရှု့ရန် နှုတ်ခမ်း ကိုက်လိုက်သည်။ "ဒါဆို ညီမတို့ဟိုတယ် အရင်သွားနှင့်လိုက်မယ် ညီမတို့ထပ်ပြီး ဆက်သွယ်ကြတာပေါ့"
ထပ်ပြီး ဆက်သွယ်မယ်...
ကျန်းရှောင်က သူမ ဘာမှ မကြားခဲ့သလိုဟန်ဆောင်ခဲ့သည်။ ကျင်းရှု့ရန် ရဲ့ ခံစားချက်နဲ့ သူမရဲ့ ခံစားချက်တွေ လိုက်ဖက်နေပုံက တကယ့်ကို အံ့သြစရာပဲသူတို့ နှစ်ယောက်လုံး ကြိုက်တဲ့ ယောက်ျားတောင်မှ အတူတူပဲ။
သွေးချင်းဆက်နေတဲ့ အံ့ဖွယ်နွေပဲ။
မွန်းလွဲပိုင်းတွင် သူတို့ဟိုတယ်ဆီ ရောက်ရှိသွားကြသည်။
ကျိုးရှို့လင်းက Presidential Suite တွင် တည်းခိုနေပြီး ကျန်းရှောင်နှင့် ကျန်းချင်တို့ကတော့ ပုံမှန်အခန်းတစ်ခန်းစီနေခဲ့သည်။
ကျန်းရှောင်က အခန်းသော့ကို ကျိုးရှို့လင်းကို ပေးလိုက်သည်။ "ဒါရိုက်တာ ကျိုး၊ ဒီမှာ ရှင့်အခန်းသော့၊ ကျေးဇူးပြု၍ လုံခြုံအောင်သိမ်းပါ"
ကျိုးရှို့လင်း သူမကို တစ်ချက်ကြည့်လိုက်သည်။"ကောင်းပြီ၊ ဒီမှာ ဘယ်သူမှမရှိဘူး"
ကျန်းရှောင် တည်ငြိမ်နေဆဲဖြစ်ပြီး သူမ မျက်နှာမှာ မှန်ကန်တဲ့ အမူအရာဖြင့် ရှိနေသေးသည်။ "သတင်းထောက်တွေ အချိန်မရွေးပေါ်လာနိုင်တယ် ဒါရိုက်တာ ကျိုး ကျွန်မတို့အခန်းတွေဆီ ပြန်ပြီး အနားယူကြတာပေါ့"
ကျိုးရှို့လင်း ရင်နင့်အောင် ခံစားနေရသည်။
ကျန်းရှောင်က သူမအခန်းထဲပြန်သွားခဲ့ပြီး ဗီရိုထဲမှာ အဝတ်အစားတွေ ချိတ်ကာ သပ်သပ်ရပ်ရပ် ပြင်ဆင်ပြီး တီဗီကိုဖွင့်ကာ တီဗီရှိုးတစ်ခုကို ကျပန်းရွေးချယ်လိုက်တော့ နာမည်ကြီး လူငယ် မင်းသမီးတစ်ယောက်ရဲ့ပွဲလာနေသည်။
ညနေပိုင်းတွင် ကျိုးရှို့လင်းမှာ တက်ရောက်ဖို့ ပွဲတစ်ခုရှိသဖြင့် အဲ့တာက သူမကို အနည်းငယ် စူးစမ်းနိုင်စေဖို့ ဆိုလိုသည်။
သူမသည် ဘီမြို့တော်ကို အကြိမ်ပေါင်း များစွာ လည်ပတ်ဖူးသော်လည်း ၎င်း၏ အထင်ကရနေရာများကို ကောင်းစွာ မစူးစမ်းခဲ့ဖူးပေ။ ကံမကောင်းစွာဘဲ လင်းဝူက ဘီမြို့တော်မှာ မရှိတော့ပေ။ မဟုတ်ရင် သူတို့ ဆုံနိုင်မှာ။
ကျန်းရှောင် ပြတင်းပေါက်နားမှာ ရပ်လိုက်ပြီး ဓာတ်ပုံရိုက်ပြီး သူမရဲ့ လူမှုကွန်ရက်မှာ တင်ခဲ့သည်။
ဘီမြို့တော်ကို အကြိမ်များစွာ ရောက်ဖူးပြီး ဟိုတယ်နှင့် လေဆိပ်မှလွဲ၍ ခရီးသွားနေရာ တစ်ခုတည်းလေးကိုတောင် သူမ မရောက်ဖူးကြောင်း သိလိုက်ရသည်။
သိပ်မကြာခင်မှာပဲ တစ်စုံတစ်ယောက်က သူမကို အကြောင်းပြန်ခဲ့သည်။
ကျန်းချင် - ညနေဘက် ဟို့ဟိုင်မှာ လမ်းလျှောက်ရင်ကော ဘယ်လိုလဲ။
ချင်ယီလု - အစ်မ၊ အစ်မမှာ အချိန်ရရင် ဘားကိုသွားလို့ရတယ်။ တော်တော်ချောတဲ့ ကောင်လေးတွေ အများကြီးရှိတယ်နော်။ ရုပ်ရည်လည်းမိုက်ပြီး ကိုယ်လုံးကိုယ်ပေါက်ကလည်း အရမ်းမိုက်တာ။
ယွမ်ယွမ် (ဝမ်းကွဲ) - ညီမပြန်လာရင် အစ်မသွားချင်တဲ့နေရာကို ခေါ်သွားပေးမယ်။
....
ကျန်းရှောင် သူတို့တွေတစ်ယောက်ချင်းစီကို reply ပြန်ပို့ခဲ့ပြီး သူမရဲ့ ယောက္ခထီးဖြစ်သူဆီမှလည်း မက်ဆေ့ချ်ရလာလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ပေ။
ဖေဖေ ကျိုး - အလုပ်ပြီးသွားရင် ရှို့လင်းကို တော်ဝင်နန်းတော်နဲ့ ယုံဟဲ ဘုရားကျောင်း လိုက်ပို့ခိုင်း။ ဘီမြို့တော်မှာ သွားလည်သင့်တဲ့နေရာတွေ အများကြီးရှိတယ်။