အခန်း (၇၁)
Vol. 6 Ch. 71
ကျိုးယွီထုန်က ကျိုးရှို့လင်းကို သတိရှိရှိ သတိပြုမိခဲ့သည်။ တိကျတဲ့ အကြောင်းပြချက်ကို မသိရသေးပေမယ့် သူ့ရဲ့ အချစ်ရေးကို ဘယ်တုန်းကမှ မတွေ့ဖူးကြောင်း သူမ ကြားဖူးသည်။ သူမ မတ်တပ်ထရပ်ပြီး ဝိုင်ပုလင်းယူကာ ပြောလိုက်သည်။
"ဥက္ကဌ ကျိုး၊ ကျွန်မ ဖန်ခွက်ထဲ ပြန်ဖြည့်ပေးပါရစေ" သူမ အနီးသို့ ချဉ်းကပ်လာသည်နှင့်အမျှ သူမ၏ ခန္ဓာကိုယ်သည် တဖြည်းဖြည်း ကိုင်းလာပြီး ဝိုင်လောင်းထည့်လိုက်သောအခါတွင် သူမ၏ ရှည်လျားသော ဆံပင်တွေက သူ့ပခုံးကို ပွတ်တိုက်မိသွားသည်။
ကျိုးရှို့လင်း မျက်မှောင်ကြုတ်လိုက်သည်။ "မစ္စ ကျိုး၊ ထည့်ပေးဖို့ မလိုပါဘူး" အစတုန်းကတော့ ယဉ်ကျေးပေမယ့် သူ့လေသံက ပိုအေးစက်လာသည်။
နူးညံ့သောအပြုံးဖြင့် ကျိုးယွီထုန် လက်က အနည်းငယ်လှုပ်သွားကာ ဝိုင်တွေဖိတ်ပြီး ကျိုးရှို့လင်း အင်္ကျီပေါ် စင်သွားခဲ့သည်။
"ဥက္ကဌ ကျိုး..." ကျိုးယွီထုန်က သူ့ကို စိုးရိမ်ပြီး တောင်းပန်တဲ့ အမူအရာနဲ့ ကြည့်လိုက်တာက သနားစရာကောင်းပြီး ချစ်စရာကောင်းတဲ့ပုံ ပေါက်စေသည်။
ကျိုးရှို့လင်း မတ်တပ်ထရပ်လိုက်ပြီး အလင်းရောင်နဲ့ အရိပ်အောက်မှာ အေးစက်တဲ့ အရိပ်အမြွက်ပြနေတဲ့ သူ့ရဲ့ချောမောတဲ့ မျက်နှာကိုပေါ်လွင်စေခဲ့သည်။ "ကျွန်တော် သန့်စင်ခန်း သွားလိုက်ဦးမယ်"
ဝေယန်က သူ့ဘေးနားရှိ လှပတဲ့ အမျိုးသမီး၏ ခါးပေါ်သို့ သူ့လက်ကို တင်လိုက်သော်လည်း ကျိုးယွီထုန်ကို ကြည့်လိုက်သည်။ "ယွီထုန်၊ သိပ်အလျင်လိုမနေနဲ့ "
လူတိုင်း ရယ်မောသွားခဲ့ကြသည်။
ကျိုးယွီထုန်ရဲ့ပုံစံက အပြစ်ကင်းစင်ပုံ ပေါက်နေသည်။ "ဥက္ကဌ ကျိုး စိတ်ဆိုးသွားတာတော့ မဟုတ်ဘူးမလား"
"ဒါက အဝတ်တစ်ထည်ပါပဲ"
ကျိုးယွီထုန် မတ်တပ်ထရပ်လိုက်သည်။ "ကျွန်မ ကြည့်ကြည့်ပါရစေ"
ကျိုးရှို့လင်းက သူ့အဝတ်အစားတွေကို ကြည့်လိုက်တော့ ဘောင်းဘီနဲ့ ရှပ်အင်္ကျီက အနည်းငယ် စိုသွားသည်။ သူ အခန်းထဲမှ ထွက်လာပြီး စင်္ကြံမှာ အသက်ပြင်းပြင်း ရှူလိုက်သည်။
ကျိုးယွီထုန်က ကျိုးရှို့လင်းရဲ့ တည်နေရာအတွက် ဝန်ထမ်းတစ်ယောက်ကို မေးပြီး သူမရဲ့ဒေါက်ဖိနပ်တွေနဲ့ ပေါ့ပါးတဲ့ ခြေလှမ်း လှမ်းခဲ့သည်။ "ဥက္ကဌ ကျိုး၊စောစောက ဖြစ်ပျက်ခဲ့တာအတွက် တောင်းပန်ပါတယ်"
ကျိုးရှို့လင်းက သူ့ခေါင်းကို ဖြည်းညှင်းစွာ လှည့်လိုက်ပြီး အေးစက်စက်နဲ့ အဝေးကို ကြည့်နေသည်။ "မစ္စ ကျိုး၊ ခင်များ တခြားနေရာကို အာရုံစိုက်သင့်တယ်"
ကျိုးယွီထုန်က သူ့ကို ဒီလောက်ထိ တိုက်ရိုက်ပြောလိမ့်လာမယ်လို့ မမျှော်လင့်ထားဘဲ သူမ ပါးစပ်တွေ လှုပ်ယမ်းသွားသည်။ "ဥက္ကဌ ကျိုး၊ ရှင် တစ်ခုခုကို အထင်လွဲသွားတာဖြစ်မယ်"
ကျိုးရှို့လင်းက အေးဆေးစွာ ပြောလိုက်သည်။ "ဒီနည်းဗျူဟာက ဒါရိုက်တာဝေအတွက်တော့ အလုပ်ဖြစ်နိုင်တယ်"
ကျိုးယွီထုန်က သူမ ခန္ဓာကိုယ်ကို ရွှေ့လိုက်ပြီး သူ့ကို ပြုံးပြလိုက်သည်။ တခြားသူတွေဆီမှာတော့ သူတို့နှစ်ဦးဟာ တစ်ယောက်နဲ့တစ်ယောက် တီးတိုးပြောနေတဲ့ စုံတွဲလေးလိုဖြစ်နေသည်။
"ဥက္ကဌ ကျိုး၊ ကျွန်မ ဒါရိုက်တာ ဝေနဲ့ လောင်းကြေးထပ်ထားတာ။ ကျွန်မ ရှင်နဲ့ အတူတွဲနိုင်ရင် သူ့ရဲ့နောက်ထပ်ရုပ်ရှင်မှာ ခေါင်းဆောင် မင်းသမီးအဖြစ် သရုပ်ဆောင်ခွင့် ပေးလိမ့်မယ်။ ကျွန်မရဲ့ ခေါင်းဆောင်မင်းသမီးဖြစ်ဖို့ အခွင့်အရေးက မြောင်းထဲရောက်သွားပုံပဲ "
ကျိုးရှို့လင်းက သူ့မျက်နှာမှာ ဘာအမူအရာမှ မပြခဲ့ပေ။ သူက အမျိုးသမီးတွေအပေါ်မှာ အမြဲတမ်း ယဉ်ကျေးတယ် ဒါပေမယ့် လိမ်လည်လှည့်ဖြားတတ်တဲ့မိန်းမတွေနဲ့ ရင်ဆိုင်ရရင်တော့ ကွဲပြားသည်။
...........
သူ စုဝေးပွဲမှ စောစောထွက်ပြီး အိမ်ပြန်ရောက်သောအခါ ပဲပင်ပေါက်လေးဆီမှ ဗီဒီယိုခေါ်ဆိုမှုကို လက်ခံရရှိခဲ့သည်။
သားဖြစ်သူက ဖုန်းကိုကိုင်လိုက်ပြီး မျက်နှာကြီးကြီးနဲ့ စခရင်ကို ဖြည့်လိုက်သည်။ "ဖေဖေ-"
ကျိုးရှို့လင်း မေးလိုက်သည်။ "မေမေကော ဘယ်မှာလဲ"
ကျိုးစစ်မူ ပြန်ဖြေလိုက်သည်။ "မေမေ ရေချိုးနေတယ်"
ကျိုးရှို့လင်း စုံစမ်းမေးမြန်းလိုက်သည်။ "သား ဒီနေ့ဘာလုပ်ခဲ့လဲ"
ကျိုးစစ်မူက သူစားဖို့တွက် ကျန်းရှောင် ယူလာတဲ့ သရေစာတွေကို အာရုံစိုက်ပြီး အရာအားလုံးကို ပြန်ပြောပြခဲ့သည်။ အရသာရှိလိုက်တာဆိုပြီး သုံးကြိမ်တိုင်တိုင် အလေးပေး ပြောဆိုခဲ့သည်။ ပြီးတော့ သူ ထပ်ပေါင်းပြောခဲ့သည်။ “ဖေဖေ၊ နောက်တစ်ခါကျရင် ဖေဖေလည်းသားတို့နဲ့တူတူ လာကစားသင့်တယ်”
ကျိုးရှို့လင်းက သူ့သားက သူ့ကို မမေ့ဘူးဘဲလို့ တွေးပြီး ခေါင်းညိတ်လိုက်သည်။ မမျှော်လင့်ဘဲ ကျိုးစစ်မူက ထပ်ပေါင်းပြောခဲ့သည်။ "ဖေဖေလာရင် သား ဒီမုန့်တွေ ထပ်စားလို့ရတယ်"
ကျိုးရှို့လင်း သူ့နဖူးကို ပွတ်လိုက်သည်။ "မေမေ အလုပ်လုပ်နေတဲ့အချိန် သူ့စကားကို နားထောင်နော် ဟုတ်ပြီလား "
ကျိုးစစ်မူ ပြန်ပြောလိုက်သည်။ "သားက လိမ္မာတဲ့ကလေးပါ " ဒါပေမယ့် ဒီနေ့ ဖိနပ်ကိစ္စ အဖြစ်အပျက်ကို သတိရသွားပြီး မှားသွားတယ်လို့ ခံစားလိုက်ရသည်။
ကျိုးရှို့လင်းသည် သူ့သား၏ စိတ်ခံစားချက်များကို မြင်နိုင်ပြီး နှစ်သိမ့်ပေးရန် ကြိုးစားခဲ့သည်။ ကျိုးစစ်မူက အဖြစ်အပျက်နှင့် ပတ်သက်သော အရာအားလုံးကို ဖိတ်ခေါ်လိုက်သည်။
ကျိုးစစ်မူ နှာရှုပ်လိုက်သည်။ "ဖေဖေ၊ ဖိနပ်တွေက ဈေးကြီးတဲ့ပုံပဲ၊ မေမေ့မှာ ပိုက်ဆံအများကြီးမရှိဘူး"
ကျိုးရှို့လင်း မျက်ခုံးပင့်လိုက်သည်။ "ဒါဆို ဖေဖေတို့ ဘာလုပ်သင့်လဲ"
ကျိုးစစ်မူ ပြောလိုက်သည်။ "ဖေဖေ၊ ဖေဖေ ပိုက်ဆံပေးလို့ရမလား။ မေမေက အရမ်းဆင်းရဲတယ်"
တစ်ခါတစ်ရံ ကျိုးရှို့လင်းက ကျိုးစစ်မူ စကားကို ဘယ်လိုတုံ့ပြန်ရမှန်း မသိခဲ့ပေ။ သားဖြစ်သူက သူမကို ဆင်းရဲတယ်လို့ ခံစားမိအောင် သူ့ဇနီးက ဘာများလုပ်ခဲ့လဲလို့ သူ တွေးမိသည်။
ကျန်းရှောင် ရေချိုးပြီးသွားသည်နှင့် သူမ ကုတင်ဆီ လျှောက်လာရင်း ဆံပင်ကို အခြောက်ခံလိုက်သည်။ "မူမူ နွားနို့ အဆင်သင့်ဖြစ်ပြီ"
ကျိုးစစ်မူက ကင်မရာကို ကြည့်ပြီး စကားပြောခဲ့သည်။ "ဖေဖေ၊ သားအခု နွားနို့သွားသောက်တော့မယ်"
ကျန်းရှောင် ဖုန်းကိုယူလိုက်သည်။ "မစ္စတာ ကျိုး၊ ရှင်အိမ်ပြန်ရောက်တာ အရမ်းစောနေတယ်နော်။ တခြားဘာပွဲမှ မရှိဘူးလား"
ကျိုးရှို့လင်း မျက်ခုံးပင့်လိုက်သည်။ "တစ်ယောက်ယောက်က ကိုယ့်ကို ဖိတ်လာပေမယ့် ကိုယ် မသွားဘူး"
ကျန်းရှောင် တခစ်ခစ်ရယ်လိုက်သည်။
ကျိုးရှို့လင်း မေးလိုက်သည်။ "ဖိနပ်က ဘာဖြစ်တာလဲ"
ကျန်းရှောင်ရဲ့ အပြုံးက အနည်းငယ် မှိန်ဖျော့သွားသည်။ "အဲ့တာက မတော်တဆမှုတစ်ခုပါ။ မစ္စစ် လျန်း က လျော်ကြေးပေးဖို့ မလိုဘူးပြောတယ် ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မကတော့ သူမဆီ ပိုက်ဆံ လွှဲပေးလိုက်တာက ပိုကောင်းမယ်လို့ ထင်တယ်"
သူမရဲ့အမူအရာက ကွက်ကွက်ကွင်းကွင်းဖြစ်ပြီး ကျိုးရှို့လင်းက သူမရဲ့ခံစားချက်တွေကို နားလည်သည်။ သူက ခဏရပ်တန့်ပြီး ပြောလိုက်သည်။ "ဘာဖိနပ်လဲ၊ တစ်ယောက်ယောက်ကို မင်းအတွက် တစ်ရံဝယ်ခိုင်းလိုက်မယ် "
ကျန်းရှောင် ခေါင်းခါလိုက်သည်။ "ကျွန်မတို့ ဝယ်စီးတဲ့ဖိနပ်နဲ့မတူဘူး။ သူမကို ပိုက်ဆံပေးလိုက်ရုံပဲ။ ဖိနပ်က လုံးဝပျက်စီးသွားတာ။ ဘယ်လိုပဲဖြစ်ဖြစ် သူမက ကျွန်မတို့ ပိုက်ဆံကို လက်ခံမှာမဟုတ်ဘူး။ ကျွန်မရဲ့လက်ထောက်ကို သူမရဲ့စတူဒီယိုရဲ့ အကောင့်ဆီ ငွေလွှဲခိုင်းလိုက်မယ်။ ကျွန်မ သူမဆီမှာ အကြွေးမတင်ချင်ဘူး" သူမဆီမှာမှ မဟုတ်ဘူး သူမ ဘယ်သူ့ဆီမှာမှ အကြွေးမတင်တာ။
သူမ၏ ခိုင်မာသော သန္နိဋ္ဌာန်ကို မြင်သောအခါ ကျိုးရှို့လင်း ခဏလောက် စဉ်းစားနေခဲ့သည်။ "ဘာတွေက မင်းကို နှောင့်ယှက်နေလို့လဲ"
ကျန်းရှောင် သက်ပြင်းချလိုက်သည်။ "ကျွန်မ ငယ်ငယ်တုန်းက အမှားတွေ လုပ်ခဲ့ဖူးတယ် ပြီးတော့ အဲ့တုန်းက အမြဲတမ်းလည်း ကြောက်ခဲ့တယ်။ ကူကယ်ရာမဲ့တဲ့ ခံစားချက်ကို ကျွန်မ နားလည်တယ်။ ဒီနေ့ ကျွန်မ အဲဒီမှာမရှိခဲ့ဘူး၊ ပဲပင်ပေါက်လေးကို အဲဒီလို မကျေနပ်ချက်တွေကို ခံစားစေခဲ့မိတယ်။ အဲ့တာက ကျွန်မကိုနာကျင်စေတယ်"
ကျိုးရှို့လင်း မျက်ခုံးကြုတ်လိုက်သည်။ "ဖိနပ်ကိစ္စကို ကိုယ်ရှင်းလိုက်မယ်"
ကျန်းရှောင် အသက်ပြင်းပြင်းရှူလိုက်သည်။ "ဟင့်အင်း၊ ကျွန်မ ကိုယ်တိုင်ပဲ လုပ်မယ်။ ရှင် မပါရင် ပိုကောင်းတယ်"
ကျိုးရှို့လင်း ပြုံးလိုက်သည်။ "ဒါဆို မနက်ဖြန် ပြန်လာတော့ "
ကျန်းရှောင် နှာမှုတ်လိုက်သည်။ "မရပါဘူး၊ ပဲပင်ပေါက်လေးနဲ့ အတူ အချိန်ပေးချင်သေးတယ်"
သူမ ခေတ္တရပ်တန့်ပြီး ထပ်ပေါင်းပြောလိုက်သည်။ "မစ္စတာ ကျိုး၊ ရှင် ရုတ်တရက် ပြန်ပေါ်လာမှာတော့ မဟုတ်ဘူးမလား"
ကျိုးရှို့လင်းမှာ ဤတစ်ကြိမ်တွင် အမှန်တကယ် အချိန်မရှိပေ။ သူ မနက်ဖြန် တစ်မနက်လုံး အစည်းအဝေးလုပ်ရဦးမည်။ "မစ္စစ် ကျိုး၊ ဒီတစ်ခါ ကိုယ် မင်းကို စိတ်ပျက်အောင်လုပ်မိမှာ ကြောက်တယ်"
နွားနို့သောက်ပြီးသွားတဲ့ ကျိုးစစ်မူက စကားပြောလာသည် "ဘေဘီကျိုး အိပ်တော့မယ်။ မေမေ၊ ဖုန်းချလိုက်တော့။ ဖေဖေ ကောင်းသောညပါ"
ကျိုးရှို့လင်း ခေါင်းခါလိုက်သည်။ "သားတစ်ယောက်ရှိတာက မင်းရဲ့အာရုံအတွက် ငါနဲ့ပြိုင်ဖို့ပဲ"
ကျန်းရှောင် ရယ်စရာတွေ့သွားသည်။ "မစ္စတာ ကျိုး၊ ကောင်းသောညပါ။ ကျွန်မ ပြန်လာရင် ရှင်နဲ့ တူတူအိပ်မယ်နော် " သူမရဲ့စကားကြောင့် တစ်ခုခုမှားနေပြီဆိုတာ သူမ သိလိုက်ရသည်။
ကျိုးရှို့လင်း ပြုံးဖြဲဖြဲလုပ်နေသည်။ "မစ္စစ် ကျိုး၊ ဒါ မင်းပြောတာနော် "
ကျိုးစစ်မူက ပျော်ရွှင်စွာနဲ့သီဆိုခဲ့သည်။ "ဒီည မေမေနဲ့ အိပ်လို့ရပြီ။ ဖေဖေ ဒီမှာမရှိတာ တကယ်ကောင်းတယ်"
ကျိုးရှို့လင်းက အဲ့တာကို အဆင်ပြေတယ်လို့ တွေးလိုက်သည် - သူမ ပြန်လာတဲ့အခါကျရင် သူမ အကြွေးကို ဖြည်းဖြည်းချင်း ပြန်ဆပ်ရလိမ့်မယ်။ ဒါပေမယ့် ဒီတစ်ခေါက် ကျန်းရှောင် ဘာကြောင့် ဒီလောက် မရမကဖြစ်နေတာလဲ။ လျန့်ယွဲ့က ဖိနပ်တစ်ရံကို ဂရုမစိုက်တတ်ပေ။
သူ့နဖူးကို ထိဖို့ လက်ကိုမြှောက်လိုက်ပြီး သူ့စိတ်ထဲမှာ အတွေးတစ်ခု ပေါ်လာခဲ့သည်။ ဒါပေမယ့် အဲ့တာက မမှန်ဘူး၊ လျန့်ယွဲ့ ရဲ့ အသက်က မလိုက်ဖက်ဘူး။ ဆိုဖာပေါ်တွင် အချိန်အတော်ကြာ ထိုင်နေကာ တစ်စုံတစ်ရာကို တွေးတောရင်း၊ သူက ချက်ချင်းဆိုသလို သူ့ဖုန်းကို ကောက်ကိုင်ပြီး ကျန်းချင်ကို ခေါ်လိုက်သည်။
"လျန့်ယွဲ့ နဲ့ ပတ်သက်တဲ့ အချက်အလက် အားလုံးကို စစ်ဆေးပေး။ ငါ အမြန်ဆုံး လိုချင်တယ်!"
ဒါပေမယ့် နောက်နေ့မှာ ကျိုးရှို့လင်းက ဖျော်ဖြေရေးသတင်းတွေထဲ သူ့ကိုယ်သူ တွေ့ရှိရလိမ့်မယ်လို့ မမျှော်လင့်ခဲ့ပေ။
[ကျိုးရှို့လင်းရဲ့ ချစ်သူ ပေါ်ထွက်လာပြီ။ လူသစ် ကျိုးယွီထုန်နဲ့ ချစ်ကြိုက်နေကြတာ ]
ဤအနုပညာရှင်တွေက ထိတွေ့မှုမရှိဘဲ ရပ်တန့်သွားလိမ့်မည်။
ကျန်းချင်က သတင်းကို စူးစမ်းပြီး ကျိုးရှို့လင်းကို ကြည်လင်ပြတ်သားသည့် အမူအရာဖြင့် ကြည့်လိုက်သည်။ ကျိုးယွီထုန်ရဲ့ရုပ်ပုံက ဘေးတစ်ခြမ်းပုံတစ်ခုသာဖြစ်သော်လည်း ၎င်းကိုမြင်တာနဲ့ မှတ်မိနေဆဲဖြစ်သည်။
ကျန်းချင် ကျိုးရှို့လင်းကို တစ်ချက်ကြည့်လိုက်ပြီး ပြောလိုက်သည်။ "မစ္စတာ ကျိုး၊ မစ္စတာကျိုးနဲ့ မစ္စ ကျိုးတို့ စကားပြောနေတာက ဓာတ်ပုံထဲမှာ အရမ်းပျော်နေပုံရတယ်"
ကျိုးရှို့လင်းက သူ့ကို အေးစက်စက်နဲ့ကြည့်ပေးလိုက်သည်။ "PR ဌာနကို ဒါကို ဖြစ်နိုင်ရင် အမြန်ဆုံး ကိုင်တွယ်ဖို့ပြောလိုက်။ တီနာကို ပြောလိုက်၊ မျောက်တွေကိုခြောက်ဖို့ ကြက်ကိုသတ်လိုက် လို့ "
ဒီလို ပျင်းစရာကောင်းတဲ့ သတင်းတွေမှာ သူ ထပ်ပြီး မပါဝင်ချင်တော့ဘူး။
ကျန်းချင် ခေါင်းညိတ်လိုက်သည်။ "သူဌေး၊ သူဌေးရဲ့ ဆွဲဆောင်မှုက အားကောင်းနေတုန်းပဲ။ ဒါပေမယ့် သုံးနှစ်ရှိပြီ၊ သူဌေးနဲ့ သူဌေးရဲ့ ဇနီးက ဘယ်တော့မှ လူသိရှင်ကြား ထွက်ဖို့ စီစဉ်ထားကြတာလဲ "
ကျိုးရှို့လင်းက နည်းနည်းလောက် စဉ်းစားပြီး ပြောလိုက်သည်။ " ဒီနှစ် "