အခန်း (၆၇)
Vol. 6 Ch. 67
ကျန်းရှောင် ၎င်းကိုမြင်သောအခါ ဗီဒီယိုကို အကြိမ်တစ်သောင်းကျော် ပြန်လည်ပိုစ့်တင်ထားပြီးဖြစ်သည်။ ကျိုးယန်ယန်က အငွေ့အသက် ဖြစ်နိုင်သည်ဟု တွေးကြည့်နိုင်သည်။
သူမ၏ နေ့ထူးနေ့မြတ်တွင် သူမအား ကျန်းရှောင်နှင့် လင်းဝူတို့က လွှမ်းမိုးထားပြန်သည်။ ကျန်းရှောင် သူမရဲ့နားထင်ကြောတွေ ထောင်လာသလိုခံစားရသည်။ ဒါက ကံကြမ္မာ လား ဝဋ်ကြွေးလား။
ဒီဗီဒီယိုကို လူတော်တော်များများက ကြည့်ပြီးသွားကြပြီး ကျင်းကျုံးပိုင်က ကျန်းရှောင်ကို သီချင်းဆိုခြင်းနဲ့ အသက်မွေးဝမ်းကြောင်းပြုဖို့ စဉ်းစားနေတာလားလို့ မေးတဲ့ မက်ဆေ့ခ်ျတစ်စောင် ပေးပို့ခဲ့သည်။
ကျန်းရှောင် ကူကယ်ရာမဲ့တဲ့ အမူအရာဖြင့် ပြန်ပြောလိုက်သည် - ဆရာ ကျင်း၊ ပြန်လာပြီလား။
ကျင်းကျုံးပိုင်က မကြာခင်က အမှတ်တရ ဇာတ်ကားရိုက်ကူးရန် အလုပ်များနေပြီး အွန်လိုင်းသတင်းများကမူ ပြီးသွားပြီဖြစ်ကြောင်း သိရသည်။
ကျင်းကျုံးပိုင် - ဟုတ်တယ်။ ဒီနေ့က တော်တော်အသက်ဝင်တယ်။ အခွင့်အရေးရရင် ဇာတ်ဝင်သီချင်းကို သီဆိုဖို့ ဖိတ်ခေါ်ချင်တယ်။
ကျန်းရှောင် - ဆရာ ကျင်း၊ ကျွန်မရဲ့ အပျော်တမ်းအဆင့်နဲ့ ဇာတ်ဝင်သီချင်းကို ကျွန်မ ဘယ်လိုလုပ်ဆိုရမလဲ။
ကျင်းကျုံးပိုင် - ကျန်းရှောင်၊ ငါတို့ ဘယ်အချိန် ဟော့ပေါ့သွားစားလို့ရမလဲ
ဤဟော့ပေါ့စားဖို့က ယခင်က သူမ ပေါ့ပေါ့ပါးပါး ပြောခဲ့ဖူးသော အရာတစ်ခုဖြစ်သည်။ သူ့ကို မှတ်မိလိမ့်မယ်လို့ မမျှော်လင့်ထားဘူး။
ကျန်းရှောင် ရှက်ရွံ့သွားသလို ခံစားလိုက်ရသည်။ “ကျွန်မ နောက်တစ်ပတ် ရုပ်ရှင်နဲ့ ရုပ်မြင်သံကြားမြို့ကို သွားရဦးမယ်။ ပြန်လာပြီးမှ စီစဉ်လို့ ရမလား"
ကျင်းကျုံးပိုင် - ရတာပေါ့။
ကျန်းရှောင် - ချုံချင်း ဇာတိသူ ပိုင်တဲ့ မြို့တော်စာကြည့်တိုက်နားမှာ ဟော့ပေါ့ဆိုင်တစ်ဆိုင်ရှိသည်။အရသာက အရမ်းစစ်မှန်တယ်။
ကျင်းကျုံးပိုင် - ငါ အဲဒါကို စောင့်နေမယ်။
ကျန်းရှောင်နဲ့ ကျင်းကျုံးပိုင်တို့၏ ဆက်ဆံရေးက အလွန်ထူးခြားပြီး အကြံပေးနှင့် သူငယ်ချင်းရောနှောနေသည်။
အဲဒီတုန်းက "သာယာဝပြောသောကမ္ဘာ" ရိုက်ကူးရေး အတွင်း အကျဥ်းချုံးတွေ့ဆုံမှုသည် မမျှော်လင့်ဘဲ သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးအတွက် လမ်းခင်းပေးခဲ့သည်။
ကျင်းကျုံးပိုင် အောက်ထပ်သို့ ဆင်းလာပြီး ကျင်းရှု့ရန်က ဧည့်ခန်းထဲတွင် ရှိနေဆဲဖြစ်သည်။ ကလေးမလေးက လွန်ခဲ့သည့် ရက်အနည်းငယ်ကတည်းက စိတ်ဓာတ်ကျနေခဲ့သဖြင့် သူမ၏ အလုပ်မှာ ရပ်တန့်သွားခဲ့သည်။
"ရန်ရန်-"
"အစ်ကို-"
ကျင်းကျုံးပိုင်က သူမဆီ လျှောက်သွားလိုက်သည်။ "ဘာလုပ်နေတာလဲ"
ကျင်းရှု့ရန်က မည်သည့်အရာကိုမျှ ဖုံးကွယ်မထားဘဲ ကျိုးရှို့လင်း အတွက် သူမပြင်ဆင်ထားသည့် တင်ဆက်မှုကို ပြသခဲ့ပြီး သူ့အကြောင်းသတင်းတွေ ပြည့်နှက်နေခဲ့သည်။
ကျင်းကျုံးပိုင် သက်ပြင်းချလိုက်သည်။ "မိုက်မဲလိုက်တဲ့ကောင်မလေး"
ကျင်းရှု့ရန် ခေါင်းငုံ့ကာ မျက်ရည်များ ဖြည်းညှင်းစွာ စီးကျလာသည်။ "အစ်ကို၊ ညီမတကယ် စိတ်မကောင်းဖြစ်ရတယ်။ သူနဲ့ပေါင်းသင်းဆက်ဆံဖို့ သူ့အသက်မွေးဝမ်းကြောင်းအလုပ်အပေါ် အာရုံစိုက်လွန်းတယ်လို့ အမြဲတွေးထားခဲ့တာ။ ဒါပေမယ့် သူ့မှာ ကလေးရှိပြီးသားလို့ ဘယ်သူက စိတ်ကူးမိမှာလဲ။ အစ်မ ချန်းရင်က ညီမရဲ့ခံစားချက်တွေကို မြန်မြန်ဝန်ခံဖို့ စောစောကတည်းက ညီမကို အားပေးခဲ့တယ်။ ညီမသာ စောစော ဝန်ခံခဲ့မယ်ဆိုရင် အခွင့်ရေးရှိမှာလား"
ကျင်းကျုံးပိုင် သူမရဲ့ပုခုံးကို ဖက်လိုက်သည်။ "ရန်ရန် မင်းက ငယ်သေးတယ်၊ မင်း နားမလည်တဲ့အရာတွေ အများကြီးရှိတယ်"
ကျင်းရှု့ရန် ခေါင်းခါလိုက်သည်။ "ညီမ နားလည်တယ်။ ညီမနဲ့ အစ်ကို ကျိုး ကြားမှာ မဖြစ်နိုင်ဘူးဆိုတာ "
ကျင်းကျုံးပိုင်က သူမကို လက်ဖြင့်ပုတ်သည်။ "မိုက်လိုက်တဲ့ကောင်မလေး။ အစ်ကိုပြောနိုင်တာက မင်းနဲ့ ကျိုးရှို့လင်း ဖြစ်နိုင်တယ်လို့ ဆိုလိုတာမဟုတ်ဘူး
ကျင်းရှု့ရန် ဖြည်းညှင်းစွာ ငိုပြီး သူမ ချစ်ရတဲ့ အရုပ်ကို ဆုံးရှုံးလိုက်ရသည့် အချိန်ကို သတိရကာ ရှိုက်ကြီးတငင် ငိုကြွေးနေလေသည်။ "သူနဲ့ သူ့လက်ထောက် ကျန်းရှောင်မှာ တစ်ခုခုတော့ ရှိနေတယ်လို့ ထင်တယ်"
ကျင်းကျုံးပိုင် အံ့အားသင့်သွားသည်။ "မင်း ကျန်းရှောင်ကို သိတာလား"
ကျင်းရှု့ရန် နှာရှုပ်လိုက်သည်။ "ညီမတို့ အရင်က တွေ့ဖူးတယ်"
ကျင်းကျုံးပိုင် သူ့နှုတ်ခမ်းကို သပ်လိုက်သည်။ "မင်းဘာတွေပြောလိုက်လဲ"
ကျင်းရှု့ရန်က မကျေမနပ်တဲ့ အရိပ်အမြွက်နဲ့ ပြောလိုက်သည် "ဒီအတိုင်း စကားနည်းနည်းပါးပါးပဲ ပြောတာ။ သူမက အစ်ကို ကျိုးရဲ့ လက်ထောက် မဟုတ်တော့ဘူး။ နောက်ပြီး အခုပြောနေလည်း ဘာမှထူးလာမှာ မဟုတ်တော့ဘူး"
ကျင်းကျုံးပိုင် သူမရဲ့ ဆံပင်တွေကို ပွတ်သပ်လိုက်သည်။ "စိတ်မဆိုးပါနဲ့တော့။ အစ်ကို အချိန်နည်းနည်းဖဲ့ပြီး မင်းနဲ့ ရက်အနည်းငယ်လောက် အတူရှိနေပေးမယ်။ အဖေနဲ့ အန်တီယွဲ့တို့ မင်းရဲ့ ဒီလိုပုံစံကိုမြင်သွားရင် စိတ်မကောင်းဖြစ်နေကြလိမ့်မယ်"
ကျင်းရှု့ရန် အင်တင်တင်နဲ့သဘောတူခဲ့သည်။ "အစ်ကို၊ ကျန်းရှောင်ရဲ့ပုံက မေမေ ငယ်ငယ်တုန်းကပုံနဲ့ တော်တော်တူတယ်လို့ အစ်ကို ထင်မိလား"
ကျင်းကျုံးပိုင် မျက်ခုံးပင့်လိုက်သည်။ "ဟမ်။ ဘယ်လိုမျိုးလဲ"
ကျင်းရှု့ရန် နှုတ်ခမ်းကို ကိုက်လိုက်သည်။ "မေမေ ငယ်ငယ်တုန်းကလေ အစ်ကိုလည်း သိပါတယ် မေမေ့ မျက်နှာမှာ တစ်ချို့ဟာတွေ ပြင်ထားတာလေ။ ဟုတ်တယ်နော်။ မေမေ ငယ်ငယ်တုန်းက ဓာတ်ပုံတွေကို ညီမ မြင်ဖူးတယ်။ ပြီးတော့ ကျန်းရှောင်က သူမပုံနဲ့ နည်းနည်းဆင်တယ်။ ဒါပေမယ့်လည်း ကျန်းရှောင်က ရှလန် နဲ့လည်း နည်းနည်းဆင်သလိုရှိနေပြန်ရော"
ကျင်းကျုံးပိုင် မျက်ခုံးကြုတ်လိုက်သည်။ "အနုပညာနယ်ပယ်မှာ ရုပ်တူတဲ့သူတွေ အများကြီးရှိတယ်"
"ဟုတ်တယ်။ ကျန်းရှောင်က မင်းသမီး မဟုတ်လို့ သနားစရာပဲ၊ မဟုတ်ရင် ညီမတို့ သူ့ကို အမေငယ်ငယ်ကပုံစံလိုမျိုး သရုပ်ဆောင်ခိုင်းလို့ ရတယ်နော်"
ကျင်းကျုံးပိုင်က ဘာမှပြန်မပြောဘဲ သူမမျက်နှာကို မြန်မြန်သွားသစ်ဖို့ တိုက်တွန်းလိုက်သည်။
နေ့ခင်းဘက်တွင် ကျန်းချင် ရုံးခန်းသို့ ရောက်ရှိလာပြီး စာရွက်စာတမ်းများကို လက်မှတ်ထိုးခိုင်းပြီး မေးခဲ့သည်။"စီအီးအို ကျိုး၊ ဗီဒီယို ကြည့်ပြီးသွားပြီလား"
"ဘာဗီဒီယိုလဲ " ကျိုးရှို့လင်းက Weibo သုံးတာ ရှားသောကြောင့် သဘာဝကျကျ မသိနိုင်ပေ။
"မစ္စ ကျိုးနဲ့ မဒမ်တို့ ငယ်ငယ်တုန်းက ဗီဒီယိုပါ။ မဒမ်ကို ဒီလိုလှလှပပလေး သီချင်းဆိုတတ်မယ်လို့ မထင်ထားခဲ့ဘူး" ကျန်းချင် သက်ပြင်းချလိုက်သည်။
သူ ကျိုးရှို့လင်း၏ အမူအရာကိုကြည့်ပြီး အံ့သြသွားခဲ့သည်။ "ဥက္ကဌ ကျိုး၊ အရင်က မဒမ် သီချင်းဆိုတာကို မကြားဖူးဘူးလား"
ကျိုးရှို့လင်းက ကျန်းရှောင် ကလေးသီချင်းတွေ ဆိုတာကိုသာ ကြားခဲ့ရသည်။ သူ Weibo ဖွင့်လိုက်သည်။Weibo ရေပန်းစားလာချိန် လွန်ခဲ့တဲ့ နှစ်အတော်ကြာက သူဖွင့်ထားတဲ့ အကောင့်ကို ပြန်ဝင်ခဲ့သည် - " ငါပဲ"
following က 0 ၊ follower က 6 ယောက် - Weibo က သတ်မှတ်ထားတဲ့ ကျပန်း fake follower တွေ ဖြစ်နိုင်သည်။ သူ ကျိုးယန်ယန်ရဲ့ နာမည်ကို ရှာဖွေပြီး ဗီဒီယိုကို ရှာတွေ့သွားသည်။
သူအဲ့တာကို အစမှအဆုံး နားထောင်ပြီး နှုတ်ခမ်းပေါ်တွင် မသိမသာ အပြုံးတစ်ခု ပေါ်လာခဲ့သည်။ အခုတော့ ပဲပင်ပေါက်လေး၏ လှပသော တေးဆိုစွမ်းရည်ကို ဘယ်ကနေ အမွေဆက်ခံခဲ့လဲကို သူနောက်ဆုံးတော့ သိလိုက်ရပြီ။
ကံမကောင်းစွာပဲ၊ သုံးနှစ်ကျော်သွားခဲ့ပြီး သူမ သူ့ရှေ့တွင် မှန်ကန်တဲ့ သီချင်းတစ်ပုဒ်ကို တစ်ခါမှ မသီဆိုခဲ့ပုံရသည်။
ကျိုးရှို့လင်း တိုးတိုးလေး ရယ်လိုက်ပြီး ဖုန်းကိုထုတ်ကာ သူမရဲ့ဖုန်းနံပါတ်ကို နှိပ်လိုက်သည်။
ကျန်းရှောင် အလုပ်များပြီး အလျင်လိုနေသော်လည်း သူ့ဖုန်းကိုတော့ပြန်ဖြေခဲ့သည်။
ကျိုးရှို့လင်း - "မစ္စစ် ကျိုး၊ မင်း ကိုယ့်အတွက် ဘယ်အချိန်ကျမှ သီချင်းဆိုပေးဖို့ စီစဉ်ထားလဲ"
သူ ဒီဗီဒီယိုကို မြင်ပြီးသွားပြီဆိုတာ သူမ သိလိုက်သည်။ သူမ မျက်စိစွေကြည့်လိုက်ကာ ပန်းအိုးထဲက ခရမ်းရောင် ခင်မမေ့ပန်းကို သူမ ငုံ့ကြည့်လိုက်သည်။
ရုတ်တရက် အတွေးတစ်ခုဝင်လာခဲ့သည် - "တိတ်ဆိတ်တဲ့ထောင့်တစ်နေရာက ရှင့်အတွက် ကျွန်မကိုပြောနေတယ်" (ရှုဇီမို ရဲ့ "ခင်မမေ့ပန်း ")
ကျန်းရှောင်ရဲ့ ပါးစပ်ထောင့်မှာ အပြုံးတစ်ခုအရိပ်အမြွက်ပေါ်လာပြီး တိုးတိုးလေး သီဆိုလိုက်သည်။
"မင်းကိုကြိုက်တယ်
ဆွဲဆောင်မှုရှိတဲ့ မျက်လုံးတွေနဲ့ မင်းရဲ့ ရယ်မောသံတွေက ပိုလို့တောင် ချစ်စရာကောင်းနေတယ်
မင်းကိုထပ်ပြီး ကြင်နာစွာထွေးပွေ့ရပါစေလို့ဆုတောင်းပါတယ်
မင်းရဲ့ ချစ်စဖွယ်မျက်နှာလေး ၊လက်တွေကိုတူတူကိုင်ထားပြီး အိမ်မက်ထဲမှာ စကားတွေပြောကြမယ်
မင်းနဲ့ငါ မနေ့ကလိုပဲ"
၎င်းသည် ကန်တုံဘာသာစကားဖြစ်ပြီး ကျိုးရှို့လင်း သည် သီချင်းစာသားကို နားမလည်ပေမယ့် သူမသီချင်းကောင်းကောင်း ဆိုနေတယ်ဆိုတာကိုတော့ သူသိသည်။
" ကိုယ် နားမလည်ပေမယ့် နားထောင်လို့ကောင်းတယ်။ ဒီသီချင်းနာမည်က ဘာလဲ"
ကျန်းရှောင် သူမရဲ့နှုတ်ခမ်းတွေကို သပ်လိုက်ပြီး နှလုံးခုန်သံတွေ မြန်လာခဲ့သည်။ တကယ်ကို ထူးဆန်းတယ် - သူတို့က လက်ထပ်ထားပြီးသား အိမ်ထောင်ရှင် စုံတွဲတွေဖြစ်နေကြပြီကို ဘာကြောင့် သူမရဲ့ နှလုံးက ခုန်နေရတာလဲ။ "ရှီဟွမ်းနီ" ('မင်းကိုကြိုက်တယ်') လို့ခေါ်တယ်။
"ဟမ်"
"ရှီဟွမ်းနီ သီချင်းခေါင်းစဉ် "
ကျိုးရှို့လင်း ပြုံးလိုက်သည်။ " ကြိုက်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်" သူ့အသံကို နည်းနည်းမြှင့်လိုက်သည်။
"ဒါဆို မင်းမှာ ကိုယ်မသိတဲ့ လျှို့ဝှက်ချက်တွေ ဘယ်လောက်ရှိသေးလဲ။ ဟမ် "
ဖုန်း၏အခြားတစ်ဖက်တွင် ကျန်းရှောင် ခဏမျှတိတ်ဆိတ်နေပြီး သီချင်းတစ်ပုဒ် ညည်းလိုက်သည်။ "ငါ့မှာ လျှို့ဝှက်ချက်တွေ အများကြီးရှိတယ်၊ မင်းကိုမပြောပြဘူး မင်းကိုမပြောဘူး..."
ကျိုးရှို့လင်း ရယ်လိုက်သည်။ ကျိုးစစ်မူက ဒီသီချင်းကို ဆိုရင်း အိမ်မှာ သူ့အမြီးလေးကို အမြဲလှုပ်ပြပြီး သူဆိုရတာ ကြိုက်တဲ့သီချင်းပါ။ သူ လည်ချောင်း ရှင်းလိုက်သည်။
"လက်ထောက် ကျန်း၊ ဒီနေ့ ကျိုးစစ်မူကို အတူတူသွားကြိုရင် မင်းအတွက် အဆင်ပြေလား"
ကျန်းရှောင်က သူမအမူအရာကို ပြောင်းလဲလိုက်သည်။ "ကျွန်မကို ဆယ်မိနစ်လောက်အချိန်ပေး ကျွန်မ လုပ်စရာတွေရှိသေးလို့"
ကျိုးရှို့လင်း သဘောတူလိုက်သည်။ "ခါတိုင်းလိုပဲ အဲ့နေရာမှာဆုံကြမယ်"
ကျန်းရှောင် - "..... " ဒါက ဘာလို့ ခိုးရာလိုက်ပြေးသလိုကြီးခံစားနေရတာလဲ။
ကျိုးရှို့လင်းက သူပုံမှန် မမောင်းတတ်တဲ့ တခြားကားကို မောင်းလာပြီး သူငယ်တန်းကျောင်းကို ထွက်လာခဲ့သည်။ ကျန်းရှောင်က ပဲပင်ပေါက်လေးကို ကြို့ဖို့ ကားပေါ်ကဆင်းခဲ့သည်။
ဤသည်မှာ သူငယ်တန်းကိုလာတာက သူမရဲ့ ဒုတိယအကြိမ်ဖြစ်ပြီး ရွေးချယ်မှု လုပ်ငန်းစဥ်အတွင်း သူမတို့လာခဲ့တာက ပထမဆုံးအကြိမ်ဖြစ်သည်။
ဒီနေ့ သူတို့ရောက်လာတာက နည်းနည်းနောက်ကျသွားတယ်၊ ကလေးတွေ အများစုကို လာကြိုသွားကြပြီ။
ကျန်းရှောင် အဆောက်အဦးထဲ ဝင်လိုက်သည်နှင့် ကြီးမားသော မှန်နံရံကိုဖြတ်ပြီး ပဲပင်ပေါက်လေး တစ်ယောက် ကလေးမလေးရဲ့ ဘေးတွင် ထိုင်နေသည်ကို တွေ့လိုက်ရသည်။
သူက စာအုပ်တစ်အုပ်ကိုကိုင်ထားပြီး စူးစူးစိုက်စိုက်ဖတ်နေကာ ကလေးမလေးက ဂရုတစိုက်နားထောင်နေသည်။
ကျန်းရှောင်က ဆရာမကို နှုတ်ဆက်ပြီး ညင်သာစွာ ဝင်လာခဲ့သည်။ အထဲကို ဝင်လိုက်တာနဲ့ သားဖြစ်သူရဲ့ ပြတ်သားတဲ့ အသံကို ကြားလိုက်ရသည်။
"ဖားလောင်းလေးက ခြေထောက်လေးချောင်းရှိတဲ့ ဖားတစ်ကောင်ကိုတွေ့ပြီး ကြောက်လန့်တကြား အော်လိုက်တယ်။ ဖားမေမေက သူတို့တွေနဲ့မတူဘူး။ သူတို့အမေမဟုတ်တာ သေချာတယ်။ မှားနေပြီ ၊မှားနေပြီ။ ဖားလောင်းလေးက ရေဆက်ကူးသွားလိုက်တယ်။ သူတို့အမေကို ရှာမတွေ့ရင် သူတို့ဘာလုပ်သင့်လဲ။ သူတို့ ဝမ်းနည်းစရာကောင်းတဲ့သီချင်းကို ဆိုလိုက်ကြတယ် -" ဒီကမ္ဘာမှာ အမေကသာ ကောင်းတယ်။ အမေရှိတဲ့ ကလေးတွေက ရတနာတွေပဲ.... "
သူ့လက်ကလေးက စာအုပ်ထဲက စကားလုံးတွေကို သူအလေးအနက် မှတ်ယူနေသလိုမျိုး ညွှန်ပြနေသည်။ သူ စကားလုံးများစွာကို မသိသော်လည်း၊ ဒီယုံကြည်မှုကို ဘယ်သူက သူ့ဆီပေးခဲ့တာလဲ။
ကျန်းရှောင်က သူမလည်ချောင်းကို ဖြည်းညှင်းစွာ ရှင်းလိုက်သည်။
ကလေးနှစ်ယောက်စလုံး လှည့်ကြည့်လာခဲ့သည်။
ကျိုးစစ်မူ၏ မျက်နှာလေးက အံ့သြမှုအပြည့်နှင့်ပင်။ "သော်သော်၊ ငါ ငါ့အမေကို ရှာတွေ့ပြီ"
သော်သော် လို့ခေါ်တဲ့ မိန်းကလေးက ကျန်းရှောင်ကို ရှက်ရွံ့စွာ ကြည့်နေသည်။ "ကျိုးစစ်မူ၊ ဂုဏ်ယူပါတယ်နော် "
ကျန်းရှောင် - "..."