← Chapters

အခန်း (၇၇)

Vol. 6 Ch. 77

အခန်း (၇၇)

Vol. 6 Ch. 77

ကျင်းကျုံးပိုင် ပေါ့ပေါ့ပါးပါး ရယ်မောလိုက်သည်။ "မင်း သီချင်းဆိုတာကို ငါနားထောင်ဖူးတယ်။ မင်းပရော်ဖက်ရှင်နယ် အဆိုတော်အဆင့်မှာတော့ မဟုတ်ပေမယ့် သီချင်းတစ်ပုဒ်ကို အသံသွင်းတာက ပြဿနာမရှိလောက်ပါဘူး"

ကျန်းရှောင် သူမရဲ့ နှုတ်ခမ်းကို ဖိလိုက်သည်။ "ကျွန်မရဲ့အခြေအနေက အဲဒါနဲ့ မသင့်တော်ပါဘူး"

ကျင်းကျုံးပိုင် ခေါင်းယမ်းလိုက်သည်။ "ဒါရိုက်တာတွေက သရုပ်ဆောင် လုပ်နိုင်တယ်၊ သရုပ်ဆောင်တွေက ဒါရိုက်တာတွေ ဖြစ်လာနိုင်တယ်။ အရည်အချင်းရှိတဲ့ မန်နေဂျာတွေ သီချင်းဆိုတာကို တားမြစ်ထားတယ်ဆိုတဲ့ စည်းကမ်းမရှိပါဘူး"

ကျန်းရှောင် ထိုကိစ္စကို မငြင်းခုံနိုင်ပေ။ "မစ္စတာ ကျင်း၊ ရှင် ကျွန်မကို ဘာလို့ဒီအတွက် ချဥ်းကပ်နေရတာလဲ"

ကျင်းကျုံးပိုင် ခဏလောက် စဉ်းစားနေမိသည်။ “မင်း သီချင်းဆိုထားတဲ့ ဗီဒီယိုက အခုထိ ပေါ်ပြူလာဖြစ်နေတယ်။ ငါသိတဲ့အတိုင်းဆို 'Sing Together' အစီအစဉ်အဖွဲ့က မင်းကို ဧည့်သည်အဆိုတော်အဖြစ် ဖိတ်ခေါ်ချင်နေမှာပဲ"

ကျန်းရှောင် သက်ပြင်းချလိုက်ပြီး တစ်ဝက်က သဘောကျသွားကာ ကျန်ဝက်က ဒေါသထွက်သွားသည်။

"ကျွန်မလည်း သူတို့ဖုန်းခေါ်တာကို လက်ခံခဲ့ရပါတယ် ဒါပေမယ့် ကျွန်မငြင်းလိုက်တယ်။ မစ္စတာ ကျင်း၊ ကျွန်မ တကယ်မလုပ်နိုင်ဘူး"

အဲ့တာက သီချင်းဆိုတာဖြစ်စေ၊ သရုပ်ဆောင်ရတာဖြစ်စေ အဲ့တာက သူမ စွန့်စားချင်တဲ့ အရာတစ်ခုမဟုတ်ပေ။ သူမ သူမအဖေကို ကတိပေးထားသည်။

“ဒါပေမယ့် ရှင် ကျွန်မရဲ့အေဂျင်စီက တစ်ယောက်ယောက်ကို ရှာနေတာဆိုရင်တော့ ကျွန်မငြင်းမှာမဟုတ်ဘူး"

သူမ ပြတ်ပြတ်သားသား ပြောနေတာကိုမြင်တော့ ကျင်းကျုံးပိုင်က သူမကို ဆွဲဆောင်ဖို့ မကြိုးစားတော့ပေ။ “ငါတို့ နောက်တစ်ကြိမ်ထပ်ပြီး ပူးပေါင်းဆောင်ရွက်ဖို့ အခွင့်အရေး မရှိတော့ဘူးထင်တယ်"

"ဘာဖြစ်လို့မရှိရမှာလဲ။ ကျွန်မရဲ့ အေဂျင်စီက အနုပညာရှင်နဲ့ ရှင်ပူးပေါင်းလို့ရတာပဲ ဥပမာ၊ ကျွန်မတို့ အနုပညာရှင် ချင်ယီလု ပေါ့"

ကျင်းကျုံးပိုင် ပေါ့ပေါ့ပါးပါး ရယ်မောလိုက်သည်။ "မင်းက ဟွားရှ ရဲ့ အရည်အချင်းရှိတဲ့ မန်နေဂျာ ခေါင်းဆောင် ဆိုတဲ့ရာထူးနဲ့ တကယ်ထိုက်တန်ပါတယ်"

ကျန်းရှောင် အနည်းငယ် ရှက်သွားသည်။ "တခြားရွေးချယ်စရာမှ မရှိတာ။ ကျွန်မရဲ့ အနုပညာရှင်တွေအတွက် ကျွန်မ တာဝန်ယူရမယ်လေ"

ကျင်းကျုံးပိုင် အဓိပ္ပါယ်ကို ဖမ်းမိလိုက်သည်။ "ချင်ယီလုကို promote လုပ်ဖို့ စီစဉ်နေတာလား"

ကျန်းရှောင်၏ အမူအရာက လေးနက်သွားကာ သူမ ဘာမှ ဖုံးကွယ်ထားမနေတော့ပေ။ "ယီလုက အရမ်းတော်တဲ့ မိန်းကလေးပါ၊ သူမကို မှန်ကန်တဲ့ ပွဲဦးထွက်ကို ဘယ်လို ပေးရမလဲဆိုတာ ကျွန်မ စဉ်းစားနေခဲ့တာ။ အခု ဒီအခိုက်အတန့်ကို ရောက်လာပြီ "

သူမ တောက်ပသော မျက်လုံးများဖြင့် ကျင်းကျုံးပိုင် ကို ကြည့်လိုက်သည်။

ကျင်းကျုံးပိုင် တခစ်ခစ်ရယ်မိခဲ့သည်။ သူ သူမရဲ့အစီအစဉ်တွေထဲကို ချက်ချင်းဝင်သွားခဲ့မိသည်။

နှစ်ယောက်စလုံး ခဏလောက် စားသောက်ခဲ့ကြသည်။ အံ့သြစရာကောင်းတာက ကျန်းရှောင်က စပ်တဲ့ ဟော့ပေါ့ကို စားပြီး သူမပါးစပ်က အပူကြောင့် နီရဲလာသည်။

ကျင်းကျုံးပိုင်က သူမကို လက်ဖက်ရည်အေးတစ်ပုလင်း ပေးလိုက်သည်။ "ရှုကျားရမ်က 'ချန်တင်း' အတွက် လက်မှတ်ထိုးတော့မယ်ဆိုတာ ငါကြားထားတယ်"

ကျန်းရှောင် စီချွမ်း ငရုတ်ကောင်းစေ့ကို ကိုက်လိုက်ပြီး ပါးစပ်တစ်ခုလုံး ထုံသွားသည်။ သူမ လက်ဖက်ရည်အေး ခွက်တစ်ဝက်လောက်ကို မြန်မြန်သောက်ချလိုက်သည်။ "ကျွန်မ မနေ့က သူ့ဆီက သတင်းရထားတယ်။သူမ နောက်အပတ် စာချုပ်ချုပ်တော့မယ်"

ကျင်းကျုံးပိုင် အတွေးနက်နဲလာပုံရသည်။ "မင်းရဲ့ပုံစံက ကျေနပ်နေတဲ့ပုံတော့မဟုတ်ဘူး "

ကျန်းရှောင် ပခုံးတွန့်လိုက်သည်။ "ကျွန်မက အစကတော့ သူမကို ရသစုံရှိုးအတွက် ဆက်သွယ်ပေးထားတာ"

"ဘာရှိုးလဲ"

"' Our Journey Together 'လေ။ ကျားရမ်က 'ချန်တင်း' ကို ရွေးချယ်ဖို့ကိုပဲ အခိုင်အမာ ပြောနေတယ်"

"မင်းက မင်းတို့ရဲ့ အနုပညာရှင်တွေနဲ့ လိုက်လျောညီထွေ လွန်းနေတာပဲ။ ကျော်ကြားမှုမတက်ခင်မှာ အနုပညာရှင်တစ်ယောက်အတွက် ခိုင်မာတဲ့ ထင်မြင်ချက်ရှိတာက ကောင်းတဲ့အရာမဟုတ်ဘူး "

ကျင်းကျုံးပိုင် ရုတ်တရက် ရယ်မောလိုက်သည်။ "လျန့်ယွဲ့ လည်း မင်းကို ဆက်သွယ်ထားတယ်"

သူ့အသံက မေးနေတဲ့ပုံမပေါ်ဘူး။ ကျန်းရှောင် သူ့ကို တည်ငြိမ်စွာ ကြည့်နေသညယ "ဟုတ်တယ်"

ကျင်း မိသားစုက လျန့်ယွဲ့ရဲ့ အတိတ်နဲ့ ပတ်သက်မှု ရှိ၊ မရှိဆိုတာကို သူမ အမြဲတွေးနေခဲ့သည်။

"မစ္စတာကျင်း၊ ရှင် မေးချင်တာရှိလို့လား"

"မရှိပါဘူး" ကျင်းကျုံးပိုင် ဟော့ပေါ့ကို တစ်ချက်ကြည့်လိုက်သည်။ ပွက်ပွက်ဆူနေသော ဟင်းရည်က သုံးပုံတစ်ပုံ လျော့သွားသဖြင့် ရေအနည်းငယ် ထပ်ထည့်လိုက်သည်။

သူတို့ အစားစားရင်း စကားစမြည်ပြောဖြစ်ကြပြီး နှစ်နာရီကျော်ကြာသွားခဲ့သည်။

ကျင်းကျုံးပိုင်က သူမကို ကားနဲ့အိမ်ပြန်မောင်းပို့ပေးဖို့ ကမ်းလှမ်းခဲ့သော်လည်း ကျန်းရှောင်က ငြင်းဆိုခဲ့သည်။

"မစ္စတာ ကျင်း၊ ကျွန်မ ရှင်နဲ့ အကွာအဝေးတစ်ခုမှာနေမှရမယ်။ မနက်ဖြန်ရဲ့ ခေါင်းစီးသတင်းမှာ အဆုံးသတ်သွားရရင် နားလည်မှုလွဲသွားနိုင်တယ်။ အဲ့ခါကျရင် ရှင့်ရဲ့ပရိသတ်တွေ ကျွန်မကုမ္ပဏီကို ဝင်တိုက်ခိုက်နိုင်တယ်"

ကျင်းကျုံးပိုင်၏ အကြည့်က သူမ မျက်ခုံးနှင့် မျက်လုံးများပေါ်တွင် တည်ရှိနေပြီး စကားမပြောဘဲ သူမကို ခဏလောက် စောင့်ကြည့်နေခဲ့သည်။

ကျန်းရှောင် နားမလည်ခဲ့ပေ။ "မစ္စတာ ကျင်း"

ရုတ်​တရက်​ ကျင်းကျုံးပိုင် နှုတ်​ခမ်းက ​ကော့တက်​လာသည်​။ "ကျန်းရှောင်၊ မင်းနဲ့ မင်းရဲ့ချစ်သူတို့ အဆင်ပြေနေရဲ့လား"

ကျန်းရှောင် ရုတ်တရက် မေးလာတဲ့ မေးခွန်းကြောင့် သတိမကပ်နေပေ။ အားလုံးက သူမရဲ့အချစ်ရေးနဲ့ပတ်သတ်ပြီး စိတ်ပူနေကြတဲ့ပုံပဲ။ "ကျွန်မတို့ အဆင်ပြေကြပါတယ်"

ကျင်းကျုံးပိုင် ခေါင်းညိတ်လိုက်သည်။ "သီချင်းနဲ့ပတ်သက်လာရင် အချိန်တစ်ခုရှာပြီး ချင်ယီလုကို ခေါ်လာခဲ့ "

ကျန်းရှောင် သူမ ညာလက်ကို သူ့ဆီ ဆန့်ထားရင်း မျက်လုံးတွေက တလက်လက် တောက်ပနေသည်။

ကျင်းကျုံးပိုင် အနည်းငယ် အံ့သြသွားသော်လည်း သူ့လက်ကိုလည်း ဆန့်ထုတ်လိုက်သည်။

လက်ချင်းဆုံသွားပြီး နွေးထွေးမှုတွေက သူတို့ကြားမှာ စီးဆင်းသွားခဲ့သည်။

ကျန်းရှောင် မျက်နှာက အပြုံးများဖြင့် ပြည့်နှက်နေပြီး သူ့ကိုမျက်စိတစ်ဖက် မှိတ်ပြခဲ့သည်။ "မစ္စတာကျင်း ကျေးဇူးတင်ပါတယ်။ စိတ်မပူပါနဲ့ ယီလုက အလားအလာရှိပြီး အရည်အချင်းရှိတဲ့ သူတစ်ယောက်ပါ။ ရှင့်ကို စိတ်ပျက်စေမိမှာ မဟုတ်ဘူး။ ကျွန်မက ဖန် အတုဖြစ်နိုင်ပေမယ့် ယီလုက ရှင့်ရဲ့တကယ့် ဖန် အစစ်ပါ"

"ငါ အဲဒါကို စောင့်ကြည့်နေမယ်" ကျင်းကျုံးပိုင် အကြည့်က သူမ ဘယ်ဘက်လက်ကောက်ဝတ်ဆီ အမှတ်မထင် ပျံ့လွင့်သွားကာ ခဏတာမျှ အချိန်ဆွဲခဲ့သည်။ "ကောင်းပြီ၊ ကားရောက်လာပြီ။ မင်း ဂရုစိုက်ပြန်ဦး"

ညနေခင်းတွင် ကျိုးရှို့လင်းက ပဲပင်ပေါက်လေးကို အိပ်ရာဝင်ပုံပြင်တစ်ပုဒ် ပြောပြခဲ့သည်။

ပုံပြင်နှစ်ပုဒ်ကို နားထောင်ပြီးနောက် ကလေးက အိပ်မပျော်သေးပေ။ "ဖေဖေ၊ မေမေနဲ့ သွားချိန်းတွေ့တဲ့ ဦးလေးက ဘယ်သူလဲ"

"အဲဒါက ချိန်းတွေ့တာ မဟုတ်ဘူး၊ သူတို့က အစားစားဖို့ သွားတာ။ အဲ့ဦးလေးရဲ့နာမည်က ကျင်းကျုံးပိုင် "

"ကျင်းကျုံးပိုင် -" ပဲပင်ပေါက်လေးက စာတစ်လုံးစီကို ဖြည်းဖြည်းချင်း အသံထွက်ပြီး တစ်စုံတစ်ခုကို သတိရမိသွားသည်။ "ဦးလေး ကျင်းကို သား သိတယ်"

"မင်းက သိတယ်"

"ဦးလေး ကျင်း သရုပ်ဆောင်ထားတဲ့ တီဗီဒရာမာကို သားကြည့်ဖူးတယ်။ သူက မင်းသားအဖြစ် သရုပ်ဆောင်ထားတာ။ ဦးလေး ကျင်းက အမေပြောသလိုပဲ အရမ်းချောတယ်"

"မင်းအမေက မင်းကို ဘာတွေပြောပြသေးလဲ"

"မေမေက တီဗီဒရာမာတွေ လျှော့ကြည့်ဖို့ ပြောတယ်။သြော်၊ သားက အရွယ်ရောက်လာတဲ့ ပဲပင်ပေါက်လိုပဲ သား ကြီးပြင်းလာတာ မြန်လွန်းတယ်လို့လည်း ပြောတယ်"

ကျိုးရှို့လင်း ရယ်မောလိုက်သည်။ "မင်းအမေ ပြောတာမှန်တယ်"

"ဖေဖေ၊ ဖေဖေ ပိုပြီး သတိထားသင့်တယ်နော်။ သားရဲ့မေမေက အရမ်းလှတယ်။ ဦးလေးကျင်းက မေမေ့ကို လိုက်ပိုးပန်းချင်တယ်ဆိုရင် ဖေဖေ ဘယ်လိုလုပ်မလဲ"

ကျိုးရှို့လင်းက ရွှတ်ရွှတ်ဖြင့် သူ့နှာခေါင်းကို ထိလိုက်သည်။ "မင်းက အဲဒါကို တော်တော်စိတ်ပူနေတာပဲ "

"အဲ့တာက တီဗီဒရာမာတွေမှာလည်းသရုပ်ဆောင်ထားကြတယ် "

"အခုအိပ်လိုက်တော့။ မနက်ဖြန် မနက်စောစော သော်သော်ကို တွေ့ချင်တယ်လို့ မင်း ပြောထားတာမဟုတ်ဘူးလား"

ပဲပင်ပေါက်လေးက သူ့မျက်လုံးမှိတ်ထားလိုက်သည်။ "ဖေဖေ၊ သား ညီမလေး တစ်ယောက်လိုချင်တယ်၊ သော်သော်လို ညီမလေး တစ်ယောက်လိုချင်တာ"

ကျိုးရှို့လင်း စိတ်ကောင်းဝင်နေသည်။ "မင်းတစ်ယောက်တည်း လိုချင်နေတာ မဟုတ်ဘူး။ ဖေဖေလည်း လိုချင်နေတာ "

ကျန်းရှောင် အိမ်ပြန်ရောက်သောအခါ ထိုည၌ ပဲပင်ပေါက်လေး၏ အားပေးမှုကြောင့် ကျိုးရှို့လင်းက သူ၏သတ္တိကိုစုဆောင်းပြီး သူမအား မဆုတ်မနစ် စနောက် ခဲ့သည်။ ကျန်းရှောင်က သူကို ကြင်နာစွာ သတိပေးလိုက်သည်။ "မနက်ဖြန် ကျရင် ကျွန်မတို့ ဘီ မြို့တော်ကို သွားရမယ်..."

"ဟုတ်​တယ်​ အဲ့ဒါ​ကောင်းတာပေါ့။ ကိုယ် လေယာဥ်​​ပေါ်မှာ အိပ်​​လို့ရတယ်"

ကျိုးရှို့လင်း အမှန်တကယ် သဝန်တိုနေတာ ဖြစ်နိုင်သည်ကို ကျန်းရှောင် သဘောပေါက်လိုက်သည်။ " စိတ်အေးအေးထားပါ မူမူရဲ့ဖေဖေ"

မူမူ ရဲ့ဖေဖေ... ကျိုးရှို့လင်းက ဒီလိုခေါ်တာက အရမ်းအဆင်ပြေတယ်လို့ ခံစားခဲ့ရပေမယ့်၊ သူ့ကို ပိုလို့တောင် လှုံ့ဆော်ပေးခဲ့သည်!

သူ သူမကို မြှောက်လိုက်ပြီး နံရံဘက်ကို ဖိကပ်လိုက်ကာ သူ့ရဲ့အကြည့်ကို သူမဆီမှာတင်းကျပ်စွာ သော့ခတ်ထားလိုက်သည်။ " ဒီနေ့ မင်းရဲ့သားက မင်းကို ဦးလေးချောချောလေးနဲ့ ချိန်းတွေ့နေတယ်လို့ပြောတယ်"

ကျန်းရှောင်ရဲ့ ခြေထောက်တွေကို သူ့ခါးမှာပတ်လိုက်ပြီး သူမ၏ ကျောက အနည်းငယ် အေးလာပြီး သူမရဲ့ စိတ်လှုပ်ရှားမှုက သူမကို တွန့်သွားစေသည်။ "ကျွန်မတို့အလုပ်အကြောင်း ဆွေးနွေးခဲ့တာပါ "

ကျိုးရှို့လင်း ပြုံးလိုက်သည်။ " ချစ်လေး၊ ဒီညရဲ့ ညစာအတွက် ဟော့ပေါ့က အရသာရှိရဲ့လား"

"ရှိတယ်..."

"ကိုယ်လည်း ကိုယ့်ရဲ့ဘေဘီကို စားချင်တယ်..."သူ ခေါင်းငုံ့လာပြီး နှင်းလို ဖြူဖွေးနေတဲ့ သူမရဲ့ ရင်ဘတ်ကို နမ်းလိုက်သည်။

ကျန်းရှောင် အသက်ပြင်းပြင်းရှူရင်း သူမ တစ်ကိုယ်လုံး သွေးထွက်နေသလို ခံစားလိုက်ရသည်။ အခုဆို သူတကယ်ကို ရဲတင်းလာပြီ။ သူမရဲ့လက်တွေကို သူ့ရဲ့လည်ပင်းမှာချိတ်ထားပြီး မနက်ဖြန် ဘီ မြို့တော်မှာ သူတို့ ဘယ်လို အစည်းအဝေးတက်ရဦးမယ်ဆိုတာကို တွေးနေမိသည်။

သူမ သူမရဲ့ နှလုံးသားကို စတီးလိုမျိုးသန်မာအောင်လုပ်လိုက်ပြီး ရေလိုနူးညံ့တဲ့အသံနဲ့ ပြောလိုက်သည်။ "ယောကျ်ား၊ ရှင့်ရဲ့ ခါးကို ဂရုစိုက်"

စေတနာကောင်းပုံရတဲ့ စီရင်ချက်တစ်ခုက ပိုမိုပြင်းထန်သော တိုက်ပွဲကို ဖြစ်ပေါ်စေခဲ့သည်။

သူမရဲ့ ပျာယာခတ် ပြီး ရူးသွပ်နေတဲ့ အခြေအနေကို အခွင့်ကောင်းယူပြီး သူ့အသံက တိုးပြီး အောရှလာသည်။ " ရှောင်ရှောင်၊ မင်း ကိုယ့်ရဲ့ဘာကိုကြိုက်တာလဲ"

ကျန်းရှောင် အံကြိတ်ကာ အဖြေကို တင်းတင်းကြပ်ကြပ် ငြင်းဆန်လိုက်သည်။

ကျန်းရှောင်၏ သုံးနှစ်တာ အိမ်ထောင်သည်ဘဝတွင် ယောက်ျားနှင့်မိန်းမက မျက်နှာနှစ်ဖက်ရှိကြောင်း သင်ကြားခဲ့ရသည်။ ကျိုးရှို့လင်းက အပြင်ဘက်မှာ ယဉ်ကျေးပြီး ချောမောပုံရတယ်၊ ဒါပေမယ့် အိမ်မှာ ဒါမှမဟုတ် အိပ်ယာထဲမှာ ကျရင်တော့ သူက တကယ်ကို အထိန်းအကွပ်မရှိဘူး!

ကံမကောင်းစွာပဲ၊ ကျန်းရှောင်သည် သဘာဝအားဖြင့် ခုခံရန် ခက်ခဲတဲ့ သူတစ်ယောက် ဖြစ်သည်။ မင်း စကားပြောလိုက်တာနဲ့ သူမက မျက်နှာနီလာပြီး ရှက်သွားတတ်သည်။

သူမက မင်းကို စိတ်လှုပ်ရှားနေတဲ့ တောကြောင်ရိုင်းလေးလိုမျိုး မင်းအပေါ်ခုန်အုပ်ပြီး အနည်းငယ် ကုတ်ခြစ်ချင်နေသည်။

ကျန်းရှောင်နဲ့ သူ့ရဲ့အိမ်ထောင်ရေးက အနည်းငယ် ပေါ့ပေါ့ပါးပါးပင်။ အလျင်အမြန် စတင်ခဲ့သည်ကို ကျိုးရှို့လင်းလည်း သိသည်။ သူတို့နှစ်ယောက် သီးသန့်အချိန်တွေကို အတူတူ မပျော်နိုင်ခင်မှာ သူတို့ရဲ့သားဖြစ်သူက မြင်ကွင်းကို လုံး၀ သိမ်းပိုက်ခဲ့သည်။

သူတို့သားက ကျန်းရှောင်ကို တွယ်ကပ်နေပြီး၊ သူမက သူ့သားအပေါ် အမြဲတမ်းချစ်ပြီးသစ္စာရှိသည်။

သူက လိမ္မာပါးနပ်စွာဖြင့် သူမဆီ ခြေလှမ်းတစ်လှမ်းချင်း ချဉ်းကပ်လာသည်။ ကောင်လေးက အားတွေမစိုက်ထုတ်ရဘဲ သူမရဲ့အာရုံကို သိမ်းပိုက်ထားသည်။

အငယ်ကောင်က တော်တော် သရုပ်ဆောင်ကောင်းတယ်။ အခုအချိန်မှာ တခြားသော အကျင့်သီလများစွာကို မတွေ့ရသေးသော်လည်း၊ အထူးသဖြင့် သူ့မိခင်ရှေ့တွင် သနားစရာကောင်းပြီး ချစ်စရာကောင်းတဲ့ သရုပ်ဆောင်မှုတွင် ထူးချွန်တဲ့သူဖြစ်သည်။

ကျန်းရှောင်က မိခင်၏ အကာအကွယ်ပေးခြင်းမခံရဘဲ ကြီးပြင်းလာခဲ့ရတော့ သူမရဲ့မိခင် မေတ္တာအားလုံးကို ပဲပင်ပေါက်လေးအပေါ်မှာ လောင်းချခဲ့သည်။

တခါတရံ ကျိုးရှို့လင်းလည်း စူးစမ်းမိသည်။ အစပိုင်းမှာ ကျန်းရှောင်က ကြင်ဖော်မဲ့မိခင် ဖြစ်နိုင်ဖွယ်ရှိသည်။ အစပိုင်းတွင် ကျန်းရှောင်က အချစ် သို့မဟုတ် အိမ်ထောင်ရေးကို မယုံကြည်ခဲ့ပေ။

လွန်ခဲ့သည့်သုံးနှစ်အတွင်းတွင် သူသည် သူမ၏ ကန့်သတ်ချက်များကို တဖြည်းဖြည်း စိန်ခေါ်ခဲ့ပြီး အခြားအရာများထက် ပိုမိုဆန်းကြယ်ကြောင်း တွေ့ရှိခဲ့သည်။

All Chapters