အခန်း (၇၉)
Vol. 7 Ch. 79
သူမယောက္ခထီးရဲ့ မက်ဆေ့ချ်ကို ဘယ်လို တုံ့ပြန်ရမလဲ စဉ်းစားနေချိန် မစ္စတာ ကျိုး ပေါ်လာခဲ့သည်။
မစ္စတာကျိုးက သူ့အဖေကို ပြန်ပြောခဲ့သည် - အဖေ၊ အဖေ့ရဲ့ အကြံပြုချက်က ကောင်းသားပဲ။
သူမ ဒီစာကို အချိန်မီ ပြန်ဖျက်လို့ရနိုင်မလား။
သိပ်မကြာခင်မှာပဲ မစ္စတာကျိုးက သူမကို private မက်ဆေ့ချ် ပို့ခဲ့သည်။
[ချစ်လေး၊ တစ်ရက်လောက် ပိုနေရအောင်]
ကျန်းရှောင် - "...စီးပွားရေးကိစ္စတွေရှိတယ်၊ မစ္စတာကျိုး!"
မစ္စတာ ကျိုးက သူ့ပါးစပ်ထောင့်ကို ပင့်ကြည့်လိုက်သည်။ သူနဲ့သူမက ဟန်းနီးမွန်းမထွက်ရဘဲ မင်္ဂလာပွဲမရှိတဲ့ အိမ်ထောင်တစ်ခု တည်ဆောက်ခဲ့သည်။ သူ့မိန်းမကို ဘယ်အချိန်ကျမှ သူ ပွင့်ပွင့်လင်းလင်း ပြနိုင်မှာလဲ။
နောက်တော့ ကျန်းရှောင်နဲ့ ကျန်းချင်တို့က ဟို့ဟိုင်ကို အတူတူသွားဖို့ သဘောတူခဲ့ကြသည်။ ကျန်းရှောင် အရင်ဦးဆုံး အောက်ထပ် ဆင်းသွားခဲ့ပြီး ကျန်းချင်က သူအဝတ်အစားလဲရန် လိုအပ်ကြောင်းပြောကာ ကျန်းရှောင်ကို lobby တွင် ခဏစောင့်ပေးရန် တောင်းဆိုခဲ့သည်။
ကျန်းရှောင်က lobby ရှိ ဆိုဖာပေါ်တွင် ထိုင်နေပြီး ရုတ်တရက် အသံတစ်ခုက သူမနားကို ရောက်ရှိလာခဲ့သည်။
"အစ်မ ကျန်း"
ဒီလိုနာမည်တပ်ခံရခြင်းက ကျန်းရှောင်၏ မျက်ခွံများကို လှုပ်သွားစေသည်။ သူမ ထရပ်လိုက်သည်။ "မစ္စ ကျင်း-"
ကျင်းရှု့ရန်က လှပစွာ ပြုံးလိုက်ပြီး သူမ၏ အပြုံးက လျန့်ယွဲ့ နှင့် တကယ်တူသည်။ "အစ်မကျန်း၊ အစ်မက ညီမထက် နှစ်နှစ်ကြီးတယ်၊ ညီမကိုနာမည်ပဲ ခေါ်လို့ရပါတယ်၊ ရန်ရန် ဒါမှမဟုတ် ရှု့ရန်ဖြစ်ဖြစ် နှစ်ခုလုံးက အဆင်ပြေပါတယ်"
အတိအကျပြောရရင် နှစ်နှစ်နဲ့ နှစ်လဖြစ်သည်။
ကျန်းရှောင် ခပ်ဖျော့ဖျော့ ပြုံးပြလိုက်သော်လည်း အကြံပြုချက်ကို သဘောမတူခဲ့ပေ။
ကျင်းရှု့ရန်မေးလိုက်သည် "အစ်မ အပြင်သွားမလို့လား"
"မနက်ဖြန်မနက်ကျရင် အစည်းအဝေးရှိလို့၊ ကျန်းချင် နဲ့ ကျွန်မ ဟို့ဟိုင်ကို သွားလည်ဖို့ ခဏနားတာ"
"ဟို့ဟိုင်က ညဘက်ဆို ပိုပြီးအသက်ဝင်တယ်၊ ဘားနည်းနည်းလည်းရှိတယ် ပြီးတော့ မြို့ခံအဆိုတော်တွေက တကယ် တော်တယ်”
ကျင်းရှု့ရန်က ဘီမြို့တော်ကို မကြာခဏ ရောက်ဖူးပြီး ဟို့ဟိုင်ကို အကြိမ် အနည်းငယ်သာ ရောက်ဖူးသည်။
ကျန်းရှောင် ခေါင်းညိတ်လိုက်သည်။
"အစ်မမှာ တခြားနေရာတွေ သွားလည်ဖို့ အစီအစဉ်ရှိသေးလား"
"အချိန်ကကြပ်နေတော့ ဒီခရီးစဉ်မှာ ဟို့ဟိုင်ကိုပဲ လည်ရမှာစိုးမိတယ်"
"ဒါကနည်းနည်းတော် ရှက်စရာကောင်းတယ်။ အစ်မရဲ့ အလုပ်က တစ်ခါတလေကျတော့ မလွယ်ဘူးပဲ" ကျင်းရှု့ရန် ရိုးသားစွာ ပြောလိုက်သည်။
ကျန်းရှောင် ပြန်ပြောလိုက်သည်။ "အလုပ်တိုင်းမှာ ကိုယ်ပိုင် ပျော်ရွှင်မှုတွေ ရှိပါတယ်။ ကျွန်မတို့က နာမည်ကြီး မင်းသားမင်းသမီးတွေရဲ့ မန်နေဂျာတွေဖြစ်တာကြောင့် ကျွန်မတို့နေ့တိုင်းသူတို့နဲ့ အချိန်ဖြုန်းနေတာကို ဖန်တွေက မနာလိုဖြစ်ကြတယ် "
"စတားတွေကလည်း ပုံမှန်လူတွေပါပဲ" ကျင်းရှု့ရန် ရယ်လိုက်သည်။ "အစ်မကျန်း၊ အစ်မကို မေးခွန်းနည်းနည်းလောက်မေးလို့ရမလား"
ကျန်းရှောင် ခေါင်းညိတ်လိုက်သည်။ "ဘာမေးချင်လို့လဲ"
ကျင်းရှု့ရန် နှုတ်ခမ်းကို ကိုက်လိုက်သည်။ "ပြီးခဲ့တဲ့ အချိန်တုန်းက သတင်းထောက်တွေက အစ်ကို ကျိုး ကိစ္စကို ဖော်ထုတ်ခဲ့တယ်၊ ကလေးရဲ့ အမေက အတိအကျ ဘယ်သူများလဲ"
ကျန်းရှောင် မျက်မှောင် အနည်းငယ် ကြုတ်လိုက်သည်။ "ဒါရိုက်တာ ကျိုးရဲ့ ကိုယ်ရေးကိုယ်တာကိစ္စတွေကို ကျွန်မသိရင်တောင် ထုတ်ဖော်ပြောဖို့ မသင့်တော်ပါဘူး"
ကျင်းရှု့ရန် ရဲ့အမူအရာမှာ လျော့ရဲသွားသည်။ "လွန်ခဲ့တဲ့နှစ်အနည်းငယ်အတွင်း အစ်ကိုကျိုးအနားမှာ ဘယ်အမျိုးသမီးမှ မရှိခဲ့ဖူးဘူး။ အဲ့တာက ဘယ်သူဖြစ်မလဲဆိုတာ ကျွန်မတို့ မသိနိုင်ဘူး"
ကျန်းရှောင် စိတ်ထဲကနေ အသက်ပြင်းပြင်းရှူလိုက်သည်။ "မစ္စ ကျင်း၊ ဒါရိုက်တာ ကျိုးကို ကြိုက်နေတာလား"
ကျင်းရှု့ရန် ခနဲ့တဲ့တဲ့ ပြုံးလိုက်သည်။ "ကျွန်မ သူ့ကို အရင်ကတည်းက ကြိုက်ခဲ့တာ၊ ဒါပေမယ့် ကျွန်မ ဝန်မခံရသေးခင်မှာ သူ့မှာ သားတစ်ယောက်ရှိတယ်ဆိုတာ ကြားလိုက်ရတယ်။ မစတင်ရသေးတဲ့ ဆက်ဆံရေးက ရုတ်ချည်း ပြတ်တောက်သွားခဲ့ပြီ!"
သူမစကားပြောနေစဉ်တွင် သူမ၏ အမူအရာတွေက မျက်ခုံးကြုတ်တာကနေ သက်ပြင်းချတဲ့အထိ ကွဲပြားခဲ့သည်။
ကျန်းရှောင် မထိန်းနိုင်ဘဲ ငိုချင်သလို ရယ်ချင်သလိုဖြစ်လာသည်။
"အစ်ကို ကျိုး ရဲ့ကလေးက artificial နည်းနဲ့ ပဋိသန္ဓေယူထားတာလို့ သူတို့ပြောကြတယ်။ အစ်ကို ကျိုးရဲ့မိဘတွေက သူ့ကို လက်ထပ်ဖို့ ဖိအားပေးတာကြောင့် အသက်ကြီးတဲ့သူတွေ ကျေနပ်စေဖို့ သူ ကလေးတစ်ယောက်ယူလိုက်တာ။ သားဥက နိုင်ငံခြားသူတစ်ယောက်ဆီကလို့ ပြောကြတာပဲ အဲ့တာကြောင့် ကလေးက မျက်လုံးအိမ်ကျယ်ပြီး အရုပ်လေးလို ဆံပင်ကောက်တာ"
ဘယ်သူပြောတာလဲ! အတင်းအဖျင်းတွေဆိုတာ နေရာတိုင်းမှာရှိတယ်ဆိုတာ တကယ်ပဲ။
ကျန်းရှောင် ညင်ညင်သာသာ ချောင်းဟန့်လိုက်ပြီး ယုံကြည်ရလောက်တဲ့အနှစ်သာရနဲ့ စကားပြောလိုက်သည်။ "ကျွန်မရဲ့ ဗဟုသုတအရကတော့ အဲ့တာက အမှန်မဟုတ်ဘူး!"
"တကယ်လား" ကျင်းရှု့ရန် အနည်းငယ် စိတ်အနှောင့်အယှက်ဖြစ်သွားသည်။ "အစ်မ ကျန်း၊ စိတ်မဆိုးပါနဲ့နော် "
ကျန်းရှောင်ရဲ့လေသံက အနည်းငယ်ပျော့သွားသည်။ "ကလေးက တကယ်ချစ်ဖို့ကောင်းပါတယ်"
"သူ့ကိုတွေ့ဖူးတာလား"
ကျန်းရှောင် ရဲ့နဖူးမှာ ချွေးတွေထွက်နေပြီ။ "ဒါရိုက်တာ ကျိုး ရဲ့ ပိုက်ဆံအိတ်ထဲက ဓါတ်ပုံတစ်ပုံကို မတော်တဆ မြင်ဖူးတာ"
ထိုအချိန်တွင် ကျန်းချင် ရောက်လာခဲ့သည်။
ကျန်းရှောင်က သူမဆီ လျှောက်လာနေတဲ့ ယောက်ျားကို လှမ်းကြည့်ရင်း သူမမျက်လုံးတွေထပ်ပြီး တွန့်သွားရပြန်သည်။
ကျန်းချင်က လူငယ်ဆန်ဆန် တီရှပ်၊ ဘောင်းဘီတို နဲ့ sneakers တွေလဲလာသည်။ "မင်းကို စောင့်နေစေမိလို့ တောင်းပန်ပါတယ်"
ကျင်းရှု့ရန်က အံ့အားသင့်စွာဖြင့် အာမေဋိတ်သံပြုလိုက်သည် "လက်ထောက် ကျန်း။ ရှင် "
ကျန်းချင် ပြုံးလိုက်သည်။ "ဘားမှာ လူငယ်တွေ အများကြီးရှိတယ်လေ။ အဲ့တော့ အရမ်းသမားရိုးကျ ဆန်ဆန်ကြီးဝတ်လို့မဖြစ်ဘူး ဒီဝတ်စုံက အဆင်ပြေတယ်မလား"
ကျန်းရှောင်က သူမရဲ့ နှုတ်ခမ်းတွေကို ဖိလိုက်သည်။ "လက်ထောက် ကျန်း၊ ရှင် တက္ကသိုလ်ဂိတ်ပေါက်ကနေ ထွက်လာပြီပဲ"
ကျန်းချင် တခစ်ခစ်ရယ်လိုက်သည်။ "ဒါမှမဟုတ် ကျွန်တော်တို့ မန်နေဂျာ ကျန်းမှာ အရသာကောင်းကောင်း ရှိနေတာပဲဖြစ်မယ်။ ဒါကို ဝယ်ထားတာကြာပြီ၊ ဝတ်ဖို့ အခွင့်မသာခဲ့ဘူး"
ကျန်းရှောင်က ကျင်းရှု့ရန် ဘက်လှည့်ပြီးပြောလိုက်သည်။ "မစ္စကျင်း၊ ကျွန်မတို့သွားတော့မယ်"
ကျင်းရှု့ရန်က သူတို့စကားစမြည်ပြောတာမဆုံးသေးသဖြင့် စိတ်မကောင်းဖြစ်နေတဲ့ပုံပေါ်နေသည်။ "အစ်မကျန်း၊ အစ်မအချိန်ရရင် ကျွန်မ အစ်မလာရှာမယ်"
ကျန်းရှောင် အံကြိတ်ပြီး ခေါင်းညိတ်လိုက်သည်။
ဟို့ဟိုင် သို့သွားရာလမ်းတွင် ကျန်းချင်နှင့် သူမ စကားစမြည်ပြောခဲ့ကြသည်။
"ကျင်းရှု့ရန်က ဒါရိုက်တာ ကျိုးကို ကြိုက်နေတာ။ သူမက သူ့ကို နှစ်ပေါင်းများစွာ တိတ်တိတ်လေး ချစ်ခဲ့တာ။ ဒါရိုက်တာ ကျင်းက ဒါရိုက်တာ ကျိုးက သူမအတွက် အလားအလာကောင်းတဲ့သူအဖြစ် အမြဲမြင်နေခဲ့တာ။ မင်းက လမ်းတစ်ဝက်မှာ ကြားဝင်သွားခဲ့တာဆိုတော့ သနားစရာပဲ!"
ကျန်းရှောင် အေးစက်စက် အကြည့်တစ်ချက် ပေးလိုက်သည်။
သူတို့နှစ်ယောက်က သူငယ်ချင်းတွေလိုမျိုး သီးသန့်စကားပြောဆိုကြပြီး စကားစမြည်ပြောရတာကို သည်းမခံနိုင်ခဲ့ကြပေ။
ကျန်းရှောင် သက်ပြင်းချလိုက်သည်။ "ငါလည်း ထူးချွန်ပါတယ်!"
ကျန်းချင်က သူ့နှလုံးသားထဲတွင် တိတ်တဆိတ် သက်ပြင်းချလိုက်သည်။ မင်းရဲ့ထူးချွန်မှုက ဟွားရှ အနုပညာလုပ်ငန်းရဲ့ အခြေခံပေါ်မှာတည်ဆောက်ထားတာ။ မင်းယောကျ်ားရဲ့ ပံ့ပိုးမှုကြောင့်ပဲ။
"အမှန်ပဲ။ မင်းက ငါတို့ ဟွားရှ ရဲ့ ထိပ်တန်းမန်နေဂျာဖြစ်ပြီး၊ လုပ်ငန်းမှာ ကျော်ကြားတဲ့ နာမည်ကောင်းနဲ့ တက်လာတဲ့ ကြယ်တစ်ပွင့်ပဲ "
ကျန်းရှောင် သူ့ပုခုံးကို ပုတ်လိုက်သည်။ "ကောင်းပြီ၊ ငါ့ကို လာမစနဲ့။ ဒါရိုက်တာ ကျင်းလည်း ကျိုးရှို့လင်းကို တန်ဖိုးထားတယ်လို့ ရှင်ပြောတယ်နော် လျန့်ယွဲ့က ကော ဘယ်လိုလဲ"
"လျန့်ယွဲ့ က ဒါရိုက်တာ ကျိုး ကိုလည်း သဘာဝအတိုင်း တန်ဖိုးထားတယ်၊ ဒါရိုက်တာ ကျိုးက လုပ်ငန်းနယ်ပယ်မှာ လူတော်တစ်ယောက်အဖြစ် ကျယ်ကျယ်ပြန့်ပြန့် သတ်မှတ်ခံထားရတာကို မင်းလည်းသိတာပဲ။ သူက အခုခေတ် ချောင်ဇီကျန့် နဲ့တူတယ်!" ကျန်းချင်က ကျိုးရှို့လင်းကို အလွန်လေးစားသည်။
ကျန်းရှောင် တခဏချင်း တိတ်ဆိတ်သွားသည်။ ချောင်ဇီကျန့် ။ ပြောင်မြောက်ပြီး အရည်အချင်းရှိပြီး ထက်မြက်တဲ့ ချောင်ဇီကျန့် .. "အွန်း၊ ကုမ္ပဏီက "နတ်ဘုရားမရဲ့သီချင်း" ကို ပြန်ပြီး ရိုက်ကူးဖို့ စီစဉ်နေတာလား"
ကျန်းချင် - "....."
ထိုညနေခင်းတွင် သူတို့နှစ်ဦး ဟို့ဟိုင် ဘားတစ်ခုတွင် အကြာကြီးနေခဲ့ကြပြီး ကျန်းချင်၏ ကျောင်းသားဝတ်စုံက အနီးနားရှိ စားပွဲတစ်ခုမှ အမျိုးသမီးအချို့၏ အာရုံကို ဆွဲဆောင်နေပုံရပြီး ၎င်းတို့ထဲမှ တစ်ဦးက သူ့ကို ဖိတ်ခေါ်ခဲ့သည်။
ကျန်းချင်က ကျန်းရှောင် ကို တောင်းပန်ကာ မျက်စိမှိတ်ပြခဲ့သည်။ "ခဏလောက် သွားလိုက်ဦးမယ်"
ကျန်းချင်၏ စကားကိုကြားတော့ ကောင်မလေးတွေ ကြည်နူးသွားကြသည်။ ကျန်းရှောင်က ကျန်းချင် ဘာကြောင့်များ အခုချိန်ထိ single လုပ်နေသေးတာလဲလို့ တွေးမိသည်။
စင်မြင့်ပေါ်မှ အဆိုတော် သုံးဦးက အင်္ဂလိပ်သီချင်း "I LOVE YOU" ဖြင့် ဖျော်ဖြေခဲ့သည်။ ညတာက အလင်းရောင်နှင့် အရိပ်တို့ ပေါင်းစပ်ကာ စွဲမက်ဖွယ်ကောင်းသော ညနေခင်းအရောင်များနှင့်အတူ အိပ်မက်ကဲ့သို့ပင်။
ကျန်းရှောင် သူမ၏ ကော့တေးကို သောက်ပြီး သီချင်းကို ငြိမ်သက်စွာ နားထောင်ခဲ့သည်။
"မိန်းမလှလေး၊ ကျွန်တော် ထိုင်လို့ရမလား"
ကျန်းရှောင်က ပြုံးပြီး သူမအနားမှ ကျန်းချင်ဆီ လက်ဟန်ပြလိုက်ကာ သူ့ကိုထွက်သွားရန် အရိပ်အမြွက်ပြလိုက်သည်။
ဒါပေမယ့် သိပ်မကြာခင်မှာပဲ နောက်ထပ်လူတစ်ယောက် ရောက်လာသည်။
ကျန်းချင်က ကျန်းရှောင်၏ စားပွဲကို စောင့်ကြည့်နေခဲ့သည်။
"သူမက ရှင့်အတွက် ဘာလဲ"
"လုပ်ဖော်ကိုင်ဖက်"
"ဘာလို့ ဒီလောက်လှတဲ့ လုပ်ဖော်ကိုင်ဖက်ကို မပိုးပန်းရတာလဲ"
ကျန်းချင် သူ့ကိုယ်သူ တွေးလိုက်သည် သူ ဘယ်လိုလုပ် လိုက်ရဲမှာလဲ။ မစ္စတာကျိုးက သူ့ကို အရှင်လတ်လတ် အရေခွံ့ခွာပစ်လိမ့်မယ်။
ပိတ်ရက်ညဆိုတော့ ခရီးသွားတွေ အများကြီးပဲ။ စင်မြင့်ပေါ်ရှိ host က အပြန်အလှန် ဆက်ဆံရေးအတွက် ပါဝင်ရန် သူငယ်ချင်းတစ်ဦးကို ဖိတ်ခေါ်လိုပြီး ပတ်ဝန်းကျင်ကို ရွှင်လန်းစေခဲ့သည်။
တိုက်ဆိုင်စွာပင် ကျန်းရှောင်က မမျှော်လင့်ဘဲ ရွေးချယ်ခံခဲ့ရသည်။ သူမမှာ ငြင်းဆိုရန် အချိန်မရှိသဖြင့် အဆိုတော်က သူမကို စင်မြင့်ပေါ်သို့ ဆွဲတင်ခဲ့သည်။
ကျန်းချင် မျက်ခုံးကြုတ်လိုက်သည်။
အမျိုးသားအဆိုတော်က ဦးထုပ်ကိုချွတ်ပြီး မေးခဲ့သည်။ "ဘာသီချင်းဆိုတတ်လဲ။ မင်းကြိုက်တဲ့သီချင်းကို ရွေးလိုက်ပါ"
ကျန်းရှောင် - "......"
အမျိုးသားအဆိုတော်က သူမကို ပြုံးပြခဲ့သည်။ "မစိုးရိမ်ပါနဲ့ ကျွန်တော့်ရဲ့ စည်းချက်နောက်ကို လိုက်လာခဲ့လိုက်"
ကျန်းရှောင်က သူ့ကို ဆန်းစစ်ကြည့်လိုက်သည်။ သူက ရုပ်ရည်က ကြည့်ကောင်းပြီး သူ့ရဲ့ vocal က အသက်ပဲ။ " ဒီမှာ ဖျော်ဖြေနေတာ ကြာပြီလား"
အမျိုးသားအဆိုတော်က အနည်းငယ် အံ့သြသွားသလိုကြည့်လိုက်သည်။ "နှစ်နှစ်ရှိပြီ"
ကျန်းရှောင် စဥ်းစဥ်းစားစား ခေါင်းညိတ်လိုက်သည်။ " 'Light Chaser'ဆိုရင်ကော။ ကျွန်မ စာသားတွေတော့ အရမ်းကောင်းကောင်းကြီး မမှတ်မိတော့ဘူး"
အမျိုးသားအဆိုတော်က ခဏတာ တုံ့ဆိုင်းသွားပြီးမှ ပြောခဲ့သည်။ “ကျွန်တော် မှတ်မိတယ်”
ပရိသတ်နဲ့ အဆိုတော်ကြားက မမျှော်လင့်ထားတဲ့ ပူးပေါင်းဆောင်ရွက်မှုက ဘား၏အငွေ့အသက်ကို ချက်ခြင်းအထွတ်အထိပ်သို့ မြှင့်တင်ပေးခဲ့သည်။
ထူးထူးခြားခြား ဆွဲဆောင်မှုရှိသော ရိုမန်တစ်ဆန်တဲ့ညလေးတစ်ညပင်။
ဒီနေရာလေးမှာ ကျန်းရှောင်က သူမကိုယ်သူမ လုံးလုံးလျားလျား စိတ်ဖြေလျှော့ခဲ့သည်။ သူမ စာကြောင်း အနည်းငယ်ကို ညည်းဆိုလိုက်သည်။
သူမ မရောက်မီ ပြောင်းလဲလာသော မီးရောင်များက လင်းဝူနှင့် သူတွဲပြီး သီချင်းဆိုနေသည့်သူမ၏ အထက်တန်းကျောင်း နေ့ရက်တွေက မြင်ကွင်းဆီ တခဏမျှ လွင့်မျောသွားခဲ့သည်။
နှစ်တွေ အများကြီး ကုန်လွန်သွားခဲ့ပြီ!
ကျန်းချင်က သူ့ဖုန်းထဲမှာ ဗီဒီယိုအတိုလေးကို မှတ်တမ်းတင်ပြီး ညစာစားနေတဲ့ မစ္စတာကျိုးဆီကို ပို့ပေးခဲ့သည်။
ဝိုင်နီနှစ်ခွက်သောက်ပြီးနောက် ကျိုးရှို့လင်း၏ အမူအရာမှာ မပြောင်းလဲဘဲရှိနေခဲ့သည်။ မရေမတွက်နိုင်သော အသွင်အပြင်က သူ့အား ဝန်းရံထားပုံရပြီး သူ၏ လက်ရှိအတွေးများကို နားမလည်နိုင်အောင် ဖြစ်သွားစေသည်။
"မစ္စတာ ကျိုး၊ မင်းသား ရဲ့ Guild ကိစ္စနဲ့ ပတ်သက်ပြီး ခင်များဘယ်လိုမြင်လဲ"
ကျိုးရှို့က ဒါရိုက်တာမဟုတ် သရုပ်ဆောင်တစ်ဦး မဟုတ်တဲ့ စီးပွားရေးသမားဖြစ်သည်။ ထုံးစံအတိုင်း သူဒီလိုကိစ္စတွေမှာ မပါဝင်ချင်ဘူး။ "ဥက္ကဌရာထူးနဲ့ သင့်တော်တဲ့သူ မရှိဘူးလား"
"ဘယ်သူလဲ"
"ဒါရိုက်တာ ကျင်း"
ကျိုးရှို့လင်း၏ စကားများ ထွက်ပေါ်လာသည်နှင့် ဒါရိုက်တာ ကျင်းက သင့်တော်ပါတယ်လို့ ဘယ်သူမှ မပြောရဲပေ။