← Chapters

အခန်း (၇၅)

Vol. 6 Ch. 75

အခန်း (၇၅)

Vol. 6 Ch. 75

ညနေခင်းတွင် ကျိုးရှို့လင်းက သူ့အစီအစဉ်ကို ပယ်ဖျက်ပြီး အိမ် စောစောပြန်ခဲ့သည်။

ကျန်းရှောင်လည်း စောစောပြန်လာပြီး မုန့်ဆိုင်မှ ကိတ်မုန့်အချပ် အနည်းငယ် ဝယ်လာခဲ့သည်။ သူမ စိတ်အခြေအနေတွေ မကောင်းတဲ့အခါ ချိုတာတွေ စားရတာကို နှစ်သက်သည်။

သူမ နှလုံးသားက ခါးလွန်းနေတဲ့အခါ အချို့သော အချိုများကို နှစ်နှစ်ခြိုက်ခြိုက် စားသုံးခြင်းက သူမစိတ်အတွင်းပိုင်းကို အနည်းငယ် ချိုမြိန်စေသည်။

ကျိုးရှို့လင်း အိမ်ပြန်ရောက်တော့ သူမက မီးဖိုချောင်တွင် အလုပ်များနေပြီး ကောင်တာတွင် ပါဝင်ပစ္စည်းများနဲ့ ပြည့်နှက်နေသည်။ သူမသက သက်တောင့်သက်သာရှိတဲ့ အိမ်နေရင်း ဝတ်စုံလဲထားပြီး အဝါနုရောင် ဖိနပ်တစ်ရံကို စီးထားကာ ဆံပင်ရှည်တွေကိုစည်းထားပြီး သူမ၏ ဖြူဖွေးတဲ့လည်ပင်းကို ပေါ်လွင်စေခဲ့သည်။

သူမက ခေါင်းငုံ့ထားကာ လက်ထဲတွင်ရှိနေတဲ့ ပါဝင်ပစ္စည်းများကို အာရုံစိုက်ထားသည်။ လွင့်နေတဲ့ ဆံပင်တွေက သူမ မျက်နှာတစ်ဝက်ကို ဖုံးနေပြီး သူမ၏ လက်ရှိအမူအရာကို ဖုံးကွယ်ထားသည်။

ကျိုးရှို့လင်း စိတ်သက်သာရာရစွာ သက်ပြင်းတစ်ချက်ချလိုက်သည်။ သူမ စိတ်ခံစားချက်ကို ကြီးကြီးမားမား ထိခိုက်စေခဲ့တဲ့ ပုံမပေါ်ပေ။ "မင်း ဘာလုပ်နေတာလဲ" သူ ကူညီဖို့ ကြံရွယ်ပြီး သူ့အင်္ကျီလက်ကို လိပ်တင်လိုက်သည်။

ကျန်းရှောင် ရေးရေးလေးပြုံးကာ လှည့်ကြည့်လိုက်သည်။ "ရှင် ဘာလို့ စစ်မူကို သွားမစစ်ဆေးတာလဲ။ ကျွန်မ နာရီဝက်လောက်နေရင် ပြီးတော့မယ်" သူမ သူ့ကို ညင်သာစွာ တွန်းဖယ်လိုက်သည်။

ကျန်းရှို့လင်းက မတ်တပ်ရပ်နေဆဲဖြစ်ပြီး သူမ၏ ရုပ်ပုံကို ကြည့်နေသည်။ သူ့စိတ်ထဲမှာ တကယ်မေးစရာတစ်ခုရှိနေသည် - လျန့်ယွဲ့ရဲ့ ကိုယ်ပိုင် အထောက်အထားကို ကျန်းရှောင် ဘယ်တုန်းက သတိပြုမိသွားတာလဲ။

ကျန်းရှောင် နောက်ပြန်လှည့်ကြည့်လိုက်သည်။ "ဘာဖြစ်လို့လဲ"

ကျိုးရှို့လင်း သူ့နှုတ်ခမ်းကို အနည်းငယ် ဖိလိုက်ပြီး သူမကိုအနောက်ကနေ ဖက်လိုက်သည်။ သူမက သူ့ရင်ဘတ်ကို မှီထားပြီး သူ့ရဲ့မေးစေ့က သူမခေါင်းပေါ် မှီထားသည်။

"မစ္စတာ ကျိုး၊ ရှင် ဘာဖြစ်နေတာလဲ။ ရှင် နောက်ထပ် မကောင်းတဲ့သတင်းနဲ့ မိပြန်ပြီလား" သူမ မျက်ခုံးကြုတ်လိုက်ပြီး သူမရဲ့လေသံ စူးရှနေသည်။

"ကျိုးယွီထုန်က ရှင့်ကို ထပ်ပြီး နှောက်ယှက်နေပြန်ပြီလား။ အိုး။ ဘာလို့ သူတို့ ငါ့ယောက်ျားကိုပဲ အမြဲတမ်း မျက်စိကျနေကြတာလဲ!"

သူ ငုံ့လိုက်ပြီး သူမရဲ့ နှုတ်ခမ်းထောင့်စွန်းကို ဖိကပ်လိုက်ကာ သက်ပြင်း ဖွဖွလေးချလိုက်သည်။ "မစ္စစ် ကျိုး၊ သူတို့ ကိုယ်အနားကို မလာရဲတာကို သေချာသွားအောင်လို့ မင်းရဲ့ အရည်အချင်းကို အသုံးချသင့်တယ်"

ကျန်းရှောင် ရေရွတ်လိုက်သည်။ "ကျွန်မ ဟင်းချက်နေတယ်၊ ​​လာမနှောင့်ယှက်နဲ့ "

ကျိုးစစ်မူက သူ့အခန်းထဲမှာ ၁ ယောက်တည်းရှိနေပြီး ကော်ဇောပေါ်တွင် လှဲနေကာ လီဂို block တွေဆီမှာ နစ်မြုပ်နေသည်။ သူ သီချင်းစာသားတစ်ကြောင်းတည်းကိုပဲ ထပ်ခါထပ်ခါ ဆိုနေသည်..

အာ-ဟား-ဟား၊ စုံထောက် ကြောင်မဲ

အာ-ဟား-ဟား၊ စုံထောက် ကြောင်မဲ

.....

"ဖေဖေ!" လို့ သူအော်လိုက်ပြီး သူ့ လီဂိုနဲ့ ပြန်ပြီး အဆောက်အဦး ဆောက်နေခဲ့သည်။

ကျိုးရှို့လင်း သူ့ ခေါင်းကို ပုတ်လိုက်သည်။ "မင်းက တကယ် စုံထောက်ကြောင်မဲကို ကြိုက်တာပဲ ဟင်!"

"ဟုတ်​တယ် ​ဖေ​ဖေ၊ သားက စုံ​ထောက်​​ကြောင်​မဲ၊ ဖေဖေက လိန်ဖန်း " သူ မျက်​တောင်ခတ်လိုက်သည်။ " လိန်ဖန်း ရဲ့ ဦးထုပ်ကို ဆောင်းလိုက်ဦး"

ကျိုးရှို့လင်း မျက်လုံးတွန့်သွားခဲ့သည်။ သားဖြစ်သူ၏ မိဘအပေါ်သိတတ်ပြီး ကြည်ညိုမှုကို ချွေးသိပ်ပေးဖို့ သူ လိန်ဖန်းဦးထုပ် ဆောင်းခဲ့တဲ့နေ့ကို သတိရမိသွားသည်။ ကျန်းရှောင်တောင်မှ သူတို့ကို ဓာတ်ပုံတွေ ရိုက်ထားသည်။

ဆယ်လီ အမျိုးသမီးတွေနဲ့ ထပ်ပြီး သတင်းကြားရဦးမယ်ဆိုရင် အဲ့ဒီဓာတ်ပုံကို ထုတ်ပြပစ်မယ်လို့ သူ့မိန်းမက ခြိမ်းခြောက်ခဲ့သည်။

သူက “လုပ်လိုက်လေ၊ ထုတ်ပြလိုက် ”လို့ ပြောရန်ကြိုးစားခဲ့ရသည်။ တကယ်ကို သူ့မိန်းမက ဘယ်သူလဲဆိုတာကို လူတိုင်း သိသွားအောင်လုပ်ဖို့ သူတကယ်ကို စောင့်မျှော်နေခဲ့တာ။

ထိုညက ကျန်းရှောင် အတွက် အရာအားလုံးက ပုံမှန်အတိုင်းပင်။ ကျိုးရှို့လင်းက သူမကို ကောင်းကောင်းသိတယ် လောလောဆယ်တော့ သူမ ခုချိန်မှာ သူ့ကိုမပြောဘူးဆိုတာ သေချာတဲ့အတွက် သူမေးဖို့ ရှောင်လိုက်သည်။

ဒါပေမယ့်လည်း ကျန်းရှောင် စိတ်မသက်မသာ ဖြစ်နေသေးကြောင်းကို ကျိုးရှို့လင်း သိလိုက်သည်။

၎င်းတို့ကို ချည်နှောင်ထားသောအခါတွင် သူမသည် ကြိုတင်စီစဥ်ထားခြင်းမရှိဘဲ သူမဘာသာ နှစ်နှစ်ခြိုက်ခြိုက်နဲ့ လွတ်မြောက်မယ့်ပုံစံကို ရှာဖွေနေပုံရသည်။

သူနဲ့ဆို သူမရဲ့အပြုအမူက ယခင်က မဖော်ပြခဲ့ဖူးသော အရာတစ်ခုဖြစ်သည်။

သူတို့၏ နောက်ဆုံးအခိုက်အတန့်တွင် သူမက သူ့ရင်ခွင်ထဲမှာ ခိုအောင်းနေပြီး ညင်ညင်သာသာနဲ့ တိုးတိုးလေးပြောလိုက်သည်။ "ကျိုးရှို့လင်း၊ ကျွန်မကို ဘယ်တော့မှ တသက်လုံး ထားမသွားဘူးလို့ ကတိပေး "

သူ သူမရဲ့လက်ကို ဆုပ်ကိုင်လိုက်ပြီး လက်ချောင်းချင်း ရောယှက်ထားလိုက်သည်။

" ရှောင်ရှောင်၊ သီချင်းစာအုပ်ထဲမှာ ကိုယ် အကြိုက်ဆုံးစာကြောင်းက 'မင်းလက်ကို ကိုင်ထားပြီး အတူတူအသက်ကြီးသွားမယ် 'ဆိုတဲ့စာကြောင်းပဲ "

ထိုသို့ ပြောလိုက်ပြီးနောက် သူမမျက်လုံးထောင့်ကို နမ်းလိုက်ကာ သူမမျက်ရည်တွေရဲ့ အငန်ဓာတ်ကို အရသာခံလိုက်သည်။

သူ သူမနားဆီ အထပ်ထပ်အခါခါ ပြောလိုက်သည်။ "ကိုယ် ဒီမှာ အမြဲရှိနေမှာပါ"

ကျွန်မလည်း ဒီမှာအမြဲရှိနေမယ်။

တစ်ညတာကုန်ဆုံးပြီးနောက် ကျန်းရှောင်က ပြန်ကောင်းမွန်လာပြီး အားအင်အပြည့်ဖြင့် ကုမ္ပဏီဆီ သွားခဲ့သည်။

ကျိုးရှို့လင်းက သူ့ဇနီးလေးမှာ မင်းသမီးဖြစ်လာဖို့ အလားအလာရှိသည်ဟု ပြင်းပြင်းထန်ထန် ခံစားခဲ့ရသည်။ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကိုတောင် ဆွတ်ခူးနိုင်သည်။

ရှုကျားရမ်နှင့် နာရီဝက်ကြာ ဖုန်းပြောပြီးနောက် ရှုကျားရမ်က ရသစုံရှိုးကို ရွှေ့ဆိုင်းရန် တောင်းဆိုခဲ့သည်။ "ချန်တင်း" က သူမကို အလွန်ရေပန်းစားလာစေမည်ဟု သူမ ယုံကြည်ထားသည်။

ကျန်းရှောင် အသက်ပြင်းပြင်းရှူလိုက်သည်။ "ကျားရမ်၊အစ်မက အစ်မရဲ့ အနုပညာရှင်တွေရဲ့ ရွေးချယ်မှုတွေကို လေးစားပါတယ်၊ ဒါပေမယ့် ချန်တင်းနဲ့ ပတ်သက်ပြီးတော့ အစ်မမှာ ယုံကြည်တဲ့ စိတ်မရှိနေဘူး"

ရှုကျားရမ်က အံတင်းတင်း ကြိတ်ထားခဲ့သည်။ "အခု လျန့်ယွဲ့ က ကျွန်မကို ဒီအခွင့်အရေး ပေးဖို့ ဆန္ဒရှိနေတာကို ကျွန်မက ဘာလို့ငြင်းရမှာလဲ။ ကျန်းကျဲ၊ လျန့်ယွဲ့ရဲ့မန်နေဂျာက မနေ့က ကျွန်မ ဖုန်းဆက်လာတယ်။ ကျွန်မရဲ့ကိုယ်ရေးအကျဉ်းကို ပြန်သုံးသပ်ပြီးတော့ သူတို့ ကျွန်မနဲ့ သင့်တော်တယ်လို့စဥ်းစားပြီး ကျွန်မတို့တွေ့ဆုံဖို့ စီစဉ်ပြီးပြီ။"

ကျန်းရှောင်ရဲ့ စိတ်တွေဗလာဖြစ်သွားသည်။ သူမ စားပွဲကို မှီပြီး စကားကိုဖြည်းဖြည်းချင်း ပြောလိုက်သည်။ "ကျားရမ်၊ အစ်မ သဘောမတူဘူး"

ရှုကျားရမ်က ပိုပြီး ခေါင်းမာလာသည်။ "ဒါဆို အစ်မက ကျွန်မကို 'ချန်တင်းထက် ပိုကောင်းတဲ့ အရင်းအမြစ်တွေ ပေးနိုင်လား။ ကျွန်မတို့ရဲ့ နယ်ပယ်က ဘယ်လောက် ပြိုင်ဆိုင်မှုများလဲဆိုတာ အစ်မသိလား။ ကျွန်မမှာ အခွင့်အရေး တစ်ခုပဲရှိတယ်။ ဟွားရှ ရဲ့စီအီးအိုက အစ်ကိုဖြစ်နေတဲ့ ကျိုးယန်ယန်နဲ့တော့ တူမှာမဟုတ်ဘူး။ သူမက ဇာတ်အိမ်တည်ထားတဲ့ ဇာတ်ကောင်တွေကိုတောင် သရုပ်ဆောင်နေရပြီး သူမမှာ ဇာတ်ညွှန်းတွေတောင် ကမ်းလှမ်းထားကြတာရှိတယ်"

ကျန်းရှောင်မှာ ပြောစရာ စကားမရှိတော့ပေ။ "မနက်ဖြန် ဒါရိုက်တာကို ဆက်သွယ်ပြီး 'Our Travel'ကို ရွှေ့လိုက်မယ်"

ရှုကျားရမ် တိတ်ဆိတ်သွားသည်။ "ကျန်းကျဲ၊ ကျေးဇူးတင်ပါတယ်"

ကျန်းရှောင် ရင်ထဲ စိတ်ပျက်မှုတွေ တဟုန်ထိုးတက်လာခဲ့သည်။

ဒါက အရာအားလုံးအတွက် ဖန်တီးပေးနိုင်လား။ အိုး အမေ! အမေ ကျွန်မကို တကယ်နားမလည်ဘူးပဲ။

နေ့လယ်စာစားချိန်အတွင်း ကျန်းရှောင်က ကျောက်ရှင်းရန်နှင့် တွေ့ဆုံပြီး ထမင်းစားဖို့ စီစဉ်ခဲ့သည်။

သူတို့နှစ်ယောက် ဂျပန်စားသောက်ဆိုင်တစ်ခုမှာ တွေ့ဆုံခဲ့ကြသည်။

ကျန်းရှောင် အရင်ရောက်လာပြီး ဟင်းအနည်းငယ်ကို မှာထားလိုက်သည်။ မကြာခင်မှာပဲ ကျောက်ရှင်းရန် ရောက်လာပြီး မိတ်ကပ်တွေ မလိမ်းထားဘဲ ကိုယ်အလေးချိန်လည်း ကျသွားတာကို မြင်တွေ့လိုက်ရသည်။

ကျောက်ရှင်းရန်က ခပ်ရေးရေး ပြုံးပြခဲ့သည်။ "နင် ကိုယ်အလေးချိန် ကျသွားပုံပဲ"

ကျန်းရှောင် သူမရဲ့မျက်နှာကို ထိလိုက်သည်။ "တကယ်လား" မနေ့ညကပဲ မစ္စတာကျိုးက သူမကိုကိုယ်အလေးချိန်တက်လာပြီလို့ ပြောပြီး ပါးတွေကို အကြိမ်ပေါင်းများစွာ ညှစ်ခဲ့သည်။ "နားရက်မလို့လား"

ကျောက်ရှင်းရန်က အကူအညီမဲ့စွာနဲ့ နှုတ်ခမ်းကို ကွေးလိုက်သည်။ "ပြီးခဲ့တဲ့နှစ်ရက်က ကြော်ငြာရိုက်ပြီးတာပြီဆိုတော့ ငါ နားရက်ယူလိုက်တာ"

ကျန်းရှောင် - "ဘယ်လိုတွေ ဖြစ်နေတာလဲ"

ကျောက်ရှင်းရန်မှာ အဖော်မဲ့နေတဲ့ အမူအရာရှိသည်။ “ငါအံကြိတ်ပြီး ရှေ့ကို ဆက်လျှောက်နေတယ်လို့ ငါခန့်မှန်းမိတယ်။ ငါ နင့်စကားကို အစကတည်းက နားထောင်ခဲ့သင့်တာ။ အမြဲတမ်းသစ္စာမရှိခဲ့တဲ့ မိုရီဟန်လို လူကို ငါဘယ်လိုမျိုးနဲ့ မျက်စိကန်းပြီး မှီခိုနေမိခဲ့တာလဲ။ ပြီးခဲ့တဲ့တစ်နှစ်လောက်က မထင်မှတ်ပဲ ငါကိုယ်ဝန်ရသွားတဲ့အချိန်တုန်းက ငါစောစော နိုးထလာခဲ့သင့်တာ "

သူမက သူမရဲ့ခံစားချက်တွေကို လုံးဝဖုံးကွယ်မထားတော့ပေ။ သူမ စိတ်မသက်မသာဖြစ်ရပြီး မျိုသိပ်ထားခဲ့ရပေမယ့် တခြားသူတွေရှေ့မှာ မပြနိုင်ခဲ့ချေ။

ကျန်းရှောင် တိတ်ဆိတ်ငြိမ်သက်စွာဖြင့် ရေတစ်ငုံသောက်လိုက်သည်။ "ရှင်းရန်၊ နင်က နင်ထင်ထားတာထက် ပိုသန်မာပါတယ်"

ကျောက်ရှင်းရန် ပြက်ရယ်ပြုကာ သူမရဲ့ဖန်ခွက်ကို ကောက်ကိုင်လိုက်ပြီး ရေကို တစ်ကျိုက်တည်းနဲ့သောက်ချလိုက်သည်။ ကျန်းရှောင်က သူမကို ကောင်းကောင်းနားလည်သည်။

"ဟုတ်တယ် ငါက သန်မာတယ်။ ငါက လောဘကြီးတယ်။ မိုရီဟန် ပံ့ပိုးပေးခဲ့တဲ့ အရင်းအမြစ်တွေကြောင့် ဒီနေ့ ငါရထားတဲ့ဟာတွေကို ငါအောင်မြင်ခဲ့တာ မဟုတ်ဘူးလား။ သူ မရှိရင် ငါက ဘာမှမဟုတ်ဘူး။ အားလုံးက ငါ့ကို ဟာသကြီးလို ကြည့်နေကြတယ်။ ကျန်းရှောင်၊ နင် ငါ့ကိုသနားလား"

ကျန်းရှောင် လက်လှမ်းလိုက်ပြီး သူမရဲ့လက်ကို လှမ်းကိုင်လိုက်သည်။ "ရှင်းရန်၊ နင်ဘာလို့ အနုပညာလောကထဲကို ဝင်ခဲ့တာလဲ။ နင် မေ့သွားပြီလား"

ကျောက်ရှင်းရန် မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်လိုက်ပြီး ခဏမျှ ပဟေဋ္ဌိဖြစ်သွားသည်။ “ဟားဟားဟား…” သူမ အကြိမ်အနည်းငယ် ရယ်လိုက်သည်။ “အချိန်တော်တော်ကြာသွားပြီလို့ ငါထင်တယ်”

ကျန်းရှောင် ပါးစပ် ရွဲ့လိုက်သည်။ "လူတွေက ကိုယ့်ရဲ့ဘဝကို သူတို့ကိုယ်တိုင် မထိန်းချုပ်နိုင်ဘူးလို့ ပြောကြတာကို ငါအမြဲကြားနေရတယ်။ ဒါပေမယ့် သူတို့ရဲ့ အတွင်းစိတ်ဆန္ဒတွေကို တွန်းလှန်နိုင်စွမ်း မရှိတာကတော့ အမှန်ပဲ။ ဒါပေမယ့် ကျော်ကြားမှုနဲ့ ကံကြမ္မာနဲ့ ပတ်သက်လာရင် လူဘယ်နှစ်ယောက်က ကိုယ့်ကိုကိုယ် အမှန်တကယ် ပြန်ထိန်းထားနိုင်မှာလဲ" သူမကိုယ်တိုင်ပဲ ကျိုးရှို့လင်းရဲ့ ဆွဲဆောင်မှုမှာ ကွေးညွှတ်နေခဲ့တာ မဟုတ်ပါဘူး။

"ရှင်းရန်၊ ဘဝခရီးဆိုတာက ရှည်ပါသေးတယ်၊ နင့်မှာ ကြီးထွားဖို့အတွက် နေရာတွေ အများကြီးရှိပါသေးတယ်"

ကျောက်ရှင်းရန် နှုတ်ခမ်းကို ကိုက်လိုက်သည်။ "ငါလျှောက်ရမယ့် လမ်းရှိသေးလို့လား။ ငါ အခုချက်ချင်းသွားလိုက်မယ်။ လူတွေက ငါ့ကိုကြည့်နေပြီး ​​ငါ့နောက်ကွယ်မှာလည်း ပြောဆိုနေကြတယ်"

"အချိန်က အရာအားလုံးကို နူးညံ့သွားစေလိမ့်မယ်၊ ငါ့ကို ယုံထားလိုက်"

"ဒါပေမယ့် အဲ့တာက ဘယ်လောက်ကြာမှာလဲ"

"မကြာပါဘူး၊ အနုပညာနယ်ပယ်က ဘယ်တော့မှ သတင်းတွေ မတိုဘူး။ နင် ကောင်းကောင်းအနားယူပြီးသွားတာနဲ့ အလုပ်ပြန်စ၊ ဇာတ်ညွှန်းတွေကို သေချာရွေးချယ်ပြီး ရသစုံ ရှိုးတွေကိုလည်း ထည့်သွင်းစဉ်းစားလို့ရတာပဲလေ"

ကျောက်ရှင်းရန်က ယုံကြည်ချက်မရှိနေဘူး။ "ဟန်ရွေ့က လှလား"

ကျန်းရှောင် - "သူမက အရမ်းလှတယ်"

ကျောက်ရှင်းရန် - "ငါ့ထက် ပိုလှလား"

ကျန်းရှောင်က သူမ စိတ်ထဲတွင် အနည်းငယ် သက်ပြင်းချလိုက်သည်။ ကျောက်ရှင်းရန်က မိုရီဟန် ကို ချစ်မိသွားခဲ့သည်။ အချစ်မှာ သူ့ကို ရဖို့မဖြစ်နိုင်တော့ပေမယ့် နှိုင်းယှဥ်ကြည့်မိခဲ့သည်။

ကျောက်ရှင်းရန် - "မေ့လိုက်တော့၊ ဘာမှမပြောနဲ့တော့။ ငါလက်မလွှတ်နိုင်ဘူး၊ ပြီးတော့ သူတို့အတွက် Weibo မှာ ငါကောင်းကောင်းမွန်မွန် ဆုတောင်းပေးထားသလိုမျိုး ငါက သဘောကြီးတဲ့သူမဟုတ်ဘူး။ ကျန်းရှောင်၊ ငါက မကောင်းတဲ့သူလား "

ကျန်းရှောင် ပြန်မဖြေခဲ့ပေ။

ထမင်းတစ်နပ်လုံးကို သူတို့နှစ်ယောက်လုံး သိပ်မစားခဲ့ကြပေ။

ကျောက်ရှင်းရန် စိတ်မသက်မသာ ခံစားနေရသည်။ သူမ ဒီခံစားချက်တွေကို အချိန်အတော်ကြာအောင် ဖုံးကွယ်ထားခဲ့ပြီး နောက်ဆုံးတော့ သူမနဲ့စကားပြောဖို့ တစ်စုံတစ်ယောက် ရှိလာခဲ့သည်။

All Chapters