← Chapters

အခန်း (၆၉)

Vol. 6 Ch. 69

အခန်း (၆၉)

Vol. 6 Ch. 69

"အရမ်းကြီး စိတ်မပူပါနဲ့" လို့ ကျိုးရှို့လင်း ပြောလိုက်သည်။

ကျန်းရှောင် သက်ပြင်းချလိုက်မိသည်။ "စကားမစပ် ကျွန်မတို့ မိဘတွေ ယန်ယန်နဲ့ စုန့်ယိဝမ် အကြောင်း တစ်ခုခုပြောခဲ့သေးလား"

ကျိုးရှို့လင်း တိုက်ရိုက်ပြောလိုက်သည်။ "သူတို့က သူတို့အပေါ် ယုံကြည်မှု သိပ်မရှိဘူး။ အထူးသဖြင့် မကြာသေးခင်က နှစ်တွေမှာ ယန်ယန်ရဲ့ အနုပညာအလုပ်က အများကြီး မတိုးတက်သေးတာကြောင့် သူမ အနုပညာလောကထဲ ဝင်လာတာက အရမ်းစိတ်ဝင်တစားလို့ပဲလို့ သူတို့ထင်ထားခဲ့ကြတာ။ သူမ နှုတ်ထွက်လိမ့်မယ်လို့ အမေကတော့ မျှော်လင့်နေတယ်"

ကျန်းရှောင် သဘောပေါက်သည်။ “အနုပညာနယ်ပယ်မှာက စုံစမ်းမှုတွေ ပြည့်နှက်နေတာ။ အမေက စုန့်ယိဝမ်ကို စိတ်ပူနေတာ”

မိခင်တွေ အားလုံးက အတူတူပင်။ သားသမီးတွေ နည်းနည်းလေးပဲဖြစ်ဖြစ် ဒုက္ခရောက်နေတာလေးကိုတောင် သူတို့နည်းနည်းမှ မကြည့်ရက်နိုင်ကြဘူး။ ပဲပင်ပေါက်လေးကြောင့် သူမ ထိုခံစားချက်ကို ပိုလို့တောင် နားလည်သည်။

ကျိုးရှို့လင်းက သူမကို သူ့ရင်ခွင်ထဲ ထည့်ထားရင်း "ဘာတွေ တွေးနေတာလဲ" လို့ မေးလိုက်သည်။

ကျန်းရှောင် ခေတ္တရပ်တန့်လိုက်သည်။ "ယန်ယန် ပျော်ရွှင်မှု ရှာတွေ့မယ်လို့ မျှော်လင့်တယ်" ရိုးရိုးသားသားပြောရရင် ဒီ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ယန်ယန် အတွက် မလွယ်ကူခဲ့ပေ။ ချန်ထားခဲ့သော လေးနက်သော ခံစားချက်ဖြစ်နိုင်သည်။

ချင်းဟန်ကြောင့် သူမနှလုံးသားထဲတွင် ကျန်ရစ်ခဲ့သော လေးနက်သည့် ခံစားချက်များက သူမကိုရှေ့ဆက်ဖို့ ခက်ခဲစေခဲ့သည်။ အချို့သော ကဏ္ဍများတွင် စုန့်ယိဝမ်က ချင်းဟန်နဲ့တူသည်။ ယန်ယန်လည်း အဲ့တာကိုခံစားရမိမယ်ဆိုတာကို သူမ ခံစားနိုင်သည်။

ကျိုးရှို့လင်း သူမပုခုံးကို ပုတ်လိုက်သည်။ "မင်း သူမကို စည်းရုံးလို့ မရဘူးနော်။ သူ့ကိစ္စတွေကို သူကိုယ်တိုင် ကိုင်တွယ်လိမ့်မယ်"

ကျန်းရှောင် ပြုံးလိုက်သည်။ "ရှင်တို့ ကျိုး မိသားစုက လူတွေ အကုန်လုံးက ခေါင်းမာကြတယ် " သူမ ခဏလောက် တွေးလိုက်သည်။

"အရင်တုန်းကလေ ကျွန်မ ပဲပင်ပေါက်လေးကို မလိုချင်ဘူးလို့ ပြောတုန်းက ခွဲစိတ်ရမယ့်နေ့မှာ အကယ်၍ ကျွန်မရဲ့စိတ်ကို မပြောင်းခဲ့ဘူးဆိုရင် ရှင်တကယ်ပဲကျွန်မကို အဲ့လိုလုပ်ခွင့်ပေးမှာလား"

ကျိုးရှို့လင်း သူမမျက်လုံးတွေကို ကြည့်ပြီး အခိုင်အမာပြောလိုက်သည်။ "ဟင့်အင်း၊ ကိုယ် အဲ့လိုလုပ်ခွင့်ပြုမှာမဟုတ်ဘူး"

ကျန်းရှောင် မျက်ခုံးပင့်လိုက်သည်။ "ကျိုးရှို့လင်း၊ ရှင် ဘယ်တုန်းက စပြီး ကျွန်မကို ကြိုက်သွားတာလဲ"

ကျိုးရှို့လင်း တခစ်ခစ်ရယ်လိုက်သည်။ "မင်းရဲ့လျှို့ဝှက်ချက်လေးကို ကိုယ့်ကို အရင်ပြောပြ "

ကျန်းရှောင်က နှုတ်ခမ်း စူလိုက်ပြီး သူ့နှုတ်ခမ်းထောင့်ကို နမ်းဖို့ ခြေဖျားထောက်လိုက်သည်။ "နောက်မှ ရှင့်ကို ဖြည်းဖြည်းချင်း ပြောပြမယ်"

......

အဆုံးသို့ ရောက်သောအခါ ကျန်းရှောင် မောပန်းနွမ်းနယ်သွားသည်။ သူမ အားနည်းလာပြီး ဤအမူအရာကို ကျင့်သားရလာကာ သူ့ကို ကိုင်ထားခဲ့သည်။

" ယောကျ်ား၊ ကျွန်မကို နောက်ထပ် တစ်နှစ်လောက် အချိန်ပေး။ အရည်အချင်းရှိတဲ့ အေးဂျင့်အဖြစ်ကနေ နုတ်ထွက်ပြီး အလုပ် ၉ခု ၅ခုလောက် ရှာမယ်။ ရှင့်အချိန်ရရင် ကျွန်မတို့ အပြင်ထွက်ကစားဖို့ ပဲပင်ပေါက်လေးကို ခေါ်သွားလို့ရတာပေါ့ "

ကျိုးရှို့လင်း ခဏလောက် မှင်သက်သွားသော်လည်း သူမဆံပင်တွေကို ညင်သာစွာ ညှိပေးလိုက်သည်။ "အိုခေ "

ကျန်းရှောင်က သူမကိုင်တွယ်နေသော အခြားအရည်အချင်းရှိတဲ့သူ နှစ်ယောက်အတွက် လမ်းကြောင်းများကို တစ်နှစ်ကြာ စီစဉ်ခဲ့သည်။

ထို့နောက် သူမသည် ၎င်းတို့ကို အခြားသူတစ်ဦးဆီ လွှဲပြောင်းပေးနိုင်ပြီး နောက်ဆုံးတွင် လက်လွှတ်လိုက်နိုင်သည်။ အဲ့ဒီအချိန်ကစပြီး သူမ အနုပညာလောကထဲကို ဘယ်တော့မှ ခြေမချတော့ဘူး။

မျက်စိတစ်မှိတ်အတွင်းမှာပဲ ပိတ်ရက်ရောက်လာခဲ့ပြီပင်။

ပဲပင်ပေါက်လေးက သူ့အမေနဲ့ စီးပွားရေးခရီးကို ပထမဆုံးအကြိမ် သွားခဲ့ပြီး သူ အရမ်းစိတ်လှုပ်ရှားနေခဲ့သည်။ ကားပေါ်မှာထိုင်ပြီး စူးစမ်းချင်စိတ်နဲ့ ကမ္ဘာကြီးကို လှမ်းကြည့်လိုက်သည်။

တခါတရံ သူက "မေမေ၊ သားတို့ရောက်ဖို့ အချိန် ဘယ်လောက်ကြာမလဲ" ဟု မေးတတ်သည်။

သူတို့ ရုပ်ရှင်နှင့် ရုပ်မြင်သံကြားမြို့ကို နောက်ဆုံးရောက်ရှိလာတော့ ထိုကလေး၏ အံ့အားသင့်နေသော အမူအရာက လူအများ၏ နှလုံးသားကို အရည်ပျော်စေခဲ့သည်။ "ဝိုး၊ မေမေ၊ ဒီနေရာက အရမ်း..."

"အရမ်း ဘာဖြစ်တာလဲ" သုံးနှစ်သားလေးက သူ့စကားတွေတစ်စို့နေခဲ့သည်။

ကျန်းရှောင် သူ့ကို ကူညီပေးခဲ့သည်။ "အရမ်းကို ခမ်းနားတယ်"

ပဲပင်ပေါက်ကလေးက စိတ်အားထက်သန်စွာ ခေါင်းညိတ်ပြခဲ့သည်။ "မေမေ၊ ဟိုတုန်းက လူတွေက ဒီလိုအိမ်မျိုးမှာ နေခဲ့တာလား။ သူတို့ နေတဲ့အိမ်တွေက သားတို့နဲ့ ဘာလို့မတူတာလဲ"

ကျန်းရှောင်က သူ့ကို စိတ်ရှည်ရှည်နဲ့ ရှင်းပြလိုက်သည်။

ပဲပင်ပေါက်လေးက လုံးလုံးလျားလျား နားလည်းသွားတာ မဟုတ်သော်လည်း နည်းနည်းတော့ နားလည်ပုံရသည်။ မည်သို့ပင်ဆိုစေကာမူ ဤနေရာရှိ အရာအားလုံးက သူ့အတွက် ဆန်းသစ်ပြီး စိတ်ဝင်စားစရာ ဖြစ်သည်။

နေ့လည်ပိုင်းတွင် ကျန်းရှောင်က ပရိုဂရမ် ဒါရိုက်တာနှင့် တွေ့ဆုံခဲ့သည်။ ပဲပင်ပေါက်လေးကို သူမနဲ့အတူခေါ်လာခဲ့သည်။ ဒါရိုက်တာရဲ့ လက်ထောက်က သူမကို လက်ခံခဲ့သည်။

"ကျန်းကျဲ၊ ဒီနတ်သားလေးကို ဘယ်က တွေ့လာတာလဲ၊ မင်္ဂလာပါ ပေါက်စီလေး!"

"မင်္ဂလာပါ မမ။ သားနာမည်က ပဲပင်ပေါက်လေးပါ၊ အသက်က သုံးနှစ်"

"ဟားဟား၊ ကျန်းကျဲ၊ ဒါက အစ်မ အခုလေးတင် လက်မှတ်ထိုးထားတဲ့ ကလေးအနုပညာရှင်လား"

ကျန်းရှောင်က သူဟာ ဆွေမျိုးတစ်ယောက်ရဲ့ ကလေးဖြစ်ကြောင်း အတိုချုံးရှင်းပြခဲ့ပြီး ရုပ်ရှင်နှင့် ရုပ်မြင်သံကြားမြို့ဆီ အလည်အပတ် သွားချင်တာကြောင့် သူမနဲ့ နှစ်ရက်ကြာ ခေါ်လာတယ်ဆိုတာကိုပြောပြခဲ့သည်။

ပဲပင်ပေါက်လေးက ဉာဏ်ကောင်းသည်။ သူသည် သူ့မိဘများဆီမှ ညွှန်ကြားချက်အားလုံးကို မှတ်မိပြီး အပြင်လူများရှေ့တွင် ကျန်းရှောင်ကို ရှောင်ရှောင် ဟုသာ ခေါ်သည်။

ဒီနေ့တော့ ကောင်လေးက ကာကီရောင် ပေါ့ပေါ့ပါးပါးလေကာအင်္ကျီကို ၀တ်ထားပြီး ရုပ်ရှင်မြို့တော်ကို သွားရာလမ်းမှာ ကျန်းရှောင်က လေဒဏ်ကိုကာကွယ်ဖို့ သူ့လည်ပင်းမှာ မာဖလာ ပါးပါးလေး ပတ်ပေးထားသည်။ သူက တကယ်ကို ချစ်စရာကောင်းတဲ့ပုံပေါက်သည်။

ကျန်းရှောင် မေးလိုက်သည်။ "ဒါရိုက်တာ ဟွမ်က ဒီဇာတ်လမ်းတွဲအတွက် ဘယ်ဧည့်သည်တွေကို ဖိတ်ကြားထားလဲ"

လက်ထောက်က ပြန်ဖြေလိုက်သည်။ "အဲ့ဒါက ရှလန်နဲ့ ဆရာမ လျန့်ယွဲ့ ကိုပါ"

ကျန်းရှောင် အံ့အားသင့်သွားသည်။ "ဆရာမလျန့် လည်း အစီအစဉ်မှာ ပါတာလား"

လက်ထောက်က အနည်းငယ် အားကိုးရာမဲ့သွားပုံရသည်။ "ပထမအပိုင်းမှာ လုံလောက်တဲ့ ကြည့်ရှု့သူမရှိလို့ ဆရာမ လျန့်က ဒါရိုက်တာနဲ့ ခင်မင်ရင်းနှီးမှုရှိတာကြောင့် ဒါရိုက်တာက သူမကို ဖိတ်ကြားခဲ့တာ"

ကျန်းရှောင် စပ်စုလိုက်သည်။ "ရှလန် ကလည်း ဘာလို့ လာတာလဲ" ရှလန်နဲ့ ချန်းရင်တို့က ယခုအချိန်တွင် တူညီသော အဆင့်တွင် ရှိနေပြီဖြစ်ပြီး ခိုင်မာသောစွမ်းရည်များနှင့် ထိပ်တန်းအရင်းအမြစ်များရှိသည့် နယ်ပယ်တွင်ကြယ်ပွင့်ကြီးများဖြစ်သည်။ သူမက ရသစုံရှိုးတွေမှာ ပါဝင်တာ ရှားပါးလှသည်။

"အနုပညာနယ်ပယ်မှာ ဒီဇာတ်လမ်းတွဲနဲ့ ပုံစံတူတဲ့ မျက်နှာတွေအတွက် ခေါင်းစဉ်တစ်ခုရှိတယ်"

ကျန်းရှောင် ညင်သာစွာ ပြုံးလိုက်သည်။ "ဒါရိုက်တာ ကျန်းနဲ့ အရင် စကားသွားပြောလိုက်ဦးမယ်။ ကျေးဇူးပြုပြီး ငါ့အတွက် ဒီကောင်လေးကို ကြည့်ပေးထားလို့ရမလား"

"ရတာပေါ့။ စိတ်မပူပါနဲ့။"

နောက်ဘက်မှာ လူသိပ်မရှိဘူး၊ ဒီမိတ်ကပ်အခန်းက ရှိုးပွဲကို မှတ်တမ်းတင်ဖို့ ရောက်လာတဲ့ ကြယ်ပွင့်ကြီးတွေအတွက်ပါ သာမာန်လူတွေ ဝင်လို့မရဘူး။

ကျန်းရှောင် တိတ်တိတ်လေး သတိထပ်ပေးခဲ့သည်။ "မေမေ ဒါရိုက်တာနဲ့ စကားသွားပြောလိုက်ဦးမယ်နော်၊ ​​မကြာခင် ပြန်လာခဲ့မယ်။ တစ်ယောက်တည်း လျှောက်မသွားနဲ့။ တစ်ခုခုလိုချင်ရင် လက်ထောက်ကို ပြော "

ပဲပင်ပေါက်လေးက သူ့ခြေထောက်တိုတိုလေး တွေကို တလှုပ်လှုပ်နဲ့ ပြောခဲ့သည်။ "သိပါတယ်။ ရှောင်ရှောင် လုပ်စရာရှိတာသာလုပ်။ သားစောင့်နေမယ်"

"လိမ္မာလိုက်တဲ့ ကောင်ကလေး။ မင်းကို ဒီည အရသာရှိတဲ့ဟာ တစ်ခုခုစားဖို့ ခေါ်သွားမယ် မနက်ဖြန်ကျရင် ရှေးဟောင်းအိမ်တွေကို သွားကြည့်ကြမယ်နော် "

ပဲပင်ပေါက်လေးက သူ့လက်လေးနဲ့အုပ်ပြီး ပျော်ရွှင်စွာ ရယ်မောလိုက်သည်။

ကျန်းရှောင် ထွက်သွားပြီးသည်နှင့် သူသည် ဆိုဖာပေါ်တွင် ငြိမ်သက်စွာထိုင်ကာ သူ့ကားအရုပ်နဲ့ ခဏတာကစားခဲ့သည်။ ထို့နောက် သူသည် မိတ်ကပ်ခန်းကို စပ်စုပြီး စူးစူးစိုက်စိုက်ကြည့်ကာ မျက်လုံးတွေက ဝိုင်းစက်နေသည်။ သူသည် ပတ်ဝန်းကျင်ကို ရင်းနှီးလာသောအခါတွင် လမ်းလျှောက်ခဲ့သည်။

ထိုအချိန်တွင် မိန်းကလေးငယ်တစ်ဦးက ပြေးဝင်လာပြီး လက်တစ်ဖက်က ကော်ဖီကို ကိုင်ထားကာ အခြားတစ်ဖက်က အိတ်ကြီးတစ်လုံးကို ကိုင်ထားသည်။

သူမ ကမန်းကတန်း ဝင်လာပြီး ပဲပင်ပေါက်လေးကို ဝင်တိုးမိလုနီးပါး ဖြစ်သွားသည်။

အိတ်ထဲက ပစ္စည်းတချို့ ပြုတ်ကျသွားတော့

သူမက ကော်ဖီကို စားပွဲပေါ် အမြန်တင်လိုက်သည်။

"အစ်မ သားကူကောက်ပေးပါရစေ.. "

ကောင်မလေးက ပဲပင်ပေါက်လေးကို တစ်ချက်ကြည့်လိုက်သည်။ "အိုး၊ ဒီကလေးက ဘယ်ကရောက်လာတာလဲ"

"သားက ဒီကို ခရီးထွက်လာတာပါ" ဟု ပဲပင်ပေါက်လေးက ပြန်ဖြေခဲ့သည်။

ကောင်မလေးက ပြောလိုက်သည်။ "အော်"

ပဲပင်ပေါက်လေးက ဘူးတစ်ဘူးကို စိတ်အားထက်သန်စွာ ကောက်ယူလိုက်သော်လည်း သူက သေးလွန်းသောကြောင့် စားပွဲပေါ်တင်ရန် ခြေဖျားထောက်လိုက်ရသည်။ မတော်တဆ ကော်ဖီကို တိုက်မိသွားပြီး ကော်ဖီတွေက ဖိနပ်တစ်ရံပေါ်စီးကျသွားခဲ့သည်။

ကောင်မလေးက အကျယ်ကြီးအော်လိုက်သည်။ "အို ဘုရားသခင်!" သူမ ဖိနပ်ကို အလျင်အမြန် ကောက်ခဲ့ပေမယ့် အရမ်းနောက်ကျသွားပြီ။ အဖြူရောင်သားရေဖိနပ်က ကော်ဖီတွေ စွန်းသွားပြီး ခဏချင်းမှာပဲ ပျက်စီးသွားသည်။

ကောင်မလေးက ဖိနပ်ကို ကြည့်ပြီး လက်ချောင်းတွေကိုကျစ်ကျစ်ပါအောင် ဆုပ်ထားရင်း မျက်ရည်တွေကျနေပြီ။ သူမ ဒီဖိနပ်တစ်ရံအတွက် တစ်နှစ်ခွဲလောက် လစာနဲ့တောင် မလျော်ပေးနိုင်ဘူး။

ပဲပင်ပေါက်လေးက သူအမှားတစ်ခုခုလုပ်မိသွားသည်ကို သိပြီး တုန်လှုပ်ချောက်ချားစွာ ရပ်နေကာ သူ့နဖူးက တွန့်သွားခဲ့သည်။

ထိုအချိန်တွင် စတူဒီယိုရှိ ပရိုဂရမ်က အသံသွင်းလို့ ပြီးသွားခဲ့ပြီး လျန့်ယွဲ့နဲ့ ရှလန်တို့သည် ယင်းနောက်ဘက်မှ မိတ်ကပ်ခန်းကို ရောက်လာကြသည်။ သူတို့ ဝင်လိုက်သည်နှင့် မြင်ကွင်းကို တွေ့လိုက်ရသည်။

ချောမောတဲ့ ကောင်လေးတစ်ယောက်က ဝမ်းနည်းသည့်အမူအရာဖြင့် ထိုနေရာတွင် ရပ်နေသည်။

လျန့်ယွဲ့က လက်ထောက်ရဲ့လက်ထဲက ဖိနပ်ကို သတိထားမိသွားပြီး မေးလိုက်သည်။ "ဘာဖြစ်တာလဲ" ဒီဖိနပ်တွေက ရှု့ရန် အတွက် ပြင်သစ်မှ အထူးဝယ်ယူလာခဲ့တဲ့ လက်ဆောင်ဖြစ်သည်။

သူမသည် ၎င်းတို့ကို တန်ဖိုးထားမြတ်နိုးပြီး မကြာခဏဝတ်ဆင်ရန် ဝန်လေးသောကြောင့် မနှစ်က ဆုရရှိတော့ သူမ တစ်ကြိမ်သာ ဝတ်ခဲ့သည်။

" ဆရာမ လျန့်၊ တောင်းပန်ပါတယ် ကျွန်မအပြစ်ပါ။ ဒီကလေးက ကော်ဖီကို မတော်တဆတိုက်မိသွားလို့ "

လျန့်ယွဲ့က ပဲပင်ပေါက်လေးကို ကြည့်လိုက်သည်ယူ "ဒါဘယ်သူ့ကလေးလဲ။ ကလေးကို မိတ်ကပ်ခန်းထဲကို ဘာလို့ ဝင်ခွင့်ပေးထားတာလဲ။”

သူမသည် လိုအပ်ချက်အားလုံးကို အမြဲတမ်း တင်းကြပ်ထားသောကြောင့် သူမအမူအရာက အေးစက်သွားသည်။

ဂျူနီယာတစ်ယောက်အနေဖြင့် ရှလန်က ယခုအချိန်တွင် စကားမပြောခဲ့ပေ။ သူမ ပဲပင်ပေါက်လေးကို ကြည့်လိုက်ပြီးတော့ ပြုံးတဲ့ အရိပ်အမြွက်ပြလိုက်သည်။ "ဒါက ဒရာမာအဖွဲ့ထဲက ကလေးလား"

ပဲပင်ပေါက်လေးက သူ့နှုတ်ခမ်းကို ကိုက်လိုက်သည်။ "တောင်းပန်ပါတယ် အဲဒါ သားရဲ့အမှားပါ" သူ့အမေက သူ အမှားလုပ်မိတဲ့အခါ ဝန်ခံဖို့ အစပြုသင့်တယ်၊ အဲဒါက ကလေးကောင်းတွေ လုပ်သင့်တဲ့အလုပ်ဆိုပြီး သူ့ကိုသင်ပေးထားသည်။

လျန့်ယွဲ့က သူမအမူအရာကို ထိန်းထားပြီး လက်ခါပြလိုက်သည်။ "ဒီကလေးကို ခေါ်သွားမယ့်လူကို ရှာလိုက်"

ပဲပင်ပေါက်လေးရဲ့ မျက်လုံးတွေ နီရဲလာပြီး မျက်ရည်တွေကို ထိန်းထားခဲ့သည်။

ကျန်းရှောင်က လက်ထောက်ဒါရိုက်တာနှင့် စကားစမြည်ပြောနေစဉ် လက်ထောက်က အမြန်ဝင်လာခဲ့သည်။

"ကောင်လေးက ဆရာမလျန့်ရဲ့ ဖိနပ်ကို ပျက်ဆီးအောင်လုပ်မိသွားပြီ " ဒီအဖြစ်အပျက်က သူမ တစ်စုံတစ်ခုယူရန် သွားစဉ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး နှစ်ဖက်စလုံးကို ဒုက္ခရောက်စေခဲ့သည်။

All Chapters