← Chapters

အခန်း (၆၆)

Vol. 6 Ch. 66

အခန်း (၆၆)

Vol. 6 Ch. 66

ကျန်းရှောင်က သူ့ကို ခပ်ဖျော့ဖျော့ ပြုံးပြလိုက်ပြီး မျက်လုံးတွေက ဝေဝါးနေသည်။ "ရှင်ပြန်လာတာ ဘာလို့ ဒီလောက်ကြာနေရတာလဲ။ ရှင့်ကို အကြာကြီးပဲ စောင့်နေရတယ်"

ကျိုးရှို့လင်း မကူညီနိုင်ဘဲ ခေါင်းခါလိုက်သည်။ "သွားရအောင်၊ အိမ်ပြန်ကြမယ်။ မင်းကို ကူတွဲပေးဖို့လိုသေးလား"

ကျန်းရှောင် မတ်တပ်ရပ်လိုက်သည်။ "မလိုပါဘူး၊ ရှင်ကျွန်မကို ကူတွဲလိုက်ရင် မနက်ဖြန်ရဲ့ခေါင်းစည်းမှာ ကျွန်မ ရှင်နဲ့ ပါသွားလိမ့်မယ်"

"မင်း ရှင်းရှင်းလင်းလင်း မှတ်မိနေသားပဲ"

သူမ တကယ် မမူးခဲ့​ပေ။ သူမ နည်းနည်း ပင်ပန်းနေရုံပင်။ သူတို့ ကားပေါ်ရောက်တာနဲ့ သူမ သူ့ကိုမှီပြီး ရင်းနှီးတဲ့ အနေအထားကို ရှာကာ အိပ်ဖို့လုပ်ခဲ့သည်။

သူတို့အိမ်ပြန်ရောက်တာနဲ့ ကျိုးရှို့လင်းက သူမကို တောက်လျှောက် သယ်သွားခဲ့သည်။

သူမကို ကုတင်ကြီးပေါ်ချလိုက်တော့ အလယ်မှာ သူ့ရဲ့ကိုယ်ပိုင် ခေါင်းအုံးသေးသေးလေးနဲ့ အိပ်ပျော်နေတဲ့ကလေးကို သူမြင်လိုက်ရသည်။

ကျန်းရှောင် ရေတောင်းလိုက်ပြီး ကျိုးရှို့လင်းက ဖန်ခွက်ထဲရေ လောင်းထည့်ခဲ့သည်။ ကျန်းရှောင် ဖန်ခွက်ကြီးကြီးနဲ့ ရေသောက်လိုက်ပြီး တဖြည်းဖြည်း ပိုနိုးလာခဲ့သည်။

ရုတ်တရက် သူမ ကျိုးရှို့လင်းကို ပွေ့ဖက်လိုက်သည်။ သူမ၏ မျက်လုံးတွေက စိုစွတ်နေပြီး အသံ အနည်းငယ်အောရှနေသည်။ "ကျိုးရှို့လင်း ရှင့်မှာ လျှို့ဝှက်ချက်တွေ ရှိလား"

ကျိုးရှို့လင်း သူမမျက်နှာကို ပွတ်သပ်ပေးလိုက်သည်။ "ရှိတယ်"

ကျန်းရှောင် နှုတ်ခမ်းစူလိုက်သည်။ "ဘာလျှို့ဝှက်ချက်လဲ"

ကျိုးရှို့လင်း ခေါင်းငုံ့ကာ သူမရဲ့ပါးစပ်ထောင့်ကို နမ်းလိုက်သည်။ "မင်းလုံးဝနိုးလာတဲ့အခါကျမှ ကိုယ်ပြောပြမယ်"

ကျန်းရှောင် မကျေမနပ်ဖြစ်ပြီး သူ့နားကို တိုးကပ်ကာ ခေါင်းကို သူ့ရင်ဘတ်မှာ မြှုပ်ထားကာ သူ့ရနံ့ကို ရှူရှိုက်လိုက်သည်။

"ကျွန်မကို မပြောပြ ဘူးလား!"

သူမ သူ့လည်ပင်းကိုဖက်တွယ်ထားပြီး လွှတ်ပေးဖို့ဆန္ဒမရှိပေ။ "ဒါဆို ကျွန်မရဲ့လျှို့ဝှက်ချက်ကို ပြောပြမယ်။ ကျွန်မမှာ လျှို့ဝှက်ချက်တွေ အများကြီးရှိတယ်။ အများကြီး အများကြီးပဲရှိတာ"

သူမ ဒီနှစ်တွေ တစ်လျှောက်လုံး သတိကြီးကြီးထားပြီး ဂရုတစိုက်နေခဲ့ကာ စိတ်ပျက်အားငယ်မှုနှင့် စိတ်မသက်မသာဖြစ်မှုများဖြင့် သူမနှုတ်ခမ်းကို ကိုက်လိုက်သည်။

"အို- လျှို့ဝှက်ချက်က ဘယ်လောက်တောင် ရှိတာလဲ"

"ရှင့်ကိုပထမဆုံးမြင်လိုက်ရတုန်းက ကျွန်မရှင့်ကိုကြိုက်သွားတယ်" သူမ ပြုံးပြီးပြောခဲ့သည်။

"မင်းကအရမ်းချောတာပဲ။ အဲ့ဒီတုန်းက ကျိုးယန်ယန်ကို ကျွန်မတကယ် အရမ်းမနာလိုဖြစ်မိတယ်"

ကျိုးရှို့လင်း အကြည့်က မှင်သက်သွားပြီး သူ့မျက်လုံးတွေ ပြင်းထန်လာခဲ့သည်။ "ကိုယ့်ကို ကြိုက်ခဲ့တာလား။ ဟင် " သူ့လေသံက အဆုံးမှာမြင့်လာခဲ့သည်။

ကျန်းရှောင် အားတက်သရော ခေါင်းညိတ်ပြပြီး သူမမျက်လုံးထဲမှာ အချစ်တွေ တောက်ပနေသည်။ "ကျွန်မ ရှင့်ကို နှစ်ပေါင်းများစွာ ကြိုက်ခဲ့တာ။ ရှင်က ကျွန်မရဲ့ ပန်းတိုင် ဖြစ်ခဲ့ပေမဲ့ ရှင် ကျွန်မကို မကြိုက်မှာကို ကျွန်မ ကြောက်တယ်။ ကြည့်လိုက်လေ ရှင်က ဘယ်လောက်တောင်မှ အံ့သြစရာကောင်းလိုက်လဲ၊ ငါ့မှာ ဘာမှမရှိဘူး၊ ကျွန်မမှာတော့ ဘာမှမရှိဘူး။ ကျွန်မှာ ဘာမှမရှိဘူး....... ကျွန်မက ပြဿနာအိုးကြီး ဖြစ်နိုင်တယ်။ ကျွန်မ ရှင့်ကို ဒုက္ခပေးမိလိမ့်မယ်…”

သူမ စကားပြောရင်း မျက်ရည်တွေက ပါးပြင်ပေါ်တိတ်တဆိတ် စီးကျလာခဲ့သည်။

ကျိုးရှို့လင်းက သူမနောက်ကျောကို ညင်သာစွာ ပုတ်ပေးရင်း သူမကိုချော့မြူပေးခဲ့သည်။ " မင်းက ကိုယ့်ရဲ့ဇနီးပါ၊ ဒုက္ခမဟုတ်ပါဘူး။ အဝတ်အစားလဲပြီး ခဏလောက် နားလိုက်ဦးနော် "

ကျန်းရှောင်ကို သူမရဲ့ညအိပ်ဝတ်စုံတွေကူလဲပေးပြီးနောက် အလယ်မှာ အိပ်နေတဲ့ ပဲပင်ပေါက်လေးကို သူ တစ်ချက်ကြည့်လိုက်သည်။ ခဏလောက် တုံ့ဆိုင်းသွားပြီး သူ့ကို ကုတင်သေးသေးလေးမှာ အိပ်ခိုင်းဖို့ စိတ်ကူးနဲ့ သူ့ကို ချီဖို့ ဆုံးဖြတ်လိုက်သည်။

ဒါပေမယ့် ကျိုးရှို့လင်း နူးညံ့တဲ့အထုပ်လေးကို မလိုက်တဲ့အခါမှာ အသံအနည်းငယ် ထွက်လာသည်။ "ဖေဖေ၊ သားကို တိတ်တိတ်လေး ထပ်ရွှေ့နေပြန်ပြီလား"

ကျိုးရှို့လင်း နှလုံးက ရုတ်တရက် တင်းကျပ်လာသည်။

ကျိုးစစ်မူက သူ့ကို မျက်လုံး ဝိုင်းဝိုင်းကြီးတွေနဲ့ ကြည့်ခဲ့သည်။ "ဖေဖေ၊ ညတိုင်း သားကို တစ်ယောက်တည်း အိပ်ယာသေးသေးလေးပေါ် ထားတယ်။ သားက ခုထိ ကလေးပဲရှိသေးတာနော်"

ကျိုးရှို့လင်း မျက်လုံးထောင့်က အကြောဆွဲသလိုဖြစ်သွားသည်။ "အိပ်ချင်ယောင်ဆောင်နေတာလား"

ကျိုးစသ်မူ ငြီးတွားလိုက်သည်။ "ဖေဖေ ပြန်လာတာကို သား စောင့်နေတာ။ ဖေဖေ၊ သားစောင့်နေတာကြာလှပြီ။ ဒါပေမယ့် ဖေဖေက သားကို ဖယ်ထုတ်ချင်နေတယ် "

သူ နှုတ်ခမ်းစူလိုက်သည်။ "သားကို ဘာလို့ ဒီလိုလုပ်တာလဲ။ သားက ဖေဖေနဲ့မေမေတို့နဲ့တူတူ အိပ်ချင်တာကို။ သား အတန်းထဲက ကလေးတွေ အားလုံးက သူတို့နဲ့မိဘတွေနဲ့တူတူ အိပ်ကြတာ။ သားက သေးသေးလေးပါ ဖေဖေ၊ ဖေဖေ ဘာလို့ ဒီလောက် အကြင်နာမဲ့ပြီး ကလေးလေးကိုတစ်ယောက်တည်း အိပ်ရအောင်ထားရတာလဲ"

ကျိုးရှို့လင်းက သူမမျက်နှာကို လက်နဲ့အုပ်ထားတဲ့ ကျန်းရှောင်ကိုကြည့်လိုက်သည်။

ကျိုး မိသားစုရဲ့ ဖျော်ဖြေသူလေးက အခင်းဖြစ်နေရာတွင် ရှိနေသည်။

ကျိုးရှို့လင်း အကြောင်းပြချက်ပေးလိုက်သ “ဖေဖေနဲ့မေမေက အိပ်မောကျသွားရင် သားကို မတော်တဆဖိမိသွားမှာစိုးလို့ပါ"

ကျိုးစစ်မူ စဥ်းစဥ်းစားစားနဲ့ ခေါင်းညိတ်လိုက်သည်။ "ဒါဆို ပိုကြီးတဲ့ အိပ်ရာဝယ်လိုက်။ အဲ့လိုဆို သားကိုဖိမိမှာမဟုတ်ဘူး။ အာ ..ဖေဖေ သားရဲ့မေမေကို ဖိနေတာကအံ့သြစရာ မဟုတ်တော့ဘူးပဲ"

သူ လှည့်ပြီး ကျန်းရှောင်ရဲ့ပုခုံးကိုပုတ်ကာ သူမကို ဖက်လိုက်သည်။ "မေမေ၊ ဒီထက်ကြီးတဲ့ ကုတင်တစ်လုံးဝယ်ရအောင်"

ကျန်းရှောင်မှာ မျက်လုံးတွေ ဖွင့်ဖို့ ငြင်းဆန်နေပြီး ပြတ်ပြတ်သားသားနဲ့ ငြိမ်ငြိမ်နေဖို့ သူမကိုယ်သူမ တွန်းအားပေးခဲ့သည်။

ကျိုးရှို့လင်း ထပြီး ရေချိုးခန်းထဲဝင်သွားလိုက်သည်။

ထိုညတွင် ကျိုးစစ်မူသည် ၎င်း၏ဖခင်အရင်းဖြစ်သူ၏ ညသန်းခေါင်တွင် တိတ်တဆိတ် ပြောင်းရွှေ့ခဲ့တာကိုခံလိုက်ပြီး ကပ်လျက်ကလေးအခန်းသို့ ပြောင်းရွှေ့ခံခဲ့ရသည်။

ထိုနေ့မှစ၍ ကျိုးရှို့လင်းက သူ၏ "မိဘတွေနဲ့ အတူအိပ်သော အကျင့်ဆိုး"ကို လုံးလုံးလျားလျား ချိုးဖျက်ပစ်ရန် ဆုံးဖြတ်ခဲ့သည်။ ၎င်းမှာ နည်းလမ်းမရှိပေ။ သူက ငယ်လွန်းပြီး ခုခံနိုင်စွမ်းမရှိပေ။

နောက်တစ်နေ့တွင် အနုပညာနယ်ပယ်သည် ရွှင်မြူးဖွယ်သတင်းများ ထွက်ပေါ်လာခဲ့သည်။ နံနက် ၈ နာရီတွင် Star Beauty Pictures မှ မိုရီဟန်နဲ့ ၎င်း၏ အနုပညာ နယ်ပယ်ထဲမှမဟုတ်တဲ့ ချစ်သူနဲ့ စေ့စပ်လိုက်ပြီဖြစ်ကြောင်း မင်္ဂလာဆောင်ဓာတ်ပုံနှင့်တကွ ထုတ်ပြန်ခဲ့သည်။

ကျောက်ရှင်းရန်၏ ပရိသတ်တွေက ဒေါသတကြီးဖြစ်ခဲ့ကြသည်။ တစ်ချို့က သစ္စာမဲ့သူအဖြစ် မိုရီဟန်ကို ဝေဖန်ဖို့ Star Beauty ရဲ့ တရားဝင်အကောင့်ကို လွှမ်းမိုးခဲ့ပြီး အခြားအဖွဲ့တစ်ဖွဲ့က ကျောက်ရှင်းရန် ရဲ့ Weibo မှာ သူမကို ဖြေသိမ့်ပေးပြီး သန်မာဖို့ အားပေးခဲ့ကြသည်။

လွန်ခဲ့သည့်နှစ်အနည်းငယ်အတွင်း ကျောက်ရှင်းရန်က အဆင့်သတ်မှတ်ခံရသော တီဗီဒရာမာများစွာတွင် ပါဝင်သရုပ်ဆောင်ခဲ့ပြီး သူမ၏ခါးပတ်အောက်တွင် အရည်အသွေးရှိသော ရုပ်ရှင်အချို့ကို ရရှိခဲ့သည်။

သူမရဲ့ သရုပ်ဆောင်မှုစွမ်းရည်ကလည်း ထိပ်တန်းရောက်နေပြီး ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိထားသူတစ်ယောက်ဖြစ်နေပြီပင်။ သူမ၏ ကြင်နာပြီး ခပ်လျှိုလျှိုနေတတ်တဲ့ အမူအရာဖြင့် ပေါင်းစပ်ကာ မိုရီဟန်နှင့် သူမ၏ အချစ်ရေးက ဤရလဒ်ဖြင့် ပြီးဆုံးသွားခဲ့သည်။

မိုရီဟန်က ကျောက်ရှင်းရန်ရဲ့ ခံစားချက်တွေကို ကစားခဲ့တယ်ဆိုပြီး အနားက ရပ်ကြည့်နေတဲ့သူတွေကတောင် သူမဘက် ရောက်လာကြသည်။

သိပ်မကြာခင်မှာပဲ ကျောက်ရှင်းရန်က သူမရဲ့ Weibo မှာ ပိုစ့်တင်ဖို့ အစပြုခဲ့သည်။

【မစ္စတာ မိုနဲ့ ကျွန်မတို့ ချစ်ကြိုက်ခဲ့စဥ်အချိန်မှာ တုန်းက ကျွန်မတို့ နှစ်ယောက်လုံး ရိုးရိုးသားသားချစ်ခဲ့ကြပါတယ်။ အဆုံထိ ရှေ့ဆက်မသွားနိုင်ခဲ့တာက ကံကြမ္မာကြောင့်ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ မစ္စတာမို ပျော်ရွှင်ပါစေလို့ ဆုတောင်းပေးပါတယ်။ တစ်ချိန်တည်းမှာပဲ ကျွန်မရဲ့ပျော်ရွှင်မှုကိုလည်း ကျွန်မရှာတွေ့ချင်ပါတယ်]

ကျောက်ရှင်းရန်က အမှန်တကယ် လိမ္မာပါးနပ်သည်။ လမ်းခွဲပြီးလို့ ချစ်သူတွေ မဖြစ်နိုင်ရင်တောင် သူငယ်ချင်း ဖြစ်နေတုန်းပဲ။ သြဇာညောင်းတဲ့ နောက်ခံမရှိလို့ အသက်ကြီးလာတာနဲ့အမျှ သူမရဲ့ အနုပညာအသက်မွေးဝမ်းကြောင်းမှာ ဆက်ကြိုးစားနေရဦးမှာပင်။

ယခုလိုပြုလုပ်ခြင်းဖြင့် သူမသည် မိုရီဟန် အပေါ် စွဲမြဲနေသော အထင်ကြီးမှုကို ချန်ထားခဲ့ကာ သူမအတွက် စိုးရိမ်ပူပန်မှုများ ဆက်ရှိနေဦးမည်ဟု အာမခံသည်။

ကျောက်ရှင်းရန်၏ စိတ်ပိုင်းဆိုင်ရာ ဉာဏ်ရည်ဉာဏ်သွေးက လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကနှင့် နှိုင်းယှဉ်လိုက်ရင် အမှန်တကယ် ပြောင်းလဲသွားသည်ဟု ဆိုရမည်။

ထိုအချိန်တွင် ကျန်းရှောင်က ကျောက်ရှင်းရန်ဆီမှ မက်ဆေ့ခ်ျ လက်ခံရရှိခဲ့သည်။

"ကျန်းရှောင်၊ ငါတို့ ခဏလောက် တွေ့လို့ရမလား ငါနင်နဲ့စကားပြောချင်တယ်" ဝမ်းနည်းခြင်းတွေ ပြည့်နှက်နေတဲ့ စကားတစ်ခွန်းပင်။

ကျန်းရှောင် Weibo ပို့စ်ကို ထပ်ကြည့်ရှုခဲ့သော်လည်း ယခုတစ်ကြိမ်တွင် သူမ ဘာမှမခံစားရပေ။ အမှန်တရားနှင့် လိမ်ညာမှုတွေက ၎င်းနှင့် တိုက်ရိုက်ပတ်သက်နေတဲ့သူများအတွက်သာ ထင်ရှားသည်။

မနက် ၁၀နာရီ၁၀မိနစ်မှာ စုန့်ယိဝမ်က ကျိုးယန်ယန်နဲ့ သူရဲ့ အချစ်ရေးအကြောင်းကို သူရဲ့ Weibo မှာ ပိုစ့်တင်ခဲ့သည်။

[မင်းနဲ့ တွေ့ဆုံခွင့်ရတဲ့အတွက် ဝမ်းသာပါတယ် မင်းက ကိုယ့်ရဲ့တစ်သက်တာပဲ @ကျိုးယန်ယန် ] ကျိုးယန်ယန် မှ ပြန်လည်တင်ထားသည်။

ချက်ခြင်းမှာပဲ Weibo က ပေါက်ကွဲသွားခဲ့သည်။

ဒီသတင်းက အစောကြီးကတည်းက သတင်းထွက်နေပြီးသားဖြစ်ပေမယ့် ဒီထဲမှာ ပါဝင်တဲ့သူတွေက အတည်ပြုလိုက်တာ ဖြစ်တဲ့အတွက် ပိုလိုတောင်ပြင်းထန်သည်။

စတူဒီယိုက ဤအခိုက်အတန့်ကို စိတ်အားထက်သန်စွာ စောင့်ဆိုင်းနေခဲ့သည်။

"ကောမန့်တွေက ၁၀၀,၀၀၀ ကျော်သွားပြီ clicks က ၃၀၀,၀၀၀ ကျော်သွားပြီ။ အိုး..."

"ငါအဲ့တာကိုဘာလို့ ဝင်မရှာရမှာလဲ..."

ဤ Weibo တွင် ပြန်လည်ရေးသားမှုများနှင့် ကောမန့်တွေ တိုးလာခဲ့သည်။

ကျန်းရှောင် သက်ပြင်းချပြီး နဖူးကိုထိလိုက်သည်။ စုန့်ယိဝမ်က ရည်မှန်းချက်ကို ပြောင်းမှာမဟုတ်ဘူး ပြီးတော့ သူမ ကန့်ကွက်လို့ မရတော့ဘူး။

သူ နဲ့ ကျိုးယန်ယန်တို့ ကောင်းကောင်းမွန်မွန်ရှိကြပါစေလို့ သူမနှလုံးသားထဲမှ ဆုတောင်းပေးလိုက်သည်။ ခဏအကြာတွင် သူမ ပြောလိုက်သည်။ “စတူဒီယိုက ကောင်းချီးတွေပို့ဖို့ ပြန်တင်လို့ရတယ်”

"ကောင်းပါပြီ။ ဒါပေမယ့် ခဏလောက်တော့ ကြာမယ်၊ Weibo က overload ဖြစ်နေလို့"

လူတိုင်းက မကူညီနိုင်ဘဲ ရယ်လိုက်ကြသည်။ "နည်းပညာသမားအတွက် စိတ်မကောင်းဘူး"

သူတို့နှစ်ယောက်ရဲ့ အချစ်ရေးကို ကြေငြာခဲ့ပေမယ့် စုန့်ယိဝမ်ရဲ့ ပရိသတ်တွေ တော်တော်များများက သံသယရှိခဲ့ကြသည်။ တော်တော်များများက မကြာခင်မှာ သူတို့လမ်းခွဲလိမ့်မယ်လို့ မျှော်လင့်ပါတယ်ဆိုပြီး ကျိုးယန်ယန် ရဲ့ Weibo မှာ မှတ်ချက်တွေ ထားခဲ့ကြသည်။

စုန့်ယိဝမ်၏ အလွန်အမင်း စိတ်အားထက်သန်သော ပရိသတ်အချို့က " စုန့် ကျိုး အချစ်မဟာမိတ် Anti ဖန်" ကိုပင် ဖွဲ့စည်းခဲ့သည်။ ကျိုးယန်ယန် ရဲ့ အတိတ်က ရှက်စရာကောင်းတဲ့ အဖြစ်အပျက်တွေကို တူးဖော်ကြည့်တော့ ဥပမာ၊ သူမရဲ့ အထက်တန်းအဆင့်က ပျမ်းမျှ၊ ကောလိပ်ဝင်ခွင့် စာမေးပွဲရမှတ်တွေက ခြွင်းချက်မရှိ၊ နိုင်ငံခြားမှာ နောက်ထပ် ပညာသင်ကြားဖို့ သွားခဲ့တယ်။

မဟာမိတ်အဖွဲ့သည် ဆယ်မိနစ်ကြာ ကျောင်းသီချင်းဆိုပြိုင်ပွဲတွင် ပါဝင်ခဲ့သည့် ကျိုးယန်ယန်ရဲ့ ဗီဒီယိုကိုပင် တင်ခဲ့သည်။

ဗီဒီယို၏ပထမပိုင်းတစ်ဝက်တွင် ကျိုးယန်ယန်က "Fulfillment" ကိုသီဆိုပြသခဲ့ပြီး နောက်ဆုံးတစ်ဝက်တွင် လင်းဝူနှင့် "Tonight I Feel Close to You" သီချင်းဖြင့် သီဆိုပြခဲ့သည်။

မိန်းကလေးနှစ်ဦးစလုံးက အပြာရောင်နှင့် အဖြူရောင် ကျောင်းဝတ်စုံများကို ၀တ်ဆင်ထားပြီး ဆံပင်ကိုစည်းထားကာ ၎င်းတို့၏ အသံတွေက ငြိမ့်ညောင်းပြီး အသံအနိမ့်အမြင့်က လုံးဝပြီးပြည့်စုံသည်။

နှစ်ပိုင်းကြားရှိ ပြတ်သားသော ခြားနားမှုက အကြောင်းအရာကို တခဏချင်း လွဲသွားစေခဲ့သည်။

[နောက်ကျောကနေ ကြည့်ရတဲ့ ကောင်မလေးနှစ်ယောက်က အရမ်းလှတယ်။]

[သူတို့ရဲ့ သီချင်းဆိုသံက အရမ်းချစ်စရာကောင်းတယ်]

[မိန်းကလေးတွေက အရမ်းချစ်စရာကောင်းတယ်။ ဒီလို ခင်မင်မှုကို မနာလိုလိုက်တာ!】

နောက်ပိုင်းတွင် တစ်စုံတစ်ဦးက reply ပြန်ခဲ့သည် - အထင်ကြီးစရာပဲ။ သူမက ဘီ တက္ကသိုလ်ရဲ့ ဆေးကျောင်းက အခန်းXX ရဲ့ ကျောင်းဝင်းအလှလေး။

အခြားတစ်ယောက်က reply ပြန်ခဲ့သည် - ငါတို့ အထက်တန်းကျောင်းက စီနီယာလေ။ ငါ အရင်က ကျောင်းမှာ သူတို့ကိုတွေ့ဖူးတယ်။ ပြောရရင် ဒီအစ်မနှစ်ယောက်လုံး အံ့မခန်းပဲ။ သူတို့ရဲ့ သီချင်းဆိုသံက လုံးဝကို ပြောင်မြောက်တယ်။

All Chapters