အခန်း (၇၂)
Vol. 6 Ch. 72
ကျန်းရှောင်က ရုပ်ရှင်နှင့် ရုပ်မြင်သံကြားမြို့တော်မှာ သုံးရက်ကြာနေထိုင်ခဲ့ပြီး လက်ရှိထုတ်လွှင့်နေသည့် အကျော်ကြားဆုံးသော ရသစုံရှိုး "Our Travel" တွင် ရှုကျားရမ်၏ ပါဝင်မှုကို အပြီးသတ်ခဲ့သည်။
ဒီကိစ္စကို သူမ ရှုကျားရမ်နဲ့ ဖုန်းနဲ့ ဆွေးနွေးခဲ့သည်။
ရှုကျားရမ်က သူမရဲ့ ဇာတ်ဝင်ခန်းတွေကို ရိုက်ကူးလို့ပြီးသွားပြီ။ "ကျန်းကျဲ ၊ 'Our Travel " က ဇူလိုင်လမှာ စမှာ မဟုတ်လား"
ကျန်းရှောင် ပြောလိုက်သည်။ "ဟုတ်တယ်၊ အဲ့တာက ၂၁ ရက် အစီအစဉ်လေ"
ရှုကျားရမ် ပြောလိုက်သည်။ "ချန်တင်း" အတွက် ရိုက်ကူးရေးကို ဇွန်လနှောင်းပိုင်းမှာ စဖို့ စီစဉ်ထားတယ်။ ကျွန်မ 'ချန်တင်း' မှာလည်း ရှိနေရင် ပဋိပက္ခဖြစ်လာမှာ မဟုတ်ဘူးလား"
ကျန်းရှောင် ခဏလောက် ချင့်ချိန် စဉ်းစားပြီး ပြန်ပြောလိုက်သည်။ " 'Our Travel" ရဲ့ ထိတွေ့မှုက စိတ်ကူးယဥ်လို့မရနိုင်ဘူး၊ အဲဒါက မင်းကို အရမ်းနာမည်ကြီးလာစေလိမ့်မယ်"
ရှုကျားရမ် တုံ့ဆိုင်းနေသော်လည်း သူမက ပြတ်ပြတ်သားသား ဆုံးဖြတ်ချက်ချနိုင်သူပင်။ "ကျန်းကျဲ 'ချန်တင်း' က နှစ်ပတ်အတွင်း audition တွေလုပ်မှာ။ ကျွန်မကို အချိန်နည်းနည်းလောက် ပေးပါနော် "
သူမရှေ့က စာချုပ်ကို တစ်ချက်ကြည့်ပြီး ကျန်းရှောင်ပြောလိုက်သည်။ "ကျားရမ်၊ 'Our Travel' မှာ ပါဝင်ချင်တဲ့သူက မင်းတစ်ယောက်တည်းတင် မဟုတ်ဘူးနော်။အစ်မ သိသလောက်တော့ တုထင်နဲ့ ကျန်းကျဲအာ သူတို့ရဲ့ စီမံခန့်ခွဲမှုကုမ္ပဏီတွေက ပရိုဂရမ်အဖွဲ့နဲ့ ဆွေးနွေးနေကြတယ် ” အကယ်၍ စာချုပ်မချုပ်ဆိုပါက သူမအား အချိန်မရွေး အစားထိုးနိုင်သည်။
ရှုကျားရမ် နှုတ်ခမ်းကို ကိုက်ပြီး ပြောလိုက်သည်။ "ကျန်းကျဲ ၊ 'ချန်တင်း' က ' နျန်းဟွာ' ကို ကျော်လွန်နိုင်မယ်လို့ ထင်လား"
"အဲဒါကို အစ်မ အာမမခံနိုင်ဘူး။ 'နျန်းဟွာ' က ကျောက်ရှင်းရန် ကို နာမည်ကြီးလာစေခဲ့ပေမယ့် 'ချန်တင်း' က ဘယ်လို ဖြစ်လိမ့်မယ်ဆိုတာ သေချာပေါက် ဘယ်သူမှ မပြောနိုင်ဘူး"လို့ ကျန်းရှောင် ပြန်ဖြေလိုက်သည်။
ရှုကျားရမ်က စဉ်းစားပြီး ပြောလိုက်သည်။ "ကျန်းကျဲ ၊ ကျွန်မ အဲဒါကို အချိန် နည်းနည်းကြာကြာလေး စဉ်းစားကြည့်လိုက်ဦးမယ်"
ကျန်းရှောင် ပြန်ပြောလိုက်သည်။ "အစ်မကို နှစ်ရက်အတွင်း မင်းရဲ့အဖြေကို ပေး။ ဒါပေမယ့် အစ်မရဲ့ အကြံပြုချက်ကတော့ 'Our Travel' အရင်သွားဖို့ပဲ "
ရှုကျားရမ် သူမရဲ့စကားကို နားထောင်မှာလား မထောင်ဘူးလား ဆိုတာတော့ မသိပေမယ့် လျှို့ဝှက်ထားတဲ့ အစီအစဉ်မရှိဘဲ သူမ ဒီကိစ္စကို ကိုင်တွယ်နေသည်။
ကျိုးစစ်မူက ပထမဆုံးအကြိမ်အနေဖြင့် သူ့အမေနှင့် ချိန်းတွေ့ရန် ထွက်လာသောကြောင့် သဘာဝအတိုင်း အိမ်မပြန်ခင် လက်ဆောင်အချို့ ဝယ်သွားကြသည်။
သူတို့နှစ်ယောက်သား အချိန်အတော်ကြာ ဈေးဝယ်ထွက်ကြပြီး ကျိုးစစ်မူက ပစ္စည်းအစုံလိုက် ဝယ်ခဲ့သည်။ သူ့အဘိုးအတွက် ကာတွန်းပုံစံ အနှိပ်ခံကိရိယာ၊ အဖွားအတွက် ၉.၉ ယွမ် စျေးရှိတဲ့ လက်အိတ်တစ်စုံ၊ သူ့အန်တီအတွက် ရိုးရာတိုင်းရင်းသားအိတ် (၁၉ ယွမ်) နှင့် သူ့ဖေဖေအတွက် လိန်ဖန်းဦးထုပ်တို့ကို ဝယ်ခဲ့သည်။
အတွေးနှင့် ကြိုးစားအားထုတ်မှုက အရေးကြီးဆုံးဖြစ်ပြီး ကျန်းရှောင်က သူ့ရဲ့ အဖိုးအဖွားတွေက သူတို့ဘာလက်ဆောင်ပဲရရ ပျော်နေလိမ့်မယ်ဆိုတာကို ယုံကြည်ပေမယ့် ကျန်နှစ်ယောက်အကြောင်းကိုတော့ သူမ သေချာမသိနိုင်ပါဘူး။
ကျိုးစစ်မူက သူ့မျက်နှာတွင် အပြုံးတစ်ခုရှိသည်။ "ဖေဖေက သားရဲ့လက်ဆောင်ကို ကြိုက်မှာပါနော် ဟုတ်တယ်မလား"
ကျန်းရှောင်က သူ့ကိုစိတ်ချသွားအောင်လုပ်ခဲ့သည်။ "သေချာပေါက် ကြိုက်မှာပေါ့"
ကျိုးစစ်မူ ခေါင်းညိတ်လိုက်သည်။ "သားလည်း အဲ့လိုပဲ ထင်တယ်။ မေမေ၊ သား ကြီးလာလို့ အလုပ်စလုပ်ရင် အန်တီလိုမျိုး မေမေ့ကို အိတ်လှလှလေးတွေနဲ့အဝတ်တွေ ဝယ်ပေးမယ်နော်"
ကျန်းရှောင်ရဲ့ နှလုံးသား အရည်ပျော်ကျသွားခဲ့သည်။ "မေမေ မျှော်နေမယ်နော်!"
ကျိုးစစ်မူက သူ့လက်ကို ဆန့်လိုက်သည်။ "မေမေ၊ လက်သန်း ကတိပေးရအောင်။ အနှစ်တစ်ရာကြာတဲ့ ကတိတစ်ခု"
ထိုနေ့ညနေခင်းတွင် ကျန်းရှောင်နဲ့ ကျိုးစစ်မူတို့ ကျင်းချန်သို့ပြန်လာပြီး အဖေကျိုးနဲ့အမေကျိုးကို အရင်သွားတွေ့ခဲ့သည်။
ဖေဖေ ကျိုး၏ အမူအရာက သိပ်ကြည့်ကောင်းပုံမရသဖြင့် ကျမ်းရှောင်က ဘာဖြစ်လာနိုင်သည်ကို တွေးခဲ့မိသည်။
မေမေ ကျိုး မေးလိုက်သည်။ "ပြန်လာကြပြီလား။ ခရီးက ဘယ်လိုလဲ"
ကျိုးစစ်မူက လွန်ခဲ့သည့် ရက်အနည်းငယ်က အဖြစ်အပျက်များအကြောင်း စကားစမြည်ပြောရင်း သူပြန်သယ်လာသည့် လက်ဆောင်များကို အလေးပေးပြောခဲ့သည်။
"အဖိုး၊ အဖွား၊ သားမှာ ပိုက်ဆံသိပ်မရှိလို့ အဖိုးနဲ့အဖွားတို့အတွက် တန်ဖိုးကြီး လက်ဆောင်တွေ မဝယ်လာနိုင်ခဲ့ဘူး"
ဖေဖေကျိုးက ကာတွန်းပုံစံ အနှိပ်ခံပစ္စည်းကို မြင်တော့ သူ့အမူအရာမှာ ပျော့ပြောင်းသွားခဲ့သည်။ "အိုး၊ ဒါ မူမူ ဝယ်လာတာလား။ အဖိုး ကြိုက်တယ်"
မေမေကျိိုးက အရည်အသွေး ညံ့ဖျင်းသော လက်အိတ်များကို ဝတ်ထားပြီး သူမ အလွန်ပျော်ရွှင်နေဆဲဖြစ်သည်။ သူမ ကျန်းရှောင်ကို ပြောလိုက်သည်။ "ဒီရက်တွေမှာ သမီး အလုပ်ကြိုးစားထားခဲ့တာပဲ "
ကျန်းရှောင် ပြုံးလိုက်သည်။ "မူမူက အရမ်းကောင်းကောင်း နေထိုင်တတ်တော့ ကျွန်မ မပင်ပန်းရပါဘူး"
မေမေကျိုး သက်ပြင်းချလိုက်သည်။
ကျန်းရှောင် ခဏတုံ့ဆိုင်းသွားပြီး မေးလိုက်သည်။ "အမေ၊ ဘာဖြစ်နေကြတာလဲ။ အမေရော အဖေရော သိပ်ပြီးကြည့်မကောင်းနေတာကို ကျွန်မ သတိထားမိတယ်"
မေမေ ကျိုး မျက်မှောင်ကြုတ်လိုက်သည်။ "တချို့ သတင်းထောက်တွေက သူတို့ကိုယ်သူတို့ ဘာလုပ်နေကြမှန်ကို မသိကြဘူး! တခြားတစ်ယောက်နဲ့ ရှို့လင်းရဲ့ ပုံတွေကို တင်ပြီး အဲဒီလူက သူ့ရည်းစားပဲတဲ့လေ။ သမီး အဖေက အဲဒါကို မြင်ပြီး ဒေါသထွက်နေတာ"
ကျန်းရှောင် ရယ်လိုက်သည်။ "အမေ၊ ဒီလိုသတင်းတွေကို အလေးအနက် မထားနဲ့။ ကျိုးရှို့လင်းရဲ့ စရိုက်ကို အမေ သိနေတုန်းပဲမလား"
မေမေ ကျိုးက သူမကို ကြည့်လာခဲ့သည်။ "သမီး သူ့ကို လုံးဝ စိတ်မပူဘူးလား"
ကျန်းရှောင် ပြုံးပြီးပြောလိုက်သည်။ "ကျွန်မ သူ့ကိုယုံကြည်တယ် " ထိုရိုးရှင်းတဲ့ စကားလုံးလေးလုံးက မေမေ ကျိုးကို အံ့အားသင့်စေခဲ့သည်။
"တကယ်လို့ တစ်ခုခုရှိလာခဲ့မယ်ဆိုရင် ကျွန်မ ကွာရှင်းလိုက်မှာ" လို့ သူမ လေးနက်စွာ ပြောလိုက်သည်။ အကယ်၍ တစ်နေ့ ကျိုးရှို့လင်းဆီမှာ တခြားမိန်းကလေး ရှိလာခဲ့မယ်ဆိုရင် သူမတကယ် ကွာရှင်းပြတ်စဲလိုက်မှာ။
လူတွေကြားမှာ နားလည်မှု ရှိတယ်ဆိုတာက အတူတူ အချိန်ပေးဖို့ လိုအပ်သည်။ လွန်ခဲ့သည့်သုံးနှစ်အတွင်းတွင်၊ ကျန်းရှောင် အပေါ်ထားတဲ့ မေမေကျိုးရဲ့ အမြင်မှာလည်း ပြောင်းလဲသွားခဲ့သည်။
အစကတော့ ကျန်းရှောင်ကို သူမရဲ့ကိုယ်ဝန်ကို ရာထူးရဖို့ အသုံးပြုခဲ့တဲ့ တွက်ချက်တတ်တဲ့ မိန်းကလေးတစ်ယောက်လို့ သူမ ထင်ခဲ့မိသည်။
" ရှောင်ရှောင်၊ စုန့်ယိဝမ်ကို သမီးဘယ်လိုထင်လဲ"
"ယိဝမ်က ကျွန်မ စီမံခန့်ခွဲရတဲ့ အနုပညာရှင်တစ်ယောက်ပါ၊ ဒါကြောင့် သူ့အပေါ် ကျွန်မရဲ့ အကဲဖြတ်မှုက ဘက်လိုက်တာမျိုး ဖြစ်နိုင်တယ်။ ဒါပေမယ့် စဉ်းစားကြည့်လိုက်ပါ၊ သူ့လို မြင့်တက်နေတဲ့ လူငယ်သရုပ်ဆောင် တစ်ယောက်က သူ့ရဲ့ အချစ်ဇာတ်လမ်းကို လူထုဆီတက်တက်ကြွကြွနဲ့ ချပြခဲ့တယ်ဆိုတာက သူ့ရဲ့အချစ်ကို တန်ဖိုးထားတယ်ဆိုတာ ပြသနေတယ် "
"စုန့်ယိဝမ်က တော်တော်ကောင်းတယ်လို့ အမေလည်း ထင်မိပါတယ်၊ သူ့ရုပ်ရည်နဲ့ ပတ်သက်ပြီးလည်း အတွန့်တက်စရာမရှိပါဘူး။ ယန်ယန် လည်း အိမ်ထောင်ပြုသင့်ပါတယ်။ ကြည့်လိုက်လေ၊ သူက သမီးထက် လအနည်းငယ်ကြီးတယ် ပြီးတော့ မူမူက ခုဆို သုံးနှစ်ရှိနေပြီ။"
ကျန်းရှောင် - "......."
ညစာစားပြီးနောက် ကျန်းရှောင်က ကျိုးစစ်မူကို သူတို့ရဲ့အိမ်ဆီ ပြန်ခေါ်သွားခဲ့ပြီး ကျိုးရှို့လင်းက ခုထိ မပြန်ရောက်သေးပေ။
ပဲပင်ပေါက်လေးက အရမ်းပင်ပန်းနေတာကြောင့် အိပ်ယာမဝင်ခင် သူမကို စကားပြောခဲ့သေးသည်။ “မေမေ၊ ဖေဖေ ပြန်လာရင် သားကိုခေါ်လိုက်နော်။ သား ဖေဖေ့ကို ဒီဦးထုပ်ပေးချင်လို့”
ကျန်းရှောင် ကတိပေးလိုက်ပြီး မကြာမီ သူမလည်း အိပ်ပျော်သွားခဲ့သည်။
ကျိုးရှို့လင်း ပြန်ရောက်တော့ master bed ပေါ်မှ သားအမိကို တွေ့လိုက်ရသောအခါ သူ့ရင်ထဲတွင် နွေးထွေးမှုကို ခံစားလိုက်ရသည်။ အခန်းထဲမဝင်ခင် သူ တိတ်တိတ်လေး ရေချိုးလိုက်သည်။ သူ ကျန်းရှောင် ပါးကို နမ်းပြီး သူမကို နှိုးလိုက်သည်။
သူမ မျက်လုံးတွေကို မှုန်ကုပ်ကုပ်နဲ့ဖွင့်လိုက်သည်။ "ပြန်လာပြီလား"
ကျိုးရှို့လင်းက သူမရဲ့နှုတ်ခမ်းထောင့်ကို နမ်းလိုက်သည်။ " အင်း၊ ကိုယ်ပြန်လာတာ နောက်ကျသွားတယ်။ ရီဟန်လေ အရူးထပြီး ကိုယ့်ကို ပေးမသွားဘူး"
သူ အရက်သောက်လာတော့ ခါတိုင်းထက် ပိုပူနေခဲ့သည်။ ကျန်းရှောင် သူမ ခန္ဓာကိုယ်ကို ညင်သာစွာ လှုပ်ရှားလိုက်သည်။ "ပဲပင်ပေါက်လေး ဒီမှာရှိတယ်"
ကျိုးရှို့လင်းရဲ့ လက်က သူမရဲ့ညအိပ်ဝတ်စုံအတွင်း ချော်ဝင်သွားပြီး သူမရင်ဘတ်ဆီ ရောက်ရှိသွားခဲ့သည်။ရုတ်တရက် မမှန်ဘူးလို့ ခံစားလိုက်ရပြီး သူမျက်မှောင်ကြုတ်လိုက်သည်။ "မင်း သူ့ကို တစ်ချိန်လုံး အလိုလိုက်လို့ မရဘူး"
ကျန်းရှောင် စကားကိုမပီမပြင် ပြောလိုက်သည်။ "သူက ရှင့်ရဲ့သားလေ"
ကျိုးရှို့လင်းက သူ့လက်ကို ဖယ်လိုက်ပြီး သူမကိုသေချာပြန်ဖုံးပေးကာ ညင်သာစွာ ဆုပ်နယ်လိုက်သည်။သူ သူမရဲ့နားသီးကို တတိတိကိုက်ခဲ့သည်။ “ဒါပေမယ့် မင်းက ကိုယ့်မိန်းမလေ"
ကျန်းရှောင် ကြောင်တက်တက်ဖြင့် နမ်းလိုက်သည်။ "ဒီည သူ ကျွန်မတို့နဲ့ အိပ်လို့ရမလား၊ ညက သူ ရှင့်အကြောင်း ဆက်တိုက်ကို ပြောနေတာ"
ကျိုးရှို့လင်းက သူမကို မလိုက်ပြီး သူမရဲ့တင်ပါးကို ကိုင်ပေးထားသည်။ "ရတာပေါ့၊ ဟိုဘက်ခန်းကို သွားကြရအောင်"
...
ကျန်းရှောင်ရဲ့ ခါး ကျိုးတော့မယ်၊ ထိုသူ ဒီည အရမ်းကိုချစ်စိတ်ပြင်းပြနေသည်။ "ကျွန်မ ပင်ပန်းနေပြီ......."
ကျိုးရှို့လင်း ပြုံးလိုက်သည်။ "မင်းပြန်လာရင် ကိုယ်နဲ့ တူတူအိပ်မယ်လို့ မင်းပဲ ပြောခဲ့တာ မဟုတ်ဘူးလား"
ကျန်းရှောင် နှုတ်ခမ်းစူလိုက်သည်။ "ကျွန်မက လက်ထောက်တစ်ယောက်၊ နေ့ဘက်မှာ ရှင့်အတွက်အလုပ်လုပ်ပေးရပြီး ညဘက်ကျရင် ရှင်နဲ့ပူးပေါင်းပေးရတယ်။ ကျွန်မ တကယ် တအား ပင်ပန်းနေပြီလို့!"
ကျိုးရှို့လင်းက သူမရဲ့ ယုတ္တိမရှိတဲ့ စကားတွေကို နားထောင်ရတာ သဘောကျသည်။ "အွန်း"
ကျန်းရှောင် ညည်းလိုက်ပြီး သူမရဲ့လက်ကို သူ့ပခုံးပေါ်တင်လိုက်ကာ သူမရဲ့ လက်ချောင်းထိပ်တွေကို သူ့ခါးဆီ ဖြည်းဖြည်းချင်း ဆင်းချလာခဲ့သည်။
သူတို့စုံတွဲက တစ်ယောက်နဲ့ တစ်ယောက် ရင်းနှီးပြီးသားဖြစ်ပြီး တစ်ခုခုလုပ်တော့မယ်လို့ တွေးပြီး ကျိုးရှို့လင်းက အဲ့တာ ဘာလဲဆိုတာကို အတိအကျသိသည်။ သူ သူမရဲ့ ညာဘက်ခြေထောက်ကို ရုတ်တရက် မြှောက်လိုက်ပြီး သူ့ခါးမှာ ပတ်ထားရင်း အချိန်ကိုအလဟသမဖြစ်စေခဲ့ပေ။
"ယောကျ်ား ...ယောကျ်ား......." ကျန်းရှောင် ထိန်းမရတော့ပေ။
ကျိုးရှို့လင်း နက်နက်ရှိုင်းရှိုင်း လှုပ်ရှားခဲ့သည်။ "ရှောင်ရှောင်၊ စိတ်အေးအေးထား..."
ကျန်းရှောင် သူမရဲ့မျက်နှာကို အုပ်ထားလိုက်သည်။ "မြန်မြန်လေး။ ကျွန်မ မနက်ဖြန် ကုမ္ပဏီကို သွားရဦးမယ်"
ကျိုးရှို့လင်း ခေါင်းငုံ့ပြီး သူမ ရင်ဘတ်ကို နမ်းလိုက်သည်။
ကျန်းရှောင် ရှိုက်ငိုပြီး သူ့နာမည်ကို ထပ်ခါထပ်ခါ ခေါ်ခဲ့သည်။ "ကျိုးရှို့လင်း... ကျိုးရှို့လင်း ......."
နောက်ဆုံးတွင် ကျိုးရှို့လင်းက သူမနားထဲ တိုးတိုးလေးပြောလိုက်သည်။ "တစ်ရက်လောက်လေး ဝေးသွားတာက ဆောင်းဦးပေါက် သုံးရာသီလိုမျိုးပဲ။ ကိုယ်တို့မတွေ့ရတာ သုံးရက်ရှိသွားပြီ"
....
နောက်တစ်နေ့မနက်မှာတော့ ပဲပင်ပေါက်လေး မျက်လုံးဖွင့်ကြည့်လိုက်တော့ ကုတင်ကြီးပေါ်မှာ သူ တစ်ယောက်တည်း ဖြစ်နေတာကို တွေ့သွားခဲ့ရသည်။ မေမေလည်း မရှိဘူး၊ ဖေဖေလည်း မရှိဘူး။ ကုတင်ပေါ်မှ တအိအိထကာ ဖိနပ်လေးတွေ ဝတ်ပြီး ရေချိုးခန်းထဲဝင်သွားလိုက်သည်..
သူ ပြီးသွားတော့ ဖေဖေနဲ့ မေမေရဲ့ ရုပ်ပုံတွေကိုတောင် မမြင်ရသေးပေ။ ကလေးက နှုတ်ခမ်းစူပြီး ဧည့်ခန်းထဲမှာ မတ်တပ်ရပ်ကာ အော်ခဲ့သည်။ "မေမေ...မေမေ...."
ကျိုးရှို့လင်း ရုတ်တရက် နိုးလာပြီး ကောင်လေးကိုခေါ်ဖို့ အပြင်မထွက်ခင် ဘောင်းဘီတစ်ထည် အမြန်ဝတ်လိုက်သည်။ "ဘာလို့ အော်နေတာလဲ"
အဖေဖြစ်သူကိုတွေ့တော့ ပဲပင်ပေါက်လေးရဲ့ စိတ်က နည်းနည်းတော့ သက်သာသွားသည်။ "မေမေ ကော " ဟိုဘက်အခန်းကို လှမ်းကြည့်ပြီး သူ့မျက်လုံးတွေထဲမှာ မျက်ရည်ဝိုင်းလာခဲ့သည်။
ကျိုးရှို့လင်း အကြောင်းအရာကို အမြန်ပြောင်းလိုက်ရသည်။ "ဒီနှစ်ရင်လုံး အပြင်ထွက်ထားရတော့ မေမေ အရမ်းပင်ပန်းသွားလို့နော်။ သူမ ခုထိ အိပ်နေသေးတယ်"
ကျိုးစစ်မူက သူ့ခန္ဓာကိုယ်ကို လိမ်လိုက်သည်။ "ဒါဆို သား မေမေ့ကို သွားကြည့်လိုက်မယ်"
"မေမေ့ကို ခဏလောက် အိပ်ခိုင်းလိုက်ပါ ဖေဖေ သားကို မျက်နှာသစ်ပေးမယ်။ ဒီနေ့ သူငယ်တန်း မသွားတက်တော့ဘူးလား။ နောက်ကျလိမ့်မယ်နော်"
"ဖေဖေ၊ မြန်မြန်လုပ်!" သူ နောက်မကျချင်ဘူး။ သော်သော်ကို သူ ဖြစ်နိုင်ရင် အမြန်ဆုံးတွေ့ချင်သည်။
သားအဖနှစ်ယောက် ရေချိုးခန်းထဲ ဝင်သွားပြီး မျက်နှာသစ် သွားတိုက်ခဲ့ကြသည်။