အခန်း (၈၂)
Vol. 7 Ch. 82
ပဲပင်ပေါက်လေးက ကျိုးရှို့လင်း၏ အိပ်ခန်းထဲတွင် တစ်ယောက်တည်း ရှိနေပြီး တံခါးကို အနည်းငယ် ဟထားသည်။ ကျိုးယန်ယန် တံခါးကိုတွန်းတော့မယ့်အချိန်မှာ အထဲမှအသံကိုကြားလိုက်ရသည်။
“ဒါပေမယ့် မေမေ၊ အတန်းထဲက ကလေးတွေ အားလုံးက သား အိပ်ယာကို စိုအောင်လုပ်မိတာကို သိနေကြတယ်လေ ” ဟု သူက ပြောပြီး စပြီးရှိုက်လာပြန်သည်။
"နေ့လည်စာ စွပ်ပြုတ်ကကောင်းပါတယ် သားနှစ်ပန်းကန်စားလိုက်တယ် "
"ဟင့် ဟင့် ဟင့်-သော်သော်က သားရဲ့အိပ်ယာ စိုနေတာတွေ့သွားတယ် ပြီးတော့ သားရဲ့အိပ်ယာမှာ နေရောင်ပိုရတယ်လို့ပြောတယ်"
ကျိုးယန်ယန်က အပြုံးကို မျိုသိပ်ထားပြီး အခြေအနေကို သူမရဲ့အဖေဆီ သတင်းပို့ဖို့ အောက်ထပ်ကို ဆင်းသွားလိုက်သည်။ ကျန်းရှောင်မှာ သူ့သားကို နှစ်သိမ့်ဖို့ အကြံဥာဏ်တွေ ရှိသင့်သည်ဟု သူမ ထင်ခဲ့သည်။
ကျန်းရှောင်က သူ့သားလေး မျက်ရည်တွေ သုတ်နေတာကိုကြည့်ပြီး ရယ်ချင်တာကို အောင့်ထားခဲ့သည်။ "ကလေးတွေက အိပ်ရာကို မကြာခဏ စိုအောင်လုပ်တတ်ပါတယ်။ ခဏကြာပြီးရင် သော်သော်ကော တခြားသူတွေကော ဒါကို မေ့သွားလိမ့်မယ်။ မူမူ၊ ဒါက ရှက်စရာကောင်းတာ မဟုတ်ဘူး၊ ဒါက ပုံမှန်ပဲ"
ပဲပင်ပေါက်လေးရဲ့ မျက်လုံးတွေက ဝမ်းနည်းစွာ ငိုထားတာကြောင့် နီရဲနေပြီပင်။
ကျန်းရှောင် အံကြိတ်ပြီး ပြောလိုက်သည်။ "သားရဲ့အဖေက သားထက်အသက်ပိုကြီးတဲ့ အချိန်မှာတောင် အိပ်ရာကို စိုအောင်လုပ်တယ်"
ပဲပင်ပေါက်လေး မျက်လုံးပြူးသွားသည်။ "တကယ်လား"
"တကယ်ပေါ့။ ဒါက မေမေတို့ကြားက လျှို့ဝှက်ချက်နော်။ သားရဲ့အဖေကို ပြောလို့မဖြစ်ဘူး မဟုတ်ရင် သူလည်း ရှက်သွားလိမ့်မယ်"
"အဖေလည်း ကုတင်ကို စိုအောင်လုပ်တယ်!"
ကျန်းရှောင်က သူ့သားကို နှစ်သိမ့်ပေးဖို့ စဉ်းစားပြီး သူမခင်ပွန်းကို အနည်းငယ် စနောက်ရန် ဆုံးဖြတ်လိုက်သည်။ "ဖေဖေ မေမေ မနက်ဖြန် ပြန်လာမယ်။ ဒီညတော့ သားလိမ်လိမ်မာမာလေးနေနော်"
ကျိုးစစ်မူက သူ့မျက်ရည်တွေနဲ့ နှပ်ချေးတွေကို သုတ်လိုက်ပြီး ကလေးဆန်တဲ့အသံနဲ့ ပြောလိုက်သည်။ "စစ်မူက လိမ္မာတဲ့ ကလေးပါ။ မေမေ၊ သား မေမေနဲ့ဖေဖေ့ကို လွမ်းနေပြီ"
ကျန်းရှောင်ရဲ့ နှလုံးသားတွေ အရည်ပျော်ကျသွားသည်။ မနက်ဖြန်ကျရင် ဘီမြို့တော် မှာနေစရာ အကြောင်းမရှိတော့ဘူး။ သူမ စောစော အိမ်ပြန်သင့်တယ်။
ကျိုးရှို့လင်းကို သူမသွားရှာတော့ ညဆယ့်တစ်နာရီထိုးနေပြီ။ ထိုအချိန်တွင် ကျင်းရှု့ရန်က စင်္ကြံတွင် လမ်းလျှောက်နေဆဲဖြစ်သည်။ ကျန်းရှောင် ခေါင်းကိုက်လာပြီ။
ကျင်းရှု့ရန် ရဲ့ မျက်လုံးတွေက ငိုနေသလို နီရဲနေခဲ့သည်။
ကျန်းရှောင် အကြည့်နဲ့ဆုံသွားတော့ သူမ အနည်းငယ်ရှက်သွားပုံရသည်။ "အစ်မ ကျန်း၊ အစ်ကို ကျိုးက အစ်မကို တက်လာခိုင်းလို့လား "
ကျန်းရှောင် ချီတုံချတုံနဲ့ ခေါင်းညိတ်လိုက်သည်။ "ဘာဖြစ်လို့လဲ"
"ဘာမှမဖြစ်ပါဘူး" လို့ ကျင်းရှု့ရန် ပြောပြီး မျက်ရည်တွေ တာကျိုးသလိုကျလာခဲ့သည်။
ကျန်းရှောင်မှာ တစ်ရှူးတွေ မပါလာခဲ့ဘူး။
ကျင်းရှု့ရန် ခဏလောက် ငိုခဲ့ပြီး ကျန်းရှောင်က သူမဘေးတွင် ရှိနေပေးခဲ့သည်။ ဤသည်မှာ ကျိုးရှို့လင်းနဲ့ ပတ်သက်မှု တစ်ခုခုတော့ ရှိရမည်။ သာမန်အားဖြင့် နွေးထွေးတဲ့ မစ္စတာ ကျိုးက တစ်စုံတစ်ဦးကို ဒီအတိုင်းအတာအထိ ရောက်အောင် ဘယ်လို နာကျင်အောင်လုပ်လိုက်တာလဲ။
ခဏအကြာတွင် တစ်စုံတစ်ယောက်က ကမန်းကတန်း ချဉ်းကပ်လာကာ သူတို့၏ ခြေသံတွေက စိုးရိမ်တကြီးနှင့်ပင်။
"ယန်ယန် " ကျင်းတို့က စိုးရိမ်တကြီး ကြည့်ခဲ့သည်။
"ဖေဖေ "ကျင်းရှု့ရန်က သူ့အဖေရဲ့ ရင်ခွင်ထဲတိုးဝင်လိုက်သည်။
ကျင်းထောင်က သူမရဲ့နောက်ကျောပြင်ကို ညင်သာစွာ ပွတ်သပ်ပေးလိုက်သည်။ "အဆင်ပြေတယ်နော်။ မငိုပါနဲ့တော့။ အဖေနဲ့ အိမ်ပြန်ရအောင်။ အမေလည်း လာနေပြီ။ အဖေတို့ အိမ်မှာ စကားပြောကြရအောင်နော်"
သူက ကျန်းရှောင်ကို တစ်ချက်ကြည့်ရင်း မျက်ခုံးကြုတ်သွားခဲ့သည်။
ကျန်းရှောင် မတ်တပ်ရပ်လိုက်သည်။ "ဒါရိုက်တာ ကျင်း-"
ကျင်းထောင်၏ အသံက လေးလံနေသည်။ "ယန်ယန် မင်းကို ဒုက္ခပေးမိစေလို့ တောင်းပန်ပါတယ်။ ငါတို့ အခုပြန်လိုက်ဦးမယ်။ ရှို့လင်းကို နောက်နေ့မှ လာ တောင်းပန်လိုက်မယ်"
ကျန်းရှောင် ခံစားချက်ကိုမဖော်ပြဘဲ ဖေဖေ ကျင်းတို့သားအဖ ထွက်သွားတာကို တိတ်တဆိတ် ကြည့်နေခဲ့သည်။ ထို့နောက် သူမ သက်ပြင်းကို ဖြည်းညှင်းစွာ ချလိုက်မိသည်။
ကျန်းရှောင် တံခါးခေါက်လိုက်သည်။ ခဏအကြာမှာ ကျိုးရှို့လင်းက လေးနက်နေတဲ့အမူအရာဖြင့် တံခါးဖွင့်လာခဲ့သည်။ သူမကို တွေ့လိုက်တဲ့အခါမှာ သူ့မျက်နှာက သိသိသာသာ နူးညံ့သွားသည်။
နှစ်ယောက်သား စကားမပြောဘဲ အခန်းထဲကို တိတ်တိတ်ဆိတ်ဆိတ် ဝင်သွားကြသည်။
ကျန်းရှောင် အခန်းတစ်ဝိုက်ကို လှည့်ကြည့်ကာ ဖြစ်ပျက်ခဲ့သည်ကို အဖြေရှာရန် ကြိုးစားလိုက်သည်။ မစ္စတာ ကျိုးကို အရမ်း ဒေါသထွက်သွားအောင် ဘာက လုပ်နိုင်တာလဲ။ ကံမကောင်းစွာဖြင့် သဲလွန်စမရှိခဲ့ပေ။
ကျိုးရှို့လင်းက ပေါ့ပေါ့ပါးပါး ၀တ်စုံဖြင့် သပ်သပ်ရပ်ရပ် ၀တ်ဆင်ထားသည်။
ကျန်းရှောင် စောင့်ကြည့်နေတာကို မြင်လိုက်တော့ သူက သူ့လည်ချောင်းကို ရှင်းလိုက်သည်။ "ကိုယ်တို့ အနားယူမယ်လို့ ပြောထားတာ မဟုတ်ဘူးလား။ မင်း ဘာလို့ ရုတ်တရက် တက်လာတာလဲ"
ကျန်းရှောင် ပြုံးပြီး စလိုက်သည်။ "ကျွန်မ အနားယူတော့မို့ပါပဲ ပဲပင်ပေါက်လေးက သူ့အဖေနားမှာ မြေခွေးလေးတစ်ကောင် ရှိတယ်လို့ ပြောလို့"
ကျိုးရှို့လင်း ပါးစပ်ထောင့်မှာ အပြုံးတစ်ခု အရိပ်အမြွက် ပြလာခဲ့သည်။ "မင်းဒီရောက်နေတာ ဘယ်လောက်ကြာပြီလဲ"
"ကျင်းရှု့ရန်နဲ့ တဲ့တဲ့တိုးလာခဲ့တယ် " သူမ မျက်ခုံးပင့်ပြီး ကျိုးရှို့လင်းကို တည့်တည့်ကြည့်လိုက်သည်။
ကျိုးရှို့လင်း နှာမှုတ်လိုက်သည်။ "မင်းကိုယ့်ကို ဘာလို့မမေးတာလဲ"
ကျန်းရှောင် ပခုံးတွန့်လိုက်သည်။ "ကျွန်မ သိချင်ပါတယ်၊ ရှင့်ကို စိတ်ဆိုးအောင် သူမ ဘာလုပ်ခဲ့တာလဲဆိုတာကိုလေ"
ကျိုးရှို့လင်းက သူမဆီ လျှောက်သွားပြီး သူမကို သူ့ရင်ခွင်ထဲ ဆွဲသွင်းလိုက်သည်။ သူတို့ ပြတင်းပေါက်နားမှာရပ်နေကြပြီး ညကောင်းကင်ယံမှာ ငြိမ်သက်အေးချမ်းကာ လင်းလက်နေတဲ့ ကြယ်ပွင့်တွေနဲ့ မြို့ပြမီးရောင်တွေနဲ့ အလှဆင်ထားသည်။
"ကျင်းရှု့ရန် က သူ့မိသားစုရဲ့ အလိုလိုက်တာကိုခံထားရတာ "
ကျန်းရှောင် ခေါင်းစောင်းလိုက်သည်။ "ကျွန်မ ခန့်မှန်းကြည့်မယ်။ မစ္စကျင်းက ရှင့်ကို ဖွင့်ပြောခဲ့တာမလား "
ကျိုးရှို့လင်း သူ့နှုတ်ခမ်းတွေကို ဖိလိုက်သည်။
ကျန်းရှောင် ရယ်လိုက်သည်။ "ရှင့်ကို ဖွင့်ပြောထားတဲ့ အမျိုးသမီးတွေ အများကြီးရှိတာကို ရှင်ကဘာကြောင့်သူမကို စိတ်ဆိုးရတာလဲ။ သူမ တခြားတစ်ခုခု လုပ်ခဲ့တာပဲဖြစ်မယ်"
ကျိုးရှို့လင်း မျက်ခုံးကြုတ်လိုက်သည်။ "မင်းက အောက်ခြေကို ရောက်မယ့်အရာတွေကို ဂရုမစိုက်ဘူးပဲ"
ကျန်းရှောင် နှစ်ခါ ညည်းလိုက်သည်။ "ကျင်းရှု့ရန်က မတူဘူး။ သူမက လှတယ်၊ ကောင်းမွန်တဲ့ မိသားစုက ပေါက်ဖွားလာတယ်၊ သူမရဲ့မိဘတွေက ဒီနယ်ပယ်မှာ နာမည်ကြီးတယ်။ ဘယ်လို ရှုထောင့်ကပဲဖြစ်ဖြစ်၊ သူမက ရှင့်အတွက် ပြီးပြည့်စုံတဲ့ တွဲဖက်ပဲ "
ဒါက သူမကိုယ်သူမ နှိမ့်ချတာမဟုတ်ဘူး ဒါက ဖျော်ဖြေရေးနယ်ပယ်မှာ ဖြစ်ပျက်နေပုံပါပဲ၊ ဒါက လက်တွေ့ပဲ။
သူမကိုဖက်ထားတဲ့ ကျိုးရှို့လင်းရဲ့ လက်နှစ်ဖက်က တင်းကျပ်လာသည်။ "သူမ ဘယ်လောက်ပဲတော်တော် ဘာဆိုင်လို့လဲ"
ကျန်းရှောင်အပြင်ကို ခဏလောက် ငေးကြည့်နေသည်။ "မစ္စ ကျင်းက လွန်လွန်ကျူးကျူး အလိုလိုက်ခံထားရတာ"
“သူမရဲ့ အတွေးတွေကို ကိုယ် အဆုံးသတ်ပေးလိုက်ပြီ” လို့ သူ အသံနက်ကြီးနဲ့ ပြောလိုက်သည်။
"သူမ မိန်းကလေးတစ်ယောက် ပြီးတော့ ငယ်လည်းငယ်သေးတာကြောင့် ကိုယ်သူမကို သည်းခံပြီးနေနေပေးလို့မရဘူး "
ကျန်းရှောင် လှည့်လိုက်ပြီး သူမရဲ့ နဖူးကို သူ့ရင်ဘက်ဆီ ကပ်လိုက်သည်။ "ကျွန်မ ရှင့်ကို ယုံပါတယ်"
သူ့ရင်ဘက်ကိုမှီထားပြီး သူ့ရဲ့အင်္ကျီပေါ်ကနေ သူမရဲ့လက်ချောင်းထိပ်တွေနဲ့ ပွတ်သပ်ရင်း သူ့ရဲ့ရင်းနှီးတဲ့ကိုယ်သင်းရနံ့ကို ရှူရှိုက်လိုက်သည်။ သူမသည် ညင်သာစွာ ရှူရှိုက်ရင်း အမျိုးသမီးရေမွှေး၏ အရိပ်အမြွက်ကို ရှူရှိုက်မိလိုက်သည်။
ဒီအနံ့။ ကျန်းရှောင် ကျင်းရှု့ရန်ဆီမှာ ဒီအနံ့ကို အနံ့ခံမိဖူးသည်။
" ရှောင်ရှောင်၊ ဘာပဲဖြစ်လာဖြစ်လာ ကိုယ်တို့ သိပ်ပြီး သနားကြင်နာနေလို့ မဖြစ်ဘူး။ ဒါက အလုပ်မှာလည်းအကျုံးဝင်တယ်။ မင်းရဲ့ အနုပညာရှင်တွေကို လွတ်လပ်ခွင့် အရမ်းမပေးထားသင့်ဘူး။ အနုပညာရှင်နဲ့ မန်နေဂျာကြားက ဆက်ဆံရေးက အပြန်အလှန်ပဲ။ူတို့ ကောင်းမွန်တဲ့ ပရောဂျက်တွေကို ရှာသင့်တယ်ဆိုတာကိုမင်းသူတို့ကို ရှင်းပြထားဖို့လိုတယ်။ ဒါပေမယ့် တစ်ချိန်တည်းမှာပဲ မင်းနဲ့ကြားက စာချုပ်တွေကို သူတို့ လိုက်နာရမယ်” အနည်းဆုံးတော့ သူလိုချင်တာက သူမကို နစ်နာမှုတွေ မဖြစ်စေချင်တာ။
ကျန်းရှောင် ဟတ်ထိသွားသည်။
ကျိုးရှို့လင်း သူနှုတ်ခမ်းကို ကော့လိုက်သည်။ "မင်း ကိုယ့်ကို ဘာပြောစရာရှိလို့ ဒီကို လာတာလဲ"
"ကျွန်မ မနက်ဖြန် အိမ်ပြန်တော့မယ်။ ပဲပင်ပေါက်လေး ဒီနေ့ သူငယ်တန်းမှာ သူ့အိပ်ရာကို စိုအောင်လုပ်မိသွားတယ်လေ သူစိတ်အခြေမကောင်းဖြစ်ပြီး ငိုနေတယ်"
"ငိုတယ်"
"အထူးသဖြင့် သော်သော် ရှေ့မှာဆိုတော့ သူ အရှက်ရသွားတာ။ ကံကောင်းစွာနဲ့ပဲ သူအဲ့တာကို မပြောခဲ့ဘူး ဒါပေမယ့် သူ ကျောင်းမသွားချင်တော့ဘူး"
ကျိုးရှို့လင်း ကြိမ်ဖန်များစွာ ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။ "မူမူက တစ်ခါတလေ ရင့်ကျက်လွန်းနေပေမယ့် ဟိုးအတွင်းစိတ်ထဲမှာကျတော့ သူက ကလေးလေးပဲ ရှိသေးတယ်။ သူမျက်ရည်ကျတာကို တွေ့ရတာရှားတယ်"
ကျန်းရှောင် ရွှတ်နောက်နောက်ဖြင့် သူ့ကို ရိုက်လိုက်သည်။ "ကျွန်မရဲ့ flight ကြိုပြီးဘိုကင်လုပ်ထားတာကို ပြောင်းလိုက်ပြီနော် "
ကျိုးရှို့လင်း တခစ်ခစ်ရယ်ပြီး ခေါင်းယမ်းလိုက်သည်။ "ရလဒ်ကို ကိုယ့်ဆီ အကြောင်းကြားဖို့ မင်းက ဒီကိုရောက်နေတာပဲ။ မင်းရဲ့စိတ်ထဲမှာ ကျိုးစစ်မူက အရေးကြီးဆုံးပဲလို့ ထင်တယ်"
ကျိုးရှို့လင်း ခဏတုံ့ဆိုင်းသွားပြီး သူမ၏အမူအရာက တင်းမာသွားသည်။ "မဟုတ်ဘူး၊ အဲ့လို မဟုတ်ဘူး၊ စစ်မူနဲ့ ကျွန်မတို့တွေ အတူ ကုန်ဆုံးနိုင်တဲ့ အချိန်က အကန့်အသတ် ရှိတယ်။ အနာဂတ်မှာ သူကြီးပြင်းလာတဲ့အခါကျရင် သူ ကျွန်မတို့ကို ချန်ခဲ့ပြီး သူ့ကိုယ်ပိုင်ဘဝနဲ့ ရှင်သန်ရတော့မှာ။ ဒါပေမယ့် ရှင်ကကျတော့အဲ့လိုမဟုတ်ဘူး။ ကျွန်မတို့ရဲ့ရှေ့မှာ ဆယ်စုနှစ်တွေ အများကြီးကျန်သေးတယ်"
ကျိုးရှို့လင်း သူမ ဒီလိုစကားမျိုး ပြောလာလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ပေ။ သူ့နှလုံးသားက မယုံနိုင်လောက်အောင် ပျော့ပျောင်းသွားခဲ့ရသည်။ "ကိုယ်သိပြီ"
ကျင်းရှု့ရန် နဲ့ ကိစ္စကပြီးသွားပြီ။ ကျန်းရှောင်က သူတို့နှစ်ယောက်ကြားက ဖြစ်ပျက်ခဲ့တဲ့အကြောင်းအရာအသေးစိတ်တွေကို ထပ်မမေးခဲ့ပေ။ သူမ ပြောခဲ့သလိုပဲ သူမ သူ့ကိုယုံတယ်။ သူဘာပဲပြောပြော သူဘာပဲလုပ်လုပ် သူမ သူ့ကိုယုံကြည်သည်။
ဒါရိုက်တာ ကျင်းက သူ့သမီးကို ခေါ်သွားခဲ့သည်။ လျန့်ယွဲ့က သူ့သမီး ကျိုးရှို့လင်းကို သွားရှာတယ်ဆိုတဲ့အကြောင်းသိလိုက်ရတော့ သူမ အလွန်ဒေါသထွက်သွားသည်။
ဒါရိုက်တာ ကျင်းက သူမကို ဖျောင်းဖျပြီး ဟိုတယ်မှာရှိနေတဲ့ ရှု့ရန်ကို သူမအား သွားခေါ်ခွင့် မပေးခဲ့ပေ။ ထိုအခိုက်တွင် သူမ ကျင်းရှု့ရန်ကို တွေ့လိုက်ရပြီး သူမရဲ့ကောင်းမွန်တဲ့စိတ်ကိုပင် မထိန်းထားနိုင်တော့ပေ။
"နင် ဘာလို့ ဒီလောက်ထိ ရူးမိုက်နေတာလဲ။ ရန်ရန်၊ ကျိုးရှို့လင်းက ဒီကမ္ဘာပေါ်မှာရှိတဲ့ တစ်ယောက်တည်းသော ယောကျ်ားမဟုတ်ပါဘူး"
"ဒါပေမယ့် သမီး ကျိုးရှို့လင်းကိုပဲ ကြိုက်တယ် "
"နင်! နင်အဲ့လောက် အရေးပေးနေရအောင် သူ့မှာ ဘာကောင်းတာရှိလို့လဲ။ သူ့မှာ သားတစ်ယောက်တောင် ရှိနေပြီ!"
"မေမေ၊ မီဒီယာတွေကသာ ဒီလိုပြောကြတာ မေမေက အဲ့ဒီကလေးကို မြင်ဖူးလို့လား။ ကျိုး မိသားစုက ကလေးကိစ္စကို ဘယ်အချိန်တုန်းကများ လူသိရှင်ကြား ကြေညာခဲ့လို့လဲ။ ပြီးတော့ ကလေးအမေကကော ဘယ်သူလဲ။ အဲဒါ ရိုက်စားလုပ်နေကြတာ " သူမ လုံးဝ စိတ်ရှုပ်သွားသည်။